လူရိုင္းေခါင္းပံုစံေလးေတြေရြးျပီး သင္ဟာဘယ္လိုလူစားလဲဆိုတာကို ဆန္းစစ္ၾကည့္ရေအာင္

လူရိုင္းေခါင္းပံုစံေလးေတြေရြးျပီး သင္ဟာဘယ္လိုလူစားလဲဆိုတာကို ဆန္းစစ္ၾကည့္ရေအာင္

ပံုထဲမွာ လူရိုင္းေခါင္းပံုစံ ၈ မ်ိဳး ေဖာ္ျပေပးထားပါတယ္။ ပံုေတြမွာေဖာ္ျပထားတဲ႔ လူရိုင္းေခါင္းေတြက အမူအရာေတြ မတူၾကပါဘူး။ ဒီေတာ့ ပံု ၈ ခုထဲက သင္အႏွစ္သက္ဆံုး လူရိုင္းေခါင္းပံုေလးတစ္ခုကို ေရြးခ်ယ္လုိက္ပါ၊ ျပီးရင္ ဒီလူရိုင္းေခါင္းက ဘယ္လိုစိတ္ေနစိတ္ထားကို ေဖာ္ညႊန္းေနတယ္ဆုိတာ တုိက္ဆုိင္စစ္ေဆးျပီး သင္ဟာ ဘယ္လုိလူစားဆိုတာကို ဆန္းစစ္ၾကည့္လိုက္ရေအာင္ပါေနာ္။



၁ – စကားေျပာေနတဲ႔ လူရိုင္းေခါင္းပံု

နံပါတ္ ၁ ပံုကိုေရြးလုိက္ျပီဆုိရင္ေတာ့ သင္ဟာ အဖြဲ႔အစည္းမွာ အေကာင္းဆံုး အေတာ္ဆံုးဆိုတဲ႔ လူတစ္ေယာက္ပါပဲ။ သင့္ရဲ႕ လက္ေအာက္ငယ္သားေတြ၊ အဖြဲ႔အစည္းထဲကလူေတြက သင္ဘာေျပာေျပာ ယံုၾကည္လုိက္နာေလ့ရွိၾကျပီး သင္ကိုယ္တုိင္ကလည္း ဘယ္လိုအခက္အခဲပဲၾကံဳလာလာ မားမားမတ္မတ္ ေရွ႔က ရပ္တည္ေပးတတ္သူျဖစ္ပါတယ္။ သင့္ရဲ႕ ရန္သူအဖြဲ႔အစည္းေတြက သင့္ထုတ္ေဖာ္ေျပာလိုက္မယ့္ အခ်က္ေတြကို ေၾကာက္ရြံ႕ေလ့ရွိျပီး သင္ေျပာလုိက္တာနဲ႔ သူတို႔ဘယ္ေလာက္အထိ ဆံုးရံႈးသြားမယ္ဆုိတာကိုလည္း သိရွိထားၾကပါတယ္တဲ႔။ ဘာလို႔လည္း ဆုိေတာ့သင္ဟာ မဟုတ္တဲ႔စကား မေျပာတတ္ဘူးဆိုတာကို အသိုင္းအဝိုင္းတစ္ခုလံုးက သိရွိလက္ခံထားတဲ႔သူျဖစ္ေနလို႔ပါပဲ။ သင္ကိုယ္တုိင္ကလည္း စကားတစ္ခြန္းကို မေျပာခင္ ေသခ်ာစိစစ္ေလ့လာျပီးမွန္တယ္ဆိုမွ ေျပာတတ္္သူျဖစ္သလို ဘယ္အရာက ေပ်ာ္ရႊင္ေစမယ္၊ ဘယ္အရာ ဘယ္စကားလံုးကေတာ့ နာက်င္မႈျဖစ္ေစမယ္ဆိုတာကို ေကာင္းေကာင္းသိရွိထားသူပဲ ျဖစ္ပါတယ္။



၂ – ရယ္ေမာေနတဲ႔ လူရိုင္းေခါင္းပံုစံ

ဒီပံုကို ေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ ဟာသဥာဏ္ရႊင္သူျဖစ္ျပီး တစ္ျခားသူေတြရဲ႕ စိတ္ခံစားခ်က္ကို ထည့္သြင္းစဥ္းစားေလ့မရွိသူတစ္ဦးပါပဲ။ သင့္အေၾကာင္းဘယ္သူေတြ ဘာေျပာေနေန သင္လုပ္စရာရွိတာကို မွန္တယ္ထင္ရင္ ဆက္လုပ္တတ္သူလည္း ျဖစ္ပါတယ္။ ငိုစရာၾကံဳလာလို႔ ငိုခ်လုိက္ရရင္ေတာင္ ငိုျပီးတာနဲ႔ ခ်က္ခ်င္းရယ္ေမာတတ္သူပါ၊ သင့္အေနနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ႔ အက်ိဳးက ဘဝမွာ အားသာခ်က္ျဖစ္ေစပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာပဲ စိတ္ကိုေပ်ာ္ေအာင္ ေနထိုင္ေလ့ရွိသူျဖစ္ျပီး အနာဂတ္ကိစၥေတြကို သိပ္ျပီးေတြးေလ့မရွိသူပါပဲ။ ဥာဏ္ေကာင္းသူတစ္ဦးလည္းျဖစ္ျပီး လူေတြက သင့္ကို ဒီအခ်က္ေၾကာင့္ပဲ အားကိုးအားထားျပဳၾကပါလိမ့္မယ္။



၃ – ေဒါသျဖစ္ေနတဲ႔ လူရိုင္းေခါင္းပံုစံ

ဒီပံုကို ေရြးခ်ယ္လုိက္တယ္ဆုိရင္ေတာ့ သင္ဟာ ဖံုးကြယ္လွ်ိဳ႕ဝွက္တတ္သူပါပဲ။ သင့္ရဲ႕ ပင္ကိုယ္စိတ္ရင္းကို သင့္မ်က္ႏွာေပၚမွာ ရွာလို႔ေတြ႔ႏုိင္မွာမဟုတ္ပါဘူး။ မ်က္ႏွာမွာျပံဳးေနေပမယ့္ ရင္ထဲမွာ ေဒါသေတြထြက္ေနတာမ်ိဳးကလည္း သင့္မွာ မၾကာခဏျဖစ္ေလ့ရိွတဲ႔ ကိစၥတစ္ရပ္ပါ။ ေဒါသၾကီးတတ္တဲ႔သင့္ရဲ႕ စိတ္ကို တစ္ခါတစ္ရံမွာ ေလ်ာ့ထားဖို႔လိုသလို တစ္ခါတစ္ရံ အလုပ္ကိစၥေတြကိုေမ့ျပီး ခရီးထြက္ပစ္လိုက္တာမ်ိဳးလည္း လုပ္ေဆာင္သင့္ပါတယ္။ ဒီလုိမွ မလုပ္ရင္ သင့္ရဲ႕ ေဒါသ limit က ပိုၾကီးထြားလာႏုိင္လို႔ပါပဲ။ လူတစ္ေယာက္ေယာက္က သင့္အေပၚ မေကာင္းၾကံလာျပီဆုိရင္လည္း သူနဲ႔ထိုက္တန္တဲ႔ ဆက္ဆံမႈမ်ိဳး လုပ္ရပ္မ်ိဳး ျပန္ေပးဖို႔သင့္အေနနဲ႔ ဝန္ေလးမယ့္သူ မဟုတ္ပါဘူး။



၄ – တိတ္တိတ္ဆိတ္ဆိတ္ေနေနတဲ႔ လူရိုင္းေခါင္းပံုစံ

အသံတိတ္ေနတဲ႔ လူရိုင္းေခါင္းပံုကို သင္ေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ အသံထြက္ျပီး ေျပာဆိုရတာထက္ တိတ္တိတ္ေလးေနရတာကို ႏွစ္သက္သူပါပဲ။ လူေတြအားလံုး ဆူညံျပီး စကားလုေျပာေနတဲ႔ေနရာမ်ိဳး ေရာက္ေနရင္ေတာင္ သင္က တိတ္တိတ္ေလးလိုက္ၾကည့္နားေထာင္ျပီး သူတို႔ေျပာတဲထဲကေန သင့္အတြက္ အားသာခ်က္ကို ရေအာင္ ရွာႏိုင္သူလည္း ျဖစ္ပါတယ္။ ဘယ္လိုပဲ အသံတိတ္ေနတတ္ေပမယ့္ ဘယ္လိုကိစၥကိုမဆို အလိုလိုသိျပီး ေျဖရွင္းႏုိင္တဲ႔စြမ္းအင္ ရွိတာကလည္းသင့္ရဲ႕ ထူးျခားခ်က္ပါပဲ။ တစ္ေယာက္ထဲေနရတာကို သေဘာက်ျပီး သင့္မွာ သူငယ္ခ်င္း မ်ားမ်ားစားစား ထားေလ့မရွိပဲ မျဖစ္မေနရွိသင့္တဲ႔ သူငယ္ခ်င္းအနည္းငယ္နဲ႔သာ ေပါင္းသင္းေလ့ရွိသူတစ္ဦးပါ။ သင္ဟာ သင္နဲ႔ အျမင္မတူသူေတြအတြက္လည္း အခ်ိန္ေပး ျငင္းခုန္ေနေလ့မရွိပါဘူး။



၅ – စစ္သည္ေတာ္ပံုစံ လူရိုင္းေခါင္းပံု

ဒီပံုကို ေရြးလိုက္တယ္ဆုိရင္ေတာ့ သင္ဟာ Fighter တစ္ဦးပါပဲ။ ဒါေပမယ့္ လူတုိင္းနဲ႔ ရန္ျဖစ္ေနတာမ်ိဳးကိုေတာ့ မဆုိလိုပါဘူး ။ အမွန္တရားအတြက္ တုိက္ခုိက္တတ္တာျဖစ္ျပီး သင့္အတြက္ အက်ိဳးမျဖစ္ေစမယ့္ ကိစၥမ်ိဳးဆုိရင္ေတာ့ လ်စ္လ်ဴရႈေလ့ရွိသူပါပဲ။ ဘယ္လိုခက္ခဲတဲ႔ အေနအထားမ်ိဳးပဲ ၾကံဳၾကံဳ မရရေအာင္ ၾကိဳးစားေဖာက္ထြက္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ သင့္အေနနဲ႔ သင္ဘာလုိခ်င္တယ္၊ ဒါရေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာကိုလည္း သိရွိထားသူျဖစ္ျပီး သင္လိုခ်င္တဲ႔ ပန္းတုိင္တစ္ခုက မရဘူးဆိုတာ မရွိသေလာက္ပါပဲ။ ဒါေပမယ့္သင္ဟာ အစုအဖြဲ႔နဲ႔ လုပ္ေဆာင္တတ္သူေတာ့မဟုတ္ပါဘူး။ တစ္ကိုယ္ေတာ္လုပ္ေဆာင္တတ္သူျဖစ္လို႔ Team နဲ႔လုပ္ေဆာင္ရတဲ႔အခါမ်ိဳးမွာ အဆင္မေျပျဖစ္တတ္ပါတယ္။ သင့္မွာစိတ္ညစ္စရာ ပင္ပန္းစရာၾကံဳေနခ်ိန္မွာေတာင္ သင့္မ်က္ႏွာက အျပံဳးပ်က္မွာမဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သင္က ဟန္ေဆာင္ေကာင္းလို႔ပါပဲ။



၆ – ဘာသာေရးေခါင္းေဆာင္ပံုစံ လူရိုင္းေခါင္းပံု

ဒီပံုကိုေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ အသိအျမင္စြမ္းအား ျမင့္မားသူတစ္ဦးပါပဲ။ ဥာဏ္ေကာင္းသူတစ္ဦးျဖစ္ျပီး တစ္ျခားသူေတြရဲ႕ အတြင္းစိတ္ကိုပါ သိရွိေနတတ္သူျဖစ္ပါတယ္။ အလိုလိုသိစိတ္နဲ႔စာနာစိတ္ ရွိသူျဖစ္ျပီး လူေတြအေပၚ ကူညီတတ္သူတစ္ဦးပါပဲ။ လူတစ္ေယာက္ရဲ႕ မ်က္လံုးကို ၾကည့္ရံုနဲ႔ ဒီလူရဲ႕ အတြင္းစိတ္ကို သိေနတာကလည္း သင့္ရဲ႕ ထူးျခားလွတဲ႔ စြမ္းအားပါပဲ။ လူတစ္ေယာက္က သင့္အေပၚ ႏွစ္သက္လား၊ မႏွစ္သက္ဘူးလား၊ သူလိမ္ေနလား၊ အေကာက္ၾကံေနလားဆုိတာကိုလည္း သင္အလြယ္တကူ ခြဲျခားသိရွိႏိုင္တာျဖစ္ပါတယ္။



၇ – တစ္စံုတစ္ခုေပ်ာက္ဆံုးသလိုျဖစ္ေနတဲ႔ လူရိုင္းေခါင္းပံုစံ

ဒီပံုကိုေရြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ ေရႊေရာင္ႏွလံုးသားပိုင္ရွင္ပါပဲ။ သင့္ရဲ႕ အတြင္းစိတ္ကလည္း သူေတာ္စင္တစ္ဦးလို ျဖဴစင္ေနတာျဖစ္ပါတယ္။ ၾကင္နာတတ္သူ၊ သနားတတ္သူ ျဖစ္ျပီး သင့္ရဲ႕ ဆံုးျဖတ္ခ်က္တစ္ခုေၾကာင့္ အျခားသူေတြ ဒုကၡမေရာက္ရေအာင္ ဆင္ျခင္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ သင့္ေရွ႕မွာ အကူအညီလိုအပ္ေနသူေတြ႔လာရင္လည္း ခ်က္ခ်င္း ကူညီေပးတတ္သူျဖစ္ျပီး အဲဒီလူေတြဆီကေတာ့ ဘာကိုမွ ျပန္လည္ေမွ်ာ္ကိုးတတ္မယ့္သူမ်ိဳး မဟုတ္ပါဘူး။ တစ္ျခားသူေတြကို ျပိဳင္ေလ့မရွိပဲ ကိုယ့္ကိုယ္ကိုယ္ပဲ ျပိဳင္ေလ့ရွိသူျဖစ္ပါတယ္။



၈ – လႊမ္းမိုးခ်ဳပ္ကိုင္လိုသည့္ လူရိုင္းေခါင္းပံုစံ

ဒီပံုကိုေရြးခ်ယ္လုိက္တယ္ဆိုရင္ေတာ့ သင္ဟာ ေမြးဖြားလာကတည္းက ေခါင္းေဆာင္အေနနဲ႔ ေမြးဖြားလာသူျဖစ္ေနပါတယ္။ သင့္အနီးအနားကလူေတြက သင့္ဆီမွာ အလိုလို တပည့္ခံလာေလ့ရွိျပီး သင္ဟာ ကမၻာၾကီးကိုေတာင္ ကိုင္လႈပ္ႏိုင္စြမ္းရွိတဲ႔အထိ ေခါင္းေဆာင္ပိုင္း တာဝန္ယူရေလ့ရွိပါတယ္။ အထူးသျဖင့္ႏုိင္င့ံေခါင္းေဆာင္ေတြ၊ ရာထူးၾကီးမ်ိဳးေတြေပါ့။ သင့္ရဲ႕ ေနာက္မွာ သင့္ကိုယံုၾကည္ျပီး လိုက္ပါသူေတြကိုလည္း သင္က စိတ္ပ်က္ေစမွာမဟုတ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ ၾကိဳးစားမႈေၾကာင့္ လူအားလံုးကို အက်ိဳးျဖစ္ေစႏုိင္တဲ႔သူ ျဖစ္ေနလို႔ပါပဲ။ သင့္အေနနဲ႔ ေအာင္ျမင္မႈရဲ႕ အသီးအပြင့္ကို တစ္ဦးတည္းခံစားရတာမ်ိဳးထက္ တစ္ျခားသူေတြနဲ႔ မွ်ေဝခံစားရတာမ်ိဳးကို ပိုျပီး ႏွစ္သက္သူျဖစ္ပါတယ္။ သင္ခ်စ္တဲ႔သူေတြကိုလည္း သင့္ရဲ႕ မ်က္စိေအာက္မွာပဲ ထားေလ့ရွိသူတစ္ဦးလို႔ ဆိုရမွာပါ။


လူရိုင်းခေါင်းပုံစံလေးတွေရွေးပြီး သင်ဟာဘယ်လိုလူစားလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်

ပုံထဲမှာ လူရိုင်းခေါင်းပုံစံ ၈ မျိုး ဖော်ပြပေးထားပါတယ်။ ပုံတွေမှာဖော်ပြထားတဲ့ လူရိုင်းခေါင်းတွေက အမူအရာတွေ မတူကြပါဘူး။ ဒီတော့ ပုံ ၈ ခုထဲက သင်အနှစ်သက်ဆုံး လူရိုင်းခေါင်းပုံလေးတစ်ခုကို ရွေးချယ်လိုက်ပါ၊ ပြီးရင် ဒီလူရိုင်းခေါင်းက ဘယ်လိုစိတ်နေစိတ်ထားကို ဖော်ညွှန်းနေတယ်ဆိုတာ တိုက်ဆိုင်စစ်ဆေးပြီး သင်ဟာ ဘယ်လိုလူစားဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်ပါနော်။



၁ – စကားပြောနေတဲ့ လူရိုင်းခေါင်းပုံ

နံပါတ် ၁ ပုံကိုရွေးလိုက်ပြီဆိုရင်တော့ သင်ဟာ အဖွဲ့အစည်းမှာ အကောင်းဆုံး အတော်ဆုံးဆိုတဲ့ လူတစ်ယောက်ပါပဲ။ သင့်ရဲ့ လက်အောက်ငယ်သားတွေ၊ အဖွဲ့အစည်းထဲကလူတွေက သင်ဘာပြောပြော ယုံကြည်လိုက်နာလေ့ရှိကြပြီး သင်ကိုယ်တိုင်ကလည်း ဘယ်လိုအခက်အခဲပဲကြုံလာလာ မားမားမတ်မတ် ရှေ့က ရပ်တည်ပေးတတ်သူဖြစ်ပါတယ်။ သင့်ရဲ့ ရန်သူအဖွဲ့အစည်းတွေက သင့်ထုတ်ဖော်ပြောလိုက်မယ့် အချက်တွေကို ကြောက်ရွံ့လေ့ရှိပြီး သင်ပြောလိုက်တာနဲ့ သူတို့ဘယ်လောက်အထိ ဆုံးရှုံးသွားမယ်ဆိုတာကိုလည်း သိရှိထားကြပါတယ်တဲ့။ ဘာလို့လည်း ဆိုတော့သင်ဟာ မဟုတ်တဲ့စကား မပြောတတ်ဘူးဆိုတာကို အသိုင်းအဝိုင်းတစ်ခုလုံးက သိရှိလက်ခံထားတဲ့သူဖြစ်နေလို့ပါပဲ။ သင်ကိုယ်တိုင်ကလည်း စကားတစ်ခွန်းကို မပြောခင် သေချာစိစစ်လေ့လာပြီးမှန်တယ်ဆိုမှ ပြောတတ်သူဖြစ်သလို ဘယ်အရာက ပျော်ရွှင်စေမယ်၊ ဘယ်အရာ ဘယ်စကားလုံးကတော့ နာကျင်မှုဖြစ်စေမယ်ဆိုတာကို ကောင်းကောင်းသိရှိထားသူပဲ ဖြစ်ပါတယ်။



၂ – ရယ်မောနေတဲ့ လူရိုင်းခေါင်းပုံစံ

ဒီပုံကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ဟာသဉာဏ်ရွှင်သူဖြစ်ပြီး တစ်ခြားသူတွေရဲ့ စိတ်ခံစားချက်ကို ထည့်သွင်းစဉ်းစားလေ့မရှိသူတစ်ဦးပါပဲ။ သင့်အကြောင်းဘယ်သူတွေ ဘာပြောနေနေ သင်လုပ်စရာရှိတာကို မှန်တယ်ထင်ရင် ဆက်လုပ်တတ်သူလည်း ဖြစ်ပါတယ်။ ငိုစရာကြုံလာလို့ ငိုချလိုက်ရရင်တောင် ငိုပြီးတာနဲ့ ချက်ချင်းရယ်မောတတ်သူပါ၊ သင့်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အကျိုးက ဘဝမှာ အားသာချက်ဖြစ်စေပါလိမ့်မယ်။ လက်ရှိအချိန်မှာပဲ စိတ်ကိုပျော်အောင် နေထိုင်လေ့ရှိသူဖြစ်ပြီး အနာဂတ်ကိစ္စတွေကို သိပ်ပြီးတွေးလေ့မရှိသူပါပဲ။ ဉာဏ်ကောင်းသူတစ်ဦးလည်းဖြစ်ပြီး လူတွေက သင့်ကို ဒီအချက်ကြောင့်ပဲ အားကိုးအားထားပြုကြပါလိမ့်မယ်။



၃ – ဒေါသဖြစ်နေတဲ့ လူရိုင်းခေါင်းပုံစံ

ဒီပုံကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ဖုံးကွယ်လျှို့ဝှက်တတ်သူပါပဲ။ သင့်ရဲ့ ပင်ကိုယ်စိတ်ရင်းကို သင့်မျက်နှာပေါ်မှာ ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ မျက်နှာမှာပြုံးနေပေမယ့် ရင်ထဲမှာ ဒေါသတွေထွက်နေတာမျိုးကလည်း သင့်မှာ မကြာခဏဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ရပ်ပါ။ ဒေါသကြီးတတ်တဲ့သင့်ရဲ့ စိတ်ကို တစ်ခါတစ်ရံမှာ လျော့ထားဖို့လိုသလို တစ်ခါတစ်ရံ အလုပ်ကိစ္စတွေကိုမေ့ပြီး ခရီးထွက်ပစ်လိုက်တာမျိုးလည်း လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမှ မလုပ်ရင် သင့်ရဲ့ ဒေါသ limit က ပိုကြီးထွားလာနိုင်လို့ပါပဲ။ လူတစ်ယောက်ယောက်က သင့်အပေါ် မကောင်းကြံလာပြီဆိုရင်လည်း သူနဲ့ထိုက်တန်တဲ့ ဆက်ဆံမှုမျိုး လုပ်ရပ်မျိုး ပြန်ပေးဖို့သင့်အနေနဲ့ ဝန်လေးမယ့်သူ မဟုတ်ပါဘူး။



၄ – တိတ်တိတ်ဆိတ်ဆိတ်နေနေတဲ့ လူရိုင်းခေါင်းပုံစံ

အသံတိတ်နေတဲ့ လူရိုင်းခေါင်းပုံကို သင်ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ အသံထွက်ပြီး ပြောဆိုရတာထက် တိတ်တိတ်လေးနေရတာကို နှစ်သက်သူပါပဲ။ လူတွေအားလုံး ဆူညံပြီး စကားလုပြောနေတဲ့နေရာမျိုး ရောက်နေရင်တောင် သင်က တိတ်တိတ်လေးလိုက်ကြည့်နားထောင်ပြီး သူတို့ပြောတဲထဲကနေ သင့်အတွက် အားသာချက်ကို ရအောင် ရှာနိုင်သူလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲ အသံတိတ်နေတတ်ပေမယ့် ဘယ်လိုကိစ္စကိုမဆို အလိုလိုသိပြီး ဖြေရှင်းနိုင်တဲ့စွမ်းအင် ရှိတာကလည်းသင့်ရဲ့ ထူးခြားချက်ပါပဲ။ တစ်ယောက်ထဲနေရတာကို သဘောကျပြီး သင့်မှာ သူငယ်ချင်း များများစားစား ထားလေ့မရှိပဲ မဖြစ်မနေရှိသင့်တဲ့ သူငယ်ချင်းအနည်းငယ်နဲ့သာ ပေါင်းသင်းလေ့ရှိသူတစ်ဦးပါ။ သင်ဟာ သင်နဲ့ အမြင်မတူသူတွေအတွက်လည်း အချိန်ပေး ငြင်းခုန်နေလေ့မရှိပါဘူး။



၅ – စစ်သည်တော်ပုံစံ လူရိုင်းခေါင်းပုံ

ဒီပုံကို ရွေးလိုက်တယ်ဆိုရင်တော့ သင်ဟာ Fighter တစ်ဦးပါပဲ။ ဒါပေမယ့် လူတိုင်းနဲ့ ရန်ဖြစ်နေတာမျိုးကိုတော့ မဆိုလိုပါဘူး ။ အမှန်တရားအတွက် တိုက်ခိုက်တတ်တာဖြစ်ပြီး သင့်အတွက် အကျိုးမဖြစ်စေမယ့် ကိစ္စမျိုးဆိုရင်တော့ လျစ်လျူရှုလေ့ရှိသူပါပဲ။ ဘယ်လိုခက်ခဲတဲ့ အနေအထားမျိုးပဲ ကြုံကြုံ မရရအောင် ကြိုးစားဖောက်ထွက်လေ့ရှိသူလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ သင်ဘာလိုချင်တယ်၊ ဒါရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိရှိထားသူဖြစ်ပြီး သင်လိုချင်တဲ့ ပန်းတိုင်တစ်ခုက မရဘူးဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့်သင်ဟာ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်သူတော့မဟုတ်ပါဘူး။ တစ်ကိုယ်တော်လုပ်ဆောင်တတ်သူဖြစ်လို့ Team နဲ့လုပ်ဆောင်ရတဲ့အခါမျိုးမှာ အဆင်မပြေဖြစ်တတ်ပါတယ်။ သင့်မှာစိတ်ညစ်စရာ ပင်ပန်းစရာကြုံနေချိန်မှာတောင် သင့်မျက်နှာက အပြုံးပျက်မှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ သင်က ဟန်ဆောင်ကောင်းလို့ပါပဲ။



၆ – ဘာသာရေးခေါင်းဆောင်ပုံစံ လူရိုင်းခေါင်းပုံ

ဒီပုံကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ အသိအမြင်စွမ်းအား မြင့်မားသူတစ်ဦးပါပဲ။ ဉာဏ်ကောင်းသူတစ်ဦးဖြစ်ပြီး တစ်ခြားသူတွေရဲ့ အတွင်းစိတ်ကိုပါ သိရှိနေတတ်သူဖြစ်ပါတယ်။ အလိုလိုသိစိတ်နဲ့စာနာစိတ် ရှိသူဖြစ်ပြီး လူတွေအပေါ် ကူညီတတ်သူတစ်ဦးပါပဲ။ လူတစ်ယောက်ရဲ့ မျက်လုံးကို ကြည့်ရုံနဲ့ ဒီလူရဲ့ အတွင်းစိတ်ကို သိနေတာကလည်း သင့်ရဲ့ ထူးခြားလှတဲ့ စွမ်းအားပါပဲ။ လူတစ်ယောက်က သင့်အပေါ် နှစ်သက်လား၊ မနှစ်သက်ဘူးလား၊ သူလိမ်နေလား၊ အကောက်ကြံနေလားဆိုတာကိုလည်း သင်အလွယ်တကူ ခွဲခြားသိရှိနိုင်တာဖြစ်ပါတယ်။



၇ – တစ်စုံတစ်ခုပျောက်ဆုံးသလိုဖြစ်နေတဲ့ လူရိုင်းခေါင်းပုံစံ

ဒီပုံကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ရွှေရောင်နှလုံးသားပိုင်ရှင်ပါပဲ။ သင့်ရဲ့ အတွင်းစိတ်ကလည်း သူတော်စင်တစ်ဦးလို ဖြူစင်နေတာဖြစ်ပါတယ်။ ကြင်နာတတ်သူ၊ သနားတတ်သူ ဖြစ်ပြီး သင့်ရဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် အခြားသူတွေ ဒုက္ခမရောက်ရအောင် ဆင်ခြင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ သင့်ရှေ့မှာ အကူအညီလိုအပ်နေသူတွေ့လာရင်လည်း ချက်ချင်း ကူညီပေးတတ်သူဖြစ်ပြီး အဲဒီလူတွေဆီကတော့ ဘာကိုမှ ပြန်လည်မျှော်ကိုးတတ်မယ့်သူမျိုး မဟုတ်ပါဘူး။ တစ်ခြားသူတွေကို ပြိုင်လေ့မရှိပဲ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်လေ့ရှိသူဖြစ်ပါတယ်။



၈ – လွှမ်းမိုးချုပ်ကိုင်လိုသည့် လူရိုင်းခေါင်းပုံစံ

ဒီပုံကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ မွေးဖွားလာကတည်းက ခေါင်းဆောင်အနေနဲ့ မွေးဖွားလာသူဖြစ်နေပါတယ်။ သင့်အနီးအနားကလူတွေက သင့်ဆီမှာ အလိုလို တပည့်ခံလာလေ့ရှိပြီး သင်ဟာ ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်နိုင်စွမ်းရှိတဲ့အထိ ခေါင်းဆောင်ပိုင်း တာဝန်ယူရလေ့ရှိပါတယ်။ အထူးသဖြင့်နိုင်ငံ့ခေါင်းဆောင်တွေ၊ ရာထူးကြီးမျိုးတွေပေါ့။ သင့်ရဲ့ နောက်မှာ သင့်ကိုယုံကြည်ပြီး လိုက်ပါသူတွေကိုလည်း သင်က စိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကြိုးစားမှုကြောင့် လူအားလုံးကို အကျိုးဖြစ်စေနိုင်တဲ့သူ ဖြစ်နေလို့ပါပဲ။ သင့်အနေနဲ့ အောင်မြင်မှုရဲ့ အသီးအပွင့်ကို တစ်ဦးတည်းခံစားရတာမျိုးထက် တစ်ခြားသူတွေနဲ့ မျှဝေခံစားရတာမျိုးကို ပိုပြီး နှစ်သက်သူဖြစ်ပါတယ်။ သင်ချစ်တဲ့သူတွေကိုလည်း သင့်ရဲ့ မျက်စိအောက်မှာပဲ ထားလေ့ရှိသူတစ်ဦးလို့ ဆိုရမှာပါ။


Leave a Reply

Your email address will not be published. Required fields are marked *