၂၀၁၈ ခုႏွစ္ ၾသဂုတ္လအတြက္ ေသြးထြက္ေအာင္မွန္ေသာ ေဟာကိန္းမ်ား

၂၀၁၈ ခုႏွစ္ ၾသဂုတ္လအတြက္ ေသြးထြက္ေအာင္မွန္ေသာ ေဟာကိန္းမ်ား
.
.
အကၽြႏ္ုပ္၏ ဣဌသေဘာေဆာင္သည့္ ေကာင္းေသာေဟာခ်က္မ်ား မွန္ကန္၍ ၊ အနိဌသေဘာေဆာင္သည့္ မေကာင္းေသာေဟာခ်က္မ်ား တက္တက္စင္ေအာင္ လြဲမွားပါေစသတည္း။ …. ။
.
မိတ္ေဆြတို႔၏ေကာင္းက်ဳိးမ်ားကို အစဥ္လိုလားေသာ
.
မင္းသိမ္းခိုင္ (ေရႊရမ္းထူးလင္း)
.
ေကာင္းကင္ျပင္တစ္ခုလံုး မႈံမႈိင္းအံု႔ဆိုင္းေနၿပီး မိုးစက္မိုးေပါက္မ်ားေၾကာင့္ စိတ္လႈပ္ရွားရင္ခုန္ဖြယ္ေကာင္းလွေသာ မိုးလယ္ကာလ ၾသဂုတ္လ၏ေန႔ရက္မ်ား

သင္ေရြးခ်ယ္မယ့္ ကတ္က ေျပာျပေနမယ့္ သင့္အနာဂတ္

သင္ေရြးခ်ယ္မယ့္ ကတ္က ေျပာျပေနမယ့္ သင့္အနာဂတ္

ယခု ေျပာျပေပးမွာကေတာ့ ကတ္ေလးေတြက ျပေပးႏိုင္တဲ့ သင့္ရဲ႕ ကံၾကမၼာပါ။ ကဒ္ စုစုေပါင္း (၄) ကတ္ ရွိပါတယ္။ ဒီထဲကမွ သင္အႀကိဳက္ဆံုး ကဒ္ ကေလးကို ေရြးခ်ယ္ေပးရံုပါပဲ..။

ကဲ သင့္အနာဂတ္ကို သိဖို႔ အဆင္သင့္ ျဖစ္ျပီးလား….။

Card number 1

နံပါတ္ (၁) ကတ္ကို ေရြးခ်ယ္ခဲ့ရင္ သင္ဟာ ႏူးညံ့သိမ္ေမြ႕တဲ့ စိတ္ေနစိတ္ထား ရွိတဲ့သူပါ။ သင္ဟာ အလွအပကို အရမး္ ခ်စ္ျမတ္ႏိုးျပီး သင္ႀကိဳက္ႏွစ္သက္တဲ့ ပစၥည္းေတြနဲ႔ သင့္ကိုသင္ ဝန္းရံထားခ်င္သူပါ။ ထံုးတမ္း အစဥ္အလာေတြနဲ႔ အတိတ္က အေၾကာင္းအရာေတြကိုလည္း သင္ အေလးထား တတ္ပါတယ္။ သင္ဟာ ေျဖးေျဖးနဲ႔မွန္မွန္ လုပ္ကိုင္တတ္သူ ျဖစ္ျပီး အေသးအမႊားေလးကအစ အရမး္ကို ဂရုစိုက္တတ္သူပါ။

သင့္ဘဝမွာ သင္မႀကံဳဖူးတဲ့ အသစ္အဆန္း တစ္ခုခု ေရာက္ရွိလာပါၿပီ။ အဲဒီ့အရာက သင့္ကုိ ၿငိမ္းခ်မ္းေပ်ာ္ရႊင္ ေစပါလိမ့္မယ္။ ဒီအခ်ိန္မွာ သင့္ရင္ထဲက ျမိဳသိပ္ထားတဲ့ ခံစားခ်က္ေတြကို ဖြင့္ေျပာလိုက္ဖို႔ အေကာင္းဆံုးအခ်ိ္န္ပဲ ျဖစ္ပါတယ္။



Card number 2

နံပါတ္ (၂) ကတ္ကို ေရြးခ်ယ္ခဲ့ရင္ သင္ဟာ အသစ္အဆန္းေတြနဲ႔ စြန္႔စားရတာေတြကို ႀကိဳက္ႏွစ္သက္သူပါ။ သင္ဟာ ရဲရင့္ျပီး ထက္ျမက္တဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သင္ဟာ အေသးအမႊားေတြေၾကာင့္ ေခါင္းရႈပ္ခံ ေနမယ့္သူ မဟုတ္ပါဘူး။ သင့္မွာ ေကာင္းမြန္တဲ့ ေပါင္းသင္းဆက္ဆံေရး ရွိသလို၊ သစၥာရွိျပိး ယံုၾကည္ရတဲ့သူ တစ္ေယာက္ပါ။ သင္ဟာ သင့္ဘဝအတြက္ အေရးပါတဲ့သူေတြကို ဘယ္ေတာ့မွ သစၥာေဖာက္မယ့္သူမ်ိဳး မဟုတ္ပါဘူး။

သင္ဟာ စိန္ေခၚမႈ အသစ္ေတြကို သေဘာက်ျပီး ဘယ္ေလာက္ ခက္ခဲေနပါေစ ေနာက္ဆုတ္မယ့္သူ မဟုတ္ပါဘူး။ သင့္ အနာဂတ္ဟာ လွပေနလိမ့္မယ္ လို႔ သင္အျမဲ ယံုၾကည္ေနၿပီး အဲဒီ့ယံုၾကည္မႈကလည္း တကယ္ မွန္ေနပါတယ္။ ဒီအတိုင္းပဲ ဆက္သြားပါ။ အဆံုးမွာ သင္ ယံုၾကည္တဲ့အတိုင္း လွပတဲ့ အနာဂတ္ေတြကို ပိုင္ဆိုင္ရမွာပါ။



Card number 3

နံပါတ္ (၃)ကဒ္ကို ေရြးခ်ယ္ခဲ့ရင္ သင္ဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနရတာကို ႀကိဳက္ႏွစ္သက္သူပါ။ သင္ဟာ ႏွိမ့္ခ်ျပီး ဟန္မေဆာင္တတ္တဲ့သူမ်ိဳးပါ။ သင့္ကို နာက်င္ေအာင္ လုပ္တဲ့သူကိုေတာင္ ခဏေလးအတြင္းမွာ ခြင့္လႊတ္တတ္ျပီး အၿပံဳးမပ်က္တဲ့ သူပါ။ သူမ်ားေတြက အေသးအမႊား ျပသနာေလးေတြမွာေတာင္ ဝုန္းဒိုင္းႀကဲေနခ်ိန္မွာ သင္ကေတာ့ ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ပါပဲ။

သင္ဟာ အခုအခ်ိန္မွာ အေျပာင္းအလဲ ေသးေသးေလးေတြနဲ႔ ႀကံဳရမွာပါ။ ဒါေပမယ့္ ဒီအရာေတြက သင့္အတြက္ ပိုေကာင္းတယ္ ဆိုတာ သင္သိလာမွာပါ။ သင့္ရဲ႕ စိတ္ရွည္ျခင္းနဲ႕ ႏူးညံ့ျခင္းကို အႏိုင္ယူ ေစာ္ကားခြင့္ မေပးမိေစဖို႔ အေရးႀကီးပါတယ္။



Card number 4

နံပါတ္ (၄) ကတ္ကို ေရြးခ်ယ္ခဲ့ရင္ သင္ဟာ တည္ၿငိမ္ၿပီး စဥ္းစား ေတြးေခၚႏိုင္စြမး္ ျမင့္မားတဲ့သူပါ။ သင့္ရဲ႕ ခံစားခ်က္ေတြ ကလည္း အရမး္ကို နက္ရိႈင္းပါတယ္။ သင္ဟာ အထီးက်န္တဲ့သူ တစ္ေယာက္လညး္ ျဖစ္ပါတယ္။ သင္ဟာ အရမး္ကို ခံစားလြယ္တဲ့သူ တစ္ေယာက္ျဖစ္ၿပီး အရမ္း သံေယာဇဥ္ႀကီးတဲ့သူ တစ္ေယာက္ျဖစ္သလို ပြင့္လင္းတဲ့သူပါ။

သင္ဟာ ဘဝကို တစ္ေယာက္တည္း ျဖတ္သန္းခဲ့သူပီပီ တစ္ေယာက္ေယာက္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ မေနခ်င္သူပါ။ သင့္ရဲ႕ ကိုယ္ပိုင္ဘဝေလးဟာ အရမး္ကို လွပါပါတယ္။ သင့္ရဲ႕ အေတြးထဲမွာလည္း လွပ ေကာင္းမြန္တဲ့ အေတြးေလးေတြ အမ်ားႀကီး ရွိပါတယ္။ သင္ခ်စ္ရတဲ့ သူေတြနဲ႔ သင္ခ်စ္ရတဲ့ အရာေလးေတြကို ေဝမွ်ခံစားလိုက္ပါ။ သင့္ဘဝဟာ ေတာက္ပစ ျပဳေနပါၿပီ…။

သင်ရွေးချယ်မယ့် ကတ်က ပြောပြနေမယ့် သင့်အနာဂတ်

ယခု ပြောပြပေးမှာကတော့ ကတ်လေးတွေက ပြပေးနိုင်တဲ့ သင့်ရဲ့ ကံကြမ္မာပါ။ ကဒ် စုစုပေါင်း (၄) ကတ် ရှိပါတယ်။ ဒီထဲကမှ သင်အကြိုက်ဆုံး ကဒ် ကလေးကို ရွေးချယ်ပေးရုံပါပဲ..။

ကဲ သင့်အနာဂတ်ကို သိဖို့ အဆင်သင့် ဖြစ်ပြီးလား….။

Card number 1

နံပါတ် (၁) ကတ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ နူးညံ့သိမ်မွေ့တဲ့ စိတ်နေစိတ်ထား ရှိတဲ့သူပါ။ သင်ဟာ အလှအပကို အရမ်း ချစ်မြတ်နိုးပြီး သင်ကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေနဲ့ သင့်ကိုသင် ဝန်းရံထားချင်သူပါ။ ထုံးတမ်း အစဉ်အလာတွေနဲ့ အတိတ်က အကြောင်းအရာတွေကိုလည်း သင် အလေးထား တတ်ပါတယ်။ သင်ဟာ ဖြေးဖြေးနဲ့မှန်မှန် လုပ်ကိုင်တတ်သူ ဖြစ်ပြီး အသေးအမွှားလေးကအစ အရမ်းကို ဂရုစိုက်တတ်သူပါ။

သင့်ဘဝမှာ သင်မကြုံဖူးတဲ့ အသစ်အဆန်း တစ်ခုခု ရောက်ရှိလာပါပြီ။ အဲဒီ့အရာက သင့်ကို ငြိမ်းချမ်းပျော်ရွှင် စေပါလိမ့်မယ်။ ဒီအချိန်မှာ သင့်ရင်ထဲက မြိုသိပ်ထားတဲ့ ခံစားချက်တွေကို ဖွင့်ပြောလိုက်ဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။



Card number 2

နံပါတ် (၂) ကတ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ အသစ်အဆန်းတွေနဲ့ စွန့်စားရတာတွေကို ကြိုက်နှစ်သက်သူပါ။ သင်ဟာ ရဲရင့်ပြီး ထက်မြက်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သင်ဟာ အသေးအမွှားတွေကြောင့် ခေါင်းရှုပ်ခံ နေမယ့်သူ မဟုတ်ပါဘူး။ သင့်မှာ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေး ရှိသလို၊ သစ္စာရှိပြိး ယုံကြည်ရတဲ့သူ တစ်ယောက်ပါ။ သင်ဟာ သင့်ဘဝအတွက် အရေးပါတဲ့သူတွေကို ဘယ်တော့မှ သစ္စာဖောက်မယ့်သူမျိုး မဟုတ်ပါဘူး။

သင်ဟာ စိန်ခေါ်မှု အသစ်တွေကို သဘောကျပြီး ဘယ်လောက် ခက်ခဲနေပါစေ နောက်ဆုတ်မယ့်သူ မဟုတ်ပါဘူး။ သင့် အနာဂတ်ဟာ လှပနေလိမ့်မယ် လို့ သင်အမြဲ ယုံကြည်နေပြီး အဲဒီ့ယုံကြည်မှုကလည်း တကယ် မှန်နေပါတယ်။ ဒီအတိုင်းပဲ ဆက်သွားပါ။ အဆုံးမှာ သင် ယုံကြည်တဲ့အတိုင်း လှပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ရမှာပါ။



Card number 3

နံပါတ် (၃)ကဒ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ ငြိမ်းငြိမ်းချမ်းချမ်း နေရတာကို ကြိုက်နှစ်သက်သူပါ။ သင်ဟာ နှိမ့်ချပြီး ဟန်မဆောင်တတ်တဲ့သူမျိုးပါ။ သင့်ကို နာကျင်အောင် လုပ်တဲ့သူကိုတောင် ခဏလေးအတွင်းမှာ ခွင့်လွှတ်တတ်ပြီး အပြုံးမပျက်တဲ့ သူပါ။ သူများတွေက အသေးအမွှား ပြသနာလေးတွေမှာတောင် ဝုန်းဒိုင်းကြဲနေချိန်မှာ သင်ကတော့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။

သင်ဟာ အခုအချိန်မှာ အပြောင်းအလဲ သေးသေးလေးတွေနဲ့ ကြုံရမှာပါ။ ဒါပေမယ့် ဒီအရာတွေက သင့်အတွက် ပိုကောင်းတယ် ဆိုတာ သင်သိလာမှာပါ။ သင့်ရဲ့ စိတ်ရှည်ခြင်းနဲ့ နူးညံ့ခြင်းကို အနိုင်ယူ စော်ကားခွင့် မပေးမိစေဖို့ အရေးကြီးပါတယ်။



Card number 4

နံပါတ် (၄) ကတ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ တည်ငြိမ်ပြီး စဉ်းစား တွေးခေါ်နိုင်စွမ်း မြင့်မားတဲ့သူပါ။ သင့်ရဲ့ ခံစားချက်တွေ ကလည်း အရမ်းကို နက်ရှိုင်းပါတယ်။ သင်ဟာ အထီးကျန်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သင်ဟာ အရမ်းကို ခံစားလွယ်တဲ့သူ တစ်ယောက်ဖြစ်ပြီး အရမ်း သံယောဇဉ်ကြီးတဲ့သူ တစ်ယောက်ဖြစ်သလို ပွင့်လင်းတဲ့သူပါ။

သင်ဟာ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းခဲ့သူပီပီ တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ မနေချင်သူပါ။ သင့်ရဲ့ ကိုယ်ပိုင်ဘဝလေးဟာ အရမ်းကို လှပါပါတယ်။ သင့်ရဲ့ အတွေးထဲမှာလည်း လှပ ကောင်းမွန်တဲ့ အတွေးလေးတွေ အများကြီး ရှိပါတယ်။ သင်ချစ်ရတဲ့ သူတွေနဲ့ သင်ချစ်ရတဲ့ အရာလေးတွေကို ဝေမျှခံစားလိုက်ပါ။ သင့်ဘဝဟာ တောက်ပစ ပြုနေပါပြီ…။

 

ဇင္ေယာ္နီ တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ ဇူလိုင္လ ၃၀ မွ ဩဂုတ္လ ၅)

ဇင္ေယာ္နီ တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ ဇူလိုင္လ ၃၀ မွ ဩဂုတ္လ ၅)


တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ႏွစ္ခြျဖစ္စရာေတြ၊ ဆံုးျဖတ္ရခက္တာေတြ ႀကံဳလာတတ္ပါတယ္။ ဟိုဟာ လုပ္ရေကာင္းႏိုးႏိုး၊ ဒီဟာလုပ္ရေကာင္းႏိုးႏိုးနဲ႔ အခ်ိန္ကုန္သြားတတ္ပါတယ္။ ေအာက္လက္ငယ္သားေတြ အတြက္လည္း စိတ္႐ႈပ္ရတတ္ပါတယ္။ ယာဥ္၊ စက္ပစၥည္းကို အေၾကာင္းျပဳၿပီး စကားမ်ားေျဖရွင္းရတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း စိတ္သေဘာ တင္းတင္းမာမာ ကြဲတတ္ပါတယ္။ အဲဒီလို စိတ္အေႏွာက္အယွက္ျဖစ္စရာေတြ ၾကားထဲကပဲ အဖိုးတန္ပစၥည္းေတြ ဝင္လာမယ္။ ခက္ခဲၾကန္႔ၾကာေနတဲ့ ေငြကိစၥ၊ ပစၥည္းကိစၥေတြ အဆင္ေျပသြားပါလိမ့္မယ္။ မိတ္ေဆြ ဆရာသမား၊ ဘုန္းႀကီး စသူတို႕က အကူညီေကာင္းေတြ ေပးလာမယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦကိစၥေတြလည္း အဆင္ေျပလိမ့္မယ္။ ျပႆနာျဖစ္ေနသူမ်ားနဲ႔ ျပန္ၿပီးအဆင္ေျပသြားမယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အခြင့္အလမ္းေကာင္းေတြ ေပၚလာမယ္။ လက္ရွိအလုပ္ကို တိုးခ်ဲ႔ရတာ၊ လုပ္ငန္းအသစ္ စတင္ရတာေတြလည္း ႀကံဳရတတ္ပါတယ္။ ထီေပါက္သလို ေငြေတြဝင္လာတတ္ပါတယ္။ ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြလည္း ျပန္ဝင္ကိန္းရွိပါတယ္။ က်န္းမာေရးညံ့ေနသူေတြ သိသိသာသာေကာင္းသြားမယ္။ ရပ္ေဝးက လူနာဧည့္သည္ ေရာက္လာတတ္ပါတယ္။ ဘာသာေရးလုပ္ေလေလ ကံေကာင္းေလေလ ျဖစ္ပါလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၁/၄။ ကံ၏အပံ့အပိုးရရွိရန္ သစ္သီး ၆ လံုး ဆြမ္းေတာ္ကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၄/၆။ ကံ၏အပံ့အပိုးရရွိရန္ မိတ္ေဆြမ်ားကို ေဖ်ာ္ရည္ ဒါနျပဳပါေလ။



တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေဆြမ်ိဳးရင္း၊ မိတ္ေဆြရင္းတို႔ရဲ႕ အသည္းအသန္သတင္း၊ စိတ္မေကာင္းစရာသတင္းေတြ ၾကားရတတ္ပါတယ္။ ပစၥည္းတစ္ခုအတြက္ စကားမ်ားေျဖရွင္းရတတ္တယ္။ အေရာင္းမွား၊ အဝယ္မွားျဖစ္တတ္တယ္။ ေအာက္လက္ငယ္သား၊ သားသမီးအတြက္ ဆံုးျဖတ္ရခက္တဲ့ အၾကပ္အတည္းမ်ိဳး ႀကံဳရတတ္ပါတယ္။ ျပႆနာခပ္ႀကီးႀကီး ႏွစ္မ်ိဳးႏွစ္ခု ေျဖရွင္းရတတ္ပါတယ္။ မေတာ္တဆ ထိမိခိုက္မိျဖစ္တတ္ပါတယ္။ မိန္းမတစ္ေယာက္ေၾကာင့္ စိတ္အေႏွာက္အယွက္ႀကီးစြာ ႀကံဳရတတ္တယ္။ ေဈးဆိုင္မွာ စကားမ်ား ေျဖရွင္းရတတ္တယ္။ ခရီးကိစၥ စိတ္ညစ္ရတတ္ပါတယ္။ ရပ္ေဝးက မိတ္ေဆြ၊ ေမာင္ႏွမတို႕ရဲ႕ သတင္းေကာင္းၾကားရမယ္။ မထင္မွတ္တဲ့ ဧည့္သည္ေတြ ေရာက္လာမယ္။ မိတ္ေဆြေဟာင္း၊ ဆရာေဟာင္းေတြနဲ႔ ျပန္ဆံုရတတ္တယ္။ ႏွစ္ရွည္ကြဲကြာေနတဲ့ ေဆြမ်ိဳးေတြနဲ႔လည္း ျပန္ဆံုရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ စိတ္ခ်မ္းသာစရာေတြ ျဖစ္လာမယ္။ လူႀကီးမိဘေတြရဲ႕ အကူညီေကာင္းရမယ္။ မိတ္ေဆြေကာင္း၊ ဆရာေကာင္းေတြ႔ျခင္း၊ ပညာေရးကိစၥ၊ သင္တန္းကိစၥ စိတ္ခ်မ္းသာရျခင္း၊ အလုပ္မ်ား ႏွစ္ဆ တိုးခ်ဲ႕ရျခင္း၊ ဝင္ေငြတိုးျခင္း၊ ရပ္ေဝးကေငြမ်ား၊ ပစၥည္းမ်ားေရာက္လာျခင္းမ်ား ႀကံဳရတတ္ပါတယ္။ကိုယ္ဝန္ေဆာင္မိန္းမ ဒုကၡေပးတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၂/၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ႏြားႏို႔ကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၄/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရား တနလၤာေထာင့္တြင္ ေငြထီး ၇ လက္ လွဴဒါန္းပါေလ။



အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေကာင္းေသာအေျပာင္းအလဲေတြ ႀကံဳလာမယ္။ အလုပ္ေနရာ၊ အိမ္ေနရာ ျပင္ဆင္ေျပာင္းေရႊ႕ရတတ္တယ္။ ဘာသာေရး၊ ပညာေရးနဲ႔ပက္သက္လို႕ အေတြးအေခၚထူး၊ ပညာထူးေတြ ရတတ္တယ္။ အလုပ္မွာအခြင့္အေရးေကာင္း၊ ေနရာေကာင္းရတာေတြႀကံဳမယ္။ ဝန္ထမ္းဆိုရင္ ရာထူးကိစၥအေျခအေနေကာင္းႀကံဳမယ္။ မိသားစုထဲက၊ ေဆြမ်ိဳးထဲက ႏိုင္ငံျခားခရီး စီစဥ္ေနသူ ေအာင္ျမင္သြားလိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးနဲ႔ပက္သက္လို႕လဲ သတင္းေကာင္း ၾကားရတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ ပ်က္တတ္၊ ထြက္တတ္တယ္။ မီး၊ လွ်ပ္စစ္အႏၲရာယ္ႀကံဳတတ္တယ္။ မိတ္ေဆြရင္းေတြနဲ႔အဆင္မေျပ လမ္းခြဲရတတ္တယ္။ ေအာက္လက္ငယ္သားအတြက္ ေသာကေရာက္စရာ ႀကံဳမယ္။ အမိႈက္ကစ ျပႆာဒ္မီးေလာင္ဆိုသလို ျပႆနာေသးေသးေလးကေန ႀကီးသြားတတ္ပါတယ္။ က်န္းမာေရး တေရွာင္ေရွာင္ ျဖစ္ေနမယ္။ စိတ္နဲ႔လူနဲ႔မကပ္ဘဲျဖစ္ေနမယ္။ေငးတိေငးငိုင္ႀကီး ျဖစ္ေနတတ္တယ္။ ေငြဆံုးတာေပ်ာက္တာ၊ အေခ်းအငွားကိစၥစိတ္ညစ္ရတာ၊ ႀကီးကဲသူေတြနဲ႔ စိတ္သေဘာကြဲတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ ဆရာသမားလို လူေတြနဲ႔ အဆင္မေျပျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ၊ ဆံုးျဖတ္ရခက္တဲ့ အေျခအေနႀကံဳလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၃/၉။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေပါင္မုန္႔ကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏အပံ့အပိုးရရွိရန္ မိတ္ေဆြမ်ားကို ေပါင္မုန္႔ေထာပတ္သုတ္ ဒါနျပဳလုပ္ပါေလ။



ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ် ႀကံသမွ် အေနွာက္အယွက္ေတြ ႀကံဳေနမယ္။ မနာလို ရန္လိုသူေပါမယ္။ စြပ္စြဲနာမည္ဖ်က္တာေတြ ခံရတတ္ပါတယ္။ မိတ္ေဆြရင္း၊ လူရင္းေတြ သစၥာေဖာက္ တတ္တယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦကိစၥ ရည္ရြယ္ခ်က္ေတြ ပ်က္သြားတတ္တယ္။ ေျခဦးတည့္ရာ ထြက္သြားခ်င္စိတ္ေတြ ေပၚလာတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလဲ ညွိမရ၊ ႏိႈင္းမရျဖစ္တတ္ပါတယ္။ လိမ့္က်တာ၊ ေခ်ာ္လဲတာ၊ ေျခေထာက္၊ ခါး ဒုကၡေပးတာေတြ ႀကံဳရတတ္ပါတယ္။ ဆီး၊ မ်က္စိက်န္းမာေရး ညံ့တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ မတင္မက် ျဖစ္ရတတ္တယ္။ လက္ရွိအလုပ္ေတြကို ရပ္ပစ္ခ်င္စိတ္ေပၚလာတတ္တယ္။ အလွဴအတန္းကိစၥေတြ အတြက္လည္း စိတ္ညစ္ရတတ္ပါတယ္။ အဖိုးတန္အသံုးအေဆာင္၊ လွ်ပ္စစ္ပစၥည္းေတြဝင္မယ္။ ေအာက္လက္ငယ္သားအတြက္ ဝမ္းသာစရာေတြ ႀကံဳမယ္။ ျပႆနာတစ္ခု အလိုလိုရွင္းသြားမယ္။ မိမိအားရန္လုပ္ေနသူ ရပ္ေဝးသို႕ ထြက္သြားျခင္း၊ သူ႕တရားသူစီရင္သြားျခင္းဆိုတာမ်ိဳးေတြ ျဖစ္သြားပါလိမ့္မယ္။ မထင္မွတ္တဲ့ေနရာက ေငြေတြအမ်ားႀကီး ဝင္လာမယ္။ ေငြအဝင္ၾကမ္းသေလာက္ အထြက္လဲၾကမ္းတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၄/၈။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ထိုးမုန္႔ကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၅/၈။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားရင္ျပင္ေတာ္တြင္ သန္႔ရွင္းေရးကုသိုလ္ ျပဳလုပ္ပါေလ။



ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ညစ္စရာေတြေတာ္ေတာ္ႀကံဳမယ္။ လုပ္သမွ် ႀကံသမွ် လြဲေခ်ာ္ေနတတ္ တယ္။ မေတာ္တဆ ထိမိခိုက္မိျဖစ္တာ က်န္းမာေရးညံ့တာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ေငြေတြ ပစၥည္းေတြအေလအလြင့္ အဆံုးအ႐ံႈးမ်ားတတ္တယ္။ အေခ်းအငွားကိစၥ ျပႆနာ႐ႈပ္တတ္ပါတယ္။ ေအာက္လက္ငယ္သားတို႕ရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရး ႐ႈပ္ေထြးတတ္ပါတယ္။ မိသားစု အတြင္းမွာ ညွိမရ၊ ႏိႈင္းမရတာေတြ ျဖစ္တတ္ပါတယ္။ ႀကီးကဲသူေတြ က်န္းမာေရးညံ့တတ္တယ္။ ခရီးသြားမယ့္ အစီအစဥ္ေတြ ထစ္ေငါ့လြဲေခ်ာ္သြားတတ္ပါတယ္။ မသြားခ်င္တဲ့ခရီးေတြ သြားရတတ္တယ္။ မၾကားခ်င္တဲ့စကားေတြ ၾကားရတတ္တယ္။ ရပ္ေဝးမိတ္ေဆြ၊ ဆရာသမားတို႕က ကူညီမယ္။ မ်က္မွန္နဲ႕လူက ကူညီလိမ့္မယ္။ အလုပ္ေနရာ၊ အိမ္ေနရာ မထင္မမွတ္တဲ့အေျပာင္းအလဲႀကံဳမယ္။ ျပႆနာ ျဖစ္ေနသူေတြနဲ႔ ျပန္ၿပီး အဆင္ေျပသြားမယ္။ ကိုယ့္ကို ေစာ္ကားထားတဲ့သူေတြက ျပန္ၿပီးေတာင္းပန္ၾကလိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ေဘးပေယာဂေၾကာင့္ ေသြးကြဲရတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ အထစ္အေငါ့ႀကီးစြာ ႀကံဳတတ္တယ္။ အလုပ္ကိစၥ ဝမ္းသာစရာ အေျခအေနေကာင္းၾကံဳမယ္။ ထီေပါက္သလိုမ်ိဳးေငြေတြ ဝင္လာတတ္တယ္။ ကံအက်ိဳးေပးဂဏန္း ၅/ဝ။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ စမူဆာကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၅/၁။ ကံ၏အပံ့အပိုးရရွိရန္ ေညာင္ပင္ႀကီးတြင္ သန္႔ရွင္းေရးကုသိုလ္ ျပဳလုပ္ပါေလ။



ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အဘက္ဘက္က ၾကည္ႏူးဝမ္းသာစရာေတြႀကံဳလာမယ္။ ရည္ရြယ္ခ်က္ႀကီးေတြ ေအာင္ျမင္မယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ရပ္ေဝးအဆက္အသြယ္ေကာင္းေတြ ရတတ္တယ္။ ဝမ္းသာစရာေတြ၊ ဧည့္သည္ေတြလည္း ေရာက္လာမယ္။ အဖိုးတန္ပစၥည္းေတြ ဝင္လာမယ္။ အေဝးေရာက္ မိတ္ေဆြ၊ ေမာင္ႏွမေတြနဲ႔ ျပန္လည္ဆံုဆည္းရတတ္တယ္။ အေဆာက္အဦကိစၥ၊ ေနရာထိုင္ခင္းကိစၥေတြမွာ စိတ္တိုင္းက်ေအာင္ျမင္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း စိတ္ခ်မ္းသာရမယ္။ ေပ်ာ္ရႊင္ဘြယ္ခရီးေတြ သြားရမယ္။ လူႀကီးသူမ၊ ဆရာသမားေတြရဲ႕ အကူအညီေကာင္းရမယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ စိတ္ခ်မ္းသာရမယ္။ အလုပ္ကိစၥ သတင္းေကာင္းၾကားမယ္။ ခရီးအက်ိဳးေပးမယ္။ ေငြအေတာ္မ်ားမ်ား ဝင္လာလိမ့္မယ္။ ထီေပါက္သလို ဝင္တတ္တယ္။ ေအာက္လက္ငယ္သား ဒုကၡေပးတတ္တယ္။ သူတစ္ပါးရဲ႕အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ၾကားညပ္တတ္တယ္။ ေရာဂါႏွစ္မ်ိဳး တစ္ၿပိဳင္နက္ျဖစ္တာ၊ ဒါမွမဟုတ္ မိသားစုထဲမွလူႏွစ္ေယာက္ က်န္းမာေရးညံ့တာ ႀကံဳရတတ္ပါတယ္။ ႏိုင္ငံရပ္ျခားခရီး စီစဥ္ေနသူေတြ အဆင္ေျပေအာင္ျမင္မယ္။ ကံအက်ိဳးေပးဂဏန္း ၆/၉။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ဆီထမင္းကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏အပံ့အပိုးရရွိရန္ ပညာေရးဆိုင္ရာ ကုသိုလ္ျပဳလုပ္ပါေလ။



စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္တအားညစ္ရမယ္။ ဘာပဲလုပ္လုပ္ အထစ္အေငါ့၊ အေႏွာက္အယွက္ရွိေနမယ္။ မိတ္ေဆြရင္းေတြ၊ ညီအစ္ကိုေမာင္ႏွမေတြအတြက္ စိတ္ညစ္ရတတ္ပါတယ္။ ျမစ္နား၊ ေခ်ာင္းနား၊ ကန္နားကလူေတြ ဒုကၡေပးတတ္ပါတယ္။ တိရစၦာန္ေၾကာင့္စိတ္ညစ္ရတတ္တယ္။ မီး၊ လွ်ပ္စစ္အႏၲရာယ္ႀကံဳတာ မေတာ္တဆ ထိခိုက္မိတာေတြ ႀကံဳရတတ္ပါတယ္။ အေဆာက္အဦကိစၥ၊ ေနရာကိစၥေတြ အခက္အခဲ ႀကီးႀကီးမားမား ႀကံဳၿပီးတဲ့ေနာက္ အဆင္ေျပသြားမယ္။ က်န္းမာေရး ဆိုးဆိုးရြားရြားမဟုတ္ေပမဲ့ တေရွာင္ေရွာင္ျဖစ္ေနမယ္။ အလုပ္မွာ အတိုက္အခံ၊ အေႏွာက္အယွက္ ႀကီးႀကီးမားမားႀကံဳမယ္။ ဒါေပမဲ့ ေအာင္ျမင္သြားမယ္။ ေငြေရးေၾကးေရးကေတာ့ အေတာ့္ကို ၾကပ္တည္းမယ့္အခ်ိန္ပါပဲ။ က်ဥ္းထဲ၊ ၾကပ္ထဲအေျခအေနေတြ ႀကံဳရတတ္ပါတယ္။ တန္ဖိုးႀကီးပစၥည္းေတြေတာ့ ဝင္လာလိမ့္မယ္။ ထြက္ေနတဲ့ေငြေတြ၊ ပစၥည္းေတြလည္း ျပန္ဝင္လာတတ္ပါတယ္။ ေအာက္လက္ငယ္သားရဲ႕ သတင္းေကာင္းၾကားမယ္။ ေဆြမ်ိဳးသားခ်င္းထဲက ထီဆုႀကီးေပါက္တာ၊ ဆုထူး၊ ဂုဏ္ထူးရတာ၊ ရာထူးတက္တာေတြ ႀကံဳရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ေကာင္းေသာအေျပာင္းအလဲေတြ ျဖစ္လာလိမ့္မယ္။ အဆက္အသြယ္ျပတ္ေနသူေတြ အဆက္အသြယ္ေကာင္းရလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၆/၁။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ အုန္းယိုကပ္လွဴပါေလ။ ကံအက်ိဳးေပးဂဏန္း ၇/၈။ ကံ၏အပံ့အပိုးရရွိရန္ ႏြမ္းပါးသူမ်ားကို ဆီးယို ဒါနျပဳပါေလ။

သေဗၺဓမၼာ

ဇင္ေယာ္နီ

Redot

ဇင်ယော်နီ တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁၈ ဇူလိုင်လ ၃၀ မှ ဩဂုတ်လ ၅)


တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံလာတတ်ပါတယ်။ ဟိုဟာ လုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ အချိန်ကုန်သွားတတ်ပါတယ်။ အောက်လက်ငယ်သားတွေ အတွက်လည်း စိတ်ရှုပ်ရတတ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းကို အကြောင်းပြုပြီး စကားများဖြေရှင်းရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်သဘော တင်းတင်းမာမာ ကွဲတတ်ပါတယ်။ အဲဒီလို စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြားထဲကပဲ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ ခက်ခဲကြန့်ကြာနေတဲ့ ငွေကိစ္စ၊ ပစ္စည်းကိစ္စတွေ အဆင်ပြေသွားပါလိမ့်မယ်။ မိတ်ဆွေ ဆရာသမား၊ ဘုန်းကြီး စသူတို့က အကူညီကောင်းတွေ ပေးလာမယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စတွေလည်း အဆင်ပြေလိမ့်မယ်။ ပြဿနာဖြစ်နေသူများနဲ့ ပြန်ပြီးအဆင်ပြေသွားမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ လက်ရှိအလုပ်ကို တိုးချဲ့ရတာ၊ လုပ်ငန်းအသစ် စတင်ရတာတွေလည်း ကြုံရတတ်ပါတယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေလည်း ပြန်ဝင်ကိန်းရှိပါတယ်။ ကျန်းမာရေးညံ့နေသူတွေ သိသိသာသာကောင်းသွားမယ်။ ရပ်ဝေးက လူနာဧည့်သည် ရောက်လာတတ်ပါတယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေ ဖြစ်ပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၁/၄။ ကံ၏အပံ့အပိုးရရှိရန် သစ်သီး ၆ လုံး ဆွမ်းတော်ကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၄/၆။ ကံ၏အပံ့အပိုးရရှိရန် မိတ်ဆွေများကို ဖျော်ရည် ဒါနပြုပါလေ။



တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတို့ရဲ့ အသည်းအသန်သတင်း၊ စိတ်မကောင်းစရာသတင်းတွေ ကြားရတတ်ပါတယ်။ ပစ္စည်းတစ်ခုအတွက် စကားများဖြေရှင်းရတတ်တယ်။ အရောင်းမှား၊ အဝယ်မှားဖြစ်တတ်တယ်။ အောက်လက်ငယ်သား၊ သားသမီးအတွက် ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းမျိုး ကြုံရတတ်ပါတယ်။ ပြဿနာခပ်ကြီးကြီး နှစ်မျိုးနှစ်ခု ဖြေရှင်းရတတ်ပါတယ်။ မတော်တဆ ထိမိခိုက်မိဖြစ်တတ်ပါတယ်။ မိန်းမတစ်ယောက်ကြောင့် စိတ်အနှောက်အယှက်ကြီးစွာ ကြုံရတတ်တယ်။ ဈေးဆိုင်မှာ စကားများ ဖြေရှင်းရတတ်တယ်။ ခရီးကိစ္စ စိတ်ညစ်ရတတ်ပါတယ်။ ရပ်ဝေးက မိတ်ဆွေ၊ မောင်နှမတို့ရဲ့ သတင်းကောင်းကြားရမယ်။ မထင်မှတ်တဲ့ ဧည့်သည်တွေ ရောက်လာမယ်။ မိတ်ဆွေဟောင်း၊ ဆရာဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ နှစ်ရှည်ကွဲကွာနေတဲ့ ဆွေမျိုးတွေနဲ့လည်း ပြန်ဆုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ လူကြီးမိဘတွေရဲ့ အကူညီကောင်းရမယ်။ မိတ်ဆွေကောင်း၊ ဆရာကောင်းတွေ့ခြင်း၊ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရခြင်း၊ အလုပ်များ နှစ်ဆ တိုးချဲ့ရခြင်း၊ ဝင်ငွေတိုးခြင်း၊ ရပ်ဝေးကငွေများ၊ ပစ္စည်းများရောက်လာခြင်းများ ကြုံရတတ်ပါတယ်။ကိုယ်ဝန်ဆောင်မိန်းမ ဒုက္ခပေးတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၂/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ နွားနို့ကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၄/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရား တနင်္လာထောင့်တွင် ငွေထီး ၇ လက် လှူဒါန်းပါလေ။



အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ကြုံလာမယ်။ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ ဘာသာရေး၊ ပညာရေးနဲ့ပက်သက်လို့ အတွေးအခေါ်ထူး၊ ပညာထူးတွေ ရတတ်တယ်။ အလုပ်မှာအခွင့်အရေးကောင်း၊ နေရာကောင်းရတာတွေကြုံမယ်။ ဝန်ထမ်းဆိုရင် ရာထူးကိစ္စအခြေအနေကောင်းကြုံမယ်။ မိသားစုထဲက၊ ဆွေမျိုးထဲက နိုင်ငံခြားခရီး စီစဉ်နေသူ အောင်မြင်သွားလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပက်သက်လို့လဲ သတင်းကောင်း ကြားရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျက်တတ်၊ ထွက်တတ်တယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြုံတတ်တယ်။ မိတ်ဆွေရင်းတွေနဲ့အဆင်မပြေ လမ်းခွဲရတတ်တယ်။ အောက်လက်ငယ်သားအတွက် သောကရောက်စရာ ကြုံမယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသလို ပြဿနာသေးသေးလေးကနေ ကြီးသွားတတ်ပါတယ်။ ကျန်းမာရေး တရှောင်ရှောင် ဖြစ်နေမယ်။ စိတ်နဲ့လူနဲ့မကပ်ဘဲဖြစ်နေမယ်။ငေးတိငေးငိုင်ကြီး ဖြစ်နေတတ်တယ်။ ငွေဆုံးတာပျောက်တာ၊ အချေးအငှားကိစ္စစိတ်ညစ်ရတာ၊ ကြီးကဲသူတွေနဲ့ စိတ်သဘောကွဲတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ဆရာသမားလို လူတွေနဲ့ အဆင်မပြေဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၃/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ပေါင်မုန့်ကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် မိတ်ဆွေများကို ပေါင်မုန့်ထောပတ်သုတ် ဒါနပြုလုပ်ပါလေ။



ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ ကြံသမျှ အနှောက်အယှက်တွေ ကြုံနေမယ်။ မနာလို ရန်လိုသူပေါမယ်။ စွပ်စွဲနာမည်ဖျက်တာတွေ ခံရတတ်ပါတယ်။ မိတ်ဆွေရင်း၊ လူရင်းတွေ သစ္စာဖောက် တတ်တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦကိစ္စ ရည်ရွယ်ချက်တွေ ပျက်သွားတတ်တယ်။ ခြေဦးတည့်ရာ ထွက်သွားချင်စိတ်တွေ ပေါ်လာတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလဲ ညှိမရ၊ နှိုင်းမရဖြစ်တတ်ပါတယ်။ လိမ့်ကျတာ၊ ချော်လဲတာ၊ ခြေထောက်၊ ခါး ဒုက္ခပေးတာတွေ ကြုံရတတ်ပါတယ်။ ဆီး၊ မျက်စိကျန်းမာရေး ညံ့တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ မတင်မကျ ဖြစ်ရတတ်တယ်။ လက်ရှိအလုပ်တွေကို ရပ်ပစ်ချင်စိတ်ပေါ်လာတတ်တယ်။ အလှူအတန်းကိစ္စတွေ အတွက်လည်း စိတ်ညစ်ရတတ်ပါတယ်။ အဖိုးတန်အသုံးအဆောင်၊ လျှပ်စစ်ပစ္စည်းတွေဝင်မယ်။ အောက်လက်ငယ်သားအတွက် ဝမ်းသာစရာတွေ ကြုံမယ်။ ပြဿနာတစ်ခု အလိုလိုရှင်းသွားမယ်။ မိမိအားရန်လုပ်နေသူ ရပ်ဝေးသို့ ထွက်သွားခြင်း၊ သူ့တရားသူစီရင်သွားခြင်းဆိုတာမျိုးတွေ ဖြစ်သွားပါလိမ့်မယ်။ မထင်မှတ်တဲ့နေရာက ငွေတွေအများကြီး ဝင်လာမယ်။ ငွေအဝင်ကြမ်းသလောက် အထွက်လဲကြမ်းတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၄/၈။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ထိုးမုန့်ကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၅/၈။ ကံ၏အပံ့အပိုးရရှိရန် ဘုရားရင်ပြင်တော်တွင် သန့်ရှင်းရေးကုသိုလ် ပြုလုပ်ပါလေ။



ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်ညစ်စရာတွေတော်တော်ကြုံမယ်။ လုပ်သမျှ ကြံသမျှ လွဲချော်နေတတ် တယ်။ မတော်တဆ ထိမိခိုက်မိဖြစ်တာ ကျန်းမာရေးညံ့တာမျိုးတွေ ကြုံရတတ်ပါတယ်။ ငွေတွေ ပစ္စည်းတွေအလေအလွင့် အဆုံးအရှုံးများတတ်တယ်။ အချေးအငှားကိစ္စ ပြဿနာရှုပ်တတ်ပါတယ်။ အောက်လက်ငယ်သားတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးတတ်ပါတယ်။ မိသားစု အတွင်းမှာ ညှိမရ၊ နှိုင်းမရတာတွေ ဖြစ်တတ်ပါတယ်။ ကြီးကဲသူတွေ ကျန်းမာရေးညံ့တတ်တယ်။ ခရီးသွားမယ့် အစီအစဉ်တွေ ထစ်ငေါ့လွဲချော်သွားတတ်ပါတယ်။ မသွားချင်တဲ့ခရီးတွေ သွားရတတ်တယ်။ မကြားချင်တဲ့စကားတွေ ကြားရတတ်တယ်။ ရပ်ဝေးမိတ်ဆွေ၊ ဆရာသမားတို့က ကူညီမယ်။ မျက်မှန်နဲ့လူက ကူညီလိမ့်မယ်။ အလုပ်နေရာ၊ အိမ်နေရာ မထင်မမှတ်တဲ့အပြောင်းအလဲကြုံမယ်။ ပြဿနာ ဖြစ်နေသူတွေနဲ့ ပြန်ပြီး အဆင်ပြေသွားမယ်။ ကိုယ့်ကို စော်ကားထားတဲ့သူတွေက ပြန်ပြီးတောင်းပန်ကြလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဘေးပယောဂကြောင့် သွေးကွဲရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အထစ်အငေါ့ကြီးစွာ ကြုံတတ်တယ်။ အလုပ်ကိစ္စ ဝမ်းသာစရာ အခြေအနေကောင်းကြုံမယ်။ ထီပေါက်သလိုမျိုးငွေတွေ ဝင်လာတတ်တယ်။ ကံအကျိုးပေးဂဏန်း ၅/ဝ။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ စမူဆာကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၅/၁။ ကံ၏အပံ့အပိုးရရှိရန် ညောင်ပင်ကြီးတွင် သန့်ရှင်းရေးကုသိုလ် ပြုလုပ်ပါလေ။



သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ကြည်နူးဝမ်းသာစရာတွေကြုံလာမယ်။ ရည်ရွယ်ချက်ကြီးတွေ အောင်မြင်မယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ရပ်ဝေးအဆက်အသွယ်ကောင်းတွေ ရတတ်တယ်။ ဝမ်းသာစရာတွေ၊ ဧည့်သည်တွေလည်း ရောက်လာမယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ အဝေးရောက် မိတ်ဆွေ၊ မောင်နှမတွေနဲ့ ပြန်လည်ဆုံဆည်းရတတ်တယ်။ အဆောက်အဦကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေမှာ စိတ်တိုင်းကျအောင်မြင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာရမယ်။ ပျော်ရွှင်ဘွယ်ခရီးတွေ သွားရမယ်။ လူကြီးသူမ၊ ဆရာသမားတွေရဲ့ အကူအညီကောင်းရမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ စိတ်ချမ်းသာရမယ်။ အလုပ်ကိစ္စ သတင်းကောင်းကြားမယ်။ ခရီးအကျိုးပေးမယ်။ ငွေအတော်များများ ဝင်လာလိမ့်မယ်။ ထီပေါက်သလို ဝင်တတ်တယ်။ အောက်လက်ငယ်သား ဒုက္ခပေးတတ်တယ်။ သူတစ်ပါးရဲ့အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားညပ်တတ်တယ်။ ရောဂါနှစ်မျိုး တစ်ပြိုင်နက်ဖြစ်တာ၊ ဒါမှမဟုတ် မိသားစုထဲမှလူနှစ်ယောက် ကျန်းမာရေးညံ့တာ ကြုံရတတ်ပါတယ်။ နိုင်ငံရပ်ခြားခရီး စီစဉ်နေသူတွေ အဆင်ပြေအောင်မြင်မယ်။ ကံအကျိုးပေးဂဏန်း ၆/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ဆီထမင်းကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် ပညာရေးဆိုင်ရာ ကုသိုလ်ပြုလုပ်ပါလေ။



စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်တအားညစ်ရမယ်။ ဘာပဲလုပ်လုပ် အထစ်အငေါ့၊ အနှောက်အယှက်ရှိနေမယ်။ မိတ်ဆွေရင်းတွေ၊ ညီအစ်ကိုမောင်နှမတွေအတွက် စိတ်ညစ်ရတတ်ပါတယ်။ မြစ်နား၊ ချောင်းနား၊ ကန်နားကလူတွေ ဒုက္ခပေးတတ်ပါတယ်။ တိရစ္ဆာန်ကြောင့်စိတ်ညစ်ရတတ်တယ်။ မီး၊ လျှပ်စစ်အန္တရာယ်ကြုံတာ မတော်တဆ ထိခိုက်မိတာတွေ ကြုံရတတ်ပါတယ်။ အဆောက်အဦကိစ္စ၊ နေရာကိစ္စတွေ အခက်အခဲ ကြီးကြီးမားမား ကြုံပြီးတဲ့နောက် အဆင်ပြေသွားမယ်။ ကျန်းမာရေး ဆိုးဆိုးရွားရွားမဟုတ်ပေမဲ့ တရှောင်ရှောင်ဖြစ်နေမယ်။ အလုပ်မှာ အတိုက်အခံ၊ အနှောက်အယှက် ကြီးကြီးမားမားကြုံမယ်။ ဒါပေမဲ့ အောင်မြင်သွားမယ်။ ငွေရေးကြေးရေးကတော့ အတော့်ကို ကြပ်တည်းမယ့်အချိန်ပါပဲ။ ကျဉ်းထဲ၊ ကြပ်ထဲအခြေအနေတွေ ကြုံရတတ်ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေတော့ ဝင်လာလိမ့်မယ်။ ထွက်နေတဲ့ငွေတွေ၊ ပစ္စည်းတွေလည်း ပြန်ဝင်လာတတ်ပါတယ်။ အောက်လက်ငယ်သားရဲ့ သတင်းကောင်းကြားမယ်။ ဆွေမျိုးသားချင်းထဲက ထီဆုကြီးပေါက်တာ၊ ဆုထူး၊ ဂုဏ်ထူးရတာ၊ ရာထူးတက်တာတွေ ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။ အဆက်အသွယ်ပြတ်နေသူတွေ အဆက်အသွယ်ကောင်းရလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၆/၁။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ အုန်းယိုကပ်လှူပါလေ။ ကံအကျိုးပေးဂဏန်း ၇/၈။ ကံ၏အပံ့အပိုးရရှိရန် နွမ်းပါးသူများကို ဆီးယို ဒါနပြုပါလေ။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Redot

အိမ္က အလုပ္က ထြက္ေျပးခ်င္စိတ္ေပၚတတ္ေသာႏွစ္

အိမ္က အလုပ္က ထြက္ေျပးခ်င္စိတ္ေပၚတတ္ေသာႏွစ္

လူေတြအားလံုးကေတာ့ သူသူကိုယ္ကိုယ္ အလုပ္ကိုယ္စီ လုပ္ေနၾကရတာပါပဲ။ ကေလးလည္း ကေလးအေလ်ာက္၊ လူႀကီးလည္း လူႀကီးအေလ်ာက္ လုပ္ရတာေပါ့ဗ်ာ။

အဲဒီမွာ အဆင္ေျပေျပ ရွိေနတတ္ၾကသလို ဘာရယ္မဟုတ္၊ ႀကီးႀကီးမားမား ျပႆနာလည္း မဟုတ္ဘဲနဲ႔ အိမ္က ထြက္ေျပးခ်င္သလိုလို၊ အလုပ္က ထြက္ေျပးခ်င္သလိုလို ဆိုတာမ်ိဳးလည္း ႀကံဳရ တတ္ေပသေပါ့ဗ်ာ …။

အဲဒီလိုႏွစ္ေတြမွာဆိုရင္ စိတ္ေတြေလေနမယ္၊ စိတ္နဲ႔ကိုယ္နဲ႔မကပ္ေတြ ျဖစ္ေနမယ္၊ ဒီဟာ လုပ္ရမလိုလို၊ ဟိုဟာလုပ္ရမလိုလို ေယာင္ခ်ာခ်ာေတြ ျဖစ္ေနတတ္ပါတယ္။

အထူးသျဖင့္ လက္ရွိ လုပ္ေနတဲ့အလုပ္ေတြကို စိတ္ကုန္ေန၊ စိတ္ပ်က္ေနတတ္ပါတယ္။ မိတ္ ေဆြေကာင္းတစ္ေယာက္အေနနဲ႔ အႀကံဳျပဳခ်င္တာကေတာ့ အဲဒီလိုႏွစ္ေတြမွာ လုပ္လက္စအလုပ္ေတြကိုပဲ ေအးေအးလူလူေလး ဆက္ၿပီးလုပ္ေနသင့္ပါတယ္။ ဒီအလုပ္မွာ စိတ္တိုင္းမက်လို႔ ေနာက္အလုပ္ေျပာင္း ရင္လည္း ဒီလိုပဲ ျဖစ္ေနဦးမွာပါပဲ။ ဒါေၾကာင့္ အလုပ္လည္း ေနၿမဲ၊ ေနရာလည္းေနၿမဲေလးပဲ ေကာင္းေသာ ႏွစ္လို႔ ေျပာရပါလိမ့္မယ္။

ေက်ာင္းသူေက်ာင္းသားေတြဆိုရင္လည္း ေက်ာင္းကပဲ ထြက္ခ်င္သလိုလို၊ အလုပ္ပဲ ထြက္လုပ္ခ်င္သလိုလို စိတ္ေတြ ေလတတ္ပါတယ္။ လူ ႀကီးသူမေတြဆိုရင္လည္း ဟိုသားသမီးဆီသြားေန ေတာ့မလိုလို၊ ဒီသားသမီးဆီမွာပဲ ေနေတာ့မလိုလို ခ်ီတံုခ်တံုေတြ ျဖစ္တတ္ေၾကာင္းပါဗ်ာ …။



တနဂၤေႏြသားသမီးမ်ား

အသက္ ၃ ႏွစ္၊ ၁၁ ႏွစ္၊ ၁၉ ႏွစ္၊ ၂၇ ႏွစ္၊ ၃၅ ႏွစ္၊ ၄၃ ႏွစ္၊ ၅၁ ႏွစ္၊ ၅၉ ႏွစ္၊ ၆၇ ႏွစ္၊ ၇၅ ႏွစ္၊ ၈၃ ႏွစ္၊



တနလၤာသားသမီးမ်ား

အသက္ ၂ ႏွစ္၊ ၁၀ ႏွစ္၊ ၁၈ ႏွစ္၊ ၂၆ ႏွစ္၊ ၃၄ ႏွစ္၊ ၄၂ ႏွစ္၊ ၅၀ ႏွစ္၊ ၅၈ ႏွစ္၊ ၆၆ ႏွစ္၊ ၇၄ ႏွစ္၊ ၈၂ ႏွစ္၊



အဂၤါသားသမီးမ်ား

အသက္ ၁ ႏွစ္၊ ၉ ႏွစ္၊ ၁၇ ႏွစ္၊ ၂၅ ႏွစ္၊ ၃၃ ႏွစ္၊ ၄၁ ႏွစ္၊ ၄၉ ႏွစ္၊ ၅၇ ႏွစ္၊ ၆၅ ႏွစ္၊ ၇၃ ႏွစ္၊ ၈၁ ႏွစ္၊ ၈၉ ႏွစ္၊



ဗုဒၶဟူးသားသမီးမ်ား

အသက္ ၈ ႏွစ္၊ ၁၆ ႏွစ္၊ ၂၄ ႏွစ္၊ ၃၂ ႏွစ္၊ ၄၀ ႏွစ္၊ ၄၈ ႏွစ္၊ ၅၆ ႏွစ္၊ ၆၄ ႏွစ္၊ ၇၂ ႏွစ္၊ ၈၀ ႏွစ္၊ ၈၈ ႏွစ္၊



ၾကာသပေတးသားသမီးမ်ား

အသက္ ၆ ႏွစ္၊ ၁၄ ႏွစ္၊ ၂၂ ႏွစ္၊ ၃၀ ႏွစ္၊ ၃၈ ႏွစ္၊ ၄၆ ႏွစ္၊ ၅၄ ႏွစ္၊ ၆၂ ႏွစ္၊ ၇၀ ႏွစ္၊ ၇၈ ႏွစ္၊ ၈၆ ႏွစ္၊



ေသာၾကာသားသမီးမ်ား

အသက္ ၄ ႏွစ္၊ ၁၂ ႏွစ္၊ ၂၀ ႏွစ္၊ ၂၈ ႏွစ္၊ ၃၆ ႏွစ္၊ ၄၄ ႏွစ္၊ ၅၂ ႏွစ္၊ ၆၀ ႏွစ္၊ ၆၈ ႏွစ္၊ ၇၆ ႏွစ္၊ ၈၄ ႏွစ္၊



စေနသားသမီးမ်ား

အသက္ ၇ ႏွစ္၊ ၁၅ ႏွစ္၊ ၂၃ ႏွစ္၊ ၃၁ ႏွစ္၊ ၃၉ ႏွစ္၊ ၄၇ ႏွစ္၊ ၅၅ ႏွစ္၊ ၆၃ ႏွစ္၊ ၇၁ ႏွစ္၊ ၇၉ ႏွစ္၊ ၈၇ ႏွစ္၊



သေဗၺဓမၼာ

ဇင္ေယာ္နီ

အိမ်က အလုပ်က ထွက်ပြေးချင်စိတ်ပေါ်တတ်သောနှစ်

လူတွေအားလုံးကတော့ သူသူကိုယ်ကိုယ် အလုပ်ကိုယ်စီ လုပ်နေကြရတာပါပဲ။ ကလေးလည်း ကလေးအလျောက်၊ လူကြီးလည်း လူကြီးအလျောက် လုပ်ရတာပေါ့ဗျာ။

အဲဒီမှာ အဆင်ပြေပြေ ရှိနေတတ်ကြသလို ဘာရယ်မဟုတ်၊ ကြီးကြီးမားမား ပြဿနာလည်း မဟုတ်ဘဲနဲ့ အိမ်က ထွက်ပြေးချင်သလိုလို၊ အလုပ်က ထွက်ပြေးချင်သလိုလို ဆိုတာမျိုးလည်း ကြုံရ တတ်ပေသပေါ့ဗျာ …။

အဲဒီလိုနှစ်တွေမှာဆိုရင် စိတ်တွေလေနေမယ်၊ စိတ်နဲ့ကိုယ်နဲ့မကပ်တွေ ဖြစ်နေမယ်၊ ဒီဟာ လုပ်ရမလိုလို၊ ဟိုဟာလုပ်ရမလိုလို ယောင်ချာချာတွေ ဖြစ်နေတတ်ပါတယ်။

အထူးသဖြင့် လက်ရှိ လုပ်နေတဲ့အလုပ်တွေကို စိတ်ကုန်နေ၊ စိတ်ပျက်နေတတ်ပါတယ်။ မိတ် ဆွေကောင်းတစ်ယောက်အနေနဲ့ အကြုံပြုချင်တာကတော့ အဲဒီလိုနှစ်တွေမှာ လုပ်လက်စအလုပ်တွေကိုပဲ အေးအေးလူလူလေး ဆက်ပြီးလုပ်နေသင့်ပါတယ်။ ဒီအလုပ်မှာ စိတ်တိုင်းမကျလို့ နောက်အလုပ်ပြောင်း ရင်လည်း ဒီလိုပဲ ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် အလုပ်လည်း နေမြဲ၊ နေရာလည်းနေမြဲလေးပဲ ကောင်းသော နှစ်လို့ ပြောရပါလိမ့်မယ်။

ကျောင်းသူကျောင်းသားတွေဆိုရင်လည်း ကျောင်းကပဲ ထွက်ချင်သလိုလို၊ အလုပ်ပဲ ထွက်လုပ်ချင်သလိုလို စိတ်တွေ လေတတ်ပါတယ်။ လူ ကြီးသူမတွေဆိုရင်လည်း ဟိုသားသမီးဆီသွားနေ တော့မလိုလို၊ ဒီသားသမီးဆီမှာပဲ နေတော့မလိုလို ချီတုံချတုံတွေ ဖြစ်တတ်ကြောင်းပါဗျာ …။



တနင်္ဂနွေသားသမီးများ

အသက် ၃ နှစ်၊ ၁၁ နှစ်၊ ၁၉ နှစ်၊ ၂၇ နှစ်၊ ၃၅ နှစ်၊ ၄၃ နှစ်၊ ၅၁ နှစ်၊ ၅၉ နှစ်၊ ၆၇ နှစ်၊ ၇၅ နှစ်၊ ၈၃ နှစ်၊



တနင်္လာသားသမီးများ

အသက် ၂ နှစ်၊ ၁၀ နှစ်၊ ၁၈ နှစ်၊ ၂၆ နှစ်၊ ၃၄ နှစ်၊ ၄၂ နှစ်၊ ၅၀ နှစ်၊ ၅၈ နှစ်၊ ၆၆ နှစ်၊ ၇၄ နှစ်၊ ၈၂ နှစ်၊



အင်္ဂါသားသမီးများ

အသက် ၁ နှစ်၊ ၉ နှစ်၊ ၁၇ နှစ်၊ ၂၅ နှစ်၊ ၃၃ နှစ်၊ ၄၁ နှစ်၊ ၄၉ နှစ်၊ ၅၇ နှစ်၊ ၆၅ နှစ်၊ ၇၃ နှစ်၊ ၈၁ နှစ်၊ ၈၉ နှစ်၊



ဗုဒ္ဓဟူးသားသမီးများ

အသက် ၈ နှစ်၊ ၁၆ နှစ်၊ ၂၄ နှစ်၊ ၃၂ နှစ်၊ ၄၀ နှစ်၊ ၄၈ နှစ်၊ ၅၆ နှစ်၊ ၆၄ နှစ်၊ ၇၂ နှစ်၊ ၈၀ နှစ်၊ ၈၈ နှစ်၊



ကြာသပတေးသားသမီးများ

အသက် ၆ နှစ်၊ ၁၄ နှစ်၊ ၂၂ နှစ်၊ ၃၀ နှစ်၊ ၃၈ နှစ်၊ ၄၆ နှစ်၊ ၅၄ နှစ်၊ ၆၂ နှစ်၊ ၇၀ နှစ်၊ ၇၈ နှစ်၊ ၈၆ နှစ်၊



သောကြာသားသမီးများ

အသက် ၄ နှစ်၊ ၁၂ နှစ်၊ ၂၀ နှစ်၊ ၂၈ နှစ်၊ ၃၆ နှစ်၊ ၄၄ နှစ်၊ ၅၂ နှစ်၊ ၆၀ နှစ်၊ ၆၈ နှစ်၊ ၇၆ နှစ်၊ ၈၄ နှစ်၊



စနေသားသမီးများ

အသက် ၇ နှစ်၊ ၁၅ နှစ်၊ ၂၃ နှစ်၊ ၃၁ နှစ်၊ ၃၉ နှစ်၊ ၄၇ နှစ်၊ ၅၅ နှစ်၊ ၆၃ နှစ်၊ ၇၁ နှစ်၊ ၇၉ နှစ်၊ ၈၇ နှစ်၊



သဗ္ဗေဓမ္မာ

ဇင်ယော်နီ

နဝရတ္ကုိးပါး အက်ိဳးေက်းဇူးႏွင့္ န၀ရတ္ကုိးပါး ဂါထာေတာ္ျမတ္

နဝရတ္ကုိးပါး အက်ိဳးေက်းဇူးႏွင့္ န၀ရတ္ကုိးပါး ဂါထာေတာ္ျမတ္

နဝရတ္ကိုးပါးဆိုသည္မွာ ေက်ာက္မ်က္ ရတနာ ကိုးမ်ိဳးကို ေခၚဆိုပါသည္။ နဝရတ္ဟူသည္ နဝရတန ဟူေသာ ပါဠိမွလာ၍ ရတနာကိုးပါးဟု အနက္ရသည္။ နဝရတ္ကိုးပါး ခ်ယ္ထားေသာ လက္ စြပ္ကို နဝရတ္လက္စြပ္ ဟုေခၚသည္။ ကဝိလကၡဏာ သတ္ပံုက်မ္းတြင္ မ်က္စံုလည္းသတ္၊ နဝရတ္၊ စီ ခတ္အမြန္းတင္ဟု ေတြ႕ရသည္။ လူတို႔သည္ နဝရတ္ လက္စြပ္ကို က်က္သေရမဂၤလာႏွင့္ ျပည့္စံုသည္ဟု ယံုၾကည္၍ ဆင္ယင္ေလ့ရွိသည္။ ေရွးပေဝသဏီက ပင္ ေက်ာက္မ်က္မ်ား၏ ထူးျခားေသာ တန္ခိုးမ်ား ရွိသည္ဟု လူတို႔ အယူရွိခဲ့ၾကသည္။ နဝရတ္တြင္ အပါအဝင္ ေက်ာက္မ်က္ရတနာတစ္ပါးပါး၏ တန္ခိုး အာနိသင္မွာ ေအာက္ပါအတိုင္း ျဖစ္သည္ဟု ယူဆ ၾကသည္။

ပတၱျမားဘုန္းေတာက္၊ ျမေက်ာက္ေအးခ်မ္း

စိန္စြမ္းဂုဏ္ေရာင္၊ ေၾကာင္ကားသိဒၶိ

မဏိနီလာ ေမတၱာကဲခ်ဳပ္၊ ေဂၚမိတ္ ခြန္အား

ဥႆဖယား က်န္းမာ၊ သႏၱာႀကီးကဲ

ပုလဲ က်က္သေရ၊ ဂုဏ္ကိုးေဝသည္

ကိုးေထြ နဝရတ္ စြမ္းရည္တည္း။

နဝရတ္လက္စြပ္သည္ ျမန္မာတို႔လက္ထပ္ ထိမ္းျမားျခင္းတြင္ ေရႊခြက္ (သို႔) ေငြခြက္ထဲတြင္ နဝရတ္ကိုးပါး၊ နံသာမ်ိဳး ငါးပါးေသြး၍ (သို႔မဟုတ္) ေရေမႊးမ်ားထည့္၍ သတို႔သား၊ သတို႔သမီးတို႔၏ထိပ္၌ သေျပပန္းခက္ျဖင့္ ပက္ျဖန္း၍ လက္ထပ္ ထိမ္းျမား ျခင္းကို ျပဳလုပ္ေလ့ရွိသည္။ နဝရတ္ကိုးပါးမွာ- ပတၱျမား၊ ျမ၊ စိန္၊ ေၾကာင္၊ နီလာ၊ ေဂၚမိတ္၊ ဥႆဖယား၊ သႏၱာ၊ ပုလဲတို႔ ျဖစ္သည္။ စိန္ကို ေက်ာက္မ်က္တို႔၏ ဘုရင္ဟုေခၚသည္။ ေက်ာက္ မ်က္အမ်ိဳးေပါင္း ၁၂၀ ခန္႔ ရွိသည့္အနက္ စိန္သည္ အမာဆံုးေသာ ေက်ာက္မ်က္ျဖစ္သည္။ ယင္းတို႔အ နက္ စိန္၊ ပတၱျမား၊ ျမႏွင့္ နီလာတို႔သည္ အဖိုးအတန္ ဆံုး ျဖစ္သည္။ နီလာႏွင့္ ပတၱျမားသည္ ေက်ာက္ မ်က္အမာ တစ္မ်ိဳးတည္းပင္ ျဖစ္သည္။ အေရာင္အ ေသြးသာ ကြဲျပားသြားသည္။ ပတၲျမားသည္ ေသြး ကဲ့သို႔ေသာ အနီေရာင္ရွိၿပီး နီလာသည္ ေတာက္ပ ေသာ အျပာေရာင္ရွိသည္။ ပုလဲႏွင့္ သႏၱာသည္ တြင္းထြက္ေက်ာက္မ်ား မဟုတ္ၾကေပ။ ပုလဲကို ကမာ(သို႔) မုတ္ေကာင္၏ ကိုယ္တြင္းမွ ရ၍ သႏၱာကို သႏၱာေကာင္မ်ားရွိေသာ သႏၱာေက်ာက္တန္းမ်ားမွ ရရွိသည္။

ေၾကာင္ကို ေၾကာင္၏ မ်က္လံုးႏွင့္ တူ၍ ေၾကာင္မ်က္ရြဲ ဟုလည္း ေခၚၾကသည္။ ျမတြင္ ၾကည္ လင္ စိမ္းျမေသာ အေရာင္ရွိသည္။ သို႔ေသာ္ စိန္၊ နီလာ၊ ဥႆဖယားတို႔ေလာက္ မမာေခ်။ ေဂၚမိတ္ သည္ ေက်ာက္သလင္းႏွင့္ ေရာ၍ ေတြ႕ရတတ္ေသာ ေက်ာက္မ်ိဳးျဖစ္သည္။ နဝရတ္တြင္ပါေသာ ေက်ာက္ မ်က္ရတနာတစ္ပါးစီတြင္ တန္ခိုးအာနိသင္မ်ား ရွိၾက သည္ဟု သိရသည္။ ပတၲျမားသည္ ျမန္မာႏိုင္ငံမွ ထြက္ရွိ၍ ဘုန္းတန္ခိုးရွိသည္။ ရန္သူ အႏၱရာယ္မွ ကာကြယ္ႏိုင္သည္ဟု အယူရွိၾကသည္။ ျမန္မာႏိုင္ငံမွ ပတၲျမားငေမာက္ကို ပေဒသရာဇ္မင္းတို႔က ဘုန္း တန္ခိုး အာနိသင္ရွိေအာင္ႏွင့္ ရန္သူ၏ အႏၱရာယ္မွ ကာကြယ္ႏိုင္ေအာင္ ေဆာင္ထားျခင္းကို သမိုင္း ရာဇဝင္မ်ားတြင္ ေလ့လာေတြ႕ရွိရသည္။ ျမေက်ာက္ သည္ စိမ္းျမေသာအေရာင္ႏွင့္ ညီမွ်ေသာ ေအးခ်မ္း ျခင္း၊ ေသာကကင္းေဝးျခင္း၊ စိတ္တည္ၿငိမ္ျခင္းကို စြမ္းေဆာင္ႏိုင္သည္ဟု ဆိုသည္။ စိန္သည္ ေတာက္ပ ျဖဴစင္ၿပီး ဘုန္းတန္ခိုးႀကီးျခင္း၊ အိမ္ေထာင္ခိုင္ၿမဲ ျခင္း၊ စီးပြားလာဘ္လာဘ တိုးတက္ျခင္းတို႔ကို စြမ္း ေဆာင္ႏိုင္သည္ဟု ဆိုပါသည္။

နဝရတ္ကိုးပါးစီျခယ္ေသာ နဝရတ္လက္စြပ္ ဝတ္ဆင္ေသာသူမ်ားသည္ ေအာက္ေဖာ္ျပပါ နဝ ရတ္ ကိုးပါးဂါထာေတာ္ကို ေန႔စဥ္နံနက္ႏွင့္ ည အခ်ိန္မ်ား၌ ကိုးေခါက္စီရြတ္ဆိုပါက ေကာင္းမြန္ ေသာ အက်ိဳးေက်းဇူးမ်ားကို ခံစားရမည္ျဖစ္ပါသည္။



နဝရတ္ကိုးပါးဂါထာေတာ္

၁။ ဗုေဒၶါေလာေက သမုပၸေႏၷာ ဟိတာယ သဗၺပါဏိနံ၊ ဓေမၼာေလာေက သမုပၸေႏၷာ သုခါယ သဗၺပါဏိနံ၊ သံေဃာေလာေက သမုပၸေႏၷာ အႏုတၱရံ ပုညေခတၱံ၊ ဧေတေန သစၥဝေဇၨန ေသာတၳိေမ ေဟာ တုသဗၺဒါ။

အနက္ ။ ။ ဗုေဒၶါ၊ ျမတ္စြာဘုရားသည္၊ ေလာေက၊ ေလာက၌၊ သဗၺပါဏိနံ၊ အလံုးစံုေသာ သတၱဝါတို႔၏၊ ဟိတာယ၊ အက်ိဳစီးပြားအလို႔ငွာ၊ သမုပေႏၷာ၊ ပြင့္ေတာ္မူ၏။ ေလာေက၊ ေလာက၌၊ ဓေမၼာ ျမတ္စြာဘုရား ေဟာၾကားေတာ္မူေသာ တရားေတာ္ျမတ္သည္၊ သဗၺပါဏိနံ၊ အလံုးစံုေသာ သတၲဝါတို႔၏၊ သုခါယ၊ ခ်မ္းသာျခင္းအလို႔ငွာ၊ သမုပၸေႏၷာ၊ ျဖစ္ထြန္းေတာ္မူ၏။ ေလာေက၊ ေလာက ၌၊ သံေဃာ၊ သံဃာေတာ္အရွင္သူျမတ္တို႔သည္၊ သဗၺပါဏိနံ၊ အလံုးစံုေသာသတၱဝါတို႔၏၊ အႏုတၲရံ ပုညေခတၲံ၊ ေကာင္းမႈတည္းဟူေသာ မ်ိဳးေစ့၏ စိုက္ပ်ိဳးရာ လယ္ယာ ေျမေကာင္းသဖြယ္အျဖစ္၊ သမုပေႏၷာ၊ ျဖစ္ေပၚလာပါေပ၏။

၂။ ဗုဒၶႆ ပူဇံ မဟာေတဇ ဝေႏၱာ၊ ဓမၼႆ ပူဇံ မဟာပညာဝေႏၱာ၊ သံဃႆပူဇံ မဟာေဘာဂ ဝေႏၱာ၊ ဧေတန သစၥဝေဇၨန ေသာတၲိေမ ေဟာတု သဗၺဒါ။

အနက္။ ။ ဗုဒၶႆပူဇံ၊ ျမတ္စြာဘုရားအား ပူေဇာ္ျခင္းသည္၊ မဟာေတဇ၊ ႀကီးျမတ္ေသာ တန္ခိုး ေတာ္တို႔သည္၊ ဝေႏၱာ၊ ၿပီးျပည့္စံုစြာ ျဖစ္ေပၚေစ၏။ဓမၼႆပူဇံ၊ တရားေတာ္ျမတ္ကို ပူေဇာ္ျခင္းသည္၊ မဟာပညာ၊ ႀကီးျမတ္ေသာပညာဉာဏ္တို႔သည္၊ ဝေႏၱာ၊ ၿပီးျပည့္စံုစြာျဖစ္ေပၚေစ၏။ သံဃႆပူဇံ၊ သံဃာေတာ္ျမတ္တို႔ကို ပူေဇာ္ျခင္းသည္၊ မဟာေဘာဂံ၊ ႀကီးျမတ္ေသာ လာဘ္လာဘတို႔သည္၊ ဝေႏၱာ၊ ၿပီး ျပည့္စံုစြာျဖစ္ေပၚေစ၏။ ဧေတနသစၥဝေဇၨန၊ ဤသို႔ မွန္ကန္ေသာ သစၥာစကားေၾကာင့္၊ ေမ၊ ကြ်ႏု္ပ္အား သဗၺဒါ၊ အခါခပ္သိမ္း၊ ေသာတၲႎ၊ ေကာင္းျမတ္ေသာ စီးပြားခ်မ္းသာ မဂၤလာအေပါင္းတို႔သည္၊ ေဟာတု ျဖစ္ပါေစသတည္း။

၃။ ဗုဒၶေတေဇန အရိႏၵေမာ၊ ဓမၼေတေဇန မဟာလာေဘာ၊ သံဃေတေဇန မဟာယေသာ၊ ဧေတန သစၥဝေဇၨန ေသတၳိေမ ေဟာသုသဗၺဒါ။

အနက္။ ။ ဗုဒၶေတေဇန၊ ဗုဒၶျမတ္စြာဘုရား ၏ တန္ခိုးေတေဇာ္ အႏုေဘာ္ေတာ္တို႔ေၾကာင့္၊ အရိႏၷေမာ၊ ရန္သူအေပါင္းတို႔အား စိုးမိုးအႏိုင္ယူ ရၾကကုန္၏။ ဓမၼေတေဇန၊ တရားေတာ္ျမတ္၏ တန္ခိုးေတေဇာ အႏုေဘာ္တို႔ေၾကာင့္၊ မဟာလာ ေဘာ၊ ႀကီးျမတ္ေသာ လာဘ္လာဘအေပါင္းတို႔ ရၾကေစကုန္၏။ သံဃေတေဇန၊ သံဃာေတာ္အ႐ွင္ သူျမတ္တို႔၏ တန္ခိုးေတေဇာ္၊ အႏုေဘာ္တို႔ေၾကာင့္၊ မဟာယေသာ၊ မ်ားျပားေသာ အေျြခအရံတို႔ ေပါမ်ား ၾကကုန္၏။ ဧေတနသစၥဝေဇၨန၊ ဤသို႔ မွန္ကန္ေသာ သစၥာစကားေတာ္တို႔ေၾကာင့္၊ ေမ၊ အကြ်ႏု္ပ္အား၊ သဗၺဒါ၊ အခါခပ္သိမ္း၊ ေသာတၳႎ၊ ေကာင္းျမတ္ေသာ စီးပြားခ်မ္းသာ မဂၤလာအေပါင္းတို႔သည္၊ ေဟာတု၊ ျဖစ္ပါေစသတည္း။

၄။ ဗုေဒၶါေမ ရကၡတု နိစံၥ၊ ဓေမၼာေမ ရကၡတု သဒါ၊ သံေဃာေမ ရကၡတု ဒိေန၊ ဒိဃာယုေကာ မယွံဘေဝ၊ ဧေတန သစၥဝေဇၨန ေသာတၳိေမ ေဟာ တု သဗၺဒါ။

အနက္။ ။ ေမ၊ အကြ်ႏု္ပ္အား၊ ဗုေဒၶါ၊ ျမတ္စြာဘုရားသည္၊ နိစၥံ၊ အျမဲမျပတ္၊ ရကၡတု၊ ေစာင့္ေရွာက္ပါေစသတည္း။ ေမ၊ အကြ်ႏု္ပ္အား၊ ဓေမၼာ၊ တရားေတာ္ျမတ္သည္၊ သဒါ၊ အခါခပ္သိမ္း၊ ရကၡတု၊ ေစာင့္ေရွာက္ပါေစသတည္း။ ေမ၊ အကြၽႏု္ပ္ အား၊ သံေဃာ၊ သံဃာေတာ္ အရွင္ျမတ္တို႔သည္၊ ဒိေန၊ ေန႔စဥ္မျပတ္၊ ရကၡတု၊ ေစာင့္ေ႐ွာက္ပါေစသ တည္း။ ဧေတနသစၥဝေဇၨန၊ ဤသို႔မွန္ကန္ေသာ သစၥာစကားေၾကာင့္၊ ေမ၊ ကြ်ႏု္ပ္အား၊ သဗၺဒါ၊ အခါ ခပ္သိမ္း၊ ေသာတၳိ၊ ေကာင္းျမတ္ေသာစီးပြားခ်မ္းသာ မဂၤလာအေပါင္းတို႔သည္၊ ေဟာတု၊ ျဖစ္ပါေစသ တည္း။

လင္းညိဳ႕တာရာ

နဝရတ်ကိုးပါး အကျိုးကျေးဇူးနှင့် နဝရတ်ကိုးပါး ဂါထာတော်မြတ်

နဝရတ်ကိုးပါးဆိုသည်မှာ ကျောက်မျက် ရတနာ ကိုးမျိုးကို ခေါ်ဆိုပါသည်။ နဝရတ်ဟူသည် နဝရတန ဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ နဝရတ်ကိုးပါး ချယ်ထားသော လက် စွပ်ကို နဝရတ်လက်စွပ် ဟုခေါ်သည်။ ကဝိလက္ခဏာ သတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ နဝရတ်၊ စီ ခတ်အမွန်းတင်ဟု တွေ့ရသည်။ လူတို့သည် နဝရတ် လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိသည်။ ရှေးပဝေသဏီက ပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင် အပါအဝင် ကျောက်မျက်ရတနာတစ်ပါးပါး၏ တန်ခိုး အာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆ ကြသည်။

ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း

စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ

မဏိနီလာ မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား

ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ

ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည်

ကိုးထွေ နဝရတ် စွမ်းရည်တည်း။

နဝရတ်လက်စွပ်သည် မြန်မာတို့လက်ထပ် ထိမ်းမြားခြင်းတွင် ရွှေခွက် (သို့) ငွေခွက်ထဲတွင် နဝရတ်ကိုးပါး၊ နံသာမျိုး ငါးပါးသွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ် ထိမ်းမြား ခြင်းကို ပြုလုပ်လေ့ရှိသည်။ နဝရတ်ကိုးပါးမှာ- ပတ္တမြား၊ မြ၊ စိန်၊ ကြောင်၊ နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား၊ သန္တာ၊ ပုလဲတို့ ဖြစ်သည်။ စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုခေါ်သည်။ ကျောက် မျက်အမျိုးပေါင်း ၁၂၀ ခန့် ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။ ယင်းတို့အ နက် စိန်၊ ပတ္တမြား၊ မြနှင့် နီလာတို့သည် အဖိုးအတန် ဆုံး ဖြစ်သည်။ နီလာနှင့် ပတ္တမြားသည် ကျောက် မျက်အမာ တစ်မျိုးတည်းပင် ဖြစ်သည်။ အရောင်အ သွေးသာ ကွဲပြားသွားသည်။ ပတ္တမြားသည် သွေး ကဲ့သို့သော အနီရောင်ရှိပြီး နီလာသည် တောက်ပ သော အပြာရောင်ရှိသည်။ ပုလဲနှင့် သန္တာသည် တွင်းထွက်ကျောက်များ မဟုတ်ကြပေ။ ပုလဲကို ကမာ(သို့) မုတ်ကောင်၏ ကိုယ်တွင်းမှ ရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရရှိသည်။

ကြောင်ကို ကြောင်၏ မျက်လုံးနှင့် တူ၍ ကြောင်မျက်ရွဲ ဟုလည်း ခေါ်ကြသည်။ မြတွင် ကြည် လင် စိမ်းမြသော အရောင်ရှိသည်။ သို့သော် စိန်၊ နီလာ၊ ဥဿဖယားတို့လောက် မမာချေ။ ဂေါ်မိတ် သည် ကျောက်သလင်းနှင့် ရော၍ တွေ့ရတတ်သော ကျောက်မျိုးဖြစ်သည်။ နဝရတ်တွင်ပါသော ကျောက် မျက်ရတနာတစ်ပါးစီတွင် တန်ခိုးအာနိသင်များ ရှိကြ သည်ဟု သိရသည်။ ပတ္တမြားသည် မြန်မာနိုင်ငံမှ ထွက်ရှိ၍ ဘုန်းတန်ခိုးရှိသည်။ ရန်သူ အန္တရာယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှ ပတ္တမြားငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်း တန်ခိုး အာနိသင်ရှိအောင်နှင့် ရန်သူ၏ အန္တရာယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကို သမိုင်း ရာဇဝင်များတွင် လေ့လာတွေ့ရှိရသည်။ မြကျောက် သည် စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်း ခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။ စိန်သည် တောက်ပ ဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲ ခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်းတို့ကို စွမ်း ဆောင်နိုင်သည်ဟု ဆိုပါသည်။

နဝရတ်ကိုးပါးစီခြယ်သော နဝရတ်လက်စွပ် ဝတ်ဆင်သောသူများသည် အောက်ဖော်ပြပါ နဝ ရတ် ကိုးပါးဂါထာတော်ကို နေ့စဉ်နံနက်နှင့် ည အချိန်များ၌ ကိုးခေါက်စီရွတ်ဆိုပါက ကောင်းမွန် သော အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါသည်။



နဝရတ်ကိုးပါးဂါထာတော်

၁။ ဗုဒ္ဓေါလောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ၊ ဓမ္မောလောကေ သမုပ္ပန္နော သုခါယ သဗ္ဗပါဏိနံ၊ သံဃောလောကေ သမုပ္ပန္နော အနုတ္တရံ ပုညခေတ္တံ၊ ဧတေနေ သစ္စဝဇ္ဇေန သောတ္ထိမေ ဟော တုသဗ္ဗဒါ။

အနက် ။ ။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ လောကေ၊ လောက၌၊ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့၏၊ ဟိတာယ၊ အကျိုစီးပွားအလို့ငှာ၊ သမုပန္နော၊ ပွင့်တော်မူ၏။ လောကေ၊ လောက၌၊ ဓမ္မော မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်မြတ်သည်၊ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့၏၊ သုခါယ၊ ချမ်းသာခြင်းအလို့ငှာ၊ သမုပ္ပန္နော၊ ဖြစ်ထွန်းတော်မူ၏။ လောကေ၊ လောက ၌၊ သံဃော၊ သံဃာတော်အရှင်သူမြတ်တို့သည်၊ သဗ္ဗပါဏိနံ၊ အလုံးစုံသောသတ္တဝါတို့၏၊ အနုတ္တရံ ပုညခေတ္တံ၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာ မြေကောင်းသဖွယ်အဖြစ်၊ သမုပန္နော၊ ဖြစ်ပေါ်လာပါပေ၏။

၂။ ဗုဒ္ဓဿ ပူဇံ မဟာတေဇ ဝန္တော၊ ဓမ္မဿ ပူဇံ မဟာပညာဝန္တော၊ သံဃဿပူဇံ မဟာဘောဂ ဝန္တော၊ ဧတေန သစ္စဝဇ္ဇေန သောတ္တိမေ ဟောတု သဗ္ဗဒါ။

အနက်။ ။ ဗုဒ္ဓဿပူဇံ၊ မြတ်စွာဘုရားအား ပူဇော်ခြင်းသည်၊ မဟာတေဇ၊ ကြီးမြတ်သော တန်ခိုး တော်တို့သည်၊ ဝန္တော၊ ပြီးပြည့်စုံစွာ ဖြစ်ပေါ်စေ၏။ဓမ္မဿပူဇံ၊ တရားတော်မြတ်ကို ပူဇော်ခြင်းသည်၊ မဟာပညာ၊ ကြီးမြတ်သောပညာဉာဏ်တို့သည်၊ ဝန္တော၊ ပြီးပြည့်စုံစွာဖြစ်ပေါ်စေ၏။ သံဃဿပူဇံ၊ သံဃာတော်မြတ်တို့ကို ပူဇော်ခြင်းသည်၊ မဟာဘောဂံ၊ ကြီးမြတ်သော လာဘ်လာဘတို့သည်၊ ဝန္တော၊ ပြီး ပြည့်စုံစွာဖြစ်ပေါ်စေ၏။ ဧတေနသစ္စဝဇ္ဇေန၊ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့်၊ မေ၊ ကျွနု်ပ်အား သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သောတ္တိံ၊ ကောင်းမြတ်သော စီးပွားချမ်းသာ မင်္ဂလာအပေါင်းတို့သည်၊ ဟောတု ဖြစ်ပါစေသတည်း။

၃။ ဗုဒ္ဓတေဇေန အရိန္ဒမော၊ ဓမ္မတေဇေန မဟာလာဘော၊ သံဃတေဇေန မဟာယသော၊ ဧတေန သစ္စဝဇ္ဇေန သေတ္ထိမေ ဟောသုသဗ္ဗဒါ။

အနက်။ ။ ဗုဒ္ဓတေဇေန၊ ဗုဒ္ဓမြတ်စွာဘုရား ၏ တန်ခိုးတေဇော် အနုဘော်တော်တို့ကြောင့်၊ အရိန္နမော၊ ရန်သူအပေါင်းတို့အား စိုးမိုးအနိုင်ယူ ရကြကုန်၏။ ဓမ္မတေဇေန၊ တရားတော်မြတ်၏ တန်ခိုးတေဇော အနုဘော်တို့ကြောင့်၊ မဟာလာ ဘော၊ ကြီးမြတ်သော လာဘ်လာဘအပေါင်းတို့ ရကြစေကုန်၏။ သံဃတေဇေန၊ သံဃာတော်အရှင် သူမြတ်တို့၏ တန်ခိုးတေဇော်၊ အနုဘော်တို့ကြောင့်၊ မဟာယသော၊ များပြားသော အြွေခအရံတို့ ပေါများ ကြကုန်၏။ ဧတေနသစ္စဝဇ္ဇေန၊ ဤသို့ မှန်ကန်သော သစ္စာစကားတော်တို့ကြောင့်၊ မေ၊ အကျွနု်ပ်အား၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သောတ္ထိံ၊ ကောင်းမြတ်သော စီးပွားချမ်းသာ မင်္ဂလာအပေါင်းတို့သည်၊ ဟောတု၊ ဖြစ်ပါစေသတည်း။

၄။ ဗုဒ္ဓေါမေ ရက္ခတု နိစ္စံ၊ ဓမ္မောမေ ရက္ခတု သဒါ၊ သံဃောမေ ရက္ခတု ဒိနေ၊ ဒိဃာယုကော မယှံဘဝေ၊ ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ဟော တု သဗ္ဗဒါ။

အနက်။ ။ မေ၊ အကျွနု်ပ်အား၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ နိစ္စံ၊ အမြဲမပြတ်၊ ရက္ခတု၊ စောင့်ရှောက်ပါစေသတည်း။ မေ၊ အကျွနု်ပ်အား၊ ဓမ္မော၊ တရားတော်မြတ်သည်၊ သဒါ၊ အခါခပ်သိမ်း၊ ရက္ခတု၊ စောင့်ရှောက်ပါစေသတည်း။ မေ၊ အကျွနု်ပ် အား၊ သံဃော၊ သံဃာတော် အရှင်မြတ်တို့သည်၊ ဒိနေ၊ နေ့စဉ်မပြတ်၊ ရက္ခတု၊ စောင့်ရှောက်ပါစေသ တည်း။ ဧတေနသစ္စဝဇ္ဇေန၊ ဤသို့မှန်ကန်သော သစ္စာစကားကြောင့်၊ မေ၊ ကျွနု်ပ်အား၊ သဗ္ဗဒါ၊ အခါ ခပ်သိမ်း၊ သောတ္ထိ၊ ကောင်းမြတ်သောစီးပွားချမ်းသာ မင်္ဂလာအပေါင်းတို့သည်၊ ဟောတု၊ ဖြစ်ပါစေသ တည်း။

လင်းညို့တာရာ

ဇီးကြက္ေဆာင္တုိင္း ေကာင္းသလား

ဇီးကြက္ေဆာင္တုိင္း ေကာင္းသလား

ဇီးကြက္ကို လူေတာ္ေတာ္မ်ားမ်ားက လာဘ္ေကာင္ဟူ၍ ထင္မွတ္ၾက၏။ ထိုသို႔ သတ္မွတ္ျခင္း ႏွင့္အတူ တျမတ္တႏိုးပင္ ဇီးကြက္႐ုပ္ ေဆာင္ၾက သည္ကိုလည္း ေတြ႕ရဖူးပါ၏။

ဇီးကြက္ဆိုေသာ သတၲဝါကို ၿမိဳ႕၌ ေတြ႕ရခဲ ေသာ္လည္း ေက်းလက္ ေတာရြာမ်ား၌ အလြယ္တကူပင္ ေတြ႕ျမင္ရတတ္ပါသည္။ ထိုသို႔ေတြ႕ျမင္ ရာ၌ ညဘက္၌သာ ေတြ႕ျမင္ရတတ္ပါသည္။ အ ေၾကာင္းမူ ဇီးကြက္သည္ ညဘက္မွ ထြက္ေသာ အနိ႒သတၲဝါ ျဖစ္ပါ၏။

ဤ၌ ဇီးကြက္ကို ညဘက္အခါ၌ ေတြ႕ျမင္ရ ေသာ ေနရာအေပၚမူတည္၍ အတိတ္နိမိတ္ေကာက္ ယူမႈမ်ားကို တင္ျပလိုပါသည္။


၁။ ညအခါ သစ္ကိုင္းစို၌ ဇီးကြက္နားေန သည္ကို ေတြ႕ျမင္ရပါက စီးပြားဥစၥာမ်ား တိုးတက္ ျဖစ္ထြန္းတတ္ပါသည္။

၂။ ညအခါ သစ္ကိုင္းေျခာက္၌ ဇီးကြက္နား ေနသည္ကို ေတြ႕ျမင္ရပါက မိသားစုဝင္တစ္ဦးဦး အိမ္မွထြက္သြားတတ္ပါသည္။

၃။ ညအခါ သစ္ေျခာက္ပင္၏ အေခါင္း၌ ဇီးကြက္ရွိေနသည္ကို ေတြ႕ျမင္ရပါက ေနအိမ္မီး ေလာင္တတ္ပါသည္။

၄။ ညအခါ သစ္ပင္အစို၏ အေခါင္း၌ ဇီးကြက္ရွိေနသည္ကို ေတြ႕ျမင္ရပါက ခိုက္ရန္ျဖစ္ ပြားတတ္ပါသည္။

၅။ ညအခါ ေခ်ာက္ခ်ားတုန္လႈပ္ဖြယ္ေနရာ တစ္ခု၌ ဇီးကြက္ရွိေနသည္ကို ေတြ႕ျမင္ရပါက ထိခိုက္ဒဏ္ရာတစ္ခုခုႏွင့္ ေတြ႕ႀကံဳရတတ္ပါသည္။

၆။ ညအခါ ေနရာမေရြး ဇီးကြက္ကို ေတြ႕ျမင္ရပါလွ်င္ ပစၥည္းအခိုးခံရျခင္း၊ ေငြဝင္ျခင္း၊ အျငင္းပြားရျခင္း၊ ေသာကႀကံဳ ရျခင္း၊ ဒုကၡေရာက္ရျခင္းတို႔ ႀကံဳရတတ္ပါသည္။

စင္စစ္ ဇီးကြက္ သည္ အကာလ ညအခါ ကိုသာ မင္းမူရသျဖင့္ အခ်ိဳ႕က မေကာင္းဆိုးဝါး ငွက္ဟုပင္ဆိုၾက၊ သတ္ မွတ္ၾကပါသည္။

ဇီးကြက္၏ သ ဘာဝကိုက မ်က္လံုးျပဴး၊ မ်က္ဆန္ျပဴး ျဖစ္ေလရကား အဆိုးဘက္မွ ၾကည့္လွ်င္ မ်က္ လံုးျပဴး၊ မ်က္ဆန္ျပဴး မ်က္ ကလဲ ဆန္ပ်ာ ေဘးဒုကၡမ်ားမည့္နိမိတ္၊ အပူေသာက နိမိတ္ပင္ျဖစ္ပါသည္။


ဤ၌ ေရွးလူႀကီးသူမ ပညာ ရွင္မ်ားက ဇီးကြက္႐ုပ္ေဆာင္ျခင္းႏွင့္ ပတ္သက္၍ ဆိုမိန္႔ခဲ့သည့္ ေရွးထံုးမ်ား မွာ မွတ္သားလိုက္နာဖြယ္ရာ ေကာင္း လွပါသည္။

ဇီးကြက္႐ုပ္ကို ေဆာင္ တိုင္း ေကာင္းသည္ မဟုတ္ပါ။

တနဂၤေႏြသားသမီး၊ ဗုဒၶဟူးသမီး၊ အဂၤါသားသမီး၊ စေနသားသမီးတို႔ အေနျဖင့္ ဇီးကြက္႐ုပ္ကို (လံုးဝ) မေဆာင္ သင့္ပါ။

ေဆာင္ပါက လာဘ္မရႊင္ သည့္အျပင္ အေႏွာင့္အယွက္ မ်ား၊ စိတ္ေသာက ေရာက္စရာ မ်ားႏွင့္သာ ႀကံဳရ တတ္ပါသတဲ့။

သို႔ဆိုပါက မည္ သည့္ေန႔နံသား ေတြႏွင့္သာ သင့္ပါသနည္း။

တနလၤာသားသမီး၊ ၾကာသပေတးသားသမီး၊ ေသာၾကာသားသမီးတို႔သာ လွ်င္ ေဆာင္မည္ဆိုက ေဆာင္ထားႏိုင္ပါသည္။

စင္စစ္ ေလာကီလူ သားမ်ားအဖို႔ ေလာကီေရး ရာ ႀကီးပြားရာ ႀကီးပြား ေၾကာင္းအတြက္ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို႔၏ ဂုဏ္ေက်း ဇူးကို ဦးထိပ္ထားျခင္း၊ လံု႔လဝီရိယ ရွိျခင္း၊ အလုပ္ႀကိဳးစားျခင္း၊ မပ်င္း မရိျခင္း၊ အစရွိသည္တို႔ လိုအပ္လွပါ သည္။

အဟိတ္တိရစၦာန္႐ုပ္ကို ေဆာင္႐ံု မွ်ႏွင့္ေတာ့ အက်ိဳးေပးကံ ထူးမလာႏိုင္ ပါေၾကာင္း ေလ့လာသိရွိ ထားသမွ်ကို တင္ျပလိုက္ရပါသည္။

သုေတသီဆရာၿငိမ္း

ဇီးကွက်ဆောင်တိုင်း ကောင်းသလား

ဇီးကွက်ကို လူတော်တော်များများက လာဘ်ကောင်ဟူ၍ ထင်မှတ်ကြ၏။ ထိုသို့ သတ်မှတ်ခြင်း နှင့်အတူ တမြတ်တနိုးပင် ဇီးကွက်ရုပ် ဆောင်ကြ သည်ကိုလည်း တွေ့ရဖူးပါ၏။

ဇီးကွက်ဆိုသော သတ္တဝါကို မြို့၌ တွေ့ရခဲ သော်လည်း ကျေးလက် တောရွာများ၌ အလွယ်တကူပင် တွေ့မြင်ရတတ်ပါသည်။ ထိုသို့တွေ့မြင် ရာ၌ ညဘက်၌သာ တွေ့မြင်ရတတ်ပါသည်။ အ ကြောင်းမူ ဇီးကွက်သည် ညဘက်မှ ထွက်သော အနိဋ္ဌသတ္တဝါ ဖြစ်ပါ၏။

ဤ၌ ဇီးကွက်ကို ညဘက်အခါ၌ တွေ့မြင်ရ သော နေရာအပေါ်မူတည်၍ အတိတ်နိမိတ်ကောက် ယူမှုများကို တင်ပြလိုပါသည်။


၁။ ညအခါ သစ်ကိုင်းစို၌ ဇီးကွက်နားနေ သည်ကို တွေ့မြင်ရပါက စီးပွားဥစ္စာများ တိုးတက် ဖြစ်ထွန်းတတ်ပါသည်။

၂။ ညအခါ သစ်ကိုင်းခြောက်၌ ဇီးကွက်နား နေသည်ကို တွေ့မြင်ရပါက မိသားစုဝင်တစ်ဦးဦး အိမ်မှထွက်သွားတတ်ပါသည်။

၃။ ညအခါ သစ်ခြောက်ပင်၏ အခေါင်း၌ ဇီးကွက်ရှိနေသည်ကို တွေ့မြင်ရပါက နေအိမ်မီး လောင်တတ်ပါသည်။

၄။ ညအခါ သစ်ပင်အစို၏ အခေါင်း၌ ဇီးကွက်ရှိနေသည်ကို တွေ့မြင်ရပါက ခိုက်ရန်ဖြစ် ပွားတတ်ပါသည်။

၅။ ညအခါ ချောက်ချားတုန်လှုပ်ဖွယ်နေရာ တစ်ခု၌ ဇီးကွက်ရှိနေသည်ကို တွေ့မြင်ရပါက ထိခိုက်ဒဏ်ရာတစ်ခုခုနှင့် တွေ့ကြုံရတတ်ပါသည်။

၆။ ညအခါ နေရာမရွေး ဇီးကွက်ကို တွေ့မြင်ရပါလျှင် ပစ္စည်းအခိုးခံရခြင်း၊ ငွေဝင်ခြင်း၊ အငြင်းပွားရခြင်း၊ သောကကြုံ ရခြင်း၊ ဒုက္ခရောက်ရခြင်းတို့ ကြုံရတတ်ပါသည်။

စင်စစ် ဇီးကွက် သည် အကာလ ညအခါ ကိုသာ မင်းမူရသဖြင့် အချို့က မကောင်းဆိုးဝါး ငှက်ဟုပင်ဆိုကြ၊ သတ် မှတ်ကြပါသည်။

ဇီးကွက်၏ သ ဘာဝကိုက မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်လေရကား အဆိုးဘက်မှ ကြည့်လျှင် မျက် လုံးပြူး၊ မျက်ဆန်ပြူး မျက် ကလဲ ဆန်ပျာ ဘေးဒုက္ခများမည့်နိမိတ်၊ အပူသောက နိမိတ်ပင်ဖြစ်ပါသည်။

ဤ၌ ရှေးလူကြီးသူမ ပညာ ရှင်များက ဇီးကွက်ရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ဆိုမိန့်ခဲ့သည့် ရှေးထုံးများ မှာ မှတ်သားလိုက်နာဖွယ်ရာ ကောင်း လှပါသည်။

ဇီးကွက်ရုပ်ကို ဆောင် တိုင်း ကောင်းသည် မဟုတ်ပါ။

တနင်္ဂနွေသားသမီး၊ ဗုဒ္ဓဟူးသမီး၊ အင်္ဂါသားသမီး၊ စနေသားသမီးတို့ အနေဖြင့် ဇီးကွက်ရုပ်ကို (လုံးဝ) မဆောင် သင့်ပါ။



ဆောင်ပါက လာဘ်မရွှင် သည့်အပြင် အနှောင့်အယှက် များ၊ စိတ်သောက ရောက်စရာ များနှင့်သာ ကြုံရ တတ်ပါသတဲ့။

သို့ဆိုပါက မည် သည့်နေ့နံသား တွေနှင့်သာ သင့်ပါသနည်း။

တနင်္လာသားသမီး၊ ကြာသပတေးသားသမီး၊ သောကြာသားသမီးတို့သာ လျှင် ဆောင်မည်ဆိုက ဆောင်ထားနိုင်ပါသည်။

စင်စစ် လောကီလူ သားများအဖို့ လောကီရေး ရာ ကြီးပွားရာ ကြီးပွား ကြောင်းအတွက် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့၏ ဂုဏ်ကျေး ဇူးကို ဦးထိပ်ထားခြင်း၊ လုံ့လဝီရိယ ရှိခြင်း၊ အလုပ်ကြိုးစားခြင်း၊ မပျင်း မရိခြင်း၊ အစရှိသည်တို့ လိုအပ်လှပါ သည်။

အဟိတ်တိရစ္ဆာန်ရုပ်ကို ဆောင်ရုံ မျှနှင့်တော့ အကျိုးပေးကံ ထူးမလာနိုင် ပါကြောင်း လေ့လာသိရှိ ထားသမျှကို တင်ပြလိုက်ရပါသည်။

သုတေသီဆရာငြိမ်း

ဆယ္မိနစ္ဖုန္းေရႊ

ဆယ္မိနစ္ဖုန္းေရႊ

၀င္ေပါက္ခန္းမ

တံခါးမႀကီးက ဝင္ဝင္ခ်င္းအခန္းကလည္း သိပ္ အေရးႀကီးပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ မိမိကို အက်ိဳး ျပဳမယ့္ ခ်ီဓာတ္ဝင္လာရာလမ္းကို ႀကိဳတဲ့ေနရာမို႔ပါ။ ဒီေနရာ ကို သန္႔သန္႔ရွင္းရွင္းထားရမယ္။ ေနခ်င့္စဖြယ္ ျပင္ ဆင္ထားရမယ္။ အ႐ႈပ္အေထြး၊ အေဟာင္းအျမင္း၊ အမိႈက္သ႐ိုက္ေတြ မရွိေစရဘူး။ ေမွာင္မိုက္မေနဖို႔ အလင္းေရာင္ ေကာင္းေကာင္းရပါေစ။ မီးထိန္ထိန္ ထြန္းေပးပါ။ အိမ္ထဲကို စဝင္လာ သူ ခ်က္ခ်င္းစိတ္ခ်မ္းသာ ေအးၿငိမ္းသြားမယ့္ ပံုစံ မ်ိဳးလုပ္ထားရပါမယ္။ ႐ႈေမွ်ာ္ခင္းလွလွ၊ ပင္လယ္ ကမ္းေျခစတဲ့ ဓာတ္ပံု ပန္းခ်ီကားေတြ ရွိသင့္ပါ တယ္။ စိမ္းလန္းစိုျပည္တဲ့ ပန္းပင္သစ္ပင္ေလးေတြ စိုက္ပ်ိဳးထားသင့္တယ္။



ဝင္ေပါက္ခန္းမကို ပိုမိုေကာင္းမြန္ေစဖို႔
ဖုန္းေရႊအစီအရင္မ်ား

လံုေလာက္ေသာ အလင္းေရာင္ရပါေစ။

အဝါေရာင္(သို႔) လိေမၼာ္ေရာင္ေဆးမ်ား သုတ္ ပါ။

အိမ္အဝင္ဝတြင္ ႐ႈပ္ေထြးတားဆီးေနေသာ အရာဟူသမွ်ကို ဖယ္ရွားပါ။

ေလွကားမ်ား၊ တံခါးမ်ားကို မပ်က္ယြင္းပါ ေစႏွင့္။

ဧည့္သည္အတြက္ မ်က္မွန္၊ ထီး၊ ေသာ့၊ အေပၚအက်ႌ စသည္တို႔ထားရန္ ေနရာသီးသန္႔ေပး ထားပါ။
ဧည့္ခန္း

ဧည့္ခန္းဟာ မိမိနဲ႔ မိသားစု အနားယူ အပန္း ေျဖရာ ေနရာျဖစ္တဲ့အျပင္ ဧည့္သည္ေတြကို ဧည့္ခံ ေနရာလည္း ျဖစ္လို႔ မိမိရဲ႕ လူမႈဘဝနဲ႔ ဆက္ႏႊယ္ ပတ္သက္ေနပါတယ္။ ဒါေၾကာင့္ ဧည့္ခန္းကို ႐ုပ္ပ်က္ ဆင္းပ်က္ ျဖစ္ေစႏိုင္မယ့္အရာ ဟူသမွ်ကို ဖယ္ရွား ထားပါ။ တစ္ခ်ိန္တည္းမွာပဲ ဧည့္ခန္းကို က်က္သေရ ရွိေစ၊ အလွဆင္ေစႏိုင္တဲ့ အရာမွန္သမွ်ကို ထားပါ။ ဧည့္ခန္းကို ရွင္းရွင္းလင္းလင္း သပ္သပ္ရပ္ရပ္ ထား ပါ။



ဧည့္ခန္းကို ပိုမိုေကာင္းမြန္ေစဖို႔
ဖုန္းေရႊအစီအရင္မ်ား

ပရိေဘာဂကို ေသေသခ်ာခ်ာ ေနရာခ်ထား ပါ။ တံခါးမႀကီးကို ေက်ာေပးထားတဲ့ ထိုင္ခံုေနရာ မရွိပါေစနဲ႔။ အိမ္ထဲဝင္လာသူ မည္သူကိုမဆို မိမိက အရင္ဆီးၿပီး ျမင္ႏိုင္ပါေစ။

ဧည့္ခန္းအဝင္ေပါက္ဝကို ပိတ္ဆို႔ေစတဲ့ ဆိုဖာ ဒါမွမဟုတ္ ဝတၳဳပစၥည္း ႀကီးႀကီးမားမားေတြ ရွိရင္ ဖယ္ပစ္ပါ။

ထိုင္ခံုေတြကို တစ္ခုနဲ႔တစ္ခု အေဝးႀကီးမွာ မထားပါနဲ႔။ တစ္ေနရာက တစ္ေနရာကို စကား က်ယ္က်ယ္ လွမ္းေျပာရေလာက္တဲ့ ေနရာေတြ မျဖစ္ပါေစနဲ႔။

ဧည့္ခန္းမွာ ေလွ်ာက္လမ္းကိုလည္း ေနရာ က်ယ္က်ယ္ေပးထားပါ။ ဒါမွ ျပတင္းေပါက္ဖြင့္ တာ၊ ဗီ႐ိုဖြင့္တာေတြမွာ သက္ေသာင့္သက္သာ ရွိ ေစႏိုင္မွာပါ။

ဧည့္ခန္းထဲမွာ စာဖတ္လို႔ရေအာင္ မီးေကာင္း ေကာင္းထြန္းေပးထားပါ။


ဟိန္းလတ္

ဆယ်မိနစ်ဖုန်းရွှေ

ဝင်ပေါက်ခန်းမ

တံခါးမကြီးက ဝင်ဝင်ချင်းအခန်းကလည်း သိပ် အရေးကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မိမိကို အကျိုး ပြုမယ့် ချီဓာတ်ဝင်လာရာလမ်းကို ကြိုတဲ့နေရာမို့ပါ။ ဒီနေရာ ကို သန့်သန့်ရှင်းရှင်းထားရမယ်။ နေချင့်စဖွယ် ပြင် ဆင်ထားရမယ်။ အရှုပ်အထွေး၊ အဟောင်းအမြင်း၊ အမှိုက်သရိုက်တွေ မရှိစေရဘူး။ မှောင်မိုက်မနေဖို့ အလင်းရောင် ကောင်းကောင်းရပါစေ။ မီးထိန်ထိန် ထွန်းပေးပါ။ အိမ်ထဲကို စဝင်လာ သူ ချက်ချင်းစိတ်ချမ်းသာ အေးငြိမ်းသွားမယ့် ပုံစံ မျိုးလုပ်ထားရပါမယ်။ ရှုမျှော်ခင်းလှလှ၊ ပင်လယ် ကမ်းခြေစတဲ့ ဓာတ်ပုံ ပန်းချီကားတွေ ရှိသင့်ပါ တယ်။ စိမ်းလန်းစိုပြည်တဲ့ ပန်းပင်သစ်ပင်လေးတွေ စိုက်ပျိုးထားသင့်တယ်။



ဝင်ပေါက်ခန်းမကို ပိုမိုကောင်းမွန်စေဖို့
ဖုန်းရွှေအစီအရင်များ

လုံလောက်သော အလင်းရောင်ရပါစေ။

အဝါရောင်(သို့) လိမ္မော်ရောင်ဆေးများ သုတ် ပါ။

အိမ်အဝင်ဝတွင် ရှုပ်ထွေးတားဆီးနေသော အရာဟူသမျှကို ဖယ်ရှားပါ။

လှေကားများ၊ တံခါးများကို မပျက်ယွင်းပါ စေနှင့်။

ဧည့်သည်အတွက် မျက်မှန်၊ ထီး၊ သော့၊ အပေါ်အင်္ကျီ စသည်တို့ထားရန် နေရာသီးသန့်ပေး ထားပါ။
ဧည့်ခန်း

ဧည့်ခန်းဟာ မိမိနဲ့ မိသားစု အနားယူ အပန်း ဖြေရာ နေရာဖြစ်တဲ့အပြင် ဧည့်သည်တွေကို ဧည့်ခံ နေရာလည်း ဖြစ်လို့ မိမိရဲ့ လူမှုဘဝနဲ့ ဆက်နွှယ် ပတ်သက်နေပါတယ်။ ဒါကြောင့် ဧည့်ခန်းကို ရုပ်ပျက် ဆင်းပျက် ဖြစ်စေနိုင်မယ့်အရာ ဟူသမျှကို ဖယ်ရှား ထားပါ။ တစ်ချိန်တည်းမှာပဲ ဧည့်ခန်းကို ကျက်သရေ ရှိစေ၊ အလှဆင်စေနိုင်တဲ့ အရာမှန်သမျှကို ထားပါ။ ဧည့်ခန်းကို ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် ထား ပါ။



ဧည့်ခန်းကို ပိုမိုကောင်းမွန်စေဖို့
ဖုန်းရွှေအစီအရင်များ

ပရိဘောဂကို သေသေချာချာ နေရာချထား ပါ။ တံခါးမကြီးကို ကျောပေးထားတဲ့ ထိုင်ခုံနေရာ မရှိပါစေနဲ့။ အိမ်ထဲဝင်လာသူ မည်သူကိုမဆို မိမိက အရင်ဆီးပြီး မြင်နိုင်ပါစေ။

ဧည့်ခန်းအဝင်ပေါက်ဝကို ပိတ်ဆို့စေတဲ့ ဆိုဖာ ဒါမှမဟုတ် ဝတ္ထုပစ္စည်း ကြီးကြီးမားမားတွေ ရှိရင် ဖယ်ပစ်ပါ။

ထိုင်ခုံတွေကို တစ်ခုနဲ့တစ်ခု အဝေးကြီးမှာ မထားပါနဲ့။ တစ်နေရာက တစ်နေရာကို စကား ကျယ်ကျယ် လှမ်းပြောရလောက်တဲ့ နေရာတွေ မဖြစ်ပါစေနဲ့။

ဧည့်ခန်းမှာ လျှောက်လမ်းကိုလည်း နေရာ ကျယ်ကျယ်ပေးထားပါ။ ဒါမှ ပြတင်းပေါက်ဖွင့် တာ၊ ဗီရိုဖွင့်တာတွေမှာ သက်သောင့်သက်သာ ရှိ စေနိုင်မှာပါ။

ဧည့်ခန်းထဲမှာ စာဖတ်လို့ရအောင် မီးကောင်း ကောင်းထွန်းပေးထားပါ။


ဟိန်းလတ်

႐ုိစီမေျပာျပတဲ့ ေဝးၾကသူမ်ား နီးဖုိ႔ရာ

႐ုိစီမေျပာျပတဲ့ ေဝးၾကသူမ်ား နီးဖုိ႔ရာ

ညေနေစာင္းတစ္ခု၌ ကြ်ႏု္ပ္သည္ ကြ်ႏု္ပ္၏ေဟာခန္းေရွ႕တြင္ ခံုကေလးတစ္ခံုကိုခ်ကာ ငုတ္တုတ္ကေလး ထိုင္ရင္း လမ္းသြားလမ္းလာမ်ားကို ဘာရယ္မဟုတ္ဘဲ ေငးေမွ်ာ္ေနမိေလ၏။

ထိုအခ်ိန္၌မွာပင္ အသက္ ၃၀ နီးပါးခန္႔ မိန္းကေလးတစ္ဦးသည္ ကြ်ႏု္ပ္ရွိရာသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေလွ်ာက္လာခဲ့ၿပီးလွ်င္ ကြ်ႏု္ပ္၏ေရွ႕၌ ဒူးေထာက္ကာ ထိုင္ခ်လိုက္ေလ၏။ တစ္ခ်ိန္တည္းမွာပင္ ႐ိႈက္ႀကီးတငင္လည္း ငိုခ်လိုက္ေလ၏။ တစ္ခ်ိန္တည္းမွာပင္ လက္အုပ္ကေလးကိုလည္း ခ်ီထားရင္း –

“ဆရာ ေဗဒင္ေဟာတဲ့အခ်ိန္ မဟုတ္ဘဲ ဆရာ့ဆီကိုလာၿပီး အပူကပ္ရတဲ့အတြက္ ခြင့္လႊတ္ပါ ဆရာ။ ကြ်န္မ ဆရာ့ဆီကို သံုးေခါက္ေလာက္ ေရာက္ဖူးပါတယ္။ လာတာကလည္း ကိစၥတစ္ခု တည္းနဲ႔ပါ။ ဆရာ မွတ္မိေလာက္မွာပါ”ဟု ေျပာ လိုက္ေသာေၾကာင့္ ကြ်ႏု္ပ္လည္း ၄င္း၏မ်က္ႏွာကို ေသခ်ာၾကည့္ရင္း ကြ်ႏု္ပ္၏ မွတ္ဥာဏ္ကို ဇြတ္အတင္း ျပန္ေခၚေနရေလ၏။ ထို႔ေနာက္တြင္မွ –

“နင္ဟာ ျမင္း …ျမင္းမဟုတ္လား”ဟု ေျပာလိုက္ရာ မိန္းကေလး၏ မ်က္ႏွာသည္ ၄င္းအား ကြ်ႏု္ပ္မွတ္မိသြားေသာေၾကာင့္ သိသိသာသာပင္ ဝင္းပသြားရေလ၏။ ထို႔ေနာက္ –

“ဟုတ္ ဟုတ္ပါတယ္ဆရာ၊ ဆရာ ကြ်န္မကို မွတ္မိသားပဲ”ဟု ဝမ္းသာအားရေျပာေလ၏။

၄င္းမိန္းကေလး ကြ်ႏု္ပ္ထံသို႔ ပထမဆံုးအႀကိမ္ ေဗဒင္လာေမးခဲ့စဥ္က ၄င္း၏အမည္ကို ၾကားလိုက္ေသာခဏ၌ ကြ်ႏု္ပ္က –

“ဒီလိုနာမည္ရွင္မ်ိဳးဟာ ျမင္းနဲ႔ တစ္မ်ိဳးမ ဟုတ္တစ္မ်ိဳး ပတ္သက္လိမ့္မယ္”ဟု ေျပာလိုက္လွ်င္ ထိုမိန္းကေလးသည္ တအံ့တဩျဖင့္ –

“ဟုတ္ ဟုတ္ပါတယ္ဆရာရယ္ ဆရာက အဲဒီေလာက္ထိေတာင္ လိုက္ၿပီး သိတယ္ေနာ္။ ကြ်န္မငယ္ငယ္တုန္းက ကြ်န္မရဲ႕ အေဖဟာ အိမ္မွာ ျမင္းေတြ ေမြးထားခဲ့ဖူးတယ္ ဆရာရဲ႕။ ကြ်န္မ ငယ္ငယ္ေလးကတည္းက ျမင္းေကာင္းေကာင္း စီးတတ္တယ္။ အခုေတာ့ အေဖလည္း မရွိေတာ့ပါဘူး။ အဲဒီျမင္းေတြလည္း မရွိေတာ့ပါဘူး”ဟု ျပန္၍ ဝန္ခံ ေျပာဆိုခဲ့ေလ၏။ ထို႔ေၾကာင့္ ကြ်ႏု္ပ္သည္ ထို မိန္းကေလးအား ျမင္းႏွင့္တြဲ၍ ထူးထူးျခားျခားမွတ္မိေနခဲ့ျခင္း ျဖစ္ပါေလေတာ့၏။

ယခု ထိုျမင္းမကေလးသည္ ကြ်ႏု္ပ္ထံသို႔ ေရာက္လာျပန္ၿပီျဖစ္၏။

“ဒီလိုပါ ဆရာရယ္ …အရင္အေခါက္ေတြတုန္းက ကြ်န္မရဲ႕ ျဖစ္ေၾကာင္းကုန္စင္ကို အရိပ္အျမြက္ေလာက္ ဆရာ့ကို ေျပာျပခဲ့ဖူးပါတယ္။ တျခားလူေတြရွိေနေတာ့ အေသးစိတ္ကို မေျပာဝံ့လို႔ အေသးစိတ္ မေျပာခဲ့ရဘူး။ ဒါေၾကာင့္ ဆရာ့ဆီမွာ လူရွင္းမယ့္ အခ်ိန္ကို တမင္ေရြးၿပီး လာခဲ့ရတာပါ ဆရာရယ္…အဲဒီအတြက္ ကြ်န္မကို ခြင့္လႊတ္ပါ” ဟု ေတာင္းပန္စကားကို ႐ို႐ိုက်ိဳးက်ိဳးပင္ ေျပာျပန္ ေလ၏။ ထို႔ေနာက္ ျမင္းမကေလးကပင္ ဆက္လက္၍ –

“ကြ်န္မအသက္ ၁၆ ႏွစ္ေလာက္မွာ ႏွစ္ဖက္ မိဘေတြက သူတို႔ခ်င္း ညႇိႏိႈင္းတိုင္ပင္ၿပီး ကြ်န္မနဲ႔ ေကာင္ေလးတစ္ေယာက္ကို သေဘာတူ ေစ့စပ္ထားခဲ့ၾကတယ္။

ဘယ္လိုျဖစ္တယ္ မသိပါဘူး ဆရာရယ္။ ကြ်န္မကလည္း အဲဒီေကာင္ေလးကိုဆိုရင္ ၾကည့္လို႔ ကိုမရဘူး။ တငိုငို တရယ္ရယ္နဲ႔ မိဘေတြကို ေျပာပါေသးတယ္။ မိဘေတြကလည္း လံုးဝမေလ်ာ့ဘူး။ အဲဒီတုန္းက ေဖေဖကလည္း ရွိေသးတာကိုး ဆရာရဲ႕။ ေဖေဖက ျမင္းေပၚက လိမ့္က်ၿပီး ခါး႐ိုးက်ိဳးသြားရာက အိပ္ရာထဲမွာ နာတာရွည္ လူမမာျဖစ္သြားတယ္။ သူက ကြ်န္မကို အဲဒီေကာင္ေလးနဲ႔ပဲ ဇြတ္အတင္း နားခ်ေနတယ္။

ဘယ္လိုျဖစ္တယ္မသိပါဘူး ဆရာရယ္။ အဲဒီ ေကာင္ေလးကလည္း ကြ်န္မကိုဆိုရင္ ခါးခါးသီးသီးပဲ။ ကြ်န္မကို ယူမယ့္အစား ေမ်ာက္မကို အၿမီးျဖတ္ၿပီး ယူတာကမွ ေတာ္ဦးမယ္လို႔ေတာင္ ေျပာတဲ့အထိပါပဲ။

အဲဒီေတာ့ ႏွစ္ဖက္မိဘခ်င္းကေတာ့ သေဘာတူတယ္။ ကြ်န္မတို႔ လူငယ္ခ်င္းကေတာ့ ဘဲရီး ေဆာရီး ေတာႀကီးၿမိဳင္လယ္ျဖစ္ေနၾကတာေပါ့ ဆရာရယ္ …၊ ဒီေလာက္ေတာင္ သေဘာတူေနၾကရင္ သေဘာတူတဲ့ မိဘခ်င္းေတြပဲ ေလးဦးေလးဖက္ယူလိုက္ၾကေတာ့ေပါ့။ ကြ်န္မတို႔ကို ဇြတ္အတင္း မစီစဥ္ ပါနဲ႔လို႔ ေျပာမိတဲ့အထိပါပဲ။

ဘယ္လိုျဖစ္တယ္မသိပါဘူး ဆရာရယ္။ အဲဒီေလာက္ ခါးခါးသီးသီးျဖစ္ခဲ့ၾကတဲ့ သူနဲ႔ ကြ်န္မဟာ မိဘေတြ စိတ္ခ်မ္းသာေအာင္ ဟန္ေဆာင္ပန္ေဆာင္ ဆက္ခံခဲ့ၾကရင္းကေန အင္မတန္ ခ်စ္တဲ့ မ်က္စိေအာက္ကေန အေပ်ာက္မခံႏိုင္တဲ့ ခ်စ္သူေတြဘဝကို ေရာက္သြားခဲ့ၾကပါေလေရာ။ အဲဒီမွာတင္ ဒီတစ္ သက္မကဘူး ေနာက္ဆယ္ကမၻာအထိ မခြဲမစမ္းရယ္လို႔ ကြ်န္မတို႔ သစၥာပန္ခဲ့ၾကတယ္။

ဘယ္လိုေတြျဖစ္တယ္မသိပါဘူး ဆရာရယ္။ ကြ်န္မရဲ႕ ခ်စ္ကံကိုက ေခလြန္းတယ္ထင္ပါတယ္။ ကြ်န္မတို႔ႏွစ္ေယာက္ခ်င္းလည္း မိုးမျမင္ ေလမျမင္လည္း ခ်စ္ၾကေရာ ေဖေဖက ဆံုးပါေလေရာ။ ေဖေဖမဆံုးခင္ တစ္ရက္မွာ ကြ်န္မခ်စ္သူက ေဖေဖ့အတြက္ဆိုၿပီး ေရခဲမုန္႔ေတြ ဝယ္လာတယ္။ အဲဒါကို စားၿပီး ေဖေဖ ေရာဂါေဖာက္သြားေတာ့တာပဲ။ ေနာက္ေန႔မွာ ေဖေဖ ဆံုးတယ္။ ေမေမက သူ႕ေယာက်ာ္းဆံုးတဲ့ တရားခံဟာ ကြ်န္မခ်စ္သူေၾကာင့္ပဲလို႔ မ်က္စိစံုမွိတ္ၿပီး စြပ္စြဲေတာ့တာပါပဲ။ အိမ္ရိပ္ကိုေတာင္ မနင္း နဲ႔ဆိုၿပီး ၾကမ္းေတာ့တာပါပဲ။ ကြ်န္မခ်စ္သူလည္း ေဖေဖ့အေလာင္း ေျမက်တဲ့ေန႔ကစလို႔ ေမေမနဲ႔ ျပႆနာျဖစ္ၿပီး အိမ္ကို မလာရဲေတာ့ဘူး။

သူတို႔ရဲ႕ မိဘေတြကလည္း ေမေမ့ကို တအားႀကီး စိတ္ဆိုးၾကေတာ့တာေပါ့။ ဘာျဖစ္တယ္ ညာျဖစ္တယ္နဲ႔ ေနာက္ဆံုးေတာ့ တိုတိုေျပာရရင္ ကြ်န္မတို႔ခ်င္း ေစ့စပ္ထားတဲ့ ကိစၥကိုလည္း ဖ်က္ သိမ္းလိုက္ၾကတယ္။ ရန္သူႀကီးေတြလို အခဲမေၾကေတြ ျဖစ္ကုန္ၾကတယ္။

ေနာက္တစ္ခါ တိုတို ထပ္ေျပာရရင္ေတာ့ ကြ်န္မဟာ ကြ်န္မခ်စ္သူနဲ႔ ခိုးရာလိုက္ၿပီး ေျပးခဲ့တယ္။ ႏွစ္ပတ္ေတာင္ မၾကာလိုက္ပါဘူး။ ႏွစ္ဖက္မိဘေတြက ဇြတ္အတင္းလိုက္ရွာၿပီး ခြဲထားလိုက္ၾကတယ္။ တစ္ဖက္နဲ႔ တစ္ဖက္လည္း အျပန္အလွန္ တရားေတြစြဲၾကတယ္။ ဘာေတြမွန္းလည္း မသိပါဘူး ဆရာရယ္။

ကြ်န္မရဲ႕ ခ်စ္သူကလည္း ကြ်န္မကိုပါ မေအဘက္က ပါတယ္ဆိုၿပီး သစ္စိမ္းခ်ိဳး ခ်ိဳးတဲ့ စာတစ္ေစာင္ ပက္ပက္စက္စက္ ေရးၿပီး ပို႔လိုက္တာ။

ဘယ္လိုျဖစ္တယ္ မဆိုႏိုင္ပါဘူး။ ဆရာရယ္။ ႏွစ္ဖက္မိဘေတြဟာ အျပန္အလွန္ တရားစြဲၾကရာကေန ဟိုဘက္ဒီဘက္ ညႇိၾကရင္း အခုၾကေတာ့ ျပန္ေပါင္းထုပ္ကုန္ၾကျပန္ပါေလေရာ ဆရာေရ …။ အဲဒီေတာ့ ကြ်န္မတို႔ႏွစ္ေယာက္ကို က်က်နန လက္ထပ္ေပးမယ္ဆိုၿပီး စီစဥ္ၾကျပန္ပါေလေရာ။

အခု ခက္ေနတာက ကြ်န္မရဲ႕ ဆယ့္သံုးရက္ ေပါင္းလိုက္ရတဲ့ ေယာက်ာ္း၊ ကြ်န္မခ်စ္သူက ကြ်န္မ ကိုယူမယ့္အစား ေမ်ာက္မကို အၿမီးျဖတ္ၿပီး ယူမယ္လို႔ ျဖစ္ေနျပန္ေရာ ဆရာရဲ႕။

ကြ်န္မတို႔ရဲ႕ ဇာတ္ထုပ္က ဂ်ာေအး သူ႕အေမ ႐ိုက္တာလား။ သူ႕အေမကို ဂ်ာေအးက ပတ္ေျပးေနတာလား မသိေတာ့ပါဘူး ဆရာရယ္ …။ ကြ်န္မမွာလည္း ရွက္ရလြန္းလို႔ လူေတာတိုးရဲဖို႔ဆိုတာ ေဝလာေဝး၊ အိမ္မွာေမြးထားတဲ့ ေၾကာင္ကေလး ႏွစ္ေကာင္ကိုေတာင္ မ်က္ႏွာရဲရဲမျပဝံ့တဲ့ ဘဝမ်ိဳး ေရာက္ေနရပါတယ္ ဆရာရယ္ …။ ကြ်န္မခ်စ္သူနဲ႔ ကြ်န္မ အျမန္ဆံုးျပန္ေပါင္းခ်င္လွပါၿပီ။

အရင္ႏွစ္ခါ ဆရာေပးလိုက္တဲ့ ယၾတာနည္းေတြကိုလည္း ကြ်န္မ ေသေသခ်ာခ်ာ လုပ္ပါတယ္။ အခုထိေတာ့ သိပ္ၿပီးမထူးေသးဘူး ဆရာေရ။ အဲဒါ ေၾကာင့္ ကြ်န္မရဲ႕ အျဖစ္အပ်က္ေတြကို ဆရာ့ကို ေအးေအးေဆးေဆး ျပည့္ျပည့္စံုစံု လာေျပာရင္း ထပ္ၿပီး အပူလာကပ္တာပါ”ဟု ရွည္လ်ားေထြျပားစြာ သံုးကားေပါင္းမိုးအလင္း သူမ၏ အခ်စ္ဇာတ္လမ္း အ႐ႈပ္ေတာ္ပံုကို ရင္ဖြင့္ပါေလေတာ့၏။ ထိုအခ်ိန္၌မွာပင္ –

“ဂြဒ္ေမာနင္း မဂၤလာပါ ဆရာ …” ဟူ ေသာ အသံစာစာကေလးကို ၾကားလိုက္ရေသာေၾကာင့္ ကြ်ႏု္ပ္လည္း မ်က္လံုးကို ပင့္၍ၾကည့္လိုက္ရာ မည္သည့္အခ်ိန္က ေရာက္ေနသည္မသိေသာ ႐ိုစီမဆိုသည့္ မိန္းကေလးကို ေတြ႕လိုက္ရပါေလေတာ့၏။

႐ိုစီမသည္ ဒုတိယကမၻာစစ္အတြင္းက ျမန္မာျပည္ကို ေရာက္လာခဲ့ေသာ မ်က္ႏွာျဖဴအရာရွိတစ္ဦး၏ သမီးတစ္ဦးျဖစ္ခဲ့ၿပီး ေခြး႐ူးကိုက္ခံရ၍ ေသလြန္ခဲ့ကာ လူျပန္ဝင္စားသည္ဟု သူ႕ကိုယ္သူ ထင္ေနေသာ ခပ္ေၾကာင္ေၾကာင္ မိန္းကေလးတစ္ဦး ျဖစ္၏။

သူ၏ပါးစပ္မွလည္း ထူးထူးဆန္းဆန္း စကားမ်ား မၾကာခဏ ထြက္လာေလ့ရွိ၏။ အထူးသျဖင့္ အဂၤလိပ္တစ္ဦးအလား အဂၤလိပ္စကားမ်ား ထြက္ေပၚေလ့ရွိ၏။ က်န္းမာေရးေၾကာင့္ ႏွစ္တန္းပင္ မေအာင္ခဲ့ဘဲ ေက်ာင္းထြက္လိုက္ရေသာ ႐ိုစီမ၏ပါးစပ္မွ ထိုသို႔ အဂၤလိပ္စကားမ်ား ထြက္ေပၚလာျခင္းမွာမူ လြန္စြာထူးဆန္းလွေသာ ကြ်ႏု္ပ္ဥာဏ္မမီေသာ ကိစၥ ျဖစ္ေလေတာ့၏။ ထို႐ိုစီမသည္ ကြ်ႏု္ပ္ထံသို႔ မၾကာခဏဆိုသလို ေရာက္ေရာက္လာၿပီးလွ်င္ အၿမီးအေမာက္မတည့္ေသာ စကားမ်ားကို ေျပာေလ့ရွိ၏။

သို႔ရာတြင္ ထိုအၿမီးအေမာက္မတည့္ေသာ စကားမ်ားထဲ၌ အေနာက္တိုင္းဂမၻီရပညာရွင္တို႔၏ လြန္စြာ အစြမ္းထက္ေသာ ဂမၻီရနည္းစနစ္အခ်ိဳ႕လည္း ေရာညႇပ္၍ ပါလာေလ့ရွိေလ၏။

ယခုလည္း ႐ိုစီမသည္ ကြ်ႏု္ပ္ထံသို႔ ေရာက္လာျပန္ၿပီျဖစ္၏။ သူသည္ အေတာ္ေစာေစာကပင္ ေရာက္ေနခဲ့ဟန္တူ၏။ ျမင္းမေလး၏ အခ်စ္ဇာတ္ ေၾကာင္း အ႐ႈပ္ေတာ္ပံုကို ကြ်ႏု္ပ္ စူးစိုက္စြာ နား ေထာင္ခဲ့စဥ္ကပင္ ေရာက္ေနဟန္တူ၏။ သူလည္း ဇာတ္လမ္းအျပည့္အစံုကို ၾကားခဲ့ဟန္တူ၏။

႐ိုစီမသည္ သူ႕ထက္ အသက္အနည္းငယ္မွ် ႀကီးေသာ ျမင္းမေလး၏ ပခံုးကို အသာပုတ္ရင္း –

“ဒါေလးမ်ား ျမန္မာေဆးစား ေပ်ာက္ေရာေပါ့ အစ္မရယ္။ ပူပူေလးနဲ႔ ေကာင္းတယ္ေတာ္လို႔ ေတာင္ ျဖစ္သြားဦးမယ္။ သံုးမိနစ္ပဲေစာင့္” ဟု ေျပာကာ ကြ်ႏု္ပ္၏ ေဟာခန္းအတြင္းသို႔ ပိုင္စိုးပိုင္နင္း ျဖင့္ ေျပးဝင္သြား၏။ ထို႔ေနာက္ စာရြက္လြတ္တစ္ရြက္ႏွင့္ ေဆာ့ပင္တစ္ေခ်ာင္းကို ယူလာကာ ပံုကေလးတစ္ပံုကို လွ်ပ္တစ္ျပက္ဆိုသလိုပင္ ေရးျခစ္လိုက္ေလ၏။

ဆက္လက္ေဖာ္ျပပါမည္။

သေဗၺဓမၼာ

ဇင္ေယာ္နီ

ရိုစီမပြောပြတဲ့ ဝေးကြသူများ နီးဖို့ရာ

ညနေစောင်းတစ်ခု၌ ကျွနု်ပ်သည် ကျွနု်ပ်၏ဟောခန်းရှေ့တွင် ခုံကလေးတစ်ခုံကိုချကာ ငုတ်တုတ်ကလေး ထိုင်ရင်း လမ်းသွားလမ်းလာများကို ဘာရယ်မဟုတ်ဘဲ ငေးမျှော်နေမိလေ၏။

ထိုအချိန်၌မှာပင် အသက် ၃၀ နီးပါးခန့် မိန်းကလေးတစ်ဦးသည် ကျွနု်ပ်ရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် လျှောက်လာခဲ့ပြီးလျှင် ကျွနု်ပ်၏ရှေ့၌ ဒူးထောက်ကာ ထိုင်ချလိုက်လေ၏။ တစ်ချိန်တည်းမှာပင် ရှိုက်ကြီးတငင်လည်း ငိုချလိုက်လေ၏။ တစ်ချိန်တည်းမှာပင် လက်အုပ်ကလေးကိုလည်း ချီထားရင်း –

“ဆရာ ဗေဒင်ဟောတဲ့အချိန် မဟုတ်ဘဲ ဆရာ့ဆီကိုလာပြီး အပူကပ်ရတဲ့အတွက် ခွင့်လွှတ်ပါ ဆရာ။ ကျွန်မ ဆရာ့ဆီကို သုံးခေါက်လောက် ရောက်ဖူးပါတယ်။ လာတာကလည်း ကိစ္စတစ်ခု တည်းနဲ့ပါ။ ဆရာ မှတ်မိလောက်မှာပါ”ဟု ပြော လိုက်သောကြောင့် ကျွနု်ပ်လည်း ၎င်း၏မျက်နှာကို သေချာကြည့်ရင်း ကျွနု်ပ်၏ မှတ်ဉာဏ်ကို ဇွတ်အတင်း ပြန်ခေါ်နေရလေ၏။ ထို့နောက်တွင်မှ –

“နင်ဟာ မြင်း …မြင်းမဟုတ်လား”ဟု ပြောလိုက်ရာ မိန်းကလေး၏ မျက်နှာသည် ၎င်းအား ကျွနု်ပ်မှတ်မိသွားသောကြောင့် သိသိသာသာပင် ဝင်းပသွားရလေ၏။ ထို့နောက် –

“ဟုတ် ဟုတ်ပါတယ်ဆရာ၊ ဆရာ ကျွန်မကို မှတ်မိသားပဲ”ဟု ဝမ်းသာအားရပြောလေ၏။

၎င်းမိန်းကလေး ကျွနု်ပ်ထံသို့ ပထမဆုံးအကြိမ် ဗေဒင်လာမေးခဲ့စဉ်က ၎င်း၏အမည်ကို ကြားလိုက်သောခဏ၌ ကျွနု်ပ်က –

“ဒီလိုနာမည်ရှင်မျိုးဟာ မြင်းနဲ့ တစ်မျိုးမ ဟုတ်တစ်မျိုး ပတ်သက်လိမ့်မယ်”ဟု ပြောလိုက်လျှင် ထိုမိန်းကလေးသည် တအံ့တဩဖြင့် –

“ဟုတ် ဟုတ်ပါတယ်ဆရာရယ် ဆရာက အဲဒီလောက်ထိတောင် လိုက်ပြီး သိတယ်နော်။ ကျွန်မငယ်ငယ်တုန်းက ကျွန်မရဲ့ အဖေဟာ အိမ်မှာ မြင်းတွေ မွေးထားခဲ့ဖူးတယ် ဆရာရဲ့။ ကျွန်မ ငယ်ငယ်လေးကတည်းက မြင်းကောင်းကောင်း စီးတတ်တယ်။ အခုတော့ အဖေလည်း မရှိတော့ပါဘူး။ အဲဒီမြင်းတွေလည်း မရှိတော့ပါဘူး”ဟု ပြန်၍ ဝန်ခံ ပြောဆိုခဲ့လေ၏။ ထို့ကြောင့် ကျွနု်ပ်သည် ထို မိန်းကလေးအား မြင်းနှင့်တွဲ၍ ထူးထူးခြားခြားမှတ်မိနေခဲ့ခြင်း ဖြစ်ပါလေတော့၏။

ယခု ထိုမြင်းမကလေးသည် ကျွနု်ပ်ထံသို့ ရောက်လာပြန်ပြီဖြစ်၏။

“ဒီလိုပါ ဆရာရယ် …အရင်အခေါက်တွေတုန်းက ကျွန်မရဲ့ ဖြစ်ကြောင်းကုန်စင်ကို အရိပ်အမြွက်လောက် ဆရာ့ကို ပြောပြခဲ့ဖူးပါတယ်။ တခြားလူတွေရှိနေတော့ အသေးစိတ်ကို မပြောဝံ့လို့ အသေးစိတ် မပြောခဲ့ရဘူး။ ဒါကြောင့် ဆရာ့ဆီမှာ လူရှင်းမယ့် အချိန်ကို တမင်ရွေးပြီး လာခဲ့ရတာပါ ဆရာရယ်…အဲဒီအတွက် ကျွန်မကို ခွင့်လွှတ်ပါ” ဟု တောင်းပန်စကားကို ရိုရိုကျိုးကျိုးပင် ပြောပြန် လေ၏။ ထို့နောက် မြင်းမကလေးကပင် ဆက်လက်၍ –

“ကျွန်မအသက် ၁၆ နှစ်လောက်မှာ နှစ်ဖက် မိဘတွေက သူတို့ချင်း ညှိနှိုင်းတိုင်ပင်ပြီး ကျွန်မနဲ့ ကောင်လေးတစ်ယောက်ကို သဘောတူ စေ့စပ်ထားခဲ့ကြတယ်။

ဘယ်လိုဖြစ်တယ် မသိပါဘူး ဆရာရယ်။ ကျွန်မကလည်း အဲဒီကောင်လေးကိုဆိုရင် ကြည့်လို့ ကိုမရဘူး။ တငိုငို တရယ်ရယ်နဲ့ မိဘတွေကို ပြောပါသေးတယ်။ မိဘတွေကလည်း လုံးဝမလျော့ဘူး။ အဲဒီတုန်းက ဖေဖေကလည်း ရှိသေးတာကိုး ဆရာရဲ့။ ဖေဖေက မြင်းပေါ်က လိမ့်ကျပြီး ခါးရိုးကျိုးသွားရာက အိပ်ရာထဲမှာ နာတာရှည် လူမမာဖြစ်သွားတယ်။ သူက ကျွန်မကို အဲဒီကောင်လေးနဲ့ပဲ ဇွတ်အတင်း နားချနေတယ်။

ဘယ်လိုဖြစ်တယ်မသိပါဘူး ဆရာရယ်။ အဲဒီ ကောင်လေးကလည်း ကျွန်မကိုဆိုရင် ခါးခါးသီးသီးပဲ။ ကျွန်မကို ယူမယ့်အစား မျောက်မကို အမြီးဖြတ်ပြီး ယူတာကမှ တော်ဦးမယ်လို့တောင် ပြောတဲ့အထိပါပဲ။

အဲဒီတော့ နှစ်ဖက်မိဘချင်းကတော့ သဘောတူတယ်။ ကျွန်မတို့ လူငယ်ချင်းကတော့ ဘဲရီး ဆောရီး တောကြီးမြိုင်လယ်ဖြစ်နေကြတာပေါ့ ဆရာရယ် …၊ ဒီလောက်တောင် သဘောတူနေကြရင် သဘောတူတဲ့ မိဘချင်းတွေပဲ လေးဦးလေးဖက်ယူလိုက်ကြတော့ပေါ့။ ကျွန်မတို့ကို ဇွတ်အတင်း မစီစဉ် ပါနဲ့လို့ ပြောမိတဲ့အထိပါပဲ။

ဘယ်လိုဖြစ်တယ်မသိပါဘူး ဆရာရယ်။ အဲဒီလောက် ခါးခါးသီးသီးဖြစ်ခဲ့ကြတဲ့ သူနဲ့ ကျွန်မဟာ မိဘတွေ စိတ်ချမ်းသာအောင် ဟန်ဆောင်ပန်ဆောင် ဆက်ခံခဲ့ကြရင်းကနေ အင်မတန် ချစ်တဲ့ မျက်စိအောက်ကနေ အပျောက်မခံနိုင်တဲ့ ချစ်သူတွေဘဝကို ရောက်သွားခဲ့ကြပါလေရော။ အဲဒီမှာတင် ဒီတစ် သက်မကဘူး နောက်ဆယ်ကမ္ဘာအထိ မခွဲမစမ်းရယ်လို့ ကျွန်မတို့ သစ္စာပန်ခဲ့ကြတယ်။

ဘယ်လိုတွေဖြစ်တယ်မသိပါဘူး ဆရာရယ်။ ကျွန်မရဲ့ ချစ်ကံကိုက ခေလွန်းတယ်ထင်ပါတယ်။ ကျွန်မတို့နှစ်ယောက်ချင်းလည်း မိုးမမြင် လေမမြင်လည်း ချစ်ကြရော ဖေဖေက ဆုံးပါလေရော။ ဖေဖေမဆုံးခင် တစ်ရက်မှာ ကျွန်မချစ်သူက ဖေဖေ့အတွက်ဆိုပြီး ရေခဲမုန့်တွေ ဝယ်လာတယ်။ အဲဒါကို စားပြီး ဖေဖေ ရောဂါဖောက်သွားတော့တာပဲ။ နောက်နေ့မှာ ဖေဖေ ဆုံးတယ်။ မေမေက သူ့ယောကျာ်းဆုံးတဲ့ တရားခံဟာ ကျွန်မချစ်သူကြောင့်ပဲလို့ မျက်စိစုံမှိတ်ပြီး စွပ်စွဲတော့တာပါပဲ။ အိမ်ရိပ်ကိုတောင် မနင်း နဲ့ဆိုပြီး ကြမ်းတော့တာပါပဲ။ ကျွန်မချစ်သူလည်း ဖေဖေ့အလောင်း မြေကျတဲ့နေ့ကစလို့ မေမေနဲ့ ပြဿနာဖြစ်ပြီး အိမ်ကို မလာရဲတော့ဘူး။

သူတို့ရဲ့ မိဘတွေကလည်း မေမေ့ကို တအားကြီး စိတ်ဆိုးကြတော့တာပေါ့။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ နောက်ဆုံးတော့ တိုတိုပြောရရင် ကျွန်မတို့ချင်း စေ့စပ်ထားတဲ့ ကိစ္စကိုလည်း ဖျက် သိမ်းလိုက်ကြတယ်။ ရန်သူကြီးတွေလို အခဲမကြေတွေ ဖြစ်ကုန်ကြတယ်။

နောက်တစ်ခါ တိုတို ထပ်ပြောရရင်တော့ ကျွန်မဟာ ကျွန်မချစ်သူနဲ့ ခိုးရာလိုက်ပြီး ပြေးခဲ့တယ်။ နှစ်ပတ်တောင် မကြာလိုက်ပါဘူး။ နှစ်ဖက်မိဘတွေက ဇွတ်အတင်းလိုက်ရှာပြီး ခွဲထားလိုက်ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက်လည်း အပြန်အလှန် တရားတွေစွဲကြတယ်။ ဘာတွေမှန်းလည်း မသိပါဘူး ဆရာရယ်။

ကျွန်မရဲ့ ချစ်သူကလည်း ကျွန်မကိုပါ မအေဘက်က ပါတယ်ဆိုပြီး သစ်စိမ်းချိုး ချိုးတဲ့ စာတစ်စောင် ပက်ပက်စက်စက် ရေးပြီး ပို့လိုက်တာ။

ဘယ်လိုဖြစ်တယ် မဆိုနိုင်ပါဘူး။ ဆရာရယ်။ နှစ်ဖက်မိဘတွေဟာ အပြန်အလှန် တရားစွဲကြရာကနေ ဟိုဘက်ဒီဘက် ညှိကြရင်း အခုကြတော့ ပြန်ပေါင်းထုပ်ကုန်ကြပြန်ပါလေရော ဆရာရေ …။ အဲဒီတော့ ကျွန်မတို့နှစ်ယောက်ကို ကျကျနန လက်ထပ်ပေးမယ်ဆိုပြီး စီစဉ်ကြပြန်ပါလေရော။

အခု ခက်နေတာက ကျွန်မရဲ့ ဆယ့်သုံးရက် ပေါင်းလိုက်ရတဲ့ ယောကျာ်း၊ ကျွန်မချစ်သူက ကျွန်မ ကိုယူမယ့်အစား မျောက်မကို အမြီးဖြတ်ပြီး ယူမယ်လို့ ဖြစ်နေပြန်ရော ဆရာရဲ့။

ကျွန်မတို့ရဲ့ ဇာတ်ထုပ်က ဂျာအေး သူ့အမေ ရိုက်တာလား။ သူ့အမေကို ဂျာအေးက ပတ်ပြေးနေတာလား မသိတော့ပါဘူး ဆရာရယ် …။ ကျွန်မမှာလည်း ရှက်ရလွန်းလို့ လူတောတိုးရဲဖို့ဆိုတာ ဝေလာဝေး၊ အိမ်မှာမွေးထားတဲ့ ကြောင်ကလေး နှစ်ကောင်ကိုတောင် မျက်နှာရဲရဲမပြဝံ့တဲ့ ဘဝမျိုး ရောက်နေရပါတယ် ဆရာရယ် …။ ကျွန်မချစ်သူနဲ့ ကျွန်မ အမြန်ဆုံးပြန်ပေါင်းချင်လှပါပြီ။

အရင်နှစ်ခါ ဆရာပေးလိုက်တဲ့ ယတြာနည်းတွေကိုလည်း ကျွန်မ သေသေချာချာ လုပ်ပါတယ်။ အခုထိတော့ သိပ်ပြီးမထူးသေးဘူး ဆရာရေ။ အဲဒါ ကြောင့် ကျွန်မရဲ့ အဖြစ်အပျက်တွေကို ဆရာ့ကို အေးအေးဆေးဆေး ပြည့်ပြည့်စုံစုံ လာပြောရင်း ထပ်ပြီး အပူလာကပ်တာပါ”ဟု ရှည်လျားထွေပြားစွာ သုံးကားပေါင်းမိုးအလင်း သူမ၏ အချစ်ဇာတ်လမ်း အရှုပ်တော်ပုံကို ရင်ဖွင့်ပါလေတော့၏။ ထိုအချိန်၌မှာပင် –

“ဂွဒ်မောနင်း မင်္ဂလာပါ ဆရာ …” ဟူ သော အသံစာစာကလေးကို ကြားလိုက်ရသောကြောင့် ကျွနု်ပ်လည်း မျက်လုံးကို ပင့်၍ကြည့်လိုက်ရာ မည်သည့်အချိန်က ရောက်နေသည်မသိသော ရိုစီမဆိုသည့် မိန်းကလေးကို တွေ့လိုက်ရပါလေတော့၏။

ရိုစီမသည် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ကို ရောက်လာခဲ့သော မျက်နှာဖြူအရာရှိတစ်ဦး၏ သမီးတစ်ဦးဖြစ်ခဲ့ပြီး ခွေးရူးကိုက်ခံရ၍ သေလွန်ခဲ့ကာ လူပြန်ဝင်စားသည်ဟု သူ့ကိုယ်သူ ထင်နေသော ခပ်ကြောင်ကြောင် မိန်းကလေးတစ်ဦး ဖြစ်၏။

သူ၏ပါးစပ်မှလည်း ထူးထူးဆန်းဆန်း စကားများ မကြာခဏ ထွက်လာလေ့ရှိ၏။ အထူးသဖြင့် အင်္ဂလိပ်တစ်ဦးအလား အင်္ဂလိပ်စကားများ ထွက်ပေါ်လေ့ရှိ၏။ ကျန်းမာရေးကြောင့် နှစ်တန်းပင် မအောင်ခဲ့ဘဲ ကျောင်းထွက်လိုက်ရသော ရိုစီမ၏ပါးစပ်မှ ထိုသို့ အင်္ဂလိပ်စကားများ ထွက်ပေါ်လာခြင်းမှာမူ လွန်စွာထူးဆန်းလှသော ကျွနု်ပ်ဉာဏ်မမီသော ကိစ္စ ဖြစ်လေတော့၏။ ထိုရိုစီမသည် ကျွနု်ပ်ထံသို့ မကြာခဏဆိုသလို ရောက်ရောက်လာပြီးလျှင် အမြီးအမောက်မတည့်သော စကားများကို ပြောလေ့ရှိ၏။

သို့ရာတွင် ထိုအမြီးအမောက်မတည့်သော စကားများထဲ၌ အနောက်တိုင်းဂမ္ဘီရပညာရှင်တို့၏ လွန်စွာ အစွမ်းထက်သော ဂမ္ဘီရနည်းစနစ်အချို့လည်း ရောညှပ်၍ ပါလာလေ့ရှိလေ၏။

ယခုလည်း ရိုစီမသည် ကျွနု်ပ်ထံသို့ ရောက်လာပြန်ပြီဖြစ်၏။ သူသည် အတော်စောစောကပင် ရောက်နေခဲ့ဟန်တူ၏။ မြင်းမလေး၏ အချစ်ဇာတ် ကြောင်း အရှုပ်တော်ပုံကို ကျွနု်ပ် စူးစိုက်စွာ နား ထောင်ခဲ့စဉ်ကပင် ရောက်နေဟန်တူ၏။ သူလည်း ဇာတ်လမ်းအပြည့်အစုံကို ကြားခဲ့ဟန်တူ၏။

ရိုစီမသည် သူ့ထက် အသက်အနည်းငယ်မျှ ကြီးသော မြင်းမလေး၏ ပခုံးကို အသာပုတ်ရင်း –

“ဒါလေးများ မြန်မာဆေးစား ပျောက်ရောပေါ့ အစ်မရယ်။ ပူပူလေးနဲ့ ကောင်းတယ်တော်လို့ တောင် ဖြစ်သွားဦးမယ်။ သုံးမိနစ်ပဲစောင့်” ဟု ပြောကာ ကျွနု်ပ်၏ ဟောခန်းအတွင်းသို့ ပိုင်စိုးပိုင်နင်း ဖြင့် ပြေးဝင်သွား၏။ ထို့နောက် စာရွက်လွတ်တစ်ရွက်နှင့် ဆော့ပင်တစ်ချောင်းကို ယူလာကာ ပုံကလေးတစ်ပုံကို လျှပ်တစ်ပြက်ဆိုသလိုပင် ရေးခြစ်လိုက်လေ၏။

ဆက်လက်ဖော်ပြပါမည်။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

ဘဏ္ေခ်းေငြျဖင့္အိမ္ဝယ္ယူျခင္းအတြက္ေဆာင္ရန္ေရွာင္ရန္မ်ား (အပိုင္း ၁+ ၂+၃)

ဘဏ္ေခ်းေငြျဖင့္အိမ္ဝယ္ယူျခင္းအတြက္ေဆာင္ရန္ေရွာင္ရန္မ်ား (အပိုင္း ၁+ ၂+၃)
——–
အားလံုးတေပါင္းထဲဲဖတ္လို႔ရေအာင္ျပန္ေပါင္းေပးထားပါတယ္။

ကၽြန္ေတာ္ကိုယ့္စိတ္ႀကိဳက္ေနဖို႔အိမ္နဲ႔ျခံဝယ္ခ်င္ေပမယ့္တစ္ခါတည္းအၿပီးျပတ္ဝယ္ယူဖို႔မျပည့္စံုတဲ့အခ်ိန္မွာ Home loan နဲ႔အိမ္ဝယ္ယူလို႔တရယ္ဆိုတာသိလိုက္ရေတာ့ အရမ္းဝမ္းသာသြားပါတယ္။

ဒါနဲ႔ပဲတက္တက္ႂကြႂကြအိမ္ဝယ္ဖို႔လုပ္ပါေတာ့တယ္၊အဲဒီမွာတိုက္တိုက္ဆိုင္ဆိုင္ပဲကိုယ္လိုခ်င္တဲ့အေနအထားနဲ႔ကိုက္ညီတဲ့အိမ္ေတြ႕ေတာ့အိမ္ရွင္နဲ႔ညႇိႏွိုင္းၿပီးဘဏ္ေခ်းေငြနဲ႔ဝယ္ယူဖို႔ေစ်းညႇိႏိုင္းၿပီးဘဏ္ေခ်းေငြအတြက္လုပ္ေဆာင္ရပါတယ္။

ကံေကာင္းတာလားကံဆိုးတာလားေတာ့မသိ…ကၽြန္ေတာ္သည္ ပထမဆံုးအိမ္ဝယ္ယူမႈ့အတြက္ေခ်းေငြရယူမယ့္သူျဖစ္ေနပါတယ္..အဲ့ဒီေတာ့အေတြ႕အၾကံဳနည္းတဲ့ဝန္ထမ္းေတြရဲ႕ရွင္းျပမႈ့ေအာက္မွာကၽြန္ေတာ္စၿပီးလံုးခ်ာလည္လိုက္ပါေတာ့တယ္😊။

ကံေကာင္းတာေလးတခုကသူတို႔သေဘာေကာင္းၾကပါတယ္..ကၽြန္ေတာ္ေမးသမၽွကိုမသိရင္ မသိေၾကာင္း၊လူႀကီးေမးၿပီးျပန္ေျဖေပးမည့္အေၾကာင္း၊တခ်ိဳ႕ကိစၥဆိုရင္လဲ အဆင္ေျပေအာင္လုပ္ေပးလိုက္မည္ဆိုသည့္အေၾကာင္း စသည္ျဖင့္ကူညီေပးၾက ပါတယ္။ လူႀကီးေတြလဲဝိုင္းကူညီတာပါတာေပါ့၊ၾကံဳတံုးေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။ စကားနည္းနည္းရွည္သြားတာခြင့္လႊတ္ပါ😁😁😁လိုရင္းကအခုမွာလာပါမယ္။

အိမ္ဝယ္ဖို႔အတြက္ေခ်းေငြရယူရာမွာလက္ရွိဘဏ္ ၂ ခု ကေပးေနပါတယ္။



AYA နဲ႔ YOMA ပါ…

ဒီ ၂ ခုလံုးမွာအားသာခ်က္ အားနဲခ်က္ရွိပါတယ္..ကၽြန္ေတာ္ႏွိုင္းယွဥ္ၿပီးေရးေပးပါ့မယ္…ကၽြန္ေတာ္ယူျဖစ္တာကေတာ့ AYA ပါ။

Home loan နဲ႔ပတ္သက္ရင္YOMAကပိုအေတြ႕အၾကံဳမ်ားပါတယ္..AYA ကအခုမွစတာပါ။ဒါေပမယ့္ တကယ္စေၾကာ္ျငာတာ က AYA ပါအဲ့ဒီေတာ့ YOMA ကလဲ AYA ထက္ပိုေကာင္းေအာင္တခ်ိဳ႕အခ်က္ေတြနဲ႔ဆြဲေဆာင္ပါတယ္။ဒါကေတာ့ကို္တိုင္ေသခ်ာတြက္ၾကည့္ဖို႔လိုပါတယ္။

အိုေကပါ ေခ်းေငြနဲ႔အိမ္ဝယ္မယ္ဆိုလုပ္ရမယ့္အခ်က္ေတြ ကၽြန္ေတာ္စေျပာပါေတာ့မယ္…



၁။ ကိုယ့္ရဲ႕ဝင္ေငြလစာနဲ႔ကိုက္ညီတဲ့တန္ဖိုးရယ္၊ကိုယ္ေပးႏိုင္တဲ့ ကနဦးတန္ဖိုးရယ္ကိုခ်ိန္ရပါတယ္။
——
YOMA က ကနဦး ေပးေခ်းေငြ ၂၀% ကိုဝယ္သူကေပးၿပီး က်န္ ၈၀%ကိုဘဏ္ေခ်းေငြရယူႏိုင္တယ္ဆိုေပမယ့္သူ႔ရဲ႕အားနည္းခ်က္က ကိုယ့္ဝင္ေငြရဲ႕ ၄၀ %ကိုသာလစဥ္ေပးသြင္းႏိုင္ေသာေငြလို႔သက္မွတ္ထားတဲ့အတြက္ကိုယ္လိုခ်င္တဲ့ေခ်းေငြအျပည့္မရႏိုင္သလို၊ရလာခဲ့ရင္လဲႏွစ္ပိုၾကာပါတယ္။ ၂၅ ႏွစ္အထိေခ်းေပးပါတယ္။

AYA ကေတာ့ဝင္ေငြရဲ႕ ၆၀%ေပၚမွာတြက္တဲ့အတြက္ ေခ်းေငြပိုရႏိုင္ပါတယ္၊ျပန္ေပးရတဲ့ႏွစ္လဲတိုသြားပါတယ္၊ သူကေတာ့ကနဦးစရံေပးေငြကို ၃၀%ေပးရမယ္လို႔သတ္မွတ္ထားပါတယ္။ ၁၅ ႏွစ္အထိပဲေခ်းေပးပါတယ္။

အဲ့ဒီေတာ့ဥပမာေလးျပေပးပါ့မယ္
ကိုယ္ကတလ ၁၀ သိန္းဝင္တယ္ဆိုၿပီးေခ်းေငြ သိန္း ၄၀၀ ရယူလိုတယ္ဆိုရင္ဒီလိုကြာသြားပါမယ္..



AYA
အတိုးအရင္း တလကို ၆ သိန္းျပန္သြင္းႏိုင္တဲ့အတြက္ ၁၀ ႏွစ္ေခ်းေငြယူရင္ရပါၿပီ။
ေခ်းေငြ သိန္း ၄၀၀ ကို ၁၀ ႏွစ္ အတိုး ၃၁,၆၆၉,၁၅၅ က်ပ္က်ပါတယ္။အတိုးအရင္းေပါင္းျပန္ဆပ္ရမယိ့္ေငြပမာဏဟာ ၇၁,၆၆၀,၁၁၅ သိန္းျဖစ္ပါတယ္။

လစဥ္ျပန္ဆပ္ေငြ က ၅၉၇,၂၄၃ ပါ။

YOMA
အတိုိးအရင္းတလကို ၄ သိန္းပဲျပန္သြင္းႏိုင္တယ္သတ္မွတ္ထားတဲ့အတြက္ ၂၅ ႏွစ္ေတာင္မေသခ်ာပါဘူး။
ေခ်းေငြ သိန္း ၄၀၀ ကို ၂၅ ႏွစ္အတိုးက ၉၅,၃၄၀,၂၃၆ က်ပါတယ္။ အတိုးအရင္းေပါင္းျပန္ဆပ္ရမယ့္ေငြပမာဏဟာ ၁၃၅,၃၄၀,၂၃၆ သိန္းျဖစ္ပါတယ္။

လစဥ္ျပန္ဆပ္ေငြက ၄၅၁,၁၃၄ ပါ။

သူရဲ႕ေပၚလစီအရ အတိုးအရင္းျပန္ဆပ္ေငြကိုလစဥ္ဝင္ေငြရဲ႕ ၄၀%သာခြင့္ျပဳထားတဲ့အတြက္ တကယ္ေျပာရရင္ သိန္း ၄၀၀ ေခ်းေငြမရႏိုင္ပါဘူး။

၃၅၀ အထိသာရယူႏိုင္မွာပါ။ အဲ့ဒီေတာ့ကိုယ္မွန္းထားတဲ့ ၂၀%ပဲကနဦးေပးေခ်ၿပီးက်န္တာယူမယ္ဆိုတာမျဖစ္ႏိုင္ေတာ့ပါဘူး။



အပိုင္း ၂ ပါ

ကိုယ္လိုခ်င္တဲ့ေခ်းေငြရယ္၊ျပန္ဆပ္ရမယ့္ႏွစ္ရယ္၊ပးရမယ့္အတုိးေပါင္းရယ္..အားလံုးနားလည္လက္ခံအဆင္ေျပၿပီဆိုတာနဲ႔ဝမ္းသာအားရစရံေငြမခ်ဖို႔သတိေပးပါရေစ.ဘာေတြထပ္စဥ္းစားရဦးမလဲဆိုတာကေတာ့အာက္ပါအတိုင္းပါပဲ..။

၁။ကိုယ္ဝယ္မယ့္ႀကိဳက္တဲအိမ္ေတြ႕ၿပီဆိုအိမ္ရွင္နဲ႔ေစ်းမေပးခင္ဘဏ္ေခ်းေငြနဲ႔ဝယ္ယူမည့္အေၾကာင္း..အၿပီးသတ္ေငြေခ်မႉ့အတြက္ ၃ ၄ လခန္႔ၾကာႏိုင္သည့္အေၾကာင္းစသည္ျဖင့္ႀကိဳ အသိေပးၿပီးလက္ခံမခံေမးပါ။ အိမ္ရွင္လက္ခံတိုင္းေပ်ာ္ၿပီးစရံမေပးလိုက္ပါနဲ႔ဦး…

ကိုယ္တန္တယ္ထင္ၿပီးဝယ္တဲ့တဲ့ေစ်းကိုဘဏ္ရာျဖတ္ကလက္ခံမခံမေသခ်ာေသးလို႔ပါ။ လက္ခံခဲ့ရင္အေၾကာင္းမဟုတ္ေပမယ့္လက္မခံခဲ့ရင္သူတို႔ေပးမဲ့ေခ်းေငြဆိုတာ သူတို႔ရာျဖတ္တဲ့တန္ဖိုးရဲ႕ ၇၀% သို႔ ၈၀% ပဲဆိုတာသတိျပဳေစလိုပါတယ္။

ပံုမွန္အားျဖင့္ ဘဏ္ကရာျဖတ္ကိုအိမ္ဝယ္မယ္၊စရံေပးၿပီးၿပီဆိုမွလႊတိတာပါ၊အဲ့တာကလဲ ၂ ပတ္ေလာက္အထိၾကာႏိုင္ပါတယ္။ ရာျဖတ္လႊတ္ခ ေပးရပါတယ္။ဒါေၾကာင့္စရံမခ်ခင္ျစ္ႏိုင္ရင္ဘဏ္ကိုကိုယ္စိတ္ဝင္စားတဲ့အိမ္ကိုရာျဖတ္ လႊတ္ခေပးၿပီးအရင္ စစ္ခိုင္းပါ။

ေနာက္မို႔ဆို ရာျဖတ္ကေစ်းေလ်ာ့ျဖတ္လို႔ေခ်းေငြရတာမလံုလာက္၊ကိုယ္မွာလဲကနဦးေပးေငြကိုထပ္မတိုးေပးႏိုင္ဆိုရင္အေရာင္းအဝယ္ပ်က္ၿပီးစရံဆံုးႏိုင္ပါတယ္။



၂။ ကဲအခုရာျဖတ္ကလဲကိုယ္ဝယ္မယ့္အိမ္တန္ဖိုးျဖတ္တာ ကုိယ္တကယ္ေပးရမယ့္တန္ဖိုးနဲ႔ကိုက္ၿပီဆိုလို႔အားရဝမ္းသာ စရံမခ်ပါနဲ႔ဦး..

ေနာက္ထပ္ကုန္က်မယ့္စရိတ္ေတြအရင္ေျပာျပပါ့မယ္…

အဲ့ဒါေတြအကုန္ေပးဖို႔ကိုယ့္လက္ထဲေငြရွိမရွိအရင္ ခ်င့္ခ်ိန္ႏိုင္ေအာင္ပါ။

ကၽြန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ားထင္ထားတာက ဝယ္မယ့္အိမ္တန္ဖိုးရဲ႕ ကန ဦးေပးေခ်ရမယ့္ ၂၀% သို႔ ၃၀% လက္ထဲရွိရင္အိမ္ဝယ္လို႔ရၿပီဆိုတာပါပဲ…..

လံုးဝ….လံုးဝ ကိုမဟုတ္ပါဘူး..

အထူးသျဖင့္ အိမ္နဲ႔ျခံဝယ္ယူမႉ့အတြက္ပါ။ ဒါေတြကေတာ့ကိုယ္ႀကိဳျပင္ဆင္ထားရမယ့္ကုန္က်ေငြေတြပါ။



၁။ ဘဏ္ရဲ႕ဝန္ေဆာင္ခနဲ႔ရာျဖတ္လႊတ္ခ (ေခ်းေငြရဲ႕ ၁% မွ ၃% အထိ..ဘဏ္ေပၚမူတည္ပါတယ္)

၂။စရံေငြ …ပံုမွန္ကစရံေငြ ကိုယ္ဘယ္ေလာက္ခ်ခ်..ဘဏ္က သူတို႔ေခ်းေငြနဲ႔ကနဦးခ် ေငြ ၂၀% သို႔ ၃၀% ကိုေရာင္းသူထံတေပါင္းထဲေပးေခ်ဖို႔ ကနဥိးကိုယ္ခ်ရမဲ့ေငြကို သူတို႔ဘဏ္အေကာင့္ထဲထည့္ခိုင္းပါတယ္..အဲဒီေတာ့ကိုယ္ေပးဖို႔စရံအတြက္ထပ္ရွာရပါတယ္၊ဒါကေတာ့ဘဏ္နဲ႔ညႇိႏိုင္းႏိုင္ပါတယ္။

၃။ အိမ္တန္ဖိုးရဲ႕ ၄% တံဆိပ္ေခါင္းခြန္ဖိုးပါ။ အိမ္ျခံကိုဘဏ္နဲ႔ဝယ္ရင္မျဖစ္မေနနံမည္ေျပာင္းရပါတယ္။ အဲ့ဒီအတြက္အိမ္ျခံေျမအရာင္းအဝယ္မွာဝင္ေငြခြန္မပါေသးပဲတံဆိပ္ေခါင္းခြန္ဖိုးက ၄% ပါ။

၄။ ကို္ယ္ဝယ္မဲ့အိမ္တန္ဖိုးအျပည့္အတြက္ ဝင္ေငြခြန္ျပႏိုင္မျပႏိုင္ျပန္စမိးစစ္ပါ။ အၾကမ္းအားျဖင့္ကိုယ့္ဝင္ေငြအားလံုးေပၚမွာကိုယ္ေပးဆာင္ခဲ့တဲ့အခြန္ႏႈတ္ရင္က်န္တာေငြျဖဴျပလုို႔ရပါတယ္။

ဝင္ေငြေပါင္းဆိုလို႔ သိန္း ၁၀၀၀ ဝင္ထားခဲ့တာကို သိန္း ၁၀၀ အေပၚမွာပဲဝင္ေငြခြန္ေဆာင္ခဲ့ရင္ေတာ့ သိန္း ၈၀ ေလာက္ပဲေငြျဖဴျဖစ္မွာပါ။ က်န္တဲ့ဝင္ေငြခြန္မေဆာင္ထားတဲ့မျပထားတဲ့ေငြကိုေငြျဖဴလို႔မသတ္မွတ္ပါဘူး။

ကၽြန္ေတာ္ႏိုင္ငံျခားမွာဘဏ္ေခ်းေငြနဲ႔အိမ္ဝယ္ဘူးပါတယ္..သတ္မွတ္တံဆိပ္ေခါင္းခြန္ကလြဲလို႔ေငြျဖဴအတြက္မေပးေဆာင္ရပါဘူး။

ဘာလို႔လဲဆိုေတာ့အဲ့ႏိုင္ငံမွာဝင္ေငြကိုၾကည့္ၿပီးေငြေခ်းသလို၊ဝင္ေငြတိုင္းနီးပါးကလဲအစိုးရကိုဝင္ေငြခြန္ဆာင္ၿပီးျဖစ္လို႔ပါ။


ဒီႏိုင္ငံမွာက

ဝန္ထမ္းကအခြန္ဆာင္ထားတဲ့လခနဲ႔ေခ်းေငြယူၿပီးဝယ္တယ္ဆိုေပမယ့္ျပည္တြင္းအခြန္က လဲေနာက္ပိုင္းဒီလူဟာဒီအလုပ္မွာဆကိရွိမရွိမေသခ်ာတဲ့အျပင္ တဦးတေယာက္ခ်င္းဝင္ေငြကိုမစဥ္းၾကပ္ႏုိင္တဲ့အတြက္ႀကိဳ တင္ေကာက္ခံပါတယ္။

**ပိုက္ဆံမရွိလို႔ေခ်းေငြယူပါတယ္၊ေငြျဖဴအကုန္မျပႏိုင္လို႔ဆိုၿပီး အခြန္ကို ၁၅%ကစၿပီးေဆာင္ခိုင္းပါတယ္။ ဒီလုိေပၚလစီနဲ႔ဆို ဘဏ္ကေခ်းေငြေပးေပမယ့္ လူတိုင္းအိမ္ဝယ္ႏိုင္ဖို႔မလြယ္ပါဘူး။ ဘူးေလးရာဖရံုဆင့္ေပါဗ်ာ😁

တိုက္ခန္း၊ကြန္ဒိုက နာမည္ေျပာင္းကိုေျပာင္းရမယ္၊ တံဆိပ္ေခါင္းခြန္ေဆာင္ရမယ္ လို႔ သက္ဝင္ဥပေဒမလုပ္ထားတဲ့အတြက္ အိမ္ျခံဝယ္တဲ့သူလို ဒီအခြန္ေငြေတြအေပၚႀကိဳစဥ္းစားစရာမလိုပါဘူး။



၅။ ေရွ႕ေနခ၊ေၾကာ္ျငာထည့္ခ..ဒါကလဲသိန္းဂဏာန္းရွိပါတယ္။

၆။မီးအာမခံ ထားခ(ေခ်းေငြယူထားတဲ့အတြက္မထားမေနရျဖစ္ပါတယ္) ကိုယ္ဝယ္ယူမယ့္အိမ္တန္ဖိုးေပၚမွာတြက္ပါတယ္၊ေျမတန္ဖိုးကိုမစဥ္းစားပါဘူး။

အၾကမ္းအားျဖင့္ သိန္း ၅၀၀ တန္အိမ္နဲ႔ျခံကိုဝယ္မယ္ဆို ဒီေလာက္ေငြႀကိဳရွာထားရပါမယ္…

၁။ ကနဦးေပးေခ်ေငြ ၃၀%= ၁၅၀ သိန္း
၂။ ဘဏ္ဝန္ေဆာင္ခ(၃၅၀×၂% ပဲထားပါ) = ၇ သိန္း
၃။ တံဆိပ္ေခါင္းခြန္( ၅၀၀×၄%)= ၂၀ သိန္း
၄။ ဝင္ေငြခြန္၂၅၀ ျပႏိုင္တယ္ထား
က်န္ ၂၅၀ အတြက္က (၂၅၀×၁၅%)= ၃၇.၅ သိန္း
၅။ ေရွ႕ေနခဘာညာ = ၅ သိန္း
၆။ မီးအာမခံ အမ်ားဆံုး= ၂ သိန္း

ကဲ ဒါေတာင္ ဝင္ေငြခြန္ကို သိန္း ၁၀၀၀ေအာက္မွာမို႔လို႔ ၁၅% နဲ႔တြက္ထားတာေနာ္..၁၀၀၀ အထက္ဆိုပိုမ်ားဦးမွာ။ ၿပီးေတာ့ေငြျဖဴကိုလဲဝယ္တဲ့တန္ဖိုးရဲ႕တစ္ဝက္ျပႏိုင္တယ္ တြက္ထားေပးတာ၊ အဲ့ဒါေတာင္ဘယ္ေလာက္လိုမလဲဆိုေတာ့..

၅၀၀ တန္အိမ္ျခံေျမ ဝယ္ဖို႔လက္ထဲမွာ သိန္း ၂၀၀ ေက်ာ္ႀကိဳရွိထားဖို႔လိုပါတယ္။ ေျပာၿပီးၿပီေန္ာ ဝင္ေငြခြန္ေဆာင္ထားတာျပႏိုင္မျပႏိုင္ေပၚမူတည္ၿပီးအတိုးအေလ်ာ့ရွိတယ္ဆိုတာ။

ဒါေတြႀကိဳတြက္ၿပီးမွ ဘဏ္ေခ်းေငြေလ်ာက္ၿပီး အိမ္ဝယ္ဖို႔စရံခ်ေစခ်င္ပါတယ္။ဒါေတာင္ မတူတဲ့ဘဏ္ပၚလစီေၾကာင့္ ကနဦးခ်ေငြအျပင္ အိမိရွင္ကိုေပးရမယ့္စရံ ၅% ကိုထည့္မစဥ္းထားေပးေသးဘူး။ ဒါကဘဏ္နဲ႔ညႇိႏိုင္းလို႔ရမယ္ထင္လို႔ပါ၊ အဲ့ဒါသာထည့္တြက္ရရင္..😭😭😭



အပိုင္း ၃

ကဲစရံေငြခ်၊ ေခ်းေငြလဲရမွာေသခ်ာၿပီဆိုေတာ့ေပ်ာ္တျပံဳးျပံဳးေပါ့…

လႊတ္မေပ်ာ္ပါနဲ႔ဦး…အခက္အခဲဆိုတာေနရာတိုင္းမွာရွိပါတယ္😁

ကၽြန္ေတာ္ၾကံဳရတာကေတာ့ျပည္တြင္းအခြန္ရာျဖတ္ကိစၥပါ။

တကယ္ကိုကိုယ္ဝယ္တဲ့တန္ဖိုးအမွန္ကိုမလိမ္မလည္ပဲ ျပေပးမယ့္ သူတို႔မွာ ထုတ္ျပန္ထားတဲ့စာအုပ္ထဲက ေစ်းေတြရွိၿပီးသားပါ။

အဲ့ဒီတန္ဖိုးကလက္ရွိေပါက္ေစ်းထက္မ်ားေနပါတယ္။ အဲဒါကေတာ့ဘဏ္ကေန ေခ်းေငြယူထားတဲ့စာရြက္စာတန္း၊တကယ့္ စာခ်ဳပ္အမွန္အကုန္လံုးနဲ႔တြဲၿပီး အသနားခံစာတင္ရင္ ရႏိုင္ပါတယ္။ အဲ့အတြက္ေနာက္ထပ္ အခ်ိန္ ၂ ပတ္ ေစာင့္ရပါတယ္။
စရံေပးစာခ်ဳပ္မွာအၾကာဆံုးျဖစ္ႏိုင္မဲ့အခ်ိန္ကိုပိုပိုသာသာတြက္ၿပီးခ်ဳပ္ထားပါ၊ ေနာက္မို႔ဆို သေဘာမေကာင္းတဲ့ေရာင္းသူနဲ႔ေတြ႕ရင္ စရံဆံုးႏိုင္ပါတယ္။

ကိုယ္ဘယ္ေလာက္နဲ႔ပဲဝယ္ဝယ္ကိုယ္ဝယ္မဲ့ ရပ္ကြက္လမ္းနာမည္နဲ႔ၿမိဳ႕နယ္အခြန္ဦးစီးရံုးမွာအရင္သြားၾကည့္ထားပါ၊ အဲ့ဒီမွာေရးထားတဲ့ေစ်းနဲ႔ပဲျဖတ္မွာပါ။ အဲ့ဒီမွာကိုယ္မွန္းထားတာထက္ပိုၿပီးအခြန္ေပးရတတ္ပါတယ္။

မေပးခ်င္ရင္ေတာ့ အစကထဲကလိုင္းဝင္လို႔ရတယ္ေျပာပါတယ္၊လိုင္းဝင္ေၾကးက ေလ်ာ့သြားမဲ့တန္ဖိုးအတြက္ေပးရသက္သာမဲ့အခြန္ရဲ႕တဝက္ေပးရမယ္လို႔သိရပါတယ္။

ကၽြန္ေတာ္ကေတာ့လံုးဝအားမေပးပါဘူး၊အဲ့လိုမေပးပါနဲ႔၊ကိုယ္ဝယ္ထားတဲ့တန္ဖိုးအစစ္အမွန္ ကကိုယ့္ရဲ႕တကယ့္ေငြျဖဴရပါတယ္၊ျပန္ေရာင္းလို႔ျမတ္ခဲ့ရင္လဲ ကိုယ္ေလ်ာ့ျပထားရင္အခြန္ပိုေဆာင္ရမွာပါ။

ဦးစီးမႉးသာဝင္ေတြ႕ၿပီးအေသအခ်ာရွင္းျပေပးပါ၊ ခိုင္လံုတဲ့စာရြက္စာတန္းနဲ႔ဆိုသူတို႔ ကူညီပါတယ္။


ဘဏ္ေခ်းေငြနဲ႔ဝယ္ရင္မျဖစ္မေနနာမည္ေျပာင္းရမွာပါ၊ အဲ့ဒီအတြက္အခ်ိန္တခုရွိပါတယ္၊ ဒါေၾကာင့္ေနာက္ဆံုးေငြေပးေခ်မယ့္ရက္ကိုပိုပိုသာသာလုပ္ထားပါ။

ဘဏ္ကလဲေခ်းေငြကိုစာခ်ဳပ္တံဆိပ္ေခါင္းကပ္ၿပီး မွေခ်ေပးမွာျဖစ္သလို အခြန္ရံုးကလဲတံဆိပ္ေခါင္း ကပ္ၿပီဆိုတာအေရာင္းအဝယ္အကုန္ၿပီးမွလို႔သတ္မွတ္တဲ့အတြက္အေက်ေခ်ၿပီးေၾကာင္းစာခ်ဳပ္တခုအပိုလုပ္ရပါတယ္။

ဘဏ္ေခ်းေငြကိုအလုပ္မွရတဲ့အခြန္ေဆာင္ၿပီးဝင္ေငြနဲ႔ ဆပ္ပါေသာ္လဲ ဝယ္ယူခ်ိနိမွာအိမ္တန္ဖိုးတခု လံုးအတြက္ေငြျဖဴအျပည့္မျပႏိုင္ပါကအခြန္ေဆာင္ခိုင္းသျဖင့္ဝယ္ယူသူမွာအခြန္ ၂ ဆေပးေနရသည္ကိုအခြန္ရံုးကမေျဖရွင္းေပးႏိုင္ပါ။

အခုဘဏ္နဲ႔အရစ္က်ေရာင္းေနေသာအိမ္မ်ားအတြက္ညႊန္ၾကားခ်က္မထြက္ေသးဟုသိရပါတယ္။

ေငြျဖဴျပႏိုင္ဖို႔အတြက္ အခြန္ေဆာင္ေသာစာအုပ္တင္မ ကေငြသြင္းခ်လံေတြပါေတာင္းတတ္ပါတယ္၊ႀကိဳတင္စုထားပါ။

ႏိုင္ငံျခားမွာအလုပ္လုပ္ခဲ့တဲ့သူေတြ အဲ့ဒီဝင္ေငြရဲ႕ ၇၅%အထိေငြျဖဴျပခြင့္ရွိပါတယ္၊ကိုယ္ေပးခဲ့တဲ့အခြန္စာရြက္ေတြသိမ္းထားၾကပါ။

တခုေတာ့ရွိပါတယ္ ၂၀၁၁ အေနာက္ပိုင္းမွသာေဒၚလာကို ၁၀၀၀ ေက်ာ္ႏွင့္တြက္၍သူ႔ေရွ႕ကဆိုရင္ ၆ က်ပ္နဲ႔သာတြက္ပါတယ္။

ကဲအဲ့ဒါေတြရွင္းရွင္းလင္းလင္းသိၿပီး ေပးရမွာေတြကိုႀကိဳျပင္ဆင္ထားၿပီးမွပဲဘဏ္နဲ႔အရစ္က်အိမ္ဝယ္ၾကဖို႔မွ်ေဝေပးလိုက္ပါတယ္ခင္ဗ်ား။

လူတိုင္းစိတ္ကူးယဥ္အိမ္ကေလးပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Credit Ko Zar Ni

ဘဏ်ချေးငွေဖြင့်အိမ်ဝယ်ယူခြင်းအတွက်ဆောင်ရန်ရှောင်ရန်များ (အပိုင်း ၁+ ၂+၃)
——–
အားလုံးတပေါင်းထဲဖတ်လို့ရအောင်ပြန်ပေါင်းပေးထားပါတယ်။

ကျွန်တော်ကိုယ့်စိတ်ကြိုက်နေဖို့အိမ်နဲ့ခြံဝယ်ချင်ပေမယ့်တစ်ခါတည်းအပြီးပြတ်ဝယ်ယူဖို့မပြည့်စုံတဲ့အချိန်မှာ Home loan နဲ့အိမ်ဝယ်ယူလို့တရယ်ဆိုတာသိလိုက်ရတော့ အရမ်းဝမ်းသာသွားပါတယ်။

ဒါနဲ့ပဲတက်တက်ကြွကြွအိမ်ဝယ်ဖို့လုပ်ပါတော့တယ်၊အဲဒီမှာတိုက်တိုက်ဆိုင်ဆိုင်ပဲကိုယ်လိုချင်တဲ့အနေအထားနဲ့ကိုက်ညီတဲ့အိမ်တွေ့တော့အိမ်ရှင်နဲ့ညှိနှိုင်းပြီးဘဏ်ချေးငွေနဲ့ဝယ်ယူဖို့ဈေးညှိနိုင်းပြီးဘဏ်ချေးငွေအတွက်လုပ်ဆောင်ရပါတယ်။

ကံကောင်းတာလားကံဆိုးတာလားတော့မသိ…ကျွန်တော်သည် ပထမဆုံးအိမ်ဝယ်ယူမှု့အတွက်ချေးငွေရယူမယ့်သူဖြစ်နေပါတယ်..အဲ့ဒီတော့အတွေ့အကြုံနည်းတဲ့ဝန်ထမ်းတွေရဲ့ရှင်းပြမှု့အောက်မှာကျွန်တော်စပြီးလုံးချာလည်လိုက်ပါတော့တယ်😊။

ကံကောင်းတာလေးတခုကသူတို့သဘောကောင်းကြပါတယ်..ကျွန်တော်မေးသမျှကိုမသိရင် မသိကြောင်း၊လူကြီးမေးပြီးပြန်ဖြေပေးမည့်အကြောင်း၊တချို့ကိစ္စဆိုရင်လဲ အဆင်ပြေအောင်လုပ်ပေးလိုက်မည်ဆိုသည့်အကြောင်း စသည်ဖြင့်ကူညီပေးကြ ပါတယ်။ လူကြီးတွေလဲဝိုင်းကူညီတာပါတာပေါ့၊ကြုံတုံးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ စကားနည်းနည်းရှည်သွားတာခွင့်လွှတ်ပါ😁😁😁လိုရင်းကအခုမှာလာပါမယ်။

အိမ်ဝယ်ဖို့အတွက်ချေးငွေရယူရာမှာလက်ရှိဘဏ် ၂ ခု ကပေးနေပါတယ်။



AYA နဲ့ YOMA ပါ…

ဒီ ၂ ခုလုံးမှာအားသာချက် အားနဲချက်ရှိပါတယ်..ကျွန်တော်နှိုင်းယှဉ်ပြီးရေးပေးပါ့မယ်…ကျွန်တော်ယူဖြစ်တာကတော့ AYA ပါ။

Home loan နဲ့ပတ်သက်ရင်YOMAကပိုအတွေ့အကြုံများပါတယ်..AYA ကအခုမှစတာပါ။ဒါပေမယ့် တကယ်စကြော်ငြာတာ က AYA ပါအဲ့ဒီတော့ YOMA ကလဲ AYA ထက်ပိုကောင်းအောင်တချို့အချက်တွေနဲ့ဆွဲဆောင်ပါတယ်။ဒါကတော့ကိုတိုင်သေချာတွက်ကြည့်ဖို့လိုပါတယ်။

အိုကေပါ ချေးငွေနဲ့အိမ်ဝယ်မယ်ဆိုလုပ်ရမယ့်အချက်တွေ ကျွန်တော်စပြောပါတော့မယ်…



၁။ ကိုယ့်ရဲ့ဝင်ငွေလစာနဲ့ကိုက်ညီတဲ့တန်ဖိုးရယ်၊ကိုယ်ပေးနိုင်တဲ့ ကနဦးတန်ဖိုးရယ်ကိုချိန်ရပါတယ်။
——
YOMA က ကနဦး ပေးချေးငွေ ၂၀% ကိုဝယ်သူကပေးပြီး ကျန် ၈၀%ကိုဘဏ်ချေးငွေရယူနိုင်တယ်ဆိုပေမယ့်သူ့ရဲ့အားနည်းချက်က ကိုယ့်ဝင်ငွေရဲ့ ၄၀ %ကိုသာလစဉ်ပေးသွင်းနိုင်သောငွေလို့သက်မှတ်ထားတဲ့အတွက်ကိုယ်လိုချင်တဲ့ချေးငွေအပြည့်မရနိုင်သလို၊ရလာခဲ့ရင်လဲနှစ်ပိုကြာပါတယ်။ ၂၅ နှစ်အထိချေးပေးပါတယ်။

AYA ကတော့ဝင်ငွေရဲ့ ၆၀%ပေါ်မှာတွက်တဲ့အတွက် ချေးငွေပိုရနိုင်ပါတယ်၊ပြန်ပေးရတဲ့နှစ်လဲတိုသွားပါတယ်၊ သူကတော့ကနဦးစရံပေးငွေကို ၃၀%ပေးရမယ်လို့သတ်မှတ်ထားပါတယ်။ ၁၅ နှစ်အထိပဲချေးပေးပါတယ်။

အဲ့ဒီတော့ဥပမာလေးပြပေးပါ့မယ်
ကိုယ်ကတလ ၁၀ သိန်းဝင်တယ်ဆိုပြီးချေးငွေ သိန်း ၄၀၀ ရယူလိုတယ်ဆိုရင်ဒီလိုကွာသွားပါမယ်..



AYA
အတိုးအရင်း တလကို ၆ သိန်းပြန်သွင်းနိုင်တဲ့အတွက် ၁၀ နှစ်ချေးငွေယူရင်ရပါပြီ။
ချေးငွေ သိန်း ၄၀၀ ကို ၁၀ နှစ် အတိုး ၃၁,၆၆၉,၁၅၅ ကျပ်ကျပါတယ်။အတိုးအရင်းပေါင်းပြန်ဆပ်ရမယိ့်ငွေပမာဏဟာ ၇၁,၆၆၀,၁၁၅ သိန်းဖြစ်ပါတယ်။

လစဉ်ပြန်ဆပ်ငွေ က ၅၉၇,၂၄၃ ပါ။

YOMA
အတိုးအရင်းတလကို ၄ သိန်းပဲပြန်သွင်းနိုင်တယ်သတ်မှတ်ထားတဲ့အတွက် ၂၅ နှစ်တောင်မသေချာပါဘူး။
ချေးငွေ သိန်း ၄၀၀ ကို ၂၅ နှစ်အတိုးက ၉၅,၃၄၀,၂၃၆ ကျပါတယ်။ အတိုးအရင်းပေါင်းပြန်ဆပ်ရမယ့်ငွေပမာဏဟာ ၁၃၅,၃၄၀,၂၃၆ သိန်းဖြစ်ပါတယ်။

လစဉ်ပြန်ဆပ်ငွေက ၄၅၁,၁၃၄ ပါ။

သူရဲ့ပေါ်လစီအရ အတိုးအရင်းပြန်ဆပ်ငွေကိုလစဉ်ဝင်ငွေရဲ့ ၄၀%သာခွင့်ပြုထားတဲ့အတွက် တကယ်ပြောရရင် သိန်း ၄၀၀ ချေးငွေမရနိုင်ပါဘူး။

၃၅၀ အထိသာရယူနိုင်မှာပါ။ အဲ့ဒီတော့ကိုယ်မှန်းထားတဲ့ ၂၀%ပဲကနဦးပေးချေပြီးကျန်တာယူမယ်ဆိုတာမဖြစ်နိုင်တော့ပါဘူး။



အပိုင်း ၂ ပါ

ကိုယ်လိုချင်တဲ့ချေးငွေရယ်၊ပြန်ဆပ်ရမယ့်နှစ်ရယ်၊ပးရမယ့်အတိုးပေါင်းရယ်..အားလုံးနားလည်လက်ခံအဆင်ပြေပြီဆိုတာနဲ့ဝမ်းသာအားရစရံငွေမချဖို့သတိပေးပါရစေ.ဘာတွေထပ်စဉ်းစားရဦးမလဲဆိုတာကတော့အာက်ပါအတိုင်းပါပဲ..။

၁။ကိုယ်ဝယ်မယ့်ကြိုက်တဲအိမ်တွေ့ပြီဆိုအိမ်ရှင်နဲ့ဈေးမပေးခင်ဘဏ်ချေးငွေနဲ့ဝယ်ယူမည့်အကြောင်း..အပြီးသတ်ငွေချေမှူ့အတွက် ၃ ၄ လခန့်ကြာနိုင်သည့်အကြောင်းစသည်ဖြင့်ကြို အသိပေးပြီးလက်ခံမခံမေးပါ။ အိမ်ရှင်လက်ခံတိုင်းပျော်ပြီးစရံမပေးလိုက်ပါနဲ့ဦး…

ကိုယ်တန်တယ်ထင်ပြီးဝယ်တဲ့တဲ့ဈေးကိုဘဏ်ရာဖြတ်ကလက်ခံမခံမသေချာသေးလို့ပါ။ လက်ခံခဲ့ရင်အကြောင်းမဟုတ်ပေမယ့်လက်မခံခဲ့ရင်သူတို့ပေးမဲ့ချေးငွေဆိုတာ သူတို့ရာဖြတ်တဲ့တန်ဖိုးရဲ့ ၇၀% သို့ ၈၀% ပဲဆိုတာသတိပြုစေလိုပါတယ်။

ပုံမှန်အားဖြင့် ဘဏ်ကရာဖြတ်ကိုအိမ်ဝယ်မယ်၊စရံပေးပြီးပြီဆိုမှလွှတိတာပါ၊အဲ့တာကလဲ ၂ ပတ်လောက်အထိကြာနိုင်ပါတယ်။ ရာဖြတ်လွှတ်ခ ပေးရပါတယ်။ဒါကြောင့်စရံမချခင်ြစ်နိုင်ရင်ဘဏ်ကိုကိုယ်စိတ်ဝင်စားတဲ့အိမ်ကိုရာဖြတ် လွှတ်ခပေးပြီးအရင် စစ်ခိုင်းပါ။

နောက်မို့ဆို ရာဖြတ်ကဈေးလျော့ဖြတ်လို့ချေးငွေရတာမလုံလာက်၊ကိုယ်မှာလဲကနဦးပေးငွေကိုထပ်မတိုးပေးနိုင်ဆိုရင်အရောင်းအဝယ်ပျက်ပြီးစရံဆုံးနိုင်ပါတယ်။



၂။ ကဲအခုရာဖြတ်ကလဲကိုယ်ဝယ်မယ့်အိမ်တန်ဖိုးဖြတ်တာ ကိုယ်တကယ်ပေးရမယ့်တန်ဖိုးနဲ့ကိုက်ပြီဆိုလို့အားရဝမ်းသာ စရံမချပါနဲ့ဦး..

နောက်ထပ်ကုန်ကျမယ့်စရိတ်တွေအရင်ပြောပြပါ့မယ်…

အဲ့ဒါတွေအကုန်ပေးဖို့ကိုယ့်လက်ထဲငွေရှိမရှိအရင် ချင့်ချိန်နိုင်အောင်ပါ။

ကျွန်တော်တို့တော်တော်များများထင်ထားတာက ဝယ်မယ့်အိမ်တန်ဖိုးရဲ့ ကန ဦးပေးချေရမယ့် ၂၀% သို့ ၃၀% လက်ထဲရှိရင်အိမ်ဝယ်လို့ရပြီဆိုတာပါပဲ…..

လုံးဝ….လုံးဝ ကိုမဟုတ်ပါဘူး..

အထူးသဖြင့် အိမ်နဲ့ခြံဝယ်ယူမှူ့အတွက်ပါ။ ဒါတွေကတော့ကိုယ်ကြိုပြင်ဆင်ထားရမယ့်ကုန်ကျငွေတွေပါ။



၁။ ဘဏ်ရဲ့ဝန်ဆောင်ခနဲ့ရာဖြတ်လွှတ်ခ (ချေးငွေရဲ့ ၁% မှ ၃% အထိ..ဘဏ်ပေါ်မူတည်ပါတယ်)

၂။စရံငွေ …ပုံမှန်ကစရံငွေ ကိုယ်ဘယ်လောက်ချချ..ဘဏ်က သူတို့ချေးငွေနဲ့ကနဦးချ ငွေ ၂၀% သို့ ၃၀% ကိုရောင်းသူထံတပေါင်းထဲပေးချေဖို့ ကနဥိးကိုယ်ချရမဲ့ငွေကို သူတို့ဘဏ်အကောင့်ထဲထည့်ခိုင်းပါတယ်..အဲဒီတော့ကိုယ်ပေးဖို့စရံအတွက်ထပ်ရှာရပါတယ်၊ဒါကတော့ဘဏ်နဲ့ညှိနိုင်းနိုင်ပါတယ်။

၃။ အိမ်တန်ဖိုးရဲ့ ၄% တံဆိပ်ခေါင်းခွန်ဖိုးပါ။ အိမ်ခြံကိုဘဏ်နဲ့ဝယ်ရင်မဖြစ်မနေနံမည်ပြောင်းရပါတယ်။ အဲ့ဒီအတွက်အိမ်ခြံမြေအရာင်းအဝယ်မှာဝင်ငွေခွန်မပါသေးပဲတံဆိပ်ခေါင်းခွန်ဖိုးက ၄% ပါ။

၄။ ကိုယ်ဝယ်မဲ့အိမ်တန်ဖိုးအပြည့်အတွက် ဝင်ငွေခွန်ပြနိုင်မပြနိုင်ပြန်စမိးစစ်ပါ။ အကြမ်းအားဖြင့်ကိုယ့်ဝင်ငွေအားလုံးပေါ်မှာကိုယ်ပေးဆာင်ခဲ့တဲ့အခွန်နှုတ်ရင်ကျန်တာငွေဖြူပြလို့ရပါတယ်။

ဝင်ငွေပေါင်းဆိုလို့ သိန်း ၁၀၀၀ ဝင်ထားခဲ့တာကို သိန်း ၁၀၀ အပေါ်မှာပဲဝင်ငွေခွန်ဆောင်ခဲ့ရင်တော့ သိန်း ၈၀ လောက်ပဲငွေဖြူဖြစ်မှာပါ။ ကျန်တဲ့ဝင်ငွေခွန်မဆောင်ထားတဲ့မပြထားတဲ့ငွေကိုငွေဖြူလို့မသတ်မှတ်ပါဘူး။

ကျွန်တော်နိုင်ငံခြားမှာဘဏ်ချေးငွေနဲ့အိမ်ဝယ်ဘူးပါတယ်..သတ်မှတ်တံဆိပ်ခေါင်းခွန်ကလွဲလို့ငွေဖြူအတွက်မပေးဆောင်ရပါဘူး။

ဘာလို့လဲဆိုတော့အဲ့နိုင်ငံမှာဝင်ငွေကိုကြည့်ပြီးငွေချေးသလို၊ဝင်ငွေတိုင်းနီးပါးကလဲအစိုးရကိုဝင်ငွေခွန်ဆာင်ပြီးဖြစ်လို့ပါ။

ဒီနိုင်ငံမှာက ဝန်ထမ်းကအခွန်ဆာင်ထားတဲ့လခနဲ့ချေးငွေယူပြီးဝယ်တယ်ဆိုပေမယ့်ပြည်တွင်းအခွန်က လဲနောက်ပိုင်းဒီလူဟာဒီအလုပ်မှာဆကိရှိမရှိမသေချာတဲ့အပြင် တဦးတယောက်ချင်းဝင်ငွေကိုမစဉ်းကြပ်နိုင်တဲ့အတွက်ကြို တင်ကောက်ခံပါတယ်။

**ပိုက်ဆံမရှိလို့ချေးငွေယူပါတယ်၊ငွေဖြူအကုန်မပြနိုင်လို့ဆိုပြီး အခွန်ကို ၁၅%ကစပြီးဆောင်ခိုင်းပါတယ်။ ဒီလိုပေါ်လစီနဲ့ဆို ဘဏ်ကချေးငွေပေးပေမယ့် လူတိုင်းအိမ်ဝယ်နိုင်ဖို့မလွယ်ပါဘူး။ ဘူးလေးရာဖရုံဆင့်ပေါဗျာ😁

တိုက်ခန်း၊ကွန်ဒိုက နာမည်ပြောင်းကိုပြောင်းရမယ်၊ တံဆိပ်ခေါင်းခွန်ဆောင်ရမယ် လို့ သက်ဝင်ဥပဒေမလုပ်ထားတဲ့အတွက် အိမ်ခြံဝယ်တဲ့သူလို ဒီအခွန်ငွေတွေအပေါ်ကြိုစဉ်းစားစရာမလိုပါဘူး။



၅။ ရှေ့နေခ၊ကြော်ငြာထည့်ခ..ဒါကလဲသိန်းဂဏာန်းရှိပါတယ်။

၆။မီးအာမခံ ထားခ(ချေးငွေယူထားတဲ့အတွက်မထားမနေရဖြစ်ပါတယ်) ကိုယ်ဝယ်ယူမယ့်အိမ်တန်ဖိုးပေါ်မှာတွက်ပါတယ်၊မြေတန်ဖိုးကိုမစဉ်းစားပါဘူး။

အကြမ်းအားဖြင့် သိန်း ၅၀၀ တန်အိမ်နဲ့ခြံကိုဝယ်မယ်ဆို ဒီလောက်ငွေကြိုရှာထားရပါမယ်…

၁။ ကနဦးပေးချေငွေ ၃၀%= ၁၅၀ သိန်း
၂။ ဘဏ်ဝန်ဆောင်ခ(၃၅၀×၂% ပဲထားပါ) = ၇ သိန်း
၃။ တံဆိပ်ခေါင်းခွန်( ၅၀၀×၄%)= ၂၀ သိန်း
၄။ ဝင်ငွေခွန်၂၅၀ ပြနိုင်တယ်ထား
ကျန် ၂၅၀ အတွက်က (၂၅၀×၁၅%)= ၃၇.၅ သိန်း
၅။ ရှေ့နေခဘာညာ = ၅ သိန်း
၆။ မီးအာမခံ အများဆုံး= ၂ သိန်း

ကဲ ဒါတောင် ဝင်ငွေခွန်ကို သိန်း ၁၀၀၀အောက်မှာမို့လို့ ၁၅% နဲ့တွက်ထားတာနော်..၁၀၀၀ အထက်ဆိုပိုများဦးမှာ။ ပြီးတော့ငွေဖြူကိုလဲဝယ်တဲ့တန်ဖိုးရဲ့တစ်ဝက်ပြနိုင်တယ် တွက်ထားပေးတာ၊ အဲ့ဒါတောင်ဘယ်လောက်လိုမလဲဆိုတော့..

၅၀၀ တန်အိမ်ခြံမြေ ဝယ်ဖို့လက်ထဲမှာ သိန်း ၂၀၀ ကျော်ကြိုရှိထားဖို့လိုပါတယ်။ ပြောပြီးပြီနေ်ာ ဝင်ငွေခွန်ဆောင်ထားတာပြနိုင်မပြနိုင်ပေါ်မူတည်ပြီးအတိုးအလျော့ရှိတယ်ဆိုတာ။

ဒါတွေကြိုတွက်ပြီးမှ ဘဏ်ချေးငွေလျောက်ပြီး အိမ်ဝယ်ဖို့စရံချစေချင်ပါတယ်။ဒါတောင် မတူတဲ့ဘဏ်ပါ်လစီကြောင့် ကနဦးချငွေအပြင် အိမိရှင်ကိုပေးရမယ့်စရံ ၅% ကိုထည့်မစဉ်းထားပေးသေးဘူး။ ဒါကဘဏ်နဲ့ညှိနိုင်းလို့ရမယ်ထင်လို့ပါ၊ အဲ့ဒါသာထည့်တွက်ရရင်..😭😭😭



အပိုင်း ၃

ကဲစရံငွေချ၊ ချေးငွေလဲရမှာသေချာပြီဆိုတော့ပျော်တပြုံးပြုံးပေါ့…

လွှတ်မပျော်ပါနဲ့ဦး…အခက်အခဲဆိုတာနေရာတိုင်းမှာရှိပါတယ်😁

ကျွန်တော်ကြုံရတာကတော့ပြည်တွင်းအခွန်ရာဖြတ်ကိစ္စပါ။

တကယ်ကိုကိုယ်ဝယ်တဲ့တန်ဖိုးအမှန်ကိုမလိမ်မလည်ပဲ ပြပေးမယ့် သူတို့မှာ ထုတ်ပြန်ထားတဲ့စာအုပ်ထဲက ဈေးတွေရှိပြီးသားပါ။

အဲ့ဒီတန်ဖိုးကလက်ရှိပေါက်ဈေးထက်များနေပါတယ်။ အဲဒါကတော့ဘဏ်ကနေ ချေးငွေယူထားတဲ့စာရွက်စာတန်း၊တကယ့် စာချုပ်အမှန်အကုန်လုံးနဲ့တွဲပြီး အသနားခံစာတင်ရင် ရနိုင်ပါတယ်။ အဲ့အတွက်နောက်ထပ် အချိန် ၂ ပတ် စောင့်ရပါတယ်။
စရံပေးစာချုပ်မှာအကြာဆုံးဖြစ်နိုင်မဲ့အချိန်ကိုပိုပိုသာသာတွက်ပြီးချုပ်ထားပါ၊ နောက်မို့ဆို သဘောမကောင်းတဲ့ရောင်းသူနဲ့တွေ့ရင် စရံဆုံးနိုင်ပါတယ်။

ကိုယ်ဘယ်လောက်နဲ့ပဲဝယ်ဝယ်ကိုယ်ဝယ်မဲ့ ရပ်ကွက်လမ်းနာမည်နဲ့မြို့နယ်အခွန်ဦးစီးရုံးမှာအရင်သွားကြည့်ထားပါ၊ အဲ့ဒီမှာရေးထားတဲ့ဈေးနဲ့ပဲဖြတ်မှာပါ။ အဲ့ဒီမှာကိုယ်မှန်းထားတာထက်ပိုပြီးအခွန်ပေးရတတ်ပါတယ်။

မပေးချင်ရင်တော့ အစကထဲကလိုင်းဝင်လို့ရတယ်ပြောပါတယ်၊လိုင်းဝင်ကြေးက လျော့သွားမဲ့တန်ဖိုးအတွက်ပေးရသက်သာမဲ့အခွန်ရဲ့တဝက်ပေးရမယ်လို့သိရပါတယ်။

ကျွန်တော်ကတော့လုံးဝအားမပေးပါဘူး၊အဲ့လိုမပေးပါနဲ့၊ကိုယ်ဝယ်ထားတဲ့တန်ဖိုးအစစ်အမှန် ကကိုယ့်ရဲ့တကယ့်ငွေဖြူရပါတယ်၊ပြန်ရောင်းလို့မြတ်ခဲ့ရင်လဲ ကိုယ်လျော့ပြထားရင်အခွန်ပိုဆောင်ရမှာပါ။

ဦးစီးမှူးသာဝင်တွေ့ပြီးအသေအချာရှင်းပြပေးပါ၊ ခိုင်လုံတဲ့စာရွက်စာတန်းနဲ့ဆိုသူတို့ ကူညီပါတယ်။

ဘဏ်ချေးငွေနဲ့ဝယ်ရင်မဖြစ်မနေနာမည်ပြောင်းရမှာပါ၊ အဲ့ဒီအတွက်အချိန်တခုရှိပါတယ်၊ ဒါကြောင့်နောက်ဆုံးငွေပေးချေမယ့်ရက်ကိုပိုပိုသာသာလုပ်ထားပါ။

ဘဏ်ကလဲချေးငွေကိုစာချုပ်တံဆိပ်ခေါင်းကပ်ပြီး မှချေပေးမှာဖြစ်သလို အခွန်ရုံးကလဲတံဆိပ်ခေါင်း ကပ်ပြီဆိုတာအရောင်းအဝယ်အကုန်ပြီးမှလို့သတ်မှတ်တဲ့အတွက်အကျေချေပြီးကြောင်းစာချုပ်တခုအပိုလုပ်ရပါတယ်။

ဘဏ်ချေးငွေကိုအလုပ်မှရတဲ့အခွန်ဆောင်ပြီးဝင်ငွေနဲ့ ဆပ်ပါသော်လဲ ဝယ်ယူချိနိမှာအိမ်တန်ဖိုးတခု လုံးအတွက်ငွေဖြူအပြည့်မပြနိုင်ပါကအခွန်ဆောင်ခိုင်းသဖြင့်ဝယ်ယူသူမှာအခွန် ၂ ဆပေးနေရသည်ကိုအခွန်ရုံးကမဖြေရှင်းပေးနိုင်ပါ။

အခုဘဏ်နဲ့အရစ်ကျရောင်းနေသောအိမ်များအတွက်ညွှန်ကြားချက်မထွက်သေးဟုသိရပါတယ်။

ငွေဖြူပြနိုင်ဖို့အတွက် အခွန်ဆောင်သောစာအုပ်တင်မ ကငွေသွင်းချလံတွေပါတောင်းတတ်ပါတယ်၊ကြိုတင်စုထားပါ။

နိုင်ငံခြားမှာအလုပ်လုပ်ခဲ့တဲ့သူတွေ အဲ့ဒီဝင်ငွေရဲ့ ၇၅%အထိငွေဖြူပြခွင့်ရှိပါတယ်၊ကိုယ်ပေးခဲ့တဲ့အခွန်စာရွက်တွေသိမ်းထားကြပါ။

တခုတော့ရှိပါတယ် ၂၀၁၁ အနောက်ပိုင်းမှသာဒေါ်လာကို ၁၀၀၀ ကျော်နှင့်တွက်၍သူ့ရှေ့ကဆိုရင် ၆ ကျပ်နဲ့သာတွက်ပါတယ်။

ကဲအဲ့ဒါတွေရှင်းရှင်းလင်းလင်းသိပြီး ပေးရမှာတွေကိုကြိုပြင်ဆင်ထားပြီးမှပဲဘဏ်နဲ့အရစ်ကျအိမ်ဝယ်ကြဖို့မျှဝေပေးလိုက်ပါတယ်ခင်ဗျား။

လူတိုင်းစိတ်ကူးယဉ်အိမ်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit Ko Zar Ni

2030 အထိ ျဖစ္ပ်က္မယ့္အရာေတြကို ေျပာျပတဲ့ အခ်ိန္ခရီးသြားတစ္ဦး အေမရိကားမွာ ထြက္ေပၚ

2030 အထိ ျဖစ္ပ်က္မယ့္အရာေတြကို ေျပာျပတဲ့ အခ်ိန္ခရီးသြားတစ္ဦး အေမရိကားမွာ ထြက္ေပၚ

အမ်ိဳးသားတစ္ဦးဟာ သူ႕ကိုယ္သူ အခ်ိန္ခရီးသြားလို႕ ေျပာခဲ့ျပီး သူဟာ 2030 ကို ေရာက္ခဲ့တယ္လို႕ ဆိုပါတယ္။ဒီလိုဆိုတိုင္း အမွန္လို႕ ေျပာလို႕မရပါဘူး။လူတိုင္းေျပာတတ္တဲ့စကားျဖစ္ေပမယ့္ သူ႕ကိုေတာ့ အလိမ္ေဖာ္တဲ့စက္နဲ႕ စစ္ခဲ့ပါတယ္။ဒီလို စစ္ေဆးရာမွာ သူဟာ ေအာင္ျမင္ခဲ့ပါတယ္။သူ႕ကို ေမးခြန္းေတြ လွည့္ပတ္ေမးေပမယ့္ ခြ်တ္ေခ်ာ္သြားျခင္းမရွိ ပကတိအတိုင္းေျဖႏိုင္ခဲ့တာျဖစ္ပါတယ္။

သူဟာ လာမယ့္ 2020 မွာလည္း အေမရိကန္ သမၼတဟာ ေဒၚနယ္ထမ့္သာျဖစ္မယ္လို႕ဆိုတာျဖစ္ပါတယ္။AI စက္ရုပ္ေတြေခတ္စားမွာျဖစ္ျပီး Google မ်က္မွန္ေတြကို လူေတြ တပ္ဆင္ထားတယ္လို႕ ေျပာပါတယ္။လူေတြဟာ သတင္းအခ်က္အလက္နဲ႕ လုပ္ငန္းေဆာင္တာေတြကို မ်က္မွန္နဲ႕ တြင္တြင္က်ယ္က်ယ္ အလုပ္လုပ္ေနၾကျပီလို႕ ေျပာပါတယ္။ဒီလို ေျပာတဲ့ အခ်ိန္ခရီးသြားသူဆိုတဲ့သူရဲ႕ နာမည္ဟာ “Noah” ျဖစ္ပါတယ္။သူဟာ အနာဂတ္မွာ ကုန္စံုဆိုင္တခုပိုင္ဆိုင္ေနတယ္လို႕ ေျပာပါတယ္။

သူဟာ စိတ္ကူးယဥ္သမားတစ္ဦးလားဆိုတာကို ပညာရွင္ေတြက ေမးခြန္းေပါင္းမ်ားစြာနဲ႕ အလိမ္ေဖာ္စက္ေတြနဲ႕ စစ္ေဆးခဲ့ပါတယ္။သူဟာ အမွားအယြင္းမရွိေျပာခဲ့ျပီး သူ႕သက္တမ္းရွိတာထက္ ေရွ႕အနာဂတ္ကို ၾကိဳသြားႏိုင္ျပီး 2118 ခုႏွစ္ကိုလည္း ေရာက္ခဲ့တယ္လို႕ ဆိုပါတယ္။


“Noah” ရဲ႕ ေျပာျပခ်က္ေတြကေတာ့

-2020 မွာ ေဒၚနယ္ထရမ့္သာ သမၼတျဖစ္လိမ့္မယ္။2030 မွာ ဖုန္းေတြရဲ႕ လုပ္ေဆာင္မႈက အရာတိုင္းမွာ ပါဝင္ျပီး သူမရွိမျဖစ္ဆိုတာ ျဖစ္လာမယ္။စက္ရုပ္ေတြကို အိမ္ေတြမွာ အစားထိုးခိုင္းေစလိမ့္မယ္။Bitcoin က ေငြစကၠဴေနရာကို အစားထိုးလာမယ္။ကမာၻၾကီး အရမ္းပူေႏြးလာျပီး ေျမာက္အေမရိကားဟာ အပူပိုင္းေဒသၾကီး လံုးလံုးျဖစ္သြားမွာျဖစ္ျပီး ဥေရာပက အခုထက္ ပိုမိုေအးစက္လာလိမ့္မယ္။2028 ခုႏွစ္မွာေတာ့ မားစ္ျဂိဳလ္ကို လူေတြ အေရာက္သြားႏိုင္မယ္။လ်ွပ္စစ္ကားေတြဟာ 1 နာရီကို မိုင္ 600 နဲ႕ သြားလိမ့္မယ္။

အခ်ိဳ႕ေသာ ေရာဂါအေသးအမႊားေတြကအစ ကင္ဆာပံုစံ အသြင္ေျပာင္းကာ လူေတြ အေသေပ်ာက္မ်ားလိမ့္မယ္။2021 မွာ AI စက္ရုပ္ေတြ အၾကီးအက်ယ္စိုးမိုးလာမယ္။2030 မွာေတာ့ Ilana Remikee ဆိုတဲ့သူဟာ အေမရိကန္ သမၼတ ျဖစ္လာမယ္လို႕ ဆိုပါတယ္။ေၾကာက္မက္ဖြယ္ ငလ်င္ေတြ လႈပ္မွာျဖစ္ျပီး ကမာၻ႔ေျမေနရာေတြ နိမ့္ဆင္းသြားမွာ ျဖစ္ပါတယ္။ကြန္ျပဴတာေတြရဲ႕ ျမန္ႏႈန္းအတိုင္း Google AI Glasses ေတြက အလုပ္လုပ္မွာျဖစ္ျပီး ေမးခြန္းေပါင္းမ်ားစြာကို ခ်က္ခ်င္းအေျဖရွာႏိုင္မွာျဖစ္ပါတယ္။

credit

အမျိုးသားတစ်ဦးဟာ သူ့ကိုယ်သူ အချိန်ခရီးသွားလို့ ပြောခဲ့ပြီး သူဟာ 2030 ကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ဒီလိုဆိုတိုင်း အမှန်လို့ ပြောလို့မရပါဘူး။လူတိုင်းပြောတတ်တဲ့စကားဖြစ်ပေမယ့် သူ့ကိုတော့ အလိမ်ဖော်တဲ့စက်နဲ့ စစ်ခဲ့ပါတယ်။ဒီလို စစ်ဆေးရာမှာ သူဟာ အောင်မြင်ခဲ့ပါတယ်။သူ့ကို မေးခွန်းတွေ လှည့်ပတ်မေးပေမယ့် ချွတ်ချော်သွားခြင်းမရှိ ပကတိအတိုင်းဖြေနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ လာမယ့် 2020 မှာလည်း အမေရိကန် သမ္မတဟာ ဒေါ်နယ်ထမ့်သာဖြစ်မယ်လို့ဆိုတာဖြစ်ပါတယ်။AI စက်ရုပ်တွေခေတ်စားမှာဖြစ်ပြီး Google မျက်မှန်တွေကို လူတွေ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။လူတွေဟာ သတင်းအချက်အလက်နဲ့ လုပ်ငန်းဆောင်တာတွေကို မျက်မှန်နဲ့ တွင်တွင်ကျယ်ကျယ် အလုပ်လုပ်နေကြပြီလို့ ပြောပါတယ်။ဒီလို ပြောတဲ့ အချိန်ခရီးသွားသူဆိုတဲ့သူရဲ့ နာမည်ဟာ “Noah” ဖြစ်ပါတယ်။သူဟာ အနာဂတ်မှာ ကုန်စုံဆိုင်တခုပိုင်ဆိုင်နေတယ်လို့ ပြောပါတယ်။

သူဟာ စိတ်ကူးယဉ်သမားတစ်ဦးလားဆိုတာကို ပညာရှင်တွေက မေးခွန်းပေါင်းများစွာနဲ့ အလိမ်ဖော်စက်တွေနဲ့ စစ်ဆေးခဲ့ပါတယ်။သူဟာ အမှားအယွင်းမရှိပြောခဲ့ပြီး သူ့သက်တမ်းရှိတာထက် ရှေ့အနာဂတ်ကို ကြိုသွားနိုင်ပြီး 2118 ခုနှစ်ကိုလည်း ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


“Noah” ရဲ့ ပြောပြချက်တွေကတော့

-2020 မှာ ဒေါ်နယ်ထရမ့်သာ သမ္မတဖြစ်လိမ့်မယ်။2030 မှာ ဖုန်းတွေရဲ့ လုပ်ဆောင်မှုက အရာတိုင်းမှာ ပါဝင်ပြီး သူမရှိမဖြစ်ဆိုတာ ဖြစ်လာမယ်။စက်ရုပ်တွေကို အိမ်တွေမှာ အစားထိုးခိုင်းစေလိမ့်မယ်။Bitcoin က ငွေစက္ကူနေရာကို အစားထိုးလာမယ်။ကမ္ဘာကြီး အရမ်းပူနွေးလာပြီး မြောက်အမေရိကားဟာ အပူပိုင်းဒေသကြီး လုံးလုံးဖြစ်သွားမှာဖြစ်ပြီး ဥရောပက အခုထက် ပိုမိုအေးစက်လာလိမ့်မယ်။2028 ခုနှစ်မှာတော့ မားစ်ဂြိုလ်ကို လူတွေ အရောက်သွားနိုင်မယ်။လျှပ်စစ်ကားတွေဟာ 1 နာရီကို မိုင် 600 နဲ့ သွားလိမ့်မယ်။

အချို့သော ရောဂါအသေးအမွှားတွေကအစ ကင်ဆာပုံစံ အသွင်ပြောင်းကာ လူတွေ အသေပျောက်များလိမ့်မယ်။2021 မှာ AI စက်ရုပ်တွေ အကြီးအကျယ်စိုးမိုးလာမယ်။2030 မှာတော့ Ilana Remikee ဆိုတဲ့သူဟာ အမေရိကန် သမ္မတ ဖြစ်လာမယ်လို့ ဆိုပါတယ်။ကြောက်မက်ဖွယ် ငလျင်တွေ လှုပ်မှာဖြစ်ပြီး ကမ္ဘာ့မြေနေရာတွေ နိမ့်ဆင်းသွားမှာ ဖြစ်ပါတယ်။ကွန်ပြူတာတွေရဲ့ မြန်နှုန်းအတိုင်း Google AI Glasses တွေက အလုပ်လုပ်မှာဖြစ်ပြီး မေးခွန်းပေါင်းများစွာကို ချက်ချင်းအဖြေရှာနိုင်မှာဖြစ်ပါတယ်။

credit