04.10.2018 မွ 10.10.2018အထိ

04.10.2018 မွ 10.10.2018အထိ
တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

အေျပာင္းအလဲ တစ္စံုတစ္ခု မလုပ္ဘဲ ေနသြားသင့္တဲ့ ကာလပါ။ ကံစီမံရာကို လက္ခံရမဲ့ကာလပါ။ မိမိျဖစ္ခ်င္တာေတြမျဖစ္ဘဲ မျဖစ္ခ်င္တာေတြပဲ ျဖစ္ေနရပါလိမ့္မယ္။ ခရီးသြားဖို႔ အစီအစဥ္ေတြရွိရင္လဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပ်က္သြားတတ္ပါတယ္။ မိမိေနအိမ္၊ မိမိပိုက္ဆံအိတ္လံုျခံဳစြာထားပါ။ သူခိုးခိုးခံရတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ ေပ်ာက္ရွတတ္လို႔ပါပဲ။ အေရးႀကီးတဲ့ကိစၥမ်ား အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္မ်ား ဒီကာလမွာ မခ်မွတ္သင့္ေသးပါဘူး။ ေငြကံမနိမ့္ေပမယ္ ေငြကုန္ေၾကးက်ေတာ့ မ်ားေနတတ္ပါတယ္။ ေငြအထြက္မ်ားေနလိမ့္မယ္။ လက္ေအာက္ငယ္သားမ်ားေၾကာင့္ မိမိဂုဏ္တတ္ရပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အဆိုးထဲကအေကာင္းပါပဲ။ စိတ္ပူစရာမလိုပါဘူး။ ခ်စ္သူနဲ႔ စကားအေျပာအဆိုမမွားမိပါေစနဲ႔ ။ အိမ္ေထာင္ေရးကံကေတာ့ အဆင္မေျပတာေလးေတြရွိေပမဲ့ ေျဖရွင္းႏိုင္မဲ့ ကာလပါပဲ။ ပညာေရးႀကိဳးစားႏိုင္မွရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၃/၄/၅
အထူးေဟာ ကံညံ့ေနသည္။
ယၾတာ သစ္သီးယိုတစ္မ်ိဳးမ်ိဴ း ဘုရားကပ္လႉေပးပါ



တနလၤာ

အမ်ားနဲ႔ တစ္ေယာက္ဆိုသလို ျဖစ္ရတတ္ပါတယ္။ မိမိလုပ္ေဆာင္ခ်က္ေတြအေပၚ အထင္လြဲၿပီး အျပစ္တင္ခံရတတ္ပါတယ္။ နားလည္မႈရဖို႔ စကားလံုးေတြနဲ႔ တည္ေဆာက္ရမဲ့ကာလပါပဲ။ တာဝန္ေတြ ဝတၱရားေတြကို ထမ္းေဆာင္ဖို႔မိမိစိတ္ထဲစတင္အေကာင္အထည္ေဖာ္မိေနတဲ့ကာလပါပဲ။ အနာဂတ္ရည္မွန္းခ်က္ေတြကို စိတ္ကူးနဲ႔ပုံေဖာ္ေနမိတတ္ပါတယ္။ ေစ့စပ္္ဖို႔ကိစၥမ်ား ၊ အလႉမဂၤလာကိစၥမ်ားလဲၾကံဳရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ားအိမ္ေထာင္ေရးသာယာမဲ့ အခိုက္အတန္႔ပါ။ အလုပ္မွာလဲေငြေၾကးေၾကာင့္ လုပ္ကိုင္ေပးတာမ်ိဳးမဟုတ္ဘဲ ေစတနာေၾကာင့္ လုပ္ကိုင္ေပးေနမိတတ္ပါတယ္။ က်န္းမာေရးကေတာ့ အေနအထိုင္အစားအေသာက္အေျပာင္းအလဲ တစ္ခုေၾကာင့္ ဝမ္းနဲ႔ပက္သက္ေသာ ေရာဂါမ်ား ျဖစ္လြယ္ပါတယ္။ ပညာေရးကံက ေကာင္းၿပီးသားပါ။ႀကိဳးစားဖို႔ပဲလိုပါတယ္။ အခ်စ္ေရးကံကေတာ့ စတင္ေကာင္းေနပါၿပီ။

အက်ိဳးေပးဂဏန္း ၇/၀/၄
အထူူးေဟာ ကံသင့္ပါတယ္
ယၾတာ ဒိန္ခ်ဥ္တစ္ခြက္ ဘုရားကပ္လႉေပးပါ။



အဂၤါ

ဒီကာလဟာ အလုပ္သစ္ေလွ်ာက္ျခင္း၊ အလုပ္ရွာေဖြျခင္း၊ ဆိုင္ဖြင့္ျခင္းမ်ားထူးေကာင္းပါတယ္။ အထက္လူႀကီး /အႀကီးအကဲမိဘေတြရဲ႕ ကူညီ ေထာက္ပံ့ျခင္းေတြလဲရလာတတ္ပါတယ္။ အလုပ္စီးပြားလဲ အဘက္ဘက္ကေနၿပီးေကာင္းလာတတ္ပါတယ္။ မိသားစုအတြင္းေရးနဲ႔ ပက္သက္ၿပီးေတာ့ အပူေတြ႕ရတတ္ပါတယ္။ ညီအကို ေမာင္ႏွမေတြနဲ႔ မတည့္တာ စကားမ်ားရတာေတြလဲၾကံဳရပါလိမ့္မယ္။ အရပ္ေဝး ခရီးေတြလဲ သြားရတတ္ပါတယ္။ ေငြကံေကာင္းၿပီး အဘက္ဘက္က ေငြဝင္လာႏိုင္သလို ေငြကုန္စရာေတြလဲ တစ္ခုၿပီးတစ္ခု ေပၚေနတတ္ပါတယ္။ အခ်စ္ေရးကံကေတာ့ အညံ့ဘက္မ်ားပါတယ္။ အခ်စ္ေရးကံေခေနတတ္တဲ့ကာလပါပဲ။ ပညာေရးကံၾကမၼာ အေကာင္းဆံုးအခ်ိန္ပါပဲဗ်။ က်န္းမာေရးကေတာ့ အနည္းငယ္ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္ဗ်ာ။ က်န္းမာေရးညံ့ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

အက်ိဳးေပးဂဏန္း ၅/၁/၈
အထူးေဟာ စီးပြားေရးေကာင္းမည္
ယၾတာ အာလူးဟင္းနဲ႔ ဘုရားရွင္အား ဆြမ္းကပ္ပါ။



ဗုဒၶဟူး

ဒီကာလအတြင္း ဘာကိစၥမဆို ေျဖးေျဖးမွန္မွန္လုပ္ပါ။မေလာပါနဲ႔ ။ ကား၊ဆိုင္ကယ္ေမာင္းတာကအစ အရင္ထက္ အရွိန္ေလ်ာ့ေမာင္းပါ။ အႏၲရာယ္ရွိေသာ လုပ္ငန္းခြင္မွာ လုပ္ကိုင္ေနရသူမ်ား PPE ျပည့္စံုစြာ ဝတ္ဆင္ထားတာပိုေကာင္းပါတယ္။ ေခါင္းေအးေအးထား ၿပီး လုပ္ကိုင္ေဆာင္ရြက္မႈေတြတိုင္းက ေကာင္းေသာအက်ိဳးဆက္ေတြ ရလာမွာပါ။ရစရာရွိတဲ့ ေငြေၾကးေတြ အျပည့္မရဘဲ တစ္ခ်ိဳ႕ တစ္ဝက္ပဲရတတ္ပါတယ္။ ကိုယ့္အားကိုယ္ကိုး လုပ္ကိုင္ရမဲ့ အခ်ိန္ပါ။ မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ အကူအညီရခဲတယ္။ က်န္းမာေရးကေတာ့ စိတ္ပူစရာ သိပ္မရွိပါဘူး။ ဝမ္းခ်ဳပ္၊ေလခ်ဳပ္ ျဖစ္လြယ္တဲ့ကာလအပိုင္းအျခားပါပဲ။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ ႏွစ္ကိုယ္တူူ စီစဥ္ထားတဲ့ ကိစၥေတြရွိရင္ပ်က္သြားတတ္ပါတယ္။ အိမ္ေထာင္ေရးမွာ ၾကားလူေတြေၾကာင့္ လင္မယားခ်င္း စိတ္ဝမ္းကြဲရတတ္ပါတယ္။ပညာေရးကေတာ့ အေကာင္းဆံုးအခ်ိန္ပါ။

အက်ိဳးေပးဂဏန္း ၃/၆/၉
အထူးေဟာ ပူပန္စရာေတြမ်ားေနရလိမ့္မယ္။
ယၾတာ ၾကက္သားဟင္းအက်န္နဲ႔ ထမင္းနယ္ၿပီးလမ္းေဘးေခြးေတြကို ခ်ေကၽြးလိုက္ပါ။



ၾကာသပေတး

ဒီကာလအတြင္း ျပဳဖြယ္ရာကိစၥေတြအရမ္းမ်ားေနတတ္ပါတယ္။ မိမိအက်ိဳးထက္ သူမ်ားအက်ိဳးစီးပြားမ်ား လုပ္ေဆာင္ေပးေနရတတ္တယ္။ လူမႈေရးကိစၥမ်ားမွာလဲ ဦးေဆာင္ဦးရြက္လုပ္ေပးေနရတတ္ပါတယ္။ ဒါေၾကာင့္ပဲ ေငြကုန္ေၾကးက်လဲ မ်ားေနရတတ္ပါတယ္။ သူမ်ားပိုက္ဆံလာအပ္ရင္ လက္မခံထားပါနဲ႔ ။ မိမိလက္ထဲက်မွ ေပ်ာက္ရွတတ္လို႔ပါ။ အခ်စ္ေရးနဲ႔ပက္သက္ၿပီးေတာ့ ခ်စ္သူနဲ႔ ခြဲခြာေနရတတ္ပါတယ္။ ခ်စ္သူကို အေဝးကေန လြမ္းဆြတ္ေနရလိမ့္မယ္။ အလုပ္ထဲမွာ အမ်ားနဲ႔ စုေပါင္းလုပ္ကိုင္ရတဲ့ကိစၥေတြမွာ အခက္အခဲမ်ားေစပါတယ္။ ၫွိႏွိုင္းရခက္ခဲမဲ့ သေဘာေတြရွိပါတယ္။ က်န္းမာေရးကေတာ့ နည္းနည္းႏုေနတဲ့ကာလပါ။ အတိမ္းအေစာင္းအခံဘူးေပါ့ေလ။ အိမ္ေထာင္ေရးကံကေတာ့ အညံ့အဆိုး သိပ္မရွိေပမဲ့ အိမ္ေထာင္ဘက္ရဲ႕ က်န္းမာေရးကေတာ့ ညံ့ဖ်င္းေနတတ္ပါတယ္။ ပညာေရးကေတာ့ အေကာင္းအဆိုးမွ်ေနပါတယ္ဗ်။

အက်ိဳးေပးဂဏန္း ၄/၈/၉
အထူးေဟာ ကိစၥမ်ားေနရလိမ့္မယ္။
ယၾတာ အိမ္က ဘုရားေဆာင္အား သန္႔ရွင္းေရးလုပ္ပါ



ေသာၾကာ

ကံအထူးျမင့္မားေနပါလိမ့္မယ္။ ေပ်ာ္စရာ စိတ္ခ်မ္းေျမ႕စရာေတြ ဆက္တိုက္ၾကံဳရႏိုင္တဲ့ကာလပါ။ေရႊေငြ လက္ဝတ္ရတနာေတြလဲ ဝင္လာတတ္ပါတယ္။ ရပ္ေဝးကေန လက္ေဆာင္ေတြလဲ ရလာႏိုင္ပါတယ္။ ကိုယ့္ရဲ႕ေမြးေန႔ ၊အထိမ္းအမွတ္ေန႔ေတြကိုလဲ သတိတရက်င္းပေပးတာမ်ိဳးၾကံဳရတတ္ပါတယ္။ေငြေၾကးလာဘ္လာဘေတြ ဝင္လာပါလိမ့္မယ္။ဆံုးမယ္လို႔ ထင္ထားတဲ့ေငြေၾကးေတြလဲ ျပန္လည္ရရွိလာတတ္တယ္။ ရပ္ေဝးကေဆြမ်ိဳးေတြ လာလည္တာမ်ိဳးလဲၾကံဳေတြ႕ရပါလိမ့္မယ္။ ဝန္ထမ္းထက္ ကိုယ္ပိုင္စီးပြားေရးသမားမ်ား ပိုအက်ိဳးျဖစ္ထြန္းမွာပါ။အခ်စ္ေရးကေတာ့ ေမွ်ာ္လင့္ထားသလို မျဖစ္ေသးပါဘူး။ အိမ္ေထာင္ေရးနယ္ပယ္မွာေတာ့ အညံ့အဆိုးသိပ္မေတြ႕ရပါဘူး။ က်န္းမာေရးကေတာ့ အနည္းငယ္ညံ့ေနတာေတြ႕ရတယ္။ ေသြးအားနည္းျခင္း ကိုယ္လက္မအီမသာျဖစ္ျခင္းမ်ိဳး ၾကံဳရမွာပါ။
ပညာေရးအထူးေကာင္းေပမဲ့ႀကိဳးစားဖို႔ေတာ့ လိုတာေပါ့ဗ်ာ

အက်ိဳးေပးဂဏန္း ၄/၈/၅
အထူးေဟာ ကံေကာင္းေနမည္
ယၾတာ ၾသဇာသီး ဘုရားကပ္လႉပါ



စေန

ဒီကာလဟာ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးျဖတ္ေက်ာ္ရမဲ့ ကာလပါပဲ။ ေငြကံကလဲအထူးေကာင္းေနပါတယ္။ အလုပ္ထဲမွာလဲ ေပ်ာ္ေပ်ာ္ပါးပါးေတြနဲ႔ ျဖတ္သန္းရပါလိမ့္မယ္။ အလုပ္ကံေကာင္းေနသလို အထက္လူႀကီးရဲ႕ အေထာက္အပံ့အကူအညီေတြလဲ ရလာတတ္ပါတယ္။ ပညာထူး အသိထူးေတြလဲ ရလာတတ္ပါတယ္။ စာေမးပြဲေျဖမည့္သူမ်ားရွိရင္ ထင္ထားသည္ထက္ပိုၿပီး ေျဖဆိုႏိုင္ပါလိမ့္မယ္။ အမိအဘေတြကို ေကာင္းစြာေထာက္ပံ့လုပ္ေကၽြးႏိုင္ပါလိမ့္မယ္။ ထီဝါသနာပါသူမ်ား ထီကံစမ္းသင့္ပါတယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ ေပ်ာ္စရာအခ်ိန္ေလးေတြကို ဖန္တီးႏိုင္မွာပါ။ လူပ်ိဳႀကီးအပ်ိဳႀကီးမ်ား စန္းပြင့္ေနလိမ့္မယ္။ က်န္းမာေရးကေတာ့ ေကာင္းေပမဲ့ ခရီးသြားလိုက္ၿပီး ျပန္ေရာက္ရင္ေတာ့ က်န္းမာေရးညံ့သြားတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ ေဆြမ်ိဳး အသိုင္းအဝိုင္းေတြေၾကာင့္ အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပတာေတြ ျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၆/၅/၀
အထူးေဟာ ကံျမင့္မားေနခ်ိန္ပါပဲ။
ယၾတာ နီးစပ္ရာဘုရားမွာ စိတ္ေအးခ်မ္းသည္အထိ ဘုရားရွစ္ခိုးပရိတ္ပဌာန္းရြတ္ေနလိုက္ပါ

၇ရက္သားသမီးအေပါင္း
ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

04.10.2018 မှ 10.10.2018အထိ
တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

အပြောင်းအလဲ တစ်စုံတစ်ခု မလုပ်ဘဲ နေသွားသင့်တဲ့ ကာလပါ။ ကံစီမံရာကို လက်ခံရမဲ့ကာလပါ။ မိမိဖြစ်ချင်တာတွေမဖြစ်ဘဲ မဖြစ်ချင်တာတွေပဲ ဖြစ်နေရပါလိမ့်မယ်။ ခရီးသွားဖို့ အစီအစဉ်တွေရှိရင်လဲ အကြောင်းအမျိုးမျိုးကြောင့်ပျက်သွားတတ်ပါတယ်။ မိမိနေအိမ်၊ မိမိပိုက်ဆံအိတ်လုံခြုံစွာထားပါ။ သူခိုးခိုးခံရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျောက်ရှတတ်လို့ပါပဲ။ အရေးကြီးတဲ့ကိစ္စများ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များ ဒီကာလမှာ မချမှတ်သင့်သေးပါဘူး။ ငွေကံမနိမ့်ပေမယ် ငွေကုန်ကြေးကျတော့ များနေတတ်ပါတယ်။ ငွေအထွက်များနေလိမ့်မယ်။ လက်အောက်ငယ်သားများကြောင့် မိမိဂုဏ်တတ်ရပါလိမ့်မယ်။ ကျန်းမာရေးကတော့ အဆိုးထဲကအကောင်းပါပဲ။ စိတ်ပူစရာမလိုပါဘူး။ ချစ်သူနဲ့ စကားအပြောအဆိုမမှားမိပါစေနဲ့ ။ အိမ်ထောင်ရေးကံကတော့ အဆင်မပြေတာလေးတွေရှိပေမဲ့ ဖြေရှင်းနိုင်မဲ့ ကာလပါပဲ။ ပညာရေးကြိုးစားနိုင်မှရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/၄/၅
အထူးဟော ကံညံ့နေသည်။
ယတြာ သစ်သီးယိုတစ်မျိုးမျိူ း ဘုရားကပ်လှူပေးပါ



တနင်္လာ

အများနဲ့ တစ်ယောက်ဆိုသလို ဖြစ်ရတတ်ပါတယ်။ မိမိလုပ်ဆောင်ချက်တွေအပေါ် အထင်လွဲပြီး အပြစ်တင်ခံရတတ်ပါတယ်။ နားလည်မှုရဖို့ စကားလုံးတွေနဲ့ တည်ဆောက်ရမဲ့ကာလပါပဲ။ တာဝန်တွေ ဝတ္တရားတွေကို ထမ်းဆောင်ဖို့မိမိစိတ်ထဲစတင်အကောင်အထည်ဖော်မိနေတဲ့ကာလပါပဲ။ အနာဂတ်ရည်မှန်းချက်တွေကို စိတ်ကူးနဲ့ပုံဖော်နေမိတတ်ပါတယ်။ စေ့စပ်ဖို့ကိစ္စများ ၊ အလှူမင်္ဂလာကိစ္စများလဲကြုံရတတ်ပါတယ်။ အိမ်ထောင်သည်များအိမ်ထောင်ရေးသာယာမဲ့ အခိုက်အတန့်ပါ။ အလုပ်မှာလဲငွေကြေးကြောင့် လုပ်ကိုင်ပေးတာမျိုးမဟုတ်ဘဲ စေတနာကြောင့် လုပ်ကိုင်ပေးနေမိတတ်ပါတယ်။ ကျန်းမာရေးကတော့ အနေအထိုင်အစားအသောက်အပြောင်းအလဲ တစ်ခုကြောင့် ဝမ်းနဲ့ပက်သက်သော ရောဂါများ ဖြစ်လွယ်ပါတယ်။ ပညာရေးကံက ကောင်းပြီးသားပါ။ကြိုးစားဖို့ပဲလိုပါတယ်။ အချစ်ရေးကံကတော့ စတင်ကောင်းနေပါပြီ။

အကျိုးပေးဂဏန်း ၇/ဝ/၄
အထူူးဟော ကံသင့်ပါတယ်
ယတြာ ဒိန်ချဉ်တစ်ခွက် ဘုရားကပ်လှူပေးပါ။



အင်္ဂါ

ဒီကာလဟာ အလုပ်သစ်လျှောက်ခြင်း၊ အလုပ်ရှာဖွေခြင်း၊ ဆိုင်ဖွင့်ခြင်းများထူးကောင်းပါတယ်။ အထက်လူကြီး /အကြီးအကဲမိဘတွေရဲ့ ကူညီ ထောက်ပံ့ခြင်းတွေလဲရလာတတ်ပါတယ်။ အလုပ်စီးပွားလဲ အဘက်ဘက်ကနေပြီးကောင်းလာတတ်ပါတယ်။ မိသားစုအတွင်းရေးနဲ့ ပက်သက်ပြီးတော့ အပူတွေ့ရတတ်ပါတယ်။ ညီအကို မောင်နှမတွေနဲ့ မတည့်တာ စကားများရတာတွေလဲကြုံရပါလိမ့်မယ်။ အရပ်ဝေး ခရီးတွေလဲ သွားရတတ်ပါတယ်။ ငွေကံကောင်းပြီး အဘက်ဘက်က ငွေဝင်လာနိုင်သလို ငွေကုန်စရာတွေလဲ တစ်ခုပြီးတစ်ခု ပေါ်နေတတ်ပါတယ်။ အချစ်ရေးကံကတော့ အညံ့ဘက်များပါတယ်။ အချစ်ရေးကံခေနေတတ်တဲ့ကာလပါပဲ။ ပညာရေးကံကြမ္မာ အကောင်းဆုံးအချိန်ပါပဲဗျ။ ကျန်းမာရေးကတော့ အနည်းငယ်ဂရုစိုက်ဖို့ လိုအပ်ပါတယ်ဗျာ။ ကျန်းမာရေးညံ့နေတာမျိုးတော့ မဟုတ်ပါဘူး။

အကျိုးပေးဂဏန်း ၅/၁/၈
အထူးဟော စီးပွားရေးကောင်းမည်
ယတြာ အာလူးဟင်းနဲ့ ဘုရားရှင်အား ဆွမ်းကပ်ပါ။



ဗုဒ္ဓဟူး

ဒီကာလအတွင်း ဘာကိစ္စမဆို ဖြေးဖြေးမှန်မှန်လုပ်ပါ။မလောပါနဲ့ ။ ကား၊ဆိုင်ကယ်မောင်းတာကအစ အရင်ထက် အရှိန်လျော့မောင်းပါ။ အန္တရာယ်ရှိသော လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရသူများ PPE ပြည့်စုံစွာ ဝတ်ဆင်ထားတာပိုကောင်းပါတယ်။ ခေါင်းအေးအေးထား ပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေတိုင်းက ကောင်းသောအကျိုးဆက်တွေ ရလာမှာပါ။ရစရာရှိတဲ့ ငွေကြေးတွေ အပြည့်မရဘဲ တစ်ချို့ တစ်ဝက်ပဲရတတ်ပါတယ်။ ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်ရမဲ့ အချိန်ပါ။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီရခဲတယ်။ ကျန်းမာရေးကတော့ စိတ်ပူစရာ သိပ်မရှိပါဘူး။ ဝမ်းချုပ်၊လေချုပ် ဖြစ်လွယ်တဲ့ကာလအပိုင်းအခြားပါပဲ။ အချစ်ရေးမှာ ချစ်သူနဲ့ နှစ်ကိုယ်တူူ စီစဉ်ထားတဲ့ ကိစ္စတွေရှိရင်ပျက်သွားတတ်ပါတယ်။ အိမ်ထောင်ရေးမှာ ကြားလူတွေကြောင့် လင်မယားချင်း စိတ်ဝမ်းကွဲရတတ်ပါတယ်။ပညာရေးကတော့ အကောင်းဆုံးအချိန်ပါ။

အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော ပူပန်စရာတွေများနေရလိမ့်မယ်။
ယတြာ ကြက်သားဟင်းအကျန်နဲ့ ထမင်းနယ်ပြီးလမ်းဘေးခွေးတွေကို ချကျွေးလိုက်ပါ။



ကြာသပတေး

ဒီကာလအတွင်း ပြုဖွယ်ရာကိစ္စတွေအရမ်းများနေတတ်ပါတယ်။ မိမိအကျိုးထက် သူများအကျိုးစီးပွားများ လုပ်ဆောင်ပေးနေရတတ်တယ်။ လူမှုရေးကိစ္စများမှာလဲ ဦးဆောင်ဦးရွက်လုပ်ပေးနေရတတ်ပါတယ်။ ဒါကြောင့်ပဲ ငွေကုန်ကြေးကျလဲ များနေရတတ်ပါတယ်။ သူများပိုက်ဆံလာအပ်ရင် လက်မခံထားပါနဲ့ ။ မိမိလက်ထဲကျမှ ပျောက်ရှတတ်လို့ပါ။ အချစ်ရေးနဲ့ပက်သက်ပြီးတော့ ချစ်သူနဲ့ ခွဲခွာနေရတတ်ပါတယ်။ ချစ်သူကို အဝေးကနေ လွမ်းဆွတ်နေရလိမ့်မယ်။ အလုပ်ထဲမှာ အများနဲ့ စုပေါင်းလုပ်ကိုင်ရတဲ့ကိစ္စတွေမှာ အခက်အခဲများစေပါတယ်။ ညှိနှိုင်းရခက်ခဲမဲ့ သဘောတွေရှိပါတယ်။ ကျန်းမာရေးကတော့ နည်းနည်းနုနေတဲ့ကာလပါ။ အတိမ်းအစောင်းအခံဘူးပေါ့လေ။ အိမ်ထောင်ရေးကံကတော့ အညံ့အဆိုး သိပ်မရှိပေမဲ့ အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေးကတော့ ညံ့ဖျင်းနေတတ်ပါတယ်။ ပညာရေးကတော့ အကောင်းအဆိုးမျှနေပါတယ်ဗျ။

အကျိုးပေးဂဏန်း ၄/၈/၉
အထူးဟော ကိစ္စများနေရလိမ့်မယ်။
ယတြာ အိမ်က ဘုရားဆောင်အား သန့်ရှင်းရေးလုပ်ပါ



သောကြာ

ကံအထူးမြင့်မားနေပါလိမ့်မယ်။ ပျော်စရာ စိတ်ချမ်းမြေ့စရာတွေ ဆက်တိုက်ကြုံရနိုင်တဲ့ကာလပါ။ရွှေငွေ လက်ဝတ်ရတနာတွေလဲ ဝင်လာတတ်ပါတယ်။ ရပ်ဝေးကနေ လက်ဆောင်တွေလဲ ရလာနိုင်ပါတယ်။ ကိုယ့်ရဲ့မွေးနေ့ ၊အထိမ်းအမှတ်နေ့တွေကိုလဲ သတိတရကျင်းပပေးတာမျိုးကြုံရတတ်ပါတယ်။ငွေကြေးလာဘ်လာဘတွေ ဝင်လာပါလိမ့်မယ်။ဆုံးမယ်လို့ ထင်ထားတဲ့ငွေကြေးတွေလဲ ပြန်လည်ရရှိလာတတ်တယ်။ ရပ်ဝေးကဆွေမျိုးတွေ လာလည်တာမျိုးလဲကြုံတွေ့ရပါလိမ့်မယ်။ ဝန်ထမ်းထက် ကိုယ်ပိုင်စီးပွားရေးသမားများ ပိုအကျိုးဖြစ်ထွန်းမှာပါ။အချစ်ရေးကတော့ မျှော်လင့်ထားသလို မဖြစ်သေးပါဘူး။ အိမ်ထောင်ရေးနယ်ပယ်မှာတော့ အညံ့အဆိုးသိပ်မတွေ့ရပါဘူး။ ကျန်းမာရေးကတော့ အနည်းငယ်ညံ့နေတာတွေ့ရတယ်။ သွေးအားနည်းခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်းမျိုး ကြုံရမှာပါ။
ပညာရေးအထူးကောင်းပေမဲ့ကြိုးစားဖို့တော့ လိုတာပေါ့ဗျာ

အကျိုးပေးဂဏန်း ၄/၈/၅
အထူးဟော ကံကောင်းနေမည်
ယတြာ သြဇာသီး ဘုရားကပ်လှူပါ



စနေ

ဒီကာလဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးဖြတ်ကျော်ရမဲ့ ကာလပါပဲ။ ငွေကံကလဲအထူးကောင်းနေပါတယ်။ အလုပ်ထဲမှာလဲ ပျော်ပျော်ပါးပါးတွေနဲ့ ဖြတ်သန်းရပါလိမ့်မယ်။ အလုပ်ကံကောင်းနေသလို အထက်လူကြီးရဲ့ အထောက်အပံ့အကူအညီတွေလဲ ရလာတတ်ပါတယ်။ ပညာထူး အသိထူးတွေလဲ ရလာတတ်ပါတယ်။ စာမေးပွဲဖြေမည့်သူများရှိရင် ထင်ထားသည်ထက်ပိုပြီး ဖြေဆိုနိုင်ပါလိမ့်မယ်။ အမိအဘတွေကို ကောင်းစွာထောက်ပံ့လုပ်ကျွေးနိုင်ပါလိမ့်မယ်။ ထီဝါသနာပါသူများ ထီကံစမ်းသင့်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ ပျော်စရာအချိန်လေးတွေကို ဖန်တီးနိုင်မှာပါ။ လူပျိုကြီးအပျိုကြီးများ စန်းပွင့်နေလိမ့်မယ်။ ကျန်းမာရေးကတော့ ကောင်းပေမဲ့ ခရီးသွားလိုက်ပြီး ပြန်ရောက်ရင်တော့ ကျန်းမာရေးညံ့သွားတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ ဆွေမျိုး အသိုင်းအဝိုင်းတွေကြောင့် အိမ်ထောင်ဘက်နဲ့ အဆင်မပြေတာတွေ ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၅/ဝ
အထူးဟော ကံမြင့်မားနေချိန်ပါပဲ။
ယတြာ နီးစပ်ရာဘုရားမှာ စိတ်အေးချမ်းသည်အထိ ဘုရားရှစ်ခိုးပရိတ်ပဌာန်းရွတ်နေလိုက်ပါ

၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)