ဆဲ၍ ေခ်ရေသာ ယၾတာဆန္းတစ္မ်ိဳး

ဆဲ၍ ေခ်ရေသာ ယၾတာဆန္းတစ္မ်ိဳး
*****************

တစ္ေန႔တြင္ ကြၽႏု္ပ္ထံသို႔ ကိုေက်ာ္ေဇာဆိုသူ တစ္ဦး ေရာက္ရွိလာေလ၏။ သူသည္ တစ္ခါက ေမာ္လၿမိဳင္တြင္ က်ဴရွင္ဆရာ လုပ္ဖူးေလ၏။ ယခု အခါ၌မူ သေဘၤာေအးဂ်င့္ အလုပ္ကိုလုပ္ေနေသာ ေၾကာင့္ အေတာ္အတန္ ခ်မ္းသာေနၿပီျဖစ္၏။ ယခုအခါတြင္ ထိုသူသည္ ႐ုပ္ရွင္မင္းသမီးတစ္ဦးႏွင့္ အိမ္ေထာင္က်ေနၿပီဟုလည္း သိရသည္။
၎င္းကိုေက်ာ္ေဇာသည္ ကြၽႏု္ပ္ႏွင့္ေတြ႕လွ်င္ ေတြ႕ခ်င္း “ကြၽန္ေတာ္ ဒုကၡအႀကီးအက်ယ္ေတြ႕ေနၿပီ။ ဆရာ ကယ္ပါဦး”ဟု ေျပာေလေတာ့၏။
“ဘယ္လိုဒုကၡမ်ဳိးလည္း ကိုေက်ာ္ေဇာရဲ႕ ေျပာပါဦး”ဟု ကြၽႏ္ုပ္က ေမးလိုက္ရာ ၎က

“ဆရာ့ကိုေတာ့ အမွန္အတိုင္း ေျပာရမွာေပါ့ ေလ။ ကြၽန္ေတာ္ တာ၀န္ယူၿပီး ႏိုင္ငံျခားသေဘၤာ လိုက္ခ်င္တဲ့ လူေတြကို သေဘၤာေပၚတင္ေပးမယ္ဆို ၿပီး ေငြေတြ ယူထားတာေပါ့ဗ်ာ။ ဒါေပမဲ့ ကြၽန္ေတာ့္ ေအးဂ်င့္က အစစ္မဟုတ္ဘူးဗ် အတုႀကီးျဖစ္ေန တယ္။ ကြၽန္ေတာ္တို႔ ယံုေအာင္လို႔ေတာ့ သံႀကိဳး အတုေတြ ဘာေတြကိုထုတ္ၿပီး ျပရတာေပါ့ဗ်ာ။ တစ္ ေယာက္ တစ္ေယာက္ဆီက ယူထားတာ သိန္းတစ္ရာ ေလာက္စီ ရွိတယ္ဗ်။ အခုေတာ့ အဲဒီလူေတြက ကြၽန္ေတာ့္အိမ္ေရွ႕မွာ ေစာင့္ေနၾကၿပီ။ ကြၽန္ေတာ္ ေခါင္းကို တုတ္နဲ႔႐ိုက္မယ့္ လူနဲ႔ သံခြၽန္နဲ႔ထိုးမယ့္ လူေတြေပါ့ဗ်ာ။ အမွန္အတိုင္းေျပာရင္ ကြၽန္ေတာ္ ကေတာ့ ဒီေငြေတြကို တစ္ျပားမွ ျပန္မေပးႏိုင္ဘူးဗ်။ သူတို႔ကေတာ့ ရက္ရက္စက္စက္ လုပ္ၾကေတာ့မယ္။ တိုင္တဲ့လူက တိုင္ေပါ့ ဆရာရယ္။ ကြၽန္ေတာ့္အဖို႔ ကေတာ့ လြတ္လမ္းမရွိေတာ့ပါဘူး။ ကယ္ပါဦးဆရာ ရယ္။ ဆရာ ေက်းဇူးကို ဘယ္ေတာ့မွ မေမ့ပါဘူး” ဟုေျပာေလေတာ့၏။

ကြၽႏ္ုပ္လည္း ၎ကိုေက်ာ္ေဇာကို လြန္စြာ သနားမိေလေတာ့၏။ ထို႔ေၾကာင့္ မ်က္ႏွာကို ေကာင္း ကင္ဘက္သို႔ ေမာ့ၿပီးလွ်င္ မ်က္စိကိုမွိတ္ကာ ေကာင္း ကင္မွ အာ႐ံုကို ေတာင္းၾကည့္မိေလ၏။



ကြၽႏု္ပ္ အာ႐ံုထဲတြင္ ကို ေက်ာ္ေဇာသည္ တိုက္ေခါင္မိုးတစ္ခု ေပၚ စေလာင္းႀကီး ကိုလက္ညိႇဳးေငါက္ ေငါက္ထိုး၍ မေအႏွမ ႏွင့္ကိုင္ၿပီး ဆဲေနသည္ကို ေတြ႕ရေလ၏။ ထို႔ေၾကာင့္ ကြၽႏု္ပ္က –

“ဒီမွာ ကို ေက်ာ္ေဇာ ခင္ဗ်ားအ တြက္ ယၾတာကေတာ့ ခပ္ဆန္းဆန္းပဲဗ်။ စ ေလာင္းႀကီးကို လက္ညိႇဳးေငါက္ ေငါက္ထိုးၿပီး မေအႏွမႏွင့္ ကိုင္ၿပီး ဆဲရမယ္”

ကြၽႏု္ပ္က ထိုသို႔ ေျပာလိုက္ၿပီး ကိုေက်ာ္ေဇာ လည္း လိုက္လုပ္၍ ေနာက္တစ္ေန႔တြင္ ၎ကို ရန္ျပဳမည္ဆိုေသာ လူမ်ားသည္ ပန္းေသးေခါက္ဆြဲ ထုပ္မ်ားႏွင့္ ျပန္ေရာက္လာၾကသည္။ ကုိေက်ာ္ေဇာက အံ့အားသင့္ေနစဥ္ ၎တို႔က –
“အန္ကယ့္ကို ကြၽန္ေတာ္တို႔ လက္ဖ်ားနဲ႔ ေတာင္ မထိပါဘူး၊ ရဲလည္းမတိုင္ပါဘူး။ အန္ကယ္ တစ္ခုခုျဖစ္သြားရင္ ဒါမွမဟုတ္ ရဲဖမ္းသြားရင္ ေငြ ေတြဆံုးၿပီ။ အဲဒီေတာ့ အန္ကယ္ရယ္ ကြၽန္ေတာ္ တို႔ေငြေတြျပန္ေပးပါ” ဟုဆိုကာ ေတာင္းပန္တိုးလွ်ိဳး ၾကေလ၏။ ထိုအခါ ကိုေက်ာ္ေဇာက –

“မင္းတို႔မနစ္နာေအာင္ ငါလုပ္ေပးမယ္” ဟု ဆိုၿပီး ၎င္းတို႔ေပးထားေသာ ပန္းေသး ေခါက္ဆြဲအခ်ဳိ႕ ယူကာ ကြၽႏ္ုပ္ထံသို႔ျပန္လာေလေတာ့၏။ ကြၽႏ္ုပ္ လည္း ကိုေက်ာ္ေဇာကေပးေသာ ပန္းေသးေခါက္ဆြဲ ထုပ္ တစ္ထုပ္ကို ၿမိန္ရည္ရွက္ရည္ ျဖည္၍ စားရင္း ၎ေျပာေသာ အျဖစ္အပ်က္မ်ားကို နားေထာင္ေနရ ေလေတာ့သတည္း။

မင္းသိခၤ

 

ဆဲ၍ ချေရသော ယတြာဆန်းတစ်မျိုး
*****************

တစ်နေ့တွင် ကျွနု်ပ်ထံသို့ ကိုကျော်ဇောဆိုသူ တစ်ဦး ရောက်ရှိလာလေ၏။ သူသည် တစ်ခါက မော်လမြိုင်တွင် ကျူရှင်ဆရာ လုပ်ဖူးလေ၏။ ယခု အခါ၌မူ သင်္ဘောအေးဂျင့် အလုပ်ကိုလုပ်နေသော ကြောင့် အတော်အတန် ချမ်းသာနေပြီဖြစ်၏။ ယခုအခါတွင် ထိုသူသည် ရုပ်ရှင်မင်းသမီးတစ်ဦးနှင့် အိမ်ထောင်ကျနေပြီဟုလည်း သိရသည်။
၎င်းင်းကိုကျော်ဇောသည် ကျွနု်ပ်နှင့်တွေ့လျှင် တွေ့ချင်း “ကျွန်တော် ဒုက္ခအကြီးအကျယ်တွေ့နေပြီ။ ဆရာ ကယ်ပါဦး”ဟု ပြောလေတော့၏။
“ဘယ်လိုဒုက္ခမျိုးလည်း ကိုကျော်ဇောရဲ့ ပြောပါဦး”ဟု ကျွန်ုပ်က မေးလိုက်ရာ ၎င်းက

“ဆရာ့ကိုတော့ အမှန်အတိုင်း ပြောရမှာပေါ့ လေ။ ကျွန်တော် တာဝန်ယူပြီး နိုင်ငံခြားသင်္ဘော လိုက်ချင်တဲ့ လူတွေကို သင်္ဘောပေါ်တင်ပေးမယ်ဆို ပြီး ငွေတွေ ယူထားတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အေးဂျင့်က အစစ်မဟုတ်ဘူးဗျ အတုကြီးဖြစ်နေ တယ်။ ကျွန်တော်တို့ ယုံအောင်လို့တော့ သံကြိုး အတုတွေ ဘာတွေကိုထုတ်ပြီး ပြရတာပေါ့ဗျာ။ တစ် ယောက် တစ်ယောက်ဆီက ယူထားတာ သိန်းတစ်ရာ လောက်စီ ရှိတယ်ဗျ။ အခုတော့ အဲဒီလူတွေက ကျွန်တော့်အိမ်ရှေ့မှာ စောင့်နေကြပြီ။ ကျွန်တော် ခေါင်းကို တုတ်နဲ့ရိုက်မယ့် လူနဲ့ သံချွန်နဲ့ထိုးမယ့် လူတွေပေါ့ဗျာ။ အမှန်အတိုင်းပြောရင် ကျွန်တော် ကတော့ ဒီငွေတွေကို တစ်ပြားမှ ပြန်မပေးနိုင်ဘူးဗျ။ သူတို့ကတော့ ရက်ရက်စက်စက် လုပ်ကြတော့မယ်။ တိုင်တဲ့လူက တိုင်ပေါ့ ဆရာရယ်။ ကျွန်တော့်အဖို့ ကတော့ လွတ်လမ်းမရှိတော့ပါဘူး။ ကယ်ပါဦးဆရာ ရယ်။ ဆရာ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး” ဟုပြောလေတော့၏။

ကျွန်ုပ်လည်း ၎င်းကိုကျော်ဇောကို လွန်စွာ သနားမိလေတော့၏။ ထို့ကြောင့် မျက်နှာကို ကောင်း ကင်ဘက်သို့ မော့ပြီးလျှင် မျက်စိကိုမှိတ်ကာ ကောင်း ကင်မှ အာရုံကို တောင်းကြည့်မိလေ၏။



ကျွနု်ပ် အာရုံထဲတွင် ကို ကျော်ဇောသည် တိုက်ခေါင်မိုးတစ်ခု ပေါ် စလောင်းကြီး ကိုလက်ညှိုးငေါက် ငေါက်ထိုး၍ မအေနှမ နှင့်ကိုင်ပြီး ဆဲနေသည်ကို တွေ့ရလေ၏။ ထို့ကြောင့် ကျွနု်ပ်က –

“ဒီမှာ ကို ကျော်ဇော ခင်ဗျားအ တွက် ယတြာကတော့ ခပ်ဆန်းဆန်းပဲဗျ။ စ လောင်းကြီးကို လက်ညှိုးငေါက် ငေါက်ထိုးပြီး မအေနှမနှင့် ကိုင်ပြီး ဆဲရမယ်”

ကျွနု်ပ်က ထိုသို့ ပြောလိုက်ပြီး ကိုကျော်ဇော လည်း လိုက်လုပ်၍ နောက်တစ်နေ့တွင် ၎င်းကို ရန်ပြုမည်ဆိုသော လူများသည် ပန်းသေးခေါက်ဆွဲ ထုပ်များနှင့် ပြန်ရောက်လာကြသည်။ ကိုကျော်ဇောက အံ့အားသင့်နေစဉ် ၎င်းတို့က –
“အန်ကယ့်ကို ကျွန်တော်တို့ လက်ဖျားနဲ့ တောင် မထိပါဘူး၊ ရဲလည်းမတိုင်ပါဘူး။ အန်ကယ် တစ်ခုခုဖြစ်သွားရင် ဒါမှမဟုတ် ရဲဖမ်းသွားရင် ငွေ တွေဆုံးပြီ။ အဲဒီတော့ အန်ကယ်ရယ် ကျွန်တော် တို့ငွေတွေပြန်ပေးပါ” ဟုဆိုကာ တောင်းပန်တိုးလျှိုး ကြလေ၏။ ထိုအခါ ကိုကျော်ဇောက –

“မင်းတို့မနစ်နာအောင် ငါလုပ်ပေးမယ်” ဟု ဆိုပြီး ၎င်းင်းတို့ပေးထားသော ပန်းသေး ခေါက်ဆွဲအချို့ ယူကာ ကျွန်ုပ်ထံသို့ပြန်လာလေတော့၏။ ကျွန်ုပ် လည်း ကိုကျော်ဇောကပေးသော ပန်းသေးခေါက်ဆွဲ ထုပ် တစ်ထုပ်ကို မြိန်ရည်ရှက်ရည် ဖြည်၍ စားရင်း ၎င်းပြောသော အဖြစ်အပျက်များကို နားထောင်နေရ လေတော့သတည်း။

မင်းသိင်္ခ

ျပႆဒါးရက္ဆုိသည္မွာ

ျပႆဒါးရက္ဆုိသည္မွာ

ကြ်န္ေတာ္တို႕ ျမန္မာလူမ်ိဳးတို႕တြင္ မိမိတို႕ ဓေလ့ထံုးတမ္းစဥ္လာအရ အသံုးဝင္ေသာ ေရွး ေဟာင္း ျမန္မာ့ေလာကီပညာရပ္မ်ားစြာ ရွိပါသည္။

ေရွးျမန္မာ ေလာကီပညာရွင္ႀကီးမ်ားက အေလးထား အသံုးျပဳခဲ့ၾကေသာ္လည္း ယခုအခါတြင္ တိမ္ျမဳပ္ ေပ်ာက္ကြယ္လုနီးနီးျဖစ္ေနေသာ ပညာရပ္ ေပါင္း မ်ားစြာရွိေနပါသည္။ ဥပမာအားျဖင့္ အင္း ပညာ၊ အဂၢိရတ္ပညာ၊ ေဗဒင္ပညာႏွင့္ ေလာကီ ပညာရပ္မ်ားပင္ျဖစ္ပါသည္။

ျမန္မာ့႐ိုးရာ ေလာကီပညာရပ္မ်ားတြင္လည္း ျပကၡဒိန္ေရးဆြဲသည့္ ပညာရပ္သည္ ခက္ခဲနက္နဲ သည့္ ပညာရပ္ျဖစ္ပါသည္။ ထိုသို႕ ျပကၡဒိန္ ေရးဆြဲ ရာတြင္ ရက္ေကာင္းမ်ားျဖစ္ၾကေသာ အၿမိတၲစုတ္ ရက္၊ ရက္ရာဇာရက္မ်ားရွိသကဲ့သို႕ မေကာင္းေသာ ရက္ဆိုးမ်ားျဖစ္ၾကသည့္ ဝါရမိတၲဳငယ္ရက္၊ ဝါရမိတၲဳ ႀကီးရက္၊ ျပႆဒါးရက္၊ သမားညိဳရက္၊ သမားျဖဴ ရက္၊ ရက္ယုတ္မာရက္၊ ရွမ္းရက္၊ မဟာရက္ၾကမ္း ရက္၊ ရက္ပုပ္ရက္၊ နဂါးေပၚရက္မ်ားလည္း ရွိပါ သည္။ ေရွးေလာကီပညာရွင္ႀကီးမ်ားက မဂၤလာ အမႈကိစၥမ်ား ေဆာင္ရြက္ရန္ မဂၤလာအခါေပးၾကရာ တြင္ ရက္ေကာင္း ရက္ဆိုးမ်ားကို စနစ္တက် ေရြးခ်ယ္ အသံုးျပဳခဲ့ၾကသည္။

ယခုတင္ျပေပးလိုသည္မွာ မေကာင္းက်ိဳးကို ေပးေစတတ္သည့္ ျပႆဒါးရက္ အေၾကာင္းပင္ ျဖစ္ ပါသည္။

မႏၱေလးၿမိဳ႕ မိုးေကာင္းတိုက္ ကန္ဦးဆရာ ေတာ္ဘုရားႀကီး၏ တပည့္ရင္း ဘဒၵႏၱေကာသလႅ ေထရ္ စီရင္ေရးသားအပ္ေသာ ကန္ဦးမူသဗၺမဂၤလာ အခါေပးက်မ္း တြင္ …

“တန္ခူး ဝါေခါင္၊ ထို႕ေနာင္နတ္ေတာ္

သံုးလေသာ္လွ်င္၊ မေလ်ာ္ ၾကြက္ေျမြ

ကဆုန္ေႏြႏွင့္၊ တေထြေတာ္သလင္း

ျပာသိုတြင္းမူ၊ ဆင္မင္းတသုန္

ပူးေန႕ႀကံဳရွင့္။

နယုန္မလြတ္၊ သီတင္းကြ်တ္ႏွင့္

ႏွင္းစြတ္စို႐ႊဲ၊ တပို႕တြဲမူ

မလြဲမွတ္သား၊ ဂဠဳန္က်ားတည့္။

တိမ္သားမိႈင္းညိဳ၊ မိုးမင္းစိုသည္

ဝါဆိုေခၚသံုး၊ တန္ေဆာင္မုန္းႏွင့္

ခ်မ္းဆံုးပူေျပာင္း၊ လတေပါင္းကား

မေကာင္းေန႕႐ိုင္း၊ ျခေသၤ့ဟိုင္းရွင့္

ဆိုတိုင္းေရွာင္ရွား၊ ျပႆဒါးသည္

မွတ္သားလႏွင့္ ေန႕စဥ္တည္း။

အဓိပၸါယ္ကေတာ့ …

– တန္ခူးလ၊ ဝါေခါင္လႏွင့္ နတ္ေတာ္လ မ်ားတြင္ ၾကာသပေတးေန႕ႏွင့္ စေနေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

– ကဆုန္လ၊ ေတာ္သလင္းလႏွင့္ ျပာသို လမ်ားတြင္ ဗုဒၶဟူးေန႕ႏွင့္ ေသာၾကာေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

– နယုန္လ၊ သီတင္းကြ်တ္လႏွင့္ တပို႕တြဲ လမ်ားတြင္ တနဂၤေႏြေန႕ႏွင့္ တနလၤာေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

– ဝါဆိုလ၊ တန္ေဆာင္မုန္းလႏွင့္ တေပါင္း လမ်ားတြင္ အဂၤါေန႕ႏွင့္ ရာဟု(ဗုဒၶဟူး မြန္းလြဲပိုင္း) ေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

ထိုျပႆဒါးရက္မ်ားသည္ မဂၤလာအမႈကိစၥ မ်ား မျပဳလုပ္သင့္ေသာ ရက္ဆိုးရက္ညံ့ပင္ ျဖစ္ပါ သည္။

သို႕ေသာ္လည္း ထိုျပႆဒါးရက္မ်ားတြင္ သိၾကားျပည္(နတ္ျပည္)ျပႆဒါး၊ လူ႕ျပည္ျပႆဒါး၊ နဂါးျပည္ ျပႆဒါးဟူ၍ သံုးမ်ိဳးရွိပါသည္။

တနဂၤေႏြေန႕၊ အဂၤါေန႕ႏွင့္ ၾကာသပေတး ေန႕မ်ားသည္ ျပႆဒါးေန႕ျဖစ္ေနပါက သိၾကားျပည္ (နတ္ျပည္) ျပႆဒါးျဖစ္ပါသည္။

သိၾကားျပည္(နတ္ျပည္)ျပႆဒါး ျဖစ္ပါက မဂၤလာအမႈကိစၥမ်ား မျပဳလုပ္သင့္သည္ မွန္ေသာ္ လည္း အဓိကအားျဖင့္ နတ္ႏွင့္ပတ္သက္ေသာ နတ္ ပင့္ျခင္း၊ နတ္ပြဲေပးျခင္း၊ နတ္ကျခင္း၊ ႐ိုးရာနတ္ ပူေဇာ္ျခင္းမ်ားကို လံုးဝ(လံုးဝ) မျပဳလုပ္သင့္ပါ။

တနလၤာေန႕ႏွင့္ ဗုဒၶဟူးေန႕မ်ားသည္ ျပႆဒါး ေန႕ျဖစ္ေနပါက လူ႕ျပည္ျပႆဒါး ျဖစ္ပါသည္။

လူ႕ျပည္ျပႆဒါးျဖစ္ပါက မဂၤလာအမႈကိစၥ မ်ား မျပဳလုပ္သင့္သည္မွန္ေသာ္လည္း အဓိကအား ျဖင့္ လူ႕ျပည္ႏွင့္ပတ္သက္ေသာ ထိမ္းျမားမဂၤလာ လက္ထပ္ျခင္း၊ ရွင္ျပဳနားသျခင္း၊ သားသမီးရတနာ ခြဲစိတ္ေမြးဖြားျခင္း၊ သားသမီးရတနာအမည္ေပးျခင္း၊ သားသမီးရတနာ ပုခက္တင္ျခင္း၊ ေနအိမ္သစ္တက္ ျခင္း၊ ဆိုင္သစ္ဖြင့္လွစ္ျခင္း၊ လုပ္ငန္းသစ္ထူေထာင္ ျခင္း၊ ပညာသင္ယူျခင္း၊ ေနလၾကည့္႐ႈေစျခင္း၊ ထမင္းဦး ခြံေပးျခင္း၊ အလွဴဒါနျပဳျခင္း၊ ခရီးသြား ျခင္းမ်ားကို လံုးဝ(လံုးဝ) မျပဳလုပ္သင့္ပါ။

ေသာၾကာေန႕ႏွင့္ စေနေန႕မ်ားသည္ ျပႆဒါး ေန႕ျဖစ္ေနပါက နဂါးျပည္ ျပႆဒါး ျဖစ္ပါသည္။

နဂါးျပည္ ျပႆဒါးျဖစ္ပါက မဂၤလာအမႈကိစၥ မ်ား မျပဳလုပ္သင့္သည္ မွန္ေသာ္လည္း အဓိက အားျဖင့္ ေျမႀကီးကို တူးဆြရျခင္းႏွင့္ ပတ္သက္ေသာ ပႏၷက္႐ိုက္ျခင္း၊ ေနအိမ္သစ္ေဆာက္ျခင္း၊ လယ္ယာ ထြန္ယက္ျခင္း၊ ေရတြင္းေရကန္တူးျခင္း၊ ေရနံ တူးေဖာ္ျခင္း၊ ေက်ာက္မ်က္ရတနာ တူးေဖာ္ျခင္း၊ ေရႊတူးေဖာ္ျခင္း၊ သဲေျမတူးျခင္း၊ ေက်ာက္စရစ္ တူးျခင္း၊ မ်ိဳးေစ့ႀကဲျခင္းမ်ားကို လံုးဝ(လံုးဝ) မျပဳ လုပ္သင့္ပါ။

ထို႕ေၾကာင့္ မဂၤလာအမႈကိစၥ ေဆာင္ရြက္ လိုသူမ်ားအေနျဖင့္ ျပႆဒါးရက္မ်ားကို သတိထား ေရွာင္ၾကဥ္ ေဆာင္ရြက္ၿပီး ေဘးကင္းကင္းျဖင့္ ေကာင္းက်ိဳးမ်ား ရရွိႏိုင္ၾကပါေစဟု ဆုမြန္ေကာင္း ေတာင္းေပးလ်က္ …

နကၡတ္ေဗဒင္ပညာရပ္ျဖင့္ ေကာင္းက်ိဳးျပဳ ႏိုင္ရပါေစဟု ဆုေတာင္းလ်က္ …

သိပၸါ သမံ ဓနံ နတၴိ

ဆရာေဇယ်ာမိုး(ေဝဒဗိမာန္)

ျပႆဒါးရက္ဆုိသည္မွာ

ကြ်န္ေတာ္တို႕ ျမန္မာလူမ်ိဳးတို႕တြင္ မိမိတို႕ ဓေလ့ထံုးတမ္းစဥ္လာအရ အသံုးဝင္ေသာ ေရွး ေဟာင္း ျမန္မာ့ေလာကီပညာရပ္မ်ားစြာ ရွိပါသည္။

ေရွးျမန္မာ ေလာကီပညာရွင္ႀကီးမ်ားက အေလးထား အသံုးျပဳခဲ့ၾကေသာ္လည္း ယခုအခါတြင္ တိမ္ျမဳပ္ ေပ်ာက္ကြယ္လုနီးနီးျဖစ္ေနေသာ ပညာရပ္ ေပါင္း မ်ားစြာရွိေနပါသည္။ ဥပမာအားျဖင့္ အင္း ပညာ၊ အဂၢိရတ္ပညာ၊ ေဗဒင္ပညာႏွင့္ ေလာကီ ပညာရပ္မ်ားပင္ျဖစ္ပါသည္။

ျမန္မာ့႐ိုးရာ ေလာကီပညာရပ္မ်ားတြင္လည္း ျပကၡဒိန္ေရးဆြဲသည့္ ပညာရပ္သည္ ခက္ခဲနက္နဲ သည့္ ပညာရပ္ျဖစ္ပါသည္။ ထိုသို႕ ျပကၡဒိန္ ေရးဆြဲ ရာတြင္ ရက္ေကာင္းမ်ားျဖစ္ၾကေသာ အၿမိတၲစုတ္ ရက္၊ ရက္ရာဇာရက္မ်ားရွိသကဲ့သို႕ မေကာင္းေသာ ရက္ဆိုးမ်ားျဖစ္ၾကသည့္ ဝါရမိတၲဳငယ္ရက္၊ ဝါရမိတၲဳ ႀကီးရက္၊ ျပႆဒါးရက္၊ သမားညိဳရက္၊ သမားျဖဴ ရက္၊ ရက္ယုတ္မာရက္၊ ရွမ္းရက္၊ မဟာရက္ၾကမ္း ရက္၊ ရက္ပုပ္ရက္၊ နဂါးေပၚရက္မ်ားလည္း ရွိပါ သည္။ ေရွးေလာကီပညာရွင္ႀကီးမ်ားက မဂၤလာ အမႈကိစၥမ်ား ေဆာင္ရြက္ရန္ မဂၤလာအခါေပးၾကရာ တြင္ ရက္ေကာင္း ရက္ဆိုးမ်ားကို စနစ္တက် ေရြးခ်ယ္ အသံုးျပဳခဲ့ၾကသည္။

ယခုတင္ျပေပးလိုသည္မွာ မေကာင္းက်ိဳးကို ေပးေစတတ္သည့္ ျပႆဒါးရက္ အေၾကာင္းပင္ ျဖစ္ ပါသည္။

မႏၱေလးၿမိဳ႕ မိုးေကာင္းတိုက္ ကန္ဦးဆရာ ေတာ္ဘုရားႀကီး၏ တပည့္ရင္း ဘဒၵႏၱေကာသလႅ ေထရ္ စီရင္ေရးသားအပ္ေသာ ကန္ဦးမူသဗၺမဂၤလာ အခါေပးက်မ္း တြင္ …

“တန္ခူး ဝါေခါင္၊ ထို႕ေနာင္နတ္ေတာ္

သံုးလေသာ္လွ်င္၊ မေလ်ာ္ ၾကြက္ေျမြ

ကဆုန္ေႏြႏွင့္၊ တေထြေတာ္သလင္း

ျပာသိုတြင္းမူ၊ ဆင္မင္းတသုန္

ပူးေန႕ႀကံဳရွင့္။

နယုန္မလြတ္၊ သီတင္းကြ်တ္ႏွင့္

ႏွင္းစြတ္စို႐ႊဲ၊ တပို႕တြဲမူ

မလြဲမွတ္သား၊ ဂဠဳန္က်ားတည့္။

တိမ္သားမိႈင္းညိဳ၊ မိုးမင္းစိုသည္

ဝါဆိုေခၚသံုး၊ တန္ေဆာင္မုန္းႏွင့္

ခ်မ္းဆံုးပူေျပာင္း၊ လတေပါင္းကား

မေကာင္းေန႕႐ိုင္း၊ ျခေသၤ့ဟိုင္းရွင့္

ဆိုတိုင္းေရွာင္ရွား၊ ျပႆဒါးသည္

မွတ္သားလႏွင့္ ေန႕စဥ္တည္း။

အဓိပၸါယ္ကေတာ့ …

– တန္ခူးလ၊ ဝါေခါင္လႏွင့္ နတ္ေတာ္လ မ်ားတြင္ ၾကာသပေတးေန႕ႏွင့္ စေနေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

– ကဆုန္လ၊ ေတာ္သလင္းလႏွင့္ ျပာသို လမ်ားတြင္ ဗုဒၶဟူးေန႕ႏွင့္ ေသာၾကာေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

– နယုန္လ၊ သီတင္းကြ်တ္လႏွင့္ တပို႕တြဲ လမ်ားတြင္ တနဂၤေႏြေန႕ႏွင့္ တနလၤာေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

– ဝါဆိုလ၊ တန္ေဆာင္မုန္းလႏွင့္ တေပါင္း လမ်ားတြင္ အဂၤါေန႕ႏွင့္ ရာဟု(ဗုဒၶဟူး မြန္းလြဲပိုင္း) ေန႕မ်ားသည္ ျပႆဒါးရက္မ်ား ျဖစ္ပါသည္။

ထိုျပႆဒါးရက္မ်ားသည္ မဂၤလာအမႈကိစၥ မ်ား မျပဳလုပ္သင့္ေသာ ရက္ဆိုးရက္ညံ့ပင္ ျဖစ္ပါ သည္။

သို႕ေသာ္လည္း ထိုျပႆဒါးရက္မ်ားတြင္ သိၾကားျပည္(နတ္ျပည္)ျပႆဒါး၊ လူ႕ျပည္ျပႆဒါး၊ နဂါးျပည္ ျပႆဒါးဟူ၍ သံုးမ်ိဳးရွိပါသည္။

တနဂၤေႏြေန႕၊ အဂၤါေန႕ႏွင့္ ၾကာသပေတး ေန႕မ်ားသည္ ျပႆဒါးေန႕ျဖစ္ေနပါက သိၾကားျပည္ (နတ္ျပည္) ျပႆဒါးျဖစ္ပါသည္။

သိၾကားျပည္(နတ္ျပည္)ျပႆဒါး ျဖစ္ပါက မဂၤလာအမႈကိစၥမ်ား မျပဳလုပ္သင့္သည္ မွန္ေသာ္ လည္း အဓိကအားျဖင့္ နတ္ႏွင့္ပတ္သက္ေသာ နတ္ ပင့္ျခင္း၊ နတ္ပြဲေပးျခင္း၊ နတ္ကျခင္း၊ ႐ိုးရာနတ္ ပူေဇာ္ျခင္းမ်ားကို လံုးဝ(လံုးဝ) မျပဳလုပ္သင့္ပါ။

တနလၤာေန႕ႏွင့္ ဗုဒၶဟူးေန႕မ်ားသည္ ျပႆဒါး ေန႕ျဖစ္ေနပါက လူ႕ျပည္ျပႆဒါး ျဖစ္ပါသည္။

လူ႕ျပည္ျပႆဒါးျဖစ္ပါက မဂၤလာအမႈကိစၥ မ်ား မျပဳလုပ္သင့္သည္မွန္ေသာ္လည္း အဓိကအား ျဖင့္ လူ႕ျပည္ႏွင့္ပတ္သက္ေသာ ထိမ္းျမားမဂၤလာ လက္ထပ္ျခင္း၊ ရွင္ျပဳနားသျခင္း၊ သားသမီးရတနာ ခြဲစိတ္ေမြးဖြားျခင္း၊ သားသမီးရတနာအမည္ေပးျခင္း၊ သားသမီးရတနာ ပုခက္တင္ျခင္း၊ ေနအိမ္သစ္တက္ ျခင္း၊ ဆိုင္သစ္ဖြင့္လွစ္ျခင္း၊ လုပ္ငန္းသစ္ထူေထာင္ ျခင္း၊ ပညာသင္ယူျခင္း၊ ေနလၾကည့္႐ႈေစျခင္း၊ ထမင္းဦး ခြံေပးျခင္း၊ အလွဴဒါနျပဳျခင္း၊ ခရီးသြား ျခင္းမ်ားကို လံုးဝ(လံုးဝ) မျပဳလုပ္သင့္ပါ။

ေသာၾကာေန႕ႏွင့္ စေနေန႕မ်ားသည္ ျပႆဒါး ေန႕ျဖစ္ေနပါက နဂါးျပည္ ျပႆဒါး ျဖစ္ပါသည္။

နဂါးျပည္ ျပႆဒါးျဖစ္ပါက မဂၤလာအမႈကိစၥ မ်ား မျပဳလုပ္သင့္သည္ မွန္ေသာ္လည္း အဓိက အားျဖင့္ ေျမႀကီးကို တူးဆြရျခင္းႏွင့္ ပတ္သက္ေသာ ပႏၷက္႐ိုက္ျခင္း၊ ေနအိမ္သစ္ေဆာက္ျခင္း၊ လယ္ယာ ထြန္ယက္ျခင္း၊ ေရတြင္းေရကန္တူးျခင္း၊ ေရနံ တူးေဖာ္ျခင္း၊ ေက်ာက္မ်က္ရတနာ တူးေဖာ္ျခင္း၊ ေရႊတူးေဖာ္ျခင္း၊ သဲေျမတူးျခင္း၊ ေက်ာက္စရစ္ တူးျခင္း၊ မ်ိဳးေစ့ႀကဲျခင္းမ်ားကို လံုးဝ(လံုးဝ) မျပဳ လုပ္သင့္ပါ။

ထို႕ေၾကာင့္ မဂၤလာအမႈကိစၥ ေဆာင္ရြက္ လိုသူမ်ားအေနျဖင့္ ျပႆဒါးရက္မ်ားကို သတိထား ေရွာင္ၾကဥ္ ေဆာင္ရြက္ၿပီး ေဘးကင္းကင္းျဖင့္ ေကာင္းက်ိဳးမ်ား ရရွိႏိုင္ၾကပါေစဟု ဆုမြန္ေကာင္း ေတာင္းေပးလ်က္ …

နကၡတ္ေဗဒင္ပညာရပ္ျဖင့္ ေကာင္းက်ိဳးျပဳ ႏိုင္ရပါေစဟု ဆုေတာင္းလ်က္ …

သိပၸါ သမံ ဓနံ နတၴိ

ဆရာေဇယ်ာမိုး(ေဝဒဗိမာန္)

29.3.2018 မွ 04.4.2018 အထိ တစ္ပတ္စာ

29.3.2018 မွ 04.4.2018 အထိ တစ္ပတ္စာ
၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

မိမိအစြမ္းအစတစ္ခုႏွင့္ႀကိဳးစား၍မရေပ။ မိတ္ေဆြသူငယ္ခ်င္းမ်ားရဲ႕ ဝိုင္းဝန္းကူညီမႈေတြအမ်ားႀကီး
လိုအပ္ပါတယ္။ အလုပ္နဲ႔ပက္သက္ရင္ မိမိစိတ္တိုင္းက်လုပ္ခြင့္မရ။ သူမ်ားအလိုက်လိုက္လုပ္ေပးေနရတတ္ပါတယ္။ ဒီကာလထဲအလုပ္ထြက္လိုက္ရင္ အလုပ္သစ္ျပန္ရဖို႔ ၾကန္႔ၾကာတတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းလုပ္သူမ်ား ရပ္ေဝးကေနၿပီးေတာ့ အလုပ္လာအပ္ရင္ ေသခ်ာလုပ္ေပးလိုက္ပါ။ အၿမဲတမ္းေဖာက္သည္ျဖစ္သြားပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အရွင္းမေပ်ာက္တဲ့ ေရာဂါေဟာင္း ေဝဒနာေဟာင္းေတြ ျပန္ျဖစ္ရတတ္ပါတယ္။ အခ်စ္ေရးအတြက္ စြန္႔လႊတ္စြန္႔စားခ်င္စိတ္ေတြျဖစ္ေပၚေနပါတယ္။
ခ်င့္ခ်ိန္သင့္ပါတယ္။ပညာေရးကေတာ့ ဘာသာေရးနဲ႔ပက္သက္တဲ့ ပညာရပ္ေတြ ဆည္းပူးခြင့္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၅/၆
အထူးေဟာ အၾကံအစည္ေတြလြဲေခ်ာ္ရတတ္ပါတယ္။
ယၾတာ တနဂၤေႏြေန႔ဖြား ရဟန္းတစ္ပါးကိုသကၤန္းလႉလိုက္ပါ။



တနလၤာ

ကံေကာင္းမလိုနဲ႔ ကံဆိုးသြားတတ္ပါတယ္။ စီးပြားေရးမွာ လိမၼာပါးနပ္ဖို႔လဲလိုအပ္ပါတယ္။ မိမိဆံုးျဖတ္ခ်က္မွားယြင္းပါကဆံုးရွံုးနစ္နာစရာေတြမ်ားရပါလိမ့္မယ္။ အေတြ႕အၾကံဳက အေကာင္းဆံုးဆရာအျဖစ္ကူညီပါလိမ့္မယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီး ဝိသမေလာဘမရွိေအာင္ေနပါ။ အမ်ားပိုင္ေငြမ်ား လက္မခံထားေစခ်င္ပါဘူး။ ေငြစုမဲစုျခင္းမ်ားတြင္ ဦးေဆာင္ဦးရြက္မလုပ္ပါနဲ႔အံုး။ က်န္းမာေရးအထူးေကာင္းေနပါတယ္။ စိတ္ခ်မ္းသာၿပီး ကိုယ္က်န္းမာပါလိမ့္မယ္။မိမိလိုခ်င္တာေတြ ျဖစ္ခ်င္တာေတြ တျဖည္းျဖည္းေတာ့ ျပည့္လာမွာပါ။ခ်စ္သူနဲ႔ အဆင္ေျပဖို႔ မလြယ္ကူေသးပါဘူး။ ပညာေရးကေတာ့ ေကာင္းပါတယ္။ မိမိသာစိတ္ႏွစ္ထားမယ္ဆို အတိုင္းထက္အလြန္ပါပဲ။

အက်ိဳးေပးဂဏန္း ၂/၉/၅
အထူးေဟာ ကံေကာင္းလာေတာ့မွာပါ
ယၾတာ အေမႊးတိုင္ထုပ္မ်ား သီလရွင္ဆရာေလးေတြကို လႉဒါန္းလိုက္ပါ။



အဂၤါ

အလုပ္ေတာ့ မ်ားရတတ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ကို စနစ္တက်သီမံခန္႔ခြဲတတ္ဖို႔လိုပါတယ္။ အလုပ္နဲ႔ပက္သက္ၿပီး ဝင္ေငြတိုးပါလိမ့္မယ္။ မူလလုပ္
ငန္းထက္ ခ်ဲ႕ထြင္ထားတဲ့ လုပ္ငန္းေတြကေန အက်ိဳးအျမတ္ပိုရတတ္ပါတယ္။ စက္ပစၥညး္မ်ား ေပ်ာက္ရွတတ္တဲ့ အတြက္ဂ႐ုစိုက္ရမဲ့ကာလပါ။ သတိထားရမွာက က်န္းမာေရးပါပဲ။ တေရွာင္ေရွာင္ျဖစ္လြယ္ၿပီး
ေနရထိုင္ရ ပင္ပန္းရတတ္ပါတယ္။ အေရျပားနဲ႔ပက္သက္ေသာ ေရာဂါမ်ား ျဖစ္လြယ္ပါတယ္။ အိမ္ေထာင္ေရးသတိရွိပါ။ စကားမ်ား ျပႆ နာတတ္ရတတ္ၿပီး အမ်ိဳးသား အိမ္ျပန္မလာတာမ်ိဳး ျဖစ္ရတတ္လို႔ပါပဲ။ အခ်စ္ေရးကံကေတာ့ သင့္ရံုပါပဲ။ ခ်စ္သူနဲ႔ ေတြ႕ရဆံုရဖို႔ေတာင္ အခ်ိန္မေပးႏိုင္တာမ်ိဳး ျဖစ္ရတတ္ပါတယ္။ပညာေရးကေတာ့ လုပ္ႏိုင္မွပဲရပါလိမ့္မယ္။ မိမိအေပၚမွာပဲ မူတည္ေနတဲ့ကာလပါ။

အက်ိဳးေပးဂဏန္း ၇/၀/၃
အထူးေဟာ အလုပ္ရႈပ္ေနရတတ္ပါတယ္။
ယၾတာ ဘုန္ႀကီးကုဋီေတြ သန္႔ရွင္းေရးလုပ္ပါ။



ဗုဒၶဟူး

စီးပြားေရးတိုးတတ္ဖို႔ မိမိရဲ႕ေရွး႐ိုးစြဲအယူအဆေတြကို ေခါင္းထဲကထုတ္ပစ္ပါ။ ေအာက္လက္ငယ္သားေတြရဲ႕ အၾကံဉာဏ္ကိုရယူလိုက္ပါ။ လက္ထဲရွိတဲ့ ပစၥည္းေတြကိုထုခြဲေရာင္းခ်ၿပီး အလုပ္ထဲေငြထပ္မထည့္ပါနဲ႔။ ပိုက္ဆံလာေခ်းသူေတြကို ေငြမလြယ္ေသးေၾကာင္း နားလည္ေအာင္ေျပာၿပီး ေငြမေခ်းပါနဲ႔။ ဆံုးတတ္လို႔ပါ။ သားသမီးရွိသူဆို သားသမီးေၾကာင့္ ပူပန္ေသာကေရာက္ရပါလိမ့္မယ္။ လူလြတ္မ်ား ေမြးခ်င္းေမာင္ႏွမေတြနဲ႔ စကားအေျခအတင္ျဖစ္ရတတ္ပါတယ္။ က်န္းမာေရး လံုးဝမေပါ့သင့္ပါ။ အထူးဂ႐ုစိုက္ရမဲ့ကာလပါပဲ။ အခ်စ္ေရးမွာေတာ့
အလြန္ပဲ အဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။ အခ်စ္ေရးကံေကာင္းမွာပါ။ ပညာေရးကံလဲ သင့္ပါတယ္။ မိမိလဲ ဝီရိယရွိရွိႀကိဳးစားေပါ့ဗ်။

အက်ိဳးေပးဂဏန္း ၆/၉/၅
အထူးေဟာ စိတ္ပင္ပန္း လူပင္ပန္းျဖစ္ရပါလိမ့္မယ္။
ယၾတာ လိေမၼာ္သီး ၉လံုးကို ပန္းကန္တစ္ခ်ပ္ထဲထည့္ ဘုရားကပ္လႉပါ။



ၾကာသပေတး

ေကာင္းတာလုပ္ၿပီး ေကာင္းက်ိဳးေတြအျပည့္အဝခံစားရမဲ့ကာလပါပဲ။ ဘာသာတရားမ်ားမ်ားလုပ္ျခင္းျဖင့္ ကံေကာင္းျခင္းေတြ ေရာက္လာပါလိမ့္မယ္။
ထီကံေကာင္းေနတဲ့ အတြက္ ဘုရားေစတီနဲ႔ နီးတဲ့ ထီဆိုင္မွာ ထီကံစမ္းသင့္ပါတယ္။ လုပ္ငန္းေတြလဲ
ေအာင္ျမင္တိုးတတ္ပါလိမ့္မယ္။ ဘာသာေရးနဲ႔ပက္
သက္ေသာ ပစၥည္းမ်ားလက္ေဆာင္ရပါက ကံေကာင္းတတ္ပါတယ္။ က်န္းမာေရးအထူးေကာင္းပါတယ္။ စားဝင္အိပ္ေပ်ာ္ၿပီး ေပါ့ပါးလန္းဆန္းေနပါလိမ့္မယ္။ အိမ္ေထာင္ေရးကံ အထူးပဲေကာင္းပါလိမ့္မယ္။
လက္လီထက္ လက္ကားစီးပြားေရးမ်ား အထူးအက်ိဳးေပးပါလိမ့္မယ္။ အခ်စ္ေရးကံအထူးေကာင္းပါတယ္။ ပညာေရးအတြက္စိတ္ပူပန္စရာမလိုပါဘူး။

အက်ိဳးေပးဂဏန္း ၅/၀/၆
အထူးေဟာ ကံျမင့္မားေနခ်ိန္ပါပဲ။
ယၾတာ ပြဲထိုးၿပီး ဘုရားလႉေပးပါ။



ေသာၾကာ

လက္ေတြ႕ထက္ စိတ္ကူးယဥ္မႈေတြမ်ားေနတတ္ပါတယ္။ ကံၾကမၼာကလဲ စိတ္ကူးထဲကအတိုင္းျဖစ္လာတတ္ပါတယ္။ ေငြကံအထူးပဲေကာင္းတယ္။ အဘက္ကေငြဝင္လာတတ္ပါတယ္။ အစုစပ္လုပ္ငန္းမ်ားအထူးေကာင္းပါတယ္။ ခရီးသြားလုပ္ငန္းမ်ား၊ ကုန္သြယ္မႈလုပ္ငန္းမ်ား အထူးအက်ိဳးေပးပါတယ္။
က်န္းမာေရးအတြက္အရမ္းစိတ္ပူပန္စရာမလိုပါဘူး။ ေရခ်ိဳးမွားတတ္တာမ်ိဳး ျဖစ္တတ္တဲ့အတြက္ဆင္ျခင္ရပါလိမ့္မယ္။ လူငယ္မ်ားအထူးပဲစန္းပြင့္ပါလိမ့္မယ္။ အခ်စ္စစ္နဲ႔ ေတြ႕ရျမင္ရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရးရႈပ္ေထြးမႈေတြရွိႏိုင္မဲ့ကာလပါပဲ။ ပညာေရးမွာ ဆရာေကာင္းေတြနဲ႔ အနီးကပ္သင္ၾကားခြင့္ရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၅/၆/၂
အထူးေဟာ စန္းပြင့္ေနခ်ိန္ပါပဲ။
ယၾတာ သေျပပန္းဘုရားလႉေပးပါ။



စေန

ထစ္ခနဲရွိ စိတ္တို ေဒါသထြက္ေနခ်င္းမ်ိဳးေရွာင္ေစခ်င္ပါတယ္။ ေငြရလြယ္တဲ့ ကာလဆိုေပမဲ့ ေငြကုန္ေၾကးက်လဲ အလြန္မ်ားရတတ္ပါတယ္။ ရပ္ေဝးမွ ဒုကၡေပးမဲ့သူမ်ား အိမ္ေရာက္လာတတ္ပါတယ္။
လူမ်ိဳးျခား ဘာသာျခားေတြနဲ႔ စပ္တူလုပ္ကိုင္ျခင္းမ်ိဳး
ဒီကာလမွာအထူးသတိထားပါ။ အလုပ္ထဲမွာ စိတ္မပါဘဲပ်င္းရိေနရတတ္ပါတယ္။ က်န္းမာေရးဂ႐ုစိုက္ပါ။ လမ္းေဘးအစားအစာမ်ားနဲ႔ dateလြန္ေနတဲ့ အစားအေသာက္ေတြစားမိၿပီး ဒုကၡေရာက္ရပါလိမ့္
မယ္။ အမႈေဟာင္း ျပႆ နာေဟာင္းေတြ ေပၚလာရတတ္ပါတယ္။ မိတ္ေဆြတုလား…မိတ္ေဆြစစ္လားခြဲျခားသိတတ္ဖို႔လိုပါတယ္။ အခ်စ္ေရးကံကေတာ့ အဆိုးထဲကအေကာင္းပါ။ မိမိရဲ႕ ဒုကၡေတြကို မွ်ေဝခံစားမဲ့သူပါပဲ။ ပညာေရးမွာ မိမိကိုယ္တိုင္စိတ္ဝင္စားမႈမရွိျခင္းက အဓိကအေၾကာင္းအရင္းပါပဲ။

အက်ိဳးေပးဂဏန္း ၆/၀/၁
အထူးေဟာ ကံညံ့ေနပါတယ္။
ယၾတာ အဓိ႒ာန္ပုတီးစိပ္ပါ။

၇ရက္သားသမီးအေပါင္း
ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

29.3.2018 မှ 04.4.2018 အထိ တစ်ပတ်စာ
၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

မိမိအစွမ်းအစတစ်ခုနှင့်ကြိုးစား၍မရပေ။ မိတ်ဆွေသူငယ်ချင်းများရဲ့ ဝိုင်းဝန်းကူညီမှုတွေအများကြီး
လိုအပ်ပါတယ်။ အလုပ်နဲ့ပက်သက်ရင် မိမိစိတ်တိုင်းကျလုပ်ခွင့်မရ။ သူများအလိုကျလိုက်လုပ်ပေးနေရတတ်ပါတယ်။ ဒီကာလထဲအလုပ်ထွက်လိုက်ရင် အလုပ်သစ်ပြန်ရဖို့ ကြန့်ကြာတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ ရပ်ဝေးကနေပြီးတော့ အလုပ်လာအပ်ရင် သေချာလုပ်ပေးလိုက်ပါ။ အမြဲတမ်းဖောက်သည်ဖြစ်သွားပါလိမ့်မယ်။ ကျန်းမာရေးကတော့ အရှင်းမပျောက်တဲ့ ရောဂါဟောင်း ဝေဒနာဟောင်းတွေ ပြန်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးအတွက် စွန့်လွှတ်စွန့်စားချင်စိတ်တွေဖြစ်ပေါ်နေပါတယ်။
ချင့်ချိန်သင့်ပါတယ်။ပညာရေးကတော့ ဘာသာရေးနဲ့ပက်သက်တဲ့ ပညာရပ်တွေ ဆည်းပူးခွင့်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၆
အထူးဟော အကြံအစည်တွေလွဲချော်ရတတ်ပါတယ်။
ယတြာ တနင်္ဂနွေနေ့ဖွား ရဟန်းတစ်ပါးကိုသင်္ကန်းလှူလိုက်ပါ။



တနင်္လာ

ကံကောင်းမလိုနဲ့ ကံဆိုးသွားတတ်ပါတယ်။ စီးပွားရေးမှာ လိမ္မာပါးနပ်ဖို့လဲလိုအပ်ပါတယ်။ မိမိဆုံးဖြတ်ချက်မှားယွင်းပါကဆုံးရှုံးနစ်နာစရာတွေများရပါလိမ့်မယ်။ အတွေ့အကြံုက အကောင်းဆုံးဆရာအဖြစ်ကူညီပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး ဝိသမလောဘမရှိအောင်နေပါ။ အများပိုင်ငွေများ လက်မခံထားစေချင်ပါဘူး။ ငွေစုမဲစုခြင်းများတွင် ဦးဆောင်ဦးရွက်မလုပ်ပါနဲ့အုံး။ ကျန်းမာရေးအထူးကောင်းနေပါတယ်။ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါလိမ့်မယ်။မိမိလိုချင်တာတွေ ဖြစ်ချင်တာတွေ တဖြည်းဖြည်းတော့ ပြည့်လာမှာပါ။ချစ်သူနဲ့ အဆင်ပြေဖို့ မလွယ်ကူသေးပါဘူး။ ပညာရေးကတော့ ကောင်းပါတယ်။ မိမိသာစိတ်နှစ်ထားမယ်ဆို အတိုင်းထက်အလွန်ပါပဲ။

အကျိုးပေးဂဏန်း ၂/၉/၅
အထူးဟော ကံကောင်းလာတော့မှာပါ
ယတြာ အမွှေးတိုင်ထုပ်များ သီလရှင်ဆရာလေးတွေကို လှူဒါန်းလိုက်ပါ။



အင်္ဂါ

အလုပ်တော့ များရတတ်ပါတယ်။ ဒါကြောင့် အချိန်ကို စနစ်တကျသီမံခန့်ခွဲတတ်ဖို့လိုပါတယ်။ အလုပ်နဲ့ပက်သက်ပြီး ဝင်ငွေတိုးပါလိမ့်မယ်။ မူလလုပ်
ငန်းထက် ချဲ့ထွင်ထားတဲ့ လုပ်ငန်းတွေကနေ အကျိုးအမြတ်ပိုရတတ်ပါတယ်။ စက်ပစ္စညး်များ ပျောက်ရှတတ်တဲ့ အတွက်ဂရုစိုက်ရမဲ့ကာလပါ။ သတိထားရမှာက ကျန်းမာရေးပါပဲ။ တရှောင်ရှောင်ဖြစ်လွယ်ပြီး
နေရထိုင်ရ ပင်ပန်းရတတ်ပါတယ်။ အရေပြားနဲ့ပက်သက်သော ရောဂါများ ဖြစ်လွယ်ပါတယ်။ အိမ်ထောင်ရေးသတိရှိပါ။ စကားများ ပြဿ နာတတ်ရတတ်ပြီး အမျိုးသား အိမ်ပြန်မလာတာမျိုး ဖြစ်ရတတ်လို့ပါပဲ။ အချစ်ရေးကံကတော့ သင့်ရုံပါပဲ။ ချစ်သူနဲ့ တွေ့ရဆုံရဖို့တောင် အချိန်မပေးနိုင်တာမျိုး ဖြစ်ရတတ်ပါတယ်။ပညာရေးကတော့ လုပ်နိုင်မှပဲရပါလိမ့်မယ်။ မိမိအပေါ်မှာပဲ မူတည်နေတဲ့ကာလပါ။

အကျိုးပေးဂဏန်း ရ/၀/၃
အထူးဟော အလုပ်ရှုပ်နေရတတ်ပါတယ်။
ယတြာ ဘုန်ကြီးကုဋီတွေ သန့်ရှင်းရေးလုပ်ပါ။



ဗုဒ္ဓဟူး

စီးပွားရေးတိုးတတ်ဖို့ မိမိရဲ့ရှေးရိုးစွဲအယူအဆတွေကို ခေါင်းထဲကထုတ်ပစ်ပါ။ အောက်လက်ငယ်သားတွေရဲ့ အကြံဉာဏ်ကိုရယူလိုက်ပါ။ လက်ထဲရှိတဲ့ ပစ္စည်းတွေကိုထုခွဲရောင်းချပြီး အလုပ်ထဲငွေထပ်မထည့်ပါနဲ့။ ပိုက်ဆံလာချေးသူတွေကို ငွေမလွယ်သေးကြောင်း နားလည်အောင်ပြောပြီး ငွေမချေးပါနဲ့။ ဆုံးတတ်လို့ပါ။ သားသမီးရှိသူဆို သားသမီးကြောင့် ပူပန်သောကရောက်ရပါလိမ့်မယ်။ လူလွတ်များ မွေးချင်းမောင်နှမတွေနဲ့ စကားအခြေအတင်ဖြစ်ရတတ်ပါတယ်။ ကျန်းမာရေး လုံးဝမပေါ့သင့်ပါ။ အထူးဂရုစိုက်ရမဲ့ကာလပါပဲ။ အချစ်ရေးမှာတော့
အလွန်ပဲ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အချစ်ရေးကံကောင်းမှာပါ။ ပညာရေးကံလဲ သင့်ပါတယ်။ မိမိလဲ ဝီရိယရှိရှိကြိုးစားပေါ့ဗျ။

အကျိုးပေးဂဏန်း ၆/၉/၅
အထူးဟော စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရပါလိမ့်မယ်။
ယတြာ လိမ္မော်သီး ၉လုံးကို ပန်းကန်တစ်ချပ်ထဲထည့် ဘုရားကပ်လှူပါ။



ကြာသပတေး

ကောင်းတာလုပ်ပြီး ကောင်းကျိုးတွေအပြည့်အဝခံစားရမဲ့ကာလပါပဲ။ ဘာသာတရားများများလုပ်ခြင်းဖြင့် ကံကောင်းခြင်းတွေ ရောက်လာပါလိမ့်မယ်။
ထီကံကောင်းနေတဲ့ အတွက် ဘုရားစေတီနဲ့ နီးတဲ့ ထီဆိုင်မှာ ထီကံစမ်းသင့်ပါတယ်။ လုပ်ငန်းတွေလဲ
အောင်မြင်တိုးတတ်ပါလိမ့်မယ်။ ဘာသာရေးနဲ့ပက်
သက်သော ပစ္စည်းများလက်ဆောင်ရပါက ကံကောင်းတတ်ပါတယ်။ ကျန်းမာရေးအထူးကောင်းပါတယ်။ စားဝင်အိပ်ပျော်ပြီး ပေါ့ပါးလန်းဆန်းနေပါလိမ့်မယ်။ အိမ်ထောင်ရေးကံ အထူးပဲကောင်းပါလိမ့်မယ်။
လက်လီထက် လက်ကားစီးပွားရေးများ အထူးအကျိုးပေးပါလိမ့်မယ်။ အချစ်ရေးကံအထူးကောင်းပါတယ်။ ပညာရေးအတွက်စိတ်ပူပန်စရာမလိုပါဘူး။

အကျိုးပေးဂဏန်း ၅/၀/၆
အထူးဟော ကံမြင့်မားနေချိန်ပါပဲ။
ယတြာ ပွဲထိုးပြီး ဘုရားလှူပေးပါ။


သောကြာ

လက်တွေ့ထက် စိတ်ကူးယဉ်မှုတွေများနေတတ်ပါတယ်။ ကံကြမ္မာကလဲ စိတ်ကူးထဲကအတိုင်းဖြစ်လာတတ်ပါတယ်။ ငွေကံအထူးပဲကောင်းတယ်။ အဘက်ကငွေဝင်လာတတ်ပါတယ်။ အစုစပ်လုပ်ငန်းများအထူးကောင်းပါတယ်။ ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ အထူးအကျိုးပေးပါတယ်။
ကျန်းမာရေးအတွက်အရမ်းစိတ်ပူပန်စရာမလိုပါဘူး။ ရေချိုးမှားတတ်တာမျိုး ဖြစ်တတ်တဲ့အတွက်ဆင်ခြင်ရပါလိမ့်မယ်။ လူငယ်များအထူးပဲစန်းပွင့်ပါလိမ့်မယ်။ အချစ်စစ်နဲ့ တွေ့ရမြင်ရတတ်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးရှုပ်ထွေးမှုတွေရှိနိုင်မဲ့ကာလပါပဲ။ ပညာရေးမှာ ဆရာကောင်းတွေနဲ့ အနီးကပ်သင်ကြားခွင့်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၆/၂
အထူးဟော စန်းပွင့်နေချိန်ပါပဲ။
ယတြာ သပြေပန်းဘုရားလှူပေးပါ။



စနေ

ထစ်ခနဲရှိ စိတ်တို ဒေါသထွက်နေချင်းမျိုးရှောင်စေချင်ပါတယ်။ ငွေရလွယ်တဲ့ ကာလဆိုပေမဲ့ ငွေကုန်ကြေးကျလဲ အလွန်များရတတ်ပါတယ်။ ရပ်ဝေးမှ ဒုက္ခပေးမဲ့သူများ အိမ်ရောက်လာတတ်ပါတယ်။
လူမျိုးခြား ဘာသာခြားတွေနဲ့ စပ်တူလုပ်ကိုင်ခြင်းမျိုး
ဒီကာလမှာအထူးသတိထားပါ။ အလုပ်ထဲမှာ စိတ်မပါဘဲပျင်းရိနေရတတ်ပါတယ်။ ကျန်းမာရေးဂရုစိုက်ပါ။ လမ်းဘေးအစားအစာများနဲ့ dateလွန်နေတဲ့ အစားအသောက်တွေစားမိပြီး ဒုက္ခရောက်ရပါလိမ့်
မယ်။ အမှုဟောင်း ပြဿ နာဟောင်းတွေ ပေါ်လာရတတ်ပါတယ်။ မိတ်ဆွေတုလား…မိတ်ဆွေစစ်လားခွဲခြားသိတတ်ဖို့လိုပါတယ်။ အချစ်ရေးကံကတော့ အဆိုးထဲကအကောင်းပါ။ မိမိရဲ့ ဒုက္ခတွေကို မျှဝေခံစားမဲ့သူပါပဲ။ ပညာရေးမှာ မိမိကိုယ်တိုင်စိတ်ဝင်စားမှုမရှိခြင်းက အဓိကအကြောင်းအရင်းပါပဲ။

အကျိုးပေးဂဏန်း ၆/၀/၁
အထူးဟော ကံညံ့နေပါတယ်။
ယတြာ အဓိဋ္ဌာန်ပုတီးစိပ်ပါ။

၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

လူတုိ႔အတြက္ ပီယသိဒၶိယၾတာ

လူတုိ႔အတြက္ ပီယသိဒၶိယၾတာ

“ခ်စ္စကို ရွည္ေစ၊ မုန္းစကို တိုေစ”

“မ်က္ႏွာျမင္ခ်စ္ခင္ပါေစ၊ အသံၾကား သနား ပါေစ”

“ခ်စ္ေစလို ခံတြင္းလက္ေလးသစ္ မုန္းေစ လိုလည္း ခံတြင္းလက္ေလးသစ္”

“မုန္းလွ်င္အျပစ္၊ ခ်စ္လွ်င္အက်ဳိး၊ ျမတ္ႏိုး ေတာ့ သဒၶါ”

“ခ်စ္ရတုန္း မုန္းစကားေျပာ”

“ခ်စ္လံုးလံုး မုန္းလ်ားလ်ား”

စသည္ စသည္ျဖင့္ အခ်စ္နဲ႔ပတ္သက္တဲ့ ဆို႐ိုးစကားေတြ ျမန္မာေ၀ါဟာရမွာ အမ်ားႀကီး ရွိေနပါတယ္။ လူမွန္ရင္ အခ်စ္ခံခ်င္ၾကတယ္။ လူ တိုင္းခ်စ္တာကို ခံယူလိုၾကတယ္။ လူခ်စ္လူခင္ မ်ားတဲ့သူကို မ်က္ႏွာပြင့္တယ္လို႔ ေခၚၾကတယ္။ မ်က္ႏွာပြင့္တဲ့သူကို ပီယသိဒၶိ ေပါက္တယ္လို႔ေျပာ ၾကတယ္။ ပီယဆိုတဲ့ ပါဠိေ၀ါဟာရကို ျမန္မာလို ခ်စ္ျခင္းလို႔ ျပန္ဆိုယူၾကပါတယ္။

လူေတြဟာ လူအခ်င္းခ်င္း ဆက္ဆံရင္းနဲ႔ အခ်ိန္ေတြ ကုန္လြန္သြားၾကရတယ္။ လူအခ်င္းခ်င္း ဆက္ဆံရာမွာ လူခ်စ္လူခင္မ်ားတဲ့သူဟာ တစ္ပမ္း သာပါတယ္။ စီးပြားဥစၥာရွာရာမွာလည္း လြယ္လင့္ တကူ ရွိတတ္တယ္။ ဒါေၾကာင့္ မိမိကိုယ္ကို လူေတြ ခ်စ္လာေအာင္ ႀကံေဆာင္လာၾကတယ္။ လူခ်စ္ လူခင္ေစတဲ့နည္းလမ္းေတြကို ဖြင့္ဆိုေရးသားထားတဲ့ “တက္က်မ္း” စာအုပ္ေတြလည္း အေတာ္မ်ားမ်ား ထြက္လာခဲ့ဖူးပါတယ္။ ေနာင္ကိုလည္း ဆက္ထြက္ မွာပါ။

လင္းေရာင္တင္တို႔ ငယ္ငယ္တုန္းက ဖတ္ခဲ့ ရတဲ့ ၀န္ႀကီးခ်ဳပ္ဦးႏုရဲ႕ “မိတၱဗလဋီကာ”ဆိုရင္ အခ်ဳပ္ ကေတာ့ လူခ်စ္လူခင္မ်ားေအာင္ လုပ္ယူတဲ့ နည္း လမ္းေတြကို ေဖာ္ျပထားတဲ့ က်မ္းတစ္က်မ္းပါပဲ။ ပထမဦးဆံုး စထြက္ေတာ့ “လူေပၚလူေဇာ္လုပ္နည္း” ဆိုတဲ့ နာမည္နဲ႔ ထြက္တာပါ။ ေနာက္ပိုင္းမွာ ဒီ နာမည္ဟာ စာအုပ္တစ္အုပ္အေနနဲ႔ ရင့္သီးလြန္း တယ္။ လူအခ်င္းခ်င္း အမ်ားမ်က္ခံုးေပၚ စႀကႍ ေလွ်ာက္တဲ့သေဘာ သက္၀င္လို႔ ေျပာင္းသင့္တယ္ ဆိုၿပီး ေ၀ဖန္ၾကတာနဲ႕ ဦးႏုက “မိတၱဗလဋီကာ”ဆိုၿပီး ပါဠိလို ေျပာင္းၿပီး နာမည္ေပးခဲ့တာပါ။

ဒီစာအုပ္ကိုလည္း လူႀကိဳက္မ်ားခဲ့တာပါ။ လူ အခ်င္းခ်င္း ေပါင္းသင္းဆက္ဆံေရး အဆင္ေျပေစ မယ့္ နည္းလမ္းေတြ၊ လူခ်စ္လူခင္ မ်ားေစမယ့္နည္း လမ္းေတြကို သင္ၾကား ပို႔ခ်အႀကံေပးတဲ့စာအုပ္ပါပဲ။ ဒီစာအုပ္ထဲက အေရးတႀကီး ေဖာ္ျပထားတဲ့ နည္းက ေတာ့ “လူခ်စ္လူခင္မ်ားလိုလွ်င္ ၿပံဳးပါ”တဲ့။ ဟုတ္ တယ္။ ၿပံဳးၿပံဳးရႊင္ရႊင္ ေနတတ္တဲ့သူကို လူခ်စ္လူခင္ မ်ားတာေတာ့ အမွန္ပဲ။ ကိုယ္ေတာင္မွ ငယ္ငယ္က အဲဒိစကားကို သေဘာက်ၿပီး မွန္ထဲမွာ အၿပံဳးက်င့္ခဲ့ ရတာ အေမာပဲ။

ေအာင္ျမင္တယ္လို႔ ေျပာရမယ္။ အစ္ကိုလို ခင္ခဲ့ရတဲ့ စာေရးဆရာႀကီး “ၿငိမ္းေက်ာ္”က ေျပာခဲ့ဖူး တယ္။ “လင္းေရာင္တင္က စကားေျပာရင္ ၿပံဳးၿပံဳးၿပီး ေျပာေလ့ရွိတယ္။ အဲဒါ ေကာင္းတယ္” ဆိုပဲ။ မွန္ထဲ မွာ ၿပံဳးတာ က်င့္ခဲ့တာ အက်ဳိးရွိၿပီေပါ့။ သ႐ုပ္ေဖာ္ အဖြဲ႕အႏြဲ႕ေကာင္းတဲ့ စာေရးဆရာႀကီးက ဒါကို သတိ တရ ျမင္တယ္ဆိုရင္ ေအာင္ျမင္တာပါပဲ။

တခ်ဳိ႕ကေတာ့ ၿပံဳးရမွာေတာင္ ေၾကာက္ေန သလိုပဲ။ အၿမဲတမ္း ၿပံဳးေလ့မရွိတဲ့ “သီလ၀”ဟာ စာတင္ ေလာက္ေအာင္ထိ အၿပံဳးနည္းခဲ့တယ္။ အၿပံဳးနည္းတဲ့ လူကို လူေတြ သိပ္ခ်စ္မွာမဟုတ္ဘူး။ မၿပံဳးတတ္၊ မရယ္တတ္တဲ့သူကို လူေတြခ်စ္ခင္ေအာင္ လုပ္တဲ့ နည္း မရွိေတာ့ဘူးလား။ သိပ္ သိပ္ရွိတာေပါ့။ အဲဒီလို ခ်စ္ေအာင္ခင္ေအာင္ တခ်ဳိ႕က ပစၥည္းေဆာင္ၿပီး ႀကိဳးစားၾကတယ္။ ပီယသိဒၶိအေဆာင္ရယ္လို႔ ေခၚၾက တယ္။

ပီယသိဒၶိအေဆာင္ေတြကို ေလာကီဆရာမ်ား စီရင္ေပးခဲ့ၾကတယ္။ ေဆာင္သူေတြလည္း ေအာင္ျမင္ ၾကတာေတြလည္း ရွိပါတယ္။ ကုန္းေဘာင္ေခတ္တုန္း က ကေ၀သည္ “မဖဲ”ဆိုတာ ရွိခဲ့ဖူးတယ္။ ကေ၀ သည္]မဖဲ}က ပီယသိဒၶိအေဆာင္ စီရင္တာ အေတာ္ ကြၽမ္းက်င္တယ္ဆိုပဲ။

ဒါေပမဲ့ ကေ၀သည္ဆို ေတာ့ အေဆာင္ပစၥည္းေတြကို ေအာက္လမ္းနည္းနဲ႔ လုပ္ခ်င္ လုပ္မွာေပါ့။ ဘာနဲ႔ပဲလုပ္လုပ္၊ ဘယ္လိုပဲလုပ္လုပ္ အဲဒီေခတ္က လူပ်ဳိ၊ လူရြယ္ မင္းညီမင္းသား ေတြက ကေ၀သည္ ‘ေဒၚဖဲ’ ကို အသည္းစြဲပဲ။ ေဒၚဖဲရဲ႕ ပီယသိဒၶိအေဆာင္ေတြက လည္း စြမ္းသကိုး။

အခုကိုယ္တင္ျပေပး မယ့္ ပီယသိဒၶိအေဆာင္ ေတြကေတာ့ ေလာကီပညာ ရွင္ႀကီးမ်ားရဲ႕ နည္းနိႆ်နဲ႔ စီရင္ၾကတဲ့ အေဆာင္အ ေၾကာင္းေတြပါပဲ။ တကယ္ ေတာ့ ပီယသိဒၶိဆိုတာ သာ မန္ တဏွာခ်စ္ကိစၥေတြမွာသာ အသံုးခ် တာမ်ဳိးမဟုတ္ဘဲ လူအခ်င္းခ်င္း ေမတၱာရွိလာ ေအာင္၊ သြားလမ္းလာလမ္းပြင့္လန္းေအာင္၊ စီးပြာ ေရးေဆာင္ရြက္ရာမွာ ကိုယ့္ဘက္က အခြင့္အေရးရ ေအာင္ အသံုးခ်တဲ့ အေဆာင္မ်ဳိးေတြ ျဖစ္ပါတယ္။

ဒီလိုမ်က္ႏွာပြင့္အေဆာင္ ပီယသိဒၶိအေဆာင္ ေလးေတြကို ျမန္မာ့ေလာကီနည္းပညာနဲ႔လုပ္ေဆာင္ ရာမွေတာ့ အျပစ္ကင္းစင္တဲ့ နည္းကိုပဲသံုးပါတယ္။ မိမိေမြးေန႔ နံ႔သင့္ တင့္ေလ်ာက္ပတ္တဲ့ အသားေလး ေတြနဲ႔ အ႐ုပ္ငယ္ကေလးေတြ ထုဆစ္ၿပီး ေဆာင္ထား ၾကရတာပါ။ ေခတ္အဆက္ဆက္ ေအာင္ျမင္ခဲ့ၾကတဲ့ နည္းမို႔ ဒီကေန႔အထိ က်န္ရွိေနခဲ့ၾကတာပါ။



ဘယ္သူမဆို ထုလုပ္ေဆာင္ယူထားႏိုင္ၾက ေအာင္ အလြယ္နည္းလိုပဲ ေဖာ္ျပေပးခ်င္ပါတယ္။

၁။ တနဂၤေႏြသားသမီးမ်ားဟာ “ေအာင္မဲျဖဴ သား” လက္တစ္ဆစ္ေလာက္ကို “ၾကြက္႐ုပ္”ထုၿပီး ခႏၶာကိုယ္နဲ႔မကြာေအာင္ ေဆာင္ထားရပါမယ္။

၂။ တနလၤာသားသမီးမ်ားဟာ “ကသစ္ သား”လက္တစ္ဆစ္ေလာက္ကို “ပူး႐ုပ္”ထုၿပီး ခႏၶာကိုယ္နဲ႔မကြာေအာင္ ေဆာင္ထားရပါမယ္။

၃။ အဂၤါသားသမီးမ်ားဟာ “စြယ္ေတာ္ သား”လက္တစ္ဆစ္ေလာက္ကို ‘နဂါး႐ုပ္’ထုၿပီး ခႏၶာကိုယ္နဲ႔မကြာေအာင္ ေဆာင္ထားရပါမယ္။

၄။ ဗုဒၶဟူးသားသမီးမ်ားဟာ “၀င္အူသား” လက္တစ္ဆစ္ေလာက္ကို ‘ဂဠဳန္႐ုပ္”ထုၿပီး ခႏၶာ ကိုယ္နဲ႔မကြာေအာင္ ေဆာင္ထားရပါမယ္။

၅။ ၾကာသပေတးသားသမီးမ်ားဟာ “မန္ က်ည္းသား”လက္တစ္ဆစ္ေလာက္ကို ‘က်ား႐ုပ္’ ထုၿပီး ခႏၶာကိုယ္နဲ႔မကြာေအာင္ ေဆာင္ထားရပါမယ္။

၆။ ေသာၾကာသားသမီးမ်ားဟာ “သစ္ဆိမ့္ သား”လက္တစ္ဆစ္ေလာက္ကို “ျခေသ့ၤ႐ုပ္”ထုၿပီး ခႏၶာကိုယ္နဲ႔မကြာေအာင္ ေဆာင္ထားရပါမယ္။

၇။ စေနသားသမီးမ်ားဟာ “ဒန္႔ဒလြန္ သား”လက္တစ္ဆစ္ေလာက္ကို “ဆင္႐ုပ္”ထုၿပီး ခႏၶာကိုယ္နဲ႔မကြာေအာင္ ေဆာင္ထားရပါမယ္။


အဲဒီလိုေန႔သားအလိုက္ နံသင့္သစ္သားေတြနဲ႔ အေဆာင္အ႐ုပ္ကေလး လုပ္ၿပီးၿပီးဆိုရင္ သန္႔စင္ ေအာင္ အ႐ုပ္ကေလးကို ေရေဆးရပါမယ္။ ၿပီးရင္ ေရႊသံုးထပ္ခ်ရပါမယ္။ ဘုရားဂုဏ္ေတာ္ ကိုးပါး ၃၇ ႀကိမ္ မန္းရပါမယ္။ ေမတၱသုတ္ ခုနစ္ႀကိမ္ရြတ္ဆို ရပါမယ္။ ဘုရားေရွ႕မွာ ရြတ္ဆိုၿပီး အသက္သြင္းရမွာ ျဖစ္ပါတယ္။ (ေျခေလးေခ်ာင္း မစားသံုးသူမ်ား ပို စြမ္းပါတယ္။ အထူးသျဖင့္ အမဲသား မစားသူမ်ား ရြတ္ဖတ္ပူေဇာ္မွသာ အစြမ္းထက္မွာ ျဖစ္ပါတယ္)

ဒီေနရာမွာ ေန႔သားအလိုက္ သက္ဆိုင္ရာ နံအသားေတြကို ဒီအတိုင္းလက္တစ္ဆစ္စီ ႐ိုး႐ိုး မေဆာင္ႏိုင္ဘဲ ႐ုပ္တုထုၿပီး ဂုဏ္ေတာ္ေတြ သုတ္ ေတာ္ေတြ ဘာလို႔ ရြတ္ဆိုပူေဇာ္ခိုင္းရသလဲဆိုေတာ့ အဓိပၸာယ္ရွိပါတယ္။

“႐ုပ္ရွိရင္ နာမ္ရွိမွတင့္တယ္”ဆိုတဲ့စကား အဆိုရ ႐ုပ္တုထုၿပီး ဂုဏ္ေတာ္ေတြ၊ သုတ္ေတာ္ေတြ နဲ႔ အသက္သြင္းၿပီး ေဆာင္ရတာျဖစ္ပါတယ္။

အခုေရးသားတင္ျပခဲ့တာကေတာ့ ပီယသိဒၶိ အေဆာင္အတြက္ ႐ုပ္တုထုၿပီး ေဆာင္တဲ့ ယၾတာ အေဆာင္ အစီအရင္ပဲျဖစ္ပါတယ္။ တကယ္ေတာ့ ႐ုပ္တုကို ေဆာင္တယ္ဆိုတာ ႐ုပ္တု႐ုပ္ကေလးေပး တဲ့ အစြမ္းသိဒၶိကို ရယူတာပဲျဖစ္ပါတယ္။ တကယ္ လို႔ အဲဒီ အ႐ုပ္ကေလးကို အိမ္မွာေမ့က်န္ေနခဲ့တယ္ ဆိုပါေတာ့။ ခရီးတစ္ခုကို ထြက္တဲ့အခါ အဲဒီခရီးမွာ လူခ်စ္လူခင္မ်ားဖို႔၊ ေျပာသမွ်ဆိုသမွ် ေအာင္ျမင္ဖို႔ ဘာကို အားကိုးမွာလဲ။

အလြယ္ဆံုးနည္းကေတာ့ ေမတၱာဓာတ္ ယၾတာကို အားကိုးၾကရမွာပဲ။ လူနတ္ျဗဟၼာ သတၱ၀ါ မ်ား က်န္းမာခ်မ္းသာၾကပါေစဆိုတဲ့ ေမတၱာဓာတ္ ပို႔လႊတ္ရမွာပါ။ ကိုယ္သြားတဲ့ေနရာ၊ ၿမိဳ႕ရြာ ရပ္ကြက္ မွာရွိေနၾကတဲ့ လူနတ္သတၱ၀ါတို႔ကို ေမတၱာပို႔ၿပီး သြားတဲ့အခါ အႏၲရာယ္ကင္းပါတယ္။ အေႏွာင့္ အယွက္လည္း ကင္းပါတယ္။ ေတြ႕သမွ် လူ နတ္ ေတြက ခ်စ္ခင္ကူညီၾကမွာ ျဖစ္ပါတယ္။



ေန႔စဥ္ေမတၱာပို႔ဖို႔ မေမ့ပါႏွင့္

သတိရတိုင္း ေမတၱာပို႔ပါ။ ကိုယ္နဲ႔မ်က္ႏွာခ်င္း ဆိုင္ ေတြ႕ရသူတိုင္း ဆက္ဆံရသူတိုင္းကို ေမတၱာပို႔ပါ။ “က်န္းမာ ခ်မ္းသာပါေစ”ဆိုတဲ့ စကားလံုးေလး ေျခာက္လံုးဟာ အေရအတြက္နည္းေပမယ့္ တန္ခိုး သိဒၶိ ႀကီးမားလွပါတယ္။ ေမတၱာပို႔သသူရဲ႕ ႐ုပ္ သဏၭာန္ဟာ ၾကည္လင္ရႊင္ျပၿပီး လူတကာခ်စ္ခင္ တဲ့ဓာတ္ေတြ ျဖစ္ေပၚလာေစပါတယ္။

ပီယသိဒၶိအတြက္ နံသင့္အ႐ုပ္ကေလးေတြ ေဆာင္တာလည္း ေကာင္းပါတယ္။ အခ်ိန္နဲ႔အမွ် သတိရတိုင္း ေမတၱာပို႔တဲ့ အေလ့အက်င့္ဟာလည္း ပီယသိဒၶိအတြက္ ပိုလို႔ေကာင္းပါတယ္။

ေဇယ်တုသဗၺမဂၤလံ

လင္းေရာင္တင္

လူတို့အတွက် ပီယသိဒ္ဓိယတြာ

“ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ”

“မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြား သနား ပါစေ”

“ချစ်စေလို ခံတွင်းလက်လေးသစ် မုန်းစေ လိုလည်း ခံတွင်းလက်လေးသစ်”

“မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး၊ မြတ်နိုး တော့ သဒ္ဓါ”

“ချစ်ရတုန်း မုန်းစကားပြော”

“ချစ်လုံးလုံး မုန်းလျားလျား”

စသည် စသည်ဖြင့် အချစ်နဲ့ပတ်သက်တဲ့ ဆိုရိုးစကားတွေ မြန်မာဝေါဟာရမှာ အများကြီး ရှိနေပါတယ်။ လူမှန်ရင် အချစ်ခံချင်ကြတယ်။ လူ တိုင်းချစ်တာကို ခံယူလိုကြတယ်။ လူချစ်လူခင် များတဲ့သူကို မျက်နှာပွင့်တယ်လို့ ခေါ်ကြတယ်။ မျက်နှာပွင့်တဲ့သူကို ပီယသိဒ္ဓိ ပေါက်တယ်လို့ပြော ကြတယ်။ ပီယဆိုတဲ့ ပါဠိဝေါဟာရကို မြန်မာလို ချစ်ခြင်းလို့ ပြန်ဆိုယူကြပါတယ်။

လူတွေဟာ လူအချင်းချင်း ဆက်ဆံရင်းနဲ့ အချိန်တွေ ကုန်လွန်သွားကြရတယ်။ လူအချင်းချင်း ဆက်ဆံရာမှာ လူချစ်လူခင်များတဲ့သူဟာ တစ်ပမ်း သာပါတယ်။ စီးပွားဥစ္စာရှာရာမှာလည်း လွယ်လင့် တကူ ရှိတတ်တယ်။ ဒါကြောင့် မိမိကိုယ်ကို လူတွေ ချစ်လာအောင် ကြံဆောင်လာကြတယ်။ လူချစ် လူခင်စေတဲ့နည်းလမ်းတွေကို ဖွင့်ဆိုရေးသားထားတဲ့ “တက်ကျမ်း” စာအုပ်တွေလည်း အတော်များများ ထွက်လာခဲ့ဖူးပါတယ်။ နောင်ကိုလည်း ဆက်ထွက် မှာပါ။

လင်းရောင်တင်တို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ ရတဲ့ ၀န်ကြီးချုပ်ဦးနုရဲ့ “မိတ္တဗလဋီကာ”ဆိုရင် အချုပ် ကတော့ လူချစ်လူခင်များအောင် လုပ်ယူတဲ့ နည်း လမ်းတွေကို ဖော်ပြထားတဲ့ ကျမ်းတစ်ကျမ်းပါပဲ။ ပထမဦးဆုံး စထွက်တော့ “လူပေါ်လူဇော်လုပ်နည်း” ဆိုတဲ့ နာမည်နဲ့ ထွက်တာပါ။ နောက်ပိုင်းမှာ ဒီ နာမည်ဟာ စာအုပ်တစ်အုပ်အနေနဲ့ ရင့်သီးလွန်း တယ်။ လူအချင်းချင်း အများမျက်ခုံးပေါ် စင်္ကြံ လျှောက်တဲ့သဘော သက်ဝင်လို့ ပြောင်းသင့်တယ် ဆိုပြီး ဝေဖန်ကြတာနဲ့ ဦးနုက “မိတ္တဗလဋီကာ”ဆိုပြီး ပါဠိလို ပြောင်းပြီး နာမည်ပေးခဲ့တာပါ။

ဒီစာအုပ်ကိုလည်း လူကြိုက်များခဲ့တာပါ။ လူ အချင်းချင်း ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေ မယ့် နည်းလမ်းတွေ၊ လူချစ်လူခင် များစေမယ့်နည်း လမ်းတွေကို သင်ကြား ပို့ချအကြံပေးတဲ့စာအုပ်ပါပဲ။ ဒီစာအုပ်ထဲက အရေးတကြီး ဖော်ပြထားတဲ့ နည်းက တော့ “လူချစ်လူခင်များလိုလျှင် ပြုံးပါ”တဲ့။ ဟုတ် တယ်။ ပြံုးပြံုးရွှင်ရွှင် နေတတ်တဲ့သူကို လူချစ်လူခင် များတာတော့ အမှန်ပဲ။ ကိုယ်တောင်မှ ငယ်ငယ်က အဲဒိစကားကို သဘောကျပြီး မှန်ထဲမှာ အပြံုးကျင့်ခဲ့ ရတာ အမောပဲ။

အောင်မြင်တယ်လို့ ပြောရမယ်။ အစ်ကိုလို ခင်ခဲ့ရတဲ့ စာရေးဆရာကြီး “ငြိမ်းကျော်”က ပြောခဲ့ဖူး တယ်။ “လင်းရောင်တင်က စကားပြောရင် ပြံုးပြံုးပြီး ပြောလေ့ရှိတယ်။ အဲဒါ ကောင်းတယ်” ဆိုပဲ။ မှန်ထဲ မှာ ပြံုးတာ ကျင့်ခဲ့တာ အကျိုးရှိပြီပေါ့။ သရုပ်ဖော် အဖွဲ့အနွဲ့ကောင်းတဲ့ စာရေးဆရာကြီးက ဒါကို သတိ တရ မြင်တယ်ဆိုရင် အောင်မြင်တာပါပဲ။

တချို့ကတော့ ပြံုးရမှာတောင် ကြောက်နေ သလိုပဲ။ အမြဲတမ်း ပြံုးလေ့မရှိတဲ့ “သီလဝ”ဟာ စာတင် လောက်အောင်ထိ အပြံုးနည်းခဲ့တယ်။ အပြံုးနည်းတဲ့ လူကို လူတွေ သိပ်ချစ်မှာမဟုတ်ဘူး။ မပြံုးတတ်၊ မရယ်တတ်တဲ့သူကို လူတွေချစ်ခင်အောင် လုပ်တဲ့ နည်း မရှိတော့ဘူးလား။ သိပ် သိပ်ရှိတာပေါ့။ အဲဒီလို ချစ်အောင်ခင်အောင် တချို့က ပစ္စည်းဆောင်ပြီး ကြိုးစားကြတယ်။ ပီယသိဒ္ဓိအဆောင်ရယ်လို့ ခေါ်ကြ တယ်။

ပီယသိဒ္ဓိအဆောင်တွေကို လောကီဆရာများ စီရင်ပေးခဲ့ကြတယ်။ ဆောင်သူတွေလည်း အောင်မြင် ကြတာတွေလည်း ရှိပါတယ်။ ကုန်းဘောင်ခေတ်တုန်း က ကဝေသည် “မဖဲ”ဆိုတာ ရှိခဲ့ဖူးတယ်။ ကဝေ သည်]မဖဲ}က ပီယသိဒ္ဓိအဆောင် စီရင်တာ အတော် ကျွမ်းကျင်တယ်ဆိုပဲ။

ဒါပေမဲ့ ကဝေသည်ဆို တော့ အဆောင်ပစ္စည်းတွေကို အောက်လမ်းနည်းနဲ့ လုပ်ချင် လုပ်မှာပေါ့။ ဘာနဲ့ပဲလုပ်လုပ်၊ ဘယ်လိုပဲလုပ်လုပ် အဲဒီခေတ်က လူပျို၊ လူရွယ် မင်းညီမင်းသား တွေက ကဝေသည် ‘ဒေါ်ဖဲ’ ကို အသည်းစွဲပဲ။ ဒေါ်ဖဲရဲ့ ပီယသိဒ္ဓိအဆောင်တွေက လည်း စွမ်းသကိုး။

အခုကိုယ်တင်ပြပေး မယ့် ပီယသိဒ္ဓိအဆောင် တွေကတော့ လောကီပညာ ရှင်ကြီးများရဲ့ နည်းနိဿျနဲ့ စီရင်ကြတဲ့ အဆောင်အ ကြောင်းတွေပါပဲ။ တကယ် တော့ ပီယသိဒ္ဓိဆိုတာ သာ မန် တဏှာချစ်ကိစ္စတွေမှာသာ အသုံးချ တာမျိုးမဟုတ်ဘဲ လူအချင်းချင်း မေတ္တာရှိလာ အောင်၊ သွားလမ်းလာလမ်းပွင့်လန်းအောင်၊ စီးပွာ ရေးဆောင်ရွက်ရာမှာ ကိုယ့်ဘက်က အခွင့်အရေးရ အောင် အသုံးချတဲ့ အဆောင်မျိုးတွေ ဖြစ်ပါတယ်။

ဒီလိုမျက်နှာပွင့်အဆောင် ပီယသိဒ္ဓိအဆောင် လေးတွေကို မြန်မာ့လောကီနည်းပညာနဲ့လုပ်ဆောင် ရာမှတော့ အပြစ်ကင်းစင်တဲ့ နည်းကိုပဲသုံးပါတယ်။ မိမိမွေးနေ့ နံ့သင့် တင့်လျောက်ပတ်တဲ့ အသားလေး တွေနဲ့ အရုပ်ငယ်ကလေးတွေ ထုဆစ်ပြီး ဆောင်ထား ကြရတာပါ။ ခေတ်အဆက်ဆက် အောင်မြင်ခဲ့ကြတဲ့ နည်းမို့ ဒီကနေ့အထိ ကျန်ရှိနေခဲ့ကြတာပါ။



ဘယ်သူမဆို ထုလုပ်ဆောင်ယူထားနိုင်ကြ အောင် အလွယ်နည်းလိုပဲ ဖော်ပြပေးချင်ပါတယ်။

၁။ တနင်္ဂနွေသားသမီးများဟာ “အောင်မဲဖြူ သား” လက်တစ်ဆစ်လောက်ကို “ကြွက်ရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၂။ တနင်္လာသားသမီးများဟာ “ကသစ် သား”လက်တစ်ဆစ်လောက်ကို “ပူးရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၃။ အင်္ဂါသားသမီးများဟာ “စွယ်တော် သား”လက်တစ်ဆစ်လောက်ကို ‘နဂါးရုပ်’ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၄။ ဗုဒ္ဓဟူးသားသမီးများဟာ “၀င်အူသား” လက်တစ်ဆစ်လောက်ကို ‘ဂဠုန်ရုပ်”ထုပြီး ခန္ဓာ ကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၅။ ကြာသပတေးသားသမီးများဟာ “မန် ကျည်းသား”လက်တစ်ဆစ်လောက်ကို ‘ကျားရုပ်’ ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၆။ သောကြာသားသမီးများဟာ “သစ်ဆိမ့် သား”လက်တစ်ဆစ်လောက်ကို “ခြသေ့င်္ရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။

၇။ စနေသားသမီးများဟာ “ဒန့်ဒလွန် သား”လက်တစ်ဆစ်လောက်ကို “ဆင်ရုပ်”ထုပြီး ခန္ဓာကိုယ်နဲ့မကွာအောင် ဆောင်ထားရပါမယ်။


အဲဒီလိုနေ့သားအလိုက် နံသင့်သစ်သားတွေနဲ့ အဆောင်အရုပ်ကလေး လုပ်ပြီးပြီးဆိုရင် သန့်စင် အောင် အရုပ်ကလေးကို ရေဆေးရပါမယ်။ ပြီးရင် ရွှေသုံးထပ်ချရပါမယ်။ ဘုရားဂုဏ်တော် ကိုးပါး ၃၇ ကြိမ် မန်းရပါမယ်။ မေတ္တသုတ် ခုနစ်ကြိမ်ရွတ်ဆို ရပါမယ်။ ဘုရားရှေ့မှာ ရွတ်ဆိုပြီး အသက်သွင်းရမှာ ဖြစ်ပါတယ်။ (ခြေလေးချောင်း မစားသုံးသူများ ပို စွမ်းပါတယ်။ အထူးသဖြင့် အမဲသား မစားသူများ ရွတ်ဖတ်ပူဇော်မှသာ အစွမ်းထက်မှာ ဖြစ်ပါတယ်)

ဒီနေရာမှာ နေ့သားအလိုက် သက်ဆိုင်ရာ နံအသားတွေကို ဒီအတိုင်းလက်တစ်ဆစ်စီ ရိုးရိုး မဆောင်နိုင်ဘဲ ရုပ်တုထုပြီး ဂုဏ်တော်တွေ သုတ် တော်တွေ ဘာလို့ ရွတ်ဆိုပူဇော်ခိုင်းရသလဲဆိုတော့ အဓိပ္ပာယ်ရှိပါတယ်။

“ရုပ်ရှိရင် နာမ်ရှိမှတင့်တယ်”ဆိုတဲ့စကား အဆိုရ ရုပ်တုထုပြီး ဂုဏ်တော်တွေ၊ သုတ်တော်တွေ နဲ့ အသက်သွင်းပြီး ဆောင်ရတာဖြစ်ပါတယ်။

အခုရေးသားတင်ပြခဲ့တာကတော့ ပီယသိဒ္ဓိ အဆောင်အတွက် ရုပ်တုထုပြီး ဆောင်တဲ့ ယတြာ အဆောင် အစီအရင်ပဲဖြစ်ပါတယ်။ တကယ်တော့ ရုပ်တုကို ဆောင်တယ်ဆိုတာ ရုပ်တုရုပ်ကလေးပေး တဲ့ အစွမ်းသိဒ္ဓိကို ရယူတာပဲဖြစ်ပါတယ်။ တကယ် လို့ အဲဒီ အရုပ်ကလေးကို အိမ်မှာမေ့ကျန်နေခဲ့တယ် ဆိုပါတော့။ ခရီးတစ်ခုကို ထွက်တဲ့အခါ အဲဒီခရီးမှာ လူချစ်လူခင်များဖို့၊ ပြောသမျှဆိုသမျှ အောင်မြင်ဖို့ ဘာကို အားကိုးမှာလဲ။

အလွယ်ဆုံးနည်းကတော့ မေတ္တာဓာတ် ယတြာကို အားကိုးကြရမှာပဲ။ လူနတ်ဗြဟ္မာ သတ္တဝါ များ ကျန်းမာချမ်းသာကြပါစေဆိုတဲ့ မေတ္တာဓာတ် ပို့လွှတ်ရမှာပါ။ ကိုယ်သွားတဲ့နေရာ၊ မြို့ရွာ ရပ်ကွက် မှာရှိနေကြတဲ့ လူနတ်သတ္တဝါတို့ကို မေတ္တာပို့ပြီး သွားတဲ့အခါ အန္တရာယ်ကင်းပါတယ်။ အနှောင့် အယှက်လည်း ကင်းပါတယ်။ တွေ့သမျှ လူ နတ် တွေက ချစ်ခင်ကူညီကြမှာ ဖြစ်ပါတယ်။



နေ့စဉ်မေတ္တာပို့ဖို့ မမေ့ပါနှင့်

သတိရတိုင်း မေတ္တာပို့ပါ။ ကိုယ်နဲ့မျက်နှာချင်း ဆိုင် တွေ့ရသူတိုင်း ဆက်ဆံရသူတိုင်းကို မေတ္တာပို့ပါ။ “ကျန်းမာ ချမ်းသာပါစေ”ဆိုတဲ့ စကားလုံးလေး ခြောက်လုံးဟာ အရေအတွက်နည်းပေမယ့် တန်ခိုး သိဒ္ဓိ ကြီးမားလှပါတယ်။ မေတ္တာပို့သသူရဲ့ ရုပ် သဏ္ဌာန်ဟာ ကြည်လင်ရွှင်ပြပြီး လူတကာချစ်ခင် တဲ့ဓာတ်တွေ ဖြစ်ပေါ်လာစေပါတယ်။

ပီယသိဒ္ဓိအတွက် နံသင့်အရုပ်ကလေးတွေ ဆောင်တာလည်း ကောင်းပါတယ်။ အချိန်နဲ့အမျှ သတိရတိုင်း မေတ္တာပို့တဲ့ အလေ့အကျင့်ဟာလည်း ပီယသိဒ္ဓိအတွက် ပိုလို့ကောင်းပါတယ်။

ဇေယျတုသဗ္ဗမင်္ဂလံ

လင်းရောင်တင်

မတ္လ ၂၇ ရက္ေန႔မွ ဧၿပီလ ၃ ရက္ေန႔အထိ

မိတ္ေဆြတုိ႔ခ်ိန္ဆႏုိင္ရန္ တစ္ပတ္စာ မေနာမယေဟာစာတမ္း

မတ္လ ၂၇ ရက္ေန႔မွ ဧၿပီလ ၃ ရက္ေန႔အထိ

ကံ ဥာဏ္ ၀ီရိယ သံုးခ်က္လံုးအားေကာင္းေအာင္ ႀကိဳးပမ္းေတာ္မူႏုိင္ၾကပါေစေသာ္ …

ဇင္ေယာ္နီ

ေၾကာင္ေလးေတြက ေျပာတဲ့ နိမိတ္

ေၾကာင္ေလးေတြက ေျပာတဲ့ နိမိတ္

အိမ္ေထာင္ျပဳၿပီး သားသမီး မထြန္းကားတဲ့ လင္မယားေတြနဲ႔ အရြယ္လြန္သည္အထိ အိမ္ေထာင္ မျပဳျဖစ္တဲ့ အပ်ဳိႀကီး၊ လူပ်ဳိႀကီးေတြဟာ ေၾကာင္ေမြးေလ့ ရွိပါတယ္။ အိမ္ေမြးတိရိစာၦန္ခ်င္းအတူတူ ေၾကာင္ထက္စာရင္ ေခြးကို ပိုၿပီး ေမတၱာထား ခ်စ္တတ္ၾကေပမယ့္ ေၾကာင္မွေၾကာင္ဆုိၿပီး ခ်စ္ၾကသူေတြလည္း ရွိပါတယ္။


တကယ္ေတာ့ ေၾကာင္ေတြဟာ အေရွ႕တုိင္း၊ အေနာက္တုိင္း ဂမီၻရပညာ၊ နိမိတ္ဖတ္ပညာေတြမွာ စာတစ္ေစာင္ ေပတစ္ဖြဲ႔ ပါဝင္ေနပါတယ္။ ဥပမာအားျဖင့္ ေပါ့ေစလို ေၾကာင္ရုပ္ထုိး ဆုိတဲ့ ျမန္မာစကားနဲ႔ ေၾကာက္မ်က္ရွင္ ဆုိတဲ့ စကားလံုးေတြမွာ ေၾကာင္ေတြရဲ႕ အစြမ္းသတိၱကို ျမင္ႏုိင္သလို အေနာက္တုိင္း ဂမီၻရပညာ အယူအဆမွာလည္း ေၾကာင္နက္ကို အေလးထားခဲ့ၾကပါတယ္။


ဒီေနရာမွာေတာ့ ေၾကာင္ေတြရဲ႕ သြားလာလႈပ္ရွား ျပဳမူပံုေတြကို ၾကည့္ၿပီး ဘာျဖစ္မလဲ ဆုိတာကို နိမိတ္ဖတ္ ေကာက္ယူ သိရွိႏုိင္ဖို႔ ေဗဒင္သုတအျဖစ္ မွ်ေဝလိုက္ပါတယ္။ ေၾကာင္ ေမြးထားသူေတြ၊ ေၾကာင္နဲ႔ နီးစပ္သူေတြ အသံုးတည့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။


ကိုယ့္အိမ္မွာ ေမြးထားတဲ့ ေၾကာင္ဟာ အေၾကာင္း မရွိဘဲ (ဥပမာ ကိုယ္က ေဆာ္ပေလာ္ တီးထည့္လိုက္တာ မဟုတ္ဘဲ) ကိုယ့္အိမ္ကေန စြန္႔ခြာသြားတာမ်ဳိး ျဖစ္လာရင္ မိသားစုမွာ အပူမီး ျပႆနာ ႀကံဳလာႏုိင္ပါတယ္။


သြားရင္းလာရင္းက ကိုယ့္ေနာက္ကို ေၾကာင္တစ္ေကာင္က တေကာက္ေကာက္နဲ႔ လိုက္လာတယ္ဆုိရင္ ဝမ္းသာလိုက္ပါ။ မၾကာခင္မွာ ေငြဝင္ေတာ့မယ့္ နိမိတ္ေကာင္း ျဖစ္ပါတယ္။


ကိုယ့္အိမ္ထဲ ေၾကာင္နက္တစ္ေကာင္ ဝင္လာတာ၊ ဒါမွမဟုတ္ မီးခုိးေရာင္ အဆင္းရွိတဲ့ ေၾကာင္ကုိ ရုတ္တရက္ ျမင္လိုက္ရတာဆုိရင္ ကံေကာင္းေစပါလိမ့္မယ္။ ဒါေပမယ့္ ေၾကာင္ျဖဴတစ္ေကာင္က ကိုယ့္ေရွ႕က ျဖတ္ေျပးတာ ျမင္ရင္ေတာ့ ေနထိုင္မေကာင္း ျဖစ္ေတာ့မယ့္ နိမိတ္ပါပဲ။


ကိစၥတစ္ခုနဲ႔ သြားလာခါနီး ေၾကာင္ ျမဴးေနတာ ျမင္ရင္ ရည္ရြယ္ခ်က္ ေအာင္ျမင္မယ့္ နိမိတ္ ျဖစ္ၿပီး ေၾကာင္က ေျခၾကားကေန ျဖတ္ေျပးရင္ ကိုယ့္ အႀကံအစည္ ရည္ရြယ္ခ်က္ မေအာင္ျမင္ဘူးလုိ႔ ယူဆႏုိင္ပါတယ္။


ကိုယ့္စိတ္ထဲ ကိစၥတစ္ခုခုအတြက္ ေဝခြဲရ ခက္ေနရင္ အိမ္က ေၾကာင္ကို အစာ ေခၚေကၽြးသလို ေခၚလုိက္ပါ။ ေၾကာင္က ကုိယ့္ဆီက ညာေျခနဲ႔ စလွမ္းလာရင္ ကိုယ့္ကိစၥ ေအာင္ျမင္မယ့္ နိမိတ္ ျဖစ္ၿပီး ဘယ္ေျခနဲ႔ လွမ္းရင္ အႀကံအစည္ ပ်က္ျပားမယ့္ နိမိတ္ ျဖစ္ပါတယ္။



ေၾကာင္ ၂ ေကာင္ အခ်င္းခ်င္း ေဒါသတႀကီး သတ္ပုတ္ ကိုက္ခဲေနတာ ျမင္ရရင္ ၊ ေၾကာင္ ေအာ္သံေတြ ၾကားရရင္ ရန္မ်ား၊ စကားမ်ားမယ့္ နိမိတ္ ျဖစ္ပါတယ္။ ဒါေပမယ့္ ေၾကာင္က ၾကြက္ခ်ီလာၿပီး ကိုယ့္ေရွ႕အထိ လာခ်ရင ္လာဘ္လာဘ ဝင္မယ့္ နိမိတ္လို႔ ယူဆပါတယ္။

ကြောင်လေးတွေက ပြောတဲ့ နိမိတ်

အိမ်ထောင်ပြုပြီး သားသမီး မထွန်းကားတဲ့ လင်မယားတွေနဲ့ အရွယ်လွန်သည်အထိ အိမ်ထောင် မပြုဖြစ်တဲ့ အပျိုကြီး၊ လူပျိုကြီးတွေဟာ ကြောင်မွေးလေ့ ရှိပါတယ်။ အိမ်မွေးတိရိစ္ဆာန်ချင်းအတူတူ ကြောင်ထက်စာရင် ခွေးကို ပိုပြီး မေတ္တာထား ချစ်တတ်ကြပေမယ့် ကြောင်မှကြောင်ဆိုပြီး ချစ်ကြသူတွေလည်း ရှိပါတယ်။


တကယ်တော့ ကြောင်တွေဟာ အရှေ့တိုင်း၊ အနောက်တိုင်း ဂမ္ဘီရပညာ၊ နိမိတ်ဖတ်ပညာတွေမှာ စာတစ်စောင် ပေတစ်ဖွဲ့ ပါဝင်နေပါတယ်။ ဥပမာအားဖြင့် ပေါ့စေလို ကြောင်ရုပ်ထိုး ဆိုတဲ့ မြန်မာစကားနဲ့ ကြောက်မျက်ရှင် ဆိုတဲ့ စကားလုံးတွေမှာ ကြောင်တွေရဲ့ အစွမ်းသတ္တိကို မြင်နိုင်သလို အနောက်တိုင်း ဂမ္ဘီရပညာ အယူအဆမှာလည်း ကြောင်နက်ကို အလေးထားခဲ့ကြပါတယ်။


ဒီနေရာမှာတော့ ကြောင်တွေရဲ့ သွားလာလှုပ်ရှား ပြုမူပုံတွေကို ကြည့်ပြီး ဘာဖြစ်မလဲ ဆိုတာကို နိမိတ်ဖတ် ကောက်ယူ သိရှိနိုင်ဖို့ ဗေဒင်သုတအဖြစ် မျှဝေလိုက်ပါတယ်။ ကြောင် မွေးထားသူတွေ၊ ကြောင်နဲ့ နီးစပ်သူတွေ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။


ကိုယ့်အိမ်မှာ မွေးထားတဲ့ ကြောင်ဟာ အကြောင်း မရှိဘဲ (ဥပမာ ကိုယ်က ဆော်ပလော် တီးထည့်လိုက်တာ မဟုတ်ဘဲ) ကိုယ့်အိမ်ကနေ စွန့်ခွာသွားတာမျိုး ဖြစ်လာရင် မိသားစုမှာ အပူမီး ပြဿနာ ကြုံလာနိုင်ပါတယ်။


သွားရင်းလာရင်းက ကိုယ့်နောက်ကို ကြောင်တစ်ကောင်က တကောက်ကောက်နဲ့ လိုက်လာတယ်ဆိုရင် ဝမ်းသာလိုက်ပါ။ မကြာခင်မှာ ငွေဝင်တော့မယ့် နိမိတ်ကောင်း ဖြစ်ပါတယ်။


ကိုယ့်အိမ်ထဲ ကြောင်နက်တစ်ကောင် ဝင်လာတာ၊ ဒါမှမဟုတ် မီးခိုးရောင် အဆင်းရှိတဲ့ ကြောင်ကို ရုတ်တရက် မြင်လိုက်ရတာဆိုရင် ကံကောင်းစေပါလိမ့်မယ်။ ဒါပေမယ့် ကြောင်ဖြူတစ်ကောင်က ကိုယ့်ရှေ့က ဖြတ်ပြေးတာ မြင်ရင်တော့ နေထိုင်မကောင်း ဖြစ်တော့မယ့် နိမိတ်ပါပဲ။


ကိစ္စတစ်ခုနဲ့ သွားလာခါနီး ကြောင် မြူးနေတာ မြင်ရင် ရည်ရွယ်ချက် အောင်မြင်မယ့် နိမိတ် ဖြစ်ပြီး ကြောင်က ခြေကြားကနေ ဖြတ်ပြေးရင် ကိုယ့် အကြံအစည် ရည်ရွယ်ချက် မအောင်မြင်ဘူးလို့ ယူဆနိုင်ပါတယ်။


ကိုယ့်စိတ်ထဲ ကိစ္စတစ်ခုခုအတွက် ဝေခွဲရ ခက်နေရင် အိမ်က ကြောင်ကို အစာ ခေါ်ကျွေးသလို ခေါ်လိုက်ပါ။ ကြောင်က ကိုယ့်ဆီက ညာခြေနဲ့ စလှမ်းလာရင် ကိုယ့်ကိစ္စ အောင်မြင်မယ့် နိမိတ် ဖြစ်ပြီး ဘယ်ခြေနဲ့ လှမ်းရင် အကြံအစည် ပျက်ပြားမယ့် နိမိတ် ဖြစ်ပါတယ်။


ကြောင် ၂ ကောင် အချင်းချင်း ဒေါသတကြီး သတ်ပုတ် ကိုက်ခဲနေတာ မြင်ရရင် ၊ ကြောင် အော်သံတွေ ကြားရရင် ရန်များ၊ စကားများမယ့် နိမိတ် ဖြစ်ပါတယ်။ ဒါပေမယ့် ကြောင်က ကြွက်ချီလာပြီး ကိုယ့်ရှေ့အထိ လာချရင ်လာဘ်လာဘ ဝင်မယ့် နိမိတ်လို့ ယူဆပါတယ်။

တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ မတ္ ၂၆ မွ ဧၿပီ ၁ )

တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၈ မတ္ ၂၆ မွ ဧၿပီ ၁ )

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ႏွစ္ခြျဖစ္စရာေတြ၊ မတင္မက်ျဖစ္စရာေတြ တစ္ခုၿပီးတစ္ခု ႀကံဳေနတတ္ပါတယ္။ ေသခ်ာစီစဥ္ထားတဲ့ ကိစၥေတြလည္း လြဲသြား၊ ေခ်ာ္သြားတတ္တယ္။ အလုပ္ကိစၥေတြမွာ ႀကီးႀကီးမားမား နစ္နာဆံုး႐ံႈးျခင္းေတြ ႀကံဳရတတ္ပါတယ္။ ပစၥည္းတစ္ခုကို အေၾကာင္းျပဳၿပီး စကားမ်ားေျဖရွင္းရတတ္ပါတယ္။ မိသားစုအတြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ညွိမရ ႏိႈင္းမရေတြ ျဖစ္တတ္ပါတယ္။ ေအာက္လက္ငယ္သားအတြက္လည္း စိတ္႐ႈပ္ရလိမ့္မယ္။ မိန္းမႀကီးတစ္ေယာက္ ဝင္႐ႈပ္ေနတတ္ပါတယ္။ ရပ္ေဝးက မိတ္ေဆြေတြ၊ ေဆြမ်ိဳးသားခ်င္းေတြ ေရာက္လာတတ္တယ္။ သူတို႕ဆီမွာ သတင္းေကာင္း၊ အဆက္အသြယ္ေကာင္းေတြ ပါလာတတ္တယ္။ ဆရာသမားလို ပုဂၢိဳလ္ေတြက အကူအညီေကာင္းေပးလာမယ္။ ရပ္ေဝးနဲ႕ပတ္သက္ၿပီး ေငြဝင္တာ၊ ေငြကိစၥခရီးသြားရတာ၊ ထီေပါက္သလို ေငြဝင္လာတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ အလွဴပြဲ၊ မဂၤလာပြဲကိစၥေတြအတြက္ စိတ္ညစ္ရတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ တစ္ဦးနဲ႕တစ္ဦး အထင္အျမင္လြဲမွားတာေလးေတြ ႀကံဳၿပီးတဲ့ေနာက္ အဆင္ေျပသြားပါလိမ့္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ အဆင္ေျပေအာင္ျမင္မယ္။ ဝမ္းဗိုက္ပိုင္း၊ ဆီး၊ မ်က္စိ က်န္းမာေရးညံ့တတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၁/၆။ ကံ၏အပံ့အပိုးရရွိရန္ ျမတ္စြာဘုရားမွာ သေျပ ၂၁ ညြန္႔ လွဴဒါန္းပါေလ။



တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ်၊ ႀကံသမွ် ထစ္ေငါ့ၾကန္႕ၾကာၿပီးမွ ထူးထူးျခားျခား ေအာင္ျမင္မႈႀကီးမ်ိဳးေတြ ရတတ္ပါတယ္။ အပင္ပမ္းခံၿပီး အက်ိဳးထူးခံစားရမယ့္ ကာလမ်ိဳး ျဖစ္ပါတယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ေငြအဝင္ၾကမ္း အထြက္ၾကမ္းျဖစ္ေနမယ္။ ထီကိန္း ထီကံေကာင္းတဲ့ကာလပါပဲ။ မိတ္ေဆြ၊ ေမာင္ႏွမတို႕ရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရး ႐ႈပ္ေထြးလိမ့္မယ္။ ပစၥည္းတစ္ခုအတြက္ ျပႆနာေျဖရွင္းရတတ္တယ္။ သူတစ္ပါးရဲ႕ ဒုကၡ ကိုယ့္ဒုကၡျဖစ္လာတတ္ပါ တယ္။ ေျခေထာက္၊ ဒူး၊ ခါး က်န္းမာေရး ညံ့တတ္ပါတယ္။ အတို႕အေထာင္ ေခ်ာက္တြန္းခံရတတ္တယ္။ စြပ္စြဲနာမည္ဖ်က္ ခံရတတ္တယ္။ ဆိုးဆိုးဝါးဝါးေတာ့မဟုတ္ပါဘူး။ အထူးသျဖင့္ အနီးကပ္လူသံုးဦး ကိုယ့္ကို မေကာင္းႀကံတတ္ပါတယ္။ အေဆာက္အဦကိစၥ၊ ေနရာထိုင္ခင္းကိစၥေတြ အဆင္ေျပမယ္။ ေအာက္လက္ငယ္သားအတြက္ ဝမ္းသာစရာေတြႀကံဳမယ္။ မိသားစုထဲက ရပ္ေဝးခရီးသြားတာ၊ ရပ္ေဝးက အိမ္သူအိမ္သားျပန္ေရာက္ လာတာ၊ ရပ္ေဝးႀကီးကဲသူ ဆရာသမားတို႕ရဲ႕ သတင္းေကာင္းၾကားတာေတြ ႀကံဳရတတ္ပါတယ္။ ဘုရားဖူးခရီး၊ စိတ္ခ်မ္းသာဖြယ္ခရီးေတြလည္း သြားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အဆင္ေျပ စိတ္ခ်မ္းသာရမယ္။ အိမ္ေထာင္မရွိသူဆိုလွ်င္ မဂၤလာကိစၥစီစဥ္ရတတ္ပါတယ္။ လက္ေဆာင္ပစၥည္းေတြ ဝင္လာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၂/၈။ ကံ၏အပံ့အပိုးရရွိရန္ ျမတ္စြာဘုရားမွာ ႏွင္းဆီ ၇ ပြင့္ လွဴဒါန္းပါေလ။



အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ် ဒုကၡဆိုသလို ျဖစ္ေနမယ္။ အင္မတန္ ရန္အႏၲရာယ္မ်ားတဲ့ ကာလပါပဲ။ အလုပ္မွာလည္း အထစ္အေငါ့၊ အေႏွာက္အယွက္ေတြ အမ်ားႀကီးႀကံဳမယ္။ မကူညီခ်င္တဲ့အျပင္ ဒုကၡေပးမယ့္လူေတြ တန္းစီေနတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္တယ္။ ေဆြမ်ိဳးလို ျဖစ္ေနတဲ့ မိတ္ေဆြေတြက သစၥာေဖာက္ၾကလိမ့္မယ္။ ျပႆနာခပ္ႀကီးႀကီး တစ္ခု ေျဖရွင္းရတတ္ပါတယ္။ ႀကီးကဲသူေတြကလည္း အျမင္ေစာင္းလိမ့္မယ္။ သူတစ္ပါး ျပႆနာၾကားမွာ ညပ္သြားတတ္ပါတယ္။ ေငြေရး၊ ေၾကးေရး႐ႈပ္ေထြးလိမ့္မယ္။ တစ္စံုတစ္ေယာက္ရဲ႕ အၾကပ္ကိုင္ ဒုကၡေပးျခင္းကို ခံရတတ္ပါတယ္။ စိတ္ညစ္စရာ ဧည့္သည္ေတြ၊ သတင္းေတြလည္း ဝင္လာတတ္ပါတယ္။ အၾကပ္အတည္းေတြၾကားထဲကပဲ အဖိုးတန္ပစၥည္းေတြ ဝင္လာမယ္။ ရပ္ေဝးနဲ႕ ဆက္သြယ္တဲ့ အလုပ္ေတြ ေအာင္ျမင္မယ္။ အလုပ္ေနရာ၊ အိမ္ေနရာအတြက္ စိတ္ခ်မ္းသာစရာျဖစ္လာမယ္။ ေအာက္လက္ငယ္သားအတြက္ စိတ္ခ်မ္းသာရတာ ကြဲကြာေနသူေတြနဲ႕ ျပန္ဆံုတာ၊ အခ်စ္ေရး၊ အိမ္ေထာင္ေရး စိတ္ခ်မ္းေျမ႕စရာႀကံဳတာေတြ ျဖစ္လာမယ္။ ဦးေခါင္းပိုင္း ေဝဒနာခံစားရ တတ္ပါတယ္။ ထိမိခိုက္မိျဖစ္တာ ေျခေထာက္ဒုကၡေပးတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၃/၅။ ကံ၏အပံ့အပိုးရရွိရန္ ေက်းငွက္မ်ားကို အစာေကြ်းပါေလ။



ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေကာင္းေသာအေျပာင္းအလဲေတြ ႀကံဳရတတ္ပါတယ္။ လက္ရွိလုပ္ငန္း ကို တိုးခ်ဲ႕တာပဲျဖစ္ျဖစ္၊ လုပ္ငန္းေျပာင္းတာ၊ အသစ္စတာပဲျဖစ္ျဖစ္ ေအာင္ျမင္ႏိုင္ပါတယ္။ ရပ္ေဝးက အဆက္အသြယ္ေကာင္းေတြ ေပၚလာတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥအတြက္ေတာ့ စိတ္ညစ္ရတတ္တယ္။ ဆရာသမား လိုပုဂၢိဳလ္ေတြ၊ ႀကီးကဲသူေတြနဲ႔ အခန္႔မသင့္ျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အထစ္ အေငါ့အေႏွာက္အယွက္ မ်ားေနတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္ပါတယ္။ အိမ္သူအိမ္သားအခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ရတတ္ တယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာလည္း ႀကီးကဲသူေတြကိုအေၾကာင္းျပဳၿပီး အဆင္မေျပႀကီးစြာ ျဖစ္ တတ္တယ္။ ရပ္ေဝးကပစၥည္းေတြ ဝင္တတ္တယ္။ ခက္ခဲထစ္ေငါ့ေနတဲ့ အေရာင္းအဝယ္ကိစၥေတြ ေအာင္ ျမင္သြားမယ္။ မိတ္ေဆြရင္းေတြရဲ႕ ထိေရာက္ေသာအကူအညီေကာင္းေတြ ရရွိမယ္။ ႏိုင္ငံရပ္ျခားကိုထြက္ဖို႔ ႀကိဳးစားေနတဲ့ ေဆြမ်ိဳးသားခ်င္းေတြ အဆင္ေျပမယ္။ ထီေပါက္သလို ေငြေတြဝင္လာတတ္ပါတယ္။ က်န္းမာေရးကေတာ့ တေရွာင္ေရွာင္ျဖစ္ေနတတ္ပါတယ္။ လူနာဧည့္သည္ကို ကူညီရတတ္ပါတယ္။ ေဆြမ်ိဳး၊ မိတ္ေဆြရင္းထဲက ႀကီးကဲသူတစ္ဦး အမႈအခင္းႀကံဳတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၄/ဝ။ ကံ၏အပံ့အပိုးရရွိရန္ ျမတ္စြာဘုရားမွာ ႏြားႏို႔ႏွင့္ ေပါင္မုန္႔ လွဴဒါန္းပါေလ။



ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္နဲ႔ကိုယ္နဲ႔ မကပ္ဘဲ ျဖစ္ေနမယ္။ အိမ္မကပ္ခ်င္ဘဲ ျဖစ္ေနမယ္။ လုပ္သမွ် ေျပာသမွ် အဆင္မေျပျဖစ္ေနတတ္ပါတယ္။ မနာလိုသူ ေႏွာက္ယွက္သူလည္း အလြန္ေပါမယ္။ အထူးသျဖင့္ ေဆြမ်ိဳးရင္းေတြေၾကာင့္ စိတ္႐ႈပ္ရတတ္တဲ့ ကာလမ်ိဳးပါပဲ။ အိမ္ကိစၥ၊ ေနရာကိစၥအစီအစဥ္ေတြလည္း လြဲေခ်ာ္သြားတတ္ပါတယ္။ မိတ္ေဆြရင္းေတြက မေကာင္းျမင္ အထင္လြဲၾကလိမ့္မယ္။ ပစၥည္းတစ္ခု ဝယ္ဖို႔ေရာင္းဖို႔ကိစၥ မတင္မက်ႀကီးျဖစ္ေနမယ္။ ေအာက္လက္ငယ္သားေတြ အိမ္က ထြက္သြားတတ္တယ္။ စကားမ်ားေျဖရွင္းရတာ၊ မေတာ္တဆ ထိခိုက္မိတာမ်ိဳးေတြလည္း ႀကံဳ ရတတ္ပါတယ္။ ျပည္တြင္းျပည္ပခရီးကိစၥေတြ ထစ္ေငါ့ေနတတ္ပါတယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းေျမ့စရာေတြ ႀကံဳလာမယ္။ ဝမ္းသာစရာ စာေတြ၊ အဆက္အသြယ္ေတြ ေရာက္လာတတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ အေျခအေနေကာင္းႀကံဳ မယ္။ ဆရာေကာင္း၊ သမားေကာင္းေတြ ေတြ႕တတ္တယ္။ ပညာေကာင္းေတြ ရတတ္ပါတယ္။ ေငြေရးေၾကးေရး အထစ္အေငါ့ေတြ အဆင္ေျပသြားမယ္။ ရပ္ထားရတဲ့အလုပ္ေတြ၊ လုပ္ငန္း အေဟာင္းေတြ ျပန္လုပ္ရတတ္ပါတယ္။ ဆံုး႐ံႈးၿပီလို႔ထင္ထားတဲ့အရာေတြ ျပန္ရလာတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၅/၃။ ကံ၏အပံ့အပိုးရရွိရန္ ႏြမ္းပါးသူမ်ားကို မုန္႔ဟင္းခါး ဒါန ျပဳလုပ္ပါေလ။



ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ အလုပ္ကိစၥ၊ ေငြကိစၥေတြမွာ အပ်က္အစီး အဆံုးအ႐ံႈးမ်ားတတ္တယ္။ ေသခ်ာစီစဥ္ထားတဲ့ကိစၥေတြ လြဲေခ်ာ္ကုန္တတ္ပါတယ္။ သဘာဝ ေဘးအႏၱရာယ္ေတြ သတိထားပါ။ မီး၊ လွ်ပ္စစ္ စတာေတြ ဒုကၡေပးတတ္ပါတယ္။ ႀကီးကဲသူေတြနဲ႔ စိတ္သေဘာကြဲတာ၊ စိတ္ညစ္စရာဧည့္သည္ေရာက္လာတာ၊ မ်က္မွန္နဲ႔လူက ဒုကၡေပးတာ၊ အခ်စ္ေရးအိမ္ေထာင္ေရးမွာ ေဘးကဝင္႐ႈပ္လာတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ပညာေရး ကိစၥ၊ သင္တန္းကိစၥေတြ မတင္မက်ျဖစ္ေနတတ္ပါတယ္။ ေငြဆံုးတာ၊ ေျြကးတင္တာ၊ သူခိုးခိုးခံ ရတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ အလွဴမဂၤလာတစ္ခုကိုအေၾကာင္းျပဳၿပီး စိတ္ညစ္ရတတ္တယ္။ ရပ္ေဝးက ဝမ္းသာစရာဧည့္သည္ေတြ ေရာက္လာမယ္။ အဖိုးတန္ပစၥည္း၊ အဝယ္အေရာင္းကိစၥ ေအာင္ျမင္မယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥေတြမွာ ဆံုးျဖတ္ရခက္တဲ့ အေျခအေနမ်ိဳးေတြ ႀကံဳလာမယ္။ ေအာက္လက္ငယ္သားေတြအတြက္ ဝမ္းေျမာက္ၾကည္ႏူးရလိမ့္မယ္။ ႏွစ္ရွည္လမ်ား ခံစားေနရတဲ့ ေရာဂါေဝဒနာတစ္ခု ေပ်ာက္မွန္းမသိ ေပ်ာက္သြားမယ္။ အေရး ႀကီးတဲ့ စာရြက္စာတမ္းေတြလည္း ပ်က္ဆီးေပ်ာက္ဆံုးတတ္ပါတယ္။ စာခ်ဳပ္ကိစၥ၊ စာရင္းဇယားကိစၥ ေတြ မွားယြင္းတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၆/၁။ ကံ၏အပံ့အပိုးရရွိရန္ လမ္းမွာေတြ႕ေသာေခြးကို ထန္းလ်က္ ၇ ခဲ ေကြ်းပါေလ။



စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ နာမည္ဂုဏ္သတင္း တိုးတက္တာ၊ ရာထူးတက္သလိုမ်ိဳးေတြ ႀကံဳတတ္ပါတယ္။ လွ်ပ္စစ္နဲ႔ပတ္သက္လို႔ ျပင္ဆင္မြမ္းမံရတာေတြ လုပ္ရတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ ပ်က္တတ္ေပ်ာက္တတ္ပါတယ္။ လူမႈေရး၊ စီးပြားေရး အလုပ္ကိစၥေတြမွာ မိန္းမတစ္ေယာက္ ဝင္႐ႈပ္လာတတ္တယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာလည္း တစ္ဦးနဲ႔တစ္ဦး စိတ္သေဘာႀကီးစြာ ကြဲတတ္ပါတယ္။ ႀကီးကဲသူမ်ား နဲ႔ အဆင္မေျပျဖစ္ၿပီးတဲ့ေနာက္ အဆင္ေျပသြားမယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာလည္း စိတ္ႏွစ္ ခြျဖစ္စရာေတြ မတင္မက်အေျခအေနေတြ ႀကံဳလာတတ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဆင္ေျပသြားမယ္။ ကြဲကြာေနတဲ့ မိတ္ေဆြေမာင္ႏွမေတြနဲ႔ အမွတ္မထင္ျပန္ဆံုမယ္။ အလုပ္ေနရာ၊ အိမ္ေနရာ ေကာင္းေသာ ျပင္ဆင္ေျပာင္းေရႊ႕ရတတ္ပါတယ္။ ေအာက္လက္ငယ္သား မဂၤလာကိစၥစီစဥ္ရတာ၊ အိမ္သူ အိမ္သားထဲက ထီေပါက္တာ၊ ေငြေရးေၾကးေရးကိစၥေတြ တို႔လို႔တန္းလန္းျဖစ္တာ၊ က်န္းမာေရးအတြက္ ေငြကုန္မ်ားရတာေတြ ႀကံဳရတတ္ပါတယ္။ ေသေသခ်ာခ်ာ က်က်နနစီစဥ္ထားတဲ့ အစီအစဥ္တစ္ခုကေတာ့ လြဲသြား၊ ပ်က္သြားတတ္ တယ္။ တစ္စံုတစ္ေယာက္ရဲ႕ မဆင္မျခင္ မိုက္မဲမႈေၾကာင့္ ကိုယ့္မွာ ထိခိုက္နစ္နာရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၇/၄။ ကံ၏အပံ့အပိုးရရွိရန္ ႏြမ္းပါးသူမ်ားကို ဆန္လွဴဒါန္းပါေလ။

သေဗၺဓမၼာ

ဇင္ေယာ္နီ

တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁၈ မတ် ၂၆ မှ ဧပြီ ၁ )

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ၊ မတင်မကျဖြစ်စရာတွေ တစ်ခုပြီးတစ်ခု ကြုံနေတတ်ပါတယ်။ သေချာစီစဉ်ထားတဲ့ ကိစ္စတွေလည်း လွဲသွား၊ ချော်သွားတတ်တယ်။ အလုပ်ကိစ္စတွေမှာ ကြီးကြီးမားမား နစ်နာဆုံးရှုံးခြင်းတွေ ကြံုရတတ်ပါတယ်။ ပစ္စည်းတစ်ခုကို အကြောင်းပြုပြီး စကားများဖြေရှင်းရတတ်ပါတယ်။ မိသားစုအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ညှိမရ နှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားအတွက်လည်း စိတ်ရှုပ်ရလိမ့်မယ်။ မိန်းမကြီးတစ်ယောက် ဝင်ရှုပ်နေတတ်ပါတယ်။ ရပ်ဝေးက မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ ရောက်လာတတ်တယ်။ သူတို့ဆီမှာ သတင်းကောင်း၊ အဆက်အသွယ်ကောင်းတွေ ပါလာတတ်တယ်။ ဆရာသမားလို ပုဂ္ဂိုလ်တွေက အကူအညီကောင်းပေးလာမယ်။ ရပ်ဝေးနဲ့ပတ်သက်ပြီး ငွေဝင်တာ၊ ငွေကိစ္စခရီးသွားရတာ၊ ထီပေါက်သလို ငွေဝင်လာတာမျိုးတွေ ကြံုရတတ်ပါတယ်။ အလှူပွဲ၊ မင်္ဂလာပွဲကိစ္စတွေအတွက် စိတ်ညစ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားတာလေးတွေ ကြံုပြီးတဲ့နောက် အဆင်ပြေသွားပါလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေအောင်မြင်မယ်။ ဝမ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ ကျန်းမာရေးညံ့တတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၁/၆။ ကံ၏အပံ့အပိုးရရှိရန် မြတ်စွာဘုရားမှာ သပြေ ၂၁ ညွန့် လှူဒါန်းပါလေ။



တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ၊ ကြံသမျှ ထစ်ငေါ့ကြန့်ကြာပြီးမှ ထူးထူးခြားခြား အောင်မြင်မှုကြီးမျိုးတွေ ရတတ်ပါတယ်။ အပင်ပမ်းခံပြီး အကျိုးထူးခံစားရမယ့် ကာလမျိုး ဖြစ်ပါတယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ငွေအဝင်ကြမ်း အထွက်ကြမ်းဖြစ်နေမယ်။ ထီကိန်း ထီကံကောင်းတဲ့ကာလပါပဲ။ မိတ်ဆွေ၊ မောင်နှမတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးလိမ့်မယ်။ ပစ္စည်းတစ်ခုအတွက် ပြဿနာဖြေရှင်းရတတ်တယ်။ သူတစ်ပါးရဲ့ ဒုက္ခ ကိုယ့်ဒုက္ခဖြစ်လာတတ်ပါ တယ်။ ခြေထောက်၊ ဒူး၊ ခါး ကျန်းမာရေး ညံ့တတ်ပါတယ်။ အတို့အထောင် ချောက်တွန်းခံရတတ်တယ်။ စွပ်စွဲနာမည်ဖျက် ခံရတတ်တယ်။ ဆိုးဆိုးဝါးဝါးတော့မဟုတ်ပါဘူး။ အထူးသဖြင့် အနီးကပ်လူသုံးဦး ကိုယ့်ကို မကောင်းကြံတတ်ပါတယ်။ အဆောက်အဦကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေ အဆင်ပြေမယ်။ အောက်လက်ငယ်သားအတွက် ဝမ်းသာစရာတွေကြံုမယ်။ မိသားစုထဲက ရပ်ဝေးခရီးသွားတာ၊ ရပ်ဝေးက အိမ်သူအိမ်သားပြန်ရောက် လာတာ၊ ရပ်ဝေးကြီးကဲသူ ဆရာသမားတို့ရဲ့ သတင်းကောင်းကြားတာတွေ ကြံုရတတ်ပါတယ်။ ဘုရားဖူးခရီး၊ စိတ်ချမ်းသာဖွယ်ခရီးတွေလည်း သွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေ စိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသူဆိုလျှင် မင်္ဂလာကိစ္စစီစဉ်ရတတ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေ ဝင်လာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၂/၈။ ကံ၏အပံ့အပိုးရရှိရန် မြတ်စွာဘုရားမှာ နှင်းဆီ ရ ပွင့် လှူဒါန်းပါလေ။



အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ ဒုက္ခဆိုသလို ဖြစ်နေမယ်။ အင်မတန် ရန်အန္တရာယ်များတဲ့ ကာလပါပဲ။ အလုပ်မှာလည်း အထစ်အငေါ့၊ အနှောက်အယှက်တွေ အများကြီးကြံုမယ်။ မကူညီချင်တဲ့အပြင် ဒုက္ခပေးမယ့်လူတွေ တန်းစီနေတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်တယ်။ ဆွေမျိုးလို ဖြစ်နေတဲ့ မိတ်ဆွေတွေက သစ္စာဖောက်ကြလိမ့်မယ်။ ပြဿနာခပ်ကြီးကြီး တစ်ခု ဖြေရှင်းရတတ်ပါတယ်။ ကြီးကဲသူတွေကလည်း အမြင်စောင်းလိမ့်မယ်။ သူတစ်ပါး ပြဿနာကြားမှာ ညပ်သွားတတ်ပါတယ်။ ငွေရေး၊ ကြေးရေးရှုပ်ထွေးလိမ့်မယ်။ တစ်စုံတစ်ယောက်ရဲ့ အကြပ်ကိုင် ဒုက္ခပေးခြင်းကို ခံရတတ်ပါတယ်။ စိတ်ညစ်စရာ ဧည့်သည်တွေ၊ သတင်းတွေလည်း ဝင်လာတတ်ပါတယ်။ အကြပ်အတည်းတွေကြားထဲကပဲ အဖိုးတန်ပစ္စည်းတွေ ဝင်လာမယ်။ ရပ်ဝေးနဲ့ ဆက်သွယ်တဲ့ အလုပ်တွေ အောင်မြင်မယ်။ အလုပ်နေရာ၊ အိမ်နေရာအတွက် စိတ်ချမ်းသာစရာဖြစ်လာမယ်။ အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာရတာ ကွဲကွာနေသူတွေနဲ့ ပြန်ဆုံတာ၊ အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ချမ်းမြေ့စရာကြံုတာတွေ ဖြစ်လာမယ်။ ဦးခေါင်းပိုင်း ဝေဒနာခံစားရ တတ်ပါတယ်။ ထိမိခိုက်မိဖြစ်တာ ခြေထောက်ဒုက္ခပေးတာမျိုးတွေလည်း ကြံုရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၃/၅။ ကံ၏အပံ့အပိုးရရှိရန် ကျေးငှက်များကို အစာကျွေးပါလေ။



ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ကြံုရတတ်ပါတယ်။ လက်ရှိလုပ်ငန်း ကို တိုးချဲ့တာပဲဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာ၊ အသစ်စတာပဲဖြစ်ဖြစ် အောင်မြင်နိုင်ပါတယ်။ ရပ်ဝေးက အဆက်အသွယ်ကောင်းတွေ ပေါ်လာတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စအတွက်တော့ စိတ်ညစ်ရတတ်တယ်။ ဆရာသမား လိုပုဂ္ဂိုလ်တွေ၊ ကြီးကဲသူတွေနဲ့ အခန့်မသင့်ဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ် အငေါ့အနှောက်အယှက် များနေတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ အိမ်သူအိမ်သားအချင်းချင်း စကားများ ရန်ဖြစ်ရတတ် တယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း ကြီးကဲသူတွေကိုအကြောင်းပြုပြီး အဆင်မပြေကြီးစွာ ဖြစ် တတ်တယ်။ ရပ်ဝေးကပစ္စည်းတွေ ဝင်တတ်တယ်။ ခက်ခဲထစ်ငေါ့နေတဲ့ အရောင်းအဝယ်ကိစ္စတွေ အောင် မြင်သွားမယ်။ မိတ်ဆွေရင်းတွေရဲ့ ထိရောက်သောအကူအညီကောင်းတွေ ရရှိမယ်။ နိုင်ငံရပ်ခြားကိုထွက်ဖို့ ကြိုးစားနေတဲ့ ဆွေမျိုးသားချင်းတွေ အဆင်ပြေမယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ လူနာဧည့်သည်ကို ကူညီရတတ်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်းထဲက ကြီးကဲသူတစ်ဦး အမှုအခင်းကြံုတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၄/ဝ။ ကံ၏အပံ့အပိုးရရှိရန် မြတ်စွာဘုရားမှာ နွားနို့နှင့် ပေါင်မုန့် လှူဒါန်းပါလေ။



ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ ဖြစ်နေမယ်။ အိမ်မကပ်ချင်ဘဲ ဖြစ်နေမယ်။ လုပ်သမျှ ပြောသမျှ အဆင်မပြေဖြစ်နေတတ်ပါတယ်။ မနာလိုသူ နှောက်ယှက်သူလည်း အလွန်ပေါမယ်။ အထူးသဖြင့် ဆွေမျိုးရင်းတွေကြောင့် စိတ်ရှုပ်ရတတ်တဲ့ ကာလမျိုးပါပဲ။ အိမ်ကိစ္စ၊ နေရာကိစ္စအစီအစဉ်တွေလည်း လွဲချော်သွားတတ်ပါတယ်။ မိတ်ဆွေရင်းတွေက မကောင်းမြင် အထင်လွဲကြလိမ့်မယ်။ ပစ္စည်းတစ်ခု ဝယ်ဖို့ရောင်းဖို့ကိစ္စ မတင်မကျကြီးဖြစ်နေမယ်။ အောက်လက်ငယ်သားတွေ အိမ်က ထွက်သွားတတ်တယ်။ စကားများဖြေရှင်းရတာ၊ မတော်တဆ ထိခိုက်မိတာမျိုးတွေလည်း ကြံု ရတတ်ပါတယ်။ ပြည်တွင်းပြည်ပခရီးကိစ္စတွေ ထစ်ငေါ့နေတတ်ပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာတော့ စိတ်ချမ်းမြေ့စရာတွေ ကြံုလာမယ်။ ဝမ်းသာစရာ စာတွေ၊ အဆက်အသွယ်တွေ ရောက်လာတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အခြေအနေကောင်းကြံု မယ်။ ဆရာကောင်း၊ သမားကောင်းတွေ တွေ့တတ်တယ်။ ပညာကောင်းတွေ ရတတ်ပါတယ်။ ငွေရေးကြေးရေး အထစ်အငေါ့တွေ အဆင်ပြေသွားမယ်။ ရပ်ထားရတဲ့အလုပ်တွေ၊ လုပ်ငန်း အဟောင်းတွေ ပြန်လုပ်ရတတ်ပါတယ်။ ဆုံးရှုံးပြီလို့ထင်ထားတဲ့အရာတွေ ပြန်ရလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅/၃။ ကံ၏အပံ့အပိုးရရှိရန် နွမ်းပါးသူများကို မုန့်ဟင်းခါး ဒါန ပြုလုပ်ပါလေ။



သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ အလုပ်ကိစ္စ၊ ငွေကိစ္စတွေမှာ အပျက်အစီး အဆုံးအရှုံးများတတ်တယ်။ သေချာစီစဉ်ထားတဲ့ကိစ္စတွေ လွဲချော်ကုန်တတ်ပါတယ်။ သဘာဝ ဘေးအန္တရာယ်တွေ သတိထားပါ။ မီး၊ လျှပ်စစ် စတာတွေ ဒုက္ခပေးတတ်ပါတယ်။ ကြီးကဲသူတွေနဲ့ စိတ်သဘောကွဲတာ၊ စိတ်ညစ်စရာဧည့်သည်ရောက်လာတာ၊ မျက်မှန်နဲ့လူက ဒုက္ခပေးတာ၊ အချစ်ရေးအိမ်ထောင်ရေးမှာ ဘေးကဝင်ရှုပ်လာတာမျိုးတွေ ကြံုရတတ်ပါတယ်။ ပညာရေး ကိစ္စ၊ သင်တန်းကိစ္စတွေ မတင်မကျဖြစ်နေတတ်ပါတယ်။ ငွေဆုံးတာ၊ ေြွကးတင်တာ၊ သူခိုးခိုးခံ ရတာမျိုးတွေလည်း ကြံုရတတ်ပါတယ်။ အလှူမင်္ဂလာတစ်ခုကိုအကြောင်းပြုပြီး စိတ်ညစ်ရတတ်တယ်။ ရပ်ဝေးက ဝမ်းသာစရာဧည့်သည်တွေ ရောက်လာမယ်။ အဖိုးတန်ပစ္စည်း၊ အဝယ်အရောင်းကိစ္စ အောင်မြင်မယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးတွေ ကြံုလာမယ်။ အောက်လက်ငယ်သားတွေအတွက် ဝမ်းမြောက်ကြည်နူးရလိမ့်မယ်။ နှစ်ရှည်လများ ခံစားနေရတဲ့ ရောဂါဝေဒနာတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ အရေး ကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပျက်ဆီးပျောက်ဆုံးတတ်ပါတယ်။ စာချုပ်ကိစ္စ၊ စာရင်းဇယားကိစ္စ တွေ မှားယွင်းတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၁။ ကံ၏အပံ့အပိုးရရှိရန် လမ်းမှာတွေ့သောခွေးကို ထန်းလျက် ရ ခဲ ကျွေးပါလေ။



စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ နာမည်ဂုဏ်သတင်း တိုးတက်တာ၊ ရာထူးတက်သလိုမျိုးတွေ ကြံုတတ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ ပြင်ဆင်မွမ်းမံရတာတွေ လုပ်ရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျက်တတ်ပျောက်တတ်ပါတယ်။ လူမှုရေး၊ စီးပွားရေး အလုပ်ကိစ္စတွေမှာ မိန်းမတစ်ယောက် ဝင်ရှုပ်လာတတ်တယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း တစ်ဦးနဲ့တစ်ဦး စိတ်သဘောကြီးစွာ ကွဲတတ်ပါတယ်။ ကြီးကဲသူများ နဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် အဆင်ပြေသွားမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာလည်း စိတ်နှစ် ခွဖြစ်စရာတွေ မတင်မကျအခြေအနေတွေ ကြံုလာတတ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်။ ကွဲကွာနေတဲ့ မိတ်ဆွေမောင်နှမတွေနဲ့ အမှတ်မထင်ပြန်ဆုံမယ်။ အလုပ်နေရာ၊ အိမ်နေရာ ကောင်းသော ပြင်ဆင်ပြောင်းရွှေ့ရတတ်ပါတယ်။ အောက်လက်ငယ်သား မင်္ဂလာကိစ္စစီစဉ်ရတာ၊ အိမ်သူ အိမ်သားထဲက ထီပေါက်တာ၊ ငွေရေးကြေးရေးကိစ္စတွေ တို့လို့တန်းလန်းဖြစ်တာ၊ ကျန်းမာရေးအတွက် ငွေကုန်များရတာတွေ ကြံုရတတ်ပါတယ်။ သေသေချာချာ ကျကျနနစီစဉ်ထားတဲ့ အစီအစဉ်တစ်ခုကတော့ လွဲသွား၊ ပျက်သွားတတ် တယ်။ တစ်စုံတစ်ယောက်ရဲ့ မဆင်မခြင် မိုက်မဲမှုကြောင့် ကိုယ့်မှာ ထိခိုက်နစ်နာရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ရ/၄။ ကံ၏အပံ့အပိုးရရှိရန် နွမ်းပါးသူများကို ဆန်လှူဒါန်းပါလေ။

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

ဘယ္လုိမိန္းမရမွာလဲ

ဘယ္လုိမိန္းမရမွာလဲ

အမ်ိဳးသားတို႔အတြက္ သီးသန္႔ေဟာကိန္း ေလးတစ္ခု တင္ျပပါမည္။ ဘယ္လိုမိန္းမမ်ိဳးရမလဲ ဆိုတဲ့ ေမးခြန္းေလးက အမ်ိဳးသားလူလြတ္တို႔ အသိ ခ်င္ဆံုးေလးပါ။ ႀကီးမွာလား၊ ငယ္မွာလား၊ စစ္၊ မစစ္ ဒါေလးေတြေတာ့ သိခ်င္တာေပါ့။ ျမန္မာ့႐ိုးရာ နည္းေလးတစ္ခုရွိပါတယ္။ အဆင့္ဆင့္ သယ္ေဆာင္ လာတာ အခုထိပါပဲ။

ပထမဆံုး ေမြးသကၠရာဇ္ကိုေတာ့ သိဖို႔လို တယ္။ ျမန္မာခုႏွစ္ ေမြးသကၠရာဇ္ျဖစ္ရမည္။ ၄င္းကို တည္ၿပီး ၄ နဲ႔ေျမႇာက္၊ ရလာတဲ့ကိန္း ဂဏန္းကို ၇ နဲ႔စား၊ အၾကြင္းကိုၾကည့္ၿပီး ေဟာကိန္း ထုတ္ထား တာကို ဖတ္ၾကည့္ပါ။ လိုခ်င္တဲ့အေျဖကို ရပါလိမ့္ မယ္။

ဆိုလိုတာက ၁၃၄၀ မွာေမြးတဲ့ အမ်ိဳးသား တစ္ဦး ဘယ္လိုမိန္းမနဲ႔ရမလဲဆိုပါစို႔။

၁၃၄၀ အေျမႇာက္ ၄ = ၅၃၆၀ ရပါတယ္။

၅၃၆၀ အစား ၇ (အၾကြင္းကို ရွာပါမယ္)

အၾကြင္း ၅ ရပါတယ္။ အၾကြင္း ၅ ဆိုတဲ့ ေနရာကို ဖတ္ၾကည့္႐ံုေပါ့။ ေမြးႏွစ္တူေတြ အားလံုး အတြက္ တစ္ပံုစံတည္း ျဖစ္ေနမွာေပါ့ဆိုတဲ့ ေမးခြန္း ေမးသင့္တယ္။ ဟုတ္ပါတယ္။ ကိန္းခ်င္း အတူတူပါပဲ လို႔ ျပန္ေျဖပါမည္။ တကယ္တန္း လက္ေတြ႕အေျခခံ တူတာခ်င္းကိုလည္း ေတြ႕ရပါတယ္။



အၾကြင္း ၁

ရခဲ့ရင္ အေတာ္ကံေကာင္းပါေပတယ္။ ကိုယ္ ရမယ့္မိန္းကေလးက အလြန္သန္႔စင္တဲ့မိန္းကေလး ပါ။ ကိုယ္က်င့္သိကၡာ လံုေအာင္ထိန္းတဲ့လူ၊ အေတြ႕ အႀကံဳကလည္း မရွိသေလာက္ဘဲ။ ရည္းစားေတာင္ မွ ထားဖူးရဲ႕လားမသိ။ ေအးေအးေနတတ္တယ္။ လုပ္ငန္းတစ္ဖက္၊ ပညာတစ္ဖက္ ဘဝတိုက္ ပြဲဝင္ေနတဲ့သူ၊ ကိုယ္ပိုင္အစြမ္းအစနဲ႔ အသက္ေမြး ႏိုင္တယ္။ ဥာဏ္ေကာင္းတယ္။ တစ္ခါတစ္ခါ ႏြဲ႕ဆိုး ဆိုးတတ္တယ္။ တည္တည္ၾကည္ၾကည္ ေနတတ္ တယ္။ သြက္သြက္လက္လက္နဲ႔ မိန္းမသားပါပဲ။ ေခတ္မီတယ္။ ဒါေပမဲ့ ေခတ္မဆန္ဘူး။ သိပ္ သဝန္ ေၾကာင္တတ္တာ။ သူ႕ေရွ႕မွာ သြားၿပီး အျခားသူ အေၾကာင္း သြားမေျပာေလနဲ႔။ စိတ္ေကာက္ၿပီး ေခ်ာ့ လိုက္ရမွာ အေမာ။ ကိုယ္နဲ႔အဆင္ေျပမယ္။ တစ္ခါ တေလ အလြန္လူႀကီးဆန္ၿပီး အမ်ားအားျဖင့္ ကေလးဆန္တတ္တဲ့အတြက္ ကိုယ့္မိဘနဲ႔ေတာ့ ျပႆနာပဲ။ ဘာပဲေျပာေျပာ ကိုယ့္အေပၚမွာ သစၥာ ထားတဲ့သူေပါ့။



အၾကြင္း ၂

ရခဲ့ရင္ ကိုယ့္ႏွလံုးသား ကိုယ္ျပန္စစ္ၾကည့္။ ေမတၲာတရားမွာ အေပးသမားသက္သက္ပဲ။ ကိုယ္ က ခြင့္လႊတ္တတ္တယ္။ သနားတတ္တယ္။ ကိုယ္ ရမယ့္ အိမ္ေထာင္က က႐ုဏာအေပၚ အေျခတည္တဲ့ အိမ္ေထာင္မ်ိဳး။ ကိုယ္နဲ႔အေၾကာင္းပါမယ့္ မိန္း ကေလးခမ်ာ ဘဝမွာ လူလည္လူ႐ႈပ္ေတြရဲ႕ လွည့္စား မႈခံရၿပီး အသည္းကြဲဒဏ္ရာေတြနဲ႔။ သူ႕ရဲ႕ ေနာက္ ေၾကာင္းကိုလည္း မျခြင္းမခ်န္ေျပာျပမွာပါ။ သေဘာ ထားႀကီးႀကီးနဲ႔ သူ႕ဘဝကို သိမ္းပိုက္ကာကြယ္ ေပးရမွာ။ သူက အတိတ္လူေဟာင္းဆီ စိတ္မညႊတ္ သြားပါဘူး။ ကိုယ္နဲ႔အိမ္ေထာင္က်ၿပီး အလြန္ သာယာတဲ့ အိမ္ေထာင္တစ္ခုကို တာဝန္ေက်စြာ တည္ေဆာက္မွာပါ။ အေခ်ာအလွေလးပါ။ ဘဝက မလွေပမယ့္ ႐ုပ္ဆင္း႐ူပကာ အလံုးစံု ေငးရေလာက္ ေအာင္ လွပတဲ့သူ၊ အိမ္ေထာင္ကို ႏိုင္ႏိုင္နင္းနင္း ထိန္းမွာ။ လုပ္တတ္ကိုင္တတ္ ကိုယ့္မိဘအသိုင္း အဝိုင္းအရိပ္ေအာက္ကို ဝင္လာမွာ။ ေအာက္ႀကိဳ႕ၿပီး ဆက္ဆံမွာ။ ေနာက္ဆိုကိုယ့္မိဘေတြက သမီးအရင္း လိုခ်စ္မွာ။



အၾကြင္း ၃

ရခဲ့ရင္ ေဆြႀကီးမ်ိဳးႀကီးထဲက ျဖစ္ျဖစ္၊ ျမင့္ ျမတ္ေသာ အမ်ိဳးအႏြယ္ကျဖစ္ျဖစ္ ဒီလိုမိန္းကေလး နဲ႔ အိမ္ေထာင္က်မွာ။ ဂုဏ္ပကာသန ဝန္းက်င္အ လယ္ကေပါ့။ ေတာ္ေတာ္မာနႀကီးမွာ၊ စိတ္ႀကီး၊ ေခါင္းမာ၊ ပညာတတ္ႏွလံုးသားခ်ိဳေသာ္လည္း ဘုဂြ ေျပာတတ္ၿပီး ေတာ္႐ံုတန္႐ံုကို အဖက္မလုပ္တတ္ တဲ့ မိန္းကေလး။ ပညာအတတ္ကို အေျခတည္ၿပီး အသက္ေမြးတဲ့ မိန္းကေလး။ တစ္ခုေတာ့ေျပာမယ္။ အိမ္ေထာင္က်ၿပီးရင္ ကိုယ့္အသိုင္းအဝန္းထဲ သူ ဝင္မွာမဟုတ္ဘူး။ သူ႕အသိုင္းအဝန္းထဲ ကိုယ္ေရာက္ လိမ့္မယ္။ အႏိုင္လိုတာမဟုတ္ေပမယ့္ အႏိုင္က်င့္ တာ ဝါသနာပါတယ္။ သူနဲ႔အိမ္ေထာင္က်ၿပီး အေပါင္း အသင္း၊ ငယ္မိတ္ေဆြထဲမွ ခပ္ညံ့ညံ့လာလည္ရင္ ေတာင္ ရန္ျဖစ္မွာ။ ဒါေပမဲ့ အိမ္ေထာင္ကံေကာင္း ပါတယ္ေလ။ အိမ္ေထာင္ေၾကာင့္ ဘဝမွာ ထူးထူးျခား ျခား တိုးတက္မႈေလးေတြရမွာ။ သူကလည္း ကိုယ့္ ကို တိုက္တိုက္တြန္းတြန္းေလး အလုပ္လုပ္ခိုင္းမွာ။ ကြယ္ရာမွာ သူငယ္ခ်င္းေတြက မိန္းမေၾကာက္လို႔ ေျပာရင္ ၿငိမ္ခံေပေရာ့။



အၾကြင္း ၄

ရခဲ့ရင္ အေတာ္ဣေျႏၵႀကီးၿပီး ျမင့္တဲ့ အသိုင္း အဝိုင္းၾကားက တင့္တယ္တဲ့ မိန္းမသား ကိုယ့္ဘဝ ထဲတိုးဝင္လာမွာ ပင္တိုင္စံနဲ႔ ေစာင္းသမားေလး ဇာတ္လိုေပါ့။ သူမကခ်စ္လြန္းလို႔ အရာရာကိုစြန္႔ၿပီး ဘဝကိုပံုအပ္မွာ။ ေလးစားဖို႔ေကာင္းတဲ့ မိန္းမသား ေပါ့။ ဘဝအေတြ႕အႀကံဳကလည္း နည္း၊ ပင္ကိုက လည္း ေက်ာင္းနဲ႔အိမ္ ျဖတ္သန္းတဲ့ဘဝကလည္း ျပည့္ျပည့္စံုစံုနဲ႔ ေအးခ်မ္းဣေျႏၵရွိတဲ့ သန္႔ရွင္း၊ သန္႔ စင္လွတဲ့ သဇင္ပန္းလို ေတာ္ဝင္မိန္းမသားမ်ိဳးနဲ႔ ဆံု စည္းတဲ့ ကိုယ့္ဘဝကို သူငယ္ခ်င္းေတြက မုဒိတာ ပြားၾကပါလိမ့္မည္။ အလြန္သည္းခံတတ္၊ ခြင့္လႊတ္ တတ္ေပမယ့္ မဟုတ္တာေတာ့ သြားမလုပ္ေလနဲ႔ မီးပြင့္သြားမည္။ မာနခဲေလး၊ ကိုယ့္မိဘနဲ႔အဆင္ေျပ မည္။ အေပးအကမ္းရက္ေရာမည္။ အရာရာ ကိုယ့္ သေဘာပဲ။ အလုပ္ထြက္လုပ္ခ်င္ လုပ္လိမ့္မည္။ အိမ္ေထာင္ကိစၥ မလစ္ဟာေစရဘူး။ မိန္းမရကံ ေကာင္းပါတယ္။ ဒါေပမဲ့ မိန္းမေနာက္တစ္ေယာက္ ေတာ့ ႐ႈပ္ဖို႔မစဥ္းစားနဲ႔။ ခံေနမွာမဟုတ္ဘဲ တစ္ခါ တည္း အၿပီးျပတ္စဲၿပီး လွည့္မၾကည့္ဘဲ ကြဲပစ္ လိုက္မွာ။ သေဘာထားႀကီးၿပီး ေခတ္မီေပမယ့္ ဒီကိစၥမ်ိဳးမွာ လံုးဝခြင့္မလႊတ္တတ္ဘူး။



အၾကြင္း ၅

ရခဲ့ရင္ေတာ့ ကိုယ့္လူအိမ္ေထာင္က်မယ့္ အမ်ိဳးသမီးကေတာ့ ဆိုရွယ္ခပ္က်က်ပဲ။ အေတာ္ ေခတ္ေရွ႕ေျပးမွာ။ ဘိုဆန္မွာ ဝတ္တာစားတာကအစ ေခတ္စကားနဲ႔ေျပာရင္ Hot Short ေဟာ့ေရွာ့ေပါ့ဗ်ာ။ ကိုယ္နဲ႔တြဲသြားရင္ေတာင္ သူမ်ားက ေငး ၾကည့္ရေအာင္ စတိုင္အေတာ္က်မွာ။ ေခတ္မီတဲ့ အျပင္အဆင္၊ မိတ္ကပ္၊ ႏႈတ္ခမ္းနီ၊ လက္သည္းေျခ သည္းနီနဲ႔ ေျြက႐ုပ္ေလးလိုေပါ့။ စူပါမတ္ႀကီးေတြ မွာ ခ်ိတ္ထားတဲ့ ဟန္ျပမယ္ေတြနဲ႔ အၿပိဳင္စတိုင္က် စမတ္က်က်ပဲ။ ရည္းစားမ်ားတာ လာမေျပာနဲ႔ ကိုယ့္ ေတာင္သနားလို႔ ယူထားတာ။ အိမ္ထဲမွာ ပိတ္ေလွာင္ ထားဖို႔ေတာ့ စိတ္ေတာင္မကူးေလနဲ႔။ လြတ္လပ္မႈ ျမတ္ႏိုးၿပီး ကိုယ္ပိုင္အစြမ္း ကိုယ္ပိုင္ဟန္နဲ႔ ကိုယ္တိုင္ အလုပ္လုပ္ရမွ ေက်နပ္မွာ။ တစ္ခါတေလ ရွင္က အေတာ္ေခတ္ေနာက္က်တာပဲ။ ေတာက်လိုက္တာ စသျဖင့္ သူနဲ႔အိမ္ေထာင္က်ၿပီး ႏိုင္ငံျခားမွာ သြား အလုပ္လုပ္ဖို႔ေျပာလြန္းလို႔ သြားေနရဦးမွာ။ အေပါ စား လံုးဝမသံုးဘူး။ တံဆိပ္ဆိုရင္လည္း အျမင့္စားမွ။ branded ဆိုတဲ့ စကားႏႈတ္ဖ်ားမွ ခ်မွာမဟုတ္ ဘူး။ အိမ္မွာေတာ့ ထမင္းခ်က္ေကာင္းေကာင္း ခန္႔ ထားဦး။ တစ္ခါတေလ စိတ္ပါမွ သူကခ်က္ေကြ်းမွာ။ သူနဲ႔စတြဲၿပီး အိမ္ေထာင္က်ၿပီး ကိုယ္ေတာင္ ေဘာင္း ဘီဝတ္၊ ေပါင္မုန္႔စားျဖစ္လာလို႔ လမ္းထြက္ရင္ေတာင္ သူငယ္ခ်င္းေတြက မွတ္မိမွာမဟုတ္ဘူးေနာ္။



အၾကြင္း ၆

ရခဲ့ရင္ေတာ့ ေမတၲာႀကီးမားလွတဲ့ အမ်ိဳး သမီးမ်ိဳးနဲ႔ ရမွာ။ သူနဲ႔ကိုယ္နဲ႔ အတြင္းသိ အဆင္းသိ။ သူငယ္ခ်င္းလို မိတ္ေဆြလိုကတစ္ဆင့္ နင္ရယ္ငါ ရယ္ကေန ေမာင္ရယ္ကိုရယ္ေတြ ျဖစ္လာတာ။ သူနဲ႔ မရခင္ ကိုယ္ကလည္း ရည္းစားမ်ားမ်ား၊ ဒါေတြသူသိ ထားၿပီးသား။ ဒီၾကားထဲမွာ သူငယ္ခ်င္းလိုကေန မေမွ်ာ္လင့္ဘဲ ေရစက္ပါတယ္ ဆိုရမလား မသိဘူး။ တစ္ဦးနဲ႔တစ္ဦး သံေယာဇဥ္ေတြ လြန္ကဲၿပီး ခ်စ္ၾက မွာ။ ဆံုဖို႔အေရးကလည္း ခက္ခက္ခဲခဲပဲ အိမ္ေထာင္ က်ၿပီးမွ သူ႕ေမတၲာရိပ္မွာ အေတာ္တည္ၿငိမ္သြား မွာ။ ဆိုးတိုင္ပင္၊ ေကာင္းတိုင္ပင္ ႏွစ္ေယာက္သြား အတူ လာအတူ။ ဒီမိန္းကေလးက ခ်စ္တတ္တယ္။ သေဘာထားႀကီးတယ္။ ကိုယ့္အေပၚနားလည္တယ္။ ကိုယ့္အသိုင္းအဝိုင္းနဲ႔ ညီညြတ္မယ္။ ကို္ယ္နဲ႔အိမ္ ေထာင္က်ၿပီး သူလုပ္ေနတဲ့ အလုပ္ကထြက္ၿပီး ကိုယ့္အလုပ္ကို ကူလုပ္လိမ့္မယ္။ ႏွစ္ေယာက္ေပါင္း ၿပီး စီးပြားႀကီး၊ လုပ္ငန္းႀကီးေတြလုပ္ပါ။ တြဲဖက္ တကယ္ညီတာ။ သူခ်က္ထားတဲ့ ဟင္းမွစားေစခ်င္ တာ။ တစ္ခါတေလ ေနမေကာင္းတဲ့ၾကားမွ ကိုယ့္ အဝတ္ေတြဝင္ေလွ်ာ္။ အျပင္သြားဖို႔ အဝတ္အစား စီစဥ္ေပးတာကအစ ေရခ်ိဳးၿပီး အိမ္ေနရင္း အဝတ္ ေတာင္ သူ႕လက္နဲ႔ထုတ္ေပးရမွ ေက်နပ္တာ။ ငယ္သူ ငယ္ခ်င္းေတြက ေနာက္ေျပာင္ၾကလိမ့္မယ္။ မိန္းမ နား တစ္ခ်ိန္လံုးကပ္ေနတာပဲလို႔ စိတ္မဆိုးနဲ႔ သူတို႔က ကိုယ့္ကို အားက်ေနတာပါ။



အၾကြင္း ဝ

ရခဲ့ရင္ေတာ့ အေတာ္ေလးကို ထူးျခားတဲ့ အိမ္ေထာင္ေရးကို ရပါလိမ့္မယ္။ ကိုယ္နဲ႔ရတဲ့မိန္းမ က ကိုယ့္ထက္ အသက္ႀကီးမယ္။ မမနဲ႔ေမာင္ေလး ေပါ့။ ဒါမွမဟုတ္ ဘာသာလူမ်ိဳးတစ္ခုခု ကြာျခားမယ္။ ပညာျဖစ္ေစ၊ ဂုဏ္ျဖစ္ေစ၊ အသက္အရြယ္ ျဖစ္ေစ မိမိထက္ႀကီးမွာျဖင့္ ေသခ်ာပါတယ္။ ကိုယ့္အေပၚ အေတာ္အလိုလိုက္မယ္။ စိတ္ခ်မွာလည္း မဟုတ္ ဘူး။ အရိပ္တၾကည့္ၾကည့္နဲ႔။ သိပ္ၿပီး အလွျပင္မွာပဲ။ အသက္ႀကီးတဲ့သူကို အလွပ်က္လို႔ ပစ္သြားမွ ျဖင့္ဆိုတဲ့ မသိစိတ္ကေလးက စိုးမိုးေနမွာ။ ဒီစိတ္ ကေလး သူ႕ရင္ထဲ ေပ်ာက္သြားေအာင္ လုပ္ေပးရမွာ ကိုယ္ပဲေပါ့။ ကိုယ့္အေပၚမွာ မိခင္တစ္ေယာက္လို ငဲ့ညႇာခ်စ္ခင္မယ္။ ဦးစားေပးမည္။ ကိုယ္ႏြဲ႕သမွ် ဒဏ္ခံမယ္။ တစ္ခုခု စိတ္အလိုမက်ရင္ မ်က္ရည္ ေလးနဲ႔ တကယ္ခ်စ္လို႔ ကိုယ့္ဘဝထဲ အခက္အခဲမ်ား ရင္ဆိုင္ၿပီး လက္တြဲၾကတာကိုေတာ့ ဘယ္ေတာ့မွ မေမ့နဲ႔ေပါ့။ ဘာပဲျဖစ္ျဖစ္ မရဲ႕ေမာင္ေလး ဘဝမွာ ေအးခ်မ္းတဲ့ ေမတၲာရိပ္ေအာက္မွာ ေပ်ာ္ရႊင္ေနတဲ့ ဘဝေလးကို ထူေထာင္ရမွာပါ။ မိန္းကေလးက ေခတ္ပညာတတ္။ ကိုယ္စြမ္းကိုယ္စနဲ႔ သူတစ္ပါးကို ဆရာလုပ္ အမိန္႔ေပးတဲ့ လူမ်ိဳးေပါ့။

ဒီေဟာကိန္းကေလးကို ဖတ္ၿပီးေတာ့ ကိုယ္ တိုင္လည္း တြက္ၾကည့္ၿပီးရင္ သူငယ္ခ်င္းေတြကို လည္း ေဗဒင္ေဟာၾကည့္ေပါ့။

အိမ္က အေဖ၊ ဦးေလးေတာင္ ခ်န္မထားနဲ႔ တြက္ၾကည့္ၿပီး ေဟာကိန္းထုတ္လိုက္ပါဦး။



စံ-ဇာဏီဘို

ဘယ်လိုမိန်းမရမှာလဲ

အမျိုးသားတို့အတွက် သီးသန့်ဟောကိန်း လေးတစ်ခု တင်ပြပါမည်။ ဘယ်လိုမိန်းမမျိုးရမလဲ ဆိုတဲ့ မေးခွန်းလေးက အမျိုးသားလူလွတ်တို့ အသိ ချင်ဆုံးလေးပါ။ ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ် ဒါလေးတွေတော့ သိချင်တာပေါ့။ မြန်မာ့ရိုးရာ နည်းလေးတစ်ခုရှိပါတယ်။ အဆင့်ဆင့် သယ်ဆောင် လာတာ အခုထိပါပဲ။

ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လို တယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ်ဖြစ်ရမည်။ ၄င်းကို တည်ပြီး ၄ နဲ့မြှောက်၊ ရလာတဲ့ကိန်း ဂဏန်းကို ရ နဲ့စား၊ အကြွင်းကိုကြည့်ပြီး ဟောကိန်း ထုတ်ထား တာကို ဖတ်ကြည့်ပါ။ လိုချင်တဲ့အဖြေကို ရပါလိမ့် မယ်။

ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသား တစ်ဦး ဘယ်လိုမိန်းမနဲ့ရမလဲဆိုပါစို့။

၁၃၄၀ အမြှောက် ၄ = ၅၃၆၀ ရပါတယ်။

၅၃၆၀ အစား ရ (အကြွင်းကို ရှာပါမယ်)

အကြွင်း ၅ ရပါတယ်။ အကြွင်း ၅ ဆိုတဲ့ နေရာကို ဖတ်ကြည့်ရုံပေါ့။ မွေးနှစ်တူတွေ အားလုံး အတွက် တစ်ပုံစံတည်း ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်း မေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းချင်း အတူတူပါပဲ လို့ ပြန်ဖြေပါမည်။ တကယ်တန်း လက်တွေ့အခြေခံ တူတာချင်းကိုလည်း တွေ့ရပါတယ်။



အကြွင်း ၁

ရခဲ့ရင် အတော်ကံကောင်းပါပေတယ်။ ကိုယ် ရမယ့်မိန်းကလေးက အလွန်သန့်စင်တဲ့မိန်းကလေး ပါ။ ကိုယ်ကျင့်သိက္ခာ လုံအောင်ထိန်းတဲ့လူ၊ အတွေ့ အကြုံကလည်း မရှိသလောက်ဘဲ။ ရည်းစားတောင် မှ ထားဖူးရဲ့လားမသိ။ အေးအေးနေတတ်တယ်။ လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက် ဘဝတိုက် ပွဲဝင်နေတဲ့သူ၊ ကိုယ်ပိုင်အစွမ်းအစနဲ့ အသက်မွေး နိုင်တယ်။ ဉာဏ်ကောင်းတယ်။ တစ်ခါတစ်ခါ နွဲ့ဆိုး ဆိုးတတ်တယ်။ တည်တည်ကြည်ကြည် နေတတ် တယ်။ သွက်သွက်လက်လက်နဲ့ မိန်းမသားပါပဲ။ ခေတ်မီတယ်။ ဒါပေမဲ့ ခေတ်မဆန်ဘူး။ သိပ် သဝန် ကြောင်တတ်တာ။ သူ့ရှေ့မှာ သွားပြီး အခြားသူ အကြောင်း သွားမပြောလေနဲ့။ စိတ်ကောက်ပြီး ချော့ လိုက်ရမှာ အမော။ ကိုယ်နဲ့အဆင်ပြေမယ်။ တစ်ခါ တလေ အလွန်လူကြီးဆန်ပြီး အများအားဖြင့် ကလေးဆန်တတ်တဲ့အတွက် ကိုယ့်မိဘနဲ့တော့ ပြဿနာပဲ။ ဘာပဲပြောပြော ကိုယ့်အပေါ်မှာ သစ္စာ ထားတဲ့သူပေါ့။



အကြွင်း ၂

ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စစ်ကြည့်။ မေတ္တာတရားမှာ အပေးသမားသက်သက်ပဲ။ ကိုယ် က ခွင့်လွှတ်တတ်တယ်။ သနားတတ်တယ်။ ကိုယ် ရမယ့် အိမ်ထောင်က ကရုဏာအပေါ် အခြေတည်တဲ့ အိမ်ထောင်မျိုး။ ကိုယ်နဲ့အကြောင်းပါမယ့် မိန်း ကလေးခမျာ ဘဝမှာ လူလည်လူရှုပ်တွေရဲ့ လှည့်စား မှုခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူ့ရဲ့ နောက် ကြောင်းကိုလည်း မခြွင်းမချန်ပြောပြမှာပါ။ သဘော ထားကြီးကြီးနဲ့ သူ့ဘဝကို သိမ်းပိုက်ကာကွယ် ပေးရမှာ။ သူက အတိတ်လူဟောင်းဆီ စိတ်မညွှတ် သွားပါဘူး။ ကိုယ်နဲ့အိမ်ထောင်ကျပြီး အလွန် သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘဝက မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးရလောက် အောင် လှပတဲ့သူ၊ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။ လုပ်တတ်ကိုင်တတ် ကိုယ့်မိဘအသိုင်း အဝိုင်းအရိပ်အောက်ကို ဝင်လာမှာ။ အောက်ကြို့ပြီး ဆက်ဆံမှာ။ နောက်ဆိုကိုယ့်မိဘတွေက သမီးအရင်း လိုချစ်မှာ။



အကြွင်း ၃

ရခဲ့ရင် ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ်၊ မြင့် မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ် ဒီလိုမိန်းကလေး နဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ဝန်းကျင်အ လယ်ကပေါ့။ တော်တော်မာနကြီးမှာ၊ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ်နှလုံးသားချိုသော်လည်း ဘုဂွ ပြောတတ်ပြီး တော်ရုံတန်ရုံကို အဖက်မလုပ်တတ် တဲ့ မိန်းကလေး။ ပညာအတတ်ကို အခြေတည်ပြီး အသက်မွေးတဲ့ မိန်းကလေး။ တစ်ခုတော့ပြောမယ်။ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအဝန်းထဲ သူ ဝင်မှာမဟုတ်ဘူး။ သူ့အသိုင်းအဝန်းထဲ ကိုယ်ရောက် လိမ့်မယ်။ အနိုင်လိုတာမဟုတ်ပေမယ့် အနိုင်ကျင့် တာ ဝါသနာပါတယ်။ သူနဲ့အိမ်ထောင်ကျပြီး အပေါင်း အသင်း၊ ငယ်မိတ်ဆွေထဲမှ ခပ်ညံ့ညံ့လာလည်ရင် တောင် ရန်ဖြစ်မှာ။ ဒါပေမဲ့ အိမ်ထောင်ကံကောင်း ပါတယ်လေ။ အိမ်ထောင်ကြောင့် ဘဝမှာ ထူးထူးခြား ခြား တိုးတက်မှုလေးတွေရမှာ။ သူကလည်း ကိုယ့် ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှာ သူငယ်ချင်းတွေက မိန်းမကြောက်လို့ ပြောရင် ငြိမ်ခံပေရော့။



အကြွင်း ၄

ရခဲ့ရင် အတော်ဣန္ဒြေကြီးပြီး မြင့်တဲ့ အသိုင်း အဝိုင်းကြားက တင့်တယ်တဲ့ မိန်းမသား ကိုယ့်ဘဝ ထဲတိုးဝင်လာမှာ ပင်တိုင်စံနဲ့ စောင်းသမားလေး ဇာတ်လိုပေါ့။ သူမကချစ်လွန်းလို့ အရာရာကိုစွန့်ပြီး ဘဝကိုပုံအပ်မှာ။ လေးစားဖို့ကောင်းတဲ့ မိန်းမသား ပေါ့။ ဘဝအတွေ့အကြံုကလည်း နည်း၊ ပင်ကိုက လည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ဘဝကလည်း ပြည့်ပြည့်စုံစုံနဲ့ အေးချမ်းဣန္ဒြေရှိတဲ့ သန့်ရှင်း၊ သန့် စင်လှတဲ့ သဇင်ပန်းလို တော်ဝင်မိန်းမသားမျိုးနဲ့ ဆုံ စည်းတဲ့ ကိုယ့်ဘဝကို သူငယ်ချင်းတွေက မုဒိတာ ပွားကြပါလိမ့်မည်။ အလွန်သည်းခံတတ်၊ ခွင့်လွှတ် တတ်ပေမယ့် မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမည်။ မာနခဲလေး၊ ကိုယ့်မိဘနဲ့အဆင်ပြေ မည်။ အပေးအကမ်းရက်ရောမည်။ အရာရာ ကိုယ့် သဘောပဲ။ အလုပ်ထွက်လုပ်ချင် လုပ်လိမ့်မည်။ အိမ်ထောင်ကိစ္စ မလစ်ဟာစေရဘူး။ မိန်းမရကံ ကောင်းပါတယ်။ ဒါပေမဲ့ မိန်းမနောက်တစ်ယောက် တော့ ရှုပ်ဖို့မစဉ်းစားနဲ့။ ခံနေမှာမဟုတ်ဘဲ တစ်ခါ တည်း အပြီးပြတ်စဲပြီး လှည့်မကြည့်ဘဲ ကွဲပစ် လိုက်မှာ။ သဘောထားကြီးပြီး ခေတ်မီပေမယ့် ဒီကိစ္စမျိုးမှာ လုံးဝခွင့်မလွှတ်တတ်ဘူး။



အကြွင်း ၅

ရခဲ့ရင်တော့ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျပဲ။ အတော် ခေတ်ရှေ့ပြေးမှာ။ ဘိုဆန်မှာ ဝတ်တာစားတာကအစ ခေတ်စကားနဲ့ပြောရင် Hot Short ဟော့ရှော့ပေါ့ဗျာ။ ကိုယ်နဲ့တွဲသွားရင်တောင် သူများက ငေး ကြည့်ရအောင် စတိုင်အတော်ကျမှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းခြေ သည်းနီနဲ့ ေြွကရုပ်လေးလိုပေါ့။ စူပါမတ်ကြီးတွေ မှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင်စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ လာမပြောနဲ့ ကိုယ့် တောင်သနားလို့ ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင် ထားဖို့တော့ စိတ်တောင်မကူးလေနဲ့။ လွတ်လပ်မှု မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်း ကိုယ်ပိုင်ဟန်နဲ့ ကိုယ်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတလေ ရှင်က အတော်ခေတ်နောက်ကျတာပဲ။ တောကျလိုက်တာ စသဖြင့် သူနဲ့အိမ်ထောင်ကျပြီး နိုင်ငံခြားမှာ သွား အလုပ်လုပ်ဖို့ပြောလွန်းလို့ သွားနေရဦးမှာ။ အပေါ စား လုံးဝမသုံးဘူး။ တံဆိပ်ဆိုရင်လည်း အမြင့်စားမှ။ branded ဆိုတဲ့ စကားနှုတ်ဖျားမှ ချမှာမဟုတ် ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်းကောင်း ခန့် ထားဦး။ တစ်ခါတလေ စိတ်ပါမှ သူကချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျပြီး ကိုယ်တောင် ဘောင်း ဘီဝတ်၊ ပေါင်မုန့်စားဖြစ်လာလို့ လမ်းထွက်ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာမဟုတ်ဘူးနော်။



အကြွင်း ၆

ရခဲ့ရင်တော့ မေတ္တာကြီးမားလှတဲ့ အမျိုး သမီးမျိုးနဲ့ ရမှာ။ သူနဲ့ကိုယ်နဲ့ အတွင်းသိ အဆင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလိုကတစ်ဆင့် နင်ရယ်ငါ ရယ်ကနေ မောင်ရယ်ကိုရယ်တွေ ဖြစ်လာတာ။ သူနဲ့ မရခင် ကိုယ်ကလည်း ရည်းစားများများ၊ ဒါတွေသူသိ ထားပြီးသား။ ဒီကြားထဲမှာ သူငယ်ချင်းလိုကနေ မမျှော်လင့်ဘဲ ရေစက်ပါတယ် ဆိုရမလား မသိဘူး။ တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေ လွန်ကဲပြီး ချစ်ကြ မှာ။ ဆုံဖို့အရေးကလည်း ခက်ခက်ခဲခဲပဲ အိမ်ထောင် ကျပြီးမှ သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ်သွား မှာ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် နှစ်ယောက်သွား အတူ လာအတူ။ ဒီမိန်းကလေးက ချစ်တတ်တယ်။ သဘောထားကြီးတယ်။ ကိုယ့်အပေါ်နားလည်တယ်။ ကိုယ့်အသိုင်းအဝိုင်းနဲ့ ညီညွတ်မယ်။ ကို်ယ်နဲ့အိမ် ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့်အလုပ်ကို ကူလုပ်လိမ့်မယ်။ နှစ်ယောက်ပေါင်း ပြီး စီးပွားကြီး၊ လုပ်ငန်းကြီးတွေလုပ်ပါ။ တွဲဖက် တကယ်ညီတာ။ သူချက်ထားတဲ့ ဟင်းမှစားစေချင် တာ။ တစ်ခါတလေ နေမကောင်းတဲ့ကြားမှ ကိုယ့် အဝတ်တွေဝင်လျှော်။ အပြင်သွားဖို့ အဝတ်အစား စီစဉ်ပေးတာကအစ ရေချိုးပြီး အိမ်နေရင်း အဝတ် တောင် သူ့လက်နဲ့ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူ ငယ်ချင်းတွေက နောက်ပြောင်ကြလိမ့်မယ်။ မိန်းမ နား တစ်ချိန်လုံးကပ်နေတာပဲလို့ စိတ်မဆိုးနဲ့ သူတို့က ကိုယ့်ကို အားကျနေတာပါ။



အကြွင်း ဝ

ရခဲ့ရင်တော့ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။ ကိုယ်နဲ့ရတဲ့မိန်းမ က ကိုယ့်ထက် အသက်ကြီးမယ်။ မမနဲ့မောင်လေး ပေါ့။ ဒါမှမဟုတ် ဘာသာလူမျိုးတစ်ခုခု ကွာခြားမယ်။ ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ် ဖြစ်စေ မိမိထက်ကြီးမှာဖြင့် သေချာပါတယ်။ ကိုယ့်အပေါ် အတော်အလိုလိုက်မယ်။ စိတ်ချမှာလည်း မဟုတ် ဘူး။ အရိပ်တကြည့်ကြည့်နဲ့။ သိပ်ပြီး အလှပြင်မှာပဲ။ အသက်ကြီးတဲ့သူကို အလှပျက်လို့ ပစ်သွားမှ ဖြင့်ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ ဒီစိတ် ကလေး သူ့ရင်ထဲ ပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ့်အပေါ်မှာ မိခင်တစ်ယောက်လို ငဲ့ညှာချစ်ခင်မယ်။ ဦးစားပေးမည်။ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။ တစ်ခုခု စိတ်အလိုမကျရင် မျက်ရည် လေးနဲ့ တကယ်ချစ်လို့ ကိုယ့်ဘဝထဲ အခက်အခဲများ ရင်ဆိုင်ပြီး လက်တွဲကြတာကိုတော့ ဘယ်တော့မှ မမေ့နဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် မရဲ့မောင်လေး ဘဝမှာ အေးချမ်းတဲ့ မေတ္တာရိပ်အောက်မှာ ပျော်ရွှင်နေတဲ့ ဘဝလေးကို ထူထောင်ရမှာပါ။ မိန်းကလေးက ခေတ်ပညာတတ်။ ကိုယ်စွမ်းကိုယ်စနဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့ လူမျိုးပေါ့။

ဒီဟောကိန်းကလေးကို ဖတ်ပြီးတော့ ကိုယ် တိုင်လည်း တွက်ကြည့်ပြီးရင် သူငယ်ချင်းတွေကို လည်း ဗေဒင်ဟောကြည့်ပေါ့။

အိမ်က အဖေ၊ ဦးလေးတောင် ချန်မထားနဲ့ တွက်ကြည့်ပြီး ဟောကိန်းထုတ်လိုက်ပါဦး။



စံ-ဇာဏီဘို

မ်က္ႏွာပြင့္ အေဆာင္

မ်က္ႏွာပြင့္ အေဆာင္
———————

ထိုည၌ မိုးကေလး တေဖ်ာက္ေဖ်ာက္ရြာေနသည္။ ကၽႊႏုု္ပ္သည္ ဗိုလ္ခ်ဳပ္လမ္းမေပၚရွိ ကၽႊႏု္ပ္၏အိမ္ခန္းေလး၌ တစ္ကိုယ္တည္း ပ်င္းရိျငိေငြ႕ စြာထိုင္လ်က္ ေရွးေဟာင္းေႏွာင္းျဖစ္မ်ားကို စဥ္းစားေနမိေလ၏။ ထိုအခ်ိန္၌ ကၽႊႏု္ပ္၏ ႏွာေခါင္း နံသာျဖဴကဲ့သို႔ေသာ သင္းပ်ံ႕ သည့္ ရနံ႔ တစ္မ်ိဳးကို ရရွိေလ၏။

ထိုရနံ႔ႏွင့္အတူ
“ကၽြန္မ ၀င္မယ္”
ဟု ေျပာလိုက္ေသာအသံကို ၾကားရသျဖင့္ တံခါး၀သို႔ လွမ္းေမွ်ာ္ၾကည့္လိုက္ရာ ဆံပင္ဖားလ်ားခ်ထားေသာ အသက္ ၃၀ အရြယ္ မိန္းမေခ်ာတစ္ဦးကို ေတြ႔ရေလ၏။ အမွန္စင္စစ္ ထိုမိန္းမငယ္သည္ ၀င္ပါရေစဟု ေျပာရမည့္အစား ရင့္ရင့္သီးသီးေလသံျဖင့္ “ကၽြန္မ ၀င္မယ္” ဟု ေျပာလိုက္ေသာေၾကာင့္ ကၽြႏု္ပ္အဖို႔ အနည္းငယ္ ဆန္းသကဲ့သို႔ရွိ၏။
ထို႔ေၾကာင့္ ကၽြႏု္ပ္ကလည္း
“ဘယ္ကို၀င္မွာလဲ။ ညၾကီးအခ်ိန္မေတာ္ ဘာကိစၥ၀င္ရမွာလဲ”
ဟု ခပ္မာမာ ျပန္၍ ေျပာလိုုက္ေလ၏။


ထိုအခါ ထိုမိန္းမက
“ဒီလိုေျပာရင္ ဒီလိုျပန္ေျပာမယ္ဆိုတာ သိသားပဲ။ ကဲပါ ဆရာရယ္ အခ်ိန္လည္း သိပ္မရွိပါဘူး။ က်ြန္မကို ၀င္ခြင့္ျပဳပါဆရာရယ္”
ဟု ေျပာလိုက္ေလ၏။ ထိုသို႔ ေျပာလိုက္ျပီးေနာက္ ထိုမိန္းမသည္ အခန္းတြင္းသို႔ ၀င္လာေလ၏။ ထို႔ေနာက္ ကၽြႏု္ပ္၏ မ်က္ႏွာခ်င္းဆိုင္တြင္ရွိေသာ ကုလားထိုင္တြင္ ၀င္၍ထိုင္၏။ ထိုသို႔ ထိုင္ျပီးေနာက္ ကၽြႏု္ပ္အား ျပံဳးျပလိုက္၏။ ထို႔ေၾကာင့္ ကၽြႏု္ပ္က
“ကဲ မိန္းကေလး ျပံဳးသလိုလို၊ ရယ္သလိုလို လာျပီးလုပ္မေနနဲ႔။ ဘာကိစၥလဲေျပာ”
ဟု ကၽြႏု္ပ္က ေမးလိုက္ေလ၏။

ထိုအခါ မိန္းကေလးက
“ကၽြန္မနာမည္ ညိဳျမလို႔ ေခၚပါတယ္။ ဆရာ့ဆီမွာာ အေဆာင္တစ္ခု ေတာင္းခ်င္လို႔ပါ” ဟု ေျပာေလ၏။
“ဘယ္လိုအေဆာင္မ်ိဳး ေတာင္းခ်င္တာလဲ” ဟု ကၽြႏု္ပ္က ေမးလိုက္ေလ၏။
“ဒီလိုပါ ဆရာရယ္။ ကၽြန္မ မ်က္ႏွာပြင့္ခ်င္တယ္။ ေနာက္ျပီး မ်က္ႏွာပြင့္တယ္ဆိုေပမယ့္ ေတြ႔တဲ့လူတိုင္းဟာ ကိုယ့္ကိုုလာျပီး ခ်စ္ေရးဆိုုတာမ်ိဳးေတာ့လည္း မဟုတ္ဘူးေပါ့ရွင္။ ျပီးေတာ့ အႏၱရာယ္လည္း ကင္းခ်င္တယ္။ ျပီးေတာ့ လာဘ္ရႊင္ခ်င္တယ္။ ျပီးေတာ့ က်န္းမာေရး ေကာင္း ခ်င္တယ္။ ေနာက္ျပီးေတာ့ …” ဟု ေျပာလိုက္စဥ္ ကၽြႏု္ပ္က
“ မိန္းကေလးရဲ႕ ေနာက္ျပီးေတာ့ေတြက သိပ္မ်ားတယ္။ မိုးလင္းသြားလိမ့္မယ္။ ေတာ္ပါေတာ့။ က်ဳပ္ဆီမွာ ‘ေလဒီးစ္လာဘ္’ လို႔ေခၚတဲ့ အေဆာင္ကေလးတစ္ခုရွိတယ္။ အဲဒါေလးကို မင္းတို႔ထက္ငယ္တဲ့ အပ်ိဳမ ကေလးေတြက စျပီး မင္းတို႔အရြယ္ အပ်ိဳမၾကီးေတြအထိ ေဆာင္ဖို႔ဆိုျပီး က်ဳပ္လုပ္ေပးလာတာၾကာျပီ။ အရင္ကေတာ့ ခဲနဲ႔ ပံုလုပ္ထားတယ္။ ေနာက္ပိုင္းမွာေတာ့ စကၠဴနဲ႔ပဲလုပ္ျပီး ေပးလိုက္တာပဲ။ ေဆာင္တဲ့လူေတြကလည္း သိပ္ထူးတာပဲလို႔ ေျပာၾကတယ္။ အဲဒီအေဆာင္ကေလးကို က်ဳပ္က ေလဒီးစ္လာဘ္လို႔ပဲ ေခၚတယ္။ စာအုပ္ထဲမွာလည္း ေလဒီးစ္လာဘ္လို႔ပဲ ေတြ႔တယ္ ဒါေပမယ့္ က်ဳပ္ဆီကို လာျပီးေတာင္းတဲ့အပ်ိဳမေလးေတြကေတာ့ အဲဒီအေဆာင္ကေလးကို ‘လက္ေျမွာက္နတ္သမီး’ လို႔ သူတို႔ဘာသာသူတို႔ အဓိပၺါယ္ဖြင့္ျပီးေခၚၾကတာပဲ။ ယူသြားေပေတာ့”
ဟုဆိုကာ ကၽြႏု္ပ္သည္ ေလဒီးစစ္လာဘ္ေခၚ လက္ေျမွာက္နတ္သမီး၏ ဖိုတိုစတက္ပံုကို ကတ္ေၾကးႏွင့္ညွပ္၍ ေပးေလ၏။

ထိုအခါ ထိုမိန္းမက
“တစ္ခု ဘယ္ေလာက္လဲ” ဟု ေမးေလ၏။
“အလကားေပးတာ တစ္ျပားမွ် မေလွ်ာ့ဘူး” ဟု ကၽြႏု္ပ္က ေျပာလိုက္လွ်င္ ထိုမိန္းမက
“ငါးခုေပးပါ ဆရာရယ္။ အိမ္က အပ်ိဳမ ေလးေယာက္ရွိေသးတယ္” ဟုဆိုေလ၏။ ထို႔ေၾကာင့္ ကၽြႏု္ပ္လည္း ေလဒီးစ္လာဘ္ေခၚ လက္ေျမွာက္နတ္သမီးပံု ၅ ခုကို ကတ္ေၾကးႏွင့္ညွပ္၍ ေပးလိုက္ရာ ထိုမိန္းမသည္ ေပ်ာ္ရႊင္၀မ္းေျမာက္စြာျဖင့္ ထ၍ ျပန္သြားေလ၏။ တံခါးသို႔ ေရာက္ေသာအခါ။
“ဆရာက အၾကားအျမင္ရေနတယ္နဲ႔တူတယ္။ အခုလိုလာျပီးေတာင္းမယ္ဆိုတာသိေနလို႔ ဒီအေဆာင္ကေလးေတြေပးဖို႔ မအိပ္ဘဲေစာင့္ေနတာနဲ႔တတူပါရဲ႕ေနာ္” ဟု ေျပာလိုက္၏။
“ဘယ္ကလာ အၾကားအျမင္ရရမွာလဲ။ မင္းကို ေစာင့္ေနတာလည္း မဟုတ္ဘူး။ ငါ့အခန္းထဲမွာ ငါတစ္ေယာက္တည္း မအိပ္၀ံ့လို႔ ငါ့တပည့္ တစ္ေယာက္ကို ေစာင့္ေနတာ။ ကဲသြားေပေတာ့”
“ဆရာက ေတာ္ေတာ္ ရယ္စရာေျပာတတ္တယ္” ဟု ေျပာဆိုကာ ခစ္ကနဲရယ္ေမာ၍ ဖ်တ္ကနဲ ဆင္းေျပးသြားေလေတာ့သတည္း။

မင္းသိခၤ

မျက်နှာပွင့် အဆောင်
———————

ထိုည၌ မိုးကလေး တဖျောက်ဖျောက်ရွာနေသည်။ ကျွှနုု်ပ်သည် ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကျွှနု်ပ်၏အိမ်ခန်းလေး၌ တစ်ကိုယ်တည်း ပျင်းရိငြိငွေ့ စွာထိုင်လျက် ရှေးဟောင်းနှောင်းဖြစ်များကို စဉ်းစားနေမိလေ၏။ ထိုအချိန်၌ ကျွှနု်ပ်၏ နှာခေါင်း နံသာဖြူကဲ့သို့သော သင်းပျံ့ သည့် ရနံ့ တစ်မျိုးကို ရရှိလေ၏။

ထိုရနံ့နှင့်အတူ
“ကျွန်မ ၀င်မယ်”
ဟု ပြောလိုက်သောအသံကို ကြားရသဖြင့် တံခါးဝသို့ လှမ်းမျှော်ကြည့်လိုက်ရာ ဆံပင်ဖားလျားချထားသော အသက် ၃၀ အရွယ် မိန်းမချောတစ်ဦးကို တွေ့ရလေ၏။ အမှန်စင်စစ် ထိုမိန်းမငယ်သည် ၀င်ပါရစေဟု ပြောရမည့်အစား ရင့်ရင့်သီးသီးလေသံဖြင့် “ကျွန်မ ၀င်မယ်” ဟု ပြောလိုက်သောကြောင့် ကျွနု်ပ်အဖို့ အနည်းငယ် ဆန်းသကဲ့သို့ရှိ၏။
ထို့ကြောင့် ကျွနု်ပ်ကလည်း
“ဘယ်ကိုဝင်မှာလဲ။ ညကြီးအချိန်မတော် ဘာကိစ္စဝင်ရမှာလဲ”
ဟု ခပ်မာမာ ပြန်၍ ပြောလိုုက်လေ၏။


ထိုအခါ ထိုမိန်းမက
“ဒီလိုပြောရင် ဒီလိုပြန်ပြောမယ်ဆိုတာ သိသားပဲ။ ကဲပါ ဆရာရယ် အချိန်လည်း သိပ်မရှိပါဘူး။ ကျွန်မကို ၀င်ခွင့်ပြုပါဆရာရယ်”
ဟု ပြောလိုက်လေ၏။ ထိုသို့ ပြောလိုက်ပြီးနောက် ထိုမိန်းမသည် အခန်းတွင်းသို့ ၀င်လာလေ၏။ ထို့နောက် ကျွနု်ပ်၏ မျက်နှာချင်းဆိုင်တွင်ရှိသော ကုလားထိုင်တွင် ၀င်၍ထိုင်၏။ ထိုသို့ ထိုင်ပြီးနောက် ကျွနု်ပ်အား ပြုံးပြလိုက်၏။ ထို့ကြောင့် ကျွနု်ပ်က
“ကဲ မိန်းကလေး ပြံုးသလိုလို၊ ရယ်သလိုလို လာပြီးလုပ်မနေနဲ့။ ဘာကိစ္စလဲပြော”
ဟု ကျွနု်ပ်က မေးလိုက်လေ၏။

ထိုအခါ မိန်းကလေးက
“ကျွန်မနာမည် ညိုမြလို့ ခေါ်ပါတယ်။ ဆရာ့ဆီမှာာ အဆောင်တစ်ခု တောင်းချင်လို့ပါ” ဟု ပြောလေ၏။
“ဘယ်လိုအဆောင်မျိုး တောင်းချင်တာလဲ” ဟု ကျွနု်ပ်က မေးလိုက်လေ၏။
“ဒီလိုပါ ဆရာရယ်။ ကျွန်မ မျက်နှာပွင့်ချင်တယ်။ နောက်ပြီး မျက်နှာပွင့်တယ်ဆိုပေမယ့် တွေ့တဲ့လူတိုင်းဟာ ကိုယ့်ကိုုလာပြီး ချစ်ရေးဆိုုတာမျိုးတော့လည်း မဟုတ်ဘူးပေါ့ရှင်။ ပြီးတော့ အန္တရာယ်လည်း ကင်းချင်တယ်။ ပြီးတော့ လာဘ်ရွှင်ချင်တယ်။ ပြီးတော့ ကျန်းမာရေး ကောင်း ချင်တယ်။ နောက်ပြီးတော့ …” ဟု ပြောလိုက်စဉ် ကျွနု်ပ်က
“ မိန်းကလေးရဲ့ နောက်ပြီးတော့တွေက သိပ်များတယ်။ မိုးလင်းသွားလိမ့်မယ်။ တော်ပါတော့။ ကျုပ်ဆီမှာ ‘လေဒီးစ်လာဘ်’ လို့ခေါ်တဲ့ အဆောင်ကလေးတစ်ခုရှိတယ်။ အဲဒါလေးကို မင်းတို့ထက်ငယ်တဲ့ အပျိုမ ကလေးတွေက စပြီး မင်းတို့အရွယ် အပျိုမကြီးတွေအထိ ဆောင်ဖို့ဆိုပြီး ကျုပ်လုပ်ပေးလာတာကြာပြီ။ အရင်ကတော့ ခဲနဲ့ ပုံလုပ်ထားတယ်။ နောက်ပိုင်းမှာတော့ စက္ကူနဲ့ပဲလုပ်ပြီး ပေးလိုက်တာပဲ။ ဆောင်တဲ့လူတွေကလည်း သိပ်ထူးတာပဲလို့ ပြောကြတယ်။ အဲဒီအဆောင်ကလေးကို ကျုပ်က လေဒီးစ်လာဘ်လို့ပဲ ခေါ်တယ်။ စာအုပ်ထဲမှာလည်း လေဒီးစ်လာဘ်လို့ပဲ တွေ့တယ် ဒါပေမယ့် ကျုပ်ဆီကို လာပြီးတောင်းတဲ့အပျိုမလေးတွေကတော့ အဲဒီအဆောင်ကလေးကို ‘လက်မြှောက်နတ်သမီး’ လို့ သူတို့ဘာသာသူတို့ အဓိပ္ဗါယ်ဖွင့်ပြီးခေါ်ကြတာပဲ။ ယူသွားပေတော့”
ဟုဆိုကာ ကျွနု်ပ်သည် လေဒီးစစ်လာဘ်ခေါ် လက်မြှောက်နတ်သမီး၏ ဖိုတိုစတက်ပုံကို ကတ်ကြေးနှင့်ညှပ်၍ ပေးလေ၏။

ထိုအခါ ထိုမိန်းမက
“တစ်ခု ဘယ်လောက်လဲ” ဟု မေးလေ၏။
“အလကားပေးတာ တစ်ပြားမျှ မလျှော့ဘူး” ဟု ကျွနု်ပ်က ပြောလိုက်လျှင် ထိုမိန်းမက
“ငါးခုပေးပါ ဆရာရယ်။ အိမ်က အပျိုမ လေးယောက်ရှိသေးတယ်” ဟုဆိုလေ၏။ ထို့ကြောင့် ကျွနု်ပ်လည်း လေဒီးစ်လာဘ်ခေါ် လက်မြှောက်နတ်သမီးပုံ ၅ ခုကို ကတ်ကြေးနှင့်ညှပ်၍ ပေးလိုက်ရာ ထိုမိန်းမသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ထ၍ ပြန်သွားလေ၏။ တံခါးသို့ ရောက်သောအခါ။
“ဆရာက အကြားအမြင်ရနေတယ်နဲ့တူတယ်။ အခုလိုလာပြီးတောင်းမယ်ဆိုတာသိနေလို့ ဒီအဆောင်ကလေးတွေပေးဖို့ မအိပ်ဘဲစောင့်နေတာနဲ့တတူပါရဲ့နော်” ဟု ပြောလိုက်၏။
“ဘယ်ကလာ အကြားအမြင်ရရမှာလဲ။ မင်းကို စောင့်နေတာလည်း မဟုတ်ဘူး။ ငါ့အခန်းထဲမှာ ငါတစ်ယောက်တည်း မအိပ်ဝံ့လို့ ငါ့တပည့် တစ်ယောက်ကို စောင့်နေတာ။ ကဲသွားပေတော့”
“ဆရာက တော်တော် ရယ်စရာပြောတတ်တယ်” ဟု ပြောဆိုကာ ခစ်ကနဲရယ်မော၍ ဖျတ်ကနဲ ဆင်းပြေးသွားလေတော့သတည်း။

မင်းသိင်္ခ

22.3.2018 မွ 28.3.2018 အထိ တစ္ပတ္စာ

22.3.2018 မွ 28.3.2018 အထိ တစ္ပတ္စာ
၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ

လုပ္သမွ်အဆင္ေျပမည္။ ၾကံစည္သမွ် ေအာင္ျမင္ပါလိမ့္မယ္။ မိမိစိတ္ကူးထားတာေတြ ရည္မွန္း
ထားတာေတြ အေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။ စပ္တူအလုပ္၊ရွယ္ယာအလုပ္ေတြကေနအက်ိဳးျဖစ္ထြန္းမယ္။ မိတ္ေဆြေကာင္းေတြရဲ႕အကူအညီရမယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ေထာက္ခံမႈေၾကာင့္ေနရာေကာင္းရပါလိမ့္မယ္။ အေဝးေရာက္သားသမီးေတြရဲ႕ ေထာက္ပံ့ျခင္းမ်ိဳးၾကံဳရပါလိမ့္မယ္။ သားသမီးေၾကာင့္မိမိဂုဏ္တတ္ပါလိမ့္မယ္။ အလုပ္ထဲကိုေတာ့ ေငြအမ်ားႀကီး အျမဳပ္မခံပါနဲ႔။ အခ်စ္ေရးကံကေတာ့ အရမ္းေကာင္းပါတယ္။ ခ်စ္သူနဲ႔ အနာဂတ္စီမံကိန္းေတြ ခ်မွတ္သင့္တဲ့ကာလပါပဲ။
ပညာေရးမွာ အတြက္အခ်က္ပိုင္း ညံ့ေနတတ္ပါတယ္။ နားမလည္ရင္ ဆရာေတြကို ျပန္ေမးသင့္ပါတယ္။

အက်ိဳးေပးဂဏန္း ၇/၅/၄
အထူးေဟာ ေပ်ာ္စရာ အခ်ိန္ေတြပါပဲ
ယၾတာ အုန္းႏို႔ေခါက္ဆြဲတစ္ပြဲ ဘုရားကပ္လႉဆုေတာင္းပါ။



တနလၤာ

ၿငိမ္ေနတာအေကာင္းဆံုးပါပဲ။ အေျပာင္းအလဲတစ္ခုခုလုပ္မိၿပီ ဆိုတာနဲ႔ စိတ္ညစ္စရာေတြတစ္ခုၿပီးတစ္ခု ၾကံဳရႏိုင္ပါတယ္။ က်န္းမာေရးလဲ ဂ႐ုစိုက္ေစခ်င္ပါတယ္။အထူးသျဖင့္မိန္းကေလးေတြပါပဲ။ ေခၽြးငုပ္၊ ေသြးငုပ္ျဖစ္လြယ္ပါတယ္။ အလုပ္အကိုင္အဆင္ေျပေခ်ာေမြ႕ေနေပမဲ့ မိမိေသာကေၾကာင့္ အလုပ္မွာ စိတ္ႏွစ္မရတာမ်ိဳးၾကံဳရမွာပါ။ ဆံုးျဖတ္ခ်က္အျမန္ခ်ပါက အမွားမ်ားႏိုင္တဲ့ကာလပါ။ ႏိုင္ငံရပ္ျခားဆက္သြယ္ရေသာအလုပ္ေတြ၊ ခရီးသြားလုပ္ငန္း၊ ကုန္သြယ္မႈအလုပ္ေတြအရွံုးျပတတ္ပါတယ္။ အခ်စ္သစ္ဆိုရင္ေကာင္းေပမဲ့ အခ်စ္ေဟာင္းနဲ႔ေတာ့ျပႆ နာခဏခဏတတ္ပါလိမ့္မယ္။ ၾကားစကားေတြ
ေၾကာင့္ခ်စ္သူကို အထင္လြဲမိတတ္ပါတယ္။ ပညာေရးမွာေတာ္ေပမဲ့ မိမိအေနျဖင့္ျမင္းေကာင္းခြာလိပ္မျဖစ္ဖို႔လိုပါတယ္။

အက်ိဳးေပးဂဏန္း ၀/၇/၁
အထူးေဟာ ကံညံ့ေနပါတယ္
ယၾတာ ခရီးသြားမဲ့သူေတြကို လမ္းစရိတ္တတ္ႏိုင္သေလာက္ကူညီလိုက္ပါ



အဂၤါ

ဘာကိစၥပဲလုပ္လုပ္မေလာပါနဲ႔ ။ ေျဖးေျဖးမွန္မွန္ပဲ လုပ္ေဆာင္သြားပါ။ သူတစ္ပါးကိစၥမ်ား ဝင္မပါပါႏွင့္။ ကိုယ္နဲ႔ မဆိုင္ဘူးထင္ပါက ေခါင္းလႊဲလိုက္ပါ။ တာဝန္ယူေျဖရွင္းတာမ်ိဳး မလုပ္မိပါေစနဲ႔။ ဒီကာလသတိေပးခ်င္တာက လမ္းေပၚမွာ သြားလာေနၾကတဲ့ စက္ကားေမာင္းႏွင္သူေတြပါ။ သတ္မွတ္ထားတဲ့ ျမန္ႏႈန္းထက္ပိုမေမာင္းမိပါေစနဲ႔ ။ သတိထားရမဲ့ ကာလမို႔ပါ။ အလုပ္နဲ႔ ပက္သက္ေသာ ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္မ်ား မခ်မွတ္ပါနဲ႔။ အလ်င္လို အေႏွးျဖစ္ရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အညံ့အဆိုးမရွိပါဘူး။ အားကစားလုပ္သူမ်ား အရမ္းပင္ပန္းၿပီး ေခၽြးထြက္လြန္သည္ထိ မလုပ္မိဖို႔လိုပါတယ္။ အခ်စ္ေရးကံအထူးေကာင္းမြန္ပါလိမ့္မယ္။ ပညာေရးကံက မိမိဘက္မွာရွိေနမဲ့ကာလပါပဲ။ ႀကိဳစားဖို႔ပဲ လိုတာပါ။

အက်ိဳးေပးဂဏန္း ၆/၅/၃
အထူးေဟာ စဥ္းစားၿပီးမွ လုပ္ပါ
ယၾတာ ရြက္လွပန္း ၄ၫြန္႔ ဘုရားကပ္လွဴဆုေတာင္းပါ။



ဗုဒၶဟူး

ေအာင္ျမင္မႈေတြကို ယူေဆာင္လာမဲ့ကာလပါပဲ။
မိတ္ေဆြအေပါင္းအသင္းေတြ ရဲ႕ ကူညီမႈေတြရပါလိမ့္မယ္။ လုပ္ငန္းခြင္မွာ အမ်ားရဲ႕ ဝိုင္းဝန္းေထာက္ခံမႈေၾကာင့္ ရာထူးတိုးျခင္း ၊ေနရာေကာင္းရျခင္းမ်ိဳးေတြ ၾကံဳရပါလိမ့္မယ္။ ေငြေၾကးလာဘ္လာဘအထူးရႊင္မွာပါ။ အိမ္ေထာင္ေရးသာယာခ်မ္းေျမ႕မဲ့ ကာလပါ။ အျခားသူထံမွ ရစရာရွိတဲ့ ေငြလက္က်န္မ်ား ျပန္ရလာပါလိမ့္မယ္။ က်န္းမာေရးေတာ့ အနည္းငယ္ဂ႐ုစိုက္ေစခ်င္ပါတယ္။ ပင္လယ္စာနဲ႔ အရက္ေသစာ အလြန္အကၽြံေသာက္စားျခင္းမ်ိဳးေရွာင္ပါ။ ေဝးကြာေနတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ျပန္လည္ဆံုဆည္းရတတ္ပါတယ္။ အခ်စ္ေရးကံေကာင္းလာၿပီ။ ခ်စ္သူနဲ႔ ေရႊလက္တြဲဖို႔ တိုင္ပင္သင့္တဲ့အခ်ိန္ပါ။ ပညာေရးကံေကာင္းပါတယ္။ အလွအပႏွင့္ဆိုင္ေသာ ပညာမ်ား သင္ၾကားခြင့္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၈/၁
အထူးေဟာ တိုးတတ္ေအာင္ျမင္ပါလိမ့္မယ္။
ယၾတာ ဂ်င္းသုပ္တစ္ပြဲ ဘုရားရွင္ကို ကပ္လႉဆုေတာင္းပါ။



ၾကာသပေတး

ဒီကာလအတြင္း အနားယူခ်ိန္နည္းပါးေနတဲ့အထိ အလုပ္မ်ားေနပါလိမ့္မယ္။ personal ကိစၥေတြအတြက္ အခ်ိန္မေပးႏိုင္တာမ်ိဳးၾကံဳရမွာပါ။ အလုပ္မ်ားသလို အက်ိဳးအျမတ္လဲမ်ားပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးသမား ကန္ထ႐ိုက္တာမ်ား အလုပ္အဆင္ေျပမဲ့ကာလပါ။ အိမ္ေထာင္ရွင္မမ်ား အိမ္တြင္းေရးအလုပ္ေတြနဲ႔ မအားလပ္ႏိုင္ေအာင္ျဖစ္ရ
တတ္ပါတယ္။ က်န္းမာေရးအတြက္လဲ အထူးတလည္ေတာ့ ပူပန္စရာမလိုေသးပါဘူး။ က်န္းမာေရးအလြန္ေကာင္းေနမွာပါ။ သံုးစရာေလးေတြရွိေနတာေၾကာင့္ ေငြကုန္ေၾကးက်လဲမ်ားရတတ္ပါတယ္။ အခ်စ္ေရးကံၾကမၼာက မိမိကိုယ္တိုင္ခ်စ္သူကို စိတ္ပ်က္ စိတ္ကုန္ေနမိတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အဆင္ေျပမွာပါ။ ပညာေရးမွာေတာ့ သင္တန္းေျပာင္းတတ္ရတာမ်ိဳး ၊ဆရာေျပာင္းသင္ရတာမ်ိဳးလဲ ေတြ႕ၾကံဳရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၆/၉/၄
အထူးေဟာ အလုပ္ေတြ ရႈပ္ေနရပါလိမ့္္မယ္။
ယၾတာ သူငယ္ခ်င္းတစ္ဦးကို လြယ္အိတ္တစ္လံုးလက္ေဆာင္ေပးလိုက္ပါ။



ေသာၾကာ

လံုျခံဳေရး သတိရွိပါ။ သူခိုးခိုးခံရတတ္ပါတယ္။
အဖိုးတန္ပစၥည္းမ်ား အလြယ္မထားမိပါေစနဲ႔ ။သတိေမ့တတ္သူမ်ား အထူးသတိထားရမဲ့ကာလပါပဲ။
ခရီးရွည္ဆိုတာမ်ိဳးလဲ ဒီကာလမွာသြားရဖို႔ အေၾကာင္းဖန္လာတတ္ပါတယ္။ ကုန္သည္မ်ား ခ်ိတ္ဆက္ထားတဲ့ ကုန္ပစၥည္းေတြမရတာမ်ိဳးေတြၾကံဳေတြ႕ ရတတ္ပါတယ္။ ေငြဝင္လာဖို႔ရွိပါတယ္။ မိမိရင္းႏွီးျမဳပ္ႏွံထားတဲ့လုပ္ငန္းက အက်ိဳးအျမတ္ရတာမ်ိဳးျဖစ္ပါလိမ့္မယ္။ က်န္းမာေရးဆုတ္ယုတ္အားေလ်ာ့ေနမဲ့ကာလပါ။ ကိုယ္ခံအားနည္းေနတဲ့အတြက္ ျပင္ပေရာဂါေတြဝင္ေရာက္လြယ္ပါတယ္။ အခ်စ္ေရးကံသိပ္မညံ့ပါဘူး။ ခ်စ္သူက စိတ္ကြယ္ရာအရပ္ေခၚရင္ေတာ့ မလိုက္မိဖို႔လိုပါတယ္။ ပညာေရးထက္ အျခားကိစၥေတြကို ပိုၿပီးအေလးေပးေနမိတာေၾကာင့္ ပညာေရးအားနည္းေနႏိုင္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၄/၆
အထူးေဟာ စိတ္ပင္ပန္းရတာမ်ိဳးေတာ့ ရွိပါလိမ့္မယ္။
ယၾတာ လက္ဖက္ရည္ပူပူေလးတစ္ခြက္ ဘုရားကပ္လႉလိုက္ပါ။



စေန

ဒီကာလဟာစေနသားသမီးေတြအတြက္ လြတ္လပ္ျခင္း ေပါ့ပါးၾကည္ႏူးျခင္းႏွင့္ စိတ္ခ်မ္းေျမ႕ျခင္းေတြကို ခံစားရမွာပါ။ တစ္ႏွစ္ပတ္လံုး ပင္ပန္းလာသမွ် အနားယူၿပီး ေပ်ာ္ပြဲစားထြက္ျခင္းမ်ိဳးနဲ႔ ဆင္တူပါတယ္။ ေငြကံေကာင္းေနတတ္ပါတယ္။ လူငယ္မ်ားလိုခ်င္တာသံုးဖို႔ အတြက္မုန္႔ဖိုးမ်ားမ်ားရမဲ့ ကာလမ်ိဳးလဲ ျဖစ္ပါလိမ့္မယ္။ ခ်စ္သူခင္သူေပါမ်ားေနပါလိမ့္မယ္။ စက္ပစၥည္းဝယ္ဖို႔ဆံုးျဖတ္ထားရင္ ဒီကာလမွာပဲ ဝယ္ပါ။ အပ်က္အစီးနည္းပါလိမ့္မယ္။ က်န္းမာေရးမွာေတာ့ အညံ့ကင္းပါတယ္။ အလြန္အကၽြံအားကစားလုပ္တာမ်ိဳးေတာ့ ေရွာင္ရွားသင့္ပါတယ္။
အခ်စ္ေရးကံကေတာ့ အထူးပဲေကာင္းပါတယ္။ သာယာတဲ့ခ်စ္ခရီးလမ္းပါပဲ။ ခ်စ္သူမရွိေသးရင္ ခ်စ္သူရတတ္ပါတယ္။ ပညာေရးမွာေတာ့ အေတြးသမားျဖစ္ေနတတ္ပါတယ္။ အနာဂတ္ပညာေရးအတြက္ေတြးဆဆင္ျခင္မႈေတြ လုပ္ေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၇/၀/၅
အထူးေဟာ ကံျမင့္မားေနပါတယ္။
ယၾတာ ေထာပတ္သီး ေဖ်ာ္ရည္တစ္ခြက္ဘုရားရွင္ကို ကပ္လႉလိုက္ပါ။

၇ရက္သားသမီးအေပါင္း
ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

22.3.2018 မှ 28.3.2018 အထိ တစ်ပတ်စာ
၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

လုပ်သမျှအဆင်ပြေမည်။ ကြံစည်သမျှ အောင်မြင်ပါလိမ့်မယ်။ မိမိစိတ်ကူးထားတာတွေ ရည်မှန်း
ထားတာတွေ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ စပ်တူအလုပ်၊ရှယ်ယာအလုပ်တွေကနေအကျိုးဖြစ်ထွန်းမယ်။ မိတ်ဆွေကောင်းတွေရဲ့အကူအညီရမယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ထောက်ခံမှုကြောင့်နေရာကောင်းရပါလိမ့်မယ်။ အဝေးရောက်သားသမီးတွေရဲ့ ထောက်ပံ့ခြင်းမျိုးကြုံရပါလိမ့်မယ်။ သားသမီးကြောင့်မိမိဂုဏ်တတ်ပါလိမ့်မယ်။ အလုပ်ထဲကိုတော့ ငွေအများကြီး အမြုပ်မခံပါနဲ့။ အချစ်ရေးကံကတော့ အရမ်းကောင်းပါတယ်။ ချစ်သူနဲ့ အနာဂတ်စီမံကိန်းတွေ ချမှတ်သင့်တဲ့ကာလပါပဲ။
ပညာရေးမှာ အတွက်အချက်ပိုင်း ညံ့နေတတ်ပါတယ်။ နားမလည်ရင် ဆရာတွေကို ပြန်မေးသင့်ပါတယ်။

အကျိုးပေးဂဏန်း ရ/၅/၄
အထူးဟော ပျော်စရာ အချိန်တွေပါပဲ
ယတြာ အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဘုရားကပ်လှူဆုတောင်းပါ။



တနင်္လာ

ငြိမ်နေတာအကောင်းဆုံးပါပဲ။ အပြောင်းအလဲတစ်ခုခုလုပ်မိပြီ ဆိုတာနဲ့ စိတ်ညစ်စရာတွေတစ်ခုပြီးတစ်ခု ကြံုရနိုင်ပါတယ်။ ကျန်းမာရေးလဲ ဂရုစိုက်စေချင်ပါတယ်။အထူးသဖြင့်မိန်းကလေးတွေပါပဲ။ ချွေးငုပ်၊ သွေးငုပ်ဖြစ်လွယ်ပါတယ်။ အလုပ်အကိုင်အဆင်ပြေချောမွေ့နေပေမဲ့ မိမိသောကကြောင့် အလုပ်မှာ စိတ်နှစ်မရတာမျိုးကြံုရမှာပါ။ ဆုံးဖြတ်ချက်အမြန်ချပါက အမှားများနိုင်တဲ့ကာလပါ။ နိုင်ငံရပ်ခြားဆက်သွယ်ရသောအလုပ်တွေ၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုအလုပ်တွေအရှံုးပြတတ်ပါတယ်။ အချစ်သစ်ဆိုရင်ကောင်းပေမဲ့ အချစ်ဟောင်းနဲ့တော့ပြဿ နာခဏခဏတတ်ပါလိမ့်မယ်။ ကြားစကားတွေ
ကြောင့်ချစ်သူကို အထင်လွဲမိတတ်ပါတယ်။ ပညာရေးမှာတော်ပေမဲ့ မိမိအနေဖြင့်မြင်းကောင်းခွာလိပ်မဖြစ်ဖို့လိုပါတယ်။

အကျိုးပေးဂဏန်း ၀/၇/၁
အထူးဟော ကံညံ့နေပါတယ်
ယတြာ ခရီးသွားမဲ့သူတွေကို လမ်းစရိတ်တတ်နိုင်သလောက်ကူညီလိုက်ပါ



အင်္ဂါ

ဘာကိစ္စပဲလုပ်လုပ်မလောပါနဲ့ ။ ဖြေးဖြေးမှန်မှန်ပဲ လုပ်ဆောင်သွားပါ။ သူတစ်ပါးကိစ္စများ ဝင်မပါပါနှင့်။ ကိုယ်နဲ့ မဆိုင်ဘူးထင်ပါက ခေါင်းလွှဲလိုက်ပါ။ တာဝန်ယူဖြေရှင်းတာမျိုး မလုပ်မိပါစေနဲ့။ ဒီကာလသတိပေးချင်တာက လမ်းပေါ်မှာ သွားလာနေကြတဲ့ စက်ကားမောင်းနှင်သူတွေပါ။ သတ်မှတ်ထားတဲ့ မြန်နှုန်းထက်ပိုမမောင်းမိပါစေနဲ့ ။ သတိထားရမဲ့ ကာလမို့ပါ။ အလုပ်နဲ့ ပက်သက်သော ကြီးမားတဲ့ ဆုံးဖြတ်ချက်များ မချမှတ်ပါနဲ့။ အလျင်လို အနှေးဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးမရှိပါဘူး။ အားကစားလုပ်သူများ အရမ်းပင်ပန်းပြီး ချွေးထွက်လွန်သည်ထိ မလုပ်မိဖို့လိုပါတယ်။ အချစ်ရေးကံအထူးကောင်းမွန်ပါလိမ့်မယ်။ ပညာရေးကံက မိမိဘက်မှာရှိနေမဲ့ကာလပါပဲ။ ကြိုစားဖို့ပဲ လိုတာပါ။

အကျိုးပေးဂဏန်း ၆/၅/၃
အထူးဟော စဉ်းစားပြီးမှ လုပ်ပါ
ယတြာ ရွက်လှပန်း ၄ညွန့် ဘုရားကပ်လှူဆုတောင်းပါ။



ဗုဒ္ဓဟူး

အောင်မြင်မှုတွေကို ယူဆောင်လာမဲ့ကာလပါပဲ။
မိတ်ဆွေအပေါင်းအသင်းတွေ ရဲ့ ကူညီမှုတွေရပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ အများရဲ့ ဝိုင်းဝန်းထောက်ခံမှုကြောင့် ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုးတွေ ကြံုရပါလိမ့်မယ်။ ငွေကြေးလာဘ်လာဘအထူးရွှင်မှာပါ။ အိမ်ထောင်ရေးသာယာချမ်းမြေ့မဲ့ ကာလပါ။ အခြားသူထံမှ ရစရာရှိတဲ့ ငွေလက်ကျန်များ ပြန်ရလာပါလိမ့်မယ်။ ကျန်းမာရေးတော့ အနည်းငယ်ဂရုစိုက်စေချင်ပါတယ်။ ပင်လယ်စာနဲ့ အရက်သေစာ အလွန်အကျွံသောက်စားခြင်းမျိုးရှောင်ပါ။ ဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ အချစ်ရေးကံကောင်းလာပြီ။ ချစ်သူနဲ့ ရွှေလက်တွဲဖို့ တိုင်ပင်သင့်တဲ့အချိန်ပါ။ ပညာရေးကံကောင်းပါတယ်။ အလှအပနှင့်ဆိုင်သော ပညာများ သင်ကြားခွင့်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၈/၁
အထူးဟော တိုးတတ်အောင်မြင်ပါလိမ့်မယ်။
ယတြာ ဂျင်းသုပ်တစ်ပွဲ ဘုရားရှင်ကို ကပ်လှူဆုတောင်းပါ။



ကြာသပတေး

ဒီကာလအတွင်း အနားယူချိန်နည်းပါးနေတဲ့အထိ အလုပ်များနေပါလိမ့်မယ်။ personal ကိစ္စတွေအတွက် အချိန်မပေးနိုင်တာမျိုးကြံုရမှာပါ။ အလုပ်များသလို အကျိုးအမြတ်လဲများပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမား ကန်ထရိုက်တာများ အလုပ်အဆင်ပြေမဲ့ကာလပါ။ အိမ်ထောင်ရှင်မများ အိမ်တွင်းရေးအလုပ်တွေနဲ့ မအားလပ်နိုင်အောင်ဖြစ်ရ
တတ်ပါတယ်။ ကျန်းမာရေးအတွက်လဲ အထူးတလည်တော့ ပူပန်စရာမလိုသေးပါဘူး။ ကျန်းမာရေးအလွန်ကောင်းနေမှာပါ။ သုံးစရာလေးတွေရှိနေတာကြောင့် ငွေကုန်ကြေးကျလဲများရတတ်ပါတယ်။ အချစ်ရေးကံကြမ္မာက မိမိကိုယ်တိုင်ချစ်သူကို စိတ်ပျက် စိတ်ကုန်နေမိတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်ပြေမှာပါ။ ပညာရေးမှာတော့ သင်တန်းပြောင်းတတ်ရတာမျိုး ၊ဆရာပြောင်းသင်ရတာမျိုးလဲ တွေ့ကြံုရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၆/၉/၄
အထူးဟော အလုပ်တွေ ရှုပ်နေရပါလိမ့််မယ်။
ယတြာ သူငယ်ချင်းတစ်ဦးကို လွယ်အိတ်တစ်လုံးလက်ဆောင်ပေးလိုက်ပါ။



သောကြာ

လုံခြံုရေး သတိရှိပါ။ သူခိုးခိုးခံရတတ်ပါတယ်။
အဖိုးတန်ပစ္စည်းများ အလွယ်မထားမိပါစေနဲ့ ။သတိမေ့တတ်သူများ အထူးသတိထားရမဲ့ကာလပါပဲ။
ခရီးရှည်ဆိုတာမျိုးလဲ ဒီကာလမှာသွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ ကုန်သည်များ ချိတ်ဆက်ထားတဲ့ ကုန်ပစ္စည်းတွေမရတာမျိုးတွေကြံုတွေ့ ရတတ်ပါတယ်။ ငွေဝင်လာဖို့ရှိပါတယ်။ မိမိရင်းနှီးမြုပ်နှံထားတဲ့လုပ်ငန်းက အကျိုးအမြတ်ရတာမျိုးဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးဆုတ်ယုတ်အားလျော့နေမဲ့ကာလပါ။ ကိုယ်ခံအားနည်းနေတဲ့အတွက် ပြင်ပရောဂါတွေဝင်ရောက်လွယ်ပါတယ်။ အချစ်ရေးကံသိပ်မညံ့ပါဘူး။ ချစ်သူက စိတ်ကွယ်ရာအရပ်ခေါ်ရင်တော့ မလိုက်မိဖို့လိုပါတယ်။ ပညာရေးထက် အခြားကိစ္စတွေကို ပိုပြီးအလေးပေးနေမိတာကြောင့် ပညာရေးအားနည်းနေနိုင်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၆
အထူးဟော စိတ်ပင်ပန်းရတာမျိုးတော့ ရှိပါလိမ့်မယ်။
ယတြာ လက်ဖက်ရည်ပူပူလေးတစ်ခွက် ဘုရားကပ်လှူလိုက်ပါ။



စနေ

ဒီကာလဟာစနေသားသမီးတွေအတွက် လွတ်လပ်ခြင်း ပေါ့ပါးကြည်နူးခြင်းနှင့် စိတ်ချမ်းမြေ့ခြင်းတွေကို ခံစားရမှာပါ။ တစ်နှစ်ပတ်လုံး ပင်ပန်းလာသမျှ အနားယူပြီး ပျော်ပွဲစားထွက်ခြင်းမျိုးနဲ့ ဆင်တူပါတယ်။ ငွေကံကောင်းနေတတ်ပါတယ်။ လူငယ်များလိုချင်တာသုံးဖို့ အတွက်မုန့်ဖိုးများများရမဲ့ ကာလမျိုးလဲ ဖြစ်ပါလိမ့်မယ်။ ချစ်သူခင်သူပေါများနေပါလိမ့်မယ်။ စက်ပစ္စည်းဝယ်ဖို့ဆုံးဖြတ်ထားရင် ဒီကာလမှာပဲ ဝယ်ပါ။ အပျက်အစီးနည်းပါလိမ့်မယ်။ ကျန်းမာရေးမှာတော့ အညံ့ကင်းပါတယ်။ အလွန်အကျွံအားကစားလုပ်တာမျိုးတော့ ရှောင်ရှားသင့်ပါတယ်။
အချစ်ရေးကံကတော့ အထူးပဲကောင်းပါတယ်။ သာယာတဲ့ချစ်ခရီးလမ်းပါပဲ။ ချစ်သူမရှိသေးရင် ချစ်သူရတတ်ပါတယ်။ ပညာရေးမှာတော့ အတွေးသမားဖြစ်နေတတ်ပါတယ်။ အနာဂတ်ပညာရေးအတွက်တွေးဆဆင်ခြင်မှုတွေ လုပ်နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ရ/၀/၅
အထူးဟော ကံမြင့်မားနေပါတယ်။
ယတြာ ထောပတ်သီး ဖျော်ရည်တစ်ခွက်ဘုရားရှင်ကို ကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)