ဇင္ေယာ္နီ တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ ေအာက္တိုဘာ ၂၂ မွ ၂၈)

ဇင္ေယာ္နီ တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ ေအာက္တိုဘာ ၂၂ မွ ၂၈)

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ကံနည္းနည္းကေလး ညံ့တယ္။ ဆိုးဆိုးဝါးဝါးေတာ့ မဟုတ္ပါဘူး။ စိတ္ကေတာ့ အလြန္ညစ္ရမယ္။ လုပ္သမွ်ႀကံသမွ် အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနမယ္။ စိတ္တိုင္းမက်စရာေတြ ႀကံဳေနမယ္။ အလုပ္လည္း မနားရေအာင္ ႐ႈပ္မယ္။ ကိုယ့္ကိစၥထက္ သူတစ္ပါးရဲ႕ကိစၥေတြက ပိုၿပီး႐ႈပ္ေန တတ္တယ္။ အေရးႀကီးတဲ့အလုပ္ေတြ လစ္ဟင္းခြ်တ္ေခ်ာ္သြားတတ္ပါတယ္။ အလုပ္မွာ အထစ္အေငါ့ ေတြ မ်ားတတ္တယ္။ ပစၥည္းတစ္ခုအတြက္ ျငင္းခုန္ေျဖရွင္းရတတ္တယ္။ လက္ဝတ္ရတနာေတြ ထြက္တတ္တယ္။ မိတ္ေဆြ၊ ေမာင္ႏွမတို႔ရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရး စိတ္႐ႈပ္ရလိမ့္မယ္။ အေဆာက္အဦးကိစၥ၊ ေနရာကိစၥ အေျပာင္းအေရႊ႕ကိစၥေတြ အဆင္ေျပေအာင္ျမင္မယ္။ ေအာက္လက္ငယ္သားအတြက္ စိတ္ခ်မ္းသာရမယ္။ အပူေလာင္တာ၊ ဓာတ္လိုက္တာ၊ အဖိုးတန္ပစၥည္းေတြ ပ်က္စီးဆံုး႐ံႈးတာ၊ သူခိုးခိုးခံရတာေတြ ႀကံဳတတ္ပါတယ္။ မိဘဆရာသမားတို႔ရဲ႕ အျမင္မၾကည္မလင္ျခင္းကို ခံရတတ္တယ္။ ပညာေရး၊ သင္တန္း အစီအစဥ္ေတြမွာ စိတ္မပါဘဲျဖစ္လာမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းသာဖြယ္ သတင္းေကာင္းေတြ ၾကားရတတ္တယ္။ ေပ်ာ္ရႊင္ဖြယ္ခရီးေတြ သြားရတတ္တယ္။ ဝမ္းသာစရာ စာေတြ၊ သတင္းေတြ ေရာက္လာတတ္ပါတယ္။ ေငြေရးေၾကးေရးအတြက္လည္း အင္မတန္ စိတ္ခ်မ္းသာရမယ္။ မျဖစ္စေလာက္နဲ႔ ျပင္းျပင္းထန္ထန္ ေျဖရွင္းရတတ္တာကိုေတာ့ သတိျပဳသင့္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၁/၉။ ကံ၏အပံ့အပိုးရရွိရန္ ဘုန္းေတာ္ႀကီးကို ေငြ ၅ ဂဏန္းလွဴပါေလ။



တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ႀကံတိုင္းေအာင္လို႔ ေဆာင္တိုင္းေျမာက္ဆိုတဲ့ အေျခအေနမ်ိဳးေတြ ႀကံဳ လာမယ္။ ေအာင္ျမင္မႈေတြ တစ္ခုၿပီးတစ္ခု ဆက္ေနမယ္။ ရည္ရြယ္ထားသမွ် ရဲရဲလုပ္သင့္ပါတယ္။ အဘက္ဘက္ကေန အေျခအေနေကာင္း၊ အခြင့္အလမ္းေကာင္းေတြ ႀကံဳလာမယ္။ ေအာက္လက္ငယ္သား ေတြရဲ႕ အကူအညီေကာင္းေတြလည္း ရလိမ့္မယ္။ မထင္မွတ္တဲ့ လူႀကီးသူမေတြကလည္း ထိေရာက္တဲ့ အကူအညီေတြ ေပးလာတတ္ပါတယ္။ ခရီးကိစၥေတြ ေအာင္ျမင္မယ္။ ႏိုင္ငံရပ္ျခားကိစၥေတြ အဆင္ေျပမယ္။ လုပ္ငန္းေျပာင္းတာ၊ လုပ္ငန္းသစ္စတာ၊ ေနရာေျပာင္းတာေတြလည္း ေအာင္ျမင္မယ္။ ေငြအလြန္ရႊင္မယ္။ အစုလိုက္အပံုလိုက္ ဝင္လာတတ္ပါတယ္။ ဘယ္ေလာက္ပဲဝင္ဝင္ မၿမဲဘူးျဖစ္ေနမယ္။ ရွိၿပီးသားပစၥည္းေတြ ထြက္သြားတတ္ ပါတယ္။ ေဆြမ်ိဳးရင္းမိတ္ေဆြရင္း ဒုကၡေပးတတ္တယ္။ အိမ္မကပ္ခ်င္ဘဲျဖစ္ေနမယ္။ လက္ရွိအလုပ္က ထြက္သြားခ်င္စိတ္ေတြလည္း ေပၚလာတတ္ပါ တယ္။ အလုပ္ေတြေအာင္ျမင္၊ ေငြေတြဝင္ေပမယ့္ နာမည္ႀကီးထမင္းငတ္ဆိုသလို ျဖစ္ေနတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း အတိုက္အခံႀကီးစြာ လုပ္ရတတ္တယ္။ ေဘးကလည္း ဝင္႐ႈပ္ေနလိမ့္မယ္။ မထင္မွတ္ဘဲ သင္တန္းတစ္ခုတက္ျဖစ္တာ၊ အလွဴအတန္းကိစၥ၊ ဘာသာေရးကိစၥေတြ လုပ္ျဖစ္ တာမ်ိဳး ႀကံဳရတတ္ပါတယ္။ အင္မတန္အေရးႀကီးတဲ့ ကိစၥႀကီးတစ္ခု ျပတ္ျပတ္သားသား ဆံုးျဖတ္ဖို႔ အေၾကာင္းေပၚလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၂/၈။ ကံ၏အပံ့အပိုးရရွိရန္ သီလရွင္ကို ႏို႔ဆီဗူး လွဴပါေလ။



အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ရပ္ေဝးအဆက္အသြယ္ေကာင္းေတြ ေပၚလာမယ္။ ခရီးကိစၥေပၚလာ မယ္။ ေအာင္ျမင္မယ္။ မ်က္မွန္နဲ႔လူဆီက အကူအညီေကာင္းေတြ ရတတ္တယ္။ ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ျပန္ဝင္လာမယ္။ ဆံုး႐ံႈးထားတဲ့ အခြင့္အေရးေတြ ျပန္ရတတ္ပါတယ္။ ေပ်ာက္ေနတဲ့ပစၥည္းေတြ အမွတ္မထင္ ျပန္ေတြ႕တတ္ပါတယ္။ ဆရာသမား၊ မိတ္ေဆြတို႔ရဲ႕ အကူအညီေကာင္း ေပၚလာမယ္။ အေပါင္းအသင္းႏွစ္ေယာက္ရဲ႕ သတင္းေကာင္း ၾကားမယ္။ အိမ္ကိစၥ၊ အေဆာက္အဦးကိစၥ၊ ေနရာကိစၥေတြမွာေတာ့ မွန္းခ်က္နဲ႔ႏွမ္းထြက္ လြဲကုန္ တတ္ပါတယ္။ ေအာက္လက္ငယ္သားအတြက္လည္း စိတ္ေသာကေရာက္ရတတ္တယ္။ မိသားစုထဲက တစ္ေယာက္ ေျခေထာက္မွာ ထိခိုက္မိတတ္ပါတယ္။ မျဖစ္စေလာက္ အခက္အခဲ၊ ျပႆနာေလးတစ္ခု ရွင္းမၿပီးႏိုင္ဘဲ ျဖစ္ေနတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးနဲ႔ပတ္သက္လို႔ကေတာ့ သာယာရန္ ရာႏႈန္းျပည့္လို႔ ေျပာရမွာပါပဲ။ ၾကည္ႏူး ဝမ္းေျမာက္ဖြယ္ လက္ေဆာင္ပစၥည္းေတြလည္း ဝင္လာတတ္ပါတယ္။ အေရးႀကီးတဲ့ကိစၥတစ္ခုမွာ ဆံုးျဖတ္ခ်က္မွားတတ္ပါတယ္။ စိတ္ေလစရာ အျဖစ္အပ်က္ ေတြ ႀကံဳလာတတ္တယ္။ ရပ္ေဝးႀကီးကဲသူဆီက အကူအညီရတာ၊ ရပ္ေဝးသတင္းေကာင္းၾကားတာ ပညာေရးကိစၥ၊ သင္တန္းကိစၥအတြက္ ဝမ္းသာစရာႀကံဳတာ၊ လုပ္ငန္းအဆက္အသြယ္သစ္၊ အခြင့္ အလမ္းေကာင္း ေပၚလာတာေတြ ႀကံဳရတတ္ပါတယ္။ ေငြနဲ႔ပတ္သက္ၿပီး အထစ္အေငါ့ အခက္အခဲေတြ ေျပလည္သြားမယ္။ သူတစ္ပါးေတြရဲ႕ အထင္လြဲစြပ္စြဲျခင္း ခံရတတ္တာကိုေတာ့ သတိျပဳရမယ့္အခ်ိန္ပါပဲ။ ကံအက်ိဳးေပးဂဏန္း ၃/ဝ။ ကံ၏အပံ့အပိုးရရွိရန္ ႏြမ္းပါးသူမ်ားကို ၾကာဇံေၾကာ္လွဴပါေလ။



ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေငြတအားရႊင္မယ္။ သတင္းေကာင္း၊ ဧည့္သည္ေကာင္းေတြ ေရာက္လာမယ္။ စာခ်ဳပ္ကိစၥ၊ စာရင္းဇယားကိစၥ၊ ပြဲလမ္းသဘင္ကိစၥေတြ ေအာင္ျမင္မယ္။ ပစၥည္း အေရာင္းအဝယ္ကိစၥ ထစ္ေငါ့ေနရင္ အဆင္ေျပသြားမယ္။ ရပ္ေဝးက ေငြေတြ၊ ပစၥည္းေတြလည္း ေရာက္လာတတ္ပါတယ္။ မိသားစုထဲမွာေတာ့ တစ္ေယာက္တစ္မ်ိဳး စိတ္သေဘာေတြ ကြဲရတတ္ပါတယ္။ အေဆာက္အဦး၊ ေနရာထိုင္ခင္းကိစၥ၊ အဆင္မေျပျဖစ္တတ္တယ္။ မိခင္၊ အေဒၚ၊ အစ္မ စတဲ့ မိန္းမႀကီးေတြနဲ႔ ျပႆနာျဖစ္ရတတ္ပါတယ္။ ေအာက္လက္ငယ္သားထဲက ထိခိုက္အႏၱရာယ္ ႀကံဳတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ ၾကည္ႏူးခ်မ္းေျမ့စရာေတြ ျဖစ္လာမယ္။ ထူးထူးျခားျခား ဓာတ္ပံုေတြ၊ ပိုစတာေတြ၊ ပန္းခ်ီကားေတြ ဝင္လာတတ္ပါတယ္။ ဒီအခ်ိန္မ်ိဳးမွာ တဇြတ္ထိုးလုပ္မိၿပီး အမွားအယြင္းေတြေတာ့ ႀကံဳရတတ္ပါတယ္။ အမ်ားရဲ႕ အျမင္မွာ အထင္လြဲစရာကိစၥေတြ ျဖစ္လာတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ အဆင္ေျပ ေအာင္ျမင္မယ္။ ရပ္ေဝးက အဆက္အသြယ္ေကာင္းေတြ ေပၚလာတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ လုပ္ငန္းၿပိဳင္ေတြကေတာ့ ဒုကၡေပးလာတတ္ပါတယ္။ အလုပ္ မလုပ္ခ်င္ေတာ့ေလာက္ေအာင္ စိတ္ပ်က္စရာေတြ ႀကံဳလာတတ္ပါတယ္။ ေငြေရးေၾကးေရး ကေတာ့ အဘက္ဘက္က ဝင္ေနပါလိမ့္မယ္။ မထင္မွတ္တဲ့ခရီး၊ ဘုရားဖူးခရီး၊ ေငြကိစၥခရီးေတြ ထြက္ရတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္တာကိုေတာ့ သတိထား ရမယ့္အခ်ိန္ေလးပါပဲ။ ကံအက်ိဳးေပးဂဏန္း ၄/၄။ ကံ၏အပံ့အပိုးရရွိရန္ ႏြမ္းပါးသူမ်ားကို ေဆးလွဴပါေလ။



ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ထူးထူးျခားျခား ေအာင္ျမင္မႈေတြႀကံဳမယ္။ ဝမ္းသာစရာ ႏွစ္မ်ိဳး ႀကံဳမယ္။ အလုပ္ေတြကို အရွိန္အဟုန္ျမႇင့္ တိုးခ်ဲ႕သင့္တဲ့ အခ်ိန္ေလးပါပဲ။ ပစၥည္း ဝယ္/ေရာင္း၊ ငွားရမ္းတဲ့ကိစၥေတြမွာေတာ့ အလြဲအေခ်ာ္ျဖစ္တတ္တယ္။ ရပ္ေဝးက အကူအညီေကာင္းေပၚလာမယ္။ အေဆာက္အဦးကိစၥ၊ အလုပ္ေနရာ၊ အိမ္ေနရာကိစၥေတြ အဆင္ေျပမယ္။ ေနရာေဟာင္း ေတြနဲ႔ ျပန္ၿပီးပတ္သက္ရတတ္ပါတယ္။ ေအာက္လက္ငယ္သားနဲ႔ပတ္သက္လို႔ ရည္ရြယ္ထားတဲ့ အစီအစဥ္တစ္ခုကေတာ့ လြဲသြားေခ်ာ္သြားလိမ့္မယ္။ စိတ္ညစ္စရာဧည့္သည္၊ ဒုကၡေပးမယ့္ဧည့္သည္ လည္း ေရာက္လာတတ္ပါတယ္။ မီး၊ လွ်ပ္စစ္၊ အပူ အႏၱရာယ္ႀကံဳရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ေျပလည္ေနမယ္။ မေျပလည္ဘူးဆိုရင္လည္း အမ်ိဳးသမီး တစ္ဦးက ၾကားဝင္ ကူညီလာလိမ့္မယ္။ ခရီးအစီအစဥ္တစ္ခု လြဲသြား၊ ေခ်ာ္သြားတတ္ပါတယ္။ မသြားခ်င္တဲ့ခရီး၊ အစီအစဥ္မရွိတဲ့ ခရီးမ်ိဳးလည္း သြားရတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အဆင္မေျပႀကီးစြာ ျဖစ္ရတတ္ပါတယ္။ ဆရာသမားလို ပုဂၢိဳလ္ေတြ ထိခိုက္အႏၱရာယ္ႀကံဳတတ္တယ္။ အလုပ္ကိစၥ အလိမ္ခံရတတ္တယ္။ သူတစ္ပါး ျပႆနာကို ေခါင္းခံၿပီးရွင္းရတတ္ပါတယ္။ မထင္မွတ္တဲ့ အလုပ္အခြင့္အေရးေကာင္း၊ အဆက္အသြယ္ေကာင္းေတြေတာ့ ေပၚလာတတ္တယ္။ ေငြေရးေၾကးေရး၊ စာရင္းဇယားကိစၥေတြမွာ ႐ႈပ္႐ႈပ္ေထြးေထြးျဖစ္တတ္ပါတယ္။ အေတာ္ႀကီးေခါင္းစားေနရတဲ့ ျပႆနာတစ္ခုကေတာ့ ဟိုလိုဒီလိုနဲ႔ပဲ အဆင္ေျပသြားပါလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၅/၅။ ကံ၏အပံ့အပိုးရရွိရန္ ကေလးမ်ားကို စာအုပ္လွဴပါေလ။



ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ထစ္ေငါ့ၾကန္႔ၾကာေနတဲ့ကိစၥေတြ အဆင္ေျပသြားမယ္။ အလုပ္ေလွ်ာက္တဲ့ကိစၥ၊ ေလွ်ာက္လႊာကိစၥ၊ စာခ်ဳပ္၊ စာရင္းဇယားကိစၥေတြ ေအာင္ျမင္မယ္။ ပစၥည္းတစ္ခုကို အေၾကာင္းျပဳၿပီး စကားမ်ား ေျဖရွင္းရတတ္ပါတယ္။ ဆရာသမား၊ မိတ္ေဆြတို႔ဆီက အကူအညီေကာင္းေတြ ေပၚလာမယ္။ မိတ္ေဆြအရင္းအခ်ာရဲ႕အိမ္ အခိုးခံရတတ္ပါတယ္။ ေနရာကိစၥ၊ အေဆာက္အဦးကိစၥေတြ အစီအစဥ္ေတြ ပ်က္သြား၊ တန္းလန္းႀကီးျဖစ္သြားတတ္ပါတယ္။ ဖခင္၊ ဦးေလး၊ အစ္ကို … စသူေတြ က်န္းမာေရးညံ့တတ္ပါတယ္။ ေအာက္လက္ငယ္သားနဲ႔ပတ္သက္ၿပီး အခက္အခဲ ႀကံဳရတတ္တယ္။ မိန္းမတစ္ေယာက္ ဒုကၡေပး လာတတ္ပါတယ္။ အေရးႀကီး စာရြက္စာတမ္းေတြ ပ်က္စီးေပ်ာက္ဆံုးတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ မထင္မွတ္တဲ့ အခ်ိဳးအေကြ႕ေတြ ႀကံဳလာတတ္ပါတယ္။ ကိုယ့္ခ်စ္သူ၊ ကိုယ့္အိမ္ေထာင္ဘက္ လက္မွာ ခိုက္မိတာ၊ ေအာင့္တာ၊ နာတာ ျဖစ္တတ္ပါတယ္။ ေဘးပေယာဂေၾကာင့္ အခ်စ္ေရးအိမ္ေထာင္ေရး ျပႆနာႀကီးတတ္ပါတယ္။ ျပည္တြင္းျပည္ပ ခရီးေဝးကိစၥေတြ ေအာင္ျမင္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာလည္း ဝမ္းသာအားရျဖစ္စရာ ႀကံဳရတတ္ပါတယ္။ အလုပ္တစ္ခ်ိဳ႕ မၿပီးမျပတ္ ျဖစ္ေနတတ္ပါတယ္။ ဆံုးျဖတ္ရခက္တဲ့ အၾကပ္အတည္းမ်ိဳးေတြလည္း ႀကံဳလာတတ္ပါတယ္။ ေငြကံကေတာ့ အေတာ္ကေလး ေကာင္းေနတဲ့ အခ်ိန္ပါပဲ။ လက္ေဆာင္ပစၥည္းတစ္ခု၊ အမွတ္တရပစၥည္းတစ္ခုကို အေၾကာင္းျပဳၿပီး စိတ္႐ႈပ္စရာေလး ေတာ့ ႀကံဳလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၆/၇။ ကံ၏အပံ့အပိုးရရွိရန္ ကေလးမ်ားကို အဝတ္အထည္ လွဴပါေလ။



စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ျပည္တြင္းျပည္ပ ခရီး၊ ဘုရားဖူးခရီးေတြ သြားရတတ္ပါတယ္။ ရပ္ေဝးကစာေတြ၊ ပစၥည္းေတြ၊ အဆက္အသြယ္ေကာင္းေတြလည္း ေရာက္လာတတ္တယ္။ ထစ္ေငါ့ ၾကန္႔ၾကာေနတဲ့ ပစၥည္း အဝယ္အေရာင္း၊ အငွားအရမ္း၊ အသြင္းအထုတ္ကိစၥ ေအာင္ျမင္မယ္။ သူငယ္ခ်င္းမိတ္ေဆြေတြ၊ ေမာင္ႏွမေတြနဲ႔ အဆင္မေျပႀကီးစြာျဖစ္ရတတ္ပါတယ္။ သူတို႔ေတြ ေျခေထာက္မွာ ထိခိုက္မိတတ္တယ္။ ေနရာကိစၥ၊ အိမ္ကိစၥ အစီအစဥ္ေတြ လြဲေခ်ာ္သြား တတ္ပါတယ္။ ဟိုမွာေနရေတာ့မလို၊ ဒီမွာေနရေတာ့မလို ေယာင္ေတာင္ေတာင္ျဖစ္ေနရတတ္ပါတယ္။ အေမ၊ အစ္မ၊ အေဒၚ စသူေတြနဲ႔ စီစဥ္ထားတဲ့ အစီအစဥ္ေတြ လြဲသြား၊ ပ်က္သြားတတ္ပါတယ္။ ယာဥ္ကိစၥ၊ စက္ကိစၥေတြ အတြက္လည္း ေျပာဆိုေျဖရွင္းရတတ္ပါတယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာ သတိႀကီးစြာထားရမယ့္ ရက္ေတြပါပဲ။ သူ႔လမ္းသူေလွ်ာက္၊ ကိုယ့္လမ္းကိုယ္ေလွ်ာက္ ျဖစ္ကုန္တတ္ပါတယ္။ ဘာရယ္မဟုတ္ဘဲ စိတ္မြန္းက်ပ္ေနမယ္။ စိတ္တိုလြယ္၊ ျပႆနာျဖစ္လြယ္တဲ့ အခ်ိန္ပါပဲ။ မလုပ္ခ်င္တဲ့အလုပ္ေတြလည္း လုပ္ရတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥနဲ႔ပတ္သက္တဲ့ အခက္အခဲေတြကေတာ့ ေျပလည္သြားမယ္။ ျပႆနာျဖစ္ေနတဲ့ ဆရာသမား၊ ႀကီးကဲသူေတြနဲ႔လည္း သင့္ျမတ္ေျပလည္သြားပါလိမ့္မယ္။ ေငြေၾကးေရာ၊ နာမည္ဂုဏ္သတင္းပါ တိုးတက္မယ့္ အခ်ိန္ပါပဲ။ ေငြဝင္သေလာက္ စာရင္းဇယား အ႐ႈပ္အေထြးေတြ ႀကံဳရတတ္ပါတယ္။ သူခိုးခိုးခံရတာ၊ ေသာ့ဒုကၡေပးတာ၊ ေသခ်ာသိမ္းဆည္းထားတဲ့ပစၥည္း ေပ်ာက္ဆံုးတာမ်ိဳးေတြေတာ့ ႀကံဳရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၇/၁။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ထီးျဖဴ ၅ လက္ လွဴပါေလ။

သေဗၺဓမၼာ

ဇင္ေယာ္နီ

Redot


ဇင်ယော်နီ တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁၈ အောက်တိုဘာ ၂၂ မှ ၂၈)

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ကံနည်းနည်းကလေး ညံ့တယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ စိတ်ကတော့ အလွန်ညစ်ရမယ်။ လုပ်သမျှကြံသမျှ အလွဲလွဲအချော်ချော်ဖြစ်နေမယ်။ စိတ်တိုင်းမကျစရာတွေ ကြုံနေမယ်။ အလုပ်လည်း မနားရအောင် ရှုပ်မယ်။ ကိုယ့်ကိစ္စထက် သူတစ်ပါးရဲ့ကိစ္စတွေက ပိုပြီးရှုပ်နေ တတ်တယ်။ အရေးကြီးတဲ့အလုပ်တွေ လစ်ဟင်းချွတ်ချော်သွားတတ်ပါတယ်။ အလုပ်မှာ အထစ်အငေါ့ တွေ များတတ်တယ်။ ပစ္စည်းတစ်ခုအတွက် ငြင်းခုန်ဖြေရှင်းရတတ်တယ်။ လက်ဝတ်ရတနာတွေ ထွက်တတ်တယ်။ မိတ်ဆွေ၊ မောင်နှမတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ရှုပ်ရလိမ့်မယ်။ အဆောက်အဦးကိစ္စ၊ နေရာကိစ္စ အပြောင်းအရွှေ့ကိစ္စတွေ အဆင်ပြေအောင်မြင်မယ်။ အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာရမယ်။ အပူလောင်တာ၊ ဓာတ်လိုက်တာ၊ အဖိုးတန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ၊ သူခိုးခိုးခံရတာတွေ ကြုံတတ်ပါတယ်။ မိဘဆရာသမားတို့ရဲ့ အမြင်မကြည်မလင်ခြင်းကို ခံရတတ်တယ်။ ပညာရေး၊ သင်တန်း အစီအစဉ်တွေမှာ စိတ်မပါဘဲဖြစ်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာဖွယ် သတင်းကောင်းတွေ ကြားရတတ်တယ်။ ပျော်ရွှင်ဖွယ်ခရီးတွေ သွားရတတ်တယ်။ ဝမ်းသာစရာ စာတွေ၊ သတင်းတွေ ရောက်လာတတ်ပါတယ်။ ငွေရေးကြေးရေးအတွက်လည်း အင်မတန် စိတ်ချမ်းသာရမယ်။ မဖြစ်စလောက်နဲ့ ပြင်းပြင်းထန်ထန် ဖြေရှင်းရတတ်တာကိုတော့ သတိပြုသင့်ပါတယ်။ ကံအကျိုးပေးဂဏန်း ၁/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုန်းတော်ကြီးကို ငွေ ၅ ဂဏန်းလှူပါလေ။



တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ဆိုတဲ့ အခြေအနေမျိုးတွေ ကြုံ လာမယ်။ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ဆက်နေမယ်။ ရည်ရွယ်ထားသမျှ ရဲရဲလုပ်သင့်ပါတယ်။ အဘက်ဘက်ကနေ အခြေအနေကောင်း၊ အခွင့်အလမ်းကောင်းတွေ ကြုံလာမယ်။ အောက်လက်ငယ်သား တွေရဲ့ အကူအညီကောင်းတွေလည်း ရလိမ့်မယ်။ မထင်မှတ်တဲ့ လူကြီးသူမတွေကလည်း ထိရောက်တဲ့ အကူအညီတွေ ပေးလာတတ်ပါတယ်။ ခရီးကိစ္စတွေ အောင်မြင်မယ်။ နိုင်ငံရပ်ခြားကိစ္စတွေ အဆင်ပြေမယ်။ လုပ်ငန်းပြောင်းတာ၊ လုပ်ငန်းသစ်စတာ၊ နေရာပြောင်းတာတွေလည်း အောင်မြင်မယ်။ ငွေအလွန်ရွှင်မယ်။ အစုလိုက်အပုံလိုက် ဝင်လာတတ်ပါတယ်။ ဘယ်လောက်ပဲဝင်ဝင် မမြဲဘူးဖြစ်နေမယ်။ ရှိပြီးသားပစ္စည်းတွေ ထွက်သွားတတ် ပါတယ်။ ဆွေမျိုးရင်းမိတ်ဆွေရင်း ဒုက္ခပေးတတ်တယ်။ အိမ်မကပ်ချင်ဘဲဖြစ်နေမယ်။ လက်ရှိအလုပ်က ထွက်သွားချင်စိတ်တွေလည်း ပေါ်လာတတ်ပါ တယ်။ အလုပ်တွေအောင်မြင်၊ ငွေတွေဝင်ပေမယ့် နာမည်ကြီးထမင်းငတ်ဆိုသလို ဖြစ်နေတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အတိုက်အခံကြီးစွာ လုပ်ရတတ်တယ်။ ဘေးကလည်း ဝင်ရှုပ်နေလိမ့်မယ်။ မထင်မှတ်ဘဲ သင်တန်းတစ်ခုတက်ဖြစ်တာ၊ အလှူအတန်းကိစ္စ၊ ဘာသာရေးကိစ္စတွေ လုပ်ဖြစ် တာမျိုး ကြုံရတတ်ပါတယ်။ အင်မတန်အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ အကြောင်းပေါ်လာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၂/၈။ ကံ၏အပံ့အပိုးရရှိရန် သီလရှင်ကို နို့ဆီဗူး လှူပါလေ။



အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ရပ်ဝေးအဆက်အသွယ်ကောင်းတွေ ပေါ်လာမယ်။ ခရီးကိစ္စပေါ်လာ မယ်။ အောင်မြင်မယ်။ မျက်မှန်နဲ့လူဆီက အကူအညီကောင်းတွေ ရတတ်တယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာမယ်။ ဆုံးရှုံးထားတဲ့ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ ပျောက်နေတဲ့ပစ္စည်းတွေ အမှတ်မထင် ပြန်တွေ့တတ်ပါတယ်။ ဆရာသမား၊ မိတ်ဆွေတို့ရဲ့ အကူအညီကောင်း ပေါ်လာမယ်။ အပေါင်းအသင်းနှစ်ယောက်ရဲ့ သတင်းကောင်း ကြားမယ်။ အိမ်ကိစ္စ၊ အဆောက်အဦးကိစ္စ၊ နေရာကိစ္စတွေမှာတော့ မှန်းချက်နဲ့နှမ်းထွက် လွဲကုန် တတ်ပါတယ်။ အောက်လက်ငယ်သားအတွက်လည်း စိတ်သောကရောက်ရတတ်တယ်။ မိသားစုထဲက တစ်ယောက် ခြေထောက်မှာ ထိခိုက်မိတတ်ပါတယ်။ မဖြစ်စလောက် အခက်အခဲ၊ ပြဿနာလေးတစ်ခု ရှင်းမပြီးနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ကတော့ သာယာရန် ရာနှုန်းပြည့်လို့ ပြောရမှာပါပဲ။ ကြည်နူး ဝမ်းမြောက်ဖွယ် လက်ဆောင်ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ အရေးကြီးတဲ့ကိစ္စတစ်ခုမှာ ဆုံးဖြတ်ချက်မှားတတ်ပါတယ်။ စိတ်လေစရာ အဖြစ်အပျက် တွေ ကြုံလာတတ်တယ်။ ရပ်ဝေးကြီးကဲသူဆီက အကူအညီရတာ၊ ရပ်ဝေးသတင်းကောင်းကြားတာ ပညာရေးကိစ္စ၊ သင်တန်းကိစ္စအတွက် ဝမ်းသာစရာကြုံတာ၊ လုပ်ငန်းအဆက်အသွယ်သစ်၊ အခွင့် အလမ်းကောင်း ပေါ်လာတာတွေ ကြုံရတတ်ပါတယ်။ ငွေနဲ့ပတ်သက်ပြီး အထစ်အငေါ့ အခက်အခဲတွေ ပြေလည်သွားမယ်။ သူတစ်ပါးတွေရဲ့ အထင်လွဲစွပ်စွဲခြင်း ခံရတတ်တာကိုတော့ သတိပြုရမယ့်အချိန်ပါပဲ။ ကံအကျိုးပေးဂဏန်း ၃/ဝ။ ကံ၏အပံ့အပိုးရရှိရန် နွမ်းပါးသူများကို ကြာဇံကြော်လှူပါလေ။



ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ ငွေတအားရွှင်မယ်။ သတင်းကောင်း၊ ဧည့်သည်ကောင်းတွေ ရောက်လာမယ်။ စာချုပ်ကိစ္စ၊ စာရင်းဇယားကိစ္စ၊ ပွဲလမ်းသဘင်ကိစ္စတွေ အောင်မြင်မယ်။ ပစ္စည်း အရောင်းအဝယ်ကိစ္စ ထစ်ငေါ့နေရင် အဆင်ပြေသွားမယ်။ ရပ်ဝေးက ငွေတွေ၊ ပစ္စည်းတွေလည်း ရောက်လာတတ်ပါတယ်။ မိသားစုထဲမှာတော့ တစ်ယောက်တစ်မျိုး စိတ်သဘောတွေ ကွဲရတတ်ပါတယ်။ အဆောက်အဦး၊ နေရာထိုင်ခင်းကိစ္စ၊ အဆင်မပြေဖြစ်တတ်တယ်။ မိခင်၊ အဒေါ်၊ အစ်မ စတဲ့ မိန်းမကြီးတွေနဲ့ ပြဿနာဖြစ်ရတတ်ပါတယ်။ အောက်လက်ငယ်သားထဲက ထိခိုက်အန္တရာယ် ကြုံတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာတော့ ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်လာမယ်။ ထူးထူးခြားခြား ဓာတ်ပုံတွေ၊ ပိုစတာတွေ၊ ပန်းချီကားတွေ ဝင်လာတတ်ပါတယ်။ ဒီအချိန်မျိုးမှာ တဇွတ်ထိုးလုပ်မိပြီး အမှားအယွင်းတွေတော့ ကြုံရတတ်ပါတယ်။ အများရဲ့ အမြင်မှာ အထင်လွဲစရာကိစ္စတွေ ဖြစ်လာတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေ အောင်မြင်မယ်။ ရပ်ဝေးက အဆက်အသွယ်ကောင်းတွေ ပေါ်လာတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းပြိုင်တွေကတော့ ဒုက္ခပေးလာတတ်ပါတယ်။ အလုပ် မလုပ်ချင်တော့လောက်အောင် စိတ်ပျက်စရာတွေ ကြုံလာတတ်ပါတယ်။ ငွေရေးကြေးရေး ကတော့ အဘက်ဘက်က ဝင်နေပါလိမ့်မယ်။ မထင်မှတ်တဲ့ခရီး၊ ဘုရားဖူးခရီး၊ ငွေကိစ္စခရီးတွေ ထွက်ရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်တာကိုတော့ သတိထား ရမယ့်အချိန်လေးပါပဲ။ ကံအကျိုးပေးဂဏန်း ၄/၄။ ကံ၏အပံ့အပိုးရရှိရန် နွမ်းပါးသူများကို ဆေးလှူပါလေ။



ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ ထူးထူးခြားခြား အောင်မြင်မှုတွေကြုံမယ်။ ဝမ်းသာစရာ နှစ်မျိုး ကြုံမယ်။ အလုပ်တွေကို အရှိန်အဟုန်မြှင့် တိုးချဲ့သင့်တဲ့ အချိန်လေးပါပဲ။ ပစ္စည်း ဝယ်/ရောင်း၊ ငှားရမ်းတဲ့ကိစ္စတွေမှာတော့ အလွဲအချော်ဖြစ်တတ်တယ်။ ရပ်ဝေးက အကူအညီကောင်းပေါ်လာမယ်။ အဆောက်အဦးကိစ္စ၊ အလုပ်နေရာ၊ အိမ်နေရာကိစ္စတွေ အဆင်ပြေမယ်။ နေရာဟောင်း တွေနဲ့ ပြန်ပြီးပတ်သက်ရတတ်ပါတယ်။ အောက်လက်ငယ်သားနဲ့ပတ်သက်လို့ ရည်ရွယ်ထားတဲ့ အစီအစဉ်တစ်ခုကတော့ လွဲသွားချော်သွားလိမ့်မယ်။ စိတ်ညစ်စရာဧည့်သည်၊ ဒုက္ခပေးမယ့်ဧည့်သည် လည်း ရောက်လာတတ်ပါတယ်။ မီး၊ လျှပ်စစ်၊ အပူ အန္တရာယ်ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြေလည်နေမယ်။ မပြေလည်ဘူးဆိုရင်လည်း အမျိုးသမီး တစ်ဦးက ကြားဝင် ကူညီလာလိမ့်မယ်။ ခရီးအစီအစဉ်တစ်ခု လွဲသွား၊ ချော်သွားတတ်ပါတယ်။ မသွားချင်တဲ့ခရီး၊ အစီအစဉ်မရှိတဲ့ ခရီးမျိုးလည်း သွားရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အဆင်မပြေကြီးစွာ ဖြစ်ရတတ်ပါတယ်။ ဆရာသမားလို ပုဂ္ဂိုလ်တွေ ထိခိုက်အန္တရာယ်ကြုံတတ်တယ်။ အလုပ်ကိစ္စ အလိမ်ခံရတတ်တယ်။ သူတစ်ပါး ပြဿနာကို ခေါင်းခံပြီးရှင်းရတတ်ပါတယ်။ မထင်မှတ်တဲ့ အလုပ်အခွင့်အရေးကောင်း၊ အဆက်အသွယ်ကောင်းတွေတော့ ပေါ်လာတတ်တယ်။ ငွေရေးကြေးရေး၊ စာရင်းဇယားကိစ္စတွေမှာ ရှုပ်ရှုပ်ထွေးထွေးဖြစ်တတ်ပါတယ်။ အတော်ကြီးခေါင်းစားနေရတဲ့ ပြဿနာတစ်ခုကတော့ ဟိုလိုဒီလိုနဲ့ပဲ အဆင်ပြေသွားပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၅/၅။ ကံ၏အပံ့အပိုးရရှိရန် ကလေးများကို စာအုပ်လှူပါလေ။



သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ ထစ်ငေါ့ကြန့်ကြာနေတဲ့ကိစ္စတွေ အဆင်ပြေသွားမယ်။ အလုပ်လျှောက်တဲ့ကိစ္စ၊ လျှောက်လွှာကိစ္စ၊ စာချုပ်၊ စာရင်းဇယားကိစ္စတွေ အောင်မြင်မယ်။ ပစ္စည်းတစ်ခုကို အကြောင်းပြုပြီး စကားများ ဖြေရှင်းရတတ်ပါတယ်။ ဆရာသမား၊ မိတ်ဆွေတို့ဆီက အကူအညီကောင်းတွေ ပေါ်လာမယ်။ မိတ်ဆွေအရင်းအချာရဲ့အိမ် အခိုးခံရတတ်ပါတယ်။ နေရာကိစ္စ၊ အဆောက်အဦးကိစ္စတွေ အစီအစဉ်တွေ ပျက်သွား၊ တန်းလန်းကြီးဖြစ်သွားတတ်ပါတယ်။ ဖခင်၊ ဦးလေး၊ အစ်ကို … စသူတွေ ကျန်းမာရေးညံ့တတ်ပါတယ်။ အောက်လက်ငယ်သားနဲ့ပတ်သက်ပြီး အခက်အခဲ ကြုံရတတ်တယ်။ မိန်းမတစ်ယောက် ဒုက္ခပေး လာတတ်ပါတယ်။ အရေးကြီး စာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မထင်မှတ်တဲ့ အချိုးအကွေ့တွေ ကြုံလာတတ်ပါတယ်။ ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဘက် လက်မှာ ခိုက်မိတာ၊ အောင့်တာ၊ နာတာ ဖြစ်တတ်ပါတယ်။ ဘေးပယောဂကြောင့် အချစ်ရေးအိမ်ထောင်ရေး ပြဿနာကြီးတတ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးဝေးကိစ္စတွေ အောင်မြင်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာလည်း ဝမ်းသာအားရဖြစ်စရာ ကြုံရတတ်ပါတယ်။ အလုပ်တစ်ချို့ မပြီးမပြတ် ဖြစ်နေတတ်ပါတယ်။ ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းမျိုးတွေလည်း ကြုံလာတတ်ပါတယ်။ ငွေကံကတော့ အတော်ကလေး ကောင်းနေတဲ့ အချိန်ပါပဲ။ လက်ဆောင်ပစ္စည်းတစ်ခု၊ အမှတ်တရပစ္စည်းတစ်ခုကို အကြောင်းပြုပြီး စိတ်ရှုပ်စရာလေး တော့ ကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၇။ ကံ၏အပံ့အပိုးရရှိရန် ကလေးများကို အဝတ်အထည် လှူပါလေ။



စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ ပြည်တွင်းပြည်ပ ခရီး၊ ဘုရားဖူးခရီးတွေ သွားရတတ်ပါတယ်။ ရပ်ဝေးကစာတွေ၊ ပစ္စည်းတွေ၊ အဆက်အသွယ်ကောင်းတွေလည်း ရောက်လာတတ်တယ်။ ထစ်ငေါ့ ကြန့်ကြာနေတဲ့ ပစ္စည်း အဝယ်အရောင်း၊ အငှားအရမ်း၊ အသွင်းအထုတ်ကိစ္စ အောင်မြင်မယ်။ သူငယ်ချင်းမိတ်ဆွေတွေ၊ မောင်နှမတွေနဲ့ အဆင်မပြေကြီးစွာဖြစ်ရတတ်ပါတယ်။ သူတို့တွေ ခြေထောက်မှာ ထိခိုက်မိတတ်တယ်။ နေရာကိစ္စ၊ အိမ်ကိစ္စ အစီအစဉ်တွေ လွဲချော်သွား တတ်ပါတယ်။ ဟိုမှာနေရတော့မလို၊ ဒီမှာနေရတော့မလို ယောင်တောင်တောင်ဖြစ်နေရတတ်ပါတယ်။ အမေ၊ အစ်မ၊ အဒေါ် စသူတွေနဲ့ စီစဉ်ထားတဲ့ အစီအစဉ်တွေ လွဲသွား၊ ပျက်သွားတတ်ပါတယ်။ ယာဉ်ကိစ္စ၊ စက်ကိစ္စတွေ အတွက်လည်း ပြောဆိုဖြေရှင်းရတတ်ပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာ သတိကြီးစွာထားရမယ့် ရက်တွေပါပဲ။ သူ့လမ်းသူလျှောက်၊ ကိုယ့်လမ်းကိုယ်လျှောက် ဖြစ်ကုန်တတ်ပါတယ်။ ဘာရယ်မဟုတ်ဘဲ စိတ်မွန်းကျပ်နေမယ်။ စိတ်တိုလွယ်၊ ပြဿနာဖြစ်လွယ်တဲ့ အချိန်ပါပဲ။ မလုပ်ချင်တဲ့အလုပ်တွေလည်း လုပ်ရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စနဲ့ပတ်သက်တဲ့ အခက်အခဲတွေကတော့ ပြေလည်သွားမယ်။ ပြဿနာဖြစ်နေတဲ့ ဆရာသမား၊ ကြီးကဲသူတွေနဲ့လည်း သင့်မြတ်ပြေလည်သွားပါလိမ့်မယ်။ ငွေကြေးရော၊ နာမည်ဂုဏ်သတင်းပါ တိုးတက်မယ့် အချိန်ပါပဲ။ ငွေဝင်သလောက် စာရင်းဇယား အရှုပ်အထွေးတွေ ကြုံရတတ်ပါတယ်။ သူခိုးခိုးခံရတာ၊ သော့ဒုက္ခပေးတာ၊ သေချာသိမ်းဆည်းထားတဲ့ပစ္စည်း ပျောက်ဆုံးတာမျိုးတွေတော့ ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၇/၁။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ထီးဖြူ ၅ လက် လှူပါလေ။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ


Redot

Leave a Reply

Your email address will not be published. Required fields are marked *