25.10.2018 မွ 31.10.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

25.10.2018 မွ 31.10.2018 အထိ တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလဟာေပ်ာ္ရႊင္စရာေတြမ်ားသလို စိတ္ခ်မ္းသာ ၾကည္ႏူးစရာေတြလဲမ်ားတဲ့ကာလပါပဲ။ အမိအဘ အဘိုးအဘြားေတြဆီမွ မုန္႔ဖိုးဆိုတာမ်ိဳးလဲရလာတတ္ပါတယ္။ အလုပ္ထဲမွာလဲ အထက္လူႀကီးရဲ့အကူအညီေတြ ရ လာႏိုင္ပါတယ္။ လုပ္ငန္းခြင္မွာ စိတ္ႏွစ္ၿပီးလုပ္ကိုင္သူဆိုေနရာေကာင္း အခြင့္အေရးေကာင္းေတြရလာတတ္ပါ တယ္။ အိမ္ႏွင့္ပူးတြဲဖြင့္ထားေသာ အလုပ္မ်ား၊ အိမ္တြင္းမိသားစုစီးပြားေရးမ်ား အလြန္ပဲေကာင္းေနတတ္ပါတယ္။ ေကာင္းေသာခရီးမ်ား အပန္းေျဖခရီးမ်ားလဲထြက္ရဖို႔ အေၾကာင္းဖန္လာတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဒီကာလမွာအညံ့နည္းပါတယ္။ ကိုယ္ခံအားေကာင္းေနတဲ့အတြက္ ေတာ္ရံုေရာဂါမ်ိဳး၀င္ေရာက္ဖို႔ သိပ္မလြယ္ပါဘူး။ အခ်စ္ေရးမွာေတာ့ လူခ်စ္လူခင္မ်ားျခင္း ၊စန္းပြင့္ေနျခင္းမ်ိဳးေတြႀကံဳရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အိမ္ ေထာင္ဘက္နဲ႔အတူအေပ်ာ္ခရီးမ်ိဳးေတြသြားရတတ္ပါတယ္။ ပညာေရးကေတာ့ မိမိႀကိဳးစားသမွ်ထြန္းေပါက္ေအာင္ ျမင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 4/9/1
အထူးေဟာ စိတ္ခ်မ္းသာမဲ့အခိ်န္ပါပဲ။
ယၾတာ အားေဆးတစ္ဘူး ရဟန္းတစ္ပါးအားကပ္လွဴလိုက္ပါ။



တနလၤာ

ဒီကာလဟာ အရာရာကို စဥ္းစားခ်င့္ခ်ိန္ၿပီးမွလုပ္သင့္တဲ့အခ်ိန္ပါပဲ။ မစဥ္းစားဘဲလုပ္တဲ့သူေတြအတြက္ ဒုကၡမ်ားရတတ္တဲ့ကာလပါပဲ။ ျဖစ္ခ်င္တာေတြထက္ ျဖစ္သင့္တာေတြကို ဦးစားေပးၿပီးလုပ္သင့္တဲ့ကာလပါပဲ။ ေငြေၾကးနဲ႔ပက္သက္ၿပီး လက္မလြယ္ပါေစနဲ႔။ ေငြေခ်းလိုက္ရင္ျပန္ရဖို႔မလြယ္သလို မိမိကေခ်းထားရင္လဲ ျပန္ဆပ္ဖို႔ အဆင္မေျပျဖစ္ရတတ္ပါတယ္။ ကံေကာင္းတာက မိတ္ေကာင္းေဆြေကာင္းေတြဆီက အကူအညီေတြရလြယ္တာ ပါပဲ။ မိမိအၾကံထက္သူမ်ားရဲ့အၾကံကိုယူၿပီးလုပ္ေဆာင္တာကအေကာင္းဆံုးပါပဲ။ အေပ်ာ္အပါးေၾကာင့္ ပိုက္ဆံထင္ ထားသည္ထက္ပိုကုန္ရတတ္ပါတယ္။က်န္းမာေရးကေတာ့ အထူးဂရုစိုက္သင့္တဲ့ကာလပါပဲ။ အစားမွားျခင္း အစာမေၾကျဖစ္ျခင္းမ်ိဳးေတြျဖစ္ရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ ၾကားလူေတြေၾကာင့္ ခ်စ္သူႏွစ္ေယာက္စိတ္၀မ္း ကြဲရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ ေကာင္းေနပါတယ္။ ပညာေရးမွာေတာ့ အခုထက္ ဥာဏ္ ၀ီရိယကို ႏွစ္ဆတိုးၿပီးႀကိဳးစားပါ။

အက်ိဳးေပးဂဏန္း 7/0/4
အထူးေဟာ ကံညံ့ေနတတ္ပါတယ္။
ယၾတာ ေသာၾကာေန႔မွာ လမ္းေဘးေခြးေတြကို အာဟာရဒါနျပဳေပးလိုက္ပါ။



အဂၤါ

အထက္လူႀကီး မိဘဘိုးဘြားေတြရဲ့ကိစၥေတြကို ကူညီလုပ္ကိုင္ေဆာင္ရြက္ေပးေနရတတ္ပါတယ္။ သာေရး ကိစၥမ်ား အလွဴအတန္းမ်ားတြင္အပင္ပန္းခံၿပီးေဆာင္ရြက္ေပးေနရတတ္ပါတယ္။ မိမိတတ္သိထားေသာ ပညာနဲ႔ တစ္ပါးသူကို အစြမ္းကုန္ကူညီေဆာင္ရြက္ေပးေနရတတ္ပါတယ္။ အျခားအက်ိဳးစီးပြားထက္ မိမိအသက္ေမြးမႈနဲ႔ ပက္သက္ၿပီးမိမိမသိေသးတဲ့ ပညာရပ္အသစ္မ်ားလဲရလာတတ္ပါတယ္။ အလုပ္ကံေတြလဲေကာင္းလာတတ္ပါ တယ္။ အေပ်ာ္ခရီးထက္ တာ၀န္နဲ႔ပက္သက္ေသာ ခရီးမ်ိဳးသြားရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ထူးထူးျခား ျခားေကာင္းေနတတ္ပါတယ္။ က်န္းမာေရးေဒါင္ေဒါင္မည္ေနမဲ့ကာလပါပဲ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူကမိမိကို အမိန္႔ေပးဆရာလုပ္ေနတတ္ပါတယ္။ မိမိကသည္းခံေပးလိုက္ပါက သာယာတဲ့အခ်စ္ခရီးပါပဲ။ အိမ္ေထာင္ေရးမွာ လဲ သိပ္ၿပီးညံ့ေနတာမ်ိဳးေတာ့မေတြ႔ရပါဘူး။ ပညာေရးကေတာ့ အေကာင္းဆံုးပါပဲ။

အက်ိဳးေပးဂဏနး္ 7/1/3
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ မိမိထက္ႏြမ္းပါးသူကို ဖိနပ္၀ယ္လွဴလုိက္ပါ၊



ဗုဒၶဟူး

လုပ္ခ်င္တာေတြ လုပ္ခြင့္ရပါလိမ့္မယ္။ ျဖစ္ခ်င္တာျဖစ္ကြာ ဆိုၿပီးလုပ္လိုက္တာကအလုိလို လမ္းေၾကာင္း မွန္ကိုေရာက္သြားတတ္ပါတယ္။မိမိျဖစ္ခ်င္တာကိုကူညီေပးမဲ့လူအင္အား ေငြအင္အားမိမိေနာက္မွာရွိေနတတ္ ပါတယ္။ ေရႊေငြလက္၀တ္ရတနာမ်ား ၀င္လာတတ္ပါတယ္။ ကံစမ္းမဲကံေကာင္းေနတတ္ပါတယ္။ ကံစမ္းမဲထဲပါ၀င္ ထားတာမ်ိဳးရွိရင္ ဆုမဲႀကီးတာမ်ိဳးေပါက္တတ္ပါတယ္။ အလုပ္ခြင္အတြင္း မိမိက ဦးေဆာင္လုပ္ကိုင္ျခင္းျဖင့္ရလဒ္ ေကာင္းေတြရလာတတ္ပါတယ္။သားသမီးေတြက အေထာက္အပံ့အကူအညီေတြလဲရလာတတ္ပါတယ္။ က်နး္မာ ေရးမွာေတာ့ အေအးပတ္ၿပီးအဆုတ္ပြတာ ေခ်ာင္းဆက္တိုက္ဆိုးတာမ်ိဳးလဲျဖစ္တတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ ပက္သက္ၿပီးပူပန္ေသာကေတြမ်ားေနရတတ္ပါတယ္။ အိမ္ေထာင္မွာေတာ့ နားလည္မႈရွိရွိနဲ႔ေရွ႕ဆက္ႏိုင္ ပါလိမ့္မယ္။ပညာေရးကေတာ့ ႀကိဳးစားသေလာက္ေအာင္ျမင္မႈေတြ ပိုမိုရရွိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/9/4
အထူးေဟာ စီးပြားအထူးေကာင္းမယ္။
ယၾတာ ဘုရားရွင္အား ေရႊဆိုင္းေရႊသကၤန္းကပ္လွဴပါ။



ၾကာသပေတး

မိမိစိတ္က ဒီကာလမွာ စိတ္နဲ႔ကိုယ္နဲ႔မကပ္သလိုျဖစ္ေနတတ္ပါတယ္။ စိတ္ေလေနတယ္လို႔ေျပာရင္ပိုမွန္ပါ လိမ့္မယ္။ စီးပြားေရးနဲ႔ပက္သက္ၿပီးထင္တိုင္းမေပါက္တာမ်ိဳးေတြႀကံဳေနရတတ္ပါတယ္။ စီးပြားေရးေတြအလုပ္ေတြ ခဏေမ့ၿပီးေတာ့ လြတ္လပ္ေပါ့ပါးစြာေနပါ။ လူငယ္မ်ားမိဘနဲ႔ အဆင္မေျပျဖစ္ၿပီးအိမ္မွာမေနခ်င္ဆိုတာမ်ိဳးလဲ ျဖစ္ေနရတတ္ပါတယ္။လခစား၀န္ထမ္းဆိုရင္ေတာ့ ပ်က္ရက္ေတြမ်ားေနရတတ္ပါတယ္။ ေငြေၾကးကေတာ့ ၀င္လိုက္ ထြက္သြားလုိက္နဲ႔ စုမိေဆာင္းမိမရွိေသးတဲ့ကာလပါပဲ။ က်နး္မာေရးမွာေတာ့ အားနည္းေနတာေတာ့ အမွန္ပါပဲ။ ကိုယ္ခံအားနည္းေနတဲ့အတြက္ ျပင္ပေရာဂါေတြ၀င္ေရာက္လြယ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ကံေကာင္းမႈေတြရွိလာပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ အေကာင္းဘက္က္ုိအေလးသာပါတယ္။အိမ္ေထာင္ ေရးသာယာပါလိမ့္မယ္။ပညာေရးကေတာ့ႀကိဳးစားမႈေတြအခ်ည္းႏွီးမျဖစ္ပါဘူး။ ရပ္ေ၀းသြားၿပီးပညာသင္ရတာမ်ိဳး လဲႀကံဳဆံုရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 6/0/9
အထူးေဟာ စိတ္မ်ားေနတတ္ပါတယ္။
ယၾတာ အိမ္မွာရွိတဲ့ပန္းကန္အေဟာင္းေတြကို စြန္႔ပစ္လိုက္ပါ။



ေသာၾကာ

ဒီကာလဟာ လူပင္ပန္းစိတ္ပင္ပန္းျဖစ္ရတတ္ပါတယ္။ လုပ္စရာ တာ၀န္ ၀တၱရားေတြမ်ားေနတဲ့အတြက္ မအားလပ္ႏိုင္ေအာင္ျဖစ္ရတတ္ပါတယ္။ အလုပ္အဆင္ေျပျခင္းရွိေပမဲ့ ဖိအားေတြမ်ားေနတတ္ပါတယ္။ ေငြကံ ေကာင္းျခင္း၊ ေငြအထူး၀င္ျခင္းစတဲ့ကံေတြကေတာ့ ေကာင္းေနတတ္ပါတယ္။ စီစဥ္ထားတဲ့ခရီးေတြကလဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပ်က္သြားတတ္ပါတယ္။ ကိုယ္ပိုင္စီးပြားမ်ား ၀န္ထမ္းေတြတင္မကဘဲမိမိကိုယ္တိုင္က ကိုယ္ဖိရင္ဖိ၀င္လုပ္ေပးေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ လူနုန္းေနတတ္ပါတယ္။ စိတ္ပင္ပန္းလူပင္ပန္း မႈေၾကာင့္ျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ မိမိရဲ့လုပ္ငန္းေဆာင္တာေတြမ်ားေနတာေၾကာင့္ ခ်စ္သူအတြက္ အခ်ိန္ေပးဖို႔ ခဲယဥ္းေနတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အနည္းငယ္အဆင္မေျပစရာအေၾကာင္းအခ်က္ ေလးေတြရွိေနရတတ္ပါတယ္။ ပညာေရးမွာေတာ့ မိမိျဖစ္ခ်င္တာေတြျဖစ္ႏိုင္ဖို႔ အခ်ိန္ယူႀကိဳးစားရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 1/2/7
အထူးေဟာ အနည္းငယ္ပင္ပန္းရမည္။
ယၾတာ နီးစပ္ရာေစတီပုထိုးမွာ ဆီမီးသက္ေစ့ ထြန္းညွိပူေဇာ္လိုက္ပါ။



စေန

ကံေကာင္းျခင္းေတြ အလွည့္က်လာၿပီလုိေျပာလို႔ရတဲ့ကာလပါပဲ။ အဘက္ဘက္ကအဆင္ေျပေအာင္ျမင္မႈ ေတြရလာတတ္ပါတယ္။ ကံေကာင္းတာတစ္ခုက ထီကံျမင့္မားေနပါတယ္။ ဒါေၾကာင့္ ထီကံစမ္းသင့္ပါတယ္။ ၾကာသပေတးသားသမီးတစ္ဦးဦးနဲ႔ စပ္တူထိုးမယ္ဆိုလဲ ပိုမိုေကာင္းမြန္ပါတယ္။ ရပ္ေဝးကေန အကူအညီေတြ အေထာက္အပံ့ေတြရလာ တတ္ပါတယ္။ ႏိုင္ငံျခားကံေကာင္းေနသလို ႏိုင္ငံျခားနဲ႔ ပက္သက္ဆက္ႏြယ္ေသာ အလုပ္မ်ားလဲ အထူးေကာင္းမြန္ေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ မိမိတို႔ဆင္ျခင္ႏိုင္ရင္ရပါၿပီ။ မူလကံအရေတာ့ က်န္းမာေရးအညံ့အဆိုးကင္းပါတယ္။ အခ်စ္ေရးမွာလဲ ေဝးကြာေနတဲ့ ခ်စ္သူေတြျပန္လည္ဆံုဆည္းရ တတ္ပါတယ္။အိမ္ေထာင္သည္ဆို အိမ္ေထာင္ဘက္ရဲ႕ပံ့ပိုးမႈေၾကာင့္ အဆင္ေျပေအာင္ျမင္ပါလိမ့္မယ္။ ပညာေရးအထူးေကာင္းပါတယ္။ မိမိရဲ႕ အေတြးအေခၚ နက္နဲေနမဲ့ အခ်ိန္ပါ။

အက်ိဳးေပးဂဏန္း ၇/၀/၁
အထူးေဟာ ကံျမင့္မားေနမည္
ယၾတာ ဓမၼစာေပမ်ား ဓမၼဒါနလုပ္ပါ

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာ ၿငိမ္းေအးလူ(ေဗဒင္သုေတသီ)


25.10.2018 မှ 31.10.2018 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလဟာပျော်ရွှင်စရာတွေများသလို စိတ်ချမ်းသာ ကြည်နူးစရာတွေလဲများတဲ့ကာလပါပဲ။ အမိအဘ အဘိုးအဘွားတွေဆီမှ မုန့်ဖိုးဆိုတာမျိုးလဲရလာတတ်ပါတယ်။ အလုပ်ထဲမှာလဲ အထက်လူကြီးရဲ့အကူအညီတွေ ရ လာနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ စိတ်နှစ်ပြီးလုပ်ကိုင်သူဆိုနေရာကောင်း အခွင့်အရေးကောင်းတွေရလာတတ်ပါ တယ်။ အိမ်နှင့်ပူးတွဲဖွင့်ထားသော အလုပ်များ၊ အိမ်တွင်းမိသားစုစီးပွားရေးများ အလွန်ပဲကောင်းနေတတ်ပါတယ်။ ကောင်းသောခရီးများ အပန်းဖြေခရီးများလဲထွက်ရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒီကာလမှာအညံ့နည်းပါတယ်။ ကိုယ်ခံအားကောင်းနေတဲ့အတွက် တော်ရုံရောဂါမျိုးဝင်ရောက်ဖို့ သိပ်မလွယ်ပါဘူး။ အချစ်ရေးမှာတော့ လူချစ်လူခင်များခြင်း ၊စန်းပွင့်နေခြင်းမျိုးတွေကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ် ထောင်ဘက်နဲ့အတူအပျော်ခရီးမျိုးတွေသွားရတတ်ပါတယ်။ ပညာရေးကတော့ မိမိကြိုးစားသမျှထွန်းပေါက်အောင် မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 4/9/1
အထူးဟော စိတ်ချမ်းသာမဲ့အချိန်ပါပဲ။
ယတြာ အားဆေးတစ်ဘူး ရဟန်းတစ်ပါးအားကပ်လှူလိုက်ပါ။



တနင်္လာ

ဒီကာလဟာ အရာရာကို စဉ်းစားချင့်ချိန်ပြီးမှလုပ်သင့်တဲ့အချိန်ပါပဲ။ မစဉ်းစားဘဲလုပ်တဲ့သူတွေအတွက် ဒုက္ခများရတတ်တဲ့ကာလပါပဲ။ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးပြီးလုပ်သင့်တဲ့ကာလပါပဲ။ ငွေကြေးနဲ့ပက်သက်ပြီး လက်မလွယ်ပါစေနဲ့။ ငွေချေးလိုက်ရင်ပြန်ရဖို့မလွယ်သလို မိမိကချေးထားရင်လဲ ပြန်ဆပ်ဖို့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ကံကောင်းတာက မိတ်ကောင်းဆွေကောင်းတွေဆီက အကူအညီတွေရလွယ်တာ ပါပဲ။ မိမိအကြံထက်သူများရဲ့အကြံကိုယူပြီးလုပ်ဆောင်တာကအကောင်းဆုံးပါပဲ။ အပျော်အပါးကြောင့် ပိုက်ဆံထင် ထားသည်ထက်ပိုကုန်ရတတ်ပါတယ်။ကျန်းမာရေးကတော့ အထူးဂရုစိုက်သင့်တဲ့ကာလပါပဲ။ အစားမှားခြင်း အစာမကြေဖြစ်ခြင်းမျိုးတွေဖြစ်ရတတ်ပါတယ်။အချစ်ရေးမှာတော့ ကြားလူတွေကြောင့် ချစ်သူနှစ်ယောက်စိတ်ဝမ်း ကွဲရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ ကောင်းနေပါတယ်။ ပညာရေးမှာတော့ အခုထက် ဉာဏ် ဝီရိယကို နှစ်ဆတိုးပြီးကြိုးစားပါ။

အကျိုးပေးဂဏန်း 7/0/4
အထူးဟော ကံညံ့နေတတ်ပါတယ်။
ယတြာ သောကြာနေ့မှာ လမ်းဘေးခွေးတွေကို အာဟာရဒါနပြုပေးလိုက်ပါ။


အင်္ဂါ

အထက်လူကြီး မိဘဘိုးဘွားတွေရဲ့ကိစ္စတွေကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေရတတ်ပါတယ်။ သာရေး ကိစ္စများ အလှူအတန်းများတွင်အပင်ပန်းခံပြီးဆောင်ရွက်ပေးနေရတတ်ပါတယ်။ မိမိတတ်သိထားသော ပညာနဲ့ တစ်ပါးသူကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးနေရတတ်ပါတယ်။ အခြားအကျိုးစီးပွားထက် မိမိအသက်မွေးမှုနဲ့ ပက်သက်ပြီးမိမိမသိသေးတဲ့ ပညာရပ်အသစ်များလဲရလာတတ်ပါတယ်။ အလုပ်ကံတွေလဲကောင်းလာတတ်ပါ တယ်။ အပျော်ခရီးထက် တာဝန်နဲ့ပက်သက်သော ခရီးမျိုးသွားရတတ်ပါတယ်။ ကျန်းမာရေးကတော့ ထူးထူးခြား ခြားကောင်းနေတတ်ပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မည်နေမဲ့ကာလပါပဲ။ အချစ်ရေးမှာတော့ ချစ်သူကမိမိကို အမိန့်ပေးဆရာလုပ်နေတတ်ပါတယ်။ မိမိကသည်းခံပေးလိုက်ပါက သာယာတဲ့အချစ်ခရီးပါပဲ။ အိမ်ထောင်ရေးမှာ လဲ သိပ်ပြီးညံ့နေတာမျိုးတော့မတွေ့ရပါဘူး။ ပညာရေးကတော့ အကောင်းဆုံးပါပဲ။

အကျိုးပေးဂဏန်း 7/1/3
အထူးဟော ကံသင့်ပါတယ်။
ယတြာ မိမိထက်နွမ်းပါးသူကို ဖိနပ်ဝယ်လှူလိုက်ပါ၊



ဗုဒ္ဓဟူး

လုပ်ချင်တာတွေ လုပ်ခွင့်ရပါလိမ့်မယ်။ ဖြစ်ချင်တာဖြစ်ကွာ ဆိုပြီးလုပ်လိုက်တာကအလိုလို လမ်းကြောင်း မှန်ကိုရောက်သွားတတ်ပါတယ်။မိမိဖြစ်ချင်တာကိုကူညီပေးမဲ့လူအင်အား ငွေအင်အားမိမိနောက်မှာရှိနေတတ် ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများ ဝင်လာတတ်ပါတယ်။ ကံစမ်းမဲကံကောင်းနေတတ်ပါတယ်။ ကံစမ်းမဲထဲပါဝင် ထားတာမျိုးရှိရင် ဆုမဲကြီးတာမျိုးပေါက်တတ်ပါတယ်။ အလုပ်ခွင်အတွင်း မိမိက ဦးဆောင်လုပ်ကိုင်ခြင်းဖြင့်ရလဒ် ကောင်းတွေရလာတတ်ပါတယ်။သားသမီးတွေက အထောက်အပံ့အကူအညီတွေလဲရလာတတ်ပါတယ်။ ကျန်းမာ ရေးမှာတော့ အအေးပတ်ပြီးအဆုတ်ပွတာ ချောင်းဆက်တိုက်ဆိုးတာမျိုးလဲဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ ပက်သက်ပြီးပူပန်သောကတွေများနေရတတ်ပါတယ်။ အိမ်ထောင်မှာတော့ နားလည်မှုရှိရှိနဲ့ရှေ့ဆက်နိုင် ပါလိမ့်မယ်။ပညာရေးကတော့ ကြိုးစားသလောက်အောင်မြင်မှုတွေ ပိုမိုရရှိတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/9/4
အထူးဟော စီးပွားအထူးကောင်းမယ်။
ယတြာ ဘုရားရှင်အား ရွှေဆိုင်းရွှေသင်္ကန်းကပ်လှူပါ။



ကြာသပတေး

မိမိစိတ်က ဒီကာလမှာ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုဖြစ်နေတတ်ပါတယ်။ စိတ်လေနေတယ်လို့ပြောရင်ပိုမှန်ပါ လိမ့်မယ်။ စီးပွားရေးနဲ့ပက်သက်ပြီးထင်တိုင်းမပေါက်တာမျိုးတွေကြုံနေရတတ်ပါတယ်။ စီးပွားရေးတွေအလုပ်တွေ ခဏမေ့ပြီးတော့ လွတ်လပ်ပေါ့ပါးစွာနေပါ။ လူငယ်များမိဘနဲ့ အဆင်မပြေဖြစ်ပြီးအိမ်မှာမနေချင်ဆိုတာမျိုးလဲ ဖြစ်နေရတတ်ပါတယ်။လခစားဝန်ထမ်းဆိုရင်တော့ ပျက်ရက်တွေများနေရတတ်ပါတယ်။ ငွေကြေးကတော့ ဝင်လိုက် ထွက်သွားလိုက်နဲ့ စုမိဆောင်းမိမရှိသေးတဲ့ကာလပါပဲ။ ကျန်းမာရေးမှာတော့ အားနည်းနေတာတော့ အမှန်ပါပဲ။ ကိုယ်ခံအားနည်းနေတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လွယ်ပါတယ်။ အချစ်ရေးမှာတော့ ကံကောင်းမှုတွေရှိလာပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အကောင်းဘက်ကိုအလေးသာပါတယ်။အိမ်ထောင် ရေးသာယာပါလိမ့်မယ်။ပညာရေးကတော့ကြိုးစားမှုတွေအချည်းနှီးမဖြစ်ပါဘူး။ ရပ်ဝေးသွားပြီးပညာသင်ရတာမျိုး လဲကြုံဆုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း 6/0/9
အထူးဟော စိတ်များနေတတ်ပါတယ်။
ယတြာ အိမ်မှာရှိတဲ့ပန်းကန်အဟောင်းတွေကို စွန့်ပစ်လိုက်ပါ။



သောကြာ

ဒီကာလဟာ လူပင်ပန်းစိတ်ပင်ပန်းဖြစ်ရတတ်ပါတယ်။ လုပ်စရာ တာဝန် ဝတ္တရားတွေများနေတဲ့အတွက် မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ အလုပ်အဆင်ပြေခြင်းရှိပေမဲ့ ဖိအားတွေများနေတတ်ပါတယ်။ ငွေကံ ကောင်းခြင်း၊ ငွေအထူးဝင်ခြင်းစတဲ့ကံတွေကတော့ ကောင်းနေတတ်ပါတယ်။ စီစဉ်ထားတဲ့ခရီးတွေကလဲ အကြောင်းအမျိုးမျိုးကြောင့်ပျက်သွားတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားများ ဝန်ထမ်းတွေတင်မကဘဲမိမိကိုယ်တိုင်က ကိုယ်ဖိရင်ဖိဝင်လုပ်ပေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ လူနုန်းနေတတ်ပါတယ်။ စိတ်ပင်ပန်းလူပင်ပန်း မှုကြောင့်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ မိမိရဲ့လုပ်ငန်းဆောင်တာတွေများနေတာကြောင့် ချစ်သူအတွက် အချိန်ပေးဖို့ ခဲယဉ်းနေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အနည်းငယ်အဆင်မပြေစရာအကြောင်းအချက် လေးတွေရှိနေရတတ်ပါတယ်။ ပညာရေးမှာတော့ မိမိဖြစ်ချင်တာတွေဖြစ်နိုင်ဖို့ အချိန်ယူကြိုးစားရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/2/7
အထူးဟော အနည်းငယ်ပင်ပန်းရမည်။
ယတြာ နီးစပ်ရာစေတီပုထိုးမှာ ဆီမီးသက်စေ့ ထွန်းညှိပူဇော်လိုက်ပါ။



စနေ

ကံကောင်းခြင်းတွေ အလှည့်ကျလာပြီလိုပြောလို့ရတဲ့ကာလပါပဲ။ အဘက်ဘက်ကအဆင်ပြေအောင်မြင်မှု တွေရလာတတ်ပါတယ်။ ကံကောင်းတာတစ်ခုက ထီကံမြင့်မားနေပါတယ်။ ဒါကြောင့် ထီကံစမ်းသင့်ပါတယ်။ ကြာသပတေးသားသမီးတစ်ဦးဦးနဲ့ စပ်တူထိုးမယ်ဆိုလဲ ပိုမိုကောင်းမွန်ပါတယ်။ ရပ်ဝေးကနေ အကူအညီတွေ အထောက်အပံ့တွေရလာ တတ်ပါတယ်။ နိုင်ငံခြားကံကောင်းနေသလို နိုင်ငံခြားနဲ့ ပက်သက်ဆက်နွယ်သော အလုပ်များလဲ အထူးကောင်းမွန်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ မိမိတို့ဆင်ခြင်နိုင်ရင်ရပါပြီ။ မူလကံအရတော့ ကျန်းမာရေးအညံ့အဆိုးကင်းပါတယ်။ အချစ်ရေးမှာလဲ ဝေးကွာနေတဲ့ ချစ်သူတွေပြန်လည်ဆုံဆည်းရ တတ်ပါတယ်။အိမ်ထောင်သည်ဆို အိမ်ထောင်ဘက်ရဲ့ပံ့ပိုးမှုကြောင့် အဆင်ပြေအောင်မြင်ပါလိမ့်မယ်။ ပညာရေးအထူးကောင်းပါတယ်။ မိမိရဲ့ အတွေးအခေါ် နက်နဲနေမဲ့ အချိန်ပါ။

အကျိုးပေးဂဏန်း ၇/ဝ/၁
အထူးဟော ကံမြင့်မားနေမည်
ယတြာ ဓမ္မစာပေများ ဓမ္မဒါနလုပ်ပါ

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာ ငြိမ်းအေးလူ(ဗေဒင်သုတေသီ)


Leave a Reply

Your email address will not be published. Required fields are marked *