18.10.2018 မွ 24.10.2018 အထိ တစ္ပတ္စာ

18.10.2018 မွ 24.10.2018 အထိ တစ္ပတ္စာ
၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္း တနဂၤေႏြသားသမီးေတြဟာ အလုပ္နဲ႔ပက္သက္ၿပီး ပူပန္ေၾကာင့္ၾကစရာေတြမ်ားေနတတ္ ပါတယ္။ လုပ္ငန္းခြင္မွာ တာ၀န္ႀကီးႀကီးယူထားရတဲ့သူဆိုရင္ေတာ့ ဖိအားေပးခံရတာေတြမ်ားေနတတ္ပါတယ္။ ၀န္ထမ္းမ်ားလက္ရွိအလုပ္မွာမေပ်ာ္တာ အလုပ္ထြက္ခ်င္ေနတာမ်ိဳးေတြျဖစ္ေနရတတ္ပါတယ္။ ဒီကာလအတြင္း ဖခင္ရဲ့က်န္းမာေရးကိုလဲ ဂရုစိုက္သင့္ပါတယ္။ ႀကံဳလာမဲ့အခက္အခဲေတြကို ေျဖရွင္းႏိုင္မည္ဆိုပါက ေအာင္ျမင္မႈ ေတြပိုမိုရရွိပါလိမ့္မယ္။က်န္းမာေရးကေတာ့အိမ္ထဲေနသူေတြ ဘာမွမျဖစ္ေပမဲ့ ခရီးမ်ားသူေတြကေတာ့ေရာဂါရ လြယ္တဲ့ကာလပါပဲ။ ေငြကံကေတာ့ မဆိုးဘူးလို႔ေျပာရမဲ့အေျခအေနပါပဲ။ အိမ္ေထာင္ေရးကံေကာင္းေပမဲ့ မိသားစု အတြင္းေရးကိစၥေတြမွာ မေၾကလည္စရာေတြမ်ားေနတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔အဆင္ေျပေနခ်ိန္ ပါပဲ။ ခ်စ္သူနဲ႔စီးပြားစပ္တူလုပ္တာမ်ိဳးလဲေကာင္းပါတယ္။ ပညာေရးကေတာ့ ႀကိဳးစားမႈအေပၚမွာပဲ အဓိကမွီခိုေန ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 5/2/9
အထူးေဟာ စိုးရိမ္စရာေတြမ်ားေနတတ္ပါတယ္။
ယၾတာ မိမိရဲ့လာဘ္ဦးလာဘ္ဖ်ားေငြအား ဆြမ္းခ်က္ၿပီး မနက္ေစာေစာ တန္းဆြမ္းေလာင္းလွဴလိုက္ပါ။



တနလၤာ

ဒီကာလမွာမိမိရဲ့ဆႏၵေတြျပည့္ျပည့္လာတတ္ပါတယ္။ ျဖစ္ခ်င္တဲ့ကိစၥေလးေတြအတြက္ အထူး၀ီရိယမစိုက္ ရဘဲ ေအာင္ျမင္ျပည့္ေျမာက္လာပါလိမ့္မယ္။ ႏွစ္ဦးစပ္ သံုးဦးစပ္လုပ္ထားတဲ့ စပ္တူစီးပြားေရးမ်ားအက်ိဳးျဖစ္ထြန္း ေနပါလိမ့္မယ္။ အလွအပနဲ႔ဆိုင္တဲ့လုပ္ငန္းမ်ား လူမ်ားမ်ားနဲ႔ လက္တြဲညီညီပူးတဲြလုပ္ကိုင္ရေသာစီးပြားေရးမ်ား ေအာင္ျမင္မဲ့အခ်ိန္ပါပဲ။ လူမႈေရးကိစၥမ်ား၊ အသင္းအဖြဲ႔ကိစၥမ်ားနဲ႔ ပရဟိတကိစၥေတြမွာလဲ စြမ္းစြမ္းတမံလုပ္ေဆာင္ ႏိုင္ပါလိမ့္မယ္။ ေငြေၾကးအစုလိုက္၀င္မဲ့ကံမ်ိဳးေတြရပါတယ္။ ေပးစရာရွိတဲ့ေငြေၾကးေတြေပးလာႏိုင္သလို၊ ရစရာ ရွိတဲ့ေငြေၾကးေတြလဲ ရလာပါလိမ့္မယ္။ က်န္းမာေရးေကာင္းမြန္ေနပါလိမ့္မယ္။ ကို္ယ္က်န္းမာၿပီး စား၀င္အိပ္ေပ်ာ္ မဲ့ကာလပါပဲ။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ့သ၀န္တိုမႈေတြေၾကာင့္ စိတ္ပင္ပန္းရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့့ အဆင္ေျပႏိုင္သလို ထီ၀ါသနာပါသူေတြဆို ခ်စ္သူနဲ႔ကံစပ္ၿပီး ထီထုိးသင့္ပါတယ္။ ပညာေရး အထူးေကာင္းမြန္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/3/6
အထူးေဟာ ကံျမင့္ေနပါလိမ့္မယ္။
ယၾတာ ကေလးတစ္ဦးကို ေဆာ့စရာကားေလးတစ္စီး၀ယ္ေပးလိုက္ပါ။



အဂၤါ

စိတ္ခ်မ္းေျမ့ ေပ်ာ္ရႊင္ရလိမ့္မယ္။ အေပ်ာ္ခရီးမ်ား မိသားစု ဘုရားဖူးခရီးမ်ား ႀကံဳဆံုရတတ္ပါတယ္။ ေငြကံ ေကာင္းေနတဲ့ကာလျဖစ္တာေၾကာင့္ မိဘေတြကို ထိုက္တန္စြာနဲ႔ကန္ေတာ့ ႏိုင္ပါလိမ့္မယ္။ ဒီကာလမွာစက္ပစၥည္း အသစ္ေတြ၀ယ္ဖို႔စဥ္းစားရင္ေတာ့ ၀ယ္လို္က္ဖို႔အႀကံျပဳခ်င္ပါတယ္။ ေအာက္လက္ငယ္သားေတြဆီကေန အကူ အညီေကာင္းေတြရလာတတ္ပါတယ္။ အနာဂတ္အတြက္ Target ခ်ၿပီးႀကိဳးစားထားတဲ့ အလုပ္ေတြ အေကာင္ အထည္ေဖာ္ေဆာင္ရြက္ ႏိုင္ပါလိမ့္မယ္။က်န္းမာေရးေဒါင္ေဒါင္ျမည္ေနမွာပါ။ ဒါေပမဲ့အိပ္ေရးပ်က္ခံၿပီး အလုပ္လုပ္ တာ၊ အင္တာနက္သံုးတာမ်ိဳးေရွာင္သင့္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ကမိမိကိုမတုိင္ပင္ဘဲ လုပ္တာမ်ိဳးေၾကာင့္ စိတ္ပ်က္ေနမိတတ္ပါတယ္။ အခ်စ္ေရးကံေကာင္းေနတဲ့အျပင္ စန္းပြင့္ၿပီး လူခ်စ္လူခင္မ်ားေန တတ္ပါတယ္။ ပညာေရးမွာေတာ့ မိမိရဲ့ စပ္စုလိုစိ္တ္ သင္ယူလိုစိတ္ေတြေၾကာင့္ အဆင္ေျပမွာပါ။

အက်ိဳးေပးဂဏန္း 3/6/9
အထူးေဟာ လူအမ်ားရဲ့ေလးစားျခင္းကိုခံရပါလိမ့္မယ္။
ယၾတာ ေမြးနံေထာင့္မွာဆီမီးသက္ေစ့ပူေဇာ္ပါ။



ဗုဒၶဟူး

မိမိရဲ့ႀကိဳးစားမႈ ၊မိမိရဲ့ပါးနပ္လိမၼာမႈေတြရွိဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီကာလမွာ လူလိမ္ခံရတတ္တဲ့ ကာလပါပဲ။ လက္မွတ္ထိုးရမဲ့ကိစၥမ်ား အာမခံရမဲ့ကိစၥမ်ား လက္ေရွာင္သင့္တဲ့အခ်ိန္ပါပဲ။ သူမ်ားစကားနားမေယာင္ မိပါေစနဲ႔။ လြယ္လြယ္မယံုမိပါေစနဲ႔။ အသင္းအဖြဲ႔မ်ားတြင္ ဦးေဆာင္ဦးရြက္မလုပ္မိပါေစနဲ႔။ မနာလိုသူေတြမ်ားေနတဲ့အတြက္ ေရွ့ထြက္ျပီး လုပ္ေဆာင္တာမ်ိုးကို ေရွာင္ေစခ်င္ပါတယ္။ ေအးေအးခ်မ္းခ်မ္းနဲ့ အားလပ္ရက္ေတြကို ျဖတ္သန္းမယ္ဆိုရင္ အေကာင္းဆံုးပါပဲ။ က်န္းမာေရးကေတာ့ အညံ့အဆိုးနည္းပါတယ္။ ေလထိုး အစာမေျကတာမ်ိဳ းေလာက္ပဲ ျဖစ္ပါလိမ့္မယ္။ သားသမီးေျကာင့္ စိတ္ညစ္ရတာ ေသာကမ်ားရတာေလးေတြ ေတာ့ ရွိတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က ခရီးမ်ားေနရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ့ အေပ်ာ္ခရီးေလးေတြ သြားျဖစ္ပါလိမ့္မယ္။ ပညာေရးကံအနည္းငယ္ညံ့ေန ဆဲပါပဲ ။

အက်ဳိးေပးဂဏန္း -6/8/0
အထူးေဟာ ကံညံ့ေနမည္
ယျတာ ေကာ္ရည္ေခါက္ဆြဲ ဘုရားကပ္လွဴ ပါ



ၾကာသပေတး

ဒီကာလဟာ အဆင္မေျပစရာေတြၾကံဳၿပီးမွ ေအာင္ျမင္မႈေတြရလာတတ္ပါတယ္။ အခက္အခဲေတြကို ေနာက္မတြန္႔သြားဖို႔ လဲ လိုအပ္ပါတယ္။ မိမိအတြက္ မဟုတ္ဘဲ အမ်ားအတြက္စဥ္းစားၿပီး လုပ္ေပးေနရတတ္ပါတယ္။ ဥပေဒနဲ႔ မလြတ္ကင္းတဲ့ အလုပ္စီးပြားမ်ား ဒီကာလမွာ ဒုကၡေရာက္ပါလိမ့္မယ္။ အားလံုးရဲ႕ ဝိုင္းဝန္းတိုက္တြန္းခ်က္ထက္ မိမိရဲ႕ အေတြး အၾကံကိုသာ ဦးစားေပးလုပ္ေဆာင္ေစခ်င္ပါတယ္။ စပ္တူအလုပ္ေတြမေကာင္းေသးပါဘူး။ က်န္းမာေရးကေတာ့ အစာအိမ္ အူလမ္းေၾကာင္းနဲ႔ ပင္သက္ၿပီး အားနည္းခ်က္ေတြ ရွိေနရတတ္ပါတယ္။ ထမင္းပံုမွန္စားပါ ။ အစာမခံပါနဲ႔။ အမ်ားပိုင္ေငြ မ်ား လာေရာက္အပ္ႏွံတာမ်ိဳး လက္မခံပါနဲ႔။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ ဂ႐ုစိုက္မႈ ၊ယုယၾကင္နာမႈကို ရပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူသစ္ ရည္စားသစ္ဆိုတာမ်ိဳး ၾကံဳရတတ္ပါတယ္။
ပညာေရးမွာေတာ့ ပညာရပ္တစ္ခု စတင္သင္ၾကားလို႔ အေကာင္းဆံုးအခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း 5/6/4
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ ပန္းအျဖဴ ၅ပြင့္ ဘုရားကပ္လွဴ ပါ။



ေသာၾကာ

ဒီကာလအတြင္း ခရီးေကာင္းေတြ သြားရတတ္ပါတယ္။ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူဆို ပိုမိုအက်ိဳး ျဖစ္ထြန္းပါလိမ့္မယ္။ စီးပြားေရးလုပ္ငန္းမ်ားလဲ ေဖာက္သည္သစ္ေတြ ရႏိုင္သလို အလုပ္ေအာ္ဒါေတြလဲ မ်ားေနမဲ့ကာလပါပဲ။ ဝန္ထမ္းမ်ား ရာထူးတိုးျခင္း ေနရာေကာင္းရျခင္းမ်ိဳးေတြ ၾကံဳေတြ႕ရႏိုင္ပါတယ္။ ရပ္ေဝးကသတင္းေကာင္းေတြလဲ ၾကားရတတ္ပါတယ္။က်န္းမာေရးမွာေတာ့ မိမိထက္ မိမိအိိမ္သားေတြ က်န္းမာေရးညံ့ေနတတ္ပါတယ္။ မိမိကေတာ့ က်န္းမာေရး ေဒါင္ေဒါင္ျမည္ပါပဲ။ ေငြေၾကးကံလဲေကာင္းေနတတ္ပါတယ္။ တစ္ခု သတိထားရမွာက
စကားေျပာ ႐ိုင္းစိုင္းျခင္း ၊ ဆဲဆိုျခင္းမ်ိဳးလုပ္မိပါက လာဘ္တိတ္သြားတတ္ပါတယ္။ အိမ္ေထာင္ေရးလဲ သာယာေျဖာင့္ျဖဴ းမဲ့ အခ်ိန္ကာလပါပဲ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူ နဲ႔ အဆင္မေျပတာက ပိုမ်ားေနပါလိမ့္မယ္။ပညာေရးအထူးေကာင္းပါတယ္။ ပညာေရးအတြက္ စိတ္ခ်မ္းေျမ႕ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၆/၉/၁
အထူးေဟာ အလုပ္ေအာင္ျမင္မည္။
ယၾတာ သစ္သီးဆြမ္း ဘုရားကပ္လွဴ ပါ



စေန

ဒီကာလမွာစိတ္ကူးအေကာင္အထည္ေဖာ္ထားတဲ့ကိစၥေတြျဖစ္မလာဘဲ မထင္မွတ္တာေတြပဲ ျဖစ္လာရတတ္ပါတယ္။ မိမိကမီးစင္ျပီးကတတ္တဲ့သူဆိုရင္ေတာ့အဆင္ေျပပါလိမ့္မယ္။ မေမွ်ာ္လင့္ဘဲ ေရာက္လာတဲ့အခြင့္အေရးေတြကိုယူတတ္ဖို႔ပဲလိုပါတယ္။ မိတ္ေဆြတုေတြအနားမွာ၀န္းရံေနတဲ့အတြက္ အေရးၾကီးတဲ့ကိစၥေတြကိုဘယ္သူမွမတိုင္ပင္ဘဲလုပ္သင့္ပါတယ္။က်န္းမာေရးအတြက္ စိတ္ပူပင္ရတာမိ်ဳးရွိတတ္ပါတယ္။ ေရခ်ဳိးမွားျခင္း အပူရွပ္ျခင္းမ်ိဳးေတြမျဖစ္ေအာင္သတိထားေစခ်င္ပါတယ္။ အလုပ္စီးပြားေရးကေတာ့ ေျဖးေျဖးခ်င္းတိုးတတ္မွာပါ။ ေလာဘတၾကီးေငြရွာတာမ်ိဳးမလုပ္မိပါေစနဲ႔။ ေငြ၀င္ေပမဲ့ က်န္းမာေရးေၾကာင့္ေငြကုန္ရတတ္ပါတယ္။ အခ်စ္ေရးကံေကာင္းပါလိမ့္မယ္။ အလုပ္တာ၀န္ေတြမ်ားေနတဲ့ခ်စ္သူကုိ ျပႆ နာမရွာမိပါေစနဲ႔။ ပညာေရးမွာေတာ့ ေက်ာင္းပညာေရးထက္ အသက္ေမြးမႈ ပညာရပ္အသစ္ေတြသင္ၾကားခြင့္ရလာေစတဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၈/၀/၂
အထူးေဟာ နည္းနည္း အလုပ္မ်ားေနမည္။
ယၾတာ က်န္းမာေရးအားနည္းသူကို ေဆးဝါးဓာတ္စာ လွဴ ဒါန္းလိုက္ပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

18.10.2018 မှ 24.10.2018 အထိ တစ်ပတ်စာ
၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း တနင်္ဂနွေသားသမီးတွေဟာ အလုပ်နဲ့ပက်သက်ပြီး ပူပန်ကြောင့်ကြစရာတွေများနေတတ် ပါတယ်။ လုပ်ငန်းခွင်မှာ တာဝန်ကြီးကြီးယူထားရတဲ့သူဆိုရင်တော့ ဖိအားပေးခံရတာတွေများနေတတ်ပါတယ်။ ဝန်ထမ်းများလက်ရှိအလုပ်မှာမပျော်တာ အလုပ်ထွက်ချင်နေတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ ဒီကာလအတွင်း ဖခင်ရဲ့ကျန်းမာရေးကိုလဲ ဂရုစိုက်သင့်ပါတယ်။ ကြုံလာမဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်မည်ဆိုပါက အောင်မြင်မှု တွေပိုမိုရရှိပါလိမ့်မယ်။ကျန်းမာရေးကတော့အိမ်ထဲနေသူတွေ ဘာမှမဖြစ်ပေမဲ့ ခရီးများသူတွေကတော့ရောဂါရ လွယ်တဲ့ကာလပါပဲ။ ငွေကံကတော့ မဆိုးဘူးလို့ပြောရမဲ့အခြေအနေပါပဲ။ အိမ်ထောင်ရေးကံကောင်းပေမဲ့ မိသားစု အတွင်းရေးကိစ္စတွေမှာ မကြေလည်စရာတွေများနေတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့အဆင်ပြေနေချိန် ပါပဲ။ ချစ်သူနဲ့စီးပွားစပ်တူလုပ်တာမျိုးလဲကောင်းပါတယ်။ ပညာရေးကတော့ ကြိုးစားမှုအပေါ်မှာပဲ အဓိကမှီခိုနေ ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/2/9
အထူးဟော စိုးရိမ်စရာတွေများနေတတ်ပါတယ်။
ယတြာ မိမိရဲ့လာဘ်ဦးလာဘ်ဖျားငွေအား ဆွမ်းချက်ပြီး မနက်စောစော တန်းဆွမ်းလောင်းလှူလိုက်ပါ။



တနင်္လာ

ဒီကာလမှာမိမိရဲ့ဆန္ဒတွေပြည့်ပြည့်လာတတ်ပါတယ်။ ဖြစ်ချင်တဲ့ကိစ္စလေးတွေအတွက် အထူးဝီရိယမစိုက် ရဘဲ အောင်မြင်ပြည့်မြောက်လာပါလိမ့်မယ်။ နှစ်ဦးစပ် သုံးဦးစပ်လုပ်ထားတဲ့ စပ်တူစီးပွားရေးများအကျိုးဖြစ်ထွန်း နေပါလိမ့်မယ်။ အလှအပနဲ့ဆိုင်တဲ့လုပ်ငန်းများ လူများများနဲ့ လက်တွဲညီညီပူးတွဲလုပ်ကိုင်ရသောစီးပွားရေးများ အောင်မြင်မဲ့အချိန်ပါပဲ။ လူမှုရေးကိစ္စများ၊ အသင်းအဖွဲ့ကိစ္စများနဲ့ ပရဟိတကိစ္စတွေမှာလဲ စွမ်းစွမ်းတမံလုပ်ဆောင် နိုင်ပါလိမ့်မယ်။ ငွေကြေးအစုလိုက်ဝင်မဲ့ကံမျိုးတွေရပါတယ်။ ပေးစရာရှိတဲ့ငွေကြေးတွေပေးလာနိုင်သလို၊ ရစရာ ရှိတဲ့ငွေကြေးတွေလဲ ရလာပါလိမ့်မယ်။ ကျန်းမာရေးကောင်းမွန်နေပါလိမ့်မယ်။ ကိုယ်ကျန်းမာပြီး စားဝင်အိပ်ပျော် မဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့သဝန်တိုမှုတွေကြောင့် စိတ်ပင်ပန်းရတတ်ပါတယ်။ အချစ်ရေးမှာတော့ အဆင်ပြေနိုင်သလို ထီဝါသနာပါသူတွေဆို ချစ်သူနဲ့ကံစပ်ပြီး ထီထိုးသင့်ပါတယ်။ ပညာရေး အထူးကောင်းမွန်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/6
အထူးဟော ကံမြင့်နေပါလိမ့်မယ်။
ယတြာ ကလေးတစ်ဦးကို ဆော့စရာကားလေးတစ်စီးဝယ်ပေးလိုက်ပါ။



အင်္ဂါ

စိတ်ချမ်းမြေ့ ပျော်ရွှင်ရလိမ့်မယ်။ အပျော်ခရီးများ မိသားစု ဘုရားဖူးခရီးများ ကြုံဆုံရတတ်ပါတယ်။ ငွေကံ ကောင်းနေတဲ့ကာလဖြစ်တာကြောင့် မိဘတွေကို ထိုက်တန်စွာနဲ့ကန်တော့ နိုင်ပါလိမ့်မယ်။ ဒီကာလမှာစက်ပစ္စည်း အသစ်တွေဝယ်ဖို့စဉ်းစားရင်တော့ ဝယ်လိုက်ဖို့အကြံပြုချင်ပါတယ်။ အောက်လက်ငယ်သားတွေဆီကနေ အကူ အညီကောင်းတွေရလာတတ်ပါတယ်။ အနာဂတ်အတွက် Target ချပြီးကြိုးစားထားတဲ့ အလုပ်တွေ အကောင် အထည်ဖော်ဆောင်ရွက် နိုင်ပါလိမ့်မယ်။ကျန်းမာရေးဒေါင်ဒေါင်မြည်နေမှာပါ။ ဒါပေမဲ့အိပ်ရေးပျက်ခံပြီး အလုပ်လုပ် တာ၊ အင်တာနက်သုံးတာမျိုးရှောင်သင့်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကမိမိကိုမတိုင်ပင်ဘဲ လုပ်တာမျိုးကြောင့် စိတ်ပျက်နေမိတတ်ပါတယ်။ အချစ်ရေးကံကောင်းနေတဲ့အပြင် စန်းပွင့်ပြီး လူချစ်လူခင်များနေ တတ်ပါတယ်။ ပညာရေးမှာတော့ မိမိရဲ့ စပ်စုလိုစိတ် သင်ယူလိုစိတ်တွေကြောင့် အဆင်ပြေမှာပါ။

အကျိုးပေးဂဏန်း 3/6/9
အထူးဟော လူအများရဲ့လေးစားခြင်းကိုခံရပါလိမ့်မယ်။
ယတြာ မွေးနံထောင့်မှာဆီမီးသက်စေ့ပူဇော်ပါ။



ဗုဒ္ဓဟူး

မိမိရဲ့ကြိုးစားမှု ၊မိမိရဲ့ပါးနပ်လိမ္မာမှုတွေရှိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလမှာ လူလိမ်ခံရတတ်တဲ့ ကာလပါပဲ။ လက်မှတ်ထိုးရမဲ့ကိစ္စများ အာမခံရမဲ့ကိစ္စများ လက်ရှောင်သင့်တဲ့အချိန်ပါပဲ။ သူများစကားနားမယောင် မိပါစေနဲ့။ လွယ်လွယ်မယုံမိပါစေနဲ့။ အသင်းအဖွဲ့များတွင် ဦးဆောင်ဦးရွက်မလုပ်မိပါစေနဲ့။ မနာလိုသူတွေများနေတဲ့အတွက် ရှေ့ထွက်ပြီး လုပ်ဆောင်တာမျိုးကို ရှောင်စေချင်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ အားလပ်ရက်တွေကို ဖြတ်သန်းမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်းပါတယ်။ လေထိုး အစာမကြေတာမျို းလောက်ပဲ ဖြစ်ပါလိမ့်မယ်။ သားသမီးကြောင့် စိတ်ညစ်ရတာ သောကများရတာလေးတွေ တော့ ရှိတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီးများနေရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အပျော်ခရီးလေးတွေ သွားဖြစ်ပါလိမ့်မယ်။ ပညာရေးကံအနည်းငယ်ညံ့နေ ဆဲပါပဲ ။

အကျိုးပေးဂဏန်း -6/8/0
အထူးဟော ကံညံ့နေမည်
ယတြာ ကော်ရည်ခေါက်ဆွဲ ဘုရားကပ်လှူ ပါ



ကြာသပတေး

ဒီကာလဟာ အဆင်မပြေစရာတွေကြုံပြီးမှ အောင်မြင်မှုတွေရလာတတ်ပါတယ်။ အခက်အခဲတွေကို နောက်မတွန့်သွားဖို့ လဲ လိုအပ်ပါတယ်။ မိမိအတွက် မဟုတ်ဘဲ အများအတွက်စဉ်းစားပြီး လုပ်ပေးနေရတတ်ပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်စီးပွားများ ဒီကာလမှာ ဒုက္ခရောက်ပါလိမ့်မယ်။ အားလုံးရဲ့ ဝိုင်းဝန်းတိုက်တွန်းချက်ထက် မိမိရဲ့ အတွေး အကြံကိုသာ ဦးစားပေးလုပ်ဆောင်စေချင်ပါတယ်။ စပ်တူအလုပ်တွေမကောင်းသေးပါဘူး။ ကျန်းမာရေးကတော့ အစာအိမ် အူလမ်းကြောင်းနဲ့ ပင်သက်ပြီး အားနည်းချက်တွေ ရှိနေရတတ်ပါတယ်။ ထမင်းပုံမှန်စားပါ ။ အစာမခံပါနဲ့။ အများပိုင်ငွေ များ လာရောက်အပ်နှံတာမျိုး လက်မခံပါနဲ့။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ ဂရုစိုက်မှု ၊ယုယကြင်နာမှုကို ရပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူသစ် ရည်စားသစ်ဆိုတာမျိုး ကြုံရတတ်ပါတယ်။
ပညာရေးမှာတော့ ပညာရပ်တစ်ခု စတင်သင်ကြားလို့ အကောင်းဆုံးအချိန်ပါပဲ။

အကျိုးပေးဂဏန်း 5/6/4
အထူးဟော ကံသင့်ပါတယ်။
ယတြာ ပန်းအဖြူ ၅ပွင့် ဘုရားကပ်လှူ ပါ။



သောကြာ

ဒီကာလအတွင်း ခရီးကောင်းတွေ သွားရတတ်ပါတယ်။ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူဆို ပိုမိုအကျိုး ဖြစ်ထွန်းပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းများလဲ ဖောက်သည်သစ်တွေ ရနိုင်သလို အလုပ်အော်ဒါတွေလဲ များနေမဲ့ကာလပါပဲ။ ဝန်ထမ်းများ ရာထူးတိုးခြင်း နေရာကောင်းရခြင်းမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ရပ်ဝေးကသတင်းကောင်းတွေလဲ ကြားရတတ်ပါတယ်။ကျန်းမာရေးမှာတော့ မိမိထက် မိမိအိမ်သားတွေ ကျန်းမာရေးညံ့နေတတ်ပါတယ်။ မိမိကတော့ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲ။ ငွေကြေးကံလဲကောင်းနေတတ်ပါတယ်။ တစ်ခု သတိထားရမှာက
စကားပြော ရိုင်းစိုင်းခြင်း ၊ ဆဲဆိုခြင်းမျိုးလုပ်မိပါက လာဘ်တိတ်သွားတတ်ပါတယ်။ အိမ်ထောင်ရေးလဲ သာယာဖြောင့်ဖြူ းမဲ့ အချိန်ကာလပါပဲ။ အချစ်ရေးမှာတော့ ချစ်သူ နဲ့ အဆင်မပြေတာက ပိုများနေပါလိမ့်မယ်။ပညာရေးအထူးကောင်းပါတယ်။ ပညာရေးအတွက် စိတ်ချမ်းမြေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၉/၁
အထူးဟော အလုပ်အောင်မြင်မည်။
ယတြာ သစ်သီးဆွမ်း ဘုရားကပ်လှူ ပါ



စနေ

ဒီကာလမှာစိတ်ကူးအကောင်အထည်ဖော်ထားတဲ့ကိစ္စတွေဖြစ်မလာဘဲ မထင်မှတ်တာတွေပဲ ဖြစ်လာရတတ်ပါတယ်။ မိမိကမီးစင်ပြီးကတတ်တဲ့သူဆိုရင်တော့အဆင်ပြေပါလိမ့်မယ်။ မမျှော်လင့်ဘဲ ရောက်လာတဲ့အခွင့်အရေးတွေကိုယူတတ်ဖို့ပဲလိုပါတယ်။ မိတ်ဆွေတုတွေအနားမှာဝန်းရံနေတဲ့အတွက် အရေးကြီးတဲ့ကိစ္စတွေကိုဘယ်သူမှမတိုင်ပင်ဘဲလုပ်သင့်ပါတယ်။ကျန်းမာရေးအတွက် စိတ်ပူပင်ရတာမျိုးရှိတတ်ပါတယ်။ ရေချိုးမှားခြင်း အပူရှပ်ခြင်းမျိုးတွေမဖြစ်အောင်သတိထားစေချင်ပါတယ်။ အလုပ်စီးပွားရေးကတော့ ဖြေးဖြေးချင်းတိုးတတ်မှာပါ။ လောဘတကြီးငွေရှာတာမျိုးမလုပ်မိပါစေနဲ့။ ငွေဝင်ပေမဲ့ ကျန်းမာရေးကြောင့်ငွေကုန်ရတတ်ပါတယ်။ အချစ်ရေးကံကောင်းပါလိမ့်မယ်။ အလုပ်တာဝန်တွေများနေတဲ့ချစ်သူကို ပြဿ နာမရှာမိပါစေနဲ့။ ပညာရေးမှာတော့ ကျောင်းပညာရေးထက် အသက်မွေးမှု ပညာရပ်အသစ်တွေသင်ကြားခွင့်ရလာစေတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၈/ဝ/၂
အထူးဟော နည်းနည်း အလုပ်များနေမည်။
ယတြာ ကျန်းမာရေးအားနည်းသူကို ဆေးဝါးဓာတ်စာ လှူ ဒါန်းလိုက်ပါ။

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Leave a Reply

Your email address will not be published. Required fields are marked *