၂၀၁၈ ခုႏွစ္အတြက္ ရာသီခြင္အလိုက္ ျပဳျပင္သင့္သည့္ အားနည္းခ်က္မ်ား

၂၀၁၈ ခုႏွစ္အတြက္ ရာသီခြင္အလိုက္ ျပဳျပင္သင့္သည့္ အားနည္းခ်က္မ်ား

ခုေဖာ္ျပေပးမယ့္ အရာေလးေတြကေတာ့ ၂၀၁၈ ခုႏွစ္အတြင္း ရာသီခြင္အလိုက္ ျပဳျပင္ရမယ့္ အားနည္းခ်က္ေလးေတြျဖစ္ပါတယ္။ ဒီအရာေလးေတြကို ျပဳျပင္ျပီး ေအာင္ျမင္တဲ့ ဘဝကို ရရွိႏိုင္ၾကပါေစေနာ္။

Aries (March 21 – April 19)

သင္ဟာ သင့္ရဲ႕ေဒါသကို မခ်ဳပ္တီးႏိုင္တဲ့ အခက္အခဲေတြကို ဒီႏွစ္အတြင္းမွာ ရင္ဆိုင္ရမွာပါ။ သင္သိထားရမွာက သင့္ဘဝရဲ႕ ပန္းတိုင္၊ ရည္မွန္းခ်က္ကို ေရာက္ရွိဖို႔ ေဒါသကိိုခ်ဳပ္တီးျပီး စိတ္ရွည္သည္းခံရမယ္ဆိုတာကိုပါ။

Taurus (April 20 – May 21)

ဒီႏွစ္အတြင္း သင္ဟာ ေခါင္းမာလြနး္ျခင္းေၾကာင့္ အခက္အခဲေတြကို ၾကံဳရမွာပါ။ သင့္ရဲ႕ ပင္ကိုယ္ကိုက ေခါင္းအလြန္မာတတ္တဲ့ သေဘာရွိတာေၾကာင့္ ယခင္ႏွစ္ေတြတုန္းကလည္း ေခါင္းမာလြန္းတာေၾကာင့္ ျပႆနာေတြကို ေတြ႕ၾကံဳခဲ့ျပီးပါျပီ။ ေခါင္းမာတာ တစ္ခါတေလေတာ့ ေကာင္းေပမယ့္ အျမဲတမ္းေတာ့ မေကာင္းဘူးဆိုတာ သတိရပါ။


Gemini (May 22 – June 21)

သင္ဟာ ဒီႏွစ္အတြင္းမွာ စိတ္တည္ျငိမ္ဖို႔နဲ႔ ပတ္ဝန္းက်င္နဲ႔ ေလ်ာ္ကန္သင့္ျမတ္ေအာင္ ေနဖို႔ ၾကိဳးစားရမွာပါ။ သင္ဟာ ေမထုန္ရာသီဖြားတစ္ေယာက္အေနနဲ႔ လူဝင္ဆံ့ျပီး ေပါင္းသင္းဆက္ဆံတတ္သူပါ။ ဒါေပမယ့္လည္း သင့္ရဲ႕စိ္တ္ေတြ ေထြျပားျပီး ေယာင္ေျခာက္ဆယ္ျဖစ္ေနတတ္တာေၾကာင့္ တည္တည္ၾကည္ၾကည္စိတ္ထားႏိုင္ေအာင္ ၾကိဳးစားရပါမယ္။



Cancer (June 22 – July 22)

ဒီႏွစ္အတြင္းမွာ သင္ဟာ အခက္အခဲေတြၾကားက ေဖာက္ထြက္ဖို႔ၾကိဳးစားရမွာပါ။ ေလာကၾကီးက ေနရတာေပ်ာ္စရာဆိုေပမယ့္ အျမဲတမ္းေတာ့မဟုတ္ပါဘူး။ ကိိုယ္ကိုယ္တိုင္ အနာခံျပီး ၾကိဳးစား၊ အခက္အခဲၾကားက ေဖာက္ထြက္ဖို႔ လိုတယ္ဆိုတာ မေမ့ပါနဲ႔။


Leo (July 23 – August 22)

သင္ဟာ ပ်င္းရိျခင္းေတြကို ဒီႏွစ္အတြင္းမွာေဖ်ာက္ဖ်က္ႏိုင္ေအာင္ ၾကိဳးစားပါ။ သင္ဟာ အရာရာကို အဆင္သင့္ျဖစ္ေနေစခ်င္တဲ့ သူမ်ိဳးပါ။ သင့္ကိုယ္သင္ ဘဝင္ျမင့္ေနတတ္ျပီး သင့္အနားကလူေတြက သင့္အတြက္ လုပ္ေပးသင့္တယ္လို႔ ထင္ေနတတ္ပါတယ္။ ဒါေပမယ့္ လူတုိင္းဟာ ကိိုယ့္အလုပ္နဲ႔ ကိိုယ္ရွိသလို၊ ကိုယ့္ကိုယ္ကိုလည္း တာဝန္ယူတတ္ရတယ္ဆိုတာ သိထားပါ။


Virgo (August 23 – September 22)

ဒီႏွစ္မွာသင္ဟာ စကားေျပာဆိုပံုကို သင္ယူရမွာပါ။ သင္ေျပာခ်င္တဲ့စကားကို အစီအစဥ္တက် ေျပာဆိုတတ္ဖို႔ ေလ့က်င့္ရပါမယ္။ လူေရွ႕ထြက္ျပီးစကားေျပာရမယ့္ အခ်ိန္ေတြဆုိလည္း ေသေသခ်ာခ်ာ ၾကိဳတင္ျပင္ဆင္ေလ့က်င့္ျပီးမွ သြားပါ။ မဟုတ္ရင္ေတာ့ ေဇာေခၽြးေတြျပန္ျပီး အရွက္တကြဲျဖစ္ေနရပါမယ္။



Libra (September 23 – October 22)

ဒီႏွစ္အတြင္းမွာ သင္ဟာ အရာအားလံုးနဲ႔ ျငိမး္ခ်မ္းစြာေနတတ္ေအာင္၊ လိုက္ေလ်ာညီေထြ ေနတတ္ေအာင္ ၾကိဳးစားရပါမယ္။ ဒါဟာ သင့္အနားကသူေတြ သင့္ကိုစြန္႔မသြားဖို႔ အေရးၾကီးဆံုးအခ်က္ပါ။ သူမ်ားကို ျခယ္လွယ္တာေတြ၊ သူမ်ားအေၾကာင့္ အရမး္ဝင္စြက္ဖက္တာေတြ မလုပ္ပါနဲ႔။


Scorpio (October 23 – November 22)

သင့္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို ေကာင္းမြန္စြာ ထိန္းသိမ္းတတ္ဖို႔ ၾကိဳးစားပါ။ တစ္ခ်ိဳ႕အရာေတြဟာ ထုတ္မေျပာဘဲ လွ်ိဳ႕ဝွက္ထားတာ အေကာင္းဆံုးဆိုတာ သတိရပါ။ သင္က ရိုးရိုးသားသား စိတ္သန္႔သန္႔နဲ႔ တစ္ဖက္လူကိုေျပာလိုက္ေပမယ့္ မလိုလားအပ္တဲ့ ျပႆနာေတြ အမ်ားၾကီး ဆက္ျဖစ္လာႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။


Sagittarius (November 23 – December 21)

သင့္ရဲ႕ကတိေတြကို တည္ႏိုင္ေအာင္ ၾကိဳးစားပါ။ သင္ဟာ ကတိလြယ္လြယ္ေပးတတ္သူပီပီ တစ္ခ်ိဳ႕ကတိေတြကိိုလည္း မတည္ႏိုင္ျပန္ပါဘူး။ သင္ဟာ အခက္အခဲနည္းနည္း ၾကံဳရတာနဲ႔ လက္ေလွ်ာ့လိုက္တတ္တဲ့ သူျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ နည္းနည္းေလးဆက္သည္းခံလိုက္ရင္ ရရွိမယ့္ ေအာင္ျမင္မႈေတြနဲ႔ လြဲေခ်ာ္ေနရတာပါ။



Capricorn (December 22 – January 20)

သင္ဟာ ဒီႏွစ္အတြင္းမွာ ခြင့္လႊတ္တတ္ဖို႔ သင္ယူပါ။ သင္ဟာ အရမး္ကိုအျငိဳးၾကီးျပီး ရက္စက္တဲ့ စိတ္ေနစိတ္ထား ရွိသူပါ။ သူတစ္ပါးကို ခြင့္မလႊတ္ႏိုင္တာ ကိုယ့္ကိုယ္ကို ဒဏ္ေပးေနတာနဲ႔ အတူတူပါပဲ။


Aquarius (January 21 – February 18)

ဒီႏွစ္မွာလည္း အရင္ႏွ္စ္ေတြလိုပဲ စိတ္ခံစားခ်က္ကို ထိန္းတတ္ဖို႔ သင္ယူပါ။ သင္ဟာ ဘာမဟုတ္တဲ့ အေသးအမႊားေလးေတြကအစ အၾကီးအက်ယ္ လိုက္ခံစားေနတတ္တဲ့သူပါ။ သင့္ရဲ႕စိတ္ခံစားခ်က္ကို ဦးစားေပးလြန္းတဲ့အတြက္ အခက္အခဲေတြ၊ ျပႆနာေတြ ရင္ဆိုင္ရတတ္ပါတယ္။


Pisces (February 19 – March 20)

ဒီႏွစ္မွာသင္ဟာ သူတစ္ပါးကို ယံုလြယ္လြန္းတဲ့အက်င့္ကို ျပင္ရပါမယ္။ သူတစ္ပါးကို အလြယ္တကူယံုစားတတ္တဲ့ သင့္အက်င့္ဟာ အႏၱရာယ္မ်ားလွပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာေတာ့ လူေတြကို အထူးသတိထားဖို႔ လိုပါတယ္။

၂၀၁၈ ခုနှစ်အတွက် ရာသီခွင်အလိုက် ပြုပြင်သင့်သည့် အားနည်းချက်များ

ခုဖော်ပြပေးမယ့် အရာလေးတွေကတော့ ၂၀၁၈ ခုနှစ်အတွင်း ရာသီခွင်အလိုက် ပြုပြင်ရမယ့် အားနည်းချက်လေးတွေဖြစ်ပါတယ်။ ဒီအရာလေးတွေကို ပြုပြင်ပြီး အောင်မြင်တဲ့ ဘဝကို ရရှိနိုင်ကြပါစေနော်။

Aries (March 21 – April 19)

သင်ဟာ သင့်ရဲ့ဒေါသကို မချုပ်တီးနိုင်တဲ့ အခက်အခဲတွေကို ဒီနှစ်အတွင်းမှာ ရင်ဆိုင်ရမှာပါ။ သင်သိထားရမှာက သင့်ဘဝရဲ့ ပန်းတိုင်၊ ရည်မှန်းချက်ကို ရောက်ရှိဖို့ ဒေါသကိိုချုပ်တီးပြီး စိတ်ရှည်သည်းခံရမယ်ဆိုတာကိုပါ။

Taurus (April 20 – May 21)

ဒီနှစ်အတွင်း သင်ဟာ ခေါင်းမာလွနး်ခြင်းကြောင့် အခက်အခဲတွေကို ကြုံရမှာပါ။ သင့်ရဲ့ ပင်ကိုယ်ကိုက ခေါင်းအလွန်မာတတ်တဲ့ သဘောရှိတာကြောင့် ယခင်နှစ်တွေတုန်းကလည်း ခေါင်းမာလွန်းတာကြောင့် ပြဿနာတွေကို တွေ့ကြုံခဲ့ပြီးပါပြီ။ ခေါင်းမာတာ တစ်ခါတလေတော့ ကောင်းပေမယ့် အမြဲတမ်းတော့ မကောင်းဘူးဆိုတာ သတိရပါ။



Gemini (May 22 – June 21)

သင်ဟာ ဒီနှစ်အတွင်းမှာ စိတ်တည်ငြိမ်ဖို့နဲ့ ပတ်ဝန်းကျင်နဲ့ လျော်ကန်သင့်မြတ်အောင် နေဖို့ ကြိုးစားရမှာပါ။ သင်ဟာ မေထုန်ရာသီဖွားတစ်ယောက်အနေနဲ့ လူဝင်ဆံ့ပြီး ပေါင်းသင်းဆက်ဆံတတ်သူပါ။ ဒါပေမယ့်လည်း သင့်ရဲ့စိ်တ်တွေ ထွေပြားပြီး ယောင်ခြောက်ဆယ်ဖြစ်နေတတ်တာကြောင့် တည်တည်ကြည်ကြည်စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။


Cancer (June 22 – July 22)

ဒီနှစ်အတွင်းမှာ သင်ဟာ အခက်အခဲတွေကြားက ဖောက်ထွက်ဖို့ကြိုးစားရမှာပါ။ လောကကြီးက နေရတာပျော်စရာဆိုပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး။ ကိိုယ်ကိုယ်တိုင် အနာခံပြီး ကြိုးစား၊ အခက်အခဲကြားက ဖောက်ထွက်ဖို့ လိုတယ်ဆိုတာ မမေ့ပါနဲ့။


Leo (July 23 – August 22)

သင်ဟာ ပျင်းရိခြင်းတွေကို ဒီနှစ်အတွင်းမှာဖျောက်ဖျက်နိုင်အောင် ကြိုးစားပါ။ သင်ဟာ အရာရာကို အဆင်သင့်ဖြစ်နေစေချင်တဲ့ သူမျိုးပါ။ သင့်ကိုယ်သင် ဘဝင်မြင့်နေတတ်ပြီး သင့်အနားကလူတွေက သင့်အတွက် လုပ်ပေးသင့်တယ်လို့ ထင်နေတတ်ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ ကိိုယ့်အလုပ်နဲ့ ကိိုယ်ရှိသလို၊ ကိုယ့်ကိုယ်ကိုလည်း တာဝန်ယူတတ်ရတယ်ဆိုတာ သိထားပါ။


Virgo (August 23 – September 22)

ဒီနှစ်မှာသင်ဟာ စကားပြောဆိုပုံကို သင်ယူရမှာပါ။ သင်ပြောချင်တဲ့စကားကို အစီအစဉ်တကျ ပြောဆိုတတ်ဖို့ လေ့ကျင့်ရပါမယ်။ လူရှေ့ထွက်ပြီးစကားပြောရမယ့် အချိန်တွေဆိုလည်း သေသေချာချာ ကြိုတင်ပြင်ဆင်လေ့ကျင့်ပြီးမှ သွားပါ။ မဟုတ်ရင်တော့ ဇောချွေးတွေပြန်ပြီး အရှက်တကွဲဖြစ်နေရပါမယ်။


Libra (September 23 – October 22)

ဒီနှစ်အတွင်းမှာ သင်ဟာ အရာအားလုံးနဲ့ ငြိမး်ချမ်းစွာနေတတ်အောင်၊ လိုက်လျောညီထွေ နေတတ်အောင် ကြိုးစားရပါမယ်။ ဒါဟာ သင့်အနားကသူတွေ သင့်ကိုစွန့်မသွားဖို့ အရေးကြီးဆုံးအချက်ပါ။ သူများကို ခြယ်လှယ်တာတွေ၊ သူများအကြောင့် အရမး်ဝင်စွက်ဖက်တာတွေ မလုပ်ပါနဲ့။



Scorpio (October 23 – November 22)

သင့်ရဲ့လျှို့ဝှက်ချက်တွေကို ကောင်းမွန်စွာ ထိန်းသိမ်းတတ်ဖို့ ကြိုးစားပါ။ တစ်ချို့အရာတွေဟာ ထုတ်မပြောဘဲ လျှို့ဝှက်ထားတာ အကောင်းဆုံးဆိုတာ သတိရပါ။ သင်က ရိုးရိုးသားသား စိတ်သန့်သန့်နဲ့ တစ်ဖက်လူကိုပြောလိုက်ပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဆက်ဖြစ်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။


Sagittarius (November 23 – December 21)

သင့်ရဲ့ကတိတွေကို တည်နိုင်အောင် ကြိုးစားပါ။ သင်ဟာ ကတိလွယ်လွယ်ပေးတတ်သူပီပီ တစ်ချို့ကတိတွေကိိုလည်း မတည်နိုင်ပြန်ပါဘူး။ သင်ဟာ အခက်အခဲနည်းနည်း ကြုံရတာနဲ့ လက်လျှော့လိုက်တတ်တဲ့ သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ နည်းနည်းလေးဆက်သည်းခံလိုက်ရင် ရရှိမယ့် အောင်မြင်မှုတွေနဲ့ လွဲချော်နေရတာပါ။


Capricorn (December 22 – January 20)

သင်ဟာ ဒီနှစ်အတွင်းမှာ ခွင့်လွှတ်တတ်ဖို့ သင်ယူပါ။ သင်ဟာ အရမး်ကိုအငြိုးကြီးပြီး ရက်စက်တဲ့ စိတ်နေစိတ်ထား ရှိသူပါ။ သူတစ်ပါးကို ခွင့်မလွှတ်နိုင်တာ ကိုယ့်ကိုယ်ကို ဒဏ်ပေးနေတာနဲ့ အတူတူပါပဲ။


Aquarius (January 21 – February 18)

ဒီနှစ်မှာလည်း အရင်နှ်စ်တွေလိုပဲ စိတ်ခံစားချက်ကို ထိန်းတတ်ဖို့ သင်ယူပါ။ သင်ဟာ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကအစ အကြီးအကျယ် လိုက်ခံစားနေတတ်တဲ့သူပါ။ သင့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးလွန်းတဲ့အတွက် အခက်အခဲတွေ၊ ပြဿနာတွေ ရင်ဆိုင်ရတတ်ပါတယ်။


Pisces (February 19 – March 20)

ဒီနှစ်မှာသင်ဟာ သူတစ်ပါးကို ယုံလွယ်လွန်းတဲ့အကျင့်ကို ပြင်ရပါမယ်။ သူတစ်ပါးကို အလွယ်တကူယုံစားတတ်တဲ့ သင့်အကျင့်ဟာ အန္တရာယ်များလှပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ လူတွေကို အထူးသတိထားဖို့ လိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *