၇ ရက်သားသ္မီးများ ၏ စိတ်နေစိတ်ထားများ ?
❝ ပုံလေးတွေကို ကြည့်ပေးပါ။ ပုံ နှင့်သက်ဆိုင်သော ၇ ရက်သားသ္မီးများ၏ စိတ်နေစိတ်ထားများကို ပုံလေးနဲ့အတူ တပါတည်း ရေးသားပါတယ် ခင်ဗျာ။
လူတွေရဲ့စိတ်ကို စူးစမ်းလေ့လာတာကို ဝါသနာပါကြတယ်။
���တနင်္ဂနွေ���
–
စိတ်ကူးအမြင်ကျယ်တယ်။
�တနင်္လာ�
ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက်ရည်လွယ်တတ်ကြတာအင်္ဂါပါ တော်ရုံနဲ့မမေ့တတ်ကြဘူး သို့ပေမဲ့ မေ့ပီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြတယ်။
အားနာတတ်တယ်။
�အင်္ဂါ�
ကိုယ့်ထက် အကြီးဖြစ်စေ အငယ်ဖြစ်စေကိုယ့်ထက်ဂရုစိုက်ပေးပီး ကိုယ့်ကိုပစ်ထားကြရင် ဝမ်းနည်းလွယ်တတ်တာဗုဒ္ဓဟူး။
���ဗုဒ္ဓဟူး���
.
ခွင့်လွတ်သီးခံတတ်ကြပါတယ် ဒါကြောင့် လူတွေရဲ့ချစ်ခင်မှုကိုလည်းတာရှည်ပိုင်ဆိုင်ထားကြတယ်။
ငိုချင်လာခဲ့ရင်တောင် အပြင်မှာတခြုံးခြုံးနဲ့ငိုနေတာထက် ရင်ထဲမှာ ကျိတ်ပီးခံစားတတ်ကြတယ်။
�ကြာသပတေး�
လေကြောမပြတ်နိုင်ဘူး။
��� သောကြာ ���
�စနေ�
.
.
( Unicode Version )
.
၇ ရက်သားသ္မီးများ ၏ စိတ်နေစိတ်ထားများ ?
❝ ပုံလေးတွေကို ကြည့်ပေးပါ။ ပုံ နှင့်သက်ဆိုင်သော ၇ ရက်သားသ္မီးများ၏ စိတ်နေစိတ်ထားများကို ပုံလေးနဲ့အတူ တပါတည်း ရေးသားပါတယ် ခင်ဗျာ။
တနင်္ဂနွေသား သမီးတို့၏အကြောင်းသိကောင်းစရာ
တနင်္ဂနွေနေ့နာမ်များဟာ လူ့ဘဝကိုစရောက်ပီဆိုကတည်းကစိတ်ကြီးတယ်။
ငိုလွယ်တယ် ဒေါသဖြစ်လွယ်တယ်။
ပျော်ပျော်လည်းနေတတ်သလို။
ဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ။
မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလိုဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတယ်။
တနင်္ဂနွေတွေဟာ မိသားစုအပေါ်ကိုသိတတ်တယ်။
စွန့်စားပီးပေးဆပ်တတ်တာလည်း တနင်္ဂနွေပါ။
တနင်္ဂနွေများဟာ စိတ်ပြတ်သားသလောက် အစွဲအလန်းလည်းကြီးတတ်ပါတယ်။
1ယောက်ဆိုတယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ်။
ကိုယ်လိုချင်တဲ့ အရာကို သူများလက်ထဲကိုမရောက်စေချင်တာ တနင်္ဂနွေ ။
တခါတလေ တစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ်။
ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူး ခေါင်းနဲနဲမာတယ်။
အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ်။
ကိုယ်လုပ်နေတဲ့ အလုပ်ကိုဖြစ်အောင်လုပ်တယ်။
ဘယ်တော့မှလက်မလျော့တာ တနင်္ဂနွေပါ။
တနင်္ဂနွေတွေဟာ အပြင်မှာ ပြတ်သားသလိုနေတတ်ကြပေမဲ့ ရင်ထဲမှာတော့ အစွဲအလန်းကြီးတတ်တဲ့ နေ့နာမ်များပဲဖြစ်တယ်။
ကိုယ့်ရဲ့အရှေ့မှာ စိတ်မကောင်းစရာတွေတွေ့ရင်သနားတဲ့စိတ်ရှိတယ်။
ကူညီလိုတဲ့စိတ်တွေလည်း တနင်္ဂနွေမှာအပြည့်ရှိပါတယ်။
အလုပ်လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်တာတနင်္ဂနွေပါ။
လူတွေရဲ့စိတ်ကို စူးစမ်းလေ့လာတာက်ို ဝါသနာပါကြတယ်။
တနင်္ဂနွေများဟာ အားနေရင် သီချင်းနားထောင်တာတို့ သီချင်းဆိုတာတို့ ဝါသနာပါပီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ်
စကားပြောရင်တည်ငြိမ်စွာနဲ့ပြောဆိုတတ်ပီး စွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တဲ့အကျင့်လေးကိုပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေပါ
���တနင်္ဂနွေ���
တနင်္ဂနွေများရဲ့ အချစ်ရေးဟာတော့ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတယ်။
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ —
တနင်္လာ သားသမီးတို့ရဲ့ စိတ်နေစိတ်ထားအကြောင်း
တနင်္လာတွေဟာ မိတ်ဆွေပေါများတယ် ။
လူချစ်လူခင်လည်း ပေါများတဲ့နေ့နာမ်ပိုင်ရှင်တွေဖြစ်တယ်။
ဒေါသထွက်တတ်ပေမဲ့ အပြင်မှာ ထုတ်ပီးအရမ်းမပွားပါဘူး။
မိသားစုအပေါ်မှာဆိုရင်တော့ နဲနဲစိတ်မရှည်တတ်ဘူး။
အစွဲအလန်းကြီးပါတယ် တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ် ။
စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တာ တနင်္လာပါ။
ခင်ရတဲ့အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစားလက်ခံနားထောင်ပေးတတ်တယ်။
ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့နေတတ်သလို သူများကိုပျော်ရွှင်မှုတွေ တခါတရံဖန်တီးပေးတတ်တယ်။
တနင်္လာတွေက သူငယ်ချင်းတွေ မိတ်ဆွေတွေကိုမက်မောစွာနဲ့ခင်တွယ်တတ်တယ်။
အလုပ်လုပ်တဲ့နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်။
စိတ်ကူးအမြင်ကျယ်တယ်။
ဗူးဆို ဖရုံမသီးတတ်ဘူး။
ဖြစ်ချင်တာကို အမြန်ဆုံးအကောင်အထည်ဖော်ရမှကျေနပ်တာတနင်္လာပါ။
တခါတလေတော့ အလုပ်လုပ်တဲ့နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေးလွဲချော်နေတတ်တယ်။
တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာတစ်ခုခုတွေ့မြင်ရရင်သနားတတ်တယ်။
တတ်နိုင်ရင် ကူညီလိုတဲ့စိတ်အပြည့်အဝရှိပါတယ်။
သို့ပေမဲ့ ကိုယ်မကြိုက်တဲ့အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ် ။
လူတစ်ယောက်ကိုခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ပေါင်းသင်းတတ်ကြပါတယ်။
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့လိုက်လျောညီထွေစွာခင်မင်တတ်တယ်။
ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာတနင်္လာပါ။
တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျလေ့လာတတ်တယ်။
စကားပြောတဲ့နေရာမှာ ပွင့်လင်းမှုရှိတယ်။ကိုယ်မကြိုက်သောအရာတွေကိုပြောချင်တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက်ပြောတတ်တာတနင်္လာပါ။
တနင်္လာတွေဟာမှန်နေရင် ဘာကိုမှဂရုမစိုက်ပဲနေသလောက် မှားနေရင်တော့ တောင်းပန်ဖို့လည်းဝန်မလေးတတ်ဘူး။
အပေါင်းအသင်းတွေကြားမှာလည်း ယုံကြည်မှုအပြည့်အဝ ရှိရှိနဲ့ နေတတ်တာတနင်္လာပါ။
တနင်္လာလေးတွေဟာ စိတ်ကူးယဉ်ဆန်တယ်။
အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကိုလေ့လာရတာနှစ်သက်တဲ့နေ့နာမ်တွေပါ။
�တနင်္လာ�
တနင်္လာရဲ့အချစ်ရေးကတော့ ချစ်သူရဲ့ချော့တာလေးကိုနှစ်သက်ပေမဲ့ ကိုယ်ကလိုက်ပီး ချော့နေရတဲ့အနေအထား���
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ
အင်္ဂါသား သမီးတို့ရဲ့ စိတ်နေစိတ်ထားအကြောင်း
အင်္ဂါတွေဟာ အပြင်ပန်းသဏ္ဍန်တည်ငြိမ်အေးဆေးစွာနဲ့နေတတ်ကြပေမဲ့ အင်မတန်မှာ ဒေါသကြီးတဲ့နေ့နာမ်တွေဖြစ်ကြတယ်။
မဟုတ်ရင်မခံချင်ကြဘူး။
ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်ကပူညံပူညံနဲ့ရေရွတ်နေတတ်ကြတယ်။
လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ်။
ဝတ္တရားပျက်ကွက်မိရင်လည်း အပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ်။
မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ်တွေရှိကြတယ်။
တည်ငြိမ်အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့ တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင်နိုင်တတ်ကြတယ်။
အလုပ်လုပ်တဲ့နေရာမှာသူများအပေါ်ဦးဆောင်လိုတဲ့စိတ်ရှိတယ်။
ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ထင်မြင်တတ်ကြတာအင်္ဂါ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်။
အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတယ်။
တခါတရံ ကိုယ့်ကိုယ်ပင်ချီးမွန်းတတ်တယ်။
သူများတွေမြှောက်ပေးရင်တော့သိပ်မကြိုက်ဘူး။
အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ အေးအေးဆေးဆေးနေတတ်ကြတာ အင်္ဂါပါ။
တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်းပိုင်ဆိုင်ထားကြတယ်။
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်သလောက် ကို့အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့်မကြည့်တတ်ကြဘူး။
အင်္ဂါတွေဟာတိရိစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ်။
အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင် သူငယ်ချင်းတွေကို သို့မဟုတ် မိသားစုထဲကလူတစ်ယောက်ယောက်ကို ပြန်လည်ပီးပြောပြချင်တတ်ကြတယ်။
ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြံုရင်မျက်ရည်လွယ်တတ်ကြတာအင်္ဂါပါ တော်ရုံနဲ့မမေ့တတ်ကြဘူး သို့ပေမဲ့ မေ့ပီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြတယ်။
သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်။
အားနာတတ်တယ်။
်စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ်။
အမှတ်တရတွေကိုတော့ တခုမကျန်မမေ့တတ်တာအင်္ဂါပါပဲ။
သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ တိုးတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေရတာတွေကိုနှစ်သက်ကြတာအင်္ဂါပါ။
�အင်္ဂါ�
အင်္ဂါတွေဟာ အချစ်ရေးမှာတော့ တွေဝေနေတတ်ကြပါတယ်။ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့ သံယောဇဉ်လည်း မပြတ်နိုင်ကြဘူး ။
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ —
ဗုဒ္ဓဟူး သားသမီးတို့၏အကြောင်းသိကောင်းစရာ
ဗုဒ္ဓဟူးသားသမီးများဟာ အေးဆေးစွာနဲ့ နေတတ်တဲ့နေ့နာမ်များပဲဖြစ်တယ်။
အပြင်မှာအေးသလောက် အပေါင်းအသင်းတွေနဲ့တွေ့ရင်တော့ ပျော်ပျော်နေတတ်တယ်။
စကားချိုချိုနဲ့အတည်ပေါက်စတတ်နောက်တတ်တယ်။
ဗုဒ္ဓဟူးများဟာ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကိုလုပ်မယ်လို့ဆုံးဖြတ်ထားရင် ဖြစ်အောင်ကို ကြိုးစားပီးလုပ်တတ်တာ ဗုဒ္ဓဟူးပါ။
ကိုယ်တကယ်ဝါသနာပါတဲ့အရာကိုလုပ်ရင်လည်း အောင်မြင်တတ်သလောက် စိတ်မပါတဲ့အရာဆိုရင်တော့ အောက်ဆုံးထိလက်လျော့ထားတတ်တယ်။
အလုပ်လုပ်တဲ့နေရာမှာအင်မတန်မှ စိတ်ကူးညာဏ်ကောင်းတယ်။
ကိုယ်ဖြစ်ချင်တာကိုဘယ်တော့မှ လက်မလျော့တတ်တာဗုဒ္ဓဟူးပါ။
ဗုဒ္ဓဟူးများဟာမာနကို သိပ်ပီးအလေးမထားတတ်ဘူး။
စိတ်ဆိုးအောင်လုပ်ပီးရင်လည်း ပြန်ချော့တတ်တာ ဗုဒ္ဓဟူး။
သူငယ်ချင်းတွေကြားထဲမှာ အချစ်ခံချင်ကြတယ်။
သူ့အပေါ်အလေးထားတဲ့သူဆိုရင် သူဟာအရမ်းကောင်းတယ် ။
စကားချိုချိုလည်းပြောတတ်သလို မျက်နှာအနေအထားပွင့်လင်းတယ်။
တခါတလေ လူကြီးဆန်ဆန်နဲ့နေတတ်သလို
တခါတလေ ကလေးလေးဆန်ဆန်နဲ့အတည်ပေါက်စနောက်တတ်တယ်။
မိသားစုထဲမှာ ကိုယ့်ကိုချီးမွန်းတာကိုခံချင်တယ်။
ကိုယ့်ထက် အကြီးဖြစ်စေ အငယ်ဖြစ်စေကိုယ့်ထက်ဂရုစိုက်ပေးပီး ကိိုယ့်ကိုပစ်ထားကြရင် ဝမ်းနည်းလွယ်တတ်တာဗုဒ္ဓဟူး။
သို့ပေမဲ့ မိသားစုကိုအရမ်းချစ်တယ်။
ဗုဒ္ဓဟူးတွေဟာ စိတ်ကူးသစ် အမြင်သစ်နဲ့ မိတ်ဆွေအသစ်တွေကိုလည်း ရှာဖွေလေ့ရှိပါတယ်။
သို့ပေမဲ့ အဟောင်းကိုမေ့လားဆိုလည်း အဟောင်းတွေကိုလည်းမမေ့တတ်ပါဘူး။
ကိုယ့်အပေါ်ကောင်းတဲ့သူဘက်ကို ပိုးပီးအလေးထားဆက်ဆံတယ်။ ဗုဒ္ဓဟူးတွေဟာ ကိုယ့်ကိုယုံအောင်လာပြောရင်လည်းအယုံလွယ်တတ်တယ်။
ဗုဒ္ဓဟူးများဟာ ဒေါသဖြစ်ရင်လည်း မျက်ရည်တွေပေါက်ပေါက်ကျတယ်။
ဝမ်းနည်းမှုဖြစ်စေ ဒေါသဖြစ်စေ ဖြစ်လာရင်လည်း စိတ်ထဲမှာ အကြာကြီးအစွဲမထားတတ်တာ ဗုဒ္ဓဟူးပါ။
ဗုဒ္ဓဟူးများဟာ အားနေရင် ခင်မင်ရတဲ့သူတွေကို ဟာသပြောရတာတွေ သီချင်းနားထောင်တာတို့သို့မဟုတ် game တွေဆော့ရတာကိုဝါသနာပါတယ်။
ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ဝေးနေရင် သူကမလာရင် ကိုယ်ကသူ့ဆီကို အရောက်သွားချင်တတ်ကြတဲ့စိတ်ထား ဗုဒ္ဓဟူးမှာရှိတယ်။
���ဗုဒ္ဓဟူး���
�ဗုဒ္ဓဟူး�တွေရဲ့ အချစ်ရေးကတော့ ကိုယ့်ရဲ့ တော့ကီတွေကြောင့်စန်းအလွန်ပွင့်သလို တခါတလေ ကိုယ်ပဲခံစားနေရတာ ဗုဒ္ဓဟူး ??
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ —
ကြာသပတေးသားသမီးတို့ရဲ့ စိတ်နေစိတ်ထားအကြောင်း
ကြာသပတေးသားသမီးများဟာ အေးအေးဆေးဆေးနေတတ်တဲ့သူများဖြစ်ကြတယ်။
ခွင့်လွတ်သီးခံတတ်ကြပါတယ် ဒါကြောင့် လူတွေရဲ့ချစ်ခင်မှုက်ုိလည်းတာရှည်ပ်ိုင်ဆိုင်ထားကြတယ်။
မဟုတ်ရင်မခံတတ်တဲ့စိတ်ရှိတာလည်း ကြာသပတေးပါ။
ကိစ္စတွေကိုအမှန်တရားဘက်က ရပ်တည်ကြတယ်။
မိသားစုထဲမှာ စကားများရန်ဖြစ်ကြရင်လည်း ကိုယ့်ဘက်ကအရင်ဆုံးကျေအေးပေးတတ်ကြတယ်။
အနစ်နာခံပေးတတ်တာ ကြာသပတေးပါ။
ကြာသပတေးများဟာ လူတွေအပေါ် မေတ္တာထားတတ်တယ်။
ကိုယ့်မိသားစုထဲကလူတစ်ယောက်ယောက်ကို သံယောဇဉ်ရှိရှိနဲ့ ချစ်တတ်ပါတယ်။
ချစ်သောသူများကိုလည်း အနစ်နာခံပေးတတ်တယ်။
ကိုယ်ဖြစ်ချင်သောဆန္ဒကို အလွယ်တကူလက်မလျော့တတ်တာ ကြာသပတေးပါ။
ဖြစ်ချင်တာကို စိတ်မလောဘဲ အချိန်ပေးပီးအကောင်အထည်ဖော်တတ်တယ် အေးဆေးနေတတ်တယ် စိတ်တည်စွာနဲ့နေတတ်တာကြာသပတေးပါ။
ကြာသပတေးဟာ တကယ်ခံစားလွယ်တဲ့သူများဖြစ်ကြပေမဲ့ အပြင်မှာတော့ တည်ငြိမ်စွာနဲ့နေတတ်တယ်။
ငိုချင်လာခဲ့ရင်တောင် အပြင်မှာတခြုံးခြံုးနဲ့ငိုနေတာထက် ရင်ထဲမှာ ကျိတ်ပီးခံစားတတ်ကြတယ်။
ရင်ထဲမှာသိမ်းမထားနိုင်တဲ့အပူဆိုရင်တော့ ဘာမှမပြောဘဲ မျက်ရည်တွေ အလိမ့်လိမ့်ကျလာတတ်တာ ကြာသပတေးပါ။
ကြာသပတေးများဟာ သူငယ်ချင်းတွေကြားမှာ ပျော်ရွှင်စွာနဲ့လည်းနေထိုင်တတ်တယ်။
ကြာကြာနေမှတွေ့ဖြစ်တဲ့သူငယ်ချင်းများကိုလည်း အတိတ်မှာ ပျော်ရွှင်ခဲ့တာတွေကိုပြန်ပီးပြောပြတတ်တဲ့စိတ်တွေလည်း ရှိတတ်ကြပါတယ်
အမှတ်တရတခုခုကို လွယ်လွယ်နဲ့မမေ့တတ်တာ ကြာသပတေးပါ။
အလုပ်ကိုဦးစားပေးတတ်ကြတယ် ။
တခါတရံ ကိုယ်ဝါသနာပါနေတဲ့အလုပ်ကိုလုပ်နေပီဆိုရင် အိမ်မက်ထဲမှာတောင် ထည့်မက်ကြတာ ကြာသပတေးပါ။
အလုပ်လုပ်တဲ့နေရာမှာ စိတ်ရှည်တတ်တယ်။
တော်ရုံတန်ရုံ ပြသနာမဖြစ်အောင်နေထိုင်တတ်ကြတယ်။
ကြာသပတေး သားသမီးများဟာ သူများတွေရဲ့ ခင်မင်မှုကိုလည်းတန်ဖိုးထားတတ်ကြတယ်။
အားနာတတ်တယ် စကားပြောတဲ့နေရာမှာလည်း အမှားကိုဆင်ခြင်သုံးသပ်ပီးပြောကြားနိုင်စွမ်းရှိတယ်။
ကြာသပတေးများဟာ အစွဲအလန်းထားသင့်တဲ့နေရာမှာဘဲထားတယ်။
ကိုယ်တကယ်မကြိုက်တဲ့အရာဆိုရင် စွန့်လွတ်ရဲတယ်။
ပြန်လှည့်မကြည့်တတ်ဘူး မတွေးပူနေတတ်ဘူး။
အားနေတဲ့အချိန်တွေမှာဆိုရင်တော့ တခါတလေ မိသားစုကိုအချိန်ပေးပီး အိမ်တွင်းမှုလုပ်နေရရင်ကိုနှစ်သက်ကြပါတယ်။
ကြာသပတေးဟာ အပြင်ကရုပ်သွင် မဟုတ်ရင်တောင် အတွင်းစိတ်ချစ်စရာကောင်းတာလေးကို ပိုင်ဆိုင်ထားကြတယ်။
�ကြာသပတေး�
�ကြာသပတေးရဲ့ အချစ်ရေးကတော့ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲ အစွဲအလန်းရှိနေပါတယ်။
သူအဝေးမှာရှိနေရင်တောင် ပြန်လာဖို့ သစ္စာရှိစွာနဲ့ မေတ္တာမပျက်စောင့်မျှော်နေပါတယ် ���
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ —
သောကြာသားသမီးတို့၏ စိတ်နေစိတ်ထားအကြောင်း
သောကြာသားသမီးတွေဟာ လူ့လောကကိုစရောက်ပီဆိုကတည်းက အငိုသန်တယ် သွေးအေးအေးနဲ့စိတ်ကြီးတတ်တယ်။
အနေအေးတဲ့ လူအများစုဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံးလူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှစကားများတယ်။
လေကြောမပြတ်နိုင်ဘူး။
သူများအကြောင်းထက် ကိုယ့်အကြောင်းတွေကိုပိုပီးပြောပြလေ့ရှိတယ်။
ရည်မှန်းချက်တခုကို အကောင်အထည်ဖော်ရင်စိတ်ရှည်တယ်။သီးခံတယ်။
ကိုယ်မကြိုက်သောအရာ ကိုယ်မနှစ်သက်သောလူတွေဆိုရင်တော့ ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။
ကိုယ်မှန်တယ်လို့ထင်ရင်လည်း ဘယ်သူပြောပြောဂရုမစိုက်တတ်တာသောကြာပါ။
လူမှုရေး နဲ့ပတ်သတ်ပီး ဆက်ဆံရင် ဖော်ရွေတတ်တာသောကြာပါ။
ကိုယ်ခင်သောမိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေအတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက်သွားရောက်တတ်ပါတယ်။
အပြင်မှာအေးစက်စက်နဲ့မာနကြီးတယ်လို့ထင်ရပေမဲ့ ကိုယ်ခင်တဲ့လူတွေအပေါ်မှာဆိုရင်တော့ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆို ဆက်ဆံတတ်တာသောကြာပါ။
ကလေးတွေကိုလည်း ကြင်နာစွာနဲ့ချစ်တတ်တယ်။
စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေရှိရင် တစ်ယောက်ထဲအေးဆေး တွေးတောနေရတာကိုပိုပီးနှစ်သက်တာသောကြာ။
သောကြာတွေဟာ ကိုယ့်အနားမှာရှိနေတဲ့သူတွေကို အရင်းနီးဆုံး ခင်မင်စွာနေတတ်ပေမဲ့ စိတ်ထဲမှာသိပ်ပီးအစွဲအလန်းမထားတတ်ဘူး။
ခင်မင်ရတဲ့ လူအချို့ကို အချိန်တွေကြာသွားလည်း အမှတ်ရနေတတ်တဲ့သူတွေဖြစ်ပေမဲ့ အစွဲအလန်းကြီးစွာနဲ့သတတနဲ့သတိရနေတတ်တဲ့လူတွေတော့မဟုတ်ဘူး။
သောကြာတွေဟာ အားနေရင် ကိုယ်ကြိုက်သော အစားအစာတွေ စားနေရတာတွေကို ကျေနပ်ကြသလို အအိပ်လည်းမက်တယ်။
ဖြစ်ချင်တာတွေ မဖြစ်လာရင်လည်း ဒေါကန်တတ်တာသောကြာ။
အချစ်ရေးကိစ္စမှာ သောကြာတွေဟာအရှက်ကြီးတယ်။
ကိုယ့်ရဲ့အချစ်ရေးအချစ်ရာအကြောင်းတွေကို သူငယ်ချင်းတွေအပေါ်မှာ အကြောင်းစုံသိပ်ပီးပြောပြလေ့မရှိဘူး။
လျို့ဝှက်တတ်တာ သိပ်တော်တာ သောကြာပါ။
သောကြာတွေဟာ ပစ္စုပ္ပန်ထက် အနာဂတ်ကိုပိုပီးစိတ်ကူးယဉ်တွေးတောလေ့ရှိတယ်။
သောကြာတွေရဲ့မျက်ဝန်းဟာ စွဲဆောင်မှုရှိသလို စကားပြောရင်လည်း စွဲဆောင်မှုအပြည့်အဝပိုင်ဆိုင်ထားတာသောကြာတွေပါ။
��� သောကြာ ���
သောကြာ� တွေရဲ့အချစ်ရေးကတော့အချစ်ဦးနဲ့လွဲနေပေမဲ့ အချစ်စစ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အနေအထားလေးပါ �
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ —
စနေသား သမီးတို့ရဲ့ စိတ်နေစိတ်ထားအကြောင်း
စနေသားသမီးတွေက လူ့ဘဝကိုစရောက်ပီဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ်။
ဒေါသဖြစ်ပီဆိုရင်လည်း အရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကိုနာကျင်အောင်လုပ်တတ်တယ်။
ပြောချင်တဲ့စကားကို သွယ်ဝိုက်မပြောတတ်ဘဲ တိုက်ရိုက်ပွင့်ပွင့်လင်းလင်းပြောတတ်တာ စနေပါ။
အစွဲအလန်းကြီးတယ် အမှတ်တရတွေကိုသတိရနေတတ်တယ်။
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်ကြဘူး။
ဒေါသကြီးရင်လည်း သူများနဲ့မတူအောင်ပါပဲ စိတ်ကြီးတယ်မဟုတ်မခံတတ်ဘူး ။
အချိန်ခနလေးနဲ့ဒေါသအရမ်းထွက်တတ်ပေမဲ့ ဟုန်းခနဲထတောက်တဲ့မီးလိုပဲ ဒေါသတွေကခနပဲ ကြာကြာတော့စိတ်ထဲမထားတတ်ဘူး။
ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်။
သနားတတ်တဲ့စိတ်ထားရှိကြတယ်။
မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့စိတ်ထားစနေမှာအပြည့်အဝရှိတယ်။
အနေအေးပေမဲ့ကိုယ့်ကိုလာခင်တဲ့လူတွေနဲ့ဆို ဖော်ရွေစွာနေတတ်တာစနေပါ။
သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်းလိုချင်ကြတယ်။
မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်းခံချင်ကြတာလည်း စနေပါ။
စိတ်ဆိုးနေရင်မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်။
ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန်စဉ်းစားတတ်ပီး စိတ်မကောင်းဖြစ်နေတတ်တာလည်းစနေပါဘဲ။
ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ရန်ဖြစ်ပီးမခေါ်ကြရင် ကိုယ်ကဘယ်တော့မှအရင်စမခေါ်ချင်ကြဘူး မာနအိုးတွေပါ။
သူ့ဘက်ကစခေါ်ပီဆိုရင်လည်း သူ့ထက်2ဆခင်မင်ပြတတ်တာစနေ။
ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။
အချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ်။
ကိုယ်လုပ်တဲ့ကိစ္စတွေတိုင်းကိုလက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ် ။
ကိုယ်လုပ်ထားတဲ့အရာတွေကို အကောင်းပြောတာဘဲ ခံချင်ကြတာလည်းစနေပဲ။
သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ်ဆန်ဆန်တွေကိုနှစ်သက်ကြတယ်။
တခါတလေ တယောက်ထဲရှိရင်သီချင်းတွေညည်းနေတတ်တယ်။
အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအနကောက်တတ်ကြတယ်။
အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့စိတ်တွေအင်မတန်ရှိတယ်။
စိတ်သဘောထားကောင်းတတ်ကြတာ စနေပါ။
�စနေ�
အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ် ���
မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ —