အိပ္စက္ပံု အေနအထားကေျပာတဲ႔ သင့္အေၾကာင္း

အိပ္စက္ပံု အေနအထားကေျပာတဲ႔ သင့္အေၾကာင္း

လူေတြဟာ အိပ္ပံုအိပ္နည္းအမ်ိဳးမ်ိဳးနဲ႔ အိပ္ေလ့ရွိၾကတာပါ။ ဒါေပမယ့္ ကိုယ္အားသန္တဲ႔ အိပ္ပံုအိပ္နည္းကိုေတာ့ ေန႔တုိင္းလိုလို အိပ္စက္ျဖစ္ၾကပါတယ္။ ဥပမာ ဘယ္ဘက္ေစာင္းအိပ္တာမ်ိဳး၊ ညာဘက္ေစာင္းမွအိပ္တတ္တာမ်ိဳး၊ ေမွာက္ရက္ အိပ္ေလ့ရွိတာမ်ိဳးေပါ့။ သင္အျမဲလိုအိပ္စက္ေလ့ရွိတဲ႔ ပံုစံအေနအထားေပၚမူတည္ျပီး သင့္ရဲ႕ စိတ္ခံစားခ်က္ကို သိရွိႏိုင္တာျဖစ္လို႔ ေအာက္မွာေဖာ္ျပထားတဲ႔ အခ်က္ေလးေတြနဲ႔ တုိက္ဆုိင္စစ္ေဆးျပီး သင္ဟာ ဘယ္လိုလူစားျဖစ္တယ္ဆိုတာ ၾကည့္လိုက္ရေအာင္ေနာ္။

A – ပုစြန္တုပ္ေကြးပံုစံအိပ္စက္တတ္သူ

သင္ဟာ တစ္ဖက္ကိုေစာင္းျပီး ဒူးေကြး၊ တံေတာင္ေကြး အိပ္တတ္တယ္ဆုိရင္ေတာ့

အိပ္စက္ပံုနံပါတ္ A နဲ႔ တူညီေနတာျဖစ္ပါတယ္။ ဒီလိုအိပ္စက္ပံုကို လူ ၁၀၀ မွာ ၄၀ ေလာက္က အိပ္စက္ေလ့ရွိတယ္လုိ႔ ဆိုထားပါတယ္။ ဒီလိုပံုစံအိပ္စက္တတ္တဲ႔သင္က အျပင္ပန္းမွာ ၾကမ္းတမ္းေပမယ့္ အတြင္းစိတ္ကေတာ့ ႏူးညံ႔သူျဖစ္ပါတယ္။ သင္ဟာ အံ႔ၾသေလာက္ေအာင္ ရွက္တတ္သူလည္းျဖစ္ျပီး စိတ္လႈပ္ရွားလြယ္သူတစ္ဦးပါ။ စိတ္ပူပန္စရာမလိုတဲ႔ ကိစၥေတြ အေပၚမွာလည္း အေတြးလြန္တတ္သူတစ္ဦးလည္း ျဖစ္ေနျပန္ပါတယ္။


B – ေဘးတုိက္ အေနအထားမွာ ကိုယ္ခႏၶာကို ေျဖာင့္ေျဖာင့္ထားျပီး အိပ္စက္တတ္သူ

သင္ဟာ ေဘးတစ္ဖက္ကိုေစာင္းျပီးအိပ္ေပမယ့္ လက္ေရာ၊ ေျခေထာက္ကိုေရာ စန္႔စန္႔ထားျပီး အိပ္စက္တတ္တယ္ဆုိရင္ေတာ့ အိပ္စက္ပံုနံပါတ္ B နဲ႔ တူညီေနတာျဖစ္ပါတယ္။ ဒီလိုပံုစံအိပ္စက္မႈမ်ိဳးကို ဒုတိယအမ်ားဆံုး ေတြ႔ရတာျဖစ္ျပီး ဒီလိုအိပ္စက္ရတာ ႏွစ္သက္သူေတြက လူမႈဆက္ဆံေရးေကာင္းမြန္ျပီး ေပါင္းသင္းရလြယ္ကူသူေတြျဖစ္ပါတယ္တဲ႔။ လူတုိင္းနဲ႔ စကားလက္ဆံုက်ရတာကို ႏွစ္သက္သူျဖစ္ျပီး လူအုပ္စုကို ႏွစ္သက္သူျဖစ္ပါတယ္။ ယံုၾကည္ရသူေတြျဖစ္ျပီး တစ္ခါတစ္ရံမွာေတာ့ တစ္ျခားသူေတြအေပၚ ကိုယ့္လိုပဲထင္ျပီး အယံုလြယ္လို႔ မၾကာခဏလိမ္ညာခံရတတ္ပါတယ္။


C – ေဘးေစာင္းျပီး ေဘးကို လက္ဆန္႔ထုတ္ အိပ္စက္တတ္သူ

ေဘးတစ္ဖက္ကို ေစာင္းအိပ္ေနတဲ႔ အေနအထားမွာ လက္ေတြကို ဆန္႔ထုတ္ထားတယ္ဆိုရင္ေတာ့ သင္ဟာ ေဖာ္ေရြျပီး ပြင့္လင္းသူတစ္ဦးပါပဲ။ တစ္ခါတစ္ရံမွာေတာ့ သင္ဟာ သံသယမ်ားျပီး အျပစ္ျမင္တတ္သူလည္း ျဖစ္ေနျပန္ပါတယ္။ ဒီလိုအိပ္စက္ပံုပိုင္ရွင္ေတြက ဆံုးျဖတ္္ခ်က္တစ္ခုခ်ဖို႔ကို လိပ္လိုပဲ ေႏွးေကြးေလးလံတတ္ပါေသးတယ္။ သူတို႔ဆံုးျဖတ္ျပီးသား ကိစၥတစ္ခုကိုလည္း ျပဳျပင္ေျပာင္းလဲဖို႔ မစဥ္းစားပါနဲ႔ေတာ့ ဘာလို႔လည္း ဆိုေတာ့ သူတို႔က ေခါင္းမာတတ္သူေတြ ျဖစ္ေနလို႔ပါပဲ။


D – ပက္လက္အေနအထားမွာ စစ္သားေတြလိုအသင့္အေနအထားအိပ္စက္တတ္သူ

ပံုနံပါတ္ D ထဲကလို ပက္လက္အေနအထားရွိျပီး လက္ေတြကို ေဘးတစ္ဖက္တစ္ခ်က္မွာ အလုိက္သင့္ပံုစံ အိပ္စက္တတ္သူေတြက သူတို႔ကိုယ္သူတို႔ နာမည္ေက်ာ္ၾကားေအာင္ လုပ္ႏိုင္စြမ္း ရွိသူေတြပါပဲ။ စိတ္ဓါတ္သန္မာသူေတြျဖစ္ျပီး မလိုအပ္ပဲ ရႈပ္ေထြးေစတဲ႔ အရာေတြကို မႏွစ္သက္ၾကပါဘူး။ တိတ္တိတ္ဆိတ္ဆိတ္ ေနတတ္ၾကျပီး ကိစၥတိုင္းအေပၚ သာမန္ေတြးေလ့မရွိပဲ အေလးအနက္ေတြးေလ့ရွိပါတယ္။ သူကိုယ္တုိင္နဲ႔ သူ႔ပတ္ဝန္းက်င္ကသူေတြအေပၚ ေမွ်ာ္လင့္ခ်က္ၾကီးၾကီးမားမား ထားရွိတတ္သူျဖစ္ျပီး အိပ္တဲ႔အခါ အသံက်ယ္က်ယ္ေဟာက္ေလ့ရွိသူေတြလည္း ျဖစ္ပါတယ္။


E – ေခါင္းအံုးေပၚလက္တင္ျပီး ေမွာက္ရက္ အိပ္တတ္သူ

ပံုနံပါတ္ E ထဲကလိုအိပ္တတ္သူကေတာ့ ပြင့္လင္းျပီး၊ အေပါင္းအသင္းမက္သူတစ္ဦးပါပဲ။ သူ႔ကိုၾကည့္လိုက္ရင္ အျမဲလိုေပ်ာ္ရႊင္ျမဴးတူးေနတတ္ျပီး ေပါင္းသင္းဆက္ဆံေရးလည္း ေကာင္းသူျဖစ္ပါတယ္။ သူတို႔ဟာ ေပ့ါေပါ့ပါးပါးနဲ႔ ဘာကိုမွဂရုမစိုက္သလို ထင္ရေပမယ့္ သူတို႔အတြင္းစိတ္မွာ ဖံုးကြယ္ထားတဲ႔ စိတ္ပူပန္မႈေတြ၊ ျပင္းျပတဲ႔ ဆႏၵေတြ ရွိေနတတ္ပါတယ္။ သူတို႔ဟာ စြန္႔စားမႈကို ႏွစ္သက္သူေတြျဖစ္ျပီး တစ္ခါတစ္ရံမွာ အံ့ၾသေလာက္ေအာင္ ဆတ္ဆတ္ထိမခံတဲ႔သူေတြ ျဖစ္ေနတတ္ၾကပါေသးတယ္။


F – ပက္လက္အိပ္တတ္သူ

သင္ဟာ ပက္လက္အိပ္တတ္သူတစ္ဦးဆုိရင္ေတာ့ လက္ရွိဘဝအေပၚ ေနေပ်ာ္သူျဖစ္ျပီး အေကာင္းျမင္တတ္သူတစ္ဦးပါပဲ။ လုပ္ငန္းခြင္မွာ အားလံုးရဲ႕ အာရံုစိုက္ခံရတတ္ေလ့ရွိျပီး လုပ္ငန္းခြင္ကို ခ်စ္ခင္ႏွစ္သက္တတ္သူတစ္ဦးလည္း ျဖစ္ပါတယ္။ ေခါင္းမာတတ္သူျဖစ္ျပီး အမွန္တရားဘက္ကပဲ ရပ္တည္ေလ့ရွိပါတယ္။ ဒီလိုပံုစံအိပ္စက္တတ္သူ အမ်ားစုက ကိုယ္ရည္ကိုယ္ေသြး ေကာင္းမြန္ေလ့ရွိၾကပါတယ္။

Source- Selfiequiz.com

lotaya

အိပ်စက်ပုံ အနေအထားကပြောတဲ့ သင့်အကြောင်း

အိပ်စက်ပုံ အနေအထားကပြောတဲ့ သင့်အကြောင်း

လူတွေဟာ အိပ်ပုံအိပ်နည်းအမျိုးမျိုးနဲ့ အိပ်လေ့ရှိကြတာပါ။ ဒါပေမယ့် ကိုယ်အားသန်တဲ့ အိပ်ပုံအိပ်နည်းကိုတော့ နေ့တိုင်းလိုလို အိပ်စက်ဖြစ်ကြပါတယ်။ ဥပမာ ဘယ်ဘက်စောင်းအိပ်တာမျိုး၊ ညာဘက်စောင်းမှအိပ်တတ်တာမျိုး၊ မှောက်ရက် အိပ်လေ့ရှိတာမျိုးပေါ့။ သင်အမြဲလိုအိပ်စက်လေ့ရှိတဲ့ ပုံစံအနေအထားပေါ်မူတည်ပြီး သင့်ရဲ့ စိတ်ခံစားချက်ကို သိရှိနိုင်တာဖြစ်လို့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး သင်ဟာ ဘယ်လိုလူစားဖြစ်တယ်ဆိုတာ ကြည့်လိုက်ရအောင်နော်။


A – ပုစွန်တုပ်ကွေးပုံစံအိပ်စက်တတ်သူ

သင်ဟာ တစ်ဖက်ကိုစောင်းပြီး ဒူးကွေး၊ တံတောင်ကွေး အိပ်တတ်တယ်ဆိုရင်တော့

အိပ်စက်ပုံနံပါတ် A နဲ့ တူညီနေတာဖြစ်ပါတယ်။ ဒီလိုအိပ်စက်ပုံကို လူ ၁၀၀ မှာ ၄၀ လောက်က အိပ်စက်လေ့ရှိတယ်လို့ ဆိုထားပါတယ်။ ဒီလိုပုံစံအိပ်စက်တတ်တဲ့သင်က အပြင်ပန်းမှာ ကြမ်းတမ်းပေမယ့် အတွင်းစိတ်ကတော့ နူးညံ့သူဖြစ်ပါတယ်။ သင်ဟာ အံ့သြလောက်အောင် ရှက်တတ်သူလည်းဖြစ်ပြီး စိတ်လှုပ်ရှားလွယ်သူတစ်ဦးပါ။ စိတ်ပူပန်စရာမလိုတဲ့ ကိစ္စတွေ အပေါ်မှာလည်း အတွေးလွန်တတ်သူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။


B – ဘေးတိုက် အနေအထားမှာ ကိုယ်ခန္ဓာကို ဖြောင့်ဖြောင့်ထားပြီး အိပ်စက်တတ်သူ

သင်ဟာ ဘေးတစ်ဖက်ကိုစောင်းပြီးအိပ်ပေမယ့် လက်ရော၊ ခြေထောက်ကိုရော စန့်စန့်ထားပြီး အိပ်စက်တတ်တယ်ဆိုရင်တော့ အိပ်စက်ပုံနံပါတ် B နဲ့ တူညီနေတာဖြစ်ပါတယ်။ ဒီလိုပုံစံအိပ်စက်မှုမျိုးကို ဒုတိယအများဆုံး တွေ့ရတာဖြစ်ပြီး ဒီလိုအိပ်စက်ရတာ နှစ်သက်သူတွေက လူမှုဆက်ဆံရေးကောင်းမွန်ပြီး ပေါင်းသင်းရလွယ်ကူသူတွေဖြစ်ပါတယ်တဲ့။ လူတိုင်းနဲ့ စကားလက်ဆုံကျရတာကို နှစ်သက်သူဖြစ်ပြီး လူအုပ်စုကို နှစ်သက်သူဖြစ်ပါတယ်။ ယုံကြည်ရသူတွေဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ တစ်ခြားသူတွေအပေါ် ကိုယ့်လိုပဲထင်ပြီး အယုံလွယ်လို့ မကြာခဏလိမ်ညာခံရတတ်ပါတယ်။


C – ဘေးစောင်းပြီး ဘေးကို လက်ဆန့်ထုတ် အိပ်စက်တတ်သူ

ဘေးတစ်ဖက်ကို စောင်းအိပ်နေတဲ့ အနေအထားမှာ လက်တွေကို ဆန့်ထုတ်ထားတယ်ဆိုရင်တော့ သင်ဟာ ဖော်ရွေပြီး ပွင့်လင်းသူတစ်ဦးပါပဲ။ တစ်ခါတစ်ရံမှာတော့ သင်ဟာ သံသယများပြီး အပြစ်မြင်တတ်သူလည်း ဖြစ်နေပြန်ပါတယ်။ ဒီလိုအိပ်စက်ပုံပိုင်ရှင်တွေက ဆုံးဖြတ်ချက်တစ်ခုချဖို့ကို လိပ်လိုပဲ နှေးကွေးလေးလံတတ်ပါသေးတယ်။ သူတို့ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကိုလည်း ပြုပြင်ပြောင်းလဲဖို့ မစဉ်းစားပါနဲ့တော့ ဘာလို့လည်း ဆိုတော့ သူတို့က ခေါင်းမာတတ်သူတွေ ဖြစ်နေလို့ပါပဲ။


D – ပက်လက်အနေအထားမှာ စစ်သားတွေလိုအသင့်အနေအထားအိပ်စက်တတ်သူ

ပုံနံပါတ် D ထဲကလို ပက်လက်အနေအထားရှိပြီး လက်တွေကို ဘေးတစ်ဖက်တစ်ချက်မှာ အလိုက်သင့်ပုံစံ အိပ်စက်တတ်သူတွေက သူတို့ကိုယ်သူတို့ နာမည်ကျော်ကြားအောင် လုပ်နိုင်စွမ်း ရှိသူတွေပါပဲ။ စိတ်ဓါတ်သန်မာသူတွေဖြစ်ပြီး မလိုအပ်ပဲ ရှုပ်ထွေးစေတဲ့ အရာတွေကို မနှစ်သက်ကြပါဘူး။ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြပြီး ကိစ္စတိုင်းအပေါ် သာမန်တွေးလေ့မရှိပဲ အလေးအနက်တွေးလေ့ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သူ့ပတ်ဝန်းကျင်ကသူတွေအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိတတ်သူဖြစ်ပြီး အိပ်တဲ့အခါ အသံကျယ်ကျယ်ဟောက်လေ့ရှိသူတွေလည်း ဖြစ်ပါတယ်။


E – ခေါင်းအုံးပေါ်လက်တင်ပြီး မှောက်ရက် အိပ်တတ်သူ

ပုံနံပါတ် E ထဲကလိုအိပ်တတ်သူကတော့ ပွင့်လင်းပြီး၊ အပေါင်းအသင်းမက်သူတစ်ဦးပါပဲ။ သူ့ကိုကြည့်လိုက်ရင် အမြဲလိုပျော်ရွှင်မြူးတူးနေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းသူဖြစ်ပါတယ်။ သူတို့ဟာ ပေ့ါပေါ့ပါးပါးနဲ့ ဘာကိုမှဂရုမစိုက်သလို ထင်ရပေမယ့် သူတို့အတွင်းစိတ်မှာ ဖုံးကွယ်ထားတဲ့ စိတ်ပူပန်မှုတွေ၊ ပြင်းပြတဲ့ ဆန္ဒတွေ ရှိနေတတ်ပါတယ်။ သူတို့ဟာ စွန့်စားမှုကို နှစ်သက်သူတွေဖြစ်ပြီး တစ်ခါတစ်ရံမှာ အံ့သြလောက်အောင် ဆတ်ဆတ်ထိမခံတဲ့သူတွေ ဖြစ်နေတတ်ကြပါသေးတယ်။


F – ပက်လက်အိပ်တတ်သူ

သင်ဟာ ပက်လက်အိပ်တတ်သူတစ်ဦးဆိုရင်တော့ လက်ရှိဘဝအပေါ် နေပျော်သူဖြစ်ပြီး အကောင်းမြင်တတ်သူတစ်ဦးပါပဲ။ လုပ်ငန်းခွင်မှာ အားလုံးရဲ့ အာရုံစိုက်ခံရတတ်လေ့ရှိပြီး လုပ်ငန်းခွင်ကို ချစ်ခင်နှစ်သက်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ခေါင်းမာတတ်သူဖြစ်ပြီး အမှန်တရားဘက်ကပဲ ရပ်တည်လေ့ရှိပါတယ်။ ဒီလိုပုံစံအိပ်စက်တတ်သူ အများစုက ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်လေ့ရှိကြပါတယ်။

Source- Selfiequiz.com

lotaya

Leave a Reply

Your email address will not be published. Required fields are marked *