ဝဋ္​​ေႂကြး​ေၾကာက္​ရင္​ နွုတ္ကုိ သတိထား

ဝဋ္​​ေႂကြး​ေၾကာက္​ရင္​ နွုတ္ကုိ သတိထား
============================
တခ်ဳိ့လူ​ေတြ ​​ေျပာၾက​တဲ့ စကား႐ွိတယ္​။
သူမ်ားအ​ေပၚမဟုတ္​တာမလုပ္​ဘူး မ​ေကာင္​းမၾကံဘူး
နွုတ္ၾကမ္​းတာ ဘာျဖစ္​လည္​း ။

မွန္​ပါတယ္​ နွုတ္ၾကမ္းလုိ့ ​​သူတစ္ပါးက
ျဖစ္​ျခင္​မွျဖစ္​မွာပါ။ျဖစ္​တာ ခံရတာက ကုိယ္​ပါ ။

ျမတ္​စြာဘုရား လက္​ထက္က
အဗၺပါလီျပည္​့တန္​ဆာမက ႐ုပ္​ရည္​လွပလုိ႔ ဟုိမင္​းက
လုိခ်င္​ ဒီမင္​းက ရခ်င္န့ဲ သူ​့ေၾကာင္​့စစ္​ျဖစ္​မွာစုိးလုိ႔
အမ်ားပုိင္​အျဖစ္​ျပည့္​တန္​ဆာမလုပ္​ဖုိ႔ ျဖစ္​ခဲ့ရတာဟာ
စိတ္​ထားညံ့လုိ႔ ​ေစတနာနည္​းလုိ႔မဟုတ္​ပါဘူး။

အတိတ္​ဘဝ ​ေစတီရင္​ျပင္​မွာ
​ေနမ​ေကာင္​းတဲ့ ရဟႏၱာမႀကီး ခြၽဲသလိပ္ဖိတ္​စင္​သြားတာကုိ ဘယ္​သူမွန္​းမသိပဲ စည္​းကမ္​းမဲ့တယ္​ ​ေစတီရင္​ျပင္​​ေပၚ
ဘယ္​ျပည္​့တန္​ဆာမက တံ​​ေတြး ေထြးသြားလဲလုိ႔
​ေစတနာ​ေဒါသ နွုတ္ဝဋ္​​ေႂကြး​ေၾကာင္​့ပါ။

​ေနာက္တစ္​ခုက အမ်ဳိးသမီး​ေတြထဲ
တရား​ေဟာ အ​ေတာ္​ဆုံးျဖစ္​တဲ့ ခုဇုတၱရာဆုိတဲ့
ခါးကုန္​မ​ေလးဟာ ဒီဘဝ ပဋိကတ္​​ေဆာင္​ အမ်ဳိးသမီးျဖစ္​ရၿပီး ဘာ​ေၾကာင္​့ ခါးကုန္းရလဲဆုိရင္​ အတိတ္​ဘဝ အလႉခံႂကြလာတဲ့ ပ​ေစၥကဗုဒၶတစ္​ပါးက ခါးကုန္​းတာကုိ သူငယ္​ခ်င္​း​ေတြ​ေ႐ွ႕ ဟာသအျဖစ္​ ဖလားကုိင္​ၿပီး ​အိမ္​မွာလာတဲ့
ကုိယ္​​ေတာ္​​ေလးက ​ေဟာဒီလုိ ခါးကုန္​​ေလးပါလုိ႔
ဟန္​အမူရာလုပ္​ ​ေျပာင္​ခဲ့လုိ႔ ခါးကုန္​းျဖစ္​ရတာပါ။



ျမတ္​စြာဘုရားကုိယ္​တုိင္​က ​ေဟာခဲ့ပါတယ္​။
သူမ်ားကုိ မကဲ့ရဲ႕ဖုိ႔ ၾကမ္​းတမ္​းတဲ့စကား​ေတြနဲ႔ မ​ေျပာဖုိ႔ပါ။

ျမတ္​စြာဘုရား သုႏၵရိတိတၳိ မိန္​းမပ်ဳိ
စိဥၨမာနတုိ႔ စြပ္​စြဲခံရတာဟာ ႏုစဥ္​အ​ေလာင္​း​ေတာ္​ဘဝက
ပ​ေစၥကဗုဒၶကုိ မိန္​းမပုံစံဝတ္​ၿပီး လူထင္​လြဲ​ေအာင္​ျပဳခဲ့လုိ႔တဲ့။

ဒုကၠစရိယ ၆ႏွစ္​က်င္​့ရျခင္​း
လွည္​းကုန္​သည္​လႉတဲ့
မုန္​႔ၾကမ္​းကုိ တစ္​ဝါတြင္​းလုံး
ဘုန္​​ေပးရျခင္​း​ေတြကနွုတ္ဝဋ္​​ေႂကြးပါ။

အျပင္​လက္​​ေတြ႔ဘဝမွာလည္​း
သူတစ္​ပါး အားနည္​းခ်က္​ကုိ
ကဲ့ရဲ႕တဲ့သူ​ေတြျပန္​ဝဋ္​လည္​ပါတယ္​။

ဆရာႀကီး​ေရႊဥ​ေဒါင္​းက
သူရဲ႕ ဘဝတသက္​တာ စာအုပ္​ထဲမွာ
သူစကားထစ္​ရျခင္​း အ​ေၾကာင္​းက
က​ေလးဘဝက စကားထ​စ္​တဲ့
တန္​းအ​ေဖာ္​သူငယ္​ခ်င္​းကုိ ​ေျပာင္​တာက​ေန
ျဖစ္​ရတာပါလုိ႔ ​ေရးထားပါတယ္​။

လူ​ေလာကမွာ တခ်ဳိ့သူတစ္​ပါးကုိ
ကဲ့ရဲ႕တာ ​ေနာက္​​ေျပာင္​တာကအစ ကုိယ္​တုိင္​​ေရာ
ကုိယ္​​ေမြးတဲ့က​ေလးတုိ႔မွာ
အားနည္​း​ခ်က္​​ေတြပါလာတာ အမ်ားႀကီးပါ။

​ေပ်ာ္​​ေစခ် င္​လုိ႔ ဟာသလုပ္​တာ​ေကာင္​းပါတယ္​
သုိ႔​ေသာ္​လည္​း အေရမရ အ ဖတ္မရ
အကုသုိလ္​ဝဋ္​မပါ​ေအာင္​
သတိထားရင္​ အ​ေကာင္​းဆုံးပါ။

Credit. ဓမၼေအးရိပ္

 

ဝဋ်ကြွေးကြောက်ရင် နှုတ်ကို သတိထား
============================
တချို့လူတွေ ပြောကြတဲ့ စကားရှိတယ်။
သူများအပေါ်မဟုတ်တာမလုပ်ဘူး မကောင်းမကြံဘူး
နှုတ်ကြမ်းတာ ဘာဖြစ်လည်း ။

မှန်ပါတယ် နှုတ်ကြမ်းလို့ သူတစ်ပါးက
ဖြစ်ခြင်မှဖြစ်မှာပါ။ဖြစ်တာ ခံရတာက ကိုယ်ပါ ။

မြတ်စွာဘုရား လက်ထက်က
အဗ္ဗပါလီပြည့်တန်ဆာမက ရုပ်ရည်လှပလို့ ဟိုမင်းက
လိုချင် ဒီမင်းက ရချင်နဲ့ သူ့ကြောင့်စစ်ဖြစ်မှာစိုးလို့
အများပိုင်အဖြစ်ပြည့်တန်ဆာမလုပ်ဖို့ ဖြစ်ခဲ့ရတာဟာ
စိတ်ထားညံ့လို့ စေတနာနည်းလို့မဟုတ်ပါဘူး။

အတိတ်ဘဝ စေတီရင်ပြင်မှာ
နေမကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်စင်သွားတာကို ဘယ်သူမှန်းမသိပဲ စည်းကမ်းမဲ့တယ် စေတီရင်ပြင်ပေါ်
ဘယ်ပြည့်တန်ဆာမက တံတွေး ထွေးသွားလဲလို့
စေတနာဒေါသ နှုတ်ဝဋ်ကြွေးကြောင့်ပါ။

နောက်တစ်ခုက အမျိုးသမီးတွေထဲ
တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့
ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းရလဲဆိုရင် အတိတ်ဘဝ အလှူခံကြွလာတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးက ခါးကုန်းတာကို သူငယ်ချင်းတွေရှေ့ ဟာသအဖြစ် ဖလားကိုင်ပြီး အိမ်မှာလာတဲ့
ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးပါလို့
ဟန်အမူရာလုပ် ပြောင်ခဲ့လို့ ခါးကုန်းဖြစ်ရတာပါ။



မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့ပါတယ်။
သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့စကားတွေနဲ့ မပြောဖို့ပါ။

မြတ်စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျို
စိဉ္ဇမာနတို့ စွပ်စွဲခံရတာဟာ နုစဉ်အလောင်းတော်ဘဝက
ပစ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်ပြီး လူထင်လွဲအောင်ပြုခဲ့လို့တဲ့။

ဒုက္ကစရိယ ၆နှစ်ကျင့်ရခြင်း
လှည်းကုန်သည်လှူတဲ့
မုန့်ကြမ်းကို တစ်ဝါတွင်းလုံး
ဘုန်ပေးရခြင်းတွေကနှုတ်ဝဋ်ကြွေးပါ။

အပြင်လက်တွေ့ဘဝမှာလည်း
သူတစ်ပါး အားနည်းချက်ကို
ကဲ့ရဲ့တဲ့သူတွေပြန်ဝဋ်လည်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းက
သူရဲ့ ဘဝတသက်တာ စာအုပ်ထဲမှာ
သူစကားထစ်ရခြင်း အကြောင်းက
ကလေးဘဝက စကားထစ်တဲ့
တန်းအဖော်သူငယ်ချင်းကို ပြောင်တာကနေ
ဖြစ်ရတာပါလို့ ရေးထားပါတယ်။

လူလောကမှာ တချို့သူတစ်ပါးကို
ကဲ့ရဲ့တာ နောက်ပြောင်တာကအစ ကိုယ်တိုင်ရော
ကိုယ်မွေးတဲ့ကလေးတို့မှာ
အားနည်းချက်တွေပါလာတာ အများကြီးပါ။

ပျော်စေချ င်လို့ ဟာသလုပ်တာကောင်းပါတယ်
သို့သော်လည်း အရေမရ အ ဖတ်မရ
အကုသိုလ်ဝဋ်မပါအောင်
သတိထားရင် အကောင်းဆုံးပါ။

Credit. ဓမ္မအေးရိပ်

ကိုယ္က အခ်စ္အတြက္ ဘယ္လိုလူမ်ိဳးလဲဆုိတာ စမ္းသပ္ၾကည့္ရေအာင္!

ကိုယ္က အခ်စ္အတြက္ ဘယ္လိုလူမ်ိဳးလဲဆုိတာ စမ္းသပ္ၾကည့္ရေအာင္!

ေမးခြန္းေလးေတြေျဖၾကည့္ရင္း ရလာမယ့္ အေျဖက . . . ေဝါင္း ..

ေမးခြန္းေျဖရတာလည္းအရမ္းလြယ္ကူပါတယ္ ေမးခြန္းတစ္ခုခ်င္းစီ မိမိေရြးခ်ယ္ခဲ႕တဲ႕ တိရစၦာန္တစ္မ်ိဳးကို မွတ္ထားရံုပါပဲ။ အေျဖေတြကို ေမးခြန္းေတြ ျပီးတဲ႕အခါ ေတြ႕ရမွာပါခင္မ်။

မေျဖရေသးတဲ႕ သူငယ္ခ်င္းေတြကို ေျဖဖို႕ လက္တို႕လိုက္ဦးေနာ္ . .

Ready??? 1 2 3

Credit .Dr.Bio

 

လူရိုင္းေခါင္းပံုစံေလးေတြေရြးျပီး သင္ဟာဘယ္လိုလူစားလဲဆိုတာကို ဆန္းစစ္ၾကည့္ရေအာင္

လူရိုင္းေခါင္းပံုစံေလးေတြေရြးျပီး သင္ဟာဘယ္လိုလူစားလဲဆိုတာကို ဆန္းစစ္ၾကည့္ရေအာင္

ပံုထဲမွာ လူရိုင္းေခါင္းပံုစံ ၈ မ်ိဳး ေဖာ္ျပေပးထားပါတယ္။ ပံုေတြမွာေဖာ္ျပထားတဲ႔ လူရိုင္းေခါင္းေတြက အမူအရာေတြ မတူၾကပါဘူး။ ဒီေတာ့ ပံု ၈ ခုထဲက သင္အႏွစ္သက္ဆံုး လူရိုင္းေခါင္းပံုေလးတစ္ခုကို ေရြးခ်ယ္လုိက္ပါ၊ ျပီးရင္ ဒီလူရိုင္းေခါင္းက ဘယ္လိုစိတ္ေနစိတ္ထားကို ေဖာ္ညႊန္းေနတယ္ဆုိတာ တုိက္ဆုိင္စစ္ေဆးျပီး သင္ဟာ ဘယ္လုိလူစားဆိုတာကို ဆန္းစစ္ၾကည့္လိုက္ရေအာင္ပါေနာ္။



၁ – စကားေျပာေနတဲ႔ လူရိုင္းေခါင္းပံု

နံပါတ္ ၁ ပံုကိုေရြးလုိက္ျပီဆုိရင္ေတာ့ သင္ဟာ အဖြဲ႔အစည္းမွာ အေကာင္းဆံုး အေတာ္ဆံုးဆိုတဲ႔ လူတစ္ေယာက္ပါပဲ။ သင့္ရဲ႕ လက္ေအာက္ငယ္သားေတြ၊ အဖြဲ႔အစည္းထဲကလူေတြက သင္ဘာေျပာေျပာ ယံုၾကည္လုိက္နာေလ့ရွိၾကျပီး သင္ကိုယ္တုိင္ကလည္း ဘယ္လိုအခက္အခဲပဲၾကံဳလာလာ မားမားမတ္မတ္ ေရွ႔က ရပ္တည္ေပးတတ္သူျဖစ္ပါတယ္။ သင့္ရဲ႕ ရန္သူအဖြဲ႔အစည္းေတြက သင့္ထုတ္ေဖာ္ေျပာလိုက္မယ့္ အခ်က္ေတြကို ေၾကာက္ရြံ႕ေလ့ရွိျပီး သင္ေျပာလုိက္တာနဲ႔ သူတို႔ဘယ္ေလာက္အထိ ဆံုးရံႈးသြားမယ္ဆုိတာကိုလည္း သိရွိထားၾကပါတယ္တဲ႔။ ဘာလို႔လည္း ဆုိေတာ့သင္ဟာ မဟုတ္တဲ႔စကား မေျပာတတ္ဘူးဆိုတာကို အသိုင္းအဝိုင္းတစ္ခုလံုးက သိရွိလက္ခံထားတဲ႔သူျဖစ္ေနလို႔ပါပဲ။ သင္ကိုယ္တုိင္ကလည္း စကားတစ္ခြန္းကို မေျပာခင္ ေသခ်ာစိစစ္ေလ့လာျပီးမွန္တယ္ဆိုမွ ေျပာတတ္္သူျဖစ္သလို ဘယ္အရာက ေပ်ာ္ရႊင္ေစမယ္၊ ဘယ္အရာ ဘယ္စကားလံုးကေတာ့ နာက်င္မႈျဖစ္ေစမယ္ဆိုတာကို ေကာင္းေကာင္းသိရွိထားသူပဲ ျဖစ္ပါတယ္။



၂ – ရယ္ေမာေနတဲ႔ လူရိုင္းေခါင္းပံုစံ

ဒီပံုကို ေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ ဟာသဥာဏ္ရႊင္သူျဖစ္ျပီး တစ္ျခားသူေတြရဲ႕ စိတ္ခံစားခ်က္ကို ထည့္သြင္းစဥ္းစားေလ့မရွိသူတစ္ဦးပါပဲ။ သင့္အေၾကာင္းဘယ္သူေတြ ဘာေျပာေနေန သင္လုပ္စရာရွိတာကို မွန္တယ္ထင္ရင္ ဆက္လုပ္တတ္သူလည္း ျဖစ္ပါတယ္။ ငိုစရာၾကံဳလာလို႔ ငိုခ်လုိက္ရရင္ေတာင္ ငိုျပီးတာနဲ႔ ခ်က္ခ်င္းရယ္ေမာတတ္သူပါ၊ သင့္အေနနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ႔ အက်ိဳးက ဘဝမွာ အားသာခ်က္ျဖစ္ေစပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာပဲ စိတ္ကိုေပ်ာ္ေအာင္ ေနထိုင္ေလ့ရွိသူျဖစ္ျပီး အနာဂတ္ကိစၥေတြကို သိပ္ျပီးေတြးေလ့မရွိသူပါပဲ။ ဥာဏ္ေကာင္းသူတစ္ဦးလည္းျဖစ္ျပီး လူေတြက သင့္ကို ဒီအခ်က္ေၾကာင့္ပဲ အားကိုးအားထားျပဳၾကပါလိမ့္မယ္။



၃ – ေဒါသျဖစ္ေနတဲ႔ လူရိုင္းေခါင္းပံုစံ

ဒီပံုကို ေရြးခ်ယ္လုိက္တယ္ဆုိရင္ေတာ့ သင္ဟာ ဖံုးကြယ္လွ်ိဳ႕ဝွက္တတ္သူပါပဲ။ သင့္ရဲ႕ ပင္ကိုယ္စိတ္ရင္းကို သင့္မ်က္ႏွာေပၚမွာ ရွာလို႔ေတြ႔ႏုိင္မွာမဟုတ္ပါဘူး။ မ်က္ႏွာမွာျပံဳးေနေပမယ့္ ရင္ထဲမွာ ေဒါသေတြထြက္ေနတာမ်ိဳးကလည္း သင့္မွာ မၾကာခဏျဖစ္ေလ့ရိွတဲ႔ ကိစၥတစ္ရပ္ပါ။ ေဒါသၾကီးတတ္တဲ႔သင့္ရဲ႕ စိတ္ကို တစ္ခါတစ္ရံမွာ ေလ်ာ့ထားဖို႔လိုသလို တစ္ခါတစ္ရံ အလုပ္ကိစၥေတြကိုေမ့ျပီး ခရီးထြက္ပစ္လိုက္တာမ်ိဳးလည္း လုပ္ေဆာင္သင့္ပါတယ္။ ဒီလုိမွ မလုပ္ရင္ သင့္ရဲ႕ ေဒါသ limit က ပိုၾကီးထြားလာႏုိင္လို႔ပါပဲ။ လူတစ္ေယာက္ေယာက္က သင့္အေပၚ မေကာင္းၾကံလာျပီဆုိရင္လည္း သူနဲ႔ထိုက္တန္တဲ႔ ဆက္ဆံမႈမ်ိဳး လုပ္ရပ္မ်ိဳး ျပန္ေပးဖို႔သင့္အေနနဲ႔ ဝန္ေလးမယ့္သူ မဟုတ္ပါဘူး။



၄ – တိတ္တိတ္ဆိတ္ဆိတ္ေနေနတဲ႔ လူရိုင္းေခါင္းပံုစံ

အသံတိတ္ေနတဲ႔ လူရိုင္းေခါင္းပံုကို သင္ေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ အသံထြက္ျပီး ေျပာဆိုရတာထက္ တိတ္တိတ္ေလးေနရတာကို ႏွစ္သက္သူပါပဲ။ လူေတြအားလံုး ဆူညံျပီး စကားလုေျပာေနတဲ႔ေနရာမ်ိဳး ေရာက္ေနရင္ေတာင္ သင္က တိတ္တိတ္ေလးလိုက္ၾကည့္နားေထာင္ျပီး သူတို႔ေျပာတဲထဲကေန သင့္အတြက္ အားသာခ်က္ကို ရေအာင္ ရွာႏိုင္သူလည္း ျဖစ္ပါတယ္။ ဘယ္လိုပဲ အသံတိတ္ေနတတ္ေပမယ့္ ဘယ္လိုကိစၥကိုမဆို အလိုလိုသိျပီး ေျဖရွင္းႏုိင္တဲ႔စြမ္းအင္ ရွိတာကလည္းသင့္ရဲ႕ ထူးျခားခ်က္ပါပဲ။ တစ္ေယာက္ထဲေနရတာကို သေဘာက်ျပီး သင့္မွာ သူငယ္ခ်င္း မ်ားမ်ားစားစား ထားေလ့မရွိပဲ မျဖစ္မေနရွိသင့္တဲ႔ သူငယ္ခ်င္းအနည္းငယ္နဲ႔သာ ေပါင္းသင္းေလ့ရွိသူတစ္ဦးပါ။ သင္ဟာ သင္နဲ႔ အျမင္မတူသူေတြအတြက္လည္း အခ်ိန္ေပး ျငင္းခုန္ေနေလ့မရွိပါဘူး။



၅ – စစ္သည္ေတာ္ပံုစံ လူရိုင္းေခါင္းပံု

ဒီပံုကို ေရြးလိုက္တယ္ဆုိရင္ေတာ့ သင္ဟာ Fighter တစ္ဦးပါပဲ။ ဒါေပမယ့္ လူတုိင္းနဲ႔ ရန္ျဖစ္ေနတာမ်ိဳးကိုေတာ့ မဆုိလိုပါဘူး ။ အမွန္တရားအတြက္ တုိက္ခုိက္တတ္တာျဖစ္ျပီး သင့္အတြက္ အက်ိဳးမျဖစ္ေစမယ့္ ကိစၥမ်ိဳးဆုိရင္ေတာ့ လ်စ္လ်ဴရႈေလ့ရွိသူပါပဲ။ ဘယ္လိုခက္ခဲတဲ႔ အေနအထားမ်ိဳးပဲ ၾကံဳၾကံဳ မရရေအာင္ ၾကိဳးစားေဖာက္ထြက္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ သင့္အေနနဲ႔ သင္ဘာလုိခ်င္တယ္၊ ဒါရေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာကိုလည္း သိရွိထားသူျဖစ္ျပီး သင္လိုခ်င္တဲ႔ ပန္းတုိင္တစ္ခုက မရဘူးဆိုတာ မရွိသေလာက္ပါပဲ။ ဒါေပမယ့္သင္ဟာ အစုအဖြဲ႔နဲ႔ လုပ္ေဆာင္တတ္သူေတာ့မဟုတ္ပါဘူး။ တစ္ကိုယ္ေတာ္လုပ္ေဆာင္တတ္သူျဖစ္လို႔ Team နဲ႔လုပ္ေဆာင္ရတဲ႔အခါမ်ိဳးမွာ အဆင္မေျပျဖစ္တတ္ပါတယ္။ သင့္မွာစိတ္ညစ္စရာ ပင္ပန္းစရာၾကံဳေနခ်ိန္မွာေတာင္ သင့္မ်က္ႏွာက အျပံဳးပ်က္မွာမဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သင္က ဟန္ေဆာင္ေကာင္းလို႔ပါပဲ။



၆ – ဘာသာေရးေခါင္းေဆာင္ပံုစံ လူရိုင္းေခါင္းပံု

ဒီပံုကိုေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ အသိအျမင္စြမ္းအား ျမင့္မားသူတစ္ဦးပါပဲ။ ဥာဏ္ေကာင္းသူတစ္ဦးျဖစ္ျပီး တစ္ျခားသူေတြရဲ႕ အတြင္းစိတ္ကိုပါ သိရွိေနတတ္သူျဖစ္ပါတယ္။ အလိုလိုသိစိတ္နဲ႔စာနာစိတ္ ရွိသူျဖစ္ျပီး လူေတြအေပၚ ကူညီတတ္သူတစ္ဦးပါပဲ။ လူတစ္ေယာက္ရဲ႕ မ်က္လံုးကို ၾကည့္ရံုနဲ႔ ဒီလူရဲ႕ အတြင္းစိတ္ကို သိေနတာကလည္း သင့္ရဲ႕ ထူးျခားလွတဲ႔ စြမ္းအားပါပဲ။ လူတစ္ေယာက္က သင့္အေပၚ ႏွစ္သက္လား၊ မႏွစ္သက္ဘူးလား၊ သူလိမ္ေနလား၊ အေကာက္ၾကံေနလားဆုိတာကိုလည္း သင္အလြယ္တကူ ခြဲျခားသိရွိႏိုင္တာျဖစ္ပါတယ္။



၇ – တစ္စံုတစ္ခုေပ်ာက္ဆံုးသလိုျဖစ္ေနတဲ႔ လူရိုင္းေခါင္းပံုစံ

ဒီပံုကိုေရြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ ေရႊေရာင္ႏွလံုးသားပိုင္ရွင္ပါပဲ။ သင့္ရဲ႕ အတြင္းစိတ္ကလည္း သူေတာ္စင္တစ္ဦးလို ျဖဴစင္ေနတာျဖစ္ပါတယ္။ ၾကင္နာတတ္သူ၊ သနားတတ္သူ ျဖစ္ျပီး သင့္ရဲ႕ ဆံုးျဖတ္ခ်က္တစ္ခုေၾကာင့္ အျခားသူေတြ ဒုကၡမေရာက္ရေအာင္ ဆင္ျခင္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ သင့္ေရွ႕မွာ အကူအညီလိုအပ္ေနသူေတြ႔လာရင္လည္း ခ်က္ခ်င္း ကူညီေပးတတ္သူျဖစ္ျပီး အဲဒီလူေတြဆီကေတာ့ ဘာကိုမွ ျပန္လည္ေမွ်ာ္ကိုးတတ္မယ့္သူမ်ိဳး မဟုတ္ပါဘူး။ တစ္ျခားသူေတြကို ျပိဳင္ေလ့မရွိပဲ ကိုယ့္ကိုယ္ကိုယ္ပဲ ျပိဳင္ေလ့ရွိသူျဖစ္ပါတယ္။



၈ – လႊမ္းမိုးခ်ဳပ္ကိုင္လိုသည့္ လူရိုင္းေခါင္းပံုစံ

ဒီပံုကိုေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ ေမြးဖြားလာကတည္းက ေခါင္းေဆာင္အေနနဲ႔ ေမြးဖြားလာသူျဖစ္ေနပါတယ္။ သင့္အနီးအနားကလူေတြက သင့္ဆီမွာ အလိုလို တပည့္ခံလာေလ့ရွိျပီး သင္ဟာ ကမၻာၾကီးကိုေတာင္ ကိုင္လႈပ္ႏိုင္စြမ္းရွိတဲ႔အထိ ေခါင္းေဆာင္ပိုင္း တာဝန္ယူရေလ့ရွိပါတယ္။ အထူးသျဖင့္ႏုိင္င့ံေခါင္းေဆာင္ေတြ၊ ရာထူးၾကီးမ်ိဳးေတြေပါ့။ သင့္ရဲ႕ ေနာက္မွာ သင့္ကိုယံုၾကည္ျပီး လိုက္ပါသူေတြကိုလည္း သင္က စိတ္ပ်က္ေစမွာမဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ ၾကိဳးစားမႈေၾကာင့္ လူအားလံုးကို အက်ိဳးျဖစ္ေစႏုိင္တဲ႔သူ ျဖစ္ေနလို႔ပါပဲ။ သင့္အေနနဲ႔ ေအာင္ျမင္မႈရဲ႕ အသီးအပြင့္ကို တစ္ဦးတည္းခံစားရတာမ်ိဳးထက္ တစ္ျခားသူေတြနဲ႔ မွ်ေဝခံစားရတာမ်ိဳးကို ပိုျပီး ႏွစ္သက္သူျဖစ္ပါတယ္။ သင္ခ်စ္တဲ႔သူေတြကိုလည္း သင့္ရဲ႕ မ်က္စိေအာက္မွာပဲ ထားေလ့ရွိသူတစ္ဦးလို႔ ဆိုရမွာပါ။


လူရိုင်းခေါင်းပုံစံလေးတွေရွေးပြီး သင်ဟာဘယ်လိုလူစားလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်

ပုံထဲမှာ လူရိုင်းခေါင်းပုံစံ ၈ မျိုး ဖော်ပြပေးထားပါတယ်။ ပုံတွေမှာဖော်ပြထားတဲ့ လူရိုင်းခေါင်းတွေက အမူအရာတွေ မတူကြပါဘူး။ ဒီတော့ ပုံ ၈ ခုထဲက သင်အနှစ်သက်ဆုံး လူရိုင်းခေါင်းပုံလေးတစ်ခုကို ရွေးချယ်လိုက်ပါ၊ ပြီးရင် ဒီလူရိုင်းခေါင်းက ဘယ်လိုစိတ်နေစိတ်ထားကို ဖော်ညွှန်းနေတယ်ဆိုတာ တိုက်ဆိုင်စစ်ဆေးပြီး သင်ဟာ ဘယ်လိုလူစားဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်ပါနော်။



၁ – စကားပြောနေတဲ့ လူရိုင်းခေါင်းပုံ

နံပါတ် ၁ ပုံကိုရွေးလိုက်ပြီဆိုရင်တော့ သင်ဟာ အဖွဲ့အစည်းမှာ အကောင်းဆုံး အတော်ဆုံးဆိုတဲ့ လူတစ်ယောက်ပါပဲ။ သင့်ရဲ့ လက်အောက်ငယ်သားတွေ၊ အဖွဲ့အစည်းထဲကလူတွေက သင်ဘာပြောပြော ယုံကြည်လိုက်နာလေ့ရှိကြပြီး သင်ကိုယ်တိုင်ကလည်း ဘယ်လိုအခက်အခဲပဲကြုံလာလာ မားမားမတ်မတ် ရှေ့က ရပ်တည်ပေးတတ်သူဖြစ်ပါတယ်။ သင့်ရဲ့ ရန်သူအဖွဲ့အစည်းတွေက သင့်ထုတ်ဖော်ပြောလိုက်မယ့် အချက်တွေကို ကြောက်ရွံ့လေ့ရှိပြီး သင်ပြောလိုက်တာနဲ့ သူတို့ဘယ်လောက်အထိ ဆုံးရှုံးသွားမယ်ဆိုတာကိုလည်း သိရှိထားကြပါတယ်တဲ့။ ဘာလို့လည်း ဆိုတော့သင်ဟာ မဟုတ်တဲ့စကား မပြောတတ်ဘူးဆိုတာကို အသိုင်းအဝိုင်းတစ်ခုလုံးက သိရှိလက်ခံထားတဲ့သူဖြစ်နေလို့ပါပဲ။ သင်ကိုယ်တိုင်ကလည်း စကားတစ်ခွန်းကို မပြောခင် သေချာစိစစ်လေ့လာပြီးမှန်တယ်ဆိုမှ ပြောတတ်သူဖြစ်သလို ဘယ်အရာက ပျော်ရွှင်စေမယ်၊ ဘယ်အရာ ဘယ်စကားလုံးကတော့ နာကျင်မှုဖြစ်စေမယ်ဆိုတာကို ကောင်းကောင်းသိရှိထားသူပဲ ဖြစ်ပါတယ်။



၂ – ရယ်မောနေတဲ့ လူရိုင်းခေါင်းပုံစံ

ဒီပုံကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ဟာသဉာဏ်ရွှင်သူဖြစ်ပြီး တစ်ခြားသူတွေရဲ့ စိတ်ခံစားချက်ကို ထည့်သွင်းစဉ်းစားလေ့မရှိသူတစ်ဦးပါပဲ။ သင့်အကြောင်းဘယ်သူတွေ ဘာပြောနေနေ သင်လုပ်စရာရှိတာကို မှန်တယ်ထင်ရင် ဆက်လုပ်တတ်သူလည်း ဖြစ်ပါတယ်။ ငိုစရာကြုံလာလို့ ငိုချလိုက်ရရင်တောင် ငိုပြီးတာနဲ့ ချက်ချင်းရယ်မောတတ်သူပါ၊ သင့်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အကျိုးက ဘဝမှာ အားသာချက်ဖြစ်စေပါလိမ့်မယ်။ လက်ရှိအချိန်မှာပဲ စိတ်ကိုပျော်အောင် နေထိုင်လေ့ရှိသူဖြစ်ပြီး အနာဂတ်ကိစ္စတွေကို သိပ်ပြီးတွေးလေ့မရှိသူပါပဲ။ ဉာဏ်ကောင်းသူတစ်ဦးလည်းဖြစ်ပြီး လူတွေက သင့်ကို ဒီအချက်ကြောင့်ပဲ အားကိုးအားထားပြုကြပါလိမ့်မယ်။



၃ – ဒေါသဖြစ်နေတဲ့ လူရိုင်းခေါင်းပုံစံ

ဒီပုံကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ဖုံးကွယ်လျှို့ဝှက်တတ်သူပါပဲ။ သင့်ရဲ့ ပင်ကိုယ်စိတ်ရင်းကို သင့်မျက်နှာပေါ်မှာ ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ မျက်နှာမှာပြုံးနေပေမယ့် ရင်ထဲမှာ ဒေါသတွေထွက်နေတာမျိုးကလည်း သင့်မှာ မကြာခဏဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ရပ်ပါ။ ဒေါသကြီးတတ်တဲ့သင့်ရဲ့ စိတ်ကို တစ်ခါတစ်ရံမှာ လျော့ထားဖို့လိုသလို တစ်ခါတစ်ရံ အလုပ်ကိစ္စတွေကိုမေ့ပြီး ခရီးထွက်ပစ်လိုက်တာမျိုးလည်း လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမှ မလုပ်ရင် သင့်ရဲ့ ဒေါသ limit က ပိုကြီးထွားလာနိုင်လို့ပါပဲ။ လူတစ်ယောက်ယောက်က သင့်အပေါ် မကောင်းကြံလာပြီဆိုရင်လည်း သူနဲ့ထိုက်တန်တဲ့ ဆက်ဆံမှုမျိုး လုပ်ရပ်မျိုး ပြန်ပေးဖို့သင့်အနေနဲ့ ဝန်လေးမယ့်သူ မဟုတ်ပါဘူး။



၄ – တိတ်တိတ်ဆိတ်ဆိတ်နေနေတဲ့ လူရိုင်းခေါင်းပုံစံ

အသံတိတ်နေတဲ့ လူရိုင်းခေါင်းပုံကို သင်ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ အသံထွက်ပြီး ပြောဆိုရတာထက် တိတ်တိတ်လေးနေရတာကို နှစ်သက်သူပါပဲ။ လူတွေအားလုံး ဆူညံပြီး စကားလုပြောနေတဲ့နေရာမျိုး ရောက်နေရင်တောင် သင်က တိတ်တိတ်လေးလိုက်ကြည့်နားထောင်ပြီး သူတို့ပြောတဲထဲကနေ သင့်အတွက် အားသာချက်ကို ရအောင် ရှာနိုင်သူလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ အသံတိတ်နေတတ်ပေမယ့် ဘယ်လိုကိစ္စကိုမဆို အလိုလိုသိပြီး ဖြေရှင်းနိုင်တဲ့စွမ်းအင် ရှိတာကလည်းသင့်ရဲ့ ထူးခြားချက်ပါပဲ။ တစ်ယောက်ထဲနေရတာကို သဘောကျပြီး သင့်မှာ သူငယ်ချင်း များများစားစား ထားလေ့မရှိပဲ မဖြစ်မနေရှိသင့်တဲ့ သူငယ်ချင်းအနည်းငယ်နဲ့သာ ပေါင်းသင်းလေ့ရှိသူတစ်ဦးပါ။ သင်ဟာ သင်နဲ့ အမြင်မတူသူတွေအတွက်လည်း အချိန်ပေး ငြင်းခုန်နေလေ့မရှိပါဘူး။



၅ – စစ်သည်တော်ပုံစံ လူရိုင်းခေါင်းပုံ

ဒီပုံကို ရွေးလိုက်တယ်ဆိုရင်တော့ သင်ဟာ Fighter တစ်ဦးပါပဲ။ ဒါပေမယ့် လူတိုင်းနဲ့ ရန်ဖြစ်နေတာမျိုးကိုတော့ မဆိုလိုပါဘူး ။ အမှန်တရားအတွက် တိုက်ခိုက်တတ်တာဖြစ်ပြီး သင့်အတွက် အကျိုးမဖြစ်စေမယ့် ကိစ္စမျိုးဆိုရင်တော့ လျစ်လျူရှုလေ့ရှိသူပါပဲ။ ဘယ်လိုခက်ခဲတဲ့ အနေအထားမျိုးပဲ ကြုံကြုံ မရရအောင် ကြိုးစားဖောက်ထွက်လေ့ရှိသူလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ သင်ဘာလိုချင်တယ်၊ ဒါရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိရှိထားသူဖြစ်ပြီး သင်လိုချင်တဲ့ ပန်းတိုင်တစ်ခုက မရဘူးဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့်သင်ဟာ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်သူတော့မဟုတ်ပါဘူး။ တစ်ကိုယ်တော်လုပ်ဆောင်တတ်သူဖြစ်လို့ Team နဲ့လုပ်ဆောင်ရတဲ့အခါမျိုးမှာ အဆင်မပြေဖြစ်တတ်ပါတယ်။ သင့်မှာစိတ်ညစ်စရာ ပင်ပန်းစရာကြုံနေချိန်မှာတောင် သင့်မျက်နှာက အပြုံးပျက်မှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ သင်က ဟန်ဆောင်ကောင်းလို့ပါပဲ။



၆ – ဘာသာရေးခေါင်းဆောင်ပုံစံ လူရိုင်းခေါင်းပုံ

ဒီပုံကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ အသိအမြင်စွမ်းအား မြင့်မားသူတစ်ဦးပါပဲ။ ဉာဏ်ကောင်းသူတစ်ဦးဖြစ်ပြီး တစ်ခြားသူတွေရဲ့ အတွင်းစိတ်ကိုပါ သိရှိနေတတ်သူဖြစ်ပါတယ်။ အလိုလိုသိစိတ်နဲ့စာနာစိတ် ရှိသူဖြစ်ပြီး လူတွေအပေါ် ကူညီတတ်သူတစ်ဦးပါပဲ။ လူတစ်ယောက်ရဲ့ မျက်လုံးကို ကြည့်ရုံနဲ့ ဒီလူရဲ့ အတွင်းစိတ်ကို သိနေတာကလည်း သင့်ရဲ့ ထူးခြားလှတဲ့ စွမ်းအားပါပဲ။ လူတစ်ယောက်က သင့်အပေါ် နှစ်သက်လား၊ မနှစ်သက်ဘူးလား၊ သူလိမ်နေလား၊ အကောက်ကြံနေလားဆိုတာကိုလည်း သင်အလွယ်တကူ ခွဲခြားသိရှိနိုင်တာဖြစ်ပါတယ်။



၇ – တစ်စုံတစ်ခုပျောက်ဆုံးသလိုဖြစ်နေတဲ့ လူရိုင်းခေါင်းပုံစံ

ဒီပုံကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ရွှေရောင်နှလုံးသားပိုင်ရှင်ပါပဲ။ သင့်ရဲ့ အတွင်းစိတ်ကလည်း သူတော်စင်တစ်ဦးလို ဖြူစင်နေတာဖြစ်ပါတယ်။ ကြင်နာတတ်သူ၊ သနားတတ်သူ ဖြစ်ပြီး သင့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် အခြားသူတွေ ဒုက္ခမရောက်ရအောင် ဆင်ခြင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ သင့်ရှေ့မှာ အကူအညီလိုအပ်နေသူတွေ့လာရင်လည်း ချက်ချင်း ကူညီပေးတတ်သူဖြစ်ပြီး အဲဒီလူတွေဆီကတော့ ဘာကိုမှ ပြန်လည်မျှော်ကိုးတတ်မယ့်သူမျိုး မဟုတ်ပါဘူး။ တစ်ခြားသူတွေကို ပြိုင်လေ့မရှိပဲ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်လေ့ရှိသူဖြစ်ပါတယ်။



၈ – လွှမ်းမိုးချုပ်ကိုင်လိုသည့် လူရိုင်းခေါင်းပုံစံ

ဒီပုံကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ မွေးဖွားလာကတည်းက ခေါင်းဆောင်အနေနဲ့ မွေးဖွားလာသူဖြစ်နေပါတယ်။ သင့်အနီးအနားကလူတွေက သင့်ဆီမှာ အလိုလို တပည့်ခံလာလေ့ရှိပြီး သင်ဟာ ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်နိုင်စွမ်းရှိတဲ့အထိ ခေါင်းဆောင်ပိုင်း တာဝန်ယူရလေ့ရှိပါတယ်။ အထူးသဖြင့်နိုင်ငံ့ခေါင်းဆောင်တွေ၊ ရာထူးကြီးမျိုးတွေပေါ့။ သင့်ရဲ့ နောက်မှာ သင့်ကိုယုံကြည်ပြီး လိုက်ပါသူတွေကိုလည်း သင်က စိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကြိုးစားမှုကြောင့် လူအားလုံးကို အကျိုးဖြစ်စေနိုင်တဲ့သူ ဖြစ်နေလို့ပါပဲ။ သင့်အနေနဲ့ အောင်မြင်မှုရဲ့ အသီးအပွင့်ကို တစ်ဦးတည်းခံစားရတာမျိုးထက် တစ်ခြားသူတွေနဲ့ မျှဝေခံစားရတာမျိုးကို ပိုပြီး နှစ်သက်သူဖြစ်ပါတယ်။ သင်ချစ်တဲ့သူတွေကိုလည်း သင့်ရဲ့ မျက်စိအောက်မှာပဲ ထားလေ့ရှိသူတစ်ဦးလို့ ဆိုရမှာပါ။


ရာထူး တိုးခါနီးျပီးေလာ….

ရာထူး တိုးခါနီးျပီးေလာ….

စာဖတ္ပရိသတ္မ်ားထဲမွာ ဝန္ထမ္းမိတ္ေဆြ ေတြ လည္းရွိၾကပါလိမ့္မယ္။ ဘယ္ဝန္ထမ္းျဖစ္ျဖစ္ ရာထူးက ေတာ့ တိုးႏိုင္သမွ် တိုးခ်င္ၾကတာပဲေပါ့ဗ်ာ။ ရာထူးတိုးဖို႔အတြက္ဆိုရင္ ကိုယ့္ဘက္ကႀကိဳးစား စရာရွိတာလည္း ႀကိဳးစားရမွာေပါ့ …။ ဒီတိုင္း ျပည္လိုေန ရာမ်ိဳးက်ေတာ့ ႀကိဳးစားတဲ့အျပင္ အထက္လူႀကီး အဆင္ ေျပေအာင္၊ ေအာက္လက္ငယ္သား အျမင္ၾကည္ေအာင္လည္း အေရးႀကီးေသးတာေပါ့ …။ ၿပံဳးျပစရာရွိေတာ့လည္း ၿပံဳးျပရမွာေပါ့။

အခုေျပာမယ့္နည္းေလးကေတာ့ ဂမီၻရနည္းစနစ္နဲ႔ အေထာက္အပံ့ ျဖစ္ေစဖို႔အတြက္ပါ။ ရာထူးတိုဖို႔ အသံေတြဘာေတြထြက္လာၿပီ၊ ေလွ်ာက္လႊာေတြဘာေတြ တင္ရၿပီ၊ အင္တာဗ်ဴးေတြ ဘာေတြ ေျဖရေတာ့မယ္ဆိုရင္ …


မိမိရဲ႕ေမြးေန႔ မနက္ပိုင္းမွာ ဘုရားတစ္ဆူကိုသြားပါ။

တတ္သမွ်မွတ္သမွ် ရွိခိုးပူေဇာ္ဖူးေျမာ္ပါ။

ၿပီးေတာ့ မိမိရဲ႕ေမြးနံေထာင့္မွာ ထီးျဖဴသက္ေစ့နဲ႔ ေရႊထီးသက္ေစ့ လွဴပါ။ (ထီးျဖဴအႀကီးႀကီးေတြ၊ ေရႊထီးအႀကီးႀကီးေတြကို မ်က္စိထဲ မျမင္လိုက္ပါနဲ႔ဦး၊ ဘုရားေတြမွာ ထီးျဖဴေသးေသးေလးေတြ၊ ေရႊထီး ေသးေသးေလးေတြ ရွိပါတယ္။ ေတာ္ၾကာ အႀကီးႀကီးေတြ လွဴရမယ္လို႔ ေအာက္ေမ့ေနရင္ ရာထူးတိုးတာကေနာက္မွ ထီးဖိုးအတြက္ ရွိတဲ့အိမ္ေလး ေပါင္လိုက္ရမွာစိုးလို႔ပါ …)

အဲဒီလို ထီးျဖဴသက္ေစနဲ႔ ေရႊထီးသက္ေစ့ လွဴတဲ့အျပင္ ျမတ္စြာဘုရားရဲ႕ပုခံုးေတာ္ေတြမွာ ေရႊခ်ကုသိုလ္ျပဳလုပ္ရင္းလည္း ရာထူးတိုးဖို႔ ဆုေတာင္းဖို႔ ျဖစ္ပါတယ္။

အဲဒါကေတာ့ ေရႊသကၤန္းကပ္လွဴဖို႔၊ ေရႊခ်ဖို႔ အဆင္ေျပတဲ့႐ုပ္ပြားေတာ္မွာ ျပဳလုပ္ရန္ျဖစ္ပါတယ္။ ရာထူးတိုးအံ့ဆဲဆဲ အလားအလာေကာင္းေနေသာ မိတ္ေဆြမ်ားအတြက္ အေထာက္အပံ့ျဖစ္ၾကပါေစဗ်ာ …။

သေဗၺဓမၼာ ဇင္ေယာ္နီ

ရာထူး တိုးခါနီးပြီးလော….

စာဖတ်ပရိသတ်များထဲမှာ ဝန်ထမ်းမိတ်ဆွေ တွေ လည်းရှိကြပါလိမ့်မယ်။ ဘယ်ဝန်ထမ်းဖြစ်ဖြစ် ရာထူးက တော့ တိုးနိုင်သမျှ တိုးချင်ကြတာပဲပေါ့ဗျာ။ ရာထူးတိုးဖို့အတွက်ဆိုရင် ကိုယ့်ဘက်ကကြိုးစား စရာရှိတာလည်း ကြိုးစားရမှာပေါ့ …။ ဒီတိုင်း ပြည်လိုနေ ရာမျိုးကျတော့ ကြိုးစားတဲ့အပြင် အထက်လူကြီး အဆင် ပြေအောင်၊ အောက်လက်ငယ်သား အမြင်ကြည်အောင်လည်း အရေးကြီးသေးတာပေါ့ …။ ပြုံးပြစရာရှိတော့လည်း ပြုံးပြရမှာပေါ့။

အခုပြောမယ့်နည်းလေးကတော့ ဂမ္ဘီရနည်းစနစ်နဲ့ အထောက်အပံ့ ဖြစ်စေဖို့အတွက်ပါ။ ရာထူးတိုဖို့ အသံတွေဘာတွေထွက်လာပြီ၊ လျှောက်လွှာတွေဘာတွေ တင်ရပြီ၊ အင်တာဗျူးတွေ ဘာတွေ ဖြေရတော့မယ်ဆိုရင် …


မိမိရဲ့မွေးနေ့ မနက်ပိုင်းမှာ ဘုရားတစ်ဆူကိုသွားပါ။

တတ်သမျှမှတ်သမျှ ရှိခိုးပူဇော်ဖူးမြော်ပါ။

ပြီးတော့ မိမိရဲ့မွေးနံထောင့်မှာ ထီးဖြူသက်စေ့နဲ့ ရွှေထီးသက်စေ့ လှူပါ။ (ထီးဖြူအကြီးကြီးတွေ၊ ရွှေထီးအကြီးကြီးတွေကို မျက်စိထဲ မမြင်လိုက်ပါနဲ့ဦး၊ ဘုရားတွေမှာ ထီးဖြူသေးသေးလေးတွေ၊ ရွှေထီး သေးသေးလေးတွေ ရှိပါတယ်။ တော်ကြာ အကြီးကြီးတွေ လှူရမယ်လို့ အောက်မေ့နေရင် ရာထူးတိုးတာကနောက်မှ ထီးဖိုးအတွက် ရှိတဲ့အိမ်လေး ပေါင်လိုက်ရမှာစိုးလို့ပါ …)

အဲဒီလို ထီးဖြူသက်စေနဲ့ ရွှေထီးသက်စေ့ လှူတဲ့အပြင် မြတ်စွာဘုရားရဲ့ပုခုံးတော်တွေမှာ ရွှေချကုသိုလ်ပြုလုပ်ရင်းလည်း ရာထူးတိုးဖို့ ဆုတောင်းဖို့ ဖြစ်ပါတယ်။

အဲဒါကတော့ ရွှေသင်္ကန်းကပ်လှူဖို့၊ ရွှေချဖို့ အဆင်ပြေတဲ့ရုပ်ပွားတော်မှာ ပြုလုပ်ရန်ဖြစ်ပါတယ်။ ရာထူးတိုးအံ့ဆဲဆဲ အလားအလာကောင်းနေသော မိတ်ဆွေများအတွက် အထောက်အပံ့ဖြစ်ကြပါစေဗျာ …။

သဗ္ဗေဓမ္မာ ဇင်ယော်နီ

မီးနဲ႔ပတ္သက္လို႔ မက္တတ္တဲ့အိပ္မက္ေတြနဲ႔ အဲ့ဒီအိပ္မက္ေတြကေျပာတဲ့ သင့္ကံၾကမၼာ

မီးနဲ႔ပတ္သက္လို႔ မက္တတ္တဲ့အိပ္မက္ေတြနဲ႔ အဲ့ဒီအိပ္မက္ေတြကေျပာတဲ့ သင့္ကံၾကမၼာ

တခါတေလ အိပ္ေနခ်ိန္မွာ ထူးထူးဆန္းဆန္း အိပ္မက္ေတြ မက္တတ္ၾကျပီး အဲ့ဒီအိပ္မက္ေတြက အေၾကာင္းမဲ့ မက္တာမဟုတ္ပါဘူး။ သင့္ရဲ႕ ကံၾကမၼာနဲ႕ပတ္သက္ျပီး အရိပ္အျမြက္ အသိေပးတဲ့ အေၾကာင္းအရာေလးေတြ ျဖစ္တတ္ပါတယ္။ ဒီတစ္ခါမွာေတာ့ သင့္အိပ္မက္ထဲမွာ မီးနဲ႔ပတ္သက္ျပီး ျမင္မက္တတ္တဲ့ အေၾကာင္းအရာေလးေတြနဲ႔ အဲ့ဒီအေၾကာင္းအရာနဲ႔ဆက္စပ္ေနတဲ့ သင့္ကံၾကမၼာအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။



(၁) ေနရာတစ္ခုမွာ မီးေတြအရွိန္အဟုန္နဲ႔ ေလာင္ေနတယ္လို႔မက္တယ္ဆိုရင္

ဒါက သင့္ရဲ႕ စိတ္ပိုင္းဆိုင္ရာအင္အား အရမ္းေကာင္းလာမယ့္ သေဘာပါပဲ။ ဒီလိုမက္တဲ့အခါ မီးေလာင္ေနတဲ့အရွိန္အဟုန္နဲ႔ ပမာဏကမ်ားေလေလ သင့္အတြက္ ကံပိုေကာင္းေလေလပါ။ လက္ရွိအခ်ိန္မွာ သင္ၾကံဳေနရတဲ့ စိတ္ဖိစီးမႈေတြ ေလ်ာ့နည္းလာျပီး ဘာလုပ္လုပ္ အဆင္ေျပေနမယ့္ အဓိပၸါယ္ပါ။ အနက္ေရာင္မီးခိုးေတြကို မက္မယ္ဆိုရင္ေတာ့ ေငြေၾကးကံ သိပ္မေကာင္းဘဲ သင့္အနီးအနားက လူတစ္ေယာက္ေယာက္ ကံဆိုးမယ့္ သေဘာပါ။ ဒီလိုမက္ၿပီဆိုရင္ သင့္ေဘးနားက လူေတြကို ဂရုစိုက္ဖို႔ လိုပါတယ္။



(၂) သင္မီးေလာင္ခံရတယ္လို႔ မက္ရင္

သင့္ရဲ႕အလုပ္ေနရာမွာ မယံုနိုင္ေလာက္ေအာင္ တိုးတက္မႈျဖစ္လာျပီး ပိုေကာင္းတဲ့ေနရာကို ေရာက္မယ့္ အဓိပၸါယ္ပါ။ သင့္ေဘးနားက လူေတြက သင့္ကို အျမင့္ေရာက္ေအာင္ တြန္းပို႔ေပးၾကမယ့္ နိမိတ္ပံုျဖစ္ျပီး သင့္အေနနဲ႔ အလုပ္အသစ္တစ္ခုခု စတင္ခ်င္ေနတယ္ဆိုရင္ ဒီအခ်ိန္မွာ စလိုက္ပါ။ သင့္ကို မီးစြဲေလာင္တယ္လို႕ အိပ္မက္မက္တာက သင့္အလုပ္အတြက္ေကာင္းတဲ့ နိမိတ္ျဖစ္ေပမယ့္ အခ်စ္ေရးမွာေတာ့ အဆင္မေျပဘဲ အဖုအထစ္ေလးေတြ ေတြ႕ရမယ့္ သေဘာပါ။



(၃) မီးေလာင္ေနတဲ့အထဲက တစ္ေယာက္ေယာက္ကို သင္ကကယ္ထုတ္လာတယ္လို႔ မက္တယ္ဆိုရင္

ဒီလိုမက္တယ္ဆိုရင္ေတာ့ သင္၀ါသနာပါေပမယ့္ လုပ္ဖို႕ အခြင့္အေရးမရခဲ့တဲ့့ အရာေတြအတြက္ ထူးျခားတဲ့ အခြင့္အေရးေတြ ရလာနိုင္ပါတယ္။ သင့္စိတ္ထဲက တကယ္ျဖစ္ခ်င္တဲ့ ဆႏၵေတြကို အေကာင္အထည္ ေဖာ္ခြင့္ရလာေတာ့မယ့္၊ သင့္ရဲ႕ လူမသိတဲ့ အရည္အခ်င္းေတြကို ေဖာ္ထုတ္ျပနိုင္မယ့္ အခြင့္အေရး ရလာေတာ့မယ့္ အဓိပၸါယ္ျဖစ္ပါတယ္။



(၄) မီးေလာင္ေနတဲ့အထဲက သင့္ကို တစ္ေယာက္ေယာက္က ကယ္ထုတ္လာတယ္လို႔ မက္ရင္

သင့္ဘ၀ရဲ႕ အေရးၾကီးဆံုးအရာေတြအတြက္ သင့္ေဘးနားက လူေတြရဲ႕ အကူအညီကို ရနိုင္မွာပါ။ ဒါေၾကာင့္ အခုအခ်ိန္မွာ သင့္အတြက္ အခက္အခဲျဖစ္ေနတာေတြကို မိသားစုနဲ႕ ယံုၾကည္ရတဲ့ သူငယ္ခ်င္းေတြကို ဖြင့္ေျပာျပီး အကူအညီေတာင္းလိုက္မယ္ဆိုရင္ သင့္အတြက္ အားလံုးအဆင္ေျပသြားပါလိမ့္မယ္။



(၅) မီးေလာင္ေနတာကို ၿငိမ္းသတ္လိုက္တယ္လို႔ မက္တယ္ဆိုရင္

အိပ္မက္ထဲမွာ မီးျငိမ္းဖို႕ၾကိဳးစားေနတယ္လို႕ မက္ရင္ သင္က အခက္အခဲေတြနဲ႕ ၾကံဳေတြ႕ရနိုင္ေခ် ရွိပါတယ္။ ဒါေပမယ့္ မီးကိုု ၿငိမ္းလိုက္နိုင္တယ္ဆိုရင္ေတာ့ အခက္အခဲေတြကိုု ေအးေအးေဆးေဆး ေျဖရွင္းနိုင္ပါလိမ့္မယ္။ အိပ္မက္ထဲမွာ မီးျငိမ္းဖို႕ ခက္ခဲေလေလ အျပင္မွာလည္း အခက္အခဲေတြကို ေျဖရွင္းဖို႕ ခက္ခဲေလေလ ျဖစ္မွာပါ။



(၆) မီးေလာင္ျပီး ေသသြားတယ္လို႔ မက္ရင္

မီးေလာင္ျပီး ေသသြားတယ္လို႕ မက္တယ္ဆိုရင္ေတာ့ တကယ္ကို ေၾကာက္စရာေကာင္းတဲ့ အိပ္မက္ပါေနာ္။ ဒါေပမယ့္ အဲ့ဒီလို အိပ္မက္မက္တာက လက္ေတြ႕ဘ၀မွာ ၾကီးမားတဲ့ ကံေကာင္းျခင္းေတြနဲ႕ ၾကံဳရမယ့္ နိမိတ္ပါ။ သင့္ဘ၀မွာ ဆိုးတဲ့အျဖစ္ေတြကေန ရုန္းထြက္နိုင္ျပီး ပိုေကာင္းတဲ့ လမ္းေၾကာင္းကို ေလွ်ာက္နိုင္မယ့္ အျဖစ္အပ်က္ေတြ ျဖစ္လာေတာ့မယ့္ အဓိပၸါယ္ပါ။



(၇) သင့္အ၀တ္အစားေတြ မီးေလာင္သြားတယ္လို႔ မက္ရင္

အ၀တ္အစားေတြ မီးေလာင္သြားတယ္လို႕ အိပ္မက္မက္ရင္ တစ္ေယာက္ေယာက္ဆီက အ၀တ္အစားေတြ အမ်ားၾကီးလက္ေဆာင္ရေတာ့မယ့္ နိမိတ္ပါ။ တစ္ေယာက္ေယာက္က သင့္ကို အ၀တ္အစားသစ္ေတြ အမ်ားၾကီး လက္ေဆာင္၀ယ္ေပးမွာမို႕ ေပ်ာ္ရႊင္ရေတာ့မွာပါ။

Credit : Aunty May

မီးနဲ့ပတ်သက်လို့ မက်တတ်တဲ့အိပ်မက်တွေနဲ့ အဲ့ဒီအိပ်မက်တွေကပြောတဲ့ သင့်ကံကြမ္မာ

တခါတလေ အိပ်နေချိန်မှာ ထူးထူးဆန်းဆန်း အိပ်မက်တွေ မက်တတ်ကြပြီး အဲ့ဒီအိပ်မက်တွေက အကြောင်းမဲ့ မက်တာမဟုတ်ပါဘူး။ သင့်ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး အရိပ်အမြွက် အသိပေးတဲ့ အကြောင်းအရာလေးတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခါမှာတော့ သင့်အိပ်မက်ထဲမှာ မီးနဲ့ပတ်သက်ပြီး မြင်မက်တတ်တဲ့ အကြောင်းအရာလေးတွေနဲ့ အဲ့ဒီအကြောင်းအရာနဲ့ဆက်စပ်နေတဲ့ သင့်ကံကြမ္မာအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။



(၁) နေရာတစ်ခုမှာ မီးတွေအရှိန်အဟုန်နဲ့ လောင်နေတယ်လို့မက်တယ်ဆိုရင်

ဒါက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာအင်အား အရမ်းကောင်းလာမယ့် သဘောပါပဲ။ ဒီလိုမက်တဲ့အခါ မီးလောင်နေတဲ့အရှိန်အဟုန်နဲ့ ပမာဏကများလေလေ သင့်အတွက် ကံပိုကောင်းလေလေပါ။ လက်ရှိအချိန်မှာ သင်ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းလာပြီး ဘာလုပ်လုပ် အဆင်ပြေနေမယ့် အဓိပ္ပါယ်ပါ။ အနက်ရောင်မီးခိုးတွေကို မက်မယ်ဆိုရင်တော့ ငွေကြေးကံ သိပ်မကောင်းဘဲ သင့်အနီးအနားက လူတစ်ယောက်ယောက် ကံဆိုးမယ့် သဘောပါ။ ဒီလိုမက်ပြီဆိုရင် သင့်ဘေးနားက လူတွေကို ဂရုစိုက်ဖို့ လိုပါတယ်။



(၂) သင်မီးလောင်ခံရတယ်လို့ မက်ရင်

သင့်ရဲ့အလုပ်နေရာမှာ မယုံနိုင်လောက်အောင် တိုးတက်မှုဖြစ်လာပြီး ပိုကောင်းတဲ့နေရာကို ရောက်မယ့် အဓိပ္ပါယ်ပါ။ သင့်ဘေးနားက လူတွေက သင့်ကို အမြင့်ရောက်အောင် တွန်းပို့ပေးကြမယ့် နိမိတ်ပုံဖြစ်ပြီး သင့်အနေနဲ့ အလုပ်အသစ်တစ်ခုခု စတင်ချင်နေတယ်ဆိုရင် ဒီအချိန်မှာ စလိုက်ပါ။ သင့်ကို မီးစွဲလောင်တယ်လို့ အိပ်မက်မက်တာက သင့်အလုပ်အတွက်ကောင်းတဲ့ နိမိတ်ဖြစ်ပေမယ့် အချစ်ရေးမှာတော့ အဆင်မပြေဘဲ အဖုအထစ်လေးတွေ တွေ့ရမယ့် သဘောပါ။



(၃) မီးလောင်နေတဲ့အထဲက တစ်ယောက်ယောက်ကို သင်ကကယ်ထုတ်လာတယ်လို့ မက်တယ်ဆိုရင်

ဒီလိုမက်တယ်ဆိုရင်တော့ သင်ဝါသနာပါပေမယ့် လုပ်ဖို့ အခွင့်အရေးမရခဲ့တဲ့ အရာတွေအတွက် ထူးခြားတဲ့ အခွင့်အရေးတွေ ရလာနိုင်ပါတယ်။ သင့်စိတ်ထဲက တကယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်အထည် ဖော်ခွင့်ရလာတော့မယ့်၊ သင့်ရဲ့ လူမသိတဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြနိုင်မယ့် အခွင့်အရေး ရလာတော့မယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။



(၄) မီးလောင်နေတဲ့အထဲက သင့်ကို တစ်ယောက်ယောက်က ကယ်ထုတ်လာတယ်လို့ မက်ရင်

သင့်ဘဝရဲ့ အရေးကြီးဆုံးအရာတွေအတွက် သင့်ဘေးနားက လူတွေရဲ့ အကူအညီကို ရနိုင်မှာပါ။ ဒါကြောင့် အခုအချိန်မှာ သင့်အတွက် အခက်အခဲဖြစ်နေတာတွေကို မိသားစုနဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောပြီး အကူအညီတောင်းလိုက်မယ်ဆိုရင် သင့်အတွက် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။



(၅) မီးလောင်နေတာကို ငြိမ်းသတ်လိုက်တယ်လို့ မက်တယ်ဆိုရင်

အိပ်မက်ထဲမှာ မီးငြိမ်းဖို့ကြိုးစားနေတယ်လို့ မက်ရင် သင်က အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ချေ ရှိပါတယ်။ ဒါပေမယ့် မီးကို ငြိမ်းလိုက်နိုင်တယ်ဆိုရင်တော့ အခက်အခဲတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ပါလိမ့်မယ်။ အိပ်မက်ထဲမှာ မီးငြိမ်းဖို့ ခက်ခဲလေလေ အပြင်မှာလည်း အခက်အခဲတွေကို ဖြေရှင်းဖို့ ခက်ခဲလေလေ ဖြစ်မှာပါ။



(၆) မီးလောင်ပြီး သေသွားတယ်လို့ မက်ရင်

မီးလောင်ပြီး သေသွားတယ်လို့ မက်တယ်ဆိုရင်တော့ တကယ်ကို ကြောက်စရာကောင်းတဲ့ အိပ်မက်ပါနော်။ ဒါပေမယ့် အဲ့ဒီလို အိပ်မက်မက်တာက လက်တွေ့ဘဝမှာ ကြီးမားတဲ့ ကံကောင်းခြင်းတွေနဲ့ ကြုံရမယ့် နိမိတ်ပါ။ သင့်ဘဝမှာ ဆိုးတဲ့အဖြစ်တွေကနေ ရုန်းထွက်နိုင်ပြီး ပိုကောင်းတဲ့ လမ်းကြောင်းကို လျှောက်နိုင်မယ့် အဖြစ်အပျက်တွေ ဖြစ်လာတော့မယ့် အဓိပ္ပါယ်ပါ။



(၇) သင့်အဝတ်အစားတွေ မီးလောင်သွားတယ်လို့ မက်ရင်

အဝတ်အစားတွေ မီးလောင်သွားတယ်လို့ အိပ်မက်မက်ရင် တစ်ယောက်ယောက်ဆီက အဝတ်အစားတွေ အများကြီးလက်ဆောင်ရတော့မယ့် နိမိတ်ပါ။ တစ်ယောက်ယောက်က သင့်ကို အဝတ်အစားသစ်တွေ အများကြီး လက်ဆောင်ဝယ်ပေးမှာမို့ ပျော်ရွှင်ရတော့မှာပါ။

Credit : Aunty May

ေမွာ္ပညာရပ္ဆိုင္ရာ အရာဝတၳဳေလးေတြက ေျပာတဲ႔စိတ္ေနစိတ္ထား

ေမွာ္ပညာရပ္ဆိုင္ရာ အရာဝတၳဳေလးေတြက ေျပာတဲ႔စိတ္ေနစိတ္ထား

ေမွာ္စြမ္းအင္ဆိုတာကေတာ့ ဥာဏ္ပညာတစ္စိတ္တစ္ပိုင္းပါပဲ။ ဒါေပမယ့္ လူေတြယံုၾကည္ထားၾကတာကေတာ့ ပံုထဲမွာျပထားတဲ႔ ေမွာ္ပညာဆုိင္ရာ အသံုးျပဳ အရာဝတၳဳေလးေတြက ေမွာ္ဆရာေတြအတြက္ မရွိမျဖစ္လိုအပ္တဲ႔အရာေလးဆုိတာပါပဲ။ တကယ္တမ္းေတာ့ ေမွာ္ပညာဆုိတာ စိတ္စြမ္းအင္တစ္မ်ိဳးျဖစ္ပါတယ္။ ပံုထဲမွာျပထားတဲ႔ အရာဝတၳဳေလးေတြထဲက တစ္ခုကို ေရြးခ်ယ္ျပီး သင္ဟာ ဘယ္လုိလူစားျဖစ္တယ္၊ စိတ္ေနစိတ္ထား ဘယ္လိုရွိတယ္ဆုိတာ သိႏိုင္မွာပါတဲ႔။ ဒီေတာ့ အရင္ဆံုးဦးေႏွာက္ကို အရွင္းဆံုးထားပါ၊ ပံုကိုၾကည့္ပါ၊ ေတြးဖို႔အခ်ိန္မေပးပါနဲ႔၊ ႏွစ္သက္ရာ Symbol တစ္ခုကို ေရြးခ်ယ္လိုက္ပါ။ ကဲ ေရြးျပီးျပီဆုိရင္ေတာ့ အေျဖေလးေတြနဲ႔တုိက္ဆုိင္စစ္ေဆးျပီး သင္ဟာဘယ္လုိလူစားဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္။

၁ – ျခေသၤ့

ျခေသၤ့ပံုက ေနကို ကိုယ္စားျပဳေနျပီး သင္ဟာသင့္ရဲ႕ ကံၾကမၼာကို သင္ထိန္းခ်ဳပ္ဖို႔ လိုအပ္ေနပါတယ္တဲ႔။ သင့္ကိုသင္ပိတ္ေလွာင္ထားတဲ႔ေနရာကေန ၾကိဳးစားရုန္းထြက္ဖို႔လည္း သင့္ေတာ္ေနပါျပီ။ ျခေသၤ့ရဲ႕ ၾကီးမားတဲ႔ စြမ္းအားေတြကေတာ့ သင့္မွာအျပည့္ပါပဲ။ ဒီအတြက္ သင့္ဘဝေနထုိင္မႈကို အေကာင္းဆံုး ထိန္းေၾကာင္းႏိုင္မွာပါ။ ေန႔စဥ္ပံုမွန္ျဖတ္သန္းေနၾကပံုစံခြက္ထဲကေန တစ္ျခားနည္းလမ္းတစ္ခုကို ေျပာင္းလဲလုပ္ေဆာင္ၾကည့္သင့္တဲ႔ အခ်ိန္ျဖစ္ျပီး လက္ရွိအခ်ိန္မွာလည္း သင္ကိုယ္တုိင္ ေန႔စဥ္လႈပ္ရွားမႈေတြအေပၚမွာ ပ်င္းရိျငီးေငြ႔မႈ ခံစားေနရခ်ိန္လည္း ျဖစ္ပါတယ္။ ဒီအတြက္ ေျဖေဆးကေတာ့ ခရီးတစ္ခုခု ထြက္လိုက္တာပါပဲ၊ ဒါ့အျပင္ လက္ရွိလုပ္ေဆာင္ေနတဲ႔ အလုပ္နဲ႔ ပံုစံမတူတဲ႔ တစ္ျခားအလုပ္တစ္ခုခုကို ေျပာင္းလဲလုပ္ေဆာင္ၾကည့္တာမ်ိဳးလည္း သင့္ေတာ္ပါတယ္။ ေအာင္ျမင္မႈက သင့္လက္တကမ္းမွာပါပဲ။


၂ – သဲနာရီ

သဲနာရီက အခ်ိန္ရဲ႕လည္ပတ္မႈကို ကိုယ္စားျပဳေနတာျဖစ္ပါတယ္။ သင္ဟာ သဲနာရီကို ေရြးခ်ယ္လိုက္တာဆုိရင္ေတာ့ သင္ဟာ အတိတ္ျဖစ္ရပ္ေတြမွာ ပိ္တ္မိေနသူပါတဲ႔။ သင့္အေနနဲ႔ အတိတ္မွာ နာက်င္ခ႔ဲတဲ႔ျဖစ္ရပ္ေတြကို မေမ့ႏိုင္ျဖစ္ေနတတ္ျပီး လက္ရွိအခ်ိန္မွာ အဆင္ေျပေနေပမယ့္ ဘာကိုပဲလုပ္လုပ္ စိတ္မပါလက္မပါနဲ႔ အသက္မရွိသလိုျဖစ္ေနတတ္ပါတယ္။ အလုပ္လုပ္ရာမွာ အားအင္မရွိသလိုခံစားရမွာျဖစ္ျပီး အတိတ္ကလိုမ်ိဳး ျဖစ္ရပ္ေတြ ထပ္ျဖစ္လာဦးမလားဆိုတဲ႔ အေတြးေတြကလည္း ရွိေနဆဲပါပဲ။



၃ – လ

လ ကေတာ့ စိတ္ခံစားခ်က္နဲ႔ ဖံုးကြယ္ထားတဲ႔ အမွန္တရားေတြကို ကို္ယ္စားျပဳတာျဖစ္ပါတယ္။ လကိုေရြးခ်ယ္လုိက္တဲ႔သင္ရဲ႕ ႏွလံုးသားက စစ္ေျမျပင္ကိုေရာက္ေနသလို ခံစားေနရပါတယ္တဲ႔။ ညေတြမွာလည္း အိပ္မေပ်ာ္ပဲ ညလယ္ေလာက္မွာ အျမဲလိုႏိုးေနတတ္ပါတယ္။ သင့္ရဲ႕ စိတ္ပူပန္မႈေတြက သင့္ရဲ႕ အိပ္စက္ျခင္းေတြကိုပါ လာျပီး သက္ေရာက္ေနတတ္တာမ်ိဳးပါ။ ဒီလိုျဖစ္ရတဲ႔ အေၾကာင္းရင္းခံေတြက မေက်နပ္ခ်က္ေတြ၊ အမုန္း၊ ေဒါသနဲ႔ ျပင္းျပတဲ႔စိတ္ဆႏၵေတြ ပါပဲ။ ဒီစိတ္ေတြက သင့္ရဲ႕ မသိစိတ္ထဲမွာ ကိန္းေအာင္းေနျပီး ေန႔ခင္းဖက္ လူေတြကိုျပံဳးျပေနရတဲ႔သင္က ညပိုင္းအခ်ိန္မွာေတာ့ ဒီကိစၥေတြကို ျပန္ျပီးေတြးေတာေပါက္ကြဲမိလို႔ပဲ ျဖစ္ပါတယ္။ ဒီအေျခအေနကို ေျဖရွင္းႏုိင္မယ့္နည္းလမ္းကေတာ့ သင့္အေနနဲ႔ သူမ်ားရဲ႕ အပူေတြကို မယူဖို႔ပါပဲ။ သူမ်ားေတြအေပၚမွာ ကိုယ္ဘာမေက်နပ္တဲ႔အခ်က္ ရွိေနတယ္ဆုိတာကိုလည္း အလိမၼာနဲ႔ ထုတ္ေဖာ္ျပသတတ္ဖို႔ သင္ေလ့က်င့္ရပါမယ္။ သင့္ရဲ႕စိတ္ခံစားခ်က္ေတြကို ဖံုးကြယ္မထားပဲ လွစ္ဟျပလိုက္တာက သင့္ရဲ႕ လက္ရွိလူေနမႈကို ပိုျပီးေပ်ာ္ရႊင္ေစမွာျဖစ္ပါတယ္။


၄ – ေသာ့

ေသာ့ ဆုိတာကေတာ့ အေတြးအျမင္ေတြကို ကိုယ္စားျပဳေနတာပဲျဖစ္ပါတယ္။ သင္ဟာ ေသာ့ကို ေရြးခ်ယ္လုိက္ျပီဆုိရင္ေတာ့ သင့္ဘဝမွာ အေျဖကို လိုအပ္ေနပါတယ္တဲ႔။ ဘာလို႔လည္း ဆုိေတာ့ သင္ျဖတ္သန္းခဲ႔တဲ႔ ဘဝလမ္းတစ္ေလွ်ာက္မွာ အေျဖမရွိတ႔ဲ ေမးခြန္းေတြနဲ႔ပဲ သင္ရွင္သန္ရပ္တည္လာလို႔ပါပဲ။ သင့္အေနနဲ႔ စိတ္ပင္ပန္းလာရင္ ဘယ္လိုေျဖေဖ်ာက္ရမယ္ဆိုတာ မသိ၊ ပင္ပန္းမႈေတြကို ေျဖေဖ်ာက္ေပးႏုိင္မယ့္သူမရွိပဲ ေနထုိင္လာသူပါပဲ။ သင့္မွာ စိတ္ဝင္စားစရာ ကိစၥဆုိတာလည္း မရွိသေလာက္ ရွားပါးပါတယ္။ အထီးက်န္ေနထုိင္တတ္သူတစ္ဦးျဖစ္ျပီး သင့္ရဲ႕ ဘဝက ပ်င္းရိျငီးေငြ႕ဖြယ္အတိပါပဲ။ ကဲဒါဆုိရင္ အခုကစျပီး ဒီဘဝေနထုိင္မႈထဲကေန ေဖာက္ထြက္ဖို႔ ၾကိဳးစားလိုက္ပါေတာ့ ဒီလိုျဖစ္ဖို႔သင့္အတြက္ ေသာ့ေလးရွိေနျပီေလ၊ ဒီေသာ့ေလးနဲ႔ သင့္ဘဝရဲ႕ ေသာ့ခ်က္ေလးေတြကို ဖြင့္လိုက္ပါေတာ့။ သင့္ရဲ႕ ဘဝမွာ လက္ရွိရိုးရွင္းတဲ႔အေနအထားကေန ပိုျပီး စိတ္ဝင္စားဖြယ္၊ အလွည့္အေျပာင္းေလးေတြ လုပ္ေဆာင္ၾကည့္သင့္ပါတယ္။ အနည္းဆံုးေတာ့ ဘယ္ကိုခရီးသြားသင့္တယ္ဆုိတာမ်ိဳး၊ ဘယ္သူေတြနဲ႔ ခ်ိန္းေတြ႔မယ္ဆုိတာမ်ိဳး လုပ္ေဆာင္ၾကည့္လိုက္ပါလို႔ အၾကံျပဳခ်င္ပါတယ္။


၅ – လက္

ဒီလက္ပံုေလးကေတာ့ မေကာင္းဆုိးဝါးမိစၦာကို ကာကြယ္မႈအျဖစ္ ကိုယ္စားျပဳေနတာပဲျဖစ္ပါတယ္။ သင္ဟာ လက္ပံုကို ေရြးခ်ယ္လုိက္တယ္ဆုိရင္ေတာ့ သင္ရဲ႕ စိတ္ခံစားခ်က္က ဆုိးတဲ႔ဘက္ကို မ်ားေနပါတယ္တဲ႔။ သင့္ရဲ႕ စိတ္ဝိဥာဥ္က လြတ္လပ္မႈကို လိုလားျပီး သင့္မွာ ထူးျခားတဲ႔စိတ္ခံစားမႈေတြ ရွိေနတာကို သင္ကိုယ္တုိင္လည္း သတိျပဳမိေနမွာျဖစ္ပါတယ္။ တစ္စံုတစ္ေယာက္ တစ္စံုတစ္ခုေသာ ျဖစ္ရပ္ၾကံဳေတာ့မယ္ဆုိတာကို သင္ၾကိဳတင္သိေနသလို သတိလည္း ေပးေလ့ရွိသူပါပဲ။ ဒါေပမယ့္ တစ္ခါတစ္ရံမွာ သင့္အေနနဲ႔ အဆင္မေျပမႈေတြဝန္းရံေနသလို ခံစားရတတ္ျပီး ဒီကေန ထြက္ေပါက္ရွာတာကေန လိမ္ညာမႈေတြ ၾကံဳလာရတတ္ပါတယ္။ ဒီအတြက္ကေတာ့ ကံၾကမၼာပဲျဖစ္တာမို႔ သင့္ကိုယ္သင္ ခြင့္လႊတ္သင့္ပါတယ္။ အခ်စ္ေရးမွာလည္း လြတ္လပ္မႈကို ႏွစ္သက္သူျဖစ္ျပီး ရိုးရိုးသားသားေျပာတတ္တဲ႔အက်င့္က သင့္အတြက္ အားနည္းခ်က္ျဖစ္ေစပါတယ္တဲ႔။

မှော်ပညာရပ်ဆိုင်ရာ အရာဝတ္ထုလေးတွေက ပြောတဲ့စိတ်နေစိတ်ထား

မှော်စွမ်းအင်ဆိုတာကတော့ ဉာဏ်ပညာတစ်စိတ်တစ်ပိုင်းပါပဲ။ ဒါပေမယ့် လူတွေယုံကြည်ထားကြတာကတော့ ပုံထဲမှာပြထားတဲ့ မှော်ပညာဆိုင်ရာ အသုံးပြု အရာဝတ္ထုလေးတွေက မှော်ဆရာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာလေးဆိုတာပါပဲ။ တကယ်တမ်းတော့ မှော်ပညာဆိုတာ စိတ်စွမ်းအင်တစ်မျိုးဖြစ်ပါတယ်။ ပုံထဲမှာပြထားတဲ့ အရာဝတ္ထုလေးတွေထဲက တစ်ခုကို ရွေးချယ်ပြီး သင်ဟာ ဘယ်လိုလူစားဖြစ်တယ်၊ စိတ်နေစိတ်ထား ဘယ်လိုရှိတယ်ဆိုတာ သိနိုင်မှာပါတဲ့။ ဒီတော့ အရင်ဆုံးဦးနှောက်ကို အရှင်းဆုံးထားပါ၊ ပုံကိုကြည့်ပါ၊ တွေးဖို့အချိန်မပေးပါနဲ့၊ နှစ်သက်ရာ Symbol တစ်ခုကို ရွေးချယ်လိုက်ပါ။ ကဲ ရွေးပြီးပြီဆိုရင်တော့ အဖြေလေးတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီး သင်ဟာဘယ်လိုလူစားဆိုတာ ကြည့်လိုက်ရအောင်နော်။

၁ – ခြင်္သေ့

ခြင်္သေ့ပုံက နေကို ကိုယ်စားပြုနေပြီး သင်ဟာသင့်ရဲ့ ကံကြမ္မာကို သင်ထိန်းချုပ်ဖို့ လိုအပ်နေပါတယ်တဲ့။ သင့်ကိုသင်ပိတ်လှောင်ထားတဲ့နေရာကနေ ကြိုးစားရုန်းထွက်ဖို့လည်း သင့်တော်နေပါပြီ။ ခြင်္သေ့ရဲ့ ကြီးမားတဲ့ စွမ်းအားတွေကတော့ သင့်မှာအပြည့်ပါပဲ။ ဒီအတွက် သင့်ဘဝနေထိုင်မှုကို အကောင်းဆုံး ထိန်းကြောင်းနိုင်မှာပါ။ နေ့စဉ်ပုံမှန်ဖြတ်သန်းနေကြပုံစံခွက်ထဲကနေ တစ်ခြားနည်းလမ်းတစ်ခုကို ပြောင်းလဲလုပ်ဆောင်ကြည့်သင့်တဲ့ အချိန်ဖြစ်ပြီး လက်ရှိအချိန်မှာလည်း သင်ကိုယ်တိုင် နေ့စဉ်လှုပ်ရှားမှုတွေအပေါ်မှာ ပျင်းရိငြီးငွေ့မှု ခံစားနေရချိန်လည်း ဖြစ်ပါတယ်။ ဒီအတွက် ဖြေဆေးကတော့ ခရီးတစ်ခုခု ထွက်လိုက်တာပါပဲ၊ ဒါ့အပြင် လက်ရှိလုပ်ဆောင်နေတဲ့ အလုပ်နဲ့ ပုံစံမတူတဲ့ တစ်ခြားအလုပ်တစ်ခုခုကို ပြောင်းလဲလုပ်ဆောင်ကြည့်တာမျိုးလည်း သင့်တော်ပါတယ်။ အောင်မြင်မှုက သင့်လက်တကမ်းမှာပါပဲ။


၂ – သဲနာရီ

သဲနာရီက အချိန်ရဲ့လည်ပတ်မှုကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ သင်ဟာ သဲနာရီကို ရွေးချယ်လိုက်တာဆိုရင်တော့ သင်ဟာ အတိတ်ဖြစ်ရပ်တွေမှာ ပိတ်မိနေသူပါတဲ့။ သင့်အနေနဲ့ အတိတ်မှာ နာကျင်ခဲ့တဲ့ဖြစ်ရပ်တွေကို မမေ့နိုင်ဖြစ်နေတတ်ပြီး လက်ရှိအချိန်မှာ အဆင်ပြေနေပေမယ့် ဘာကိုပဲလုပ်လုပ် စိတ်မပါလက်မပါနဲ့ အသက်မရှိသလိုဖြစ်နေတတ်ပါတယ်။ အလုပ်လုပ်ရာမှာ အားအင်မရှိသလိုခံစားရမှာဖြစ်ပြီး အတိတ်ကလိုမျိုး ဖြစ်ရပ်တွေ ထပ်ဖြစ်လာဦးမလားဆိုတဲ့ အတွေးတွေကလည်း ရှိနေဆဲပါပဲ။



၃ – လ

လ ကတော့ စိတ်ခံစားချက်နဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ လကိုရွေးချယ်လိုက်တဲ့သင်ရဲ့ နှလုံးသားက စစ်မြေပြင်ကိုရောက်နေသလို ခံစားနေရပါတယ်တဲ့။ ညတွေမှာလည်း အိပ်မပျော်ပဲ ညလယ်လောက်မှာ အမြဲလိုနိုးနေတတ်ပါတယ်။ သင့်ရဲ့ စိတ်ပူပန်မှုတွေက သင့်ရဲ့ အိပ်စက်ခြင်းတွေကိုပါ လာပြီး သက်ရောက်နေတတ်တာမျိုးပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းခံတွေက မကျေနပ်ချက်တွေ၊ အမုန်း၊ ဒေါသနဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေ ပါပဲ။ ဒီစိတ်တွေက သင့်ရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေပြီး နေ့ခင်းဖက် လူတွေကိုပြုံးပြနေရတဲ့သင်က ညပိုင်းအချိန်မှာတော့ ဒီကိစ္စတွေကို ပြန်ပြီးတွေးတောပေါက်ကွဲမိလို့ပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ သင့်အနေနဲ့ သူများရဲ့ အပူတွေကို မယူဖို့ပါပဲ။ သူများတွေအပေါ်မှာ ကိုယ်ဘာမကျေနပ်တဲ့အချက် ရှိနေတယ်ဆိုတာကိုလည်း အလိမ္မာနဲ့ ထုတ်ဖော်ပြသတတ်ဖို့ သင်လေ့ကျင့်ရပါမယ်။ သင့်ရဲ့စိတ်ခံစားချက်တွေကို ဖုံးကွယ်မထားပဲ လှစ်ဟပြလိုက်တာက သင့်ရဲ့ လက်ရှိလူနေမှုကို ပိုပြီးပျော်ရွှင်စေမှာဖြစ်ပါတယ်။


၄ – သော့

သော့ ဆိုတာကတော့ အတွေးအမြင်တွေကို ကိုယ်စားပြုနေတာပဲဖြစ်ပါတယ်။ သင်ဟာ သော့ကို ရွေးချယ်လိုက်ပြီဆိုရင်တော့ သင့်ဘဝမှာ အဖြေကို လိုအပ်နေပါတယ်တဲ့။ ဘာလို့လည်း ဆိုတော့ သင်ဖြတ်သန်းခဲ့တဲ့ ဘဝလမ်းတစ်လျှောက်မှာ အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ပဲ သင်ရှင်သန်ရပ်တည်လာလို့ပါပဲ။ သင့်အနေနဲ့ စိတ်ပင်ပန်းလာရင် ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာ မသိ၊ ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးနိုင်မယ့်သူမရှိပဲ နေထိုင်လာသူပါပဲ။ သင့်မှာ စိတ်ဝင်စားစရာ ကိစ္စဆိုတာလည်း မရှိသလောက် ရှားပါးပါတယ်။ အထီးကျန်နေထိုင်တတ်သူတစ်ဦးဖြစ်ပြီး သင့်ရဲ့ ဘဝက ပျင်းရိငြီးငွေ့ဖွယ်အတိပါပဲ။ ကဲဒါဆိုရင် အခုကစပြီး ဒီဘဝနေထိုင်မှုထဲကနေ ဖောက်ထွက်ဖို့ ကြိုးစားလိုက်ပါတော့ ဒီလိုဖြစ်ဖို့သင့်အတွက် သော့လေးရှိနေပြီလေ၊ ဒီသော့လေးနဲ့ သင့်ဘဝရဲ့ သော့ချက်လေးတွေကို ဖွင့်လိုက်ပါတော့။ သင့်ရဲ့ ဘဝမှာ လက်ရှိရိုးရှင်းတဲ့အနေအထားကနေ ပိုပြီး စိတ်ဝင်စားဖွယ်၊ အလှည့်အပြောင်းလေးတွေ လုပ်ဆောင်ကြည့်သင့်ပါတယ်။ အနည်းဆုံးတော့ ဘယ်ကိုခရီးသွားသင့်တယ်ဆိုတာမျိုး၊ ဘယ်သူတွေနဲ့ ချိန်းတွေ့မယ်ဆိုတာမျိုး လုပ်ဆောင်ကြည့်လိုက်ပါလို့ အကြံပြုချင်ပါတယ်။


၅ – လက်

ဒီလက်ပုံလေးကတော့ မကောင်းဆိုးဝါးမိစ္ဆာကို ကာကွယ်မှုအဖြစ် ကိုယ်စားပြုနေတာပဲဖြစ်ပါတယ်။ သင်ဟာ လက်ပုံကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ရဲ့ စိတ်ခံစားချက်က ဆိုးတဲ့ဘက်ကို များနေပါတယ်တဲ့။ သင့်ရဲ့ စိတ်ဝိဉာဉ်က လွတ်လပ်မှုကို လိုလားပြီး သင့်မှာ ထူးခြားတဲ့စိတ်ခံစားမှုတွေ ရှိနေတာကို သင်ကိုယ်တိုင်လည်း သတိပြုမိနေမှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက် တစ်စုံတစ်ခုသော ဖြစ်ရပ်ကြုံတော့မယ်ဆိုတာကို သင်ကြိုတင်သိနေသလို သတိလည်း ပေးလေ့ရှိသူပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သင့်အနေနဲ့ အဆင်မပြေမှုတွေဝန်းရံနေသလို ခံစားရတတ်ပြီး ဒီကနေ ထွက်ပေါက်ရှာတာကနေ လိမ်ညာမှုတွေ ကြုံလာရတတ်ပါတယ်။ ဒီအတွက်ကတော့ ကံကြမ္မာပဲဖြစ်တာမို့ သင့်ကိုယ်သင် ခွင့်လွှတ်သင့်ပါတယ်။ အချစ်ရေးမှာလည်း လွတ်လပ်မှုကို နှစ်သက်သူဖြစ်ပြီး ရိုးရိုးသားသားပြောတတ်တဲ့အကျင့်က သင့်အတွက် အားနည်းချက်ဖြစ်စေပါတယ်တဲ့။

ေမွာ္ပညာဆုိင္ရာ စာလံုးေလးေတြေရြးခ်ယ္ျပီး သင့္အနာဂတ္ကို စမ္းသပ္ၾကည့္ရေအာင္

ေမွာ္ပညာဆုိင္ရာ စာလံုးေလးေတြေရြးခ်ယ္ျပီး သင့္အနာဂတ္ကို စမ္းသပ္ၾကည့္ရေအာင္

ပံုမွာေဖာ္ျပထားတဲ႔ ေမွာ္ပညာရပ္ဆုိင္ရာ စာလံုးေလးေတြထဲက ႏွစ္သက္ရာ တစ္ခုခုကိုေရြးခ်ယ္လိုက္ပါ၊ သင္ေရြးခ်ယ္လိုက္တဲ႔ စာလံုးပံုေလးက သင့္ရဲ႕ အနာဂတ္မွာျဖစ္မယ့္အေၾကာင္းအရာတစ္ခ်ိဳ႕ကိုေဖာ္ျပေပးေနတာပါတဲ႔။ ကဲဒါဆိုရင္ေတာ့ သင့္ရဲ႕ အနာဂတ္ ဘယ္လုိဆက္ျဖစ္မယ္ဆိုတာ သိရဖို႔ ေရြးခ်ယ္ၾကည့္လိုက္ ပါဦးေနာ္။

၁ – နံပါတ္

၁ မွာရွိေနတဲ႔ စကားလံုးပံုစံေလးက လံုျခံဳမႈ၊ တည္ျငိမ္မႈ၊ ေအာင္ျမင္ျဖစ္ထြန္းမႈ၊ အသစ္သစ္ေသာ ဥစၥာဓနတိုးပြားမႈေတြကို ေဖာ္ညႊန္းေနတာပဲ ျဖစ္ပါတယ္။ ဒီပံုကိုေရြးခ်ယ္လိုက္တာျဖစ္တဲ႔သင္က အခုအခ်ိန္ကေနစျပီး သင္လုပ္ေဆာင္ခဲ႔သမွ်ေသာ လုပ္ငန္းကိစၥရပ္ေတြရဲ႕ အက်ိဳးအျမတ္ေတြကို ရိတ္သိမ္းရမယ့္ ေအာင္ျမင္ခ်ိန္ ေရာက္ျပီလို႔သာ မွတ္လိုက္ပါေတာ့။ ေအာင္ျမင္မႈဆုိတဲ႔ေနရာမွာ ရုပ္ဝတၳဳပစၥည္းေတြသာမကပဲ စိတ္ပိုင္းဆုိင္ရာမွာပါ တုိးတက္ေအာင္ျမင္မႈ ရရွိမယ္လို႔ ဆုိလိုတာျဖစ္ပါတယ္။ မၾကာခင္မွာ သင့္ကိုအလံုးစံုနားလည္ေပးႏိုင္သူတစ္ဦး ဘဝထဲဝင္ေရာက္လာမွာျဖစ္ျပီး အခ်စ္သစ္ၾကံဳေတြ႔လာရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။



၂ – နံပါတ္

၂ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ လွ်င္ျမန္မႈ၊ ေျပာင္းလဲမႈနဲ႔ စိတ္လြတ္လပ္မႈတို႔ကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီပံုကိုေရြးခ်ယ္လိုက္တဲ႔သင္က အေျပာင္းအလဲၾကီးတစ္ခုကို စျပီးၾကံဳရျပီလုိ႔သာမွတ္လုိက္ပါေတာ့။ သင္အရင္က စိတ္ေတာင္မကူးဖူးတာေတြ ေတြ႔ၾကံဳလာရမယ့္ အခ်ိန္ျဖစ္ျပီး စိုးရိမ္စရာေတာ့ မရွိပါဘူး။ ဒီထူးျခားတဲ႔ေျပာင္းလဲမႈ သင့္ကို ဘဝမွာ ဘယ္လိုေနထုိင္သင့္တယ္ဆိုတဲ႔ သင္ခန္းစာေတြ ေပးမွာျဖစ္ပါတယ္။ သင္ကိုယ္တုိင္ကလည္း ဒီအေျပာင္းအလဲကို ႏွစ္သက္လာမွာျဖစ္ျပီး ေနရာသစ္၊ အေတြ႔အၾကံဳသစ္၊ အခြင့္အလမ္းသစ္ေတြကလည္း သင့္ကို ေစာင့္ေမွ်ာ္ေနမွာျဖစ္ပါတယ္။



၃ – နံပါတ္

၃ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ ေအာင္ျမင္မႈ၊ စြမ္းအင္နဲ႔ အသက္ရွည္က်န္းမာျခင္းတုိ႔ကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီပံုကို ေရြးခ်ယ္လိုက္တဲ႔သင္က အိပ္မက္ေဟာင္းေတြကို အေကာင္အထည္ေဖာ္လာႏိုင္ပါ လိမ့္မယ္တဲ႔။ အခုကေနစျပီး လိုအင္ဆႏၵမွန္သမွ် ျပည့္ဝလာမွာျဖစ္သလုိ လုပ္ငန္းကိစၥရပ္ေတြလည္း အေျခအေန တိုးတက္လာပါလိမ့္မယ္။ အရာအားလံုးေကာင္းမြန္လာမွာျဖစ္ျပီး သင္လုပ္သမွ် အကုန္အေကာင္းျဖစ္ေနမယ့္ အခ်ိန္ပါပဲ၊ အျငင္းပြားစရာ ကိစၥရပ္ေတြမွာေတာင္ သင့္ဘက္က မွန္ကန္ေနမွာ ျဖစ္ပါတယ္။



၄ – နံပါတ္

၄ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ သင့္မွာလတ္တေလာ ျပႆနာေတြ ရွိေနတယ္ဆုိတာ ေဖာ္ညႊန္းေနတာပါတဲ႔။ ဒါေပမယ့္ လတ္တေလာၾကံဳေတြ႔လာမယ့္ ျပႆနာေတြကို သတိနဲ႔ေျဖရွင္းျပီး အေတြ႔အၾကံဳေတြကိုယူတတ္ရင္ အေကာင္းဘက္ကို ျဖစ္လာႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာ သင္ဟာ ေသးငယ္တဲ႔ ေလွငယ္ေလးနဲ႔ မုန္တုိင္းကိုေက်ာ္ျဖတ္ေနရသလို ခံစားရမွာျဖစ္ျပီး ဒါေပမယ့္ မထင္မွတ္ေလာက္ေအာင္ ျပႆနာအားလံုးကို သင္ေအာင္ျမင္စြာ ေက်ာ္ျဖတ္သြားႏိုင္ပါလိမ့္မယ္တဲ႔။



၅ – နံပါတ္

၅ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ သင္ဟာ ေပးဆပ္မႈနဲ႔ လက္ခံရရွိမႈတို႔ၾကားမွာ ရွိေနတယ္ဆုိတဲ႔ အခ်က္ကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာ ေဝမွ်ျခင္းနဲ႔ တစ္ျခားသူေတြနဲ႔ ဆက္သြယ္ျခင္းကိစၥရပ္ေတြလည္း အမ်ားအျပားၾကံဳေတြ႔ရတတ္ပါတယ္။ သင့္မွာရွိေနတဲ႔ အေတြ႔အၾကံဳေတြ အသိပညာဗဟုသုတေတြကို တစ္ျခားသူေတြဆီ ျဖန္႔ေဝေပးရတာမ်ိဳး ရွိႏုိင္သလို တစ္ျခားသူေတြရဲ႕ စိတ္ကိုသင္အလုိလိုသိရွိခံစားလာရမယ့္ အခ်ိန္လည္း ျဖစ္ပါတယ္။ ဒီအခ်ိန္ကေနစျပီး ၾကံဳေတြ႔ရသမွ် အျဖစ္အပ်က္ေတြက သင့္ကို ၾကင္နာတတ္ျပီး သေဘာထားၾကီးသူအျဖစ္ ေျပာင္းလဲလာေစမွာလည္း ျဖစ္ပါတယ္။



၆ – နံပါတ္

၆ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ စိတ္ဝိဥာဥ္နဲ႔ စိတ္လႈပ္ရွားဖြယ္ ခရီးစဥ္ေတြကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာ သင့္အတြက္ တုိးတက္ရာတုိးတက္ေၾကာင္းျဖစ္မယ့္ ခရီးစဥ္ေတြ သြားရဖို႔ရွိျပီး သင့္အတြက္ အေတြ႔အၾကံဳအသစ္၊ တုိးတက္မႈအသစ္နဲ႔ စတင္မႈ အသစ္ေတြ ရရွိလာမယ့္အခ်ိန္ပါပဲ။ အခ်ိန္ၾကာျမင့္စြာ စိတ္ညစ္ညဴးပိတ္ေလွာင္မြန္းၾကပ္မႈေတြကေန စိတ္သက္သာရ စျပီး ရလာမယ့္အခ်ိန္လည္းျဖစ္ပါတယ္။ အခုကေနစျပီး ေမွ်ာ္လင့္ခ်က္၊ အခ်စ္၊ စြမ္းအင္သစ္ေတြနဲ႔ ေပ်ာ္ရႊင္မႈေတြ ဆက္ျပီး ၾကံဳေတြ႔ရေတာ့မွာမို႔ သင္စိတ္ခ်မ္းသာလိုက္ပါေတာ့။

မှော်ပညာဆိုင်ရာ စာလုံးလေးတွေရွေးချယ်ပြီး သင့်အနာဂတ်ကို စမ်းသပ်ကြည့်ရအောင်

ပုံမှာဖော်ပြထားတဲ့ မှော်ပညာရပ်ဆိုင်ရာ စာလုံးလေးတွေထဲက နှစ်သက်ရာ တစ်ခုခုကိုရွေးချယ်လိုက်ပါ၊ သင်ရွေးချယ်လိုက်တဲ့ စာလုံးပုံလေးက သင့်ရဲ့ အနာဂတ်မှာဖြစ်မယ့်အကြောင်းအရာတစ်ချို့ကိုဖော်ပြပေးနေတာပါတဲ့။ ကဲဒါဆိုရင်တော့ သင့်ရဲ့ အနာဂတ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ သိရဖို့ ရွေးချယ်ကြည့်လိုက် ပါဦးနော်။

၁ – နံပါတ်

၁ မှာရှိနေတဲ့ စကားလုံးပုံစံလေးက လုံခြုံမှု၊ တည်ငြိမ်မှု၊ အောင်မြင်ဖြစ်ထွန်းမှု၊ အသစ်သစ်သော ဥစ္စာဓနတိုးပွားမှုတွေကို ဖော်ညွှန်းနေတာပဲ ဖြစ်ပါတယ်။ ဒီပုံကိုရွေးချယ်လိုက်တာဖြစ်တဲ့သင်က အခုအချိန်ကနေစပြီး သင်လုပ်ဆောင်ခဲ့သမျှသော လုပ်ငန်းကိစ္စရပ်တွေရဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းရမယ့် အောင်မြင်ချိန် ရောက်ပြီလို့သာ မှတ်လိုက်ပါတော့။ အောင်မြင်မှုဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုပစ္စည်းတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာမှာပါ တိုးတက်အောင်မြင်မှု ရရှိမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ မကြာခင်မှာ သင့်ကိုအလုံးစုံနားလည်ပေးနိုင်သူတစ်ဦး ဘဝထဲဝင်ရောက်လာမှာဖြစ်ပြီး အချစ်သစ်ကြုံတွေ့လာရတာမျိုးလည်း ရှိနိုင်ပါတယ်။



၂ – နံပါတ်

၂ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ လျှင်မြန်မှု၊ ပြောင်းလဲမှုနဲ့ စိတ်လွတ်လပ်မှုတို့ကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီပုံကိုရွေးချယ်လိုက်တဲ့သင်က အပြောင်းအလဲကြီးတစ်ခုကို စပြီးကြုံရပြီလို့သာမှတ်လိုက်ပါတော့။ သင်အရင်က စိတ်တောင်မကူးဖူးတာတွေ တွေ့ကြုံလာရမယ့် အချိန်ဖြစ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီထူးခြားတဲ့ပြောင်းလဲမှု သင့်ကို ဘဝမှာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ သင်ခန်းစာတွေ ပေးမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်ကလည်း ဒီအပြောင်းအလဲကို နှစ်သက်လာမှာဖြစ်ပြီး နေရာသစ်၊ အတွေ့အကြုံသစ်၊ အခွင့်အလမ်းသစ်တွေကလည်း သင့်ကို စောင့်မျှော်နေမှာဖြစ်ပါတယ်။



၃ – နံပါတ်

၃ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ အောင်မြင်မှု၊ စွမ်းအင်နဲ့ အသက်ရှည်ကျန်းမာခြင်းတို့ကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီပုံကို ရွေးချယ်လိုက်တဲ့သင်က အိပ်မက်ဟောင်းတွေကို အကောင်အထည်ဖော်လာနိုင်ပါ လိမ့်မယ်တဲ့။ အခုကနေစပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝလာမှာဖြစ်သလို လုပ်ငန်းကိစ္စရပ်တွေလည်း အခြေအနေ တိုးတက်လာပါလိမ့်မယ်။ အရာအားလုံးကောင်းမွန်လာမှာဖြစ်ပြီး သင်လုပ်သမျှ အကုန်အကောင်းဖြစ်နေမယ့် အချိန်ပါပဲ၊ အငြင်းပွားစရာ ကိစ္စရပ်တွေမှာတောင် သင့်ဘက်က မှန်ကန်နေမှာ ဖြစ်ပါတယ်။



၄ – နံပါတ်

၄ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ သင့်မှာလတ်တလော ပြဿနာတွေ ရှိနေတယ်ဆိုတာ ဖော်ညွှန်းနေတာပါတဲ့။ ဒါပေမယ့် လတ်တလောကြုံတွေ့လာမယ့် ပြဿနာတွေကို သတိနဲ့ဖြေရှင်းပြီး အတွေ့အကြုံတွေကိုယူတတ်ရင် အကောင်းဘက်ကို ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ သင်ဟာ သေးငယ်တဲ့ လှေငယ်လေးနဲ့ မုန်တိုင်းကိုကျော်ဖြတ်နေရသလို ခံစားရမှာဖြစ်ပြီး ဒါပေမယ့် မထင်မှတ်လောက်အောင် ပြဿနာအားလုံးကို သင်အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်တဲ့။



၅ – နံပါတ်

၅ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ သင်ဟာ ပေးဆပ်မှုနဲ့ လက်ခံရရှိမှုတို့ကြားမှာ ရှိနေတယ်ဆိုတဲ့ အချက်ကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ဝေမျှခြင်းနဲ့ တစ်ခြားသူတွေနဲ့ ဆက်သွယ်ခြင်းကိစ္စရပ်တွေလည်း အများအပြားကြုံတွေ့ရတတ်ပါတယ်။ သင့်မှာရှိနေတဲ့ အတွေ့အကြုံတွေ အသိပညာဗဟုသုတတွေကို တစ်ခြားသူတွေဆီ ဖြန့်ဝေပေးရတာမျိုး ရှိနိုင်သလို တစ်ခြားသူတွေရဲ့ စိတ်ကိုသင်အလိုလိုသိရှိခံစားလာရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန်ကနေစပြီး ကြုံတွေ့ရသမျှ အဖြစ်အပျက်တွေက သင့်ကို ကြင်နာတတ်ပြီး သဘောထားကြီးသူအဖြစ် ပြောင်းလဲလာစေမှာလည်း ဖြစ်ပါတယ်။



၆ – နံပါတ်

၆ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ စိတ်ဝိဉာဉ်နဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တွေကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ သင့်အတွက် တိုးတက်ရာတိုးတက်ကြောင်းဖြစ်မယ့် ခရီးစဉ်တွေ သွားရဖို့ရှိပြီး သင့်အတွက် အတွေ့အကြုံအသစ်၊ တိုးတက်မှုအသစ်နဲ့ စတင်မှု အသစ်တွေ ရရှိလာမယ့်အချိန်ပါပဲ။ အချိန်ကြာမြင့်စွာ စိတ်ညစ်ညူးပိတ်လှောင်မွန်းကြပ်မှုတွေကနေ စိတ်သက်သာရ စပြီး ရလာမယ့်အချိန်လည်းဖြစ်ပါတယ်။ အခုကနေစပြီး မျှော်လင့်ချက်၊ အချစ်၊ စွမ်းအင်သစ်တွေနဲ့ ပျော်ရွှင်မှုတွေ ဆက်ပြီး ကြုံတွေ့ရတော့မှာမို့ သင်စိတ်ချမ်းသာလိုက်ပါတော့။