မိတ်ဆွေများအားလုံးအတွက် ၂၀၁၇ စက်တင်ဘာလ (၈)ရက်မှ (၁၅)ရက်အတွင်း (၁)ပတ်စာ ဟောစာတမ်း
မိတ်ဆွေများအားလုံးအတွက် ၂၀၁၇ စက်တင်ဘာလ (၈)ရက်မှ (၁၅)ရက်အတွင်း (၁)ပတ်စာ ဟောစာတမ်း
.
.
.
.
.
.
.
.
 ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ အုန်းရည်ထည့် ၊ သပြေ (၆)ရွက်ထည့် ခေါင်းလောင်းချိုးလိုက်ပါ။
.
.
တနင်္လာသားသမီးများ
.
.
.
.
.
.
.
.
အင်္ဂါသားသမီးများ
.
.
.
.
.
.
.
.
.
ဗုဒ္ဓဟူးသားသမီးများ
.
.
.
.
.
.
.
.
.
ကြာသပတေးသားသမီးများ
.
.
.
.
.
.
.
.
သောကြာသားသမီးများ
.
.
.
.
.
.
.
.
စနေသားသမီးများ
.
.
.
.
.
ဒီတစ်ပတ် နာရေးကိစ္စလုံးဝရှောင်သင့်ပါတယ်။
.
ထီဝါသနာ ပါရင် ၆၇ အတွဲလိုက်စတဲ့ ထီဂဏန်းကို ရှာပြီးထိုးသင့်ပါတယ်။
.
.
.
.
.
မိတ်ဆွေများအားလုံးအတွက် ၂၀၁ရ စက်တင်ဘာလ (၈)ရက်မှ (၁၅)ရက်အတွင်း (၁)ပတ်စာ ဟောစာတမ်း
.
.
.
တနင်္ဂနွေသားသမီးများ
ဆွေမျိုးတွေရဲ့ သတင်းကောင်းလည်းကြားရတတ်ပါတယ်။ အလုပ်နေရာ၊ အိမ်နေရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ လည်း အောင်မြင်နိုင်ပါတယ်။ လုပ်ငန်းသစ်စတာ၊ နေရာပြောင်းတာတွေလုပ်သင့်ပါတယ်။ အိပ်ယောင်းပြောင်းအိပ်ပေး။ခရီးထွက်ပေး။အဝတ်အစာအသစ်များဝတ်ပေး။ဘာသာရေးပိုလုပ်ပေးပါ။ပြဿနာကြီးတွေ ကြုံရတတ်တယ်။ တစ်ယောက်ပြီး တစ်ယောက် ဒုက္ခပေးလာတတ်တဲ့ အချိန်မျိုးပါပဲ။ မတော်တဆ ထိခိုက်မိတာလေးတွေလည်း ကြုံရတတ်ပါတယ်။ စက်ကိစ္စ၊ စပ်တူကိစ္စ၊ ဆိုင်ကိစ္စ စာချုပ်စာတမ်းကိစ္စတွေ လုံးမဝလုပ်သင့်ပါဘူး။ငြိမ်ငြိမ်နေရင် အဖက်ဖက်ကညံ့မယ် …။ လှုပ်လှုပ်ရှားရှားနေရင် ကံကောင်းမယ် …။ ဒီရက်မျိုးမှာ ခရီးထွက်နေလေ ကောင်းလေပါပဲ။ ပြည်တွင်ပြည်ပ ခရီးကောင်းတွေလည်း ကြုံရတတ်ပါတယ်။ အနည်းဆုံး အိ်ပ်ယာပြောင်းအိပ်ပါ ။ ရပ်ဝေးက အကူအညီ၊ အဆက်အသွယ်ကောင်းတွေ ပေါ်လာမယ်။
.
အချစ်ရေးမှာ ၊ အိမ်ထောင်ရေး တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင် ။ ကိုယ့်မျက်နှာလည်း ကိုယ်မကြည့်ချင်ဖြစ်နေတတ်။ အပျက်အပျက်ကနေ နှခေါင်းသွေးထွက်တတ်။ လမ်းခွဲရမတတ်ဖြစ်သွားတတ်။ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းပါ …။
.
အနီ၊အပြာ၊အဝါ ရောင်များ ကံကောင်းစေပါတယ် …။
.
ခြေထောက် ၊ ခါး ၊ ဒူး နဲ့ ပက်သက်တဲ့ရောဂါတွေ သတိထားသင့်ပါတယ် …။
.
ထီထိုးမယ်ဆိုရင် ၂ ၊ ၃ များများပါတဲ့ လက်မှတ် ရှာထိုးပါ ။
.
 ယတြာ။ ။ အည့ံတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ အုန်းရည်ထည့် ၊ သပြေ (၆)ရွက်ထည့် ခေါင်းလောင်းချိုးလိုက်ပါ။
.
.
တနင်္လာသားသမီးများ
.
အလုပ်တွေ တအားလုပ်ရပြီး ငွေကျပ်နေမယ်။သူတစ်ပါးကို ကူညီရတဲ့အလုပ် တွေနဲ့ မနားရအောင်ဖြစ်ရတတ်ပါတယ်။ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ၊ စိတ်နှစ်ခွဖြစ်စရာတွေ ကြုံလာရတတ်ပါတယ်။ နာမည်ကြီး ထမင်းငတ် ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဘယ်လုပ်ငန်းကိုမှ ကြီးကြီးမားမား မချဲ့သင့်သေးပါဘူး။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံခြား၊ လျှပ်စစ်ပစ္စည်း၊ အထည်၊ ထီး၊ ဖိနပ် လုပ်ငန်းတွေမှာတော့ အကျိုးထူးနိုင်ပါတယ်။ နေရာကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ တိုးလိုတန်းလန်း ဖြစ်နေမယ်။ စာရွက်စာတမ်းကိစ္စ စပ်တူကိစ္စတွေ စိတ်ရှုပ်ရတတ်ပါတယ်။ တစ် ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်ပါတယ်။ တိုင်တိုင်ပင်ပင်လုပ်သင့်တဲ့အချိန်ပါပဲ။
.
ချစ်သူရည်းစားများ၊ အိမ်ထောင်ရှင်များအနေနဲ့ ကွဲကွာနေရတာ၊ ဘေးကနှောင့်ယှက်တာတွေ ကြုံရတတ်ပါတယ်။ အခြားသူများကို အကြောင်းပြုပြီး အဆင်မပြေဖြစ်တတ်ပါတယ်။စိတ်သောကရောက်ရတတ်ပါတယ်။
.
ခြေထောက်၊ ခါး၊ အစာမှားဆေးမှား၊ သွား၊ သွေး၊ သတိပြုသင့်ပါတယ်။
.
အနက်ရောင် ၊ အစမ်းရောင်တွေ ကံကောင်းစေပါတယ်။
.
ထီထိုးလျှင် ရ ၅ အစမှာ အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်ကို ထိုးသင့်ပါတယ်။ဘုန်းကြီးပုံ၊ဘုရားပုံကြွလာလျှင်ထိုးပါ။
.
ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ နွားနို့အနည်းငယ်ထည့် ၊ ပန်းအဝါ(၅)ပွင့်ထည့် ခေါင်းလောင်းချိုးလိုက်ပါ …။
.
.
အင်္ဂါသားသမီးများ
.
လုပ်ငန်းဟောင်း၊ နေရာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။ ရတနာပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်ပစ္စည်းတွေလည်း ၀င်လာမယ်။ ပြဿနာ ဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပြီးပေါ်လာတတ်ပါတယ်။ ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတွေရဲ့ ပြဿနာ၊ ဒုက္ခ တွေကိုလည်း ကူညီဖြေရှင်းပေးရတတ်ပါတယ်။ ခရီးကိစ္စတွေလွဲချော်နေမယ်။ မိတ်ရင်း၊ ဆရာရင်းများနဲ့လည်း အဆင်မပြေဖြစ်ရတတ်ပါတယ်။ ထွက်နေ၊ ဆုံးရှုံးနေတဲ့ငွေတွေ၊ ပစ္စည်းတွေ၊ အခွင့်အရေးဟောင်းတွေလည်း ပြန်ပြီးဝင်လာတတ်ပါတယ်။ဘာပဲလုပ်လိုက်လုပ်လိုက် ငွေတွေ ၀င်လာမယ်။ အောင်မြင်နေမယ်။ ကံမြင့်ပြီး လာဘ်ပွင့်နေပါလိမ့်မယ်။ ကွဲကွာနေသူများနဲ့ ပြန်ဆုံမယ်။
.
ကျန်းမာရေးမှာ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမယ့် ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး၊ ဒုက္ခပေးတတ်ပါတယ်။
.
အချစ်ရေး ၊ အိမ်ထောင်ရေး အလွန်ကောင်းနေပါတယ်။အချစ်ရဲ့အသီးအပွင့်တွေကို စားသုံးရမယ့်အချိန်ပါပဲ။တစ်ကမ္ဘာလုံးမှာ နှစ်ယောက်တည်းပဲရှိနေတယ်လို့ ထင်နေတတ်ပါတယ်။ မျက်နှာအလွန်ပွင့်နေပါမယ်။ရည်းစာရှိနေမှန်းသိလျှက်နဲ့ ကိုယ့်ကိုစိတ်ဝင်စားသူတွေ ထပ်ပေါ်လာတတ်ပါတယ်။
.
အစိမ်းရောင် ၊အဖြူရောင် တွေ ကံကောင်းစေပါတယ်။
.
အိမ်နီးပတ်ဝန်းကျင်မှာ ကလေးမွေးတဲ့သတင်းကြားလိမ့်မယ်။ ကြားတာနဲ့ (၀) အစ (၂) အဆုံး ထီထိုးဖြစ်အောင် ထိုးလိုက်ပါ။                           
.
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ ကံ့ကော်(၂)ညွန့်ထည့်၊ရွှေရည်ငွေရည်ထည့် ခေါင်းလောင်းချိုးလိုက်ပါ …။
.
.
.
ဗုဒ္ဓဟူးသားသမီးများ
.
တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းခေါင်းအေးအေးနဲ့အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့အချိန်ဖြစ်ပါတယ် ။အလုပ်ထွက်ချင်၊ပြောင်းချင်တဲ့ဆန္ဒတွေရှိရင် ခဏလေးစောင့်သင့်ပါတယ်။နေရာကိစ္စ၊အိမ်ကိစ္စများ၊တို့လို့တန်းလန်းဖြစ်နေတတ်ပါတယ်။ ပညာအသစ်ရတတ်။မိတ်ဆွေရင်းများကူညီမစအံ့။ထီး၊ဖိနပ်၊နာရီ လက်ဆောင်ရတတ်။ငွေကြေးကိစ္စများ ထစ်ငေါ့လွဲချော်တတ်။ငွေအတွက် စိတ်ပူရတတ်။သူများကိုငွေမချေးသင့်ပါ။ မထင်မှတ်ပဲ အောက်လက်ငယ်သားများထံမှ အကူအညီကောင်းတွေရတတ်။စိတ်ညစ်ရမယ့်ဧည့်သည်များရောက်လာတတ်။ဘာမှန်းမသိပဲ အလုပ်တွေရှုပ်နေအံ့။စိတ်မပါပဲခရီးများသွားရတတ်။အလုပ်၊နေရာထိုင်ခင်း၊အကြီးအကဲအတွက် စိတ်ပူရ၊စိတ်ညစ်ရတတ်။ အလုပ်အပြောင်းအလဲ၊နေရာ ထိုင်ခင်းအပြောင်းအလဲနှင့်ပက်သက်ပြီးစကားပြောရတတ်။တအားပင်ပန်းမယ် ။စိတ်မောလူမောတွေဖြစ်မယ်။အလုပ်ပိပြီး ကျန်းမာရေးညံသွားတတ်တယ်။စိတ်တိုင်းမကျစရာတွေများနေမယ်။
.
နှလုံးသားရေး ဆွေမျိုးကဲ့သို့ရင်းနှီးသူများဝင်ရှုပ်တတ်။အိမ်ထောင်ရေး စိတ်ပူရတတ်။တကျက်ကျက်ဖြစ်နေတတ်။
.
အစိမ်း၊အဝါများများဝတ်ပါ။
.
ဦးခေါင်း၊အကြော၊သွား နဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။
.
ထီထိုးလျှင် ၅ ၀ များများပါအောင်ထိုးပါ။
.
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားမှာ ပေါင်မုန့်(၅)ချပ်၊နွားနို့တစ်ခွက် လှူဒါန်းလိုက်ပါ။
.
.
.
ကြာသပတေးသားသမီးများ
ကံတရားက ကိုယ့်ကိုမျက်နှာပေးတဲ့ကိန်းဖြစ်ပါတယ်။ ငွေရွှင်မယ်၊ ရွှေ ကံကောင်းမယ်၊ အနုပညာအလုပ်၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ အလုပ်တွေမှာ အကျိုး အမြတ်များနိုင်ပါတယ်။ စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်၊ အရှိန်မြှင့်သင့်တဲ့အချိန်ပါပဲ။ ကိုယ်တိုးတက်အောင်မြင်လာတဲ့အ ပေါ် မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်။ အမှုပတ်တတ်ပါတယ်။ ပြည် တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားတို့ အကျိုးပေးမယ်။
.
အိမ်ထောင်ရှင် များ စိတ်ဝမ်းကွဲ ၊ အယူအဆကွဲလွဲ ၊ အငြင်းအခုန်ဖြစ်ရတတ်တယ်။ ချစ်သူရည်းစားများ သတင်းကောင်းကြားမယ်။
.
ကျန်းမာရေးမှာ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမယ့် ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး၊ ဒုက္ခပေးတတ်ပါတယ်။
.
အစိမ်းရောင် ၊အနီရောင်တွေ ကံကောင်းစေပါတယ်။
.
ထီ ၀ါသနာ ပါပါ မပါပါ ၃၅ အတွဲလိုက် ပူးပြီးစတဲ့ လက်မှတ်ကို ရအောင်ရှာပြီး ထိုးသင့်ပါတယ်။
.
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် လက်ဖက်ရည် (၂)ခွက် ၊ ကိတ်မုန့် (၂)ချပ် ဘုရားလှူဆုတောင်းပါ။
.
..
.
သောကြာသားသမီးများ
.
အခန့်မသင့်ဖြစ်တတ်။ ဘဝနဲ့အလုပ်ကို ညည်းငွေ့စိတ်ကုန်နေတတ်။ ငွေကိစ္စ၊ ပစ္စည်းကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေမှာလည်း တေ့လွဲလေးတွေ လွဲ နေတတ်ပါတယ်။ ဘာမဆို၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်သင့်တဲ့အချိန်ပါပဲ။ စပ်တူကိစ္စ စာချုပ်လုပ်ငန်းတွေ အောင်မြင်မယ်။ ဆိုင်သစ်၊ အိမ်သစ်၊ နေရာသစ်ကိစ္စတွေအောင်မြင်မယ်။ အဖိုးတန် စက်ပစ္စည်း၊ အိမ်ထောင် ပရိဘောဂတွေ ၀င်မယ်။ မထင်မှတ်ဘဲ နိုင်ငံခြား၊ လူမျိုးခြား၊ အဆက်အသွယ်အကူအညီ ပေါ်လာတတ်ပါတယ်။ အောက်လက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်တယ်။ အနီးကပ်လူရင်းထဲက သစ္စာဖောက်သွားတတ်တယ်။ အလှူမင်္ဂလာကိစ္စ၊ မြေကိစ္စ၊ ဖုန်းကိစ္စများ အဆင်မပြေမှုများမယ်။အများနဲ့တစ်ယောက်
.
ခြေထောက်၊ ခါး၊ ဗိုက်၊ ကျန်းမာရေးဂရုစိုက် သင့်ပါတယ်။
.
အိမ်ထောင်ရှင်များ ပြေလည်မှုရပြီး အိမ်ထောင်ဖက်အတွက်ငွေကုန်တတ် …။ ချစ်သူရည်းစားများ ဆွေမျိုးဝင်ရှုပ်လာတတ်တယ်။ စကားတွေ ရှုပ်လို့ ရှင်းရတတ်ပါတယ်။
.
အနီ ၊ အနက် ရောင်တွေဟာ ကံကောင်းစေပါတယ် …။
.
ထီထိုးမယ်ဆိုရင် ၁ ၈ အတွဲလိုက်စတဲ ဂဏန်းဟာ သင့်ကိုအကျိုးပေးပါလိမ့်မယ်။
.
ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ အုန်းရည်အနည်းငယ်ထည့် ၊ စံပယ်ပန်းအနည်းငယ်ထည့် ခေါင်းလောင်းချိုးလိုက်ပါ။
.
.
.
စနေသားသမီးများ
.
ရည်ရွယ်ထားသမျှ ရဲရဲလုပ်ပါ …။ လုပ်တာကနည်းနည်း အောင်မြင်ဖြစ်ထွန်းတာကများများဆိုတဲ့ကာလပါပဲ။ ဘာသာရေးအလုပ်၊ ပညာရေးအလုပ်၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားကိစ္စတွေ အ ထူးကောင်းပါတယ်။ စပ်တူရှယ်ယာကိစ္စတွေလည်း အောင်မြင်မယ်။ မြေ၊ ဖုန်း၊ ဆိုင်၊ စက် ကောင်းသောဝင် ခြင်းများကြုံမယ်၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ပဲ၊ ပြောင်း၊ အင်္ဂါနံ၊ ကြာသပတေးနံအလုပ်တွေ အလုပ်ဖြစ်အကျိုးပေး မယ်။ ငွေကံလည်း ကောင်းနေပါတယ်။ အလှူမင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေကိန်းမျိုးပါပဲ။ဆွေမျိုးမိတ်ဆွေတို့ရဲ့ မကောင်းသောသတင်းကိုတော့ ကြားရတတ်ပါတယ်။ အောက်လက်ငယ်သားကိစ္စ၊ ရွှေကိစ္စ၊ အထည်၊ ထီး၊ ဖိနပ်ကိစ္စတွေမှာလည်း စိတ်ညစ်ရတတ်ပါတယ်။
.
အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ကောာင်းသောခွာခွဲခြင်း ကြုံရတတ်ပါတယ်။ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အောင့်မေ့သတိရဖွယ် ဖြစ်ရပ်များကို ပြန်လည်လွမ်းဆွတ်သတိရနေရတတ်။အချစ်စစ် အချစ်မှန်ကို သဘောပေါက်သွားတတ်။
.
အဖြူရောင် ၊ အဝါရောင်တွေ ကံကောင်းစေပါတယ် …။
.
လေထိုး၊ လေအောင့်၊ နှလုံးအား နည်း၊ ဒူး၊ နား၊ သွား၊ သွေး သတိထားသင့်ပါတယ်။
.
ဒီတစ်ပတ် နာရေးကိစ္စလုုံးဝရှောင်သင့်ပါတယ်။
.
ထီဝါသနာ ပါရင် ၆ရ အတွဲလိုက်စတဲ့ ထီဂဏန်းကို ရှာပြီးထိုးသင့်ပါတယ်။
.
ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ ပန်းအဝါ (၅)ပွင့်ထည့် ခေါင်းလောင်းချိုးပါ။
.
.
.
မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော
.
မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)
Leave a Reply
Your email address will not be published. Required fields are marked *