တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ မတ္ ၁၂ မွ ၁၈ )

ဇင္ေယာ္နီ တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ မတ္ ၁၂ မွ ၁၈ )

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဆံုးျဖတ္ရခက္တဲ့ အၾကပ္အတည္းေတြ ႀကံဳတတ္ပါတယ္။ ခရီးကိစၥ ေတြ လြဲေခ်ာ္မယ္။ ေျခေထာက္မွာ ထိခိုက္မိတတ္ပါတယ္။ မိသားစုနဲ႔ စိတ္သေဘာ ႀကီးစြာကြဲရတတ္ တယ္။ ညွိမရႏိႈင္းမရေတြ ျဖစ္တတ္ပါတယ္။ မိဘဆရာသမား ႀကီးကဲသူေတြ ထိမိခိုက္မိျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ အစီအစဥ္ေတြ လြဲေခ်ာ္သြားတတ္တယ္။ အလုပ္မွာ အေႏွာက္အယွက္ အၿပိဳင္အဆိုင္ေတြ ေပၚလာမယ္။ ေငြေရးေၾကးေရး ႐ႈပ္ေထြးတတ္ပါတယ္။ ရပ္ေဝးပစၥည္းေတြေရာက္လာတာ၊ ရပ္ေဝးမိတ္ေဆြေမာင္ႏွမက အကူအညီေကာင္းေပးတာ ႏိုင္ငံျခား၊ လူမ်ိဳးျခား အဆက္အသြယ္ေကာင္းရတာ၊ ရပ္ေဝးေအာက္လက္ငယ္သားရဲ႕ သတင္းေကာင္း ၾကားတာ၊ ျပႆနာတစ္ခု ႀကီးႀကီးမားမား ရွင္းရေတာ့မလိုနဲ႔ အဆင္ေျပသြားတာေတြ ႀကံဳလိမ့္မယ္။ အခ်စ္ေရးအိမ္ေထာင္ေရးကေတာ့ အေတာ့ကို သတိထားဖို႔လိုပါတယ္။ လမ္းခြဲရမတတ္ ျဖစ္ ကုန္တတ္ပါတယ္။ ခရီးတိုေတြလည္း တစ္ခုၿပီးတစ္ခု သြားေနရတတ္တယ္။ အေရးႀကီးတဲ့ စာရြက္စာ တမ္းေတြ ပ်က္စီးေပ်ာက္ဆံုးတာ၊ စာခ်ဳပ္စာတမ္းမွားတာ၊ ကတိေပးမွားတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ က်န္းမာေရး ဆိုးဆိုးဝါးဝါးမရွိလွေပမဲ့ ခြဲစိတ္ကုသမႈနဲ႔ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး ပတ္သက္ရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၈/၄။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေမၿမိဳ႕ပန္း ၅ ပြင့္ ညြန္႔လွဴပါေလ။



တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေဆြမ်ိဳးမိတ္ေဆြအတြက္ ေဆး႐ံုေဆးခန္း၊ ဒါမွမဟုတ္ ႐ံုးေတြဂါတ္ေတြ ေရာက္ရတတ္ပါတယ္။ ပစၥည္းတစ္ခု အဝယ္အေရာင္းကိစၥ ျပႆနာျဖစ္တတ္တယ္။ ေအာက္လက္ငယ္သား အိမ္ကထြက္သြားတာ၊ သူတစ္ပါးကိစၥ ေခါင္းခံရွင္းရတာ၊ တမင္ရန္စ ေႏွာက္ယွက္ခံရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ရပ္ေဝးမိတ္ေဆြ၊ ေဆြမ်ိဳးေတြက အကူအညီေကာင္း ေပးလာလိမ့္မယ္။ ဝမ္းသာစရာ စာေတြ၊ အဆက္အသြယ္ေတြ ေရာက္လာမယ္။ ေနရာထိုင္ခင္း၊ အေဆာက္အဦးကိစၥ အေျခအေနေကာင္း ႀကံဳလာမယ္။ ေကာင္းေသာခရီးေဝး သြားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အထစ္အေငါ့ေလးေတြ ႀကံဳၿပီးတဲ့ေနာက္ ေကာင္းေသာ အေျခအေနကို ေျပာင္းသြားပါလိမ့္မယ္။ က်န္းမာေရးအေနနဲ႔ အမ်ိဳးသမီးဆိုရင္ အမ်ိဳးသမီးေရာဂါ၊ အမ်ိဳးသား ဆိုရင္ အစာအိမ္နဲ႔ပတ္သက္လို႔ သတိထား ပါ။ ပညာေရးကိစၥ၊ သင္တန္းကိစၥ အေျခအေနေကာင္းႀကံဳမယ္။ ဆရာေကာင္းသမားေကာင္းေတြ ေတြ႕မယ္။ ကိုယ့္ရဲ႕ဆရာရင္းထဲက ဆုထူးဂုဏ္ထူး ရတာမ်ိဳးႀကံဳမယ္။ ေငြေတြလည္း ေဝါကနဲ ဝင္လာတတ္ပါတယ္။ ေဈးဆိုင္မွာ စကားမ်ားရတဲ့အျဖစ္မ်ိဳး ႀကံဳရတတ္ပါတယ္။ တစ္ေယာက္တည္း ႀကိတ္ၿပီး ေျဖရွင္းရမယ့္ ျပႆနာတစ္ခု ႀကံဳလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၅/၅။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ စံပယ္ ၈ ကံုး လွဴပါေလ။



အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ခက္ခဲၾကန္႔ၾကာေနတဲ့ ကိစၥေတြ အဆင္ေျပသြားမယ္။ အမ်ိဳးသမီးတစ္ဦးရဲ႕ အကူအညီေကာင္း ရလိမ့္မယ္။ စပ္တူလုပ္ငန္း စီစဥ္ရတတ္ပါတယ္။ အဲ့ဒီအလုပ္ ေအာင္ျမင္မယ္။ မိသားစုအတြင္း အဆင္မေျပျဖစ္ေနတဲ့ ကိစၥတစ္ခု အဆင္ေျပသြားမယ္။ ပစၥည္းတစ္ခု အဝယ္ အေရာင္းကိစၥမွာေတာ့ ညွိမရႏိႈင္းမရ ျဖစ္ေနပါလိမ့္မယ္။ အိမ္သားတစ္ေယာက္ လိမ့္က်ေခ်ာ္လဲတာ၊ လက္မွာခိုက္မိတာေတြ ျဖစ္တတ္ပါတယ္။ ဓာတ္ပံုကိစၥ၊ စာရြက္စာတမ္းကိစၥ၊ ပစၥည္းငွားတဲ့ကိစၥ ျပႆနာ ျဖစ္တတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပစိတ္ခ်မ္းသာရမယ္။ အိမ္ေထာင္မရွိေသးသူမ်ား မဂၤလာကိစၥ စီစဥ္ရတတ္ပါတယ္။ အလုပ္အဆက္အသြယ္ေကာင္း၊ အခြင့္အေရးေကာင္းေပၚလာတာ၊ အက်ိဳးထူးခရီးေဝးသြားရတာ၊ ဆံုးၿပီလို႔ထင္ထားတဲ့ ေငြေတြ၊ ပစၥည္းေတြ ဝင္လာတာ၊ ဝင္ေငြသိသိသာသာ တိုးတာေတြ ႀကံဳရတတ္ပါတယ္။ ေရာဂါတစ္ခု ေပ်ာက္မွန္းမသိ ေပ်ာက္သြားမယ္။ ဆရာသမား ႀကီးကဲသူေတြရဲ႕ အထင္အျမင္ လြဲျခင္းကို ခံရတတ္တယ္။ အတို႔အေထာင္ေခ်ာက္တြန္းလုပ္တာမ်ိဳးေတြ ခံရတတ္ပါတယ္။ သြားရင္းလာရင္းနဲ႔ စကားမ်ားရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေဇာ္စိမ္း ၈ ညြန္႔လွဴပါေလ။



ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေနရင္းထိုင္ရင္း စိတ္တိုေနရတတ္ပါတယ္။ စိတ္နဲ႔ကိုယ္နဲ႔မကပ္ဘဲ ျဖစ္ေနမယ္။ တဇြတ္ထိုးလုပ္မိၿပီး အမွားေတြ ႀကံဳရတတ္ပါတယ္။ အတတ္ႏိုင္ဆံုး အနားယူသင့္တဲ့ ကာလပါပဲ။ မိတ္ေဆြရင္းေတြ၊ ေမာင္ႏွမသားေတြအတြက္ စိတ္႐ႈပ္ရတတ္တယ္။ ေသခ်ာစီစဥ္ထားတဲ့ကိစၥေတြ လြဲေခ်ာ္ကုန္တတ္တယ္။ ေနေရးထိုင္ေရး အေဆာက္အဦကိစၥ မတင္မက် ျဖစ္ရတတ္ပါတယ္။ သူတစ္ပါးကိစၥ ၾကားဝင္ေျဖရွင္းေပးရတတ္တယ္။ မလုပ္ခ်င္တဲ့အလုပ္၊ မသြားခ်င္တဲ့ခရီး ႀကံဳရတတ္ပါတယ္။ မိန္းမတစ္ေယာက္ကဒုကၡေပးလာ တတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ ဝင္တတ္တယ္။ ဘာသာေရး လုပ္ငန္းေတြ ေအာင္ျမင္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ ေအာင္ျမင္မယ္။ ဆရာသမားေတြက အကူအညီေကာင္း ေပးလာလိမ့္မယ္။ ေဆြမ်ိဳးသားခ်င္းထဲက အလွဴပြဲ၊ မဂၤလာပြဲ လုပ္ျဖစ္လိမ့္မယ္။ ျပႆနာႀကီးတစ္ခု အလိုလိုရွင္းသြားလိမ့္မယ္။ မိမိကို ရန္လုပ္ေနသူေတြ သူ႔တရားသူ စီရင္သြားလိမ့္မယ္။ ေငြေတြ၊ ပစၥည္းေတြ ေပ်ာက္တာ၊ အထားမွားတာေတြ ႀကံဳရတတ္ပါတယ္။ အလုပ္မွာ ေကာင္းေသာအလွည့္ အေျပာင္းေတြ ႀကံဳလာမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း စိတ္ေအးခ်မ္းသာ စရာေတြ ႀကံဳလာပါလိမ့္မယ္။ ကံအက်ိဳးေပးဂဏန္း ၇/၁။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ သေျပ ၆ ညြန္႔ လွဴပါေလ။



ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အစစအရာရာ သတိရွိဖို႔ အေရးႀကီးပါတယ္။ ျပႆနာေတြ မ်ားတတ္တယ္။ မိသားစုက ကိုယ့္အေပၚမွာ အထင္အျမင္လြဲတတ္တယ္။ က်န္းမာေရးညံ့တာ၊ ေငြေတြ၊ ပစၥည္းေတြ ပ်က္စီးေပ်ာက္ဆံုးတာ၊ အမႈအခင္းလိုမ်ိဳး ရွင္းရလင္းရတာေတြ ႀကံဳရတတ္ပါတယ္။ ခရီးမ်ားမ်ားသြားေနေလ ေကာင္းေလပါပဲ။ အိပ္ရာ ေရႊ႕အိပ္သင့္ပါတယ္။ ထိတ္လန္႔ေျခာက္ျခားစရာေတြ၊ နိမိတ္ဆိုးေတြ ေတြ႕ရႀကံဳရ ၾကားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အေျခအေန တင္းတင္းမာမာ ျဖစ္တတ္တယ္။ လူႀကီးေတြဝင္႐ႈပ္လို႔ ပိုဆိုးသြားတတ္ပါတယ္။ ခက္ခဲထစ္ေငါ့ေနတဲ့ ပစၥည္းအေရာင္းအဝယ္ကိစၥ ေအာင္ျမင္မယ္။ ေအာက္လက္ငယ္သားရဲ႕ သတင္းေကာင္းၾကားမယ္။ ျပႆနာျဖစ္ေနသူေတြနဲ႔ သင့္ျမတ္အဆင္ေျပသြားမယ္။ ဆရာေဟာင္းသမားေဟာင္းေတြနဲ႔ ျပန္ဆံုရတတ္တယ္။ ပညာေရး သင္တန္းအစီစဥ္ေတြ ပ်က္မလိုလိုနဲ႔ ေအာင္ျမင္သြားလိမ့္မယ္။ ေငြေရးေၾကးေရးကေတာ့ ေတာ္ေတာ္ညံ့ပါတယ္။ ကိုယ့္အလုပ္အျပင္ တာဝန္အပိုေတြ ထမ္းေဆာင္ရတတ္ပါတယ္။ အလွဴကိစၥ၊ ဘာသာေရးကိစၥ စိတ္႐ႈပ္ရတတ္ပါတယ္။ ေနရာထိုင္ခင္းနဲ႔ ပတ္သက္လာရင္လည္း ဟိုမွာေနရမလို ဒီမွာေနရမလို ျဖစ္ေနတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၈/၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ခေရ ၈ ညြန္႔လွဴပါေလ။



ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ဝင္ေငြ သိသိသာသာ တိုးလာမယ္။ ရာထူးတက္သလို အခြင့္အေရးေကာင္းေတြ ႀကံဳလိမ့္မယ္။ မိတ္ေဆြေမာင္ႏွမတို႔ရဲ႕ အကူအညီေကာင္းေတြ လည္း ရတတ္တယ္။ ရပ္ေဝးဆရာသမား ႀကီးကဲသူေတြကလည္း ကူညီပံ့ပိုးလာတတ္ပါတယ္။ အေရးႀကီးစာရြက္စာတမ္းေတြ ပ်က္စီးေပ်ာက္ဆံုးတတ္တယ္။ စာခ်ဳပ္စာတမ္း၊ စာရင္းဇယား အမွားအယြင္းႀကံဳတတ္တယ္။ အဖိုးတန္ပစၥည္းတစ္ခု ဝယ္ဖို႔ေရာင္းဖို႔ မတင္မက်၊ မေရမရာျဖစ္ေနမယ္။ မိသားစုထဲက က်န္းမာေရး အသဲအသန္ျဖစ္တတ္တယ္။ ေအာက္လက္ငယ္သား ေျခေထာက္၊ ခါး ဒုကၡေပးလိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပ စိတ္ခ်မ္းသာရမယ္။ ႀကီးကဲသူေတြက ကူညီလာၾကလိမ့္မယ္။ ႐ုတ္တရက္ အႏၱရာယ္ႀကံဳတာ၊ အပူေလာင္တာ၊ ေရခ်ိဳးမွားတာေတြ သတိထားပါ။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြကေတာ့ အဆင္ေျပေအာင္ျမင္မယ္။ ရပ္ေဝးခရီး သြားရတတ္ပါတယ္။ မထင္မွတ္တဲ့ေနရာက ေငြေတြ၊ ပစၥည္းေတြ ဝင္လာတတ္တယ္။ ေငြအဝင္ၾကမ္းသလို အထြက္လည္း ၾကမ္းေနတတ္ပါတယ္။ လူလိမ္လူညာ ေတြ႕တတ္တယ္။ ႏိုင္ငံရပ္ျခားခရီး စီစဥ္ေနသူေတြ အထေျမာက္ ေအာင္ျမင္သြားလိမ့္္မယ္။ ကံအက်ိဳးေပးဂဏန္း ၃/၉။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ပန္း ၃ မ်ိဳး လွဴပါေလ။



စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ကံနည္းနည္းကေလး ညံ့တယ္။ ဆိုးဆိုးဝါးဝါးေတာ့ မဟုတ္ပါဘူး။ စိတ္ကေတာ့ အလြန္ညစ္ရမယ္။ လုပ္သမွ်ႀကံသမွ် အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနမယ္။ စိတ္တိုင္းမက်စရာေတြ ႀကံဳေနမယ္။ အလုပ္လည္း မနားရေအာင္ ႐ႈပ္မယ္။ ကိုယ့္ကိစၥထက္ သူတစ္ပါးရဲ႕ကိစၥေတြက ပိုၿပီး႐ႈပ္ေန တတ္တယ္။ အေရးႀကီးတဲ့အလုပ္ေတြ လစ္ဟင္းခြ်တ္ေခ်ာ္သြားတတ္ပါတယ္။ အလုပ္မွာ အထစ္အေငါ့ ေတြ မ်ားတတ္တယ္။ ပစၥည္းတစ္ခုအတြက္ ျငင္းခုန္ေျဖရွင္းရတတ္တယ္။ လက္ဝတ္ရတနာေတြ ထြက္တတ္တယ္။ မိတ္ေဆြ၊ ေမာင္ႏွမတို႔ရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရး စိတ္႐ႈပ္ရလိမ့္မယ္။ အေဆာက္အဦးကိစၥ၊ ေနရာကိစၥ အေျပာင္းအေရႊ႕ကိစၥေတြ အဆင္ေျပေအာင္ျမင္မယ္။ ေအာက္လက္ငယ္သားအတြက္ စိတ္ခ်မ္းသာရမယ္။ အပူေလာင္တာ၊ ဓာတ္လိုက္တာ၊ အဖိုးတန္ပစၥည္းေတြ ပ်က္စီးဆံုး႐ံႈးတာ၊ သူခိုးခိုးခံရတာေတြ ႀကံဳတတ္ပါတယ္။ မိဘဆရာသမားတို႔ရဲ႕ အျမင္မၾကည္မလင္ျခင္းကို ခံရတတ္တယ္။ ပညာေရး၊ သင္တန္း အစီအစဥ္ေတြမွာ စိတ္မပါဘဲျဖစ္လာမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းသာဖြယ္ သတင္းေကာင္းေတြ ၾကားရတတ္တယ္။ ေပ်ာ္ရႊင္ဖြယ္ခရီးေတြ သြားရတတ္တယ္။ ဝမ္းသာစရာ စာေတြ၊ သတင္းေတြ ေရာက္လာတတ္ပါတယ္။ ေငြေရးေၾကးေရးအတြက္လည္း အင္မတန္ စိတ္ခ်မ္းသာရမယ္။ မျဖစ္စေလာက္နဲ႔ ျပင္းျပင္းထန္ထန္ ေျဖရွင္းရတတ္တာကိုေတာ့ သတိျပဳသင့္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၁/၅။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေရွာက္သီးသုပ္ ကပ္လွဴပါေလ။



သေဗၺဓမၼာ

ဇင္ေယာ္နီ
crd redot

ဇင်ယော်နီ တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁၈ မတ် ၁၂ မှ ၁၈ )

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းတွေ ကြုံတတ်ပါတယ်။ ခရီးကိစ္စ တွေ လွဲချော်မယ်။ ခြေထောက်မှာ ထိခိုက်မိတတ်ပါတယ်။ မိသားစုနဲ့ စိတ်သဘော ကြီးစွာကွဲရတတ် တယ်။ ညှိမရနှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ မိဘဆရာသမား ကြီးကဲသူတွေ ထိမိခိုက်မိဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အစီအစဉ်တွေ လွဲချော်သွားတတ်တယ်။ အလုပ်မှာ အနှောက်အယှက် အပြိုင်အဆိုင်တွေ ပေါ်လာမယ်။ ငွေရေးကြေးရေး ရှုပ်ထွေးတတ်ပါတယ်။ ရပ်ဝေးပစ္စည်းတွေရောက်လာတာ၊ ရပ်ဝေးမိတ်ဆွေမောင်နှမက အကူအညီကောင်းပေးတာ နိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ်ကောင်းရတာ၊ ရပ်ဝေးအောက်လက်ငယ်သားရဲ့ သတင်းကောင်း ကြားတာ၊ ပြဿနာတစ်ခု ကြီးကြီးမားမား ရှင်းရတော့မလိုနဲ့ အဆင်ပြေသွားတာတွေ ကြုံလိမ့်မယ်။ အချစ်ရေးအိမ်ထောင်ရေးကတော့ အတော့ကို သတိထားဖို့လိုပါတယ်။ လမ်းခွဲရမတတ် ဖြစ် ကုန်တတ်ပါတယ်။ ခရီးတိုတွေလည်း တစ်ခုပြီးတစ်ခု သွားနေရတတ်တယ်။ အရေးကြီးတဲ့ စာရွက်စာ တမ်းတွေ ပျက်စီးပျောက်ဆုံးတာ၊ စာချုပ်စာတမ်းမှားတာ၊ ကတိပေးမှားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေး ဆိုးဆိုးဝါးဝါးမရှိလှပေမဲ့ ခွဲစိတ်ကုသမှုနဲ့ တစ်မျိုးမဟုတ်တစ်မျိုး ပတ်သက်ရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/၄။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မေမြို့ပန်း ၅ ပွင့် ညွန့်လှူပါလေ။



တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆွေမျိုးမိတ်ဆွေအတွက် ဆေးရုံဆေးခန်း၊ ဒါမှမဟုတ် ရုံးတွေဂါတ်တွေ ရောက်ရတတ်ပါတယ်။ ပစ္စည်းတစ်ခု အဝယ်အရောင်းကိစ္စ ပြဿနာဖြစ်တတ်တယ်။ အောက်လက်ငယ်သား အိမ်ကထွက်သွားတာ၊ သူတစ်ပါးကိစ္စ ခေါင်းခံရှင်းရတာ၊ တမင်ရန်စ နှောက်ယှက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ရပ်ဝေးမိတ်ဆွေ၊ ဆွေမျိုးတွေက အကူအညီကောင်း ပေးလာလိမ့်မယ်။ ဝမ်းသာစရာ စာတွေ၊ အဆက်အသွယ်တွေ ရောက်လာမယ်။ နေရာထိုင်ခင်း၊ အဆောက်အဦးကိစ္စ အခြေအနေကောင်း ကြုံလာမယ်။ ကောင်းသောခရီးဝေး သွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့လေးတွေ ကြုံပြီးတဲ့နောက် ကောင်းသော အခြေအနေကို ပြောင်းသွားပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အမျိုးသမီးဆိုရင် အမျိုးသမီးရောဂါ၊ အမျိုးသား ဆိုရင် အစာအိမ်နဲ့ပတ်သက်လို့ သတိထား ပါ။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အခြေအနေကောင်းကြုံမယ်။ ဆရာကောင်းသမားကောင်းတွေ တွေ့မယ်။ ကိုယ့်ရဲ့ဆရာရင်းထဲက ဆုထူးဂုဏ်ထူး ရတာမျိုးကြုံမယ်။ ငွေတွေလည်း ဝေါကနဲ ဝင်လာတတ်ပါတယ်။ ဈေးဆိုင်မှာ စကားများရတဲ့အဖြစ်မျိုး ကြုံရတတ်ပါတယ်။ တစ်ယောက်တည်း ကြိတ်ပြီး ဖြေရှင်းရမယ့် ပြဿနာတစ်ခု ကြုံလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၅။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ စံပယ် ၈ ကုံး လှူပါလေ။



အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေ အဆင်ပြေသွားမယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်း ရလိမ့်မယ်။ စပ်တူလုပ်ငန်း စီစဉ်ရတတ်ပါတယ်။ အဲ့ဒီအလုပ် အောင်မြင်မယ်။ မိသားစုအတွင်း အဆင်မပြေဖြစ်နေတဲ့ ကိစ္စတစ်ခု အဆင်ပြေသွားမယ်။ ပစ္စည်းတစ်ခု အဝယ် အရောင်းကိစ္စမှာတော့ ညှိမရနှိုင်းမရ ဖြစ်နေပါလိမ့်မယ်။ အိမ်သားတစ်ယောက် လိမ့်ကျချော်လဲတာ၊ လက်မှာခိုက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဓာတ်ပုံကိစ္စ၊ စာရွက်စာတမ်းကိစ္စ၊ ပစ္စည်းငှားတဲ့ကိစ္စ ပြဿနာ ဖြစ်တတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေစိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသေးသူများ မင်္ဂလာကိစ္စ စီစဉ်ရတတ်ပါတယ်။ အလုပ်အဆက်အသွယ်ကောင်း၊ အခွင့်အရေးကောင်းပေါ်လာတာ၊ အကျိုးထူးခရီးဝေးသွားရတာ၊ ဆုံးပြီလို့ထင်ထားတဲ့ ငွေတွေ၊ ပစ္စည်းတွေ ဝင်လာတာ၊ ဝင်ငွေသိသိသာသာ တိုးတာတွေ ကြုံရတတ်ပါတယ်။ ရောဂါတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ ဆရာသမား ကြီးကဲသူတွေရဲ့ အထင်အမြင် လွဲခြင်းကို ခံရတတ်တယ်။ အတို့အထောင်ချောက်တွန်းလုပ်တာမျိုးတွေ ခံရတတ်ပါတယ်။ သွားရင်းလာရင်းနဲ့ စကားများရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ဇော်စိမ်း ၈ ညွန့်လှူပါလေ။



ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ နေရင်းထိုင်ရင်း စိတ်တိုနေရတတ်ပါတယ်။ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ဖြစ်နေမယ်။ တဇွတ်ထိုးလုပ်မိပြီး အမှားတွေ ကြုံရတတ်ပါတယ်။ အတတ်နိုင်ဆုံး အနားယူသင့်တဲ့ ကာလပါပဲ။ မိတ်ဆွေရင်းတွေ၊ မောင်နှမသားတွေအတွက် စိတ်ရှုပ်ရတတ်တယ်။ သေချာစီစဉ်ထားတဲ့ကိစ္စတွေ လွဲချော်ကုန်တတ်တယ်။ နေရေးထိုင်ရေး အဆောက်အဦကိစ္စ မတင်မကျ ဖြစ်ရတတ်ပါတယ်။ သူတစ်ပါးကိစ္စ ကြားဝင်ဖြေရှင်းပေးရတတ်တယ်။ မလုပ်ချင်တဲ့အလုပ်၊ မသွားချင်တဲ့ခရီး ကြုံရတတ်ပါတယ်။ မိန်းမတစ်ယောက်ကဒုက္ခပေးလာ တတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်တတ်တယ်။ ဘာသာရေး လုပ်ငန်းတွေ အောင်မြင်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အောင်မြင်မယ်။ ဆရာသမားတွေက အကူအညီကောင်း ပေးလာလိမ့်မယ်။ ဆွေမျိုးသားချင်းထဲက အလှူပွဲ၊ မင်္ဂလာပွဲ လုပ်ဖြစ်လိမ့်မယ်။ ပြဿနာကြီးတစ်ခု အလိုလိုရှင်းသွားလိမ့်မယ်။ မိမိကို ရန်လုပ်နေသူတွေ သူ့တရားသူ စီရင်သွားလိမ့်မယ်။ ငွေတွေ၊ ပစ္စည်းတွေ ပျောက်တာ၊ အထားမှားတာတွေ ကြုံရတတ်ပါတယ်။ အလုပ်မှာ ကောင်းသောအလှည့် အပြောင်းတွေ ကြုံလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်အေးချမ်းသာ စရာတွေ ကြုံလာပါလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၇/၁။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သပြေ ၆ ညွန့် လှူပါလေ။



ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိရှိဖို့ အရေးကြီးပါတယ်။ ပြဿနာတွေ များတတ်တယ်။ မိသားစုက ကိုယ့်အပေါ်မှာ အထင်အမြင်လွဲတတ်တယ်။ ကျန်းမာရေးညံ့တာ၊ ငွေတွေ၊ ပစ္စည်းတွေ ပျက်စီးပျောက်ဆုံးတာ၊ အမှုအခင်းလိုမျိုး ရှင်းရလင်းရတာတွေ ကြုံရတတ်ပါတယ်။ ခရီးများများသွားနေလေ ကောင်းလေပါပဲ။ အိပ်ရာ ရွှေ့အိပ်သင့်ပါတယ်။ ထိတ်လန့်ခြောက်ခြားစရာတွေ၊ နိမိတ်ဆိုးတွေ တွေ့ရကြုံရ ကြားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အခြေအနေ တင်းတင်းမာမာ ဖြစ်တတ်တယ်။ လူကြီးတွေဝင်ရှုပ်လို့ ပိုဆိုးသွားတတ်ပါတယ်။ ခက်ခဲထစ်ငေါ့နေတဲ့ ပစ္စည်းအရောင်းအဝယ်ကိစ္စ အောင်မြင်မယ်။ အောက်လက်ငယ်သားရဲ့ သတင်းကောင်းကြားမယ်။ ပြဿနာဖြစ်နေသူတွေနဲ့ သင့်မြတ်အဆင်ပြေသွားမယ်။ ဆရာဟောင်းသမားဟောင်းတွေနဲ့ ပြန်ဆုံရတတ်တယ်။ ပညာရေး သင်တန်းအစီစဉ်တွေ ပျက်မလိုလိုနဲ့ အောင်မြင်သွားလိမ့်မယ်။ ငွေရေးကြေးရေးကတော့ တော်တော်ညံ့ပါတယ်။ ကိုယ့်အလုပ်အပြင် တာဝန်အပိုတွေ ထမ်းဆောင်ရတတ်ပါတယ်။ အလှူကိစ္စ၊ ဘာသာရေးကိစ္စ စိတ်ရှုပ်ရတတ်ပါတယ်။ နေရာထိုင်ခင်းနဲ့ ပတ်သက်လာရင်လည်း ဟိုမှာနေရမလို ဒီမှာနေရမလို ဖြစ်နေတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ခရေ ၈ ညွန့်လှူပါလေ။



သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ဝင်ငွေ သိသိသာသာ တိုးလာမယ်။ ရာထူးတက်သလို အခွင့်အရေးကောင်းတွေ ကြုံလိမ့်မယ်။ မိတ်ဆွေမောင်နှမတို့ရဲ့ အကူအညီကောင်းတွေ လည်း ရတတ်တယ်။ ရပ်ဝေးဆရာသမား ကြီးကဲသူတွေကလည်း ကူညီပံ့ပိုးလာတတ်ပါတယ်။ အရေးကြီးစာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးတတ်တယ်။ စာချုပ်စာတမ်း၊ စာရင်းဇယား အမှားအယွင်းကြုံတတ်တယ်။ အဖိုးတန်ပစ္စည်းတစ်ခု ဝယ်ဖို့ရောင်းဖို့ မတင်မကျ၊ မရေမရာဖြစ်နေမယ်။ မိသားစုထဲက ကျန်းမာရေး အသဲအသန်ဖြစ်တတ်တယ်။ အောက်လက်ငယ်သား ခြေထောက်၊ ခါး ဒုက္ခပေးလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေ စိတ်ချမ်းသာရမယ်။ ကြီးကဲသူတွေက ကူညီလာကြလိမ့်မယ်။ ရုတ်တရက် အန္တရာယ်ကြုံတာ၊ အပူလောင်တာ၊ ရေချိုးမှားတာတွေ သတိထားပါ။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေကတော့ အဆင်ပြေအောင်မြင်မယ်။ ရပ်ဝေးခရီး သွားရတတ်ပါတယ်။ မထင်မှတ်တဲ့နေရာက ငွေတွေ၊ ပစ္စည်းတွေ ဝင်လာတတ်တယ်။ ငွေအဝင်ကြမ်းသလို အထွက်လည်း ကြမ်းနေတတ်ပါတယ်။ လူလိမ်လူညာ တွေ့တတ်တယ်။ နိုင်ငံရပ်ခြားခရီး စီစဉ်နေသူတွေ အထမြောက် အောင်မြင်သွားလိမ့််မယ်။ ကံအကျိုးပေးဂဏန်း ၃/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ပန်း ၃ မျိုး လှူပါလေ။



စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ ကံနည်းနည်းကလေး ညံ့တယ်။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ စိတ်ကတော့ အလွန်ညစ်ရမယ်။ လုပ်သမျှကြံသမျှ အလွဲလွဲအချော်ချော်ဖြစ်နေမယ်။ စိတ်တိုင်းမကျစရာတွေ ကြုံနေမယ်။ အလုပ်လည်း မနားရအောင် ရှုပ်မယ်။ ကိုယ့်ကိစ္စထက် သူတစ်ပါးရဲ့ကိစ္စတွေက ပိုပြီးရှုပ်နေ တတ်တယ်။ အရေးကြီးတဲ့အလုပ်တွေ လစ်ဟင်းချွတ်ချော်သွားတတ်ပါတယ်။ အလုပ်မှာ အထစ်အငေါ့ တွေ များတတ်တယ်။ ပစ္စည်းတစ်ခုအတွက် ငြင်းခုန်ဖြေရှင်းရတတ်တယ်။ လက်ဝတ်ရတနာတွေ ထွက်တတ်တယ်။ မိတ်ဆွေ၊ မောင်နှမတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ရှုပ်ရလိမ့်မယ်။ အဆောက်အဦးကိစ္စ၊ နေရာကိစ္စ အပြောင်းအရွှေ့ကိစ္စတွေ အဆင်ပြေအောင်မြင်မယ်။ အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာရမယ်။ အပူလောင်တာ၊ ဓာတ်လိုက်တာ၊ အဖိုးတန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ၊ သူခိုးခိုးခံရတာတွေ ကြုံတတ်ပါတယ်။ မိဘဆရာသမားတို့ရဲ့ အမြင်မကြည်မလင်ခြင်းကို ခံရတတ်တယ်။ ပညာရေး၊ သင်တန်း အစီအစဉ်တွေမှာ စိတ်မပါဘဲဖြစ်လာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာဖွယ် သတင်းကောင်းတွေ ကြားရတတ်တယ်။ ပျော်ရွှင်ဖွယ်ခရီးတွေ သွားရတတ်တယ်။ ဝမ်းသာစရာ စာတွေ၊ သတင်းတွေ ရောက်လာတတ်ပါတယ်။ ငွေရေးကြေးရေးအတွက်လည်း အင်မတန် စိတ်ချမ်းသာရမယ်။ မဖြစ်စလောက်နဲ့ ပြင်းပြင်းထန်ထန် ဖြေရှင်းရတတ်တာကိုတော့ သတိပြုသင့်ပါတယ်။ ကံအကျိုးပေးဂဏန်း ၁/၅။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ရှောက်သီးသုပ် ကပ်လှူပါလေ။



သဗ္ဗေဓမ္မာ

ဇင်ယော်နီ
crd redot

Leave a Reply

Your email address will not be published. Required fields are marked *