သရဏဂံုႏွင့္ ငါးပါးသီ၏အစြမ္း

သရဏဂံုႏွင့္ ငါးပါးသီ၏အစြမ္း

ဗုဒၶရတနာ၊ ဓမၼရတနာ၊ သံဃရတနာတို႔ကို ရတနာသံုးပါးဟု ဗုဒၶဘာသာတို႔သည္ ေခၚဆိုၾက သည္။ ထိုရတနာသံုးပါးအား ၾကည္ညိဳေလးစား ကိုးကြယ္ဆည္းကပ္ေသာသူကို သရဏဂံုတည္သူဟု ေခၚဆိုေပသည္။ သရဏဂံုဟူသည္မွာ သရဏဟူ ေသာ စကားမွ ဆင္းသက္လာျခင္းျဖစ္၍ သရဏ ဟူသည္မွာ သတၲဝါတို႔၏ ေဘးဒုကၡကို ပယ္ေဖ်ာက္ ဖ်က္ဆီးျခင္းဟု အဓိပၸာယ္ရရွိေပသည္။ ထို႔ေၾကာင့္ သရဏဂံု တည္သူတို႔မွာ ေဘးဒုကၡမ်ားကို ပယ္ ေဖ်ာက္ဖ်က္ဆီးႏိုင္သူျဖစ္သည့္အျပင္ အဆင္းလွ ျခင္း၊ အသက္ရွည္ျခင္း၊ အေျခြအရံေပါမ်ားျခင္း စေသာ အက်ိဳးမ်ားကိုပါ ရရွိႏိုင္ေပသည္။

သရဏဂံု မေဆာက္တည္ဘဲ သီလယူႏိုင္ ေသာ္လည္း သရဏဂံုတည္ၿပီးမွ ေဆာက္တည္က်င့္ သံုးအပ္ေသာ သီလသည္သာလွ်င္ ပိုၿပီး ေကာင္းက်ိဳး ႀကီးမားျမင့္ျမတ္ေသာေၾကာင့္ ေရွးဦးစြာ သရဏဂံု ေဆာက္တည္ၿပီးမွသာ ငါးပါးသီလ စသည္တို႔ကို ေဆာက္တည္ၾကပါသည္။

သရဏဂံု၏ ေကာင္းက်ိဳး အာနိသင္ကား လူ႕ဘဝ၊ နတ္ဘဝ၏ ျပည့္စံုျခင္း၊ လူ႕စည္းစိမ္၊ နတ္ စည္းစိမ္၊ ျဗဟၼာ့စည္းစိမ္ ခ်မ္းသာမ်ားႏွင့္ ျပည့္စံု သည့္အျပင္ မဂ္ဖိုလ္၊ နိဗၺာန္တိုင္ေအာင္ ေကာင္းက်ိဳး မ်ားကို ေပးႏိုင္ေပသည္။

ငါးပါးသီလကိုမူ ဗုဒၶဘာသာဝင္တိုင္း ေန႔စဥ္ ေဆာက္တည္ေလ့ရွိၾကျခင္းေၾကာင့္ အထူးေရးသား ေဖာ္ျပရန္ လိုအပ္မည္ မဟုတ္ေပ။ ငါးပါးသီလကို အရိယကႏၱသီလ ဟုလည္းေခၚသည္။ အရိယတို႔ ျမတ္ႏိုးေသာ သီလဟူေသာ အဓိပၸာယ္ရရွိေပသည္။ အရိယပုဂၢိဳလ္တို႔မွာ သီလမစင္ၾကယ္မွာ၊ သီလပ်က္ မွာစိုးရိမ္တတ္သည္။ အၿမဲတမ္း စင္ၾကယ္ေအာင္ ေစာင့္ထိန္းၾကသည္။ ရတနာသံုးပါးႏွင့္ လံုးဝစင္ ၾကယ္သည့္ ငါးပါးသီလကို တစ္ပါးဟု သတ္မွတ္ ၿပီး ဓမၼာဒါသ တရားမွန္ေလးပါးဟု ေခၚဆိုၾကသည္။ ゞင္းတရားမွန္ေလးပါးကို ေသာတာပန္၏ ဂုဏ္အဂၤါ တရားေလးပါးဟုလည္း မွတ္ယူသင့္ေပသည္။

ဤေနရာ၌ သဂါထာဝဂၢသံယုတ္ေတာ္တြင္ ပါရွိသည့္ ကုန္သည္တစ္စုအေၾကာင္းကို တင္ျပလို ေပသည္။ ပင္လယ္ခရီးတြင္ ေလနီၾကမ္းမိခ်ိန္၌ သရဏဂံုႏွင့္ ငါးပါးသီလ၏ အစြမ္းေၾကာင့္ ေကာင္း က်ိဳးခ်မ္းသာ ခံစားၾကရပံုကို အဓိကတင္ျပလိုေပ သည္။

ကုန္သည္တစ္စုသည္ ထပ္တူအေရာင္းအ ဝယ္ ျပဳၾကရန္ ေလွႀကီးတစ္စင္းျဖင့္ သမုဒၵရာ၌ ခရီးႏွင္လာၾကသည္။ ゞင္းတို႔၏ ေလွႀကီး၌ ေလွ သူႀကီး၊ ေလွသမားမွစ၍ လူ ၇၀ဝ ေက်ာ္ပါဝင္၏။ မည္မွ်ႀကီးမားေသာ ေလွျဖစ္မည္ကို ယခုေခတ္ သေဘၤာႀကီးမ်ားႏွင့္ ႏိႈင္းယွဥ္ခန္႔မွန္းႏိုင္သည္။ ေလွ ႀကီးသည္ ေလအဟုန္ႏွင့္ အဆင္သင့္ေနသျဖင့္ သမုဒၵရာ ေရျပင္ဝယ္ တရိပ္ရိပ္ေျပးလ်က္ရွိ၏။



ခရီးထြက္ၾက၍ ခုနစ္ရက္ေျမာက္ေသာေန႔ တြင္ကား ကုန္သည္မ်ားသည္ ကံဆိုးမိုးေမွာင္က်ၾက ေတာ့သည္။ မေမွ်ာ္လင့္ဘဲ ျပင္းထန္ေသာ ေလနီ ၾကမ္းသည္ က်ေရာက္လာေတာ့သည္။ တိမ္လံုး၊ ေတာင္လံုးမွ် ပမာဏရွိေသာ လိႈင္းလံုးႀကီးမ်ားႏွင့္ ေတြ႕ႀကံဳရေတာ့သည္။ ရြက္ေလွစုတ္၍ တက္ေတြ လည္း က်ိဳးပဲ့ကုန္ေလၿပီ။ ေရမ်ားသည္လည္း ေလွ ႀကီးအတြင္းသို႔ ဝင္ေရာက္လာေတာ့သည္။ ေလွ ႀကီးကား အိုးတည္နစ္၊ တျဖည္းျဖည္းနစ္ေလၿပီ။ ေလွေပၚတြင္ ငိုေျြကးသံ၊ တမ္းတသံ၊ ပူေဆြးသံ တို႔သည္ ပြတ္ပြတ္ညံလ်က္ ရွိ၏။ နတ္ေဒဝါမ်ားအား တိုးလွ်ိဳးေတာင္းပန္သံတို႔သည္လည္း ဆူညံလ်က္ရွိ ၾကသည္။

ထိုသို႔ေလွႀကီးတစ္စင္းလံုး အုတ္အုတ္က်က္ က်က္ ဆူပြက္ေနေသာ္လည္း ကုန္သည္တစ္ဦးကမူ ေလွႀကီးတစ္ေနရာ၌ တင္ပ်ဥ္ေခြဖြဲ႕ခ်လ်က္ၿငိမ္သက္ စြာ ထိုင္ေနသည္။ ၄င္းသည္ ဗုဒၶဘာသာ တစ္ ေယာက္ ျဖစ္သည္။ ခရီးထြက္ခါနီး၌ ရဟန္းေတာ္ မ်ားကို ေနအိမ္သို႔ပင့္၍ ဆြမ္းကပ္ခဲ့သည္။ သကၤန္း စေသာ လွဴဖြယ္မ်ားကိုလည္း လွဴဒါန္းခဲ့သည္။ သရဏဂံုသံုးပါးႏွင့္ ငါးပါးသီလကိုလည္း ခံယူေဆာက္ တည္ခဲ့သည္။ ေဘးအႏၱရာယ္ႀကံဳေတြ႕ေနခ်ိန္အထိ လည္း သရဏဂံုသံုးပါးႏွင့္ ငါးပါးသီလကို မက်ိဳးမ ပ်က္ေအာင္ ဆက္လက္ေစာင့္ေရွာက္ႏိုင္ခဲ့၏။ ၄င္းသည္ စင္ၾကယ္ေသာ ၄င္း၏ သီလႏွင့္ သရဏဂံုကို ယံုၾကည္သည္။ အားကိုးသည္။ ထို႔ေၾကာင့္ သရဏဂံု ႏွင့္ သီလကို ဆင္ျခင္ကာ လာမည့္ေဘးကို ေျပးေတြ႕ ေနျခင္းျဖစ္သည္။

ေလွေပၚရွိ အျခားလူမ်ားသည္ အားကိုးရာမဲ့ စြာျဖင့္ လူးလာေခါက္ျပန္ ဟိုမွသည္မွ သြားလာေန ၾကရင္း ထိုဗုဒၶဘာသာဝင္ လူထူးလူဆန္းအနီးသို႔ ဝိုင္းအံု ေရာက္လာၾက၏။ တည္ၾကည္ၿငိမ္သက္စြာ ရဲရဲတင္းတင္း ထိုင္ေနႏိုင္ျခင္းမွာ အားကိုးရွိ၍သာျဖစ္ ေၾကာင္းကို ရိပ္မိၾက၏။ ထိုအားကိုးအားထားကို ေပး၍ ျဖစ္ႏိုင္လွ်င္ ゞင္းတို႔အားလည္း ေပးရန္ ေတာင္းပန္တိုးလွ်ိဳးၾက၏။

ထိုအခါ ဗုဒၶဘာသာဝင္ ဥပါသကာသည္ ထိုလူ ၇၀ဝ ခန္႔ကို ၁၀ဝ စီ လူစုခြဲလိုက္သည္။ ပထမ အစု၁၀ဝကို သရဏဂံုႏွင့္ ငါးပါးသီလကို ေပး၏။ ေလွႀကီးကား အိုးတည္နစ္၊ နစ္ေနဆဲျဖစ္၏။ ထိုလူ ၁၀ဝ ကို သရဏဂံုႏွင့္ သီလေပးၿပီးခ်ိန္၌ ၄င္းတို႔၏ ေျခဖမိုးေပၚသို႔ ေရေက်ာ္ေနၿပီျဖစ္၏။ ဒုတိယ အုပ္စု ၁၀ဝ အား ေပးၿပီးခ်ိန္တြင္ ဒူးဆစ္သို႔ ေရာက္ေနေပၿပီ။ တတိယအုပ္စုအား ေပးၿပီးခ်ိန္တြင္ ေပါင္ရင္းအထိ၊ စတုတၴအုပ္စုအား ေပးၿပီးခ်ိန္တြင္ ခ်က္အထိ၊ ပဥၥမအုပ္စုအားေပးၿပီးခ်ိန္တြင္ သားျမတ္ အထိ၊ ဆ႒မ အုပ္စုအားေပးၿပီးခ်ိန္တြင္ လည္ပင္း အထိ၊ သတၲမ အုပ္စုအားေပးၿပီးခ်ိန္တြင္ ပါးစပ္ အထိ ဆားငန္ေရမ်ား ေရာက္ရွိလာေလေတာ့သည္။ ေလွသူႀကီး၊ ေလွသားမ်ားအပါအဝင္ လူ ၇၀ဝ လံုးကို သီလေပးၿပီးခ်ိန္၌ ထိုဗုဒၶဘာသာဝင္ ဥပါသကာက ေအာက္ပါအတိုင္း သတိေပးသည္။

“အေမာင္တို႔ …သင္တို႔ ကြ်ႏု္ပ္တို႔မွာ ယခု အခါ အားကိုးအားထားစရာဟူ၍ အျခားဘာမွ်မရွိ ေတာ့။ သင္တို႔ မၾကာမီကမွ ေဆာက္တည္ထား အပ္ေသာ သီလကိုသာ ဆင္ျခင္ႏွလံုးသြင္း၍ အားကိုး လ်က္ ေနၾကေပေတာ့”

အားလံုးေသာ သူတို႔သည္ မိမိသီလကိုသာ ဆင္ျခင္ေနၾက၏။ ထိုသို႔ေသေဘး၏ အနီးကပ္၌ ယူအပ္ေသာ သရဏဂံုႏွင့္ သီလကုသိုလ္ ေစတနာ ၏ အစြမ္းေၾကာင့္ ေသၿပီးေနာက္တြင္ ၄င္းေလွေပၚ ရွိလူ ၇၀ဝ လံုးသည္ တာဝတႎသာနတ္ျပည္သို႔ ေရာက္ ၾကေလသည္။ ထိုသိို႔ တာဝတႎသာသို႔ ေရာက္လာ ၾကၿပီးေနာက္ ၄င္းတို႔၏ အတိတ္ ျဖစ္စဥ္ကို ျပန္လည္၍ ဆင္ျခင္ ၾကေသာအခါ ထိုနတ္မ်ားသည္ ၄င္းတို႔ ၏ေက်းဇူးရွင္ ဥပါသကာ နတ္ကို သတိရၾက၏။ ေက်းဇူးရွင္ ဥပါသကာနတ္ႏွင့္ ေပါင္းသင္းရ သျဖင့္ ရရွိေသာ ခ်မ္းသာကို လည္း ရွင္းရွင္းလင္းလင္းပင္ သိ ၾကရေတာ့သည္။ ၄င္းတို႔ေက်းဇူး ရွင္၏ဂုဏ္ကို ခ်ီးမြမ္းေျပာဆိုၾက၏။

ဤကား သရဏဂံုႏွင့္ ငါးပါးသီလအား ေစာင့္ ထိန္းျခင္း၏ အက်ိဳးေက်းဇူး ခံစားၾကရပံုကို လက္ ေတြ႕သာဓက တစ္ရပ္အေနျဖင့္ တင္ျပလိုက္ရျခင္း ျဖစ္ေပသတည္း။



ေမာင္ဥာဏ္စိန္

က်မ္းကိုးစာရင္း

၁။ သဂါတာဝဂၢသံယုတ္ ျမန္မာဘာသာဋီကာ (အရွင္ကု႑လာဘိဝံသ၊ အမရပူရ၊ မဟာဂႏၶာ႐ံု နာယက ဆရာေတာ္)

၂။ ဗုဒၶဘာသာေကာင္းတစ္ေယာက္

(သာသနာေတာ္ထြန္းကားျပန္႔ပြားေရး ဦးစီးဌာန)

၃။ ျပည္ေထာင္စုနီတိ(ဦးႏု)

သရဏဂုံနှင့် ငါးပါးသီ၏အစွမ်း

ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃရတနာတို့ကို ရတနာသုံးပါးဟု ဗုဒ္ဓဘာသာတို့သည် ခေါ်ဆိုကြ သည်။ ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံတည်သူဟု ခေါ်ဆိုပေသည်။ သရဏဂုံဟူသည်မှာ သရဏဟူ သော စကားမှ ဆင်းသက်လာခြင်းဖြစ်၍ သရဏ ဟူသည်မှာ သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက် ဖျက်ဆီးခြင်းဟု အဓိပ္ပာယ်ရရှိပေသည်။ ထို့ကြောင့် သရဏဂုံ တည်သူတို့မှာ ဘေးဒုက္ခများကို ပယ် ဖျောက်ဖျက်ဆီးနိုင်သူဖြစ်သည့်အပြင် အဆင်းလှ ခြင်း၊ အသက်ရှည်ခြင်း၊ အခြွေအရံပေါများခြင်း စသော အကျိုးများကိုပါ ရရှိနိုင်ပေသည်။

သရဏဂုံ မဆောက်တည်ဘဲ သီလယူနိုင် သော်လည်း သရဏဂုံတည်ပြီးမှ ဆောက်တည်ကျင့် သုံးအပ်သော သီလသည်သာလျှင် ပိုပြီး ကောင်းကျိုး ကြီးမားမြင့်မြတ်သောကြောင့် ရှေးဦးစွာ သရဏဂုံ ဆောက်တည်ပြီးမှသာ ငါးပါးသီလ စသည်တို့ကို ဆောက်တည်ကြပါသည်။

သရဏဂုံ၏ ကောင်းကျိုး အာနိသင်ကား လူ့ဘဝ၊ နတ်ဘဝ၏ ပြည့်စုံခြင်း၊ လူ့စည်းစိမ်၊ နတ် စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ် ချမ်းသာများနှင့် ပြည့်စုံ သည့်အပြင် မဂ်ဖိုလ်၊ နိဗ္ဗာန်တိုင်အောင် ကောင်းကျိုး များကို ပေးနိုင်ပေသည်။

ငါးပါးသီလကိုမူ ဗုဒ္ဓဘာသာဝင်တိုင်း နေ့စဉ် ဆောက်တည်လေ့ရှိကြခြင်းကြောင့် အထူးရေးသား ဖော်ပြရန် လိုအပ်မည် မဟုတ်ပေ။ ငါးပါးသီလကို အရိယကန္တသီလ ဟုလည်းခေါ်သည်။ အရိယတို့ မြတ်နိုးသော သီလဟူသော အဓိပ္ပာယ်ရရှိပေသည်။ အရိယပုဂ္ဂိုလ်တို့မှာ သီလမစင်ကြယ်မှာ၊ သီလပျက် မှာစိုးရိမ်တတ်သည်။ အမြဲတမ်း စင်ကြယ်အောင် စောင့်ထိန်းကြသည်။ ရတနာသုံးပါးနှင့် လုံးဝစင် ကြယ်သည့် ငါးပါးသီလကို တစ်ပါးဟု သတ်မှတ် ပြီး ဓမ္မာဒါသ တရားမှန်လေးပါးဟု ခေါ်ဆိုကြသည်။ ゞင်းတရားမှန်လေးပါးကို သောတာပန်၏ ဂုဏ်အင်္ဂါ တရားလေးပါးဟုလည်း မှတ်ယူသင့်ပေသည်။

ဤနေရာ၌ သဂါထာဝဂ္ဂသံယုတ်တော်တွင် ပါရှိသည့် ကုန်သည်တစ်စုအကြောင်းကို တင်ပြလို ပေသည်။ ပင်လယ်ခရီးတွင် လေနီကြမ်းမိချိန်၌ သရဏဂုံနှင့် ငါးပါးသီလ၏ အစွမ်းကြောင့် ကောင်း ကျိုးချမ်းသာ ခံစားကြရပုံကို အဓိကတင်ပြလိုပေ သည်။

ကုန်သည်တစ်စုသည် ထပ်တူအရောင်းအ ဝယ် ပြုကြရန် လှေကြီးတစ်စင်းဖြင့် သမုဒ္ဒရာ၌ ခရီးနှင်လာကြသည်။ ゞင်းတို့၏ လှေကြီး၌ လှေ သူကြီး၊ လှေသမားမှစ၍ လူ ၇၀ဝ ကျော်ပါဝင်၏။ မည်မျှကြီးမားသော လှေဖြစ်မည်ကို ယခုခေတ် သင်္ဘောကြီးများနှင့် နှိုင်းယှဉ်ခန့်မှန်းနိုင်သည်။ လှေ ကြီးသည် လေအဟုန်နှင့် အဆင်သင့်နေသဖြင့် သမုဒ္ဒရာ ရေပြင်ဝယ် တရိပ်ရိပ်ပြေးလျက်ရှိ၏။



ခရီးထွက်ကြ၍ ခုနစ်ရက်မြောက်သောနေ့ တွင်ကား ကုန်သည်များသည် ကံဆိုးမိုးမှောင်ကျကြ တော့သည်။ မမျှော်လင့်ဘဲ ပြင်းထန်သော လေနီ ကြမ်းသည် ကျရောက်လာတော့သည်။ တိမ်လုံး၊ တောင်လုံးမျှ ပမာဏရှိသော လှိုင်းလုံးကြီးများနှင့် တွေ့ကြုံရတော့သည်။ ရွက်လှေစုတ်၍ တက်တွေ လည်း ကျိုးပဲ့ကုန်လေပြီ။ ရေများသည်လည်း လှေ ကြီးအတွင်းသို့ ဝင်ရောက်လာတော့သည်။ လှေ ကြီးကား အိုးတည်နစ်၊ တဖြည်းဖြည်းနစ်လေပြီ။ လှေပေါ်တွင် ငိုေြွကးသံ၊ တမ်းတသံ၊ ပူဆွေးသံ တို့သည် ပွတ်ပွတ်ညံလျက် ရှိ၏။ နတ်ဒေဝါများအား တိုးလျှိုးတောင်းပန်သံတို့သည်လည်း ဆူညံလျက်ရှိ ကြသည်။

ထိုသို့လှေကြီးတစ်စင်းလုံး အုတ်အုတ်ကျက် ကျက် ဆူပွက်နေသော်လည်း ကုန်သည်တစ်ဦးကမူ လှေကြီးတစ်နေရာ၌ တင်ပျဉ်ခွေဖွဲ့ချလျက်ငြိမ်သက် စွာ ထိုင်နေသည်။ ၎င်းသည် ဗုဒ္ဓဘာသာ တစ် ယောက် ဖြစ်သည်။ ခရီးထွက်ခါနီး၌ ရဟန်းတော် များကို နေအိမ်သို့ပင့်၍ ဆွမ်းကပ်ခဲ့သည်။ သင်္ကန်း စသော လှူဖွယ်များကိုလည်း လှူဒါန်းခဲ့သည်။ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကိုလည်း ခံယူဆောက် တည်ခဲ့သည်။ ဘေးအန္တရာယ်ကြုံတွေ့နေချိန်အထိ လည်း သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို မကျိုးမ ပျက်အောင် ဆက်လက်စောင့်ရှောက်နိုင်ခဲ့၏။ ၎င်းသည် စင်ကြယ်သော ၎င်း၏ သီလနှင့် သရဏဂုံကို ယုံကြည်သည်။ အားကိုးသည်။ ထို့ကြောင့် သရဏဂုံ နှင့် သီလကို ဆင်ခြင်ကာ လာမည့်ဘေးကို ပြေးတွေ့ နေခြင်းဖြစ်သည်။

လှေပေါ်ရှိ အခြားလူများသည် အားကိုးရာမဲ့ စွာဖြင့် လူးလာခေါက်ပြန် ဟိုမှသည်မှ သွားလာနေ ကြရင်း ထိုဗုဒ္ဓဘာသာဝင် လူထူးလူဆန်းအနီးသို့ ဝိုင်းအုံ ရောက်လာကြ၏။ တည်ကြည်ငြိမ်သက်စွာ ရဲရဲတင်းတင်း ထိုင်နေနိုင်ခြင်းမှာ အားကိုးရှိ၍သာဖြစ် ကြောင်းကို ရိပ်မိကြ၏။ ထိုအားကိုးအားထားကို ပေး၍ ဖြစ်နိုင်လျှင် ゞင်းတို့အားလည်း ပေးရန် တောင်းပန်တိုးလျှိုးကြ၏။

ထိုအခါ ဗုဒ္ဓဘာသာဝင် ဥပါသကာသည် ထိုလူ ၇၀ဝ ခန့်ကို ၁၀ဝ စီ လူစုခွဲလိုက်သည်။ ပထမ အစု၁၀ဝကို သရဏဂုံနှင့် ငါးပါးသီလကို ပေး၏။ လှေကြီးကား အိုးတည်နစ်၊ နစ်နေဆဲဖြစ်၏။ ထိုလူ ၁၀ဝ ကို သရဏဂုံနှင့် သီလပေးပြီးချိန်၌ ၎င်းတို့၏ ခြေဖမိုးပေါ်သို့ ရေကျော်နေပြီဖြစ်၏။ ဒုတိယ အုပ်စု ၁၀ဝ အား ပေးပြီးချိန်တွင် ဒူးဆစ်သို့ ရောက်နေပေပြီ။ တတိယအုပ်စုအား ပေးပြီးချိန်တွင် ပေါင်ရင်းအထိ၊ စတုတ္ထအုပ်စုအား ပေးပြီးချိန်တွင် ချက်အထိ၊ ပဉ္စမအုပ်စုအားပေးပြီးချိန်တွင် သားမြတ် အထိ၊ ဆဋ္ဌမ အုပ်စုအားပေးပြီးချိန်တွင် လည်ပင်း အထိ၊ သတ္တမ အုပ်စုအားပေးပြီးချိန်တွင် ပါးစပ် အထိ ဆားငန်ရေများ ရောက်ရှိလာလေတော့သည်။ လှေသူကြီး၊ လှေသားများအပါအဝင် လူ ၇၀ဝ လုံးကို သီလပေးပြီးချိန်၌ ထိုဗုဒ္ဓဘာသာဝင် ဥပါသကာက အောက်ပါအတိုင်း သတိပေးသည်။

“အမောင်တို့ …သင်တို့ ကျွနု်ပ်တို့မှာ ယခု အခါ အားကိုးအားထားစရာဟူ၍ အခြားဘာမျှမရှိ တော့။ သင်တို့ မကြာမီကမှ ဆောက်တည်ထား အပ်သော သီလကိုသာ ဆင်ခြင်နှလုံးသွင်း၍ အားကိုး လျက် နေကြပေတော့”

အားလုံးသော သူတို့သည် မိမိသီလကိုသာ ဆင်ခြင်နေကြ၏။ ထိုသို့သေဘေး၏ အနီးကပ်၌ ယူအပ်သော သရဏဂုံနှင့် သီလကုသိုလ် စေတနာ ၏ အစွမ်းကြောင့် သေပြီးနောက်တွင် ၎င်းလှေပေါ် ရှိလူ ၇၀ဝ လုံးသည် တာဝတိံသာနတ်ပြည်သို့ ရောက် ကြလေသည်။ ထိုသို့ တာဝတိံသာသို့ ရောက်လာ ကြပြီးနောက် ၎င်းတို့၏ အတိတ် ဖြစ်စဉ်ကို ပြန်လည်၍ ဆင်ခြင် ကြသောအခါ ထိုနတ်များသည် ၎င်းတို့ ၏ကျေးဇူးရှင် ဥပါသကာ နတ်ကို သတိရကြ၏။ ကျေးဇူးရှင် ဥပါသကာနတ်နှင့် ပေါင်းသင်းရ သဖြင့် ရရှိသော ချမ်းသာကို လည်း ရှင်းရှင်းလင်းလင်းပင် သိ ကြရတော့သည်။ ၎င်းတို့ကျေးဇူး ရှင်၏ဂုဏ်ကို ချီးမွမ်းပြောဆိုကြ၏။

ဤကား သရဏဂုံနှင့် ငါးပါးသီလအား စောင့် ထိန်းခြင်း၏ အကျိုးကျေးဇူး ခံစားကြရပုံကို လက် တွေ့သာဓက တစ်ရပ်အနေဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပေသတည်း။



မောင်ဉာဏ်စိန်

ကျမ်းကိုးစာရင်း

၁။ သဂါတာဝဂ္ဂသံယုတ် မြန်မာဘာသာဋီကာ (အရှင်ကုဏ္ဍလာဘိဝံသ၊ အမရပူရ၊ မဟာဂန္ဓာရုံ နာယက ဆရာတော်)

၂။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်

(သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန)

၃။ ပြည်ထောင်စုနီတိ(ဦးနု)

Leave a Reply

Your email address will not be published. Required fields are marked *