မီးနဲ႔ပတ္သက္လို႔ မက္တတ္တဲ့အိပ္မက္ေတြနဲ႔ အဲ့ဒီအိပ္မက္ေတြကေျပာတဲ့ သင့္ကံၾကမၼာ

မီးနဲ႔ပတ္သက္လို႔ မက္တတ္တဲ့အိပ္မက္ေတြနဲ႔ အဲ့ဒီအိပ္မက္ေတြကေျပာတဲ့ သင့္ကံၾကမၼာ

တခါတေလ အိပ္ေနခ်ိန္မွာ ထူးထူးဆန္းဆန္း အိပ္မက္ေတြ မက္တတ္ၾကျပီး အဲ့ဒီအိပ္မက္ေတြက အေၾကာင္းမဲ့ မက္တာမဟုတ္ပါဘူး။ သင့္ရဲ႕ ကံၾကမၼာနဲ႕ပတ္သက္ျပီး အရိပ္အျမြက္ အသိေပးတဲ့ အေၾကာင္းအရာေလးေတြ ျဖစ္တတ္ပါတယ္။ ဒီတစ္ခါမွာေတာ့ သင့္အိပ္မက္ထဲမွာ မီးနဲ႔ပတ္သက္ျပီး ျမင္မက္တတ္တဲ့ အေၾကာင္းအရာေလးေတြနဲ႔ အဲ့ဒီအေၾကာင္းအရာနဲ႔ဆက္စပ္ေနတဲ့ သင့္ကံၾကမၼာအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။



(၁) ေနရာတစ္ခုမွာ မီးေတြအရွိန္အဟုန္နဲ႔ ေလာင္ေနတယ္လို႔မက္တယ္ဆိုရင္

ဒါက သင့္ရဲ႕ စိတ္ပိုင္းဆိုင္ရာအင္အား အရမ္းေကာင္းလာမယ့္ သေဘာပါပဲ။ ဒီလိုမက္တဲ့အခါ မီးေလာင္ေနတဲ့အရွိန္အဟုန္နဲ႔ ပမာဏကမ်ားေလေလ သင့္အတြက္ ကံပိုေကာင္းေလေလပါ။ လက္ရွိအခ်ိန္မွာ သင္ၾကံဳေနရတဲ့ စိတ္ဖိစီးမႈေတြ ေလ်ာ့နည္းလာျပီး ဘာလုပ္လုပ္ အဆင္ေျပေနမယ့္ အဓိပၸါယ္ပါ။ အနက္ေရာင္မီးခိုးေတြကို မက္မယ္ဆိုရင္ေတာ့ ေငြေၾကးကံ သိပ္မေကာင္းဘဲ သင့္အနီးအနားက လူတစ္ေယာက္ေယာက္ ကံဆိုးမယ့္ သေဘာပါ။ ဒီလိုမက္ၿပီဆိုရင္ သင့္ေဘးနားက လူေတြကို ဂရုစိုက္ဖို႔ လိုပါတယ္။



(၂) သင္မီးေလာင္ခံရတယ္လို႔ မက္ရင္

သင့္ရဲ႕အလုပ္ေနရာမွာ မယံုနိုင္ေလာက္ေအာင္ တိုးတက္မႈျဖစ္လာျပီး ပိုေကာင္းတဲ့ေနရာကို ေရာက္မယ့္ အဓိပၸါယ္ပါ။ သင့္ေဘးနားက လူေတြက သင့္ကို အျမင့္ေရာက္ေအာင္ တြန္းပို႔ေပးၾကမယ့္ နိမိတ္ပံုျဖစ္ျပီး သင့္အေနနဲ႔ အလုပ္အသစ္တစ္ခုခု စတင္ခ်င္ေနတယ္ဆိုရင္ ဒီအခ်ိန္မွာ စလိုက္ပါ။ သင့္ကို မီးစြဲေလာင္တယ္လို႕ အိပ္မက္မက္တာက သင့္အလုပ္အတြက္ေကာင္းတဲ့ နိမိတ္ျဖစ္ေပမယ့္ အခ်စ္ေရးမွာေတာ့ အဆင္မေျပဘဲ အဖုအထစ္ေလးေတြ ေတြ႕ရမယ့္ သေဘာပါ။



(၃) မီးေလာင္ေနတဲ့အထဲက တစ္ေယာက္ေယာက္ကို သင္ကကယ္ထုတ္လာတယ္လို႔ မက္တယ္ဆိုရင္

ဒီလိုမက္တယ္ဆိုရင္ေတာ့ သင္၀ါသနာပါေပမယ့္ လုပ္ဖို႕ အခြင့္အေရးမရခဲ့တဲ့့ အရာေတြအတြက္ ထူးျခားတဲ့ အခြင့္အေရးေတြ ရလာနိုင္ပါတယ္။ သင့္စိတ္ထဲက တကယ္ျဖစ္ခ်င္တဲ့ ဆႏၵေတြကို အေကာင္အထည္ ေဖာ္ခြင့္ရလာေတာ့မယ့္၊ သင့္ရဲ႕ လူမသိတဲ့ အရည္အခ်င္းေတြကို ေဖာ္ထုတ္ျပနိုင္မယ့္ အခြင့္အေရး ရလာေတာ့မယ့္ အဓိပၸါယ္ျဖစ္ပါတယ္။



(၄) မီးေလာင္ေနတဲ့အထဲက သင့္ကို တစ္ေယာက္ေယာက္က ကယ္ထုတ္လာတယ္လို႔ မက္ရင္

သင့္ဘ၀ရဲ႕ အေရးၾကီးဆံုးအရာေတြအတြက္ သင့္ေဘးနားက လူေတြရဲ႕ အကူအညီကို ရနိုင္မွာပါ။ ဒါေၾကာင့္ အခုအခ်ိန္မွာ သင့္အတြက္ အခက္အခဲျဖစ္ေနတာေတြကို မိသားစုနဲ႕ ယံုၾကည္ရတဲ့ သူငယ္ခ်င္းေတြကို ဖြင့္ေျပာျပီး အကူအညီေတာင္းလိုက္မယ္ဆိုရင္ သင့္အတြက္ အားလံုးအဆင္ေျပသြားပါလိမ့္မယ္။



(၅) မီးေလာင္ေနတာကို ၿငိမ္းသတ္လိုက္တယ္လို႔ မက္တယ္ဆိုရင္

အိပ္မက္ထဲမွာ မီးျငိမ္းဖို႕ၾကိဳးစားေနတယ္လို႕ မက္ရင္ သင္က အခက္အခဲေတြနဲ႕ ၾကံဳေတြ႕ရနိုင္ေခ် ရွိပါတယ္။ ဒါေပမယ့္ မီးကိုု ၿငိမ္းလိုက္နိုင္တယ္ဆိုရင္ေတာ့ အခက္အခဲေတြကိုု ေအးေအးေဆးေဆး ေျဖရွင္းနိုင္ပါလိမ့္မယ္။ အိပ္မက္ထဲမွာ မီးျငိမ္းဖို႕ ခက္ခဲေလေလ အျပင္မွာလည္း အခက္အခဲေတြကို ေျဖရွင္းဖို႕ ခက္ခဲေလေလ ျဖစ္မွာပါ။



(၆) မီးေလာင္ျပီး ေသသြားတယ္လို႔ မက္ရင္

မီးေလာင္ျပီး ေသသြားတယ္လို႕ မက္တယ္ဆိုရင္ေတာ့ တကယ္ကို ေၾကာက္စရာေကာင္းတဲ့ အိပ္မက္ပါေနာ္။ ဒါေပမယ့္ အဲ့ဒီလို အိပ္မက္မက္တာက လက္ေတြ႕ဘ၀မွာ ၾကီးမားတဲ့ ကံေကာင္းျခင္းေတြနဲ႕ ၾကံဳရမယ့္ နိမိတ္ပါ။ သင့္ဘ၀မွာ ဆိုးတဲ့အျဖစ္ေတြကေန ရုန္းထြက္နိုင္ျပီး ပိုေကာင္းတဲ့ လမ္းေၾကာင္းကို ေလွ်ာက္နိုင္မယ့္ အျဖစ္အပ်က္ေတြ ျဖစ္လာေတာ့မယ့္ အဓိပၸါယ္ပါ။



(၇) သင့္အ၀တ္အစားေတြ မီးေလာင္သြားတယ္လို႔ မက္ရင္

အ၀တ္အစားေတြ မီးေလာင္သြားတယ္လို႕ အိပ္မက္မက္ရင္ တစ္ေယာက္ေယာက္ဆီက အ၀တ္အစားေတြ အမ်ားၾကီးလက္ေဆာင္ရေတာ့မယ့္ နိမိတ္ပါ။ တစ္ေယာက္ေယာက္က သင့္ကို အ၀တ္အစားသစ္ေတြ အမ်ားၾကီး လက္ေဆာင္၀ယ္ေပးမွာမို႕ ေပ်ာ္ရႊင္ရေတာ့မွာပါ။

Credit : Aunty May

မီးနဲ့ပတ်သက်လို့ မက်တတ်တဲ့အိပ်မက်တွေနဲ့ အဲ့ဒီအိပ်မက်တွေကပြောတဲ့ သင့်ကံကြမ္မာ

တခါတလေ အိပ်နေချိန်မှာ ထူးထူးဆန်းဆန်း အိပ်မက်တွေ မက်တတ်ကြပြီး အဲ့ဒီအိပ်မက်တွေက အကြောင်းမဲ့ မက်တာမဟုတ်ပါဘူး။ သင့်ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး အရိပ်အမြွက် အသိပေးတဲ့ အကြောင်းအရာလေးတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခါမှာတော့ သင့်အိပ်မက်ထဲမှာ မီးနဲ့ပတ်သက်ပြီး မြင်မက်တတ်တဲ့ အကြောင်းအရာလေးတွေနဲ့ အဲ့ဒီအကြောင်းအရာနဲ့ဆက်စပ်နေတဲ့ သင့်ကံကြမ္မာအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။



(၁) နေရာတစ်ခုမှာ မီးတွေအရှိန်အဟုန်နဲ့ လောင်နေတယ်လို့မက်တယ်ဆိုရင်

ဒါက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာအင်အား အရမ်းကောင်းလာမယ့် သဘောပါပဲ။ ဒီလိုမက်တဲ့အခါ မီးလောင်နေတဲ့အရှိန်အဟုန်နဲ့ ပမာဏကများလေလေ သင့်အတွက် ကံပိုကောင်းလေလေပါ။ လက်ရှိအချိန်မှာ သင်ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေ လျော့နည်းလာပြီး ဘာလုပ်လုပ် အဆင်ပြေနေမယ့် အဓိပ္ပါယ်ပါ။ အနက်ရောင်မီးခိုးတွေကို မက်မယ်ဆိုရင်တော့ ငွေကြေးကံ သိပ်မကောင်းဘဲ သင့်အနီးအနားက လူတစ်ယောက်ယောက် ကံဆိုးမယ့် သဘောပါ။ ဒီလိုမက်ပြီဆိုရင် သင့်ဘေးနားက လူတွေကို ဂရုစိုက်ဖို့ လိုပါတယ်။



(၂) သင်မီးလောင်ခံရတယ်လို့ မက်ရင်

သင့်ရဲ့အလုပ်နေရာမှာ မယုံနိုင်လောက်အောင် တိုးတက်မှုဖြစ်လာပြီး ပိုကောင်းတဲ့နေရာကို ရောက်မယ့် အဓိပ္ပါယ်ပါ။ သင့်ဘေးနားက လူတွေက သင့်ကို အမြင့်ရောက်အောင် တွန်းပို့ပေးကြမယ့် နိမိတ်ပုံဖြစ်ပြီး သင့်အနေနဲ့ အလုပ်အသစ်တစ်ခုခု စတင်ချင်နေတယ်ဆိုရင် ဒီအချိန်မှာ စလိုက်ပါ။ သင့်ကို မီးစွဲလောင်တယ်လို့ အိပ်မက်မက်တာက သင့်အလုပ်အတွက်ကောင်းတဲ့ နိမိတ်ဖြစ်ပေမယ့် အချစ်ရေးမှာတော့ အဆင်မပြေဘဲ အဖုအထစ်လေးတွေ တွေ့ရမယ့် သဘောပါ။



(၃) မီးလောင်နေတဲ့အထဲက တစ်ယောက်ယောက်ကို သင်ကကယ်ထုတ်လာတယ်လို့ မက်တယ်ဆိုရင်

ဒီလိုမက်တယ်ဆိုရင်တော့ သင်ဝါသနာပါပေမယ့် လုပ်ဖို့ အခွင့်အရေးမရခဲ့တဲ့ အရာတွေအတွက် ထူးခြားတဲ့ အခွင့်အရေးတွေ ရလာနိုင်ပါတယ်။ သင့်စိတ်ထဲက တကယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို အကောင်အထည် ဖော်ခွင့်ရလာတော့မယ့်၊ သင့်ရဲ့ လူမသိတဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြနိုင်မယ့် အခွင့်အရေး ရလာတော့မယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။



(၄) မီးလောင်နေတဲ့အထဲက သင့်ကို တစ်ယောက်ယောက်က ကယ်ထုတ်လာတယ်လို့ မက်ရင်

သင့်ဘဝရဲ့ အရေးကြီးဆုံးအရာတွေအတွက် သင့်ဘေးနားက လူတွေရဲ့ အကူအညီကို ရနိုင်မှာပါ။ ဒါကြောင့် အခုအချိန်မှာ သင့်အတွက် အခက်အခဲဖြစ်နေတာတွေကို မိသားစုနဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းတွေကို ဖွင့်ပြောပြီး အကူအညီတောင်းလိုက်မယ်ဆိုရင် သင့်အတွက် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။



(၅) မီးလောင်နေတာကို ငြိမ်းသတ်လိုက်တယ်လို့ မက်တယ်ဆိုရင်

အိပ်မက်ထဲမှာ မီးငြိမ်းဖို့ကြိုးစားနေတယ်လို့ မက်ရင် သင်က အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ချေ ရှိပါတယ်။ ဒါပေမယ့် မီးကို ငြိမ်းလိုက်နိုင်တယ်ဆိုရင်တော့ အခက်အခဲတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ပါလိမ့်မယ်။ အိပ်မက်ထဲမှာ မီးငြိမ်းဖို့ ခက်ခဲလေလေ အပြင်မှာလည်း အခက်အခဲတွေကို ဖြေရှင်းဖို့ ခက်ခဲလေလေ ဖြစ်မှာပါ။



(၆) မီးလောင်ပြီး သေသွားတယ်လို့ မက်ရင်

မီးလောင်ပြီး သေသွားတယ်လို့ မက်တယ်ဆိုရင်တော့ တကယ်ကို ကြောက်စရာကောင်းတဲ့ အိပ်မက်ပါနော်။ ဒါပေမယ့် အဲ့ဒီလို အိပ်မက်မက်တာက လက်တွေ့ဘဝမှာ ကြီးမားတဲ့ ကံကောင်းခြင်းတွေနဲ့ ကြုံရမယ့် နိမိတ်ပါ။ သင့်ဘဝမှာ ဆိုးတဲ့အဖြစ်တွေကနေ ရုန်းထွက်နိုင်ပြီး ပိုကောင်းတဲ့ လမ်းကြောင်းကို လျှောက်နိုင်မယ့် အဖြစ်အပျက်တွေ ဖြစ်လာတော့မယ့် အဓိပ္ပါယ်ပါ။



(၇) သင့်အဝတ်အစားတွေ မီးလောင်သွားတယ်လို့ မက်ရင်

အဝတ်အစားတွေ မီးလောင်သွားတယ်လို့ အိပ်မက်မက်ရင် တစ်ယောက်ယောက်ဆီက အဝတ်အစားတွေ အများကြီးလက်ဆောင်ရတော့မယ့် နိမိတ်ပါ။ တစ်ယောက်ယောက်က သင့်ကို အဝတ်အစားသစ်တွေ အများကြီး လက်ဆောင်ဝယ်ပေးမှာမို့ ပျော်ရွှင်ရတော့မှာပါ။

Credit : Aunty May

Leave a Reply

Your email address will not be published. Required fields are marked *