ေမွာ္ပညာဆုိင္ရာ စာလံုးေလးေတြေရြးခ်ယ္ျပီး သင့္အနာဂတ္ကို စမ္းသပ္ၾကည့္ရေအာင္

ေမွာ္ပညာဆုိင္ရာ စာလံုးေလးေတြေရြးခ်ယ္ျပီး သင့္အနာဂတ္ကို စမ္းသပ္ၾကည့္ရေအာင္

ပံုမွာေဖာ္ျပထားတဲ႔ ေမွာ္ပညာရပ္ဆုိင္ရာ စာလံုးေလးေတြထဲက ႏွစ္သက္ရာ တစ္ခုခုကိုေရြးခ်ယ္လိုက္ပါ၊ သင္ေရြးခ်ယ္လိုက္တဲ႔ စာလံုးပံုေလးက သင့္ရဲ႕ အနာဂတ္မွာျဖစ္မယ့္အေၾကာင္းအရာတစ္ခ်ိဳ႕ကိုေဖာ္ျပေပးေနတာပါတဲ႔။ ကဲဒါဆိုရင္ေတာ့ သင့္ရဲ႕ အနာဂတ္ ဘယ္လုိဆက္ျဖစ္မယ္ဆိုတာ သိရဖို႔ ေရြးခ်ယ္ၾကည့္လိုက္ ပါဦးေနာ္။

၁ – နံပါတ္

၁ မွာရွိေနတဲ႔ စကားလံုးပံုစံေလးက လံုျခံဳမႈ၊ တည္ျငိမ္မႈ၊ ေအာင္ျမင္ျဖစ္ထြန္းမႈ၊ အသစ္သစ္ေသာ ဥစၥာဓနတိုးပြားမႈေတြကို ေဖာ္ညႊန္းေနတာပဲ ျဖစ္ပါတယ္။ ဒီပံုကိုေရြးခ်ယ္လိုက္တာျဖစ္တဲ႔သင္က အခုအခ်ိန္ကေနစျပီး သင္လုပ္ေဆာင္ခဲ႔သမွ်ေသာ လုပ္ငန္းကိစၥရပ္ေတြရဲ႕ အက်ိဳးအျမတ္ေတြကို ရိတ္သိမ္းရမယ့္ ေအာင္ျမင္ခ်ိန္ ေရာက္ျပီလို႔သာ မွတ္လိုက္ပါေတာ့။ ေအာင္ျမင္မႈဆုိတဲ႔ေနရာမွာ ရုပ္ဝတၳဳပစၥည္းေတြသာမကပဲ စိတ္ပိုင္းဆုိင္ရာမွာပါ တုိးတက္ေအာင္ျမင္မႈ ရရွိမယ္လို႔ ဆုိလိုတာျဖစ္ပါတယ္။ မၾကာခင္မွာ သင့္ကိုအလံုးစံုနားလည္ေပးႏိုင္သူတစ္ဦး ဘဝထဲဝင္ေရာက္လာမွာျဖစ္ျပီး အခ်စ္သစ္ၾကံဳေတြ႔လာရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။



၂ – နံပါတ္

၂ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ လွ်င္ျမန္မႈ၊ ေျပာင္းလဲမႈနဲ႔ စိတ္လြတ္လပ္မႈတို႔ကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီပံုကိုေရြးခ်ယ္လိုက္တဲ႔သင္က အေျပာင္းအလဲၾကီးတစ္ခုကို စျပီးၾကံဳရျပီလုိ႔သာမွတ္လုိက္ပါေတာ့။ သင္အရင္က စိတ္ေတာင္မကူးဖူးတာေတြ ေတြ႔ၾကံဳလာရမယ့္ အခ်ိန္ျဖစ္ျပီး စိုးရိမ္စရာေတာ့ မရွိပါဘူး။ ဒီထူးျခားတဲ႔ေျပာင္းလဲမႈ သင့္ကို ဘဝမွာ ဘယ္လိုေနထုိင္သင့္တယ္ဆိုတဲ႔ သင္ခန္းစာေတြ ေပးမွာျဖစ္ပါတယ္။ သင္ကိုယ္တုိင္ကလည္း ဒီအေျပာင္းအလဲကို ႏွစ္သက္လာမွာျဖစ္ျပီး ေနရာသစ္၊ အေတြ႔အၾကံဳသစ္၊ အခြင့္အလမ္းသစ္ေတြကလည္း သင့္ကို ေစာင့္ေမွ်ာ္ေနမွာျဖစ္ပါတယ္။



၃ – နံပါတ္

၃ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ ေအာင္ျမင္မႈ၊ စြမ္းအင္နဲ႔ အသက္ရွည္က်န္းမာျခင္းတုိ႔ကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီပံုကို ေရြးခ်ယ္လိုက္တဲ႔သင္က အိပ္မက္ေဟာင္းေတြကို အေကာင္အထည္ေဖာ္လာႏိုင္ပါ လိမ့္မယ္တဲ႔။ အခုကေနစျပီး လိုအင္ဆႏၵမွန္သမွ် ျပည့္ဝလာမွာျဖစ္သလုိ လုပ္ငန္းကိစၥရပ္ေတြလည္း အေျခအေန တိုးတက္လာပါလိမ့္မယ္။ အရာအားလံုးေကာင္းမြန္လာမွာျဖစ္ျပီး သင္လုပ္သမွ် အကုန္အေကာင္းျဖစ္ေနမယ့္ အခ်ိန္ပါပဲ၊ အျငင္းပြားစရာ ကိစၥရပ္ေတြမွာေတာင္ သင့္ဘက္က မွန္ကန္ေနမွာ ျဖစ္ပါတယ္။



၄ – နံပါတ္

၄ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ သင့္မွာလတ္တေလာ ျပႆနာေတြ ရွိေနတယ္ဆုိတာ ေဖာ္ညႊန္းေနတာပါတဲ႔။ ဒါေပမယ့္ လတ္တေလာၾကံဳေတြ႔လာမယ့္ ျပႆနာေတြကို သတိနဲ႔ေျဖရွင္းျပီး အေတြ႔အၾကံဳေတြကိုယူတတ္ရင္ အေကာင္းဘက္ကို ျဖစ္လာႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာ သင္ဟာ ေသးငယ္တဲ႔ ေလွငယ္ေလးနဲ႔ မုန္တုိင္းကိုေက်ာ္ျဖတ္ေနရသလို ခံစားရမွာျဖစ္ျပီး ဒါေပမယ့္ မထင္မွတ္ေလာက္ေအာင္ ျပႆနာအားလံုးကို သင္ေအာင္ျမင္စြာ ေက်ာ္ျဖတ္သြားႏိုင္ပါလိမ့္မယ္တဲ႔။



၅ – နံပါတ္

၅ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ သင္ဟာ ေပးဆပ္မႈနဲ႔ လက္ခံရရွိမႈတို႔ၾကားမွာ ရွိေနတယ္ဆုိတဲ႔ အခ်က္ကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာ ေဝမွ်ျခင္းနဲ႔ တစ္ျခားသူေတြနဲ႔ ဆက္သြယ္ျခင္းကိစၥရပ္ေတြလည္း အမ်ားအျပားၾကံဳေတြ႔ရတတ္ပါတယ္။ သင့္မွာရွိေနတဲ႔ အေတြ႔အၾကံဳေတြ အသိပညာဗဟုသုတေတြကို တစ္ျခားသူေတြဆီ ျဖန္႔ေဝေပးရတာမ်ိဳး ရွိႏုိင္သလို တစ္ျခားသူေတြရဲ႕ စိတ္ကိုသင္အလုိလိုသိရွိခံစားလာရမယ့္ အခ်ိန္လည္း ျဖစ္ပါတယ္။ ဒီအခ်ိန္ကေနစျပီး ၾကံဳေတြ႔ရသမွ် အျဖစ္အပ်က္ေတြက သင့္ကို ၾကင္နာတတ္ျပီး သေဘာထားၾကီးသူအျဖစ္ ေျပာင္းလဲလာေစမွာလည္း ျဖစ္ပါတယ္။



၆ – နံပါတ္

၆ မွာရွိေနတဲ႔ စကားလံုးပံုေလးကေတာ့ စိတ္ဝိဥာဥ္နဲ႔ စိတ္လႈပ္ရွားဖြယ္ ခရီးစဥ္ေတြကို ေဖာ္ညႊန္းေနတာပဲျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာ သင့္အတြက္ တုိးတက္ရာတုိးတက္ေၾကာင္းျဖစ္မယ့္ ခရီးစဥ္ေတြ သြားရဖို႔ရွိျပီး သင့္အတြက္ အေတြ႔အၾကံဳအသစ္၊ တုိးတက္မႈအသစ္နဲ႔ စတင္မႈ အသစ္ေတြ ရရွိလာမယ့္အခ်ိန္ပါပဲ။ အခ်ိန္ၾကာျမင့္စြာ စိတ္ညစ္ညဴးပိတ္ေလွာင္မြန္းၾကပ္မႈေတြကေန စိတ္သက္သာရ စျပီး ရလာမယ့္အခ်ိန္လည္းျဖစ္ပါတယ္။ အခုကေနစျပီး ေမွ်ာ္လင့္ခ်က္၊ အခ်စ္၊ စြမ္းအင္သစ္ေတြနဲ႔ ေပ်ာ္ရႊင္မႈေတြ ဆက္ျပီး ၾကံဳေတြ႔ရေတာ့မွာမို႔ သင္စိတ္ခ်မ္းသာလိုက္ပါေတာ့။

မှော်ပညာဆိုင်ရာ စာလုံးလေးတွေရွေးချယ်ပြီး သင့်အနာဂတ်ကို စမ်းသပ်ကြည့်ရအောင်

ပုံမှာဖော်ပြထားတဲ့ မှော်ပညာရပ်ဆိုင်ရာ စာလုံးလေးတွေထဲက နှစ်သက်ရာ တစ်ခုခုကိုရွေးချယ်လိုက်ပါ၊ သင်ရွေးချယ်လိုက်တဲ့ စာလုံးပုံလေးက သင့်ရဲ့ အနာဂတ်မှာဖြစ်မယ့်အကြောင်းအရာတစ်ချို့ကိုဖော်ပြပေးနေတာပါတဲ့။ ကဲဒါဆိုရင်တော့ သင့်ရဲ့ အနာဂတ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ သိရဖို့ ရွေးချယ်ကြည့်လိုက် ပါဦးနော်။

၁ – နံပါတ်

၁ မှာရှိနေတဲ့ စကားလုံးပုံစံလေးက လုံခြုံမှု၊ တည်ငြိမ်မှု၊ အောင်မြင်ဖြစ်ထွန်းမှု၊ အသစ်သစ်သော ဥစ္စာဓနတိုးပွားမှုတွေကို ဖော်ညွှန်းနေတာပဲ ဖြစ်ပါတယ်။ ဒီပုံကိုရွေးချယ်လိုက်တာဖြစ်တဲ့သင်က အခုအချိန်ကနေစပြီး သင်လုပ်ဆောင်ခဲ့သမျှသော လုပ်ငန်းကိစ္စရပ်တွေရဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းရမယ့် အောင်မြင်ချိန် ရောက်ပြီလို့သာ မှတ်လိုက်ပါတော့။ အောင်မြင်မှုဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုပစ္စည်းတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာမှာပါ တိုးတက်အောင်မြင်မှု ရရှိမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ မကြာခင်မှာ သင့်ကိုအလုံးစုံနားလည်ပေးနိုင်သူတစ်ဦး ဘဝထဲဝင်ရောက်လာမှာဖြစ်ပြီး အချစ်သစ်ကြုံတွေ့လာရတာမျိုးလည်း ရှိနိုင်ပါတယ်။



၂ – နံပါတ်

၂ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ လျှင်မြန်မှု၊ ပြောင်းလဲမှုနဲ့ စိတ်လွတ်လပ်မှုတို့ကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီပုံကိုရွေးချယ်လိုက်တဲ့သင်က အပြောင်းအလဲကြီးတစ်ခုကို စပြီးကြုံရပြီလို့သာမှတ်လိုက်ပါတော့။ သင်အရင်က စိတ်တောင်မကူးဖူးတာတွေ တွေ့ကြုံလာရမယ့် အချိန်ဖြစ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ ဒီထူးခြားတဲ့ပြောင်းလဲမှု သင့်ကို ဘဝမှာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ သင်ခန်းစာတွေ ပေးမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်ကလည်း ဒီအပြောင်းအလဲကို နှစ်သက်လာမှာဖြစ်ပြီး နေရာသစ်၊ အတွေ့အကြုံသစ်၊ အခွင့်အလမ်းသစ်တွေကလည်း သင့်ကို စောင့်မျှော်နေမှာဖြစ်ပါတယ်။



၃ – နံပါတ်

၃ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ အောင်မြင်မှု၊ စွမ်းအင်နဲ့ အသက်ရှည်ကျန်းမာခြင်းတို့ကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီပုံကို ရွေးချယ်လိုက်တဲ့သင်က အိပ်မက်ဟောင်းတွေကို အကောင်အထည်ဖော်လာနိုင်ပါ လိမ့်မယ်တဲ့။ အခုကနေစပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝလာမှာဖြစ်သလို လုပ်ငန်းကိစ္စရပ်တွေလည်း အခြေအနေ တိုးတက်လာပါလိမ့်မယ်။ အရာအားလုံးကောင်းမွန်လာမှာဖြစ်ပြီး သင်လုပ်သမျှ အကုန်အကောင်းဖြစ်နေမယ့် အချိန်ပါပဲ၊ အငြင်းပွားစရာ ကိစ္စရပ်တွေမှာတောင် သင့်ဘက်က မှန်ကန်နေမှာ ဖြစ်ပါတယ်။



၄ – နံပါတ်

၄ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ သင့်မှာလတ်တလော ပြဿနာတွေ ရှိနေတယ်ဆိုတာ ဖော်ညွှန်းနေတာပါတဲ့။ ဒါပေမယ့် လတ်တလောကြုံတွေ့လာမယ့် ပြဿနာတွေကို သတိနဲ့ဖြေရှင်းပြီး အတွေ့အကြုံတွေကိုယူတတ်ရင် အကောင်းဘက်ကို ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ သင်ဟာ သေးငယ်တဲ့ လှေငယ်လေးနဲ့ မုန်တိုင်းကိုကျော်ဖြတ်နေရသလို ခံစားရမှာဖြစ်ပြီး ဒါပေမယ့် မထင်မှတ်လောက်အောင် ပြဿနာအားလုံးကို သင်အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်တဲ့။



၅ – နံပါတ်

၅ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ သင်ဟာ ပေးဆပ်မှုနဲ့ လက်ခံရရှိမှုတို့ကြားမှာ ရှိနေတယ်ဆိုတဲ့ အချက်ကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ဝေမျှခြင်းနဲ့ တစ်ခြားသူတွေနဲ့ ဆက်သွယ်ခြင်းကိစ္စရပ်တွေလည်း အများအပြားကြုံတွေ့ရတတ်ပါတယ်။ သင့်မှာရှိနေတဲ့ အတွေ့အကြုံတွေ အသိပညာဗဟုသုတတွေကို တစ်ခြားသူတွေဆီ ဖြန့်ဝေပေးရတာမျိုး ရှိနိုင်သလို တစ်ခြားသူတွေရဲ့ စိတ်ကိုသင်အလိုလိုသိရှိခံစားလာရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန်ကနေစပြီး ကြုံတွေ့ရသမျှ အဖြစ်အပျက်တွေက သင့်ကို ကြင်နာတတ်ပြီး သဘောထားကြီးသူအဖြစ် ပြောင်းလဲလာစေမှာလည်း ဖြစ်ပါတယ်။



၆ – နံပါတ်

၆ မှာရှိနေတဲ့ စကားလုံးပုံလေးကတော့ စိတ်ဝိဉာဉ်နဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တွေကို ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ သင့်အတွက် တိုးတက်ရာတိုးတက်ကြောင်းဖြစ်မယ့် ခရီးစဉ်တွေ သွားရဖို့ရှိပြီး သင့်အတွက် အတွေ့အကြုံအသစ်၊ တိုးတက်မှုအသစ်နဲ့ စတင်မှု အသစ်တွေ ရရှိလာမယ့်အချိန်ပါပဲ။ အချိန်ကြာမြင့်စွာ စိတ်ညစ်ညူးပိတ်လှောင်မွန်းကြပ်မှုတွေကနေ စိတ်သက်သာရ စပြီး ရလာမယ့်အချိန်လည်းဖြစ်ပါတယ်။ အခုကနေစပြီး မျှော်လင့်ချက်၊ အချစ်၊ စွမ်းအင်သစ်တွေနဲ့ ပျော်ရွှင်မှုတွေ ဆက်ပြီး ကြုံတွေ့ရတော့မှာမို့ သင်စိတ်ချမ်းသာလိုက်ပါတော့။

Leave a Reply

Your email address will not be published. Required fields are marked *