ရာထူး တိုးခါနီးျပီးေလာ….

ရာထူး တိုးခါနီးျပီးေလာ….

စာဖတ္ပရိသတ္မ်ားထဲမွာ ဝန္ထမ္းမိတ္ေဆြ ေတြ လည္းရွိၾကပါလိမ့္မယ္။ ဘယ္ဝန္ထမ္းျဖစ္ျဖစ္ ရာထူးက ေတာ့ တိုးႏိုင္သမွ် တိုးခ်င္ၾကတာပဲေပါ့ဗ်ာ။ ရာထူးတိုးဖို႔အတြက္ဆိုရင္ ကိုယ့္ဘက္ကႀကိဳးစား စရာရွိတာလည္း ႀကိဳးစားရမွာေပါ့ …။ ဒီတိုင္း ျပည္လိုေန ရာမ်ိဳးက်ေတာ့ ႀကိဳးစားတဲ့အျပင္ အထက္လူႀကီး အဆင္ ေျပေအာင္၊ ေအာက္လက္ငယ္သား အျမင္ၾကည္ေအာင္လည္း အေရးႀကီးေသးတာေပါ့ …။ ၿပံဳးျပစရာရွိေတာ့လည္း ၿပံဳးျပရမွာေပါ့။

အခုေျပာမယ့္နည္းေလးကေတာ့ ဂမီၻရနည္းစနစ္နဲ႔ အေထာက္အပံ့ ျဖစ္ေစဖို႔အတြက္ပါ။ ရာထူးတိုဖို႔ အသံေတြဘာေတြထြက္လာၿပီ၊ ေလွ်ာက္လႊာေတြဘာေတြ တင္ရၿပီ၊ အင္တာဗ်ဴးေတြ ဘာေတြ ေျဖရေတာ့မယ္ဆိုရင္ …


မိမိရဲ႕ေမြးေန႔ မနက္ပိုင္းမွာ ဘုရားတစ္ဆူကိုသြားပါ။

တတ္သမွ်မွတ္သမွ် ရွိခိုးပူေဇာ္ဖူးေျမာ္ပါ။

ၿပီးေတာ့ မိမိရဲ႕ေမြးနံေထာင့္မွာ ထီးျဖဴသက္ေစ့နဲ႔ ေရႊထီးသက္ေစ့ လွဴပါ။ (ထီးျဖဴအႀကီးႀကီးေတြ၊ ေရႊထီးအႀကီးႀကီးေတြကို မ်က္စိထဲ မျမင္လိုက္ပါနဲ႔ဦး၊ ဘုရားေတြမွာ ထီးျဖဴေသးေသးေလးေတြ၊ ေရႊထီး ေသးေသးေလးေတြ ရွိပါတယ္။ ေတာ္ၾကာ အႀကီးႀကီးေတြ လွဴရမယ္လို႔ ေအာက္ေမ့ေနရင္ ရာထူးတိုးတာကေနာက္မွ ထီးဖိုးအတြက္ ရွိတဲ့အိမ္ေလး ေပါင္လိုက္ရမွာစိုးလို႔ပါ …)

အဲဒီလို ထီးျဖဴသက္ေစနဲ႔ ေရႊထီးသက္ေစ့ လွဴတဲ့အျပင္ ျမတ္စြာဘုရားရဲ႕ပုခံုးေတာ္ေတြမွာ ေရႊခ်ကုသိုလ္ျပဳလုပ္ရင္းလည္း ရာထူးတိုးဖို႔ ဆုေတာင္းဖို႔ ျဖစ္ပါတယ္။

အဲဒါကေတာ့ ေရႊသကၤန္းကပ္လွဴဖို႔၊ ေရႊခ်ဖို႔ အဆင္ေျပတဲ့႐ုပ္ပြားေတာ္မွာ ျပဳလုပ္ရန္ျဖစ္ပါတယ္။ ရာထူးတိုးအံ့ဆဲဆဲ အလားအလာေကာင္းေနေသာ မိတ္ေဆြမ်ားအတြက္ အေထာက္အပံ့ျဖစ္ၾကပါေစဗ်ာ …။

သေဗၺဓမၼာ ဇင္ေယာ္နီ

ရာထူး တိုးခါနီးပြီးလော….

စာဖတ်ပရိသတ်များထဲမှာ ဝန်ထမ်းမိတ်ဆွေ တွေ လည်းရှိကြပါလိမ့်မယ်။ ဘယ်ဝန်ထမ်းဖြစ်ဖြစ် ရာထူးက တော့ တိုးနိုင်သမျှ တိုးချင်ကြတာပဲပေါ့ဗျာ။ ရာထူးတိုးဖို့အတွက်ဆိုရင် ကိုယ့်ဘက်ကကြိုးစား စရာရှိတာလည်း ကြိုးစားရမှာပေါ့ …။ ဒီတိုင်း ပြည်လိုနေ ရာမျိုးကျတော့ ကြိုးစားတဲ့အပြင် အထက်လူကြီး အဆင် ပြေအောင်၊ အောက်လက်ငယ်သား အမြင်ကြည်အောင်လည်း အရေးကြီးသေးတာပေါ့ …။ ပြုံးပြစရာရှိတော့လည်း ပြုံးပြရမှာပေါ့။

အခုပြောမယ့်နည်းလေးကတော့ ဂမ္ဘီရနည်းစနစ်နဲ့ အထောက်အပံ့ ဖြစ်စေဖို့အတွက်ပါ။ ရာထူးတိုဖို့ အသံတွေဘာတွေထွက်လာပြီ၊ လျှောက်လွှာတွေဘာတွေ တင်ရပြီ၊ အင်တာဗျူးတွေ ဘာတွေ ဖြေရတော့မယ်ဆိုရင် …


မိမိရဲ့မွေးနေ့ မနက်ပိုင်းမှာ ဘုရားတစ်ဆူကိုသွားပါ။

တတ်သမျှမှတ်သမျှ ရှိခိုးပူဇော်ဖူးမြော်ပါ။

ပြီးတော့ မိမိရဲ့မွေးနံထောင့်မှာ ထီးဖြူသက်စေ့နဲ့ ရွှေထီးသက်စေ့ လှူပါ။ (ထီးဖြူအကြီးကြီးတွေ၊ ရွှေထီးအကြီးကြီးတွေကို မျက်စိထဲ မမြင်လိုက်ပါနဲ့ဦး၊ ဘုရားတွေမှာ ထီးဖြူသေးသေးလေးတွေ၊ ရွှေထီး သေးသေးလေးတွေ ရှိပါတယ်။ တော်ကြာ အကြီးကြီးတွေ လှူရမယ်လို့ အောက်မေ့နေရင် ရာထူးတိုးတာကနောက်မှ ထီးဖိုးအတွက် ရှိတဲ့အိမ်လေး ပေါင်လိုက်ရမှာစိုးလို့ပါ …)

အဲဒီလို ထီးဖြူသက်စေနဲ့ ရွှေထီးသက်စေ့ လှူတဲ့အပြင် မြတ်စွာဘုရားရဲ့ပုခုံးတော်တွေမှာ ရွှေချကုသိုလ်ပြုလုပ်ရင်းလည်း ရာထူးတိုးဖို့ ဆုတောင်းဖို့ ဖြစ်ပါတယ်။

အဲဒါကတော့ ရွှေသင်္ကန်းကပ်လှူဖို့၊ ရွှေချဖို့ အဆင်ပြေတဲ့ရုပ်ပွားတော်မှာ ပြုလုပ်ရန်ဖြစ်ပါတယ်။ ရာထူးတိုးအံ့ဆဲဆဲ အလားအလာကောင်းနေသော မိတ်ဆွေများအတွက် အထောက်အပံ့ဖြစ်ကြပါစေဗျာ …။

သဗ္ဗေဓမ္မာ ဇင်ယော်နီ

Leave a Reply

Your email address will not be published. Required fields are marked *