ကထိန္အေၾကာင္း သိေကာင္းစရာ

ကထိန္အေၾကာင္း သိေကာင္းစရာ
===================

မၾကာမီ သီတင္းကၽြတ္ေတာ့မွာ ျဖစ္သလုိ ပုရိမ၀ါဆုိ၀ါကပ္ ျပဳေတာ္မူေနၾကတဲ့ သံဃာေတာ္အရွင္ ျမတ္မ်ားရဲ႕ ၀ါတြင္းကာလလည္း ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။ သီတင္းကၽြတ္ၿပီးတဲ့ေနာက္ ျမန္မာဗုဒၶဘာသာ၀င္ေတြ အတြက္ ဘာသာေရးဆုိင္ရာ ကုသုိလ္ပဲြတစ္ခုအျဖစ္ ကထိန္အလွဴပဲြေတြက ထပ္ၿပီးေရာက္လာၾကေတာ့မွာ ျဖစ္ပါတယ္။ သီတင္းကၽြတ္ လျပည့္ေက်ာ္ (၁)ရက္ေန႔ကစၿပီး တန္ေဆာင္မုန္း လျပည့္ေန႔အထိ (၁)လတာ ကာလကုိ ကထိန္အလွဴပဲြ က်င္းပရာ ကာလအျဖစ္ သတ္မွတ္ၾကကာ ျမန္မာႏုိင္ငံတ၀ွန္းလုံးရွိ အနယ္နယ္အရပ္ရပ္မွာ ကထိန္ပဲြေတြကုိ ႀကီးႀကီးက်ယ္က်ယ္ ခမ္းခမ္းနားနား က်င္းပျပဳလုပ္ၾကေတာ့မွာ ျဖစ္ပါတယ္။

ကထိန္ပြဲေတြ လုပ္ၾကေတာ့မယ္ဆုိေတာ့ ဘာရယ္မဟုတ္ဘူး သူ႔ထက္ငါ အၿပိဳင္အဆုိင္ လုပ္ခ်င္ၾကတာပဲ သိတာမ်ားေနၿပီး ဘာေၾကာင့္လုပ္တယ္၊ ဘယ္လုိအဓိပၸါယ္နဲ႔ လုပ္ၾကတယ္ဆုိတာ အေတာ္မ်ားမ်ား မသိၾကဘူး ျဖစ္ေနတတ္ပါတယ္။ ကထိန္ဆုိရင္ ပေဒသာပင္ႀကီးေတြ သီးၿပီး ဆုိင္းသံဘုံသံ တညံညံနဲ႔ အနယ္နယ္အရပ္ရပ္မွာ လွည့္လည္ကာ ေနာက္ဆုံးဘုန္းႀကီးေက်ာင္းကုိ ပုိ႔ေဆာင္လွဴဒါန္းၾကတဲ့ပဲြလုိ႔ အမ်ားက သိေနတတ္ၾကပါတယ္။ ကထိန္ဆုိတာဘာလဲ…၊ ဘာေၾကာင့္ ဒီအလွဴကုိ ကထိန္လုိ႔ ေခၚတာလဲ…၊ ကထိန္ခင္းတယ္ဆုိတာ ဘာကုိေျပာတာလဲ… စသျဖင့္ ေမးလာခဲ့မယ္ဆုိရင္ေတာ့ တိတိက်က် ေျပာဆုိရွင္းျပဖုိ႔ ခက္တတ္ၾကပါတယ္။ ဒါေၾကာင့္ ကထိန္နဲ႔ ပတ္သက္တဲ့ သိသင့္သိထုိက္တာေလးေတြ သိထားဖုိ႔ ကထိန္အေၾကာင္း သိေကာင္းစရာ ဆုိတဲ့ ဒီပုိ႔စ္ေလးကုိ ကထိန္ကာလ မတုိင္မီ ႀကိဳတင္ေရးသားတင္ျပရျခင္း ျဖစ္ပါတယ္။

ကထိန္ျဖစ္ေပၚလာပုံ

ျမတ္စြာဘုရားရွင္ သာ၀တၳိျပည္၊ ေဇတ၀န္ ေက်ာင္းေတာ္မွာ သီတင္းသုံးေနေတာ္မူေနတဲ့ အခ်ိန္တုန္းက ျဖစ္ပါတယ္။ အာရညကဓုတင္၊ ပိ႑ပါတဓုတင္၊ ပံ့သုကူဓုတင္၊ တိစီ၀ရိတ္ဓုတင္ကုိ ေဆာက္တည္ၾကတဲ့ ပါေ၀ယ်ကတုိင္းသား ရဟန္းေတာ္ အပါးသုံးဆယ္ဟာ ျမတ္စြာဘုရားရွင္ကုိ ဖူးေမွ်ာ္ဖုိ႔ အလြန္ေ၀းတဲ့ အရပ္ကေန သာ၀တၳိျပည္ကုိလာရင္း လမ္းမွာ၀ါဆုိရမယ့္ေန႔ နီးလာတဲ့အတြက္ သာ၀တၳိျပည္အထိ မသြားႏုိင္ေတာ့ဘဲ သာ၀တၳိျပည္နဲ႔ ယူဇနာ (၆၀)ေ၀းကြာတဲ့ သာေကတၿမိဳ႕မွာပဲ ၀ါဆုိလုိက္ရတဲ့ အျဖစ္နဲ႔ ႀကံဳခဲ့ရပါတယ္။ အဲဒီရဟန္းေတာ္မ်ားဟာ ဘုရားရွင္သီတင္းသုံးေတာ္မူရာ သာ၀တၳိျပည္အနီးမွာ ေရာက္ေနၿပီးမွ ဘုရားရွင္ကုိ မဖူးေမွ်ာ္ရပဲ ၀ါဆုိေနရတဲ့အတြက္ စိတ္ႏွလုံး မေပ်ာ္ေမြ႕ပဲ ျဖစ္ခဲ့ရပါတယ္။ ဒီလုိနဲ႔ ၀ါကၽြတ္တဲ့အခါ ဘုရားရွိရာ အရပ္ကုိ ထြက္လာခဲ့ၾကပါတယ္။ လမ္းခရီးမွာ မုိးကလည္း အလြန္ႀကီးတဲ့အတြက္ အဲဒီရဟန္းမ်ား ၀တ္႐ုံထားတဲ့ သကၤန္းနဲ႔ ဓုတင္ေဆာင္ ႏွစ္ထပ္သကၤန္းမ်ားဟာ မိုးေရမ်ားနဲ႔ အရမ္းကုိ စုိရြဲေနၾကပါတယ္။ ဘုရားထံေမွာက္ ေရာက္လာၾကတဲ့ အဲဒီရဟန္းေတာ္မ်ားကုိ ဘုရားရွင္က ၀ါတြင္းကာလ ခ်မ္းခ်မ္းသာသာ သီတင္းသုံးခဲ့ရမႈ ရွိမရွိ ေမးျမန္းတဲ့အခါ ပါေ၀ယ်ကတုိင္းသား ရဟန္းေတာ္ အပါးသုံးဆယ္ဟာ မိမိတုိ႔ရဲ႕ အျဖစ္ကုိ အက်ိဳးအေၾကာင္း ေလွ်ာက္ျပပါတယ္။

ဒီလုိ ရဟန္းေတာ္တုိ႔ရဲ႕ အခက္အခဲ အေျခအေနမ်ားေၾကာင့္ ျမတ္စြာဘုရားရွင္က “ရဟန္းတုိ႔ ၀ါကၽြတ္ၿပီးေသာ ရဟန္းတုိ႔အား ကထိန္ခင္းျခင္းငွါ ခြင့္ျပဳ၏၊ ရဟန္းတုိ႔ ကထိန္ခင္းၿပီးေသာ ရဟန္းတုိ႔အား ထင္ရွားရွိေသာ ရဟန္းကုိ မပန္ၾကားဘဲ ဒါယကာ အိမ္သုိ႔သြားႏုိင္ျခင္း၊ တိစီ၀ရိတ္ အဓိ႒ာန္တင္ထားေသာ သကၤန္းကုိ မယူဘဲ သြားႏုိင္ျခင္း၊ ဂဏေဘာဇဥ္ကုိ စားႏုိင္ျခင္း၊ အလုိရွိတုိင္း အဓိ႒ာန္ ၀ိကပၸနာမျပဳေသာ သကၤန္းကုိ ေဆာင္ႏုိင္ျခင္း၊ ထုိကထိန္းခင္းေသာ ေက်ာင္း၌ သကၤန္းျဖစ္ေပၚလာတုိင္း ကထိန္ခင္းေသာ ရဟန္းတုိ႔အား ျဖစ္ရျခင္းဟူေသာ ဤငါးပါးေသာ အာနိသင္တုိ႔ ရကုန္၏” စသျဖင့္ မိန္႔ေတာ္မူကာ ကထိန္ခင္းျခင္းကုိ ခြင့္ျပဳေတာ္မူပါတယ္။ ဒါဟာ ကထိန္ခင္းျခင္းနဲ႔ ကထိန္သကၤန္းအလွဴ ျဖစ္ေပၚမႈရဲ႕ အစပဲ ျဖစ္ပါတယ္။


ကထိန္ဆုိတာ

ကထိန္ဆုိတာ ကထိနဆုိတဲ့ ပါဠိစကားကုိ ျမန္မာမႈျပဳၿပီး အလြယ္အသုံးျပဳထားတဲ့ ပါဠိပ်က္ ေ၀ါဟာရစကားလုံး ျဖစ္ပါတယ္။ ကထိနရဲ႕ အဓိပၸါယ္က ခုိင္ၿမဲျခင္း၊ ၿမဲၿမံျခင္းလုိ႔ အဓိပၸါယ္ရပါတယ္။ ဆုိလုိတာက ကထိန္ဆုိတာ ၀ါဆုိလျပည့္ေက်ာ္ (၁)ရက္ေန႔ကစၿပီး သီတင္းကၽြတ္လျပည့္ေန႔ အထိ (၃)လတာ ၀ါဆုိ၀ါကပ္ ျပဳေတာ္မူၿပီးၾကတဲ့ ရဟန္းေတာ္မ်ားအား သကၤန္းဆက္ကပ္လွဴဒါန္းၿပီး ဒီသကၤန္းကုိ အလွဴခံ ရရွိတဲ့ ရဟန္းေတာ္မ်ားဟာ ဒီသကၤန္းကုိ အေၾကာင္းျပဳကာ ၀ိနည္းေတာ္မ်ားထဲက သိကၡာပုဒ္အခ်ိဳ႕ကုိ ကာလအပုိင္းအျခား တစ္ခုအေနနဲ႔ ကင္းလႊတ္ခြင့္ဆုိတဲ့ အက်ိဳးအာနိသင္ကုိ ေသခ်ာေပါက္ ခုိင္ခုိင္ၿမဲၿမဲ ရေစႏုိင္တဲ့ အတြက္ ကထိန- ကထိန္လုိ႔ ဆုိတာ ျဖစ္ပါတယ္။ ဒီကထိန္ခင္းတာဟာ အ၀တ္သကၤန္းနဲ႔သာ ကထိန္ခင္းႏုိင္တဲ့ အလွဴျဖစ္တဲ့အတြက္ ဒီသကၤန္းကိုလည္း ကထိန္သကၤန္း၊ ဒီအလွဴကုိလည္း ကထိန္အလွဴလုိ႔ ဆုိျခင္းျဖစ္ပါတယ္။

ကထိန္ခင္းတယ္ဆုိတာ

ဘယ္ၿမိဳ၊ ဘယ္ေက်ာင္းမွာ ကထိန္သြားခင္းမလုိ႔ ဆုိတဲ့ အေျပာအဆုိအသုံး အႏႈန္းကုိ လူအေတာ္မ်ားမ်ား ေျပာဆုိသုံးစဲြတတ္ပါတယ္။ တကယ္ေတာ့ ကထိန္ခင္းတာဟာ လူေတြက ခင္းရတာမဟုတ္ပါဘူး။ ရဟန္းေတာ္မ်ားကသာ ခင္းရတာ ျဖစ္ပါတယ္။ လူေတြက ရဟန္းေတာ္မ်ား ကထိန္ခင္းႏုိင္ေအာင္ သကၤန္းကုိ လွဴဒါန္းေပးတဲ့ ကထိန္သကၤန္း အလွဴရွင္အျဖစ္ပဲ ခံယူႏုိင္တာ ျဖစ္ပါတယ္။ ကထိန္ခင္းတာဟာ သံဃာေတာ္မ်ားရဲ႕ အလုပ္ပဲ ျဖစ္ပါတယ္။ ကထိန္ခင္းဖုိ႔အတြက္ သံဃႆေဒမ ဆုိၿပီး လွဴဒါန္းလုိက္တဲ့ ဒီသကၤန္းကုိ သံဃာေတာ္မ်ားက သိမ္ထဲမွာ ကထိန္သကၤန္း အလွဴခံမယ့္ ေက်ာင္းမွာရွိတဲ့ ရဟန္းေတာ္တစ္ပါးကုိ သံဃာအမ်ား သေဘာတူမႈနဲ႔ ေရြးခ်ယ္ၿပီး သကၤန္းအလွဴရွင္မ်ား လွဴဒါန္းထားတဲ့ အဲဒီသကၤန္းကုိ ကမၼ၀ါစာနဲ႔ ရြတ္ဖတ္ကာ ေပးၾကရပါတယ္။ အဲဒီလုိ ကမၼ၀ါစာနဲ႔ ေရြးခ်ယ္ေပးလာတဲ့ သကၤန္းကုိ အလွဴခံရရွိလာတဲ့ ရဟန္းေတာ္ဟာ မိမိ၀ါဆုိရာေက်ာင္းမွာ ျပန္ၿပီးဒီသကၤန္းကုိ ခင္းရပါတယ္။

ခင္းတယ္ဆုိတာ သကၤန္းကုိ ေအာက္မွာခ်ခင္းတာ မဟုတ္ပါဘူး။ စြန္႔သင့္တဲ့သကၤန္းကုိ စြန္႔၊ အဓိ႒ာန္တင္သင့္တဲ့ သကၤန္းကုိ တင္ၿပီး လက္ရွိအလွဴခံ ရရွိလာတဲ့ သကၤန္းကုိ ၀ိနည္းေၾကာင္းအရ လုိက္နာျပဳက်င့္တာကုိ ေျပာတာျဖစ္ပါတယ္။ အဲဒီခင္းထားတဲ့ အက်ိဳးအာနိသင္ကုိလည္း အဲဒီေက်ာင္းတုိက္မွာ ရွိတဲ့ အျခားသံဃာေတာ္မ်ားကုိ အႏုေမာဓနာျပဳ သာဓုေခၚေစၿပီး ၀ိနည္းေၾကာင္းအရ သတ္မွတ္ထားတဲ့ ကထိန္အာနိသင္ ငါးမ်ိဳးကုိ အညီအမွ် ရေစတာျဖစ္ပါတယ္။ ဒီလုိ ကမၼ၀ါစာနဲ႔ သကၤန္းေပးၿပီး မိမိ၀ါဆုိရာ ေက်ာင္းတုိက္မွာ ကထိန္ျပန္ခင္းကာ အတူတူ၀ါဆုိ၀ါကပ္ ျပဳၾကတဲ့ အျခားရဟန္းေတာ္မ်ားနဲ႔အတူ အက်ိဳးအာနိသင္ကုိ ရယူတဲ့ အစီအစဥ္ကုိပဲ ၿခဳံငုံၿပီး ကထိန္ခင္းတယ္လုိ႔ ဆုိျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ကထိန္ခင္းတယ္ဆုိတာ လူေတြက ခင္းရတာမဟုတ္ဘဲ ကထိန္ခံ ရဟန္းက ခင္းရတာလုိ႔ ဆုိျခင္းျဖစ္ပါတယ္။

ၿပီးေတာ့ ကထိန္းသကၤန္းဟာ ဒီေန႔အလွဴခံၿပီး ဒီေန႔ပဲ အၿပီးကံေဆာင္ကာ ခင္းရတာျဖစ္ပါတယ္။ ဒီေန႔အလွဴခံၿပီး ေနာက္ေန႔ေတြမွ ခင္းရင္ ကထိန္ခင္းရာ မေျမာက္ပါဘူး။ မသုိးသကၤန္းဆုိတာ ညလြန္သြားတဲ့ သကၤန္းမ်ိဳး မဟုတ္တာကုိ ေျပာတာ ျဖစ္ပါတယ္။ ဒီလုိ မသုိးသကၤန္းျဖစ္မွလည္း ကထိန္ခင္းႏုိင္တာ ျဖစ္ပါတယ္။ သကၤန္းကလဲြၿပီး တစ္ျခားပစၥည္းမ်ားနဲ႔လည္း ကထိန္ခင္းလုိ႔ မရပါဘူး။ ဒီလုိဆုိေတာ့ တျခားပေပဒသာပင္ သီးၿပီးလွဴတဲ့ အလွဴပစၥည္းမ်ားဟာ အျခံအရံ လွဴဖြယ္ပစၥည္းမ်ားပဲ ျဖစ္ပါတယ္။ ဒီပစၥည္းမ်ား၊ ပေဒသာပင္မ်ားဟာ ကထိန္ခင္းထုိက္တဲ့ အရာမ်ား မဟုတ္ပါဘူး။ အလုိရွိသလုိ အသုံးျပဳႏုိင္တဲ့ အသုံးအေဆာင္ပစၥည္း အလွဴမ်ားပဲ ျဖစ္ပါတယ္။


ကထိန္ခင္းႏုိင္တဲ့ သကၤန္းနဲ႔ ကထိန္သကၤန္းလွဴဒါန္းႏုိင္သူမ်ား

၀ိနည္းေၾကာင္းအရ ကထိန္းခင္းႏုိင္တဲ့ သကၤန္းအမ်ိဳးအစားဟာ ႀကိဳတင္လွဴဒါန္းထားျခင္း မဟုတ္ဘဲ သီတင္းကၽြတ္လျပည့္ေက်ာ္ (၁)ရက္ေန႔မွ တန္ေဆာင္မုန္းလျပည့္ေန႔အထိ တစ္လအတြင္းမွာ လွဴဒါန္းတဲ့ ဒီေန႔လွဴ ဒီေန႔ခင္းရမယ့္ ညမလြန္တဲ့ မသုိးသကၤန္း ျဖစ္ရပါမယ္။ အဲဒီလုိ သကၤန္းမ်ိဳးဆုိရင္္ သကၤန္းသုံးထည္လုိ႔ ေခၚတဲ့ အေပၚ႐ုံ ကုိယ္၀တ္ ဧကသီသကၤန္း၊ ေအာက္ခါး၀တ္ သင္းပုိင္သကၤန္းနဲ႔ ပုခုံးတင္ ႏွစ္ထပ္ဒုကုဋ္သကၤန္း ေတြထဲက သင့္ေတာ္ရာ တစ္မ်ိဳးမ်ိဳးနဲ႔ ခင္းႏုိင္ၿပီး ဒီသကၤန္းအလွဴကုိေတာ့ ရဟန္း၊ ရွင္၊ လူ ဘယ္သူမဆုိ လွဴဒါန္းႏုိင္ပါတယ္။

အေၾကာင္းစုံမွ ခင္းလုိ႔ရ

ကထိန္အလွဴဟာ အျမတ္ဆုံး အလွဴျဖစ္သလုိ ကထိန္အလွဴ ေျမာက္ဖုိ႔ဆုိတာလည္း ခက္ခဲတဲ့ သေဘာရွိပါတယ္။ ဆရာဒကာ နားလည္မႈနဲ႔ အေၾကာင္းစုံ ညီညြတ္မွ ဒီအလွဴ အထေျမာက္ ေအာင္ျမင္တာ ျဖစ္ပါတယ္။ တကယ္လုိ႔ ၀ါကၽြတ္ၿပီးတဲ့ ရဟန္းသံဃာေတာ္ တစ္ပါးပါးဟာ မိမိေက်ာင္းမွာ ကထိန္မရွိ၊ ကထိန္သကၤန္း လွဴဒါန္းသူမရွိလုိ႔ ဆုိၿပီး နီးစပ္ရာ၊ ၾကည္ညိဳရင္းႏွီးရာ ပုဂၢိဳလ္တစ္ဦးဦးထံမွာ သြားၿပီး အလွဴခံကာ မိမိတုိ႔ ပေယာဂေၾကာင့္ ရလာတဲ့ သကၤန္းျဖစ္ခဲ့မယ္ဆုိရင္ အဲဒီသကၤန္းနဲ႔ ကထိန္ခင္းလုိ႔ မရပါဘူး။ ကထိန္သကၤန္းဟာ ရဟန္းေတာ္မ်ား အေနနဲ႔ တုိက္႐ုိက္အလွဴခံေကာင္းတဲ့ သကၤန္းလည္း မဟုတ္ပါဘူး။ ကထိသကၤန္း အလွဴရွင္က မိမိအလုိလုိ နားလည္သေဘာေပါက္ၿပီး သံဃာႆေဒမ – သံဃားေတာ္အား လွဴဒါန္းပါ၏လုိ႔ သံဃာကုိ ရည္မွန္းၿပီး လွဴဒါန္းတဲ့ သကၤန္းနဲ႔သာ ကထိန္ခင္းႏုိင္တာ ျဖစ္ပါတယ္။ အရွင္ဘုရားအတြက္၊ ဘယ္ဆရာေတာ္အတြက္ စတဲ့ ပုဂၢိဳလ္ရည္မွန္းၿပီး လွဴဒါန္းတဲ့ ပုဂၢလိက အလွဴသကၤန္းနဲ႔ဆုိလည္း ကထိန္းမခင္းႏုိင္ပါဘူး။ ရဟန္းေတာ္မ်ားဘက္က ပေယာဂကင္းဖုိ႔လုိသလုိ သကၤန္းအလွဴရွင္ဘက္ကလည္း သံဃိက အလွဴျဖစ္ဖုိ႔လုိကာ ဒီလုိ ႏွစ္ဘက္နားလည္ ညီညြတ္မႈနဲ႔ ရလာတဲ့ သကၤန္းနဲ႔သာ ကထိန္ခင္းႏုိင္တာ ျဖစ္ပါတယ္။ ေနာက္ ကာလသတ္မွတ္ခ်က္ကလည္း တစ္ႏွစ္မွာ တစ္ခါ၊ တစ္ခါမွာ သကၤန္းကၽြတ္လျပည့္ေက်ာ္ (၁)ရက္ေန႔မွ တန္ေဆာင္မုန္းလျပည့္ေန႔အထိ တစ္လ၊ တစ္လမွာလည္း ၀ါဆုိရာ နယ္နိမိတ္ သတ္မွတ္ခ်က္မတူတဲ့ ေက်ာင္းတစ္ေက်ာင္းမွာ တစ္ႀကိမ္ပဲ ခင္းႏုိင္တာ ျဖစ္ပါတယ္။ ၿပီးေတာ့ ကထိန္ခင္းဖုိ႔အတြက္ သိမ္ရွိဖုိ႔လုိသလုိ ေလးပါးေလးပါးအထက္ ရွိတဲ့သံဃာ အေရအတြက္ ျပည့္မီဖုိ႔လည္း လုိပါတယ္။ ဒီလုိ အေၾကာင္းအခ်က္အလက္ စုံမွပဲ ကထိန္ခင္းမႈ အထေျမာက္တယ္၊ ကထိန္အလွဴ ေအာင္ျမင္ၿပီးေျမာက္တယ္လုိ႔ ဆုိတာ ျဖစ္ပါတယ္။

ကထိန္အလွဴရဲ႕ ထူးျခားမႈ

ဘုရားအစရွိတဲ့ အရိယာသူေတာ္ေကာင္းေတြရဲ႕ ခ်ီးမြမ္းမႈကုိ ခံယူထုိက္တဲ့အတြက္ ဒီအလွဴကုိ ကထိန္လုိ႔ ဆုိေၾကာင္း အ႒ကထာဆရာေတာ္က ဖြင့္ဆုိပါတယ္။ ဒီလုိဖြင့္ဆုိရတာကလည္း အေၾကာင္းရွိပါတယ္။ ဒီအလွဴဟာ
၁။ သံဃာကုိ ရည္မွန္းၿပီး လွဴဒါန္းတဲ့ သံဃိကအလွဴ ျဖစ္ရျခင္း
၂။ အခ်ိန္ကာလ သတ္မွတ္ခ်က္ အတြင္းမွာသာ လွဴဒါန္းရတဲ့ ကာလဒါန အလွဴျဖစ္ျခင္း
၃။ တစ္ျခားပစၥည္း၀တၳဳမ်ား မဟုတ္ဘဲ အရဟတၱဓဇ ေခၚ ရဟႏၲာတုိ႔ရဲ႕ အလံတံခြန္သဖြယ္ ျဖစ္တဲ့ အ၀တ္သကၤန္းနဲ႔သာ ကထိန္ခင္းႏုိင္ျခင္း
၄။ ဒီအလွဴကုိ အေၾကာင္းျပဳၿပီး ရဟန္းေတာ္မ်ားအား ၀ိနည္းသိကၡာပုဒ္ အခ်ိဳ႕ကုိ အခ်ိန္ကာလ တစ္ခုအရ ကင္းလြတ္ေစႏုိင္တဲ့ အတြက္ ၀ိနည္းအလွဴ သုိ႔မဟုတ္ တရားအလွဴေခၚ ဓမၼဒါန အလွဴျဖစ္ျခင္း စတဲ့ ထူးျခားခ်က္မ်ားေၾကာင့္ အျမတ္ဆုံးအလွဴ၊ အထူးျခားဆုံး အလွဴလုိ႔ ဖြင့္ဆုိျပျခင္း ျဖစ္ပါတယ္။


ကထိန္အလွဴရဲ႕ အက်ိဳးတရား

ဒီအလွဴရဲ႕ လက္ေတြ႕အက်ိဳးကေတာ့ သကၤန္းအလွဴခံ ရရွိတဲ့ ရဟန္းေတာ္မ်ားဟာ ကထိန္အာနိသင္ ရလုိက္တဲ့အတြက္ သီတင္းကၽြတ္လျပည့္ေက်ာ္ (၁)ရက္ေန႔ကစၿပီး တေပါင္းလျပည့္ေန႔အထိ (၅)လအတြင္းမွာ
၁။ ထင္ရွားရွိေသာ ရဟန္းကုိ မပန္ၾကားဘဲ ဒါယကာ အိမ္သုိ႔သြားႏုိင္ျခင္း
၂။ တိစီ၀ရိတ္ အဓိ႒ာန္တင္ထားေသာ သကၤန္းကုိ မယူဘဲ သြားႏုိင္ျခင္း
၃။ ထမင္းစားလာပါ၊ မုန္႔စားၾကြပါ စတဲ့ လူ႔အေခၚအေျပာနဲ႔ ပင့္ဖိတ္တဲ့ ဂဏေဘာဇဥ္ကုိ စားႏုိင္ျခင္း
၄။ အလုိရွိတုိင္း အဓိ႒ာန္ ၀ိကပၸနာမျပဳေသာ သကၤန္းကုိ ေဆာင္ႏုိင္ျခင္း
၅။ ကထိန္ခင္းတဲ့ေက်ာင္းမွာ သံဃိက သကၤန္းျဖစ္ေပၚလာတဲ့အခါ ကထိန္အာနိသင္ရတဲ့ ရဟန္းအားလုံး ရယူႏုိင္ျခင္း ဆုိတဲ့ အက်ိဳးတရား ငါးပါးကုိ ရရွိႏုိင္ပါတယ္။

လူပုဂၢိဳလ္မ်ားအတြက္ကေတာ့ ကထိန္သကၤန္း လွဴဒါန္းျခင္းကုိ အေၾကာင္းျပဳၿပီး
၁။ သကၤန္းအလွဴ လွဴဒါန္းခြင့္ရျခင္း (စီ၀ရဒါန)
၂။ သံဃိကအလွဴ လွဴခြင့္ရျခင္း (သံဃိကဒါန)
၃။ ကာလဒါန အလွဴလွဴခြင့္ရျခင္း (ကာလဒါန)
၄။ ဓမၼဒါနအလွဴ လွဴခြင့္ရျခင္း (ဓမၼဒါန) စတဲ့ အက်ိဳးတရားမ်ားကုိ ရေစႏုိင္တဲ့အျပင္ ရဟန္းေတာ္မ်ားအား အထက္ပါ ကထိန္အာနိသင္ အက်ိဳးတရား ငါးမ်ိဳးကုိ ရေစႏုိင္သလုိ ကထိန္သကၤန္း လွဴဒါန္းတဲ့ အလွဴရွင္မ်ားမွာလည္း ထုိအက်ိဳးနဲ႔ ထပ္တူစြာ လြတ္လပ္တဲ့ဘ၀မ်ိဳးမွာ ျဖစ္ရျခင္း၊ ေထာင္တန္းအခ်ဳပ္အေႏွာင္မွ ကင္းလြတ္ျခင္း၊ စားဖြယ္ေသာက္ဖြယ္ ေပါမ်ားကာ အလုိရွိသလုိ စားသုံးႏုိင္ျခင္း၊ မိမိကုိယ္ကုိ သူတပါးတုိ႔ မလြမ္းမုိးႏုိင္ျခင္း၊ မိမိကသာ ေနရာတကာ အစုိးရျခင္း စေသာ အက်ိဳးတရားမ်ားကုိလည္း ရရွိေစႏုိင္ပါတယ္။ အထူးကေတာ့ ရွားရွားပါးပါး ခက္ခက္ခဲခဲ လွဴဒါန္းရတဲ့အလွဴ ျဖစ္တဲ့အတြက္ ရဖုိ႔ခဲရင္းတဲ့ အရာေတြကုိ ရႏုိင္ၿပီး ေနာက္ဆုံး အခက္ခဲဆုံးျဖစ္တဲ့ မဂ္ဖုိလ္နိဗၺာန္ရဖုိ႔ကုိပါ အေထာက္အကူေပးႏုိင္တဲ့ အက်ိဳးတရားပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူေတာ္ေကာင္းမ်ားက ဒီကထိန္အလွဴဟာ အေကာင္းဆုံးနဲ႔ အျမတ္ဆုံးအလွဴလုိ႔ ဆုိၾကတာ ျဖစ္ပါတယ္။

ဒီေလာက္ဆုိရင္ ကထိန္နဲ႔ ပတ္သက္တဲ့ သိသင့္သမွ်ကုိ အနည္းငယ္မွ် သိရွိခြင့္ ရေလာက္မယ္လုိ႔ ေမွ်ာ္လင့္မိပါတယ္။ တစ္ခ်ိဳ႕အေၾကာင္းအရာမ်ားဟာ အက်ယ္ရွင္းျပဖုိ႔ လုိေပမယ့္ လူေတြအတြက္ေတာ့ ကထိန္နဲ႔ ပတ္သက္ၿပီး ဒီေလာက္သိထားရင္ကုိပဲ ကထိန္အလွဴအေၾကာင္း၊ ကထိန္လုပ္ရျခင္းအေၾကာင္း၊ ကထိန္အလွဴရဲ႕ အက်ိဳးတရားမ်ားအေၾကာင္း အေတာ္အသင့္ ေျပာဆုိေဆြးေႏြးႏုိင္ၾကမွာ ျဖစ္ပါတယ္။ အက်ယ္သိလုိသူေတြ အေနနဲ႔ေတာ့ ၀ိနည္းမဟာ၀ဂၢပါဠိေတာ္၊ ကထိနကၡႏၶကမွာ ၾကည့္႐ႈႏုိင္ပါေၾကာင္း ညႊန္းဆုိလုိက္ပါတယ္။

အရွင္၀ိစိတၱ (မနာပဒါယီ) မွ ကူးယူမွ်​ေဝပါသည္​။

ကထိန်အကြောင်း သိကောင်းစရာ
===================

မကြာမီ သီတင်းကျွတ်တော့မှာ ဖြစ်သလို ပုရိမဝါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင် မြတ်များရဲ့ ဝါတွင်းကာလလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်ပြီးတဲ့နောက် မြန်မာဗုဒ္ဓဘာသာဝင်တွေ အတွက် ဘာသာရေးဆိုင်ရာ ကုသိုလ်ပွဲတစ်ခုအဖြစ် ကထိန်အလှူပွဲတွေက ထပ်ပြီးရောက်လာကြတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် သတ်မှတ်ကြကာ မြန်မာနိုင်ငံတဝှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။

ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများနေပြီး ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်ကြတယ်ဆိုတာ အတော်များများ မသိကြဘူး ဖြစ်နေတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ…၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ…၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ… စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ကထိန်ကာလ မတိုင်မီ ကြိုတင်ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ဝါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ဝါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဝါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ဝတ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ဝါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ဝါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ဝိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။


ကထိန်ဆိုတာ

ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ဝါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ဝိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အဝတ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာ

ဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မဝါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မဝါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ဝိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ဝိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မဝါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။


ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများ

ဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရ

ကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ဝါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ – သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ဝါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှု

ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အဝတ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၄။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ဝိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ဝိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။


ကထိန်အလှူရဲ့ အကျိုးတရား

ဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၄။ အလိုရှိတိုင်း အဓိဋ္ဌာန် ဝိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၄။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘဝမျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ဝိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

အရှင်ဝိစိတ္တ (မနာပဒါယီ) မှ ကူးယူမျှဝေပါသည်။