ဇင္ေယာ္နီ တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ ေအာက္တိုဘာ ၂၉ မွ ႏိုဝင္ဘာ ၄)

ဇင္ေယာ္နီ တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ ေအာက္တိုဘာ ၂၉ မွ ႏိုဝင္ဘာ ၄)

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေဆြမ်ိဳးရင္း၊ မိတ္ေဆြရင္းတို႔ရဲ႕ အသည္းအသန္သတင္း၊ စိတ္မေကာင္းစရာသတင္းေတြ ၾကားရတတ္ပါတယ္။ ပစၥည္းတစ္ခုအတြက္ စကားမ်ားေျဖရွင္းရတတ္တယ္။ အေရာင္းမွား၊ အဝယ္မွားျဖစ္တတ္တယ္။ ေအာက္လက္ငယ္သား၊ သားသမီးအတြက္ ဆံုးျဖတ္ရခက္တဲ့ အၾကပ္အတည္းမ်ိဳး ႀကံဳရတတ္ပါတယ္။ ျပႆနာခပ္ႀကီးႀကီး ႏွစ္မ်ိဳးႏွစ္ခု ေျဖရွင္းရတတ္ပါတယ္။ မေတာ္တဆ ထိမိခိုက္မိျဖစ္တတ္ပါတယ္။ မိန္းမတစ္ေယာက္ေၾကာင့္ စိတ္အေႏွာက္အယွက္ႀကီးစြာ ႀကံုရတတ္တယ္။ ေဈးဆိုင္မွာ စကားမ်ား ေျဖရွင္းရတတ္တယ္။ ခရီးကိစၥ စိတ္ညစ္ရတတ္ပါတယ္။ ရပ္ေဝးက မိတ္ေဆြ၊ ေမာင္ႏွမတို႕ရဲ႕ သတင္းေကာင္းၾကားရမယ္။ မထင္မွတ္တဲ့ ဧည့္သည္ေတြ ေရာက္လာမယ္။ မိတ္ေဆြေဟာင္း၊ ဆရာေဟာင္းေတြနဲ႔ ျပန္ဆံုရတတ္တယ္။ ႏွစ္ရွည္ကြဲကြာေနတဲ့ ေဆြမ်ိဳးေတြနဲ႔လည္း ျပန္ဆံုရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ စိတ္ခ်မ္းသာစရာေတြ ျဖစ္လာမယ္။ လူႀကီးမိဘေတြရဲ႕ အကူညီေကာင္းရမယ္။ မိတ္ေဆြေကာင္း၊ ဆရာေကာင္းေတြ႔ျခင္း၊ ပညာေရးကိစၥ၊ သင္တန္းကိစၥ စိတ္ခ်မ္းသာရျခင္း၊ အလုပ္မ်ား ႏွစ္ဆ တိုးခ်ဲ႕ရျခင္း၊ ဝင္ေငြတိုးျခင္း၊ ရပ္ေဝးကေငြမ်ား၊ ပစၥည္းမ်ားေရာက္လာျခင္းမ်ား ႀကံဳရတတ္ပါတယ္။ကိုယ္ဝန္ေဆာင္မိန္းမ ဒုကၡေပးတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၄/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရား တနလၤာေထာင့္တြင္ တံခါန္ ၉ လံုး လွဴဒါန္းပါေလ။



တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေကာင္းေသာအေျပာင္းအလဲေတြ ႀကံဳလာမယ္။ အလုပ္ေနရာ၊ အိမ္ေနရာ ျပင္ဆင္ေျပာင္းေရႊ႕ရတတ္တယ္။ ဘာသာေရး၊ ပညာေရးနဲ႔ပက္သက္လို႕ အေတြးအေခၚထူး၊ ပညာထူးေတြ ရတတ္တယ္။ အလုပ္မွာအခြင့္အေရးေကာင္း၊ ေနရာေကာင္းရတာေတြႀကံဳမယ္။ ဝန္ထမ္းဆိုရင္ ရာထူးကိစၥအေျခအေနေကာင္းႀကံဳမယ္။ မိသားစုထဲက၊ ေဆြမ်ိဳးထဲက ႏိုင္ငံျခားခရီး စီစဥ္ေနသူ ေအာင္ျမင္သြားလိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးနဲ႔ပက္သက္လို႕လဲ သတင္းေကာင္း ၾကားရတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ ပ်က္တတ္၊ ထြက္တတ္တယ္။ မီး၊ လွ်ပ္စစ္အႏၲရာယ္ႀကံဳတတ္တယ္။ မိတ္ေဆြရင္းေတြနဲ႔အဆင္မေျပ လမ္းခြဲရတတ္တယ္။ ေအာက္လက္ငယ္သားအတြက္ ေသာကေရာက္စရာ ႀကံဳမယ္။ အမိႈက္ကစ ျပႆာဒ္မီးေလာင္ဆိုသလို ျပႆနာေသးေသးေလးကေန ႀကီးသြားတတ္ပါတယ္။ က်န္းမာေရး တရွာင္ေရွာင္ ျဖစ္ေနမယ္။ စိတ္နဲ႔လူနဲ႔မကပ္ဘဲျဖစ္ေနမယ္။ေငးတိေငးငိုင္ႀကီး ျဖစ္ေနတတ္တယ္။ ေငြဆံုးတာေပ်က္တာ၊ အေခ်းအငွားကိစၥစိတ္ညစ္ရတာ၊ ႀကီးကဲသူေတါနဲ႔ စိတ္သေဘာကြဲတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ ဆရာသမားကို လူေတြနဲ႔ အဆင္မေျပျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ၊ ဆံဳးျဖတ္ရခက္တဲ့ အေျခအေနႀကံဳလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏အပံ့အပိုးရရွိရန္ မိတ္ေဆြမ်ားကို ေပါက္စီ ဒါနျပဳလုပ္ပါေလ။



အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ် ႀကံသမွ် အေနွာက္အယွက္ေတြ ႀကံဳေနမယ္။ မနာလို ရန္လိုသူေပါမယ္။ စြပ္စြဲနာမည္ဖ်က္တာေတြ ခံရတတ္ပါတယ္။ မိတ္ေဆြရင္း၊ လူရင္းေတြ သစၥာေဖာက္ တတ္တယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦကိစၥ ရည္ရြယ္ခ်က္တြ ပ်က္သြားတတ္တယ္။ ေျခဦးတည့္ရာ ထြက္သြားခ်င္စိတ္ေတြ ေပၚလာတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလဲ ညႇိမရ၊ ႏိႈင္းမရျဖစ္တတ္ပါတယ္။ လိမ့္က်တာ၊ ေခ်ာ္လဲတာ၊ ေျခေထာက္၊ ခါးဒုကၡေပးတာေတြ ႀကံဳရတတ္ပါတယ္။ ဆီး၊ မ်က္စိက်န္းမာေရး ညံ့တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ မတင္မက် ျဖစ္ရတတ္တယ္။ လက္ရွိအလုပ္ေတြကို ရပ္ပစ္ခ်င္စိတ္ေပၚလာတတ္တယ္။ အလွဴအတန္းကိစၥေတြ အတြက္လည္း စိတ္ညစ္ရတတ္ပါတယ္။ အဖိုးတန္အသံုးအေဆာင္၊ လွ်ပ္စစ္ပစၥည္းေတြဝင္မယ္။ ေအာက္လက္ငယ္သားအတြက္ ဝမ္းသာစရာေတြ ႀကံဳမယ္။ ျပႆနာတစ္ခု အလိုလိုရွင္းသြားမယ္။ မိမိအားရန္လုပ္ေတသူ ရပ္ေဝးသို႕ ထြက္သြားျခင္း၊ သူ႕တရားသူစီရင္သြားျခင္းဆိုတာမ်ိဳးေတြ ျဖစ္သြားပါလိမ့္မယ္။ မထင္မွတ္တဲ့ေနရာက ေငြေတြအမ်ားႀကီး ဝင္လာမယ္။ ေငြအဝင္ၾကမ္းသေလာက္ အထြက္လဲၾကမ္းတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၅/၈။ ကံ၏အပံ့အပိုးရရွိရန္ ကေလးမ်ားကို ေခါက္ဆြဲေၾကာ္ ဒါနျပဳပါေလ။



ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ညစ္စရာေတြေတာ္ေတာ္ႀကံဳမယ္။ လုပ္သမွ် ႀကံသမွ် လြဲေခ်ာ္ေနတတ္ တယ္။ မေတာ္တဆ ထိမိခိုက္မိျဖစ္တာ က်န္းမာေရးညံ့တာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ေငြေတြ ပစၥည္းေတြအေလအလြင့္ အဆံုးအ႐ံႈးမ်ားတတ္တယ္။ အေခ်းအငွားကိစၥ ျပႆနာ႐ႈပ္တတ္ပါတယ္။ ေအာက္လက္ငယ္သားတို႕ရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရး ႐ႈပ္ေထြးတတ္ပါတယ္။ မိသားစု အတြင္းမွာ ညႇိမရ၊ ႏိႈင္းမရတာေတြ ျဖစ္တတ္ပါတယ္။ ႀကီးကဲသူေတြ က်န္းမာေရးညံ့တတ္တယ္။ ခရီးသြားမယ့္ အစီအစဥ္ေတြ ထစ္ေငါ့လြဲေခ်ာ္သြားတတ္ပါတယ္။ မသြားခ်င္တဲ့ခရီးေတြ သြားရတတ္တယ္။ မၾကားခ်င္တဲ့စကားေတြ ၾကားရတတ္တယ္။ ရပ္ေဝးမိတ္ေဆြ၊ ဆရာသမားတို႕က ကူညီမယ္။ မ်က္မွန္နဲ႕လူက ကူညီလိမ့္မယ္။ အလုပ္ေနရာ၊ အိမ္ေနရာ မထင္မမွတ္တဲ့အေျပာင္းအလဲႀကံဳမယ္။ ျပႆနာ ျဖစ္ေနသူေတြနဲ႔ ျပန္ၿပီး အဆင္ေျပသြားမယ္။ ကိုယ့္ကို ေစာ္ကားထားတဲ့သူေတြက ျပန္ၿပီးေတာင္းပန္ၾကလိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ေဘးပေယာဂေၾကာင့္ ေသြးကြဲရတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ အထစ္အေငါ့ႀကီးစြာ ႀကံဳတတ္တယ္။ အလုပ္ကိစၥ ဝမ္းသာစရာ အေျခအေနေကာင္းၾကံဳမယ္။ ထီေပါက္သလိုမ်ိဳးေငြေတြ ဝင္လာတတ္တယ္။ ကံအက်ိဳးေပးဂဏန္း ၅/၁။ ကံ၏အပံ့အပိုးရရွိရန္ ေခြးမ်ားကို အစာေကြ်းပါေလ။



ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အဘက္ဘက္က ၾကည္ႏူးဝမ္းသာစရာေတြႀကံဳလာမယ္။ ရည္၇ြယ္ခ်က္ႀကီးေတြ ေအာင္ျမင္မယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ရပ္ေဝးအဆက္အသြယ္ေကာင္းေတြ ရတတ္တယ္။ ဝမ္းသာစရာေတြ၊ ဧည့္သည္ေတြေတြလည္း ေရာက္လာမယ္။ အဖိုးတန္ပစၥည္းေတြ ဝင္လာမယ္။ အေဝးေရာက္ မိတ္ေဆြ၊ ေမာင္ႏွမေတြနဲ႔ ျပန္လည္ဆံုဆည္းရတတ္တယ္။ အေဆာက္အဦကိစၥ၊ ေနရာထိုင္ခင္းကိစၥေတြမွာ စိတ္တိုင္းက်ေအာင္ျမင္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း စိတ္ခ်မ္းသာရ မယ္။ ေပ်ာ္ရႊင္ဘြယ္ခရီးေတြ သြားရမယ္။ လူႀကီးသူမ၊ ဆရာသမားေတြရဲ႕ အကူအညီေကာင္း ရမယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ စိတ္ခ်မ္းသာရမယ္။ အလုပ္ကိစၥ သတင္းေကာင္းၾကားမယ္။ ခရီးအက်ိဳးေပးမယ္။ ေငြအေတာ္မ်ားမ်ား ဝင္လာလိမ့္မယ္။ ထီေပါက္သလို ဝင္တတ္တယ္။ ေအာက္လက္ငယ္သား ဒုကၡေပးတတ္တယ္။ သူတစ္ပါးရဲ႕အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ၾကားညပ္တတ္တယ္။ ေရာဂါႏွစ္မ်ိဳး တစ္ၿပိဳင္နက္ျဖစ္တာ၊ ဒါမွမဟုတ္ မိသားစုထဲမွလူႏွစ္ေယာက္ က်န္းမာေရးညံ့တာ ႀကံဳရတတ္ပါတယ္။ ႏိုင္ငံရပ္ျခားခရီး စီစဥ္ေနသူေတြ အဆင္ေျပေအာင္ျမင္မယ္။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏အပံ့အပိုးရရွိရန္ ေရႏွင့္ပတ္သက္ေသာ ကုသိုလ္ျပဳလုပ္ပါေလ။



ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္တအားညစ္ရမယ္။ ဘာပဲလုပ္လုပ္ အထစ္အေငါ့၊ အေႏွာက္အယွက္ရွိေနမယ္။ မိတ္ေဆြရင္းေတြ၊ ညီအစ္ကိုေမာင္ႏွမေတြအတြက္ စိတ္ညစ္ရတတ္ပါတယ္။ ျမစ္နား၊ ေခ်ာင္းနား၊ ကန္နားကလူေတြ ဒုကၡေပးတတ္ပါတယ္။ တိရစၦာန္ေၾကာင့္စိတ္ညစ္ရတတ္တယ္။ မီး၊ လွ်ပ္စစ္အႏၲရာယ္ႀကံဳတာ မေတာ္တဆ ထိခိုက္မိတာေတြ ၾကံဳရတတ္ပါတယ္။ အေဆာက္အဦကိစၥ၊ ေနရာကိစၥေတြ အခက္အခဲ ႀကီးႀကီးမားမား ႀကံဳၿပီးတဲ့ေနာက္ အဆင္ေျပသြားမယ္။ က်န္းမာေရး ဆိုးဆိုးရြားရြားမဟုတ္ေပမဲ့ တေရွာင္ေရွာင္ျဖစ္ေနမယ္။ အလုပ္မွာ အတိုက္အခံ၊ အေႏွာက္အယွက္ ႀကီးႀကီးမားမားႀကံဳမယ္။ ဒါေပမဲ့ ေအာင္ျမင္သြားမယ္။ ေငြေရးေၾကးေရးကေတာ့ အေတာ့္ကို ၾကပ္တည္းမယ့္အခ်ိန္ပါပဲ။ က်ဥ္းထဲ၊ ၾကပ္ထဲအေျခအေနေတြ ႀကံဳရတတ္ပါတယ္။ တန္ဖိုးႀကီးပစၥည္းေတြေတာ့ ဝင္လာလိမ့္မယ္။ ထြက္ေနတဲ့ေငြေတြ၊ ပစၥည္းေတြလည္း ျပန္ဝင္လာတတ္ပါတယ္။ ေအာက္လက္ငယ္သားရဲ႕ သတင္းေကာင္းၾကားမယ္။ ေဆြမ်ိဳးသားခ်င္းထဲက ထီဆုႀကီးေပါက္တာ၊ ဆုထူး၊ ဂုဏ္ထူးရတာ၊ ရာထူးတက္တာေတြ ႀကံဳရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ေကာင္းေသာအေျပာင္းအလဲေတြ ျဖစ္လာလိမ့္မယ္။ အဆက္အသြယ္ျပတ္ေနသူေတြ အဆက္အသြယ္ေကာင္းရလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၇/၈။ ကံ၏အပံ့အပိုးရရွိရန္ ႏြမ္းပါးသူမ်ားကို ထီလက္မွတ္ ဒါနျပဳပါေလ။



စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ၾကည္ႏူးဝမ္းေျမာက္စရာေတြ ႀကံဳလာမယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ႀကံဳေတာင့္ႀကံဳခဲ အခြင့္အလမ္းေကာင္းေတြ ရတတ္တယ္။ ရည္ရြယ္ထားသမွ် ရဲရဲသာလုပ္ေပေတာ့။ ေငြအားလူအားရွိသေလာက္ လုပ္ငန္းေတြ တိုးခ်ဲ႕သင့္တဲ့ အခ်ိန္ျဖစ္ပါတယ္။ ရပ္ေဝးနဲ႔ပတ္သက္တဲ့အလုပ္ေတြ၊ ႏိုင္ငံျခားလူမ်ိဳးျခားနဲ႕ ပတ္သက္တာေတြ ပိုၿပီးေတာ့ ေအာင္ျမင္မယ္။ အဖိုးတန္ပစၥည္းေတြလည္း ဝင္လာတတ္ပါတယ္။ ေငြလည္း အလြန္ရႊင္ေနမယ္။ ဟိုကဝင္ ဒီကဝင္ ဝင္ေနမယ္။ ဘာသာေရးလုပ္ေလေလ ကံေကာင္းေလေလျဖစ္လိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ဆံုးျဖတ္ရခက္တဲ့အေျခအေနေတြ ႀကံဳလာတတ္တယ္။ မိတ္ေဆြ၊ ေမာင္ႏွမမ်ားနဲ႔ ပတ္သတ္တဲ့အစီအစဥ္ေတြ မတင္မက်ျဖစ္တတ္ပါတယ္။ ေနရာထိုင္ခင္း၊ အေဆာက္အဦအတြက္ စိတ္ညစ္ရတတ္တယ္။ ေအာက္လက္ငယ္သားအတြက္ ေခါင္းခံေျဖရွင္း ရတတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အစီအစဥ္ပ်က္မတတ္ ျဖစ္ကုန္တတ္တယ္။ ႏွစ္ရွည္ခံစားေနရတဲ့ ေရာဂါေဝဒနာေတြရွိခဲ့ရင္ ေပ်ာက္မွန္းမသိ ေပ်ာက္ သြားမယ္။ အဲဒီလိုပဲ ျပႆနာခပ္ႀကီးႀကီး တစ္ခုဟာလည္း သူ႕အလိုလို ရွင္းသြားပါမယ္။ အလုပ္ကိစၥ၊ လူမႈေရးကိစၥေတြမွာ မိန္းမတစ္ေယာက္ ဝင္႐ႈပ္လာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၈/ဝ။ ကံ၏အပံ့အပိုးရရွိရန္ ကေလးမ်ားကို နန္းႀကီးသုပ္ ဒါနျပဳပါေလ။

သေဗၺဓမၼာ

ဇင္ေယာ္နီ

Redot

ဇင်ယော်နီ တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁၈ အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၄)

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတို့ရဲ့ အသည်းအသန်သတင်း၊ စိတ်မကောင်းစရာသတင်းတွေ ကြားရတတ်ပါတယ်။ ပစ္စည်းတစ်ခုအတွက် စကားများဖြေရှင်းရတတ်တယ်။ အရောင်းမှား၊ အဝယ်မှားဖြစ်တတ်တယ်။ အောက်လက်ငယ်သား၊ သားသမီးအတွက် ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းမျိုး ကြုံရတတ်ပါတယ်။ ပြဿနာခပ်ကြီးကြီး နှစ်မျိုးနှစ်ခု ဖြေရှင်းရတတ်ပါတယ်။ မတော်တဆ ထိမိခိုက်မိဖြစ်တတ်ပါတယ်။ မိန်းမတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်ကြီးစွာ ကြုံရတတ်တယ်။ ဈေးဆိုင်မှာ စကားများ ဖြေရှင်းရတတ်တယ်။ ခရီးကိစ္စ စိတ်ညစ်ရတတ်ပါတယ်။ ရပ်ဝေးက မိတ်ဆွေ၊ မောင်နှမတို့ရဲ့ သတင်းကောင်းကြားရမယ်။ မထင်မှတ်တဲ့ ဧည့်သည်တွေ ရောက်လာမယ်။ မိတ်ဆွေဟောင်း၊ ဆရာဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ နှစ်ရှည်ကွဲကွာနေတဲ့ ဆွေမျိုးတွေနဲ့လည်း ပြန်ဆုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ လူကြီးမိဘတွေရဲ့ အကူညီကောင်းရမယ်။ မိတ်ဆွေကောင်း၊ ဆရာကောင်းတွေ့ခြင်း၊ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရခြင်း၊ အလုပ်များ နှစ်ဆ တိုးချဲ့ရခြင်း၊ ဝင်ငွေတိုးခြင်း၊ ရပ်ဝေးကငွေများ၊ ပစ္စည်းများရောက်လာခြင်းများ ကြုံရတတ်ပါတယ်။ကိုယ်ဝန်ဆောင်မိန်းမ ဒုက္ခပေးတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၄/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရား တနင်္လာထောင့်တွင် တံခါန် ၉ လုံး လှူဒါန်းပါလေ။



တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ကြုံလာမယ်။ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ ဘာသာရေး၊ ပညာရေးနဲ့ပက်သက်လို့ အတွေးအခေါ်ထူး၊ ပညာထူးတွေ ရတတ်တယ်။ အလုပ်မှာအခွင့်အရေးကောင်း၊ နေရာကောင်းရတာတွေကြုံမယ်။ ဝန်ထမ်းဆိုရင် ရာထူးကိစ္စအခြေအနေကောင်းကြုံမယ်။ မိသားစုထဲက၊ ဆွေမျိုးထဲက နိုင်ငံခြားခရီး စီစဉ်နေသူ အောင်မြင်သွားလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပက်သက်လို့လဲ သတင်းကောင်း ကြားရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျက်တတ်၊ ထွက်တတ်တယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြုံတတ်တယ်။ မိတ်ဆွေရင်းတွေနဲ့အဆင်မပြေ လမ်းခွဲရတတ်တယ်။ အောက်လက်ငယ်သားအတွက် သောကရောက်စရာ ကြုံမယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသလို ပြဿနာသေးသေးလေးကနေ ကြီးသွားတတ်ပါတယ်။ ကျန်းမာရေး တရှာင်ရှောင် ဖြစ်နေမယ်။ စိတ်နဲ့လူနဲ့မကပ်ဘဲဖြစ်နေမယ်။ငေးတိငေးငိုင်ကြီး ဖြစ်နေတတ်တယ်။ ငွေဆုံးတာပျေက်တာ၊ အချေးအငှားကိစ္စစိတ်ညစ်ရတာ၊ ကြီးကဲသူတေါနဲ့ စိတ်သဘောကွဲတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ဆရာသမားကို လူတွေနဲ့ အဆင်မပြေဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် မိတ်ဆွေများကို ပေါက်စီ ဒါနပြုလုပ်ပါလေ။



အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ ကြံသမျှ အနှောက်အယှက်တွေ ကြုံနေမယ်။ မနာလို ရန်လိုသူပေါမယ်။ စွပ်စွဲနာမည်ဖျက်တာတွေ ခံရတတ်ပါတယ်။ မိတ်ဆွေရင်း၊ လူရင်းတွေ သစ္စာဖောက် တတ်တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စ ရည်ရွယ်ချက်တွ ပျက်သွားတတ်တယ်။ ခြေဦးတည့်ရာ ထွက်သွားချင်စိတ်တွေ ပေါ်လာတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလဲ ညှိမရ၊ နှိုင်းမရဖြစ်တတ်ပါတယ်။ လိမ့်ကျတာ၊ ချော်လဲတာ၊ ခြေထောက်၊ ခါးဒုက္ခပေးတာတွေ ကြုံရတတ်ပါတယ်။ ဆီး၊ မျက်စိကျန်းမာရေး ညံ့တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မတင်မကျ ဖြစ်ရတတ်တယ်။ လက်ရှိအလုပ်တွေကို ရပ်ပစ်ချင်စိတ်ပေါ်လာတတ်တယ်။ အလှူအတန်းကိစ္စတွေ အတွက်လည်း စိတ်ညစ်ရတတ်ပါတယ်။ အဖိုးတန်အသုံးအဆောင်၊ လျှပ်စစ်ပစ္စည်းတွေဝင်မယ်။ အောက်လက်ငယ်သားအတွက် ဝမ်းသာစရာတွေ ကြုံမယ်။ ပြဿနာတစ်ခု အလိုလိုရှင်းသွားမယ်။ မိမိအားရန်လုပ်တေသူ ရပ်ဝေးသို့ ထွက်သွားခြင်း၊ သူ့တရားသူစီရင်သွားခြင်းဆိုတာမျိုးတွေ ဖြစ်သွားပါလိမ့်မယ်။ မထင်မှတ်တဲ့နေရာက ငွေတွေအများကြီး ဝင်လာမယ်။ ငွေအဝင်ကြမ်းသလောက် အထွက်လဲကြမ်းတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၈။ ကံ၏အပံ့အပိုးရရှိရန် ကလေးများကို ခေါက်ဆွဲကြော် ဒါနပြုပါလေ။



ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်ညစ်စရာတွေတော်တော်ကြုံမယ်။ လုပ်သမျှ ကြံသမျှ လွဲချော်နေတတ် တယ်။ မတော်တဆ ထိမိခိုက်မိဖြစ်တာ ကျန်းမာရေးညံ့တာမျိုးတွေ ကြုံရတတ်ပါတယ်။ ငွေတွေ ပစ္စည်းတွေအလေအလွင့် အဆုံးအရှုံးများတတ်တယ်။ အချေးအငှားကိစ္စ ပြဿနာရှုပ်တတ်ပါတယ်။ အောက်လက်ငယ်သားတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးတတ်ပါတယ်။ မိသားစု အတွင်းမှာ ညှိမရ၊ နှိုင်းမရတာတွေ ဖြစ်တတ်ပါတယ်။ ကြီးကဲသူတွေ ကျန်းမာရေးညံ့တတ်တယ်။ ခရီးသွားမယ့် အစီအစဉ်တွေ ထစ်ငေါ့လွဲချော်သွားတတ်ပါတယ်။ မသွားချင်တဲ့ခရီးတွေ သွားရတတ်တယ်။ မကြားချင်တဲ့စကားတွေ ကြားရတတ်တယ်။ ရပ်ဝေးမိတ်ဆွေ၊ ဆရာသမားတို့က ကူညီမယ်။ မျက်မှန်နဲ့လူက ကူညီလိမ့်မယ်။ အလုပ်နေရာ၊ အိမ်နေရာ မထင်မမှတ်တဲ့အပြောင်းအလဲကြုံမယ်။ ပြဿနာ ဖြစ်နေသူတွေနဲ့ ပြန်ပြီး အဆင်ပြေသွားမယ်။ ကိုယ့်ကို စော်ကားထားတဲ့သူတွေက ပြန်ပြီးတောင်းပန်ကြလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဘေးပယောဂကြောင့် သွေးကွဲရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အထစ်အငေါ့ကြီးစွာ ကြုံတတ်တယ်။ အလုပ်ကိစ္စ ဝမ်းသာစရာ အခြေအနေကောင်းကြုံမယ်။ ထီပေါက်သလိုမျိုးငွေတွေ ဝင်လာတတ်တယ်။ ကံအကျိုးပေးဂဏန်း ၅/၁။ ကံ၏အပံ့အပိုးရရှိရန် ခွေးများကို အစာကျွေးပါလေ။



ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ကြည်နူးဝမ်းသာစရာတွေကြုံလာမယ်။ ရည်ရွယ်ချက်ကြီးတွေ အောင်မြင်မယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ရပ်ဝေးအဆက်အသွယ်ကောင်းတွေ ရတတ်တယ်။ ဝမ်းသာစရာတွေ၊ ဧည့်သည်တွေတွေလည်း ရောက်လာမယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ အဝေးရောက် မိတ်ဆွေ၊ မောင်နှမတွေနဲ့ ပြန်လည်ဆုံဆည်းရတတ်တယ်။ အဆောက်အဦကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေမှာ စိတ်တိုင်းကျအောင်မြင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာရ မယ်။ ပျော်ရွှင်ဘွယ်ခရီးတွေ သွားရမယ်။ လူကြီးသူမ၊ ဆရာသမားတွေရဲ့ အကူအညီကောင်း ရမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရမယ်။ အလုပ်ကိစ္စ သတင်းကောင်းကြားမယ်။ ခရီးအကျိုးပေးမယ်။ ငွေအတော်များများ ဝင်လာလိမ့်မယ်။ ထီပေါက်သလို ဝင်တတ်တယ်။ အောက်လက်ငယ်သား ဒုက္ခပေးတတ်တယ်။ သူတစ်ပါးရဲ့အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားညပ်တတ်တယ်။ ရောဂါနှစ်မျိုး တစ်ပြိုင်နက်ဖြစ်တာ၊ ဒါမှမဟုတ် မိသားစုထဲမှလူနှစ်ယောက် ကျန်းမာရေးညံ့တာ ကြုံရတတ်ပါတယ်။ နိုင်ငံရပ်ခြားခရီး စီစဉ်နေသူတွေ အဆင်ပြေအောင်မြင်မယ်။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် ရေနှင့်ပတ်သက်သော ကုသိုလ်ပြုလုပ်ပါလေ။



သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်တအားညစ်ရမယ်။ ဘာပဲလုပ်လုပ် အထစ်အငေါ့၊ အနှောက်အယှက်ရှိနေမယ်။ မိတ်ဆွေရင်းတွေ၊ ညီအစ်ကိုမောင်နှမတွေအတွက် စိတ်ညစ်ရတတ်ပါတယ်။ မြစ်နား၊ ချောင်းနား၊ ကန်နားကလူတွေ ဒုက္ခပေးတတ်ပါတယ်။ တိရစ္ဆာန်ကြောင့်စိတ်ညစ်ရတတ်တယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြုံတာ မတော်တဆ ထိခိုက်မိတာတွေ ကြုံရတတ်ပါတယ်။ အဆောက်အဦကိစ္စ၊ နေရာကိစ္စတွေ အခက်အခဲ ကြီးကြီးမားမား ကြုံပြီးတဲ့နောက် အဆင်ပြေသွားမယ်။ ကျန်းမာရေး ဆိုးဆိုးရွားရွားမဟုတ်ပေမဲ့ တရှောင်ရှောင်ဖြစ်နေမယ်။ အလုပ်မှာ အတိုက်အခံ၊ အနှောက်အယှက် ကြီးကြီးမားမားကြုံမယ်။ ဒါပေမဲ့ အောင်မြင်သွားမယ်။ ငွေရေးကြေးရေးကတော့ အတော့်ကို ကြပ်တည်းမယ့်အချိန်ပါပဲ။ ကျဉ်းထဲ၊ ကြပ်ထဲအခြေအနေတွေ ကြုံရတတ်ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေတော့ ဝင်လာလိမ့်မယ်။ ထွက်နေတဲ့ငွေတွေ၊ ပစ္စည်းတွေလည်း ပြန်ဝင်လာတတ်ပါတယ်။ အောက်လက်ငယ်သားရဲ့ သတင်းကောင်းကြားမယ်။ ဆွေမျိုးသားချင်းထဲက ထီဆုကြီးပေါက်တာ၊ ဆုထူး၊ ဂုဏ်ထူးရတာ၊ ရာထူးတက်တာတွေ ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။ အဆက်အသွယ်ပြတ်နေသူတွေ အဆက်အသွယ်ကောင်းရလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၇/၈။ ကံ၏အပံ့အပိုးရရှိရန် နွမ်းပါးသူများကို ထီလက်မှတ် ဒါနပြုပါလေ။



စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ ကြည်နူးဝမ်းမြောက်စရာတွေ ကြုံလာမယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကောင်းတွေ ရတတ်တယ်။ ရည်ရွယ်ထားသမျှ ရဲရဲသာလုပ်ပေတော့။ ငွေအားလူအားရှိသလောက် လုပ်ငန်းတွေ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ရပ်ဝေးနဲ့ပတ်သက်တဲ့အလုပ်တွေ၊ နိုင်ငံခြားလူမျိုးခြားနဲ့ ပတ်သက်တာတွေ ပိုပြီးတော့ အောင်မြင်မယ်။ အဖိုးတန်ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ ငွေလည်း အလွန်ရွှင်နေမယ်။ ဟိုကဝင် ဒီကဝင် ဝင်နေမယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေဖြစ်လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေ ကြုံလာတတ်တယ်။ မိတ်ဆွေ၊ မောင်နှမများနဲ့ ပတ်သတ်တဲ့အစီအစဉ်တွေ မတင်မကျဖြစ်တတ်ပါတယ်။ နေရာထိုင်ခင်း၊ အဆောက်အဦအတွက် စိတ်ညစ်ရတတ်တယ်။ အောက်လက်ငယ်သားအတွက် ခေါင်းခံဖြေရှင်း ရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အစီအစဉ်ပျက်မတတ် ဖြစ်ကုန်တတ်တယ်။ နှစ်ရှည်ခံစားနေရတဲ့ ရောဂါဝေဒနာတွေရှိခဲ့ရင် ပျောက်မှန်းမသိ ပျောက် သွားမယ်။ အဲဒီလိုပဲ ပြဿနာခပ်ကြီးကြီး တစ်ခုဟာလည်း သူ့အလိုလို ရှင်းသွားပါမယ်။ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေမှာ မိန်းမတစ်ယောက် ဝင်ရှုပ်လာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/ဝ။ ကံ၏အပံ့အပိုးရရှိရန် ကလေးများကို နန်းကြီးသုပ် ဒါနပြုပါလေ။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Redot

Leave a Reply

Your email address will not be published. Required fields are marked *