ေဇာ္ဂ်ီ-ဇီးကြက္ စီးပြားတက္ အစီအရင္

ေဇာ္ဂ်ီ-ဇီးကြက္ စီးပြားတက္ အစီအရင္

ေဇာ္ဂ်ီ-ဇီးကြက္ စီးပြားတက္ေသာ အစီအရင္ ျဖစ္ပါသည္။ စစ္ကိုင္း၊ စဥ့္ကိုင္၊ စဥ့္ကူၿမိဳ႕မ်ားတြင္ ေပါက္ေသာ ေဇာက္ျခမ္းသားကို ဇီးကြက္ေပၚ ေဇာ္ဂ်ီ ေဆးႀကိတ္ထိုင္ေနပံုကို ထုပါ။ ထိုအ႐ုပ္ေလးကို ဆန္ ေကာတစ္ခ်ပ္တြင္ စကၠဴခင္း ဆန္ကြဲႀကဲၿပီး အ႐ုပ္ေလးကိုတင္ပါ။ ထိုအ႐ုပ္ေလးေရွ႕တြင္ စံပယ္ကိုးပြင့္ (သို႔) စိန္ပန္း(သို႔) ဇြန္ပန္း စသည့္ အဂၤါနံစၿပီး ၾကာသပေတးနံ ဆံုးသည့္ ပန္းတစ္မ်ိဳးႏွင့္ မတ္ေစ့ကိုးေစ့ တင္ၿပီး ကိုးကြယ္ထားပါ။

ထိုဆန္ေကာေအာက္တြင္ ဆန္ခါခံုး တစ္ခု ခံပါ။ ထိုဆန္ခါခံုးထဲသို႔ ေပါက္ေပါက္ပြင့္ ထည့္ပါ။ အားလံုးျပည့္စံုလွ်င္ အိမ္(သို႔) ေဈးဆိုင္တြင္ ထား၍ ေအာက္ပါ သံုးဂါထာကို ပုတီးစိပ္ပါ။ အဂၤါေန႔တြင္ အဓိ႒ာန္လုပ္ပါ။



သုဂေတာငါးခ်က္ဂါထာ – သုဂေတာ သုဂတ ဌာနံ၊ သုဂေတာ သုႏၵရံ ပိစ၊ သုဂေတာ နိဗၺာ နံ ယာတိ၊ သုဂေတာ ေတ နေမာ နမာ။

ပ႒မံဂါထာ – ပ႒မံ သကလကၡဏ ေမက ပဒံ၊ ဒုတိယာဒိ ပဒႆ နိဒႆ နေတာ၊ သမနိ ဒုနိမာ သမဒူ သနိဒူ၊ ကမေတာ ဝိဘေဇ ပဌေမန ဝိနာ။

ဇိ(၁၀)ခ်က္ဂါထာ – ဇိန ပါပံ ေသေ႒ာ ဇိနပါပံ ဇိနံ ဓေမၼာ ဇိန ပါပံ ဇိနံ သံေဃာ ဇိေနာ ရသံ ဇိနံ ဂု႐ု ဇိနံ ဘိဇံ ဇိနံ နေမ။



မွတ္ခ်က္ ။ ။ သုဂေတာငါးခ်က္ဂါထာ ကို တစ္ဂါထာ တစ္လံုးခ် တစ္ပတ္ႏႈန္း ပ႒မံဂါထာကို တစ္ဂါထာတစ္လံုးခ် သံုးပတ္ ဇိ(၁၀)ခ်က္ဂါထာကို တစ္ဂါထာတစ္လံုးခ် တစ္ပတ္၊ အားလံုးေပါင္း ငါး ပတ္ကို မနက္ ငါးပတ္၊ ည ငါးပတ္ စိပ္ပါ။ အထူးမွာ ပုတီးစိပ္တိုင္း သစ္သီး အလင္းတိုင္ ပန္း အေမႊးတိုင္ ေရေတာ္ ကပ္လွဴပါ။ ပိုထက္ခ်င္ရင္ တစ္ဂါထာကို ဖေယာင္းတိုင္တစ္တိုင္စီ ပူေဇာ္ပါ။ ဂါထာကို ဖေယာင္းတိုင္ အေျခမွအထက္သို႔ ေရးပါ။ ဆုေတာင္း ကို ဖေယာင္းတိုင္ေက်ာဘက္ ေခါင္းမွအေျခသို႔ ေရး ပါ။ ဤနည္းကို ျပဳလုပ္ပါလွ်င္ အႏၱရာယ္အမ်ိဳးမ်ိဳး အေႏွာင့္အယွက္ အမ်ိဳးမ်ိဳးကင္းမည္။ ေဈးေရာင္း ေကာင္းမည္။ လာဘ္ရႊင္မည္။ က်က္သေရမဂၤလာ ရွိမည္။ မိမိအလိုဆႏၵ အားလံုးျပည့္စံုမည္။ သိန္းသန္း ခ်ီ၍လုပ္ေသာလုပ္ငန္းမ်ား ေအာင္ျမင္ပါလိမ့္မည္။ ဖေယာင္းတိုင္တြင္ ေရးလွ်င္ တစ္တိုင္တည္းတြင္သာ အၿပီးေရးရပါမည္။ ဤနည္းမွာ ေဇာ္ဂ်ီ ဇီးကြက္ စီးပြားတက္ေသာ နည္းျဖစ္သည္။ အစြမ္းထက္ေသာ ဂါထာမႏၱန္က်မ္းတြင္ ေအာင္ေဇာ္မင္း ဟူ၍သာ သံုး ႏႈန္းေဖာ္ျပပါသည္။

ဟန္ထက္ေစာ

ဇော်ဂျီ-ဇီးကွက် စီးပွားတက် အစီအရင်

ဇော်ဂျီ-ဇီးကွက် စီးပွားတက်သော အစီအရင် ဖြစ်ပါသည်။ စစ်ကိုင်း၊ စဉ့်ကိုင်၊ စဉ့်ကူမြို့များတွင် ပေါက်သော ဇောက်ခြမ်းသားကို ဇီးကွက်ပေါ် ဇော်ဂျီ ဆေးကြိတ်ထိုင်နေပုံကို ထုပါ။ ထိုအရုပ်လေးကို ဆန် ကောတစ်ချပ်တွင် စက္ကူခင်း ဆန်ကွဲကြဲပြီး အရုပ်လေးကိုတင်ပါ။ ထိုအရုပ်လေးရှေ့တွင် စံပယ်ကိုးပွင့် (သို့) စိန်ပန်း(သို့) ဇွန်ပန်း စသည့် အင်္ဂါနံစပြီး ကြာသပတေးနံ ဆုံးသည့် ပန်းတစ်မျိုးနှင့် မတ်စေ့ကိုးစေ့ တင်ပြီး ကိုးကွယ်ထားပါ။

ထိုဆန်ကောအောက်တွင် ဆန်ခါခုံး တစ်ခု ခံပါ။ ထိုဆန်ခါခုံးထဲသို့ ပေါက်ပေါက်ပွင့် ထည့်ပါ။ အားလုံးပြည့်စုံလျှင် အိမ်(သို့) ဈေးဆိုင်တွင် ထား၍ အောက်ပါ သုံးဂါထာကို ပုတီးစိပ်ပါ။ အင်္ဂါနေ့တွင် အဓိဋ္ဌာန်လုပ်ပါ။



သုဂတောငါးချက်ဂါထာ – သုဂတော သုဂတ ဌာနံ၊ သုဂတော သုန္ဒရံ ပိစ၊ သုဂတော နိဗ္ဗာ နံ ယာတိ၊ သုဂတော တေ နမော နမာ။

ပဋ္ဌမံဂါထာ – ပဋ္ဌမံ သကလက္ခဏ မေက ပဒံ၊ ဒုတိယာဒိ ပဒဿ နိဒဿ နတော၊ သမနိ ဒုနိမာ သမဒူ သနိဒူ၊ ကမတော ဝိဘဇေ ပဌမေန ဝိနာ။

ဇိ(၁၀)ချက်ဂါထာ – ဇိန ပါပံ သေဋ္ဌော ဇိနပါပံ ဇိနံ ဓမ္မော ဇိန ပါပံ ဇိနံ သံဃော ဇိနော ရသံ ဇိနံ ဂုရု ဇိနံ ဘိဇံ ဇိနံ နမေ။



မှတ်ချက် ။ ။ သုဂတောငါးချက်ဂါထာ ကို တစ်ဂါထာ တစ်လုံးချ တစ်ပတ်နှုန်း ပဋ္ဌမံဂါထာကို တစ်ဂါထာတစ်လုံးချ သုံးပတ် ဇိ(၁၀)ချက်ဂါထာကို တစ်ဂါထာတစ်လုံးချ တစ်ပတ်၊ အားလုံးပေါင်း ငါး ပတ်ကို မနက် ငါးပတ်၊ ည ငါးပတ် စိပ်ပါ။ အထူးမှာ ပုတီးစိပ်တိုင်း သစ်သီး အလင်းတိုင် ပန်း အမွှေးတိုင် ရေတော် ကပ်လှူပါ။ ပိုထက်ချင်ရင် တစ်ဂါထာကို ဖယောင်းတိုင်တစ်တိုင်စီ ပူဇော်ပါ။ ဂါထာကို ဖယောင်းတိုင် အခြေမှအထက်သို့ ရေးပါ။ ဆုတောင်း ကို ဖယောင်းတိုင်ကျောဘက် ခေါင်းမှအခြေသို့ ရေး ပါ။ ဤနည်းကို ပြုလုပ်ပါလျှင် အန္တရာယ်အမျိုးမျိုး အနှောင့်အယှက် အမျိုးမျိုးကင်းမည်။ ဈေးရောင်း ကောင်းမည်။ လာဘ်ရွှင်မည်။ ကျက်သရေမင်္ဂလာ ရှိမည်။ မိမိအလိုဆန္ဒ အားလုံးပြည့်စုံမည်။ သိန်းသန်း ချီ၍လုပ်သောလုပ်ငန်းများ အောင်မြင်ပါလိမ့်မည်။ ဖယောင်းတိုင်တွင် ရေးလျှင် တစ်တိုင်တည်းတွင်သာ အပြီးရေးရပါမည်။ ဤနည်းမှာ ဇော်ဂျီ ဇီးကွက် စီးပွားတက်သော နည်းဖြစ်သည်။ အစွမ်းထက်သော ဂါထာမန္တန်ကျမ်းတွင် အောင်ဇော်မင်း ဟူ၍သာ သုံး နှုန်းဖော်ပြပါသည်။

ဟန်ထက်စော

Leave a Reply

Your email address will not be published. Required fields are marked *