ရန္ဖက္အတြဲေတြ ေအးခ်မ္းပါေစ

ရန္ဖက္အတြဲေတြ ေအးခ်မ္းပါေစ

တစ္ေန႔သ၌ ကြ်ႏု္ပ္ထံသို့ ေမာင္ထြန္းေမာင္ ႏွင့္ မေမေမျမင့္ဆိုသူ စံုတြဲတစ္တြဲ ေရာက္ရွိလာၾက ေလ၏။

၄င္းတို့အတြက္ မဂၤလာရက္ေရြးရန္ ေရာက္ လာၾကျခင္း ျဖစ္၏။ ထို႔ေၾကာင့္ ကြ်ႏု္ပ္လည္း ၄င္းတို႔၏ ေမြး ခု၊ လ၊ ရက္မ်ားကိုတြက္စစ္၍ မဂၤလာ ရက္ကို ေရြးခ်ယ္ေပးရေလ၏။ မဂၤလာပြဲတြင္ အဓိက အသံုးျပဳသင့္ေသာ အေရာင္၊ ပန္းျမတ္မာလာ၊ ဘုရား လွဴရန္ႏွင့္ ဧည့္ခံေကြ်းေမြးရန္၊ မဂၤလာအစား အေသာက္ စသည္တို႔ကိုပါ ေျပာျပရေလ၏။ ၄င္းတို႔ လည္း အေသအခ်ာ ေရးမွတ္ၾကေလ၏။

ထိုစံုတြဲသည္ ငယ္စဥ္ကပင္ အိမ္နီးခ်င္းမ်ား ျဖစ္ခဲ့ၾက၏။ ႏွစ္ဖက္မိဘတို႔မွာလည္း လြန္စြာ ခင္မင္ ၾကေလ၏။ ထို႔ေၾကာင့္ ၄င္းတို႔၏ မဂၤလာကိစၥမွာ လည္း ပန္းခင္းေသာလမ္းပမာ ေျဖာင့္ျဖဴးလ်က္ရွိ ေနေလေတာ့၏။ ေမေမျမင့္သည္ ကြ်ႏု္ပ္ေျပာျပသမွ် ကို ေရးမွတ္ၿပီးသည့္ေနာက္တြင္မွ –

“ဆရာေရ … တစ္ခုေလာက္ေတာ့ ေမးခ်င္ ပါတယ္။ ကိုထြန္းေမာင္က စေနသား၊ သမီးက ၾကာသာပေတး သမီး အဲ့ဒါ မတည့္ဘူးဆို”ဟု ေမးေလေတာ့၏။ ထို႔ေၾကာင့္ ကြ်ႏု္ပ္က –

“ေအးေလ …ဓမၼာ၊ ေသာကဆိုတဲ့ အိမ္ ေထာင္ ရန္ဘက္ေတြ ျဖစ္ေနတယ္။ ျဖစ္ေတာ့ေကာ အခုညည္းတို့ဟာက မဂၤလာကိစၥေတြေတာင္ စီစဥ္ ၿပီးမွပဲဟာ။ ဘာလုပ္ခ်င္ေသးလို႔တုန္း”ဟုျပန္၍ ေမး လိုက္ေလ၏။ ေမေမျမင့္က ၿပံဳးသလို၊ မဲ့သလို မ႐ွဴနိုင္ မကယ္ႏိုင္မ်က္ႏွာေပးျဖင့္ –


“ဘာမွေတာ့ လုပ္လို႔မရေတာ့ဘူးေပါ့ ဆရာ ရယ္။ ဒါေပမဲ့ မတည့္ဘူးဆိုေတာ့”.ဟုဆိုကာ ဆက္ေျပာစရာစကား မရွိေတာ့ေသာေၾကာင့္ စကား ကို ရပ္ထားေလ၏။ ကြ်ႏု္ပ္က –

“ဒီလိုရွိတယ္ေဟ့ …။ အိမ္ေထာင္ျပဳတဲ့ အခါ ေဗဒင္ဆရာေတြ ဘာေတြေျပာတဲ့ တည့္ျခင္း၊ မတည့္ျခင္းေတြကို အဓိကမထားပါနဲ့။ ကိုယ္ႀကိဳက္ တာကို ဦးစားေပးၿပီး ယူၾကေပေတာ့။ ဆရာဝန္က ဒူးရင္သီးနဲ႔ မတည့္ဘူးလို႔ ေျပာတယ္ဆိုပါစို႔ …။ မေနႏိုင္ရင္ေတာ့ စားေပါ့။ သတိနဲ့စားေပါ့။ ၿပီးရင္ ေတာ့ ေဆးေသာက္ေပါ့။ အဲဒီလိုပဲ ေန႔နံ မတည့္ ပါဘူးဆိုတဲ့ စံုတြဲေတြလည္း မေနႏိုင္ရင္ယူၾကေပါ့။ သတိနဲ႔ယူေပါ့။ ၿပီးရင္ေတာ့ ယၾတာဆိုတဲ့ေဆးကို ေသာက္ၾကေပါ့”ဟုေျပာလိုက္ရာ ေမာင္ထြန္းေမာင္ သည္ သြားႀကီးကို ၿဖီး၍ ရယ္ေနေလ၏။ ကြ်ႏု္ပ္က ဆက္လက္၍ –

“ကိုယ္မႀကိဳက္တဲ့လူကို ဘဝမွာ ေပါင္းဖက္ရ မယ္ဆိုရင္လည္း ဒုကၡႀကံဳမွာပဲ၊ ခ်စ္ေသာသူနဲ႔ ေကြ ကြင္းရျခင္းဆိုတဲ့ဒုကၡ၊ မခ်စ္မႏွစ္သက္ေသာသူႏွင့္ ေပါင္းဖက္ရျခင္းဆိုတဲ့ဒုကၡ ႏွစ္မ်ိဳး ႀကံဳရမယ္။

ကိုယ္ႀကိဳက္တဲ့သူကို ယူရရင္ေတာ့၊ ေန႔နံ မတည့္ဘူးဆိုရင္ေတာင္၊ မတည့္တဲ့ဒုကၡကိုေတာ့ ႀကံဳမယ္။ သို႔ေပမယ့္ ႀကိဳက္တဲ့လူကို ယူရတဲ့ ခ်မ္း သာသုခေတာ့ ခံစားရမယ္။ အဲဒီေတာ့ ဘာေတြ ညာေတြ တြက္မေနၾကပါနဲ႔။ ကိုယ္ႀကိဳက္တဲ့လူကို ယူလိုက္ရတာက ဒုကၡနည္းပါတယ္”ဟု ေျပာျပ လိုက္ရာ ေမေမျမင့္သည္ –

“ဟုတ္ပါ့ ဆရာရယ္ …ဟုတ္ပါ့” ဟုေျပာ ရင္း ေခါင္းတဆတ္ဆတ္ညိတ္လ်က္ သေဘာအက် ႀကီး က်ေနေလေတာ့၏။ ထို႔ေနာက္ ကြ်ႏု္ပ္က ဆက္လက္၍ –

“ငါတို့အဘ ဆရာႀကီးမင္းသိခၤ ေျပာသြား ဖူးတာ ရွိတယ္။ ျမန္မာစကားမွာ ဒုကၡ၊ သုကၡဆိုတာ ရွိတယ္ေလ၊ ဒုကၡဆိုတာ ဆင္းရဲျခင္း၊ သုခဆိုတာက ခ်မ္းသာျခင္း။ ကားမရွိဘူး ဆိုပါေတာ့၊ ကားမရွိတဲ့ ဆင္းရဲျခင္းနဲ႔ ႀကံဳရတာေပါ့။ ကားရွိရင္ သုခေပါ့။ ဒါေပမဲ့ အဲဒီကားက ပ်က္လို႔၊ ျပႆနာျဖစ္လို႔ဆိုရင္ ဒုကၡျဖစ္သြားျပန္ေရာ။ ခ်မ္းသာျခင္း သုခေၾကာင့္ ျဖစ္လာတဲ့ ဒုကၡကို သုကၡလို႔ ေခၚတာေဟ့။ အခုလည္း ညည္းဆို ႀကိဳက္တဲ့လူနဲ႔ ေပါင္းဖက္ရတဲ့သုခေၾကာင့္ ဒုကၡႀကံဳခဲ့မယ္ဆိုရင္ေတာင္ အဲဒါတကယ့္ဒုကၡ အစစ္ မဟုတ္ပါဘူး။ သုကၡပဲ ေရာက္စရာရွိပါတယ္ဟယ္။ အဲဒီေတာ့ ယူသာယူၾကပါ။ သုကၡေတာ့ ေရာက္ႏိုင္ တာေပါ့”ဟုေျပာလိုက္လွ်င္ ေမာင္ထြန္းေမာင္ႏွင့္ ေမေမျမင့္တို႔လည္း သေဘာက်စြာျဖင့္ ရယ္ေမာေန ၾကပါေလေတာ့၏။ ထို႔ေနာက္တြင္မွ ကြ်ႏု္ပ္က ဆက္လက္၍ –

“ဒီလိုပါ။ ေရွးလူႀကီးေတြက အိမ္ေထာင္ ဘက္ အျဖစ္ ေရြးသင့္သူေတြကို ဦးႆာ၊ စိန္ပန္း၊ ဒါန္းလွ၊ ကိုရွာ ဆိုၿပီး လမ္းညႊန္ေပးခဲ့ၾကတယ္။

တနဂၤေႏြနဲ႔ ေသာၾကာ၊ အဂၤါနဲ႔ ၾကာသပေတး၊ စေနနဲ႔ ဗုဒၶဟူး၊ တနလၤာနဲ႔ ရာဟု အတြဲေတြဆိုရင္ အိမ္ေထာင္ဘက္အျဖစ္ အထူးေကာင္းတယ္ေပါ့။ အဲဒီအတြဲေတြက ၿဂိဳဟ္သက္ခ်င္း ေပါင္းၾကည့္လိုက္ ရင္ ကိုးနဝင္း ျဖစ္ေနတယ္။


အဲဒီအတြဲေတြထဲမွာ မပါေပမယ့္ တနဂၤေႏြနဲ႔ ရာဟု၊ တနလၤာနဲ႔ ေသာၾကာ၊ ဗုဒၶဟူးနဲ႔ ၾကာသာပေတး၊ အဂၤါနဲ႔ စေနအတြဲေတြဆိုရင္လည္း ၿဂိဳဟ္သက္ခ်င္း ေပါင္းလိုက္ရင္ ကိုးနဝင္း ျဖစ္ေနတဲ့အတြက္ ေပါင္း ဖက္ၾကမယ္ဆိုရင္ အေကာင္းဘက္မွာပဲ ရွိေနပါ တယ္။

ေအး …အခု ညည္းတို႔စံုတြဲလို ဓမၶာ၊ ေသာက ရန္ဘက္က်ေနတဲ့ အတြဲေတြအခ်င္းခ်င္း ႀကိဳက္ၾကလို႔ မျဖစ္မေနယူၾကမယ္ဆိုရင္လည္း ေအး ခ်မ္းေအာင္ လုပ္ယူရမွာေပါ့။

ဒါေတာင္ ေသာကအတြဲဆိုရင္ ၿဂိဳဟ္သက္က ၂၁ + ၁၅ ဆိုေတာ့ ၃၆ ရတယ္။ ၃ နဲ႔ ၆ ျပန္ ေပါင္းရင္လည္း ကိုးနဝင္းပဲ။ အဲဒီေတာ့ နဝင္းျဖစ္ၿပီး သားေနာ္။

ကဲ …ဒါျဖင့္ ဓမၶာ၊ ေသာက ရန္ဘက္အတြဲ ေတြ အဆင္ေျပေအာင္ ဘာလုပ္ရမလဲဆိုရင္ –

ဓမၶာဆိုတဲ့ စေနနဲ႔ ၾကာသာပေတးသားသမီး အတြဲေတြက ဘုရားခုႏွစ္ဆူကို ပူေဇာ္ကန္ေတာ့တဲ့ ကုသိုလ္ေကာင္းမႈေတြ မ်ားမ်ားလုပ္ရမယ္။

ေသာကဆိုတဲ့ ေသာၾကာ၊ တနလၤာအတြဲ ေတြက ဘုရားကိုးဆူ အလွဴကုသိုလ္ မ်ားမ်ား လုပ္ ရမယ္။

အင္းဝ ဆိုတဲ့ တနဂၤေႏြ၊ ဗုဒၶဘူးအတြဲေတြက သံဃာေတာ္ေတြကို ပစၥည္းေလးပါး လွဴဒါန္းတဲ့ ကုသိုလ္ေကာင္းမႈ မ်ားမ်ားလုပ္ရမယ္။

ရာဇာဆိုတဲ့ ရာဟုနဲ႔ အဂၤါအတြဲေတြကလည္း ဘုရားခုႏွစ္ဆူကို ပူေဇာ္ကန္ေတာ့တဲ့ ကုသိုလ္ ေကာင္းမႈေတြ မ်ားမ်ား လုပ္ရမယ္။

အဲဒါဆိုရင္ ေန႔နံမသင့္တဲ့သူခ်င္း အိမ္ေထာင္ ျပဳ ၾကလို႔ ႀကံဳလာႏိုင္တဲ့ ဒုကၡ၊ သုကၡေတြကေန လြတ္ေျမာက္ ေအးခ်မ္းေစနိုင္ပါလိမ့္မယ္”ဟု ေျပာျပ လိုက္ရာ ေန့နံမသင့္ေသာသူအခ်င္းခ်င္း အိမ္ေထာင္ ျပဳရန္ ကိစၥကို စိုးတထင့္ထင့္ ျဖစ္ေနၾကေလေသာ ေမာင္ထြန္းေမာင္းႏွင့္ ေမေမျမင့္တို႔စံုတြဲသည္ တိမ္ ကင္းစင္ေသာ လပမာ မ်က္ႏွာမ်ား ရႊင္လန္းဝင္းပ သြားၾကပါေလေတာ့သတည္း။

သေဗၺဓမၼာ

ဇင္ေယာ္နီ

ရန်ဖက်အတွဲတွေ အေးချမ်းပါစေ

တစ်နေ့သ၌ ကျွနု်ပ်ထံသို့ မောင်ထွန်းမောင် နှင့် မမေမေမြင့်ဆိုသူ စုံတွဲတစ်တွဲ ရောက်ရှိလာကြ လေ၏။

၎င်းတို့အတွက် မင်္ဂလာရက်ရွေးရန် ရောက် လာကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွနု်ပ်လည်း ၎င်းတို့၏ မွေး ခု၊ လ၊ ရက်များကိုတွက်စစ်၍ မင်္ဂလာ ရက်ကို ရွေးချယ်ပေးရလေ၏။ မင်္ဂလာပွဲတွင် အဓိက အသုံးပြုသင့်သော အရောင်၊ ပန်းမြတ်မာလာ၊ ဘုရား လှူရန်နှင့် ဧည့်ခံကျွေးမွေးရန်၊ မင်္ဂလာအစား အသောက် စသည်တို့ကိုပါ ပြောပြရလေ၏။ ၎င်းတို့ လည်း အသေအချာ ရေးမှတ်ကြလေ၏။

ထိုစုံတွဲသည် ငယ်စဉ်ကပင် အိမ်နီးချင်းများ ဖြစ်ခဲ့ကြ၏။ နှစ်ဖက်မိဘတို့မှာလည်း လွန်စွာ ခင်မင် ကြလေ၏။ ထို့ကြောင့် ၎င်းတို့၏ မင်္ဂလာကိစ္စမှာ လည်း ပန်းခင်းသောလမ်းပမာ ဖြောင့်ဖြူးလျက်ရှိ နေလေတော့၏။ မေမေမြင့်သည် ကျွနု်ပ်ပြောပြသမျှ ကို ရေးမှတ်ပြီးသည့်နောက်တွင်မှ –

“ဆရာရေ … တစ်ခုလောက်တော့ မေးချင် ပါတယ်။ ကိုထွန်းမောင်က စနေသား၊ သမီးက ကြာသာပတေး သမီး အဲ့ဒါ မတည့်ဘူးဆို”ဟု မေးလေတော့၏။ ထို့ကြောင့် ကျွနု်ပ်က –

“အေးလေ …ဓမ္မာ၊ သောကဆိုတဲ့ အိမ် ထောင် ရန်ဘက်တွေ ဖြစ်နေတယ်။ ဖြစ်တော့ကော အခုညည်းတို့ဟာက မင်္ဂလာကိစ္စတွေတောင် စီစဉ် ပြီးမှပဲဟာ။ ဘာလုပ်ချင်သေးလို့တုန်း”ဟုပြန်၍ မေး လိုက်လေ၏။ မေမေမြင့်က ပြုံးသလို၊ မဲ့သလို မရှူနိုင် မကယ်နိုင်မျက်နှာပေးဖြင့် –

“ဘာမှတော့ လုပ်လို့မရတော့ဘူးပေါ့ ဆရာ ရယ်။ ဒါပေမဲ့ မတည့်ဘူးဆိုတော့”.ဟုဆိုကာ ဆက်ပြောစရာစကား မရှိတော့သောကြောင့် စကား ကို ရပ်ထားလေ၏။ ကျွနု်ပ်က –


“ဒီလိုရှိတယ်ဟေ့ …။ အိမ်ထောင်ပြုတဲ့ အခါ ဗေဒင်ဆရာတွေ ဘာတွေပြောတဲ့ တည့်ခြင်း၊ မတည့်ခြင်းတွေကို အဓိကမထားပါနဲ့။ ကိုယ်ကြိုက် တာကို ဦးစားပေးပြီး ယူကြပေတော့။ ဆရာဝန်က ဒူးရင်သီးနဲ့ မတည့်ဘူးလို့ ပြောတယ်ဆိုပါစို့ …။ မနေနိုင်ရင်တော့ စားပေါ့။ သတိနဲ့စားပေါ့။ ပြီးရင် တော့ ဆေးသောက်ပေါ့။ အဲဒီလိုပဲ နေ့နံ မတည့် ပါဘူးဆိုတဲ့ စုံတွဲတွေလည်း မနေနိုင်ရင်ယူကြပေါ့။ သတိနဲ့ယူပေါ့။ ပြီးရင်တော့ ယတြာဆိုတဲ့ဆေးကို သောက်ကြပေါ့”ဟုပြောလိုက်ရာ မောင်ထွန်းမောင် သည် သွားကြီးကို ဖြီး၍ ရယ်နေလေ၏။ ကျွနု်ပ်က ဆက်လက်၍ –

“ကိုယ်မကြိုက်တဲ့လူကို ဘဝမှာ ပေါင်းဖက်ရ မယ်ဆိုရင်လည်း ဒုက္ခကြုံမှာပဲ၊ ချစ်သောသူနဲ့ ကွေ ကွင်းရခြင်းဆိုတဲ့ဒုက္ခ၊ မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖက်ရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုး ကြုံရမယ်။

ကိုယ်ကြိုက်တဲ့သူကို ယူရရင်တော့၊ နေ့နံ မတည့်ဘူးဆိုရင်တောင်၊ မတည့်တဲ့ဒုက္ခကိုတော့ ကြုံမယ်။ သို့ပေမယ့် ကြိုက်တဲ့လူကို ယူရတဲ့ ချမ်း သာသုခတော့ ခံစားရမယ်။ အဲဒီတော့ ဘာတွေ ညာတွေ တွက်မနေကြပါနဲ့။ ကိုယ်ကြိုက်တဲ့လူကို ယူလိုက်ရတာက ဒုက္ခနည်းပါတယ်”ဟု ပြောပြ လိုက်ရာ မေမေမြင့်သည် –

“ဟုတ်ပါ့ ဆရာရယ် …ဟုတ်ပါ့” ဟုပြော ရင်း ခေါင်းတဆတ်ဆတ်ညိတ်လျက် သဘောအကျ ကြီး ကျနေလေတော့၏။ ထို့နောက် ကျွနု်ပ်က ဆက်လက်၍ –

“ငါတို့အဘ ဆရာကြီးမင်းသိင်္ခ ပြောသွား ဖူးတာ ရှိတယ်။ မြန်မာစကားမှာ ဒုက္ခ၊ သုက္ခဆိုတာ ရှိတယ်လေ၊ ဒုက္ခဆိုတာ ဆင်းရဲခြင်း၊ သုခဆိုတာက ချမ်းသာခြင်း။ ကားမရှိဘူး ဆိုပါတော့၊ ကားမရှိတဲ့ ဆင်းရဲခြင်းနဲ့ ကြုံရတာပေါ့။ ကားရှိရင် သုခပေါ့။ ဒါပေမဲ့ အဲဒီကားက ပျက်လို့၊ ပြဿနာဖြစ်လို့ဆိုရင် ဒုက္ခဖြစ်သွားပြန်ရော။ ချမ်းသာခြင်း သုခကြောင့် ဖြစ်လာတဲ့ ဒုက္ခကို သုက္ခလို့ ခေါ်တာဟေ့။ အခုလည်း ညည်းဆို ကြိုက်တဲ့လူနဲ့ ပေါင်းဖက်ရတဲ့သုခကြောင့် ဒုက္ခကြုံခဲ့မယ်ဆိုရင်တောင် အဲဒါတကယ့်ဒုက္ခ အစစ် မဟုတ်ပါဘူး။ သုက္ခပဲ ရောက်စရာရှိပါတယ်ဟယ်။ အဲဒီတော့ ယူသာယူကြပါ။ သုက္ခတော့ ရောက်နိုင် တာပေါ့”ဟုပြောလိုက်လျှင် မောင်ထွန်းမောင်နှင့် မေမေမြင့်တို့လည်း သဘောကျစွာဖြင့် ရယ်မောနေ ကြပါလေတော့၏။ ထို့နောက်တွင်မှ ကျွနု်ပ်က ဆက်လက်၍ –

“ဒီလိုပါ။ ရှေးလူကြီးတွေက အိမ်ထောင် ဘက် အဖြစ် ရွေးသင့်သူတွေကို ဦးဿာ၊ စိန်ပန်း၊ ဒါန်းလှ၊ ကိုရှာ ဆိုပြီး လမ်းညွှန်ပေးခဲ့ကြတယ်။

တနင်္ဂနွေနဲ့ သောကြာ၊ အင်္ဂါနဲ့ ကြာသပတေး၊ စနေနဲ့ ဗုဒ္ဓဟူး၊ တနင်္လာနဲ့ ရာဟု အတွဲတွေဆိုရင် အိမ်ထောင်ဘက်အဖြစ် အထူးကောင်းတယ်ပေါ့။ အဲဒီအတွဲတွေက ဂြိုဟ်သက်ချင်း ပေါင်းကြည့်လိုက် ရင် ကိုးနဝင်း ဖြစ်နေတယ်။


အဲဒီအတွဲတွေထဲမှာ မပါပေမယ့် တနင်္ဂနွေနဲ့ ရာဟု၊ တနင်္လာနဲ့ သောကြာ၊ ဗုဒ္ဓဟူးနဲ့ ကြာသာပတေး၊ အင်္ဂါနဲ့ စနေအတွဲတွေဆိုရင်လည်း ဂြိုဟ်သက်ချင်း ပေါင်းလိုက်ရင် ကိုးနဝင်း ဖြစ်နေတဲ့အတွက် ပေါင်း ဖက်ကြမယ်ဆိုရင် အကောင်းဘက်မှာပဲ ရှိနေပါ တယ်။

အေး …အခု ညည်းတို့စုံတွဲလို ဓမ္ဓာ၊ သောက ရန်ဘက်ကျနေတဲ့ အတွဲတွေအချင်းချင်း ကြိုက်ကြလို့ မဖြစ်မနေယူကြမယ်ဆိုရင်လည်း အေး ချမ်းအောင် လုပ်ယူရမှာပေါ့။

ဒါတောင် သောကအတွဲဆိုရင် ဂြိုဟ်သက်က ၂၁ + ၁၅ ဆိုတော့ ၃၆ ရတယ်။ ၃ နဲ့ ၆ ပြန် ပေါင်းရင်လည်း ကိုးနဝင်းပဲ။ အဲဒီတော့ နဝင်းဖြစ်ပြီး သားနော်။

ကဲ …ဒါဖြင့် ဓမ္ဓာ၊ သောက ရန်ဘက်အတွဲ တွေ အဆင်ပြေအောင် ဘာလုပ်ရမလဲဆိုရင် –

ဓမ္ဓာဆိုတဲ့ စနေနဲ့ ကြာသာပတေးသားသမီး အတွဲတွေက ဘုရားခုနှစ်ဆူကို ပူဇော်ကန်တော့တဲ့ ကုသိုလ်ကောင်းမှုတွေ များများလုပ်ရမယ်။

သောကဆိုတဲ့ သောကြာ၊ တနင်္လာအတွဲ တွေက ဘုရားကိုးဆူ အလှူကုသိုလ် များများ လုပ် ရမယ်။

အင်းဝ ဆိုတဲ့ တနင်္ဂနွေ၊ ဗုဒ္ဓဘူးအတွဲတွေက သံဃာတော်တွေကို ပစ္စည်းလေးပါး လှူဒါန်းတဲ့ ကုသိုလ်ကောင်းမှု များများလုပ်ရမယ်။

ရာဇာဆိုတဲ့ ရာဟုနဲ့ အင်္ဂါအတွဲတွေကလည်း ဘုရားခုနှစ်ဆူကို ပူဇော်ကန်တော့တဲ့ ကုသိုလ် ကောင်းမှုတွေ များများ လုပ်ရမယ်။

အဲဒါဆိုရင် နေ့နံမသင့်တဲ့သူချင်း အိမ်ထောင် ပြု ကြလို့ ကြုံလာနိုင်တဲ့ ဒုက္ခ၊ သုက္ခတွေကနေ လွတ်မြောက် အေးချမ်းစေနိုင်ပါလိမ့်မယ်”ဟု ပြောပြ လိုက်ရာ နေ့နံမသင့်သောသူအချင်းချင်း အိမ်ထောင် ပြုရန် ကိစ္စကို စိုးတထင့်ထင့် ဖြစ်နေကြလေသော မောင်ထွန်းမောင်းနှင့် မေမေမြင့်တို့စုံတွဲသည် တိမ် ကင်းစင်သော လပမာ မျက်နှာများ ရွှင်လန်းဝင်းပ သွားကြပါလေတော့သတည်း။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ


Leave a Reply

Your email address will not be published. Required fields are marked *