31.8.2017 မွ 06.9.2017 အထိတစ္ပတ္စာ


31.8.2017 မွ 06.9.2017 အထိတစ္ပတ္စာ

၇ရက္သားသမီး ေဟာစာတမ္း

တနဂၤေႏြ 

     လုပ္ငန္းနဲ႔ပက္သက္ၿပီး စိတ္ညစ္စရာ၊ ေသာကေရာက္စရာေလးေတြရွိေနရတတ္ပါတယ္။ အထက္လူႀကီးေၾကာင့္ျဖစ္ေစ လုပ္ေဖာ္ကိုင္ဖက္ေၾကာင့္ျဖစ္ေစ စိတ္ရႈပ္စရာေတြ ၾကံဳေတြ႕ရမွာပါ။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ဦးစီးနဲ႔ ခြဲခြာရတတ္ပါတယ္။

လုပ္ငန္းသစ္ စတင္ျခင္း၊ အလုပ္စီးပြားတိုးခ်ဲ႕ျခင္းမ်ားဒီကာလမွာ မလုပ္သင့္ေသးတဲ့အခ်ိန္ပါပဲ။ အိမ္တြင္းေရး အိမ္ေထာင္ေရးအားနည္းေနတဲ့အခ်ိန္ပါ။

အခ်စ္ေရးကံၾကမၼာကေတာ့ ေကာင္းမြန္ေနပါတယ္။

အခ်စ္ေရးသာယာေျဖာင့္ျဖဴ းပါလိမ့္မယ္။ ဒီကာလအတြင္း က်န္းမာေရးေတာ့ ညံ့ေနတတ္ပါတယ္။ အထူးသျဖင့္ ခရီးသြားရသူမ်ား ခရီးကျပန္လာျပီးရင္ က်န္းမာေရးအားနည္းသြားတတ္ပါတယ္။ ပညာေရးကံ မွန္းထားသည္ထက္ပိုျပီးေတာ့ရလဒ္ေတြနည္းေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၃/၆/၉

အထူးေဟာ ၿငိမ္ေနတာအေကာင္း ထသြားမွက်ိဳးမွန္းသိဆိုတဲ့ စကားအတိုင္းပါပဲ။

ယၾတာ ဦးထုပ္ေလးတစ္လံုး မိမိႏြမ္းပါးသူကို လက္ေဆာင္ေပးလိုက္ပါ။


တနလၤာ

   ကံအားသာမႈအေကာင္းဆံုး ကာလထဲေရာက္ေနတာပါ။ စိတ္ခ်မ္းေျမ႕စရာေတြ ဆက္တိုက္ၾကံဳရဖို႔ရွိပါတယ္။ ရစရာရွိတဲ့ ေငြေၾကးေတြလဲ ျပန္လည္ရရွိ

လာပါလိမ့္မယ္။ လာဘ္ရႊင္ေနတဲ့ကာလျဖစ္တဲ့အတြက္ ဝါသနာပါရင္ ထီကံစမ္းသင့္ပါတယ္။ က်န္းမာေရးကေတာ့ ထူးထူးျခားျခားမညံ့ေပမဲ့ မိုးမိရင္ေတာ့ ဖ်ားနာတတ္တဲ့ကာလပါပဲ။ လူငယ္မ်ား အခ်စ္ေရးကံျမင့္မားေနခ်ိန္ပါ။ နီးေနသူမ်ားစိတ္ေကာက္လိုက္ ျပန္ေခ်ာ့လိုက္ျဖစ္ေနမွာပါ။ ေဝးေနတဲ့ ခ်စ္သူမ်ားအရမ္းသတိရလြမ္းဆြတ္ေနမိတတ္တဲ့အခ်ိန္ပါ။

လုပ္ငန္းမ်ား တိုးတတ္ေအာင္ျမင္ပါလိမ့္မယ္။ သူမ်ားအၾကံေပးလို႔ လိုက္လုပ္မိရင္ေတာ့ အမွားေတြ႕တတ္တဲ့ ကာလပါပဲ။ ပညာေရးကံ ေကာင္းလာပါလိမ့္မယ္။ ရည္မွန္းထားတာေတြျပည့္ေျမာက္လာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၉/၅

အထူးေဟာ ကံျမင့္မားေနပါတယ္။

ယၾတာ ေငြထီးေလးတစ္လက္ ဘုရားလႉလိုက္ပါ။


အဂၤါ 

     ခရီးေဝးသြားရျခင္းၾကံဳရတတ္ပါတယ္။ ေကာင္းေသာခရီးျဖစ္ပါလိမ့္မယ္။ ကုသိုလ္ဒါနေလးေတြလဲျပဳရတတ္တဲ့ကာလပါပဲ။ အဂၤါသားသမီးေတြအတြက္ေတာ့ ဆြတ္ပ်ံ႕ၾကည္ႏူးစရာေကာင္းတဲ့ အခိုက္အတန္႔ေလးပါပဲ။ လူခ်စ္လူခင္လဲမ်ားလာတတ္ပါတယ္။ မိတ္ေဆြေတြရဲ႕ကူညီေထာက္ပ့ံျခင္းမ်ိဳးလဲ ရလာပါလိမ့္မယ္။ ကုန္သြယ္မႈလုပ္ငန္းမ်ား၊ ခရီးသြားလုပ္ငန္းမ်ားႏွင့္ ေစ်းဝယ္ေစ်းေရာင္းျခင္းလုပ္ငန္းမ်ား

အထူးအက်ိဳးေပးမဲ့ကာလပါပဲ။ ေငြေၾကးနဲ႔ပက္သက္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြလဲ စတင္လုပ္ကိုင္ႏိုင္ပါျ့ပီ။ ဒီကာလအတြင္း က်န္းမာေရးေတာ့ အနည္းငယ္ဂရုစိုက္ပါ။ ဝမ္းနဲ့ပက္သက္ေသာ ေလနဲ့ပက္သက္ေသာ

ေရာဂါေတြျဖစ္လြယ္ပါတယ္။ ပညာေရးကံအတြက္

ပူပင္စရာမလိုတဲ့ကာလပါပဲဗ်။

အက်ိဳးေပးဂဏန္း ၃/၄/၀

အထူးေဟာ ေပ်ာ္ရႊင္စရာအခ်ိန္ပါ။

ယၾတာ ဘုရားရွင္အား ဆီမီးသက္ေစ့ပူေဇာ္ပါ။ 


ဗုဒၶဟူး 

      ဒီကာလဟာ ဗုဒၶဟူးသားသမီးေတြအတြက္ေတာ့ အက်ဥ္းအၾကပ္ထဲေရာက္ေနရခ်ိန္ပါပဲ။ စိတ္ထဲမတင္မက်ကိစၥေလးေတြမ်ားေနတတ္ပါတယ္။ ေရႊထြက္တတ္ပါတယ္။ သားသမီးအေရးကိစၥေတြေၾကာင့္ ပူပန္ေသာကေရာက္ရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရးေသာကႀကီးက်ယ္စြာေရာက္ရတတ္ပါတယ္။ 

အလုပ္ေျပာင္းရျခင္း ၊ဌာနေျပာင္းရျခင္းမ်ိဳးေတြ ဒီကာလမွာ ၾကံဳရတတ္ပါတယ္။ ဒီကာလမွာ ကူညီမဲ့သူထက္ ဒုကၡေပးမဲ့သူေတြအနားမွာ ဝန္းရံေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ အညံ့အဆိုးေတြကင္းေနရတတ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီကာလဟာ ျငိမ္ေနတာအေကာင္းဆံုးပါပဲ။

ပညာေရးကံကေတာ့ အေကာင္းဆံုးအေနအထားမွာရပ္တည္ေနပါတယ္။

အက်ိဳးေပးဂဏန္း -၈/၂/၇

အထူးေဟာ ကံညံ့ေနပါတယ္။

ယၾတာ ဘုရားရွင္အား ေရသပၸာယ္ပါ။


ၾကာသပေတး 

    အေျပာင္းအလဲတစ္ခု ၾကံဳရတတ္တယ္။ ေကာင္းေသာေျပာင္းလဲျခင္းေတာ့ မဟုတ္ပါ။ လက္ရွိအေနအထားထက္ပိုဆိုးသြားတတ္တယ္။ သူမ်ားက ေစတနာေကာင္းႏွင့္အၾကံေပးသည္ျဖစ္ေစ၊ ေစတနာဆိုးႏွင့္အၾကံေပးသည္ျဖစ္ေစ သူမ်ားအၾကံေပးလို႔ ကိုယ္က လုပ္လိုက္သည့္ကိစၥရပ္တိုင္း အဆိုးဘက္ကိုဦးတည္သြားတတ္သည္။ မိမိအေတြးအၾကံအတိုင္းသာ အနာဂတ္ကိုေရွ႕ဆက္ပါ။ က်န္းမာေရးအားနည္းေနသူမ်ားျပန္လည္ၿပီး နလန္ထလာပါလိမ့္မည္။ 

က်န္းမာေရးအတြက္စိတ္ပူစရာမလိုတဲ့ကာလပါပဲ။ 

အခ်စ္ေရးအတြက္ ေပ်ာ္စရာ ၾကည္ႏူးစရာေကာင္းတဲ့ကာလပါပဲ။ ပညာေရးအတြက္ေတာ့ အထူးစိတ္ေျမ႕ရပါလိမ့္မယ္။ ပညာရပ္တစ္ခုစတင္သင္ၾကားျခင္းမ်ား သင္တန္းစတင္တတ္ျခင္းမ်ားအထူးေကာင္းတဲ့ကာလပါပဲ။ 

အက်ိဳးေပးဂဏန္း ၅/၆/၃

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ ေဆးဝါးဒါနျပဳပါ။


ေသာၾကာ 

    အဘက္ဘက္က တိုးတတ္မွုမ်ား မုခ်ျကံုရမည္။ အထူးသျဖင့္ လုပ္ငန္းစီးပြားတိုးတတ္ေနလိမ့္မည္။ 

ေဖာက္သည္အသစ္မ်ားတိုးလာျခင္း၊ စီးပြားေရးအခြင့္အလမ္းသစ္မ်ား ရရွိျခင္းျကံုရမည္။ ျကိုးစားသမွ်အရာထင္မဲ့ကာလပါ။ ေငြေျကးအထူးျမဳပ္နွံထားေသာအလုပ္မ်ား ၊စပ္တူရွယ္ယာလုပ္ငန္းမ်ား အက်ိုးေပးခ်ိန္က်ေရာက္မဲ့အခ်ိန္ပါ။ အခ်စ္ေရးကံျကမၼာကေတာ့ ေကာင္းမလိုလိုနဲ့ ဆိုးသြားတတ္ပါတယ္။ ဘာမဟုတ္တဲ့ကိစၥေလးနဲ့ စကားမ်ားရန္ျဖစ္ရတတ္ပါတယ္။ ခ်စ္သူခ်င္းနားလည္မႈေတြတည္ေဆာက္ရခက္ေနမွာပါ။ က်န္းမာေရးအေနနဲ့ မိန္းကေလးေတြအထူးဂရုစိုက္သင့္ပါတယ္။ ေသြးသားနဲ့ပက္သက္ေသာေရာဂါမ်ား ျဖစ္လြယ္တဲ့ကာလတစ္ခုပါ။ ပညာေရးကေတာ့ ထြန္းေပါက္မဲ့ အခ်ိန္ပါပဲ။ မိမိအေနနဲ႔လဲ အခ်ိန္ေပးႀကိဳးစားဖို႔ လိုပါတယ္။ 

အက်ိဳးေပးဂဏန္း ၆/၉/၂

အထူးေဟာ အလုပ္အဆင္ေျပမည္။

ယၾတာ သစ္သီးဆြမ္း ဘုရားရွင္အားကပ္လႉပါ။


စေန 

      အိမ္ေထာင္ေရးနဲ႔ပက္သက္ၿပီး စိတ္ဒဏ္ရာေတြရတတ္ပါတယ္။ အိမ္ေထာင္ဘက္အခ်င္းခ်င္း စကားမ်ားျခင္း ျပႆ နာတတ္ျခင္းေတြရွိပါလိမ့္မယ္။ 

ေရႊေငြလက္ဝတ္ရတနာမ်ားထြက္တတ္ပါတယ္။ မိမိစိတ္တိုင္းက်လုပ္ခြင့္မရႏိုင္ေသးတဲ့အခ်ိန္ပါ။ စိတ္ကူးထားတာေတြပ်က္ပ်က္သြားတတ္ပါတယ္။ လူမ်ိဳးျခားနဲ႔ပက္သက္ဆက္ႏြယ္ေသာ ကိစၥမ်ား ၊ႏိုင္ငံရပ္ျခားနဲ႔ ဆက္စပ္ေသာကိစၥမ်ား အညံ့ပိုင္းေရာက္ေနပါတယ္။ အျမန္လို အေႏွးျဖစ္ရတတ္ပါတယ္။ ဘာပဲလုပ္လုပ္မေလာပါနဲ႔။ ေျဖးေျဖးမွန္မွန္သာ အစီအစဥ္တက်လုပ္ပါ။ ဒါမွေအာင္ျမင္ပါလိမ့္မယ္။ 

လုပ္ေဖာ္ကိုင္ဖက္ေတြက မိမိအေပၚအျမင္မၾကည္လင္တာမ်ိဳး

ျဖစ္ပါလိမ့္မယ္။ အခ်စ္ေရးကံကေတာ့ အေကာင္းဆံုးကာလပါပဲ။ ခ်စ္သူသစ္ ရည္းစားသစ္လဲရတတ္တယ္။ ပညာေရးကံက ႀကိဳးစားႏိုင္မွေတာ္ကာက်မွာပါ။ 

အက်ိဳးေပးဂဏန္း ၆/၄/၂

အထူးေဟာ အလုပ္မ်ားေနလိမ့္မယ္။

ယၾတာ ဘုရားရွင္အား ေရႊဆိုင္းေရႊသကၤန္းကပ္လႉေပးပါ။

၇ရက္သားသမီးအေပါင္း 

       ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

               ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

              –

( unicode version )

31.8.2017 မှ 06.9.2017 အထိတစ်ပတ်စာ

ရရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ 

     လုပ်ငန်းနဲ့ပက်သက်ပြီး စိတ်ညစ်စရာ၊ သောကရောက်စရာလေးတွေရှိနေရတတ်ပါတယ်။ အထက်လူကြီးကြောင့်ဖြစ်စေ လုပ်ဖော်ကိုင်ဖက်ကြောင့်ဖြစ်စေ စိတ်ရှုပ်စရာတွေ ကြုံတွေ့ရမှာပါ။ အိမ်ထောင်သည်များ အိမ်ထောင်ဦးစီးနဲ့ ခွဲခွာရတတ်ပါတယ်။

လုပ်ငန်းသစ် စတင်ခြင်း၊ အလုပ်စီးပွားတိုးချဲ့ခြင်းများဒီကာလမှာ မလုပ်သင့်သေးတဲ့အချိန်ပါပဲ။ အိမ်တွင်းရေး အိမ်ထောင်ရေးအားနည်းနေတဲ့အချိန်ပါ။

အချစ်ရေးကံကြမ္မာကတော့ ကောင်းမွန်နေပါတယ်။

အချစ်ရေးသာယာဖြောင့်ဖြူ းပါလိမ့်မယ်။ ဒီကာလအတွင်း ကျန်းမာရေးတော့ ညံ့နေတတ်ပါတယ်။ အထူးသဖြင့် ခရီးသွားရသူများ ခရီးကပြန်လာပြီးရင် ကျန်းမာရေးအားနည်းသွားတတ်ပါတယ်။ ပညာရေးကံ မှန်းထားသည်ထက်ပိုပြီးတော့ရလဒ်တွေနည်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော ငြိမ်နေတာအကောင်း ထသွားမှကျိုးမှန်းသိဆိုတဲ့ စကားအတိုင်းပါပဲ။

ယတြာ ဦးထုပ်လေးတစ်လုံး မိမိနွမ်းပါးသူကို လက်ဆောင်ပေးလိုက်ပါ။


တနင်္လာ

   ကံအားသာမှုအကောင်းဆုံး ကာလထဲရောက်နေတာပါ။ စိတ်ချမ်းမြေ့စရာတွေ ဆက်တိုက်ကြုံရဖို့ရှိပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေလဲ ပြန်လည်ရရှိ

လာပါလိမ့်မယ်။ လာဘ်ရွှင်နေတဲ့ကာလဖြစ်တဲ့အတွက် ဝါသနာပါရင် ထီကံစမ်းသင့်ပါတယ်။ ကျန်းမာရေးကတော့ ထူးထူးခြားခြားမညံ့ပေမဲ့ မိုးမိရင်တော့ ဖျားနာတတ်တဲ့ကာလပါပဲ။ လူငယ်များ အချစ်ရေးကံမြင့်မားနေချိန်ပါ။ နီးနေသူများစိတ်ကောက်လိုက် ပြန်ချော့လိုက်ဖြစ်နေမှာပါ။ ဝေးနေတဲ့ ချစ်သူများအရမ်းသတိရလွမ်းဆွတ်နေမိတတ်တဲ့အချိန်ပါ။

လုပ်ငန်းများ တိုးတတ်အောင်မြင်ပါလိမ့်မယ်။ သူများအကြံပေးလို့ လိုက်လုပ်မိရင်တော့ အမှားတွေ့တတ်တဲ့ ကာလပါပဲ။ ပညာရေးကံ ကောင်းလာပါလိမ့်မယ်။ ရည်မှန်းထားတာတွေပြည့်မြောက်လာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၉/၅

အထူးဟော ကံမြင့်မားနေပါတယ်။

ယတြာ ငွေထီးလေးတစ်လက် ဘုရားလှူလိုက်ပါ။


အင်္ဂါ 

     ခရီးဝေးသွားရခြင်းကြုံရတတ်ပါတယ်။ ကောင်းသောခရီးဖြစ်ပါလိမ့်မယ်။ ကုသိုလ်ဒါနလေးတွေလဲပြုရတတ်တဲ့ကာလပါပဲ။ အင်္ဂါသားသမီးတွေအတွက်တော့ ဆွတ်ပျံ့ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲ။ လူချစ်လူခင်လဲများလာတတ်ပါတယ်။ မိတ်ဆွေတွေရဲ့ကူညီထောက်ပ့ံခြင်းမျိုးလဲ ရလာပါလိမ့်မယ်။ ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် စျေးဝယ်စျေးရောင်းခြင်းလုပ်ငန်းများ

အထူးအကျိုးပေးမဲ့ကာလပါပဲ။ ငွေကြေးနဲ့ပက်သက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေလဲ စတင်လုပ်ကိုင်နိုင်ပါြ့ပီ။ ဒီကာလအတွင်း ကျန်းမာရေးတော့ အနည်းငယ်ဂရုစိုက်ပါ။ ဝမ်းနဲ့ပက်သက်သော လေနဲ့ပက်သက်သော

ရောဂါတွေဖြစ်လွယ်ပါတယ်။ ပညာရေးကံအတွက်

ပူပင်စရာမလိုတဲ့ကာလပါပဲဗျ။

အကျိုးပေးဂဏန်း ၃/၄/၀

အထူးဟော ပျော်ရွှင်စရာအချိန်ပါ။

ယတြာ ဘုရားရှင်အား ဆီမီးသက်စေ့ပူဇော်ပါ။ 


ဗုဒ္ဓဟူး 

      ဒီကာလဟာ ဗုဒ္ဓဟူးသားသမီးတွေအတွက်တော့ အကျဉ်းအကြပ်ထဲရောက်နေရချိန်ပါပဲ။ စိတ်ထဲမတင်မကျကိစ္စလေးတွေများနေတတ်ပါတယ်။ ရွှေထွက်တတ်ပါတယ်။ သားသမီးအရေးကိစ္စတွေကြောင့် ပူပန်သောကရောက်ရတတ်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးသောကကြီးကျယ်စွာရောက်ရတတ်ပါတယ်။ 

အလုပ်ပြောင်းရခြင်း ၊ဌာနပြောင်းရခြင်းမျိုးတွေ ဒီကာလမှာ ကြုံရတတ်ပါတယ်။ ဒီကာလမှာ ကူညီမဲ့သူထက် ဒုက္ခပေးမဲ့သူတွေအနားမှာ ဝန်းရံနေတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးတွေကင်းနေရတတ်ပါတယ်။ ဒါကြောင့်ပဲ ဒီကာလဟာ ငြိမ်နေတာအကောင်းဆုံးပါပဲ။

ပညာရေးကံကတော့ အကောင်းဆုံးအနေအထားမှာရပ်တည်နေပါတယ်။

အကျိုးပေးဂဏန်း -၈/၂/ရ

အထူးဟော ကံညံ့နေပါတယ်။

ယတြာ ဘုရားရှင်အား ရေသပ္ပာယ်ပါ။


ကြာသပတေး 

    အပြောင်းအလဲတစ်ခု ကြုံရတတ်တယ်။ ကောင်းသောပြောင်းလဲခြင်းတော့ မဟုတ်ပါ။ လက်ရှိအနေအထားထက်ပိုဆိုးသွားတတ်တယ်။ သူများက စေတနာကောင်းနှင့်အကြံပေးသည်ဖြစ်စေ၊ စေတနာဆိုးနှင့်အကြံပေးသည်ဖြစ်စေ သူများအကြံပေးလို့ ကိုယ်က လုပ်လိုက်သည့်ကိစ္စရပ်တိုင်း အဆိုးဘက်ကိုဦးတည်သွားတတ်သည်။ မိမိအတွေးအကြံအတိုင်းသာ အနာဂတ်ကိုရှေ့ဆက်ပါ။ ကျန်းမာရေးအားနည်းနေသူများပြန်လည်ပြီး နလန်ထလာပါလိမ့်မည်။ 

ကျန်းမာရေးအတွက်စိတ်ပူစရာမလိုတဲ့ကာလပါပဲ။ 

အချစ်ရေးအတွက် ပျော်စရာ ကြည်နူးစရာကောင်းတဲ့ကာလပါပဲ။ ပညာရေးအတွက်တော့ အထူးစိတ်မြေ့ရပါလိမ့်မယ်။ ပညာရပ်တစ်ခုစတင်သင်ကြားခြင်းများ သင်တန်းစတင်တတ်ခြင်းများအထူးကောင်းတဲ့ကာလပါပဲ။ 

အကျိုးပေးဂဏန်း ၅/၆/၃

အထူးဟော ကံသင့်ပါတယ်။

ယတြာ ဆေးဝါးဒါနပြုပါ။


သောကြာ 

    အဘက်ဘက်က တိုးတတ်မှုများ မုချကြုံရမည်။ အထူးသဖြင့် လုပ်ငန်းစီးပွားတိုးတတ်နေလိမ့်မည်။ 

ဖောက်သည်အသစ်များတိုးလာခြင်း၊ စီးပွားရေးအခွင့်အလမ်းသစ်များ ရရှိခြင်းကြုံရမည်။ ကြိုးစားသမျှအရာထင်မဲ့ကာလပါ။ ငွေကြေးအထူးမြုပ်နှံထားသောအလုပ်များ ၊စပ်တူရှယ်ယာလုပ်ငန်းများ အကျိုးပေးချိန်ကျရောက်မဲ့အချိန်ပါ။ အချစ်ရေးကံကြမ္မာကတော့ ကောင်းမလိုလိုနဲ့ ဆိုးသွားတတ်ပါတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ စကားများရန်ဖြစ်ရတတ်ပါတယ်။ ချစ်သူချင်းနားလည်မှုတွေတည်ဆောက်ရခက်နေမှာပါ။ ကျန်းမာရေးအနေနဲ့ မိန်းကလေးတွေအထူးဂရုစိုက်သင့်ပါတယ်။ သွေးသားနဲ့ပက်သက်သောရောဂါများ ဖြစ်လွယ်တဲ့ကာလတစ်ခုပါ။ ပညာရေးကတော့ ထွန်းပေါက်မဲ့ အချိန်ပါပဲ။ မိမိအနေနဲ့လဲ အချိန်ပေးကြိုးစားဖို့ လိုပါတယ်။ 

အကျိုးပေးဂဏန်း ၆/၉/၂

အထူးဟော အလုပ်အဆင်ပြေမည်။

ယတြာ သစ်သီးဆွမ်း ဘုရားရှင်အားကပ်လှူပါ။


စနေ 

      အိမ်ထောင်ရေးနဲ့ပက်သက်ပြီး စိတ်ဒဏ်ရာတွေရတတ်ပါတယ်။ အိမ်ထောင်ဘက်အချင်းချင်း စကားများခြင်း ပြဿ နာတတ်ခြင်းတွေရှိပါလိမ့်မယ်။ 

ရွှေငွေလက်ဝတ်ရတနာများထွက်တတ်ပါတယ်။ မိမိစိတ်တိုင်းကျလုပ်ခွင့်မရနိုင်သေးတဲ့အချိန်ပါ။ စိတ်ကူးထားတာတွေပျက်ပျက်သွားတတ်ပါတယ်။ လူမျိုးခြားနဲ့ပက်သက်ဆက်နွယ်သော ကိစ္စများ ၊နိုင်ငံရပ်ခြားနဲ့ ဆက်စပ်သောကိစ္စများ အညံ့ပိုင်းရောက်နေပါတယ်။ အမြန်လို အနှေးဖြစ်ရတတ်ပါတယ်။ ဘာပဲလုပ်လုပ်မလောပါနဲ့။ ဖြေးဖြေးမှန်မှန်သာ အစီအစဉ်တကျလုပ်ပါ။ ဒါမှအောင်မြင်ပါလိမ့်မယ်။ 

လုပ်ဖော်ကိုင်ဖက်တွေက မိမိအပေါ်အမြင်မကြည်လင်တာမျိုး

ဖြစ်ပါလိမ့်မယ်။ အချစ်ရေးကံကတော့ အကောင်းဆုံးကာလပါပဲ။ ချစ်သူသစ် ရည်းစားသစ်လဲရတတ်တယ်။ ပညာရေးကံက ကြိုးစားနိုင်မှတော်ကာကျမှာပါ။ 

အကျိုးပေးဂဏန်း ၆/၄/၂

အထူးဟော အလုပ်များနေလိမ့်မယ်။

ယတြာ ဘုရားရှင်အား ရွှေဆိုင်းရွှေသင်္ကန်းကပ်လှူပေးပါ။

ရရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

               ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

              

( ၉ ) လပိုင္း ၂၀၁၇ တလစာေဟာစတမ္း


ဆရာမင္းသုခရဲ႕ 

( ၉ ) လပိုင္း ၂၀၁၇ တလစာေဟာစတမ္း

 တနဂၤေႏြသာသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷🌷

အလြန္ကံေကာင္းတိုးတက္ေသာ လ, တစ္လ ျဖစ္ဖြယ္ရွိသည္။ အိုးအိမ္ အလုပ္အကိုင္ႏွင့္ ပတ္သက္ေသာ ကိစၥအားလံုး ကံေကာင္းမႈမ်ား ခံစားရမည္။ အိမ္တိုက္ခန္း ၀ယ္ရန္ ႀကံစည္ထားသူမ်ား အႀကံအစည္ အထေျမာက္ေအာင္ျမင္မည္။ အိုးသစ္အိမ္သစ္၀င္ကိန္း ရွိသည္။ အလုပ္သစ္အကိုင္သစ္မ်ားလည္း ၀င္ေရာက္ႏိုင္သည္။ နာမည္တစ္လံုးျဖင့္ အသက္ေမြးသူမ်ား နာမည္ေက်ာ္ၾကား လူသိမ်ားမည့္ ႏွစ္ျဖစ္သည္။ ဘ၀အဆင့္အတန္း တုိးတက္ျမင့္မားမည့္ လ, တစ္လ ျဖစ္လိမ့္မည္။ လူမႈေရးကိစၥမ်ား ၊ မိမိစီးပြားေရးကိစၥမ်ားျဖင့္ မအားလပ္ႏိုင္ေအာင္ ရွိတတ္ၿပီး လူပန္းစိတ္ပန္း ျဖစ္တတ္သည္။ 

က်န္းမာေရး အနည္းငယ္ ဂရုျပဳရမည္။ ပင္ပန္းလြန္းၿပီး အားနည္းတတ္သည္။ အိုးအိမ္ၿခံေျမလုပ္ငန္းမ်ား ၊ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား လုပ္ကိုင္သူအားလံုး အလြန္အက်ဳိးမ်ားမည့္ လ, ျဖစ္သည္။ ၀ယ္ေရာင္းလုပ္ငန္းမ်ား ၊ အက်ဳိးေဆာင္(ပြဲစား) လုပ္ငန္း လုပ္ကိုင္သူမ်ားလည္း ေကာင္းက်ဳိးျဖစ္ထြန္းမည့္ လျဖစ္သည္။ သို႕ေသာ္ ငယ္ရြယ္သူမ်ားတြင္ ပညာေရးဆိုင္ရာ အားနည္းတတ္သည္။ စာေမးပြဲမ်ားတြင္ေျခေခ်ာ္လက္ေခ်ာ္ ျဖစ္တတ္သည္။ အခ်စ္ေရးတြင္ အဆင္ေျပသလို႐ွိေသာ္လည္း ဒီလထဲ စကားမ်ားရန္ျဖစ္ၾကလို႔ ကြဲကြာရတက္သည္။ သို႕ေသာ္လည္း ၿခံဳငံုသံုးသပ္ရလွ်င္ ယခုလသည္ တနဂၤေႏြသားသမီးမ်ားအတြက္ ကံေကာင္းတိုးတက္မည့္ လ, တစ္လ ျဖစ္ေပလိမ့္မည္။

.-

🔮တစ္လတာယၾတာ 🔮

မိမိေနအိမ္ဘုရားတြင္ ေမြးေန႕တိုင္း သစၥာပန္း အနီေရာင္ နွင့္ ပန္းေရာင္ ဆက္ကပ္လွဴဒါန္းေပးပါ။မိမိထက္၅ႏွစ္အသက္ႀကီးေသာသသူကိုအက်ႌ

အျဖဴေရာင္တစ္ထည္လွဴေပးပါ။

🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏

 –


တနလၤာသားသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷🌷

ခရီးသြားျခင္းျဖင့္ မိမိလုပ္ငန္း တုိးတက္ေအာင္ျမင္မႈ အခြင့္အလမ္းမ်ား ေတြ႕လာႏိုင္သည္။ ႏိုင္ငံရပ္ျခား ခရီးမ်ား သြားလာရျခင္းမ်ားေၾကာင့္၎ (သို႔) ႏိုင္ငံျခားႏွင့္ ပတ္သက္ေသာ ကိစၥမ်ားေၾကာင့္၎ ကံေကာင္းတိုးတက္မည္။ မိမိနာမည္ ၾသဇာ ဂုဏ္သတင္း တိုးတက္ျမင့္မားမည္။ ငယ္ရြယ္သူမ်ား အခ်စ္ေရးကိစၥမ်ား အဆင္ေျပမည္။ စန္းပြင့္ေနမည္။ ရပ္ေ၀းေဒသမွ သူတစ္ဦးႏွင့္ အဆက္အသြယ္ျဖစ္ၿပီး ခ်စ္သူမ်ားဘ၀သို႕ ေရာက္ရွိတတ္သည္။ လူမႈဆက္ဆံေရးနယ္ပယ္တြင္ ေအာင္ျမင္မည္။ 

အခ်ဳိ႕ေသာ ၀န္ထမ္းမ်ားတြင္ အလုပ္ေနရာ အေျပာင္းအလဲ ရွိႏိုင္သည္။ ေကာင္းေသာ ေျပာင္းလဲျခင္း ျဖစ္မည္။ ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ မိသားစုဘ၀ကို ယခုလတြင္ ရရွိႏုိင္သည္။ မိသားစုႏွင့္အတူ ေပ်ာ္ရႊင္ရမည္။ ေငြေၾကးကံေကာင္းေနၿပီး လာဘ္လာဘ ရႊင္လန္းေနမည္။ လူမ်ဳိးျခားမ်ားႏွင့္ အလုပ္ဖက္စပ္လုပ္ကိုင္ျခင္း ေရွာင္က်ဥ္ပါ။ ယာဥ္ကားကိစၥ အက်ဳိးေပးႏိုင္သည္။ ကား၀ယ္ရန္ စီစဥ္ထားသူမ်ား ယခုလတြင္ ယာဥ္ကား ၀င္ေရာက္ကိန္း ရွိသည္။ ေကာင္းေသာ ၀င္ေရာက္ျခင္း ျဖစ္မည္။ ေယဘူယ်အားျဖင့္ ေျပာရလွ်င္ ယခုလသည္ တနလၤာ သားသမီးမ်ားအတြက္ ကံေကာင္းမႈမ်ား တုိးတက္မ်ားျပားမည့္ လ , ျဖစ္သည္ဟု ဆိုရေပမည္။ 

.

🔮တစ္လတာယၾတာ🔮 

ေမြးေန႔ တနလၤာေန႔ မိမိေနအိမ္ဘုရားတြင္ ေထာပတ္ဆီမီးခြက္(5)ခြက္

ပန္းအဝါေရာင္(5)ပြင့္ကို ကပ္လွဴပူေဇာ္ေပးပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 အဂၤါသားသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷

ထင္တိုင္း ေပါက္ေျမာက္ေအာင္ျမင္မည့္ လ,ျဖစ္ေသာ္လည္း လူပန္း စိတ္ႏြမ္းရမႈ မ်ားမည္။ တာ၀န္ႀကီးႀကီးမားမား ယူရတတ္ (သို႔) ပိေနတတ္သည္။ ရန္အတိုက္အခံရွိမည္။ မုဆိုးဖိုမုဆိုးမ,တစ္ခုလပ္မ်ား၏ ဒုကၡေပးမႈကို ခံရတတ္သည္။ အတိုက္အခံရွိေသာ္လည္း ေက်ာ္လႊားေအာင္ျမင္ႏိုင္မည္။ ခရီးယာယီရွိသည္။ ခရီးမ်ား သြားလာျခင္းျဖင့္ ေကာင္းက်ဳိး တိုးတက္ျဖစ္ထြန္းႏိုင္မည္။ အလုပ္ရာထူးတက္ရန္ ရွိသူမ်ား ရာထူးတက္မည္ (သို႔) ေနရာေကာင္း ဌာနေကာင္းသို႕ ေျပာင္းေရႊ႕ခံရတတ္သည္။

 ငယ္ရြယ္သူမ်ား အခ်စ္ေရးကိစၥ ပြင့္လန္းတိုးတက္ေနမည္။ ထိခိုက္ရွနာကိန္း ရွိေသာေၾကာင့္ ဒါးႏွင္႕ခၽြန္ထက္ေသာ ကရိယာမ်ား ကိုင္တြယ္ရာတြင္ သတိထားပါ။ မီး ႏွင့္ လွ်ပ္စစ္ကို ကိုင္တြယ္ရာတြင္လည္း သတိထားကိုင္တြယ္ပါ။ အိုးအိမ္ႏွင့္ ပတ္သက္ေသာ ကိစၥမ်ား ကံေကာင္းတိုးတက္ႏိုင္သည္။ ေယဘူယ်ေျပာရလွ်င္ ထိခိုက္ရွနာမႈ ႏွင့္ ရန္အနည္းငယ္ ရွိေသာ္လည္း ကံေကာင္းတိုးတက္မႈ မ်ားႏိုင္သေသာ လ,တစ္လျဖစ္လိမ့္မည္။

🔮တစ္လတာယၾတာ🔮

 မိမိေနအိမ္ဘုရားတြင္ ပန္အျဖဴေရာင္(၉)ပြင့္ သစ္သီး(၉)လံုးကို

ဆက္ကပ္လွဴဒန္းေပးပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 ဗုဒၶဟူးသားသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷🌷

မိတ္ေကာင္းေဆြေကာင္းမ်ား၏ အကူအညီကို ရရွိတတ္သည္။ လူမႈဆက္ဆံေရးပိုင္းတြင္မူ ေအာင္ျမင္ေနမည္။ ငယ္ရြယ္သူအခ်ဳိ႕တြင္ လက္ရွိခ်စ္သူႏွင့္ ျပတ္စဲလမ္းခြဲရတတ္ၿပီး အခ်စ္သစ္ ၀င္ေရာက္တတ္သည္။ မေမွ်ာ္လင့္ဘဲ စန္း, ထ ေနတတ္သည္။ အခ်စ္ေရး ႏွင့္ လိင္ကိစၥ အရႈတ္အေထြးမ်ား ႀကံဳရတတ္သည္။ စိတ္မခ်မ္းေျမ့ဖြယ္ ကိစၥမ်ား ၊ ျပႆနာမ်ား ႀကံဳေတြ႕ရမည့္ လ, ျဖစ္သည္။ ေဆးရံုေဆးခန္းမ်ား ႏွင့္ ပတ္သက္ေနရတတ္ၿပီး ကိုယ္တိုင္လည္း ဖ်ားနာ နာမက်န္း ျဖစ္တတ္သည္။ တုပ္ေကြးမိတတ္သည္။ ေငြေၾကးကံ မေကာင္းလွေသးပါ။ ၀င္သေလာက္ ျပန္ထြက္ေနမည္။ 

လူမ်ဳိးျခား ဒုကၡေပးတတ္သည္။ မိမိေနအိမ္သို႕ အသက္အရြယ္အိုမင္းေနေသာသူမ်ား ေဆးကုေရာက္လာ တတ္သည္။ ယခုလတြင္ ဆံုးျဖတ္လုပ္ကိုင္ရမည့္ ကိစၥမ်ားတြင္ စိတ္ႏွစ္ခြ ျဖစ္ေနတတ္သည္။ ေသာင္မတင္ ေရမက် ျဖစ္ေနတတ္သည္။ ေရလမ္းခရီး သြားရတတ္သည္။ ၀ယ္ေရာင္းသမားမ်ားႏွင့္ အက်ဳိးေဆာင္လုပ္ငန္းလုပ္သူမ်ား အက်ဳိးရွိမည့္ လ, ျဖစ္သည္။ ကံေကာင္း/ကံညံ့ ေရာေထြးေနတတ္ေသာ လ, တစ္လ ျဖစ္လိမ့္မည္။ 

🔮တစ္လတာယၾတာ🔮

စေနနံဘုရားတြင္ ပန္းအနီေရာင္(၁၀)ပြင့္ ဖေယင္းတိုင္အနီေရာင္(၁၀)တိုင္ အေမႊးတိုင္(၁၀)တိုင္ ထြန္းညိွပူေဇာ္ေပးပါ၊၊
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 ၾကာသပေတးသားသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ရုတ္တရက္ ထိခိုက္ဒဏ္ရာ ရတတ္သည္။ ေသြးထြက္သံယိုျဖစ္တတ္သည္။ မီး၊ လွ်ပ္စစ္ ႏွင့္ ေပါက္ကြဲေစႏိုင္ေသာ ပစၥည္းမ်ား ကိုင္တြယ္ရာတြင္ သတိထားပါ။ လူစုလူေ၀း ႏွင့္ ရုတ္ရုတ္သဲသဲျဖစ္မႈမ်ားတြင္ ေ၀းေ၀းမွ ေရွာင္ကြင္းသြားပါေလ။ မိတ္တုေဆြတု အတုအေယာင္မ်ားႏွင့္ ႀကံဳတတ္ၿပီး ဒုကၡေပးမႈ ခံရတတ္သည္။ ဘာသာေရးႏွင့္ ပတ္သက္ၿပီး အတင္းအၾကပ္ ေစခိုင္းခံရမႈ (သို႔) မိမိစိတ္မပါဘဲ လုပ္ေဆာင္ရမႈမ်ား ႀကံဳေတြ႕ႏိုင္သည္။ အထက္လူႀကီး ႏွင့္ အဆင္မေျပျဖစ္တတ္သည္။

 အထင္အျမင္လြဲမွားမႈမ်ား ခံရတတ္သည္။ စီးပြားေရး သမားမ်ား လုပ္ငန္းတိုးတက္ခ်ဲ႕ထြင္မႈမ်ား ယခုလတြင္ မလုပ္သင့္။ အမွားႀကီးႀကီးမားမား ႀကံဳရတတ္သည္။ သို႔ေသာ္လည္း ယခုလတြင္ အလုပ္သစ္ အကိုင္သစ္ ေပၚေပါက္ႏိုင္ေသာ အခြင့္အေရးကလည္း ရွိေနျပန္သည္။ ထို႕ေၾကာင့္ မလုပ္ခင္ စဥ္းစဥ္းစားစား ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ျပဳလုပ္ရန္ျဖစ္သည္။ စိတ္ေရာလူပါ ပင္ပန္း ႏြမ္းလ်မည့္ လ, တစ္လျဖစ္ႏိုင္သည္။ အိုးအိမ္ၿခံေျမကိစၥႏွင့္ ပတ္သက္ၿပီး ကံမေကာင္းရမႈ ႀကံဳႏုိင္သည္။ ၿခံဳ၍ ေျပာရလွ်င္ ယခုလသည္ ၾကာသပေတးသားသမီးအေတာ္မ်ားမ်ားအတြက္ ကံဇာတာ ညံ့ဖ်င္းမည့္ လ,တစ္လ ျဖစ္ဖြယ္ ရွိေလသည္။

🔮တစ္လတာယၾတာ🔮 

မိမိ၏ေမြးေန႔၌ ရာဟုၿဂိလ္ေဒါင့္ဘုရားတြင္ ေအာင္သေျပ(၁၉)ၫြန္႔ ခ်ိဳခ်င္(၁၉)လံုးကိုကပ္လွဴေပးပါ။မီးခိုးေရာင္အက်ၤီအေဟာင္းတစ္ထည္ကို ေတာင္းရမ္းစားသူတစ္ဦးအား စြန္႔ႀကဲလိုက္ပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 ေသာၾကာသားသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷🌷🌷
စက္ပစၥည္းအေရာင္းအဝယ္ကိစၥမ်ားအဆင္ေျပေအာင္ျမင္မည္။ ရပ္ေ၀းမွာ သတင္းေကာင္းၾကားရတတ္သည္။ မိတ္ေဆြမ်ား ၏ ကူညီမႈရရွိမည္။ စပ္တူ လုပ္ငန္း မ်ား လုပ္ရ ကိန္း ရွိပါတယ္။ သင္တန္းတက္ရျခင္း ၊ ဆရာသမားလုိ ပုဂိၢဳလ္ မ်ား ကူညီေစာင့္ ေရွာက္ျခင္း ခံရတတ္ပါသည္။ ေရႊ၀ယ္မည့္ကိစၥပ်က္ တတ္ပါသည္။ ဗုဒၶဟူး ၊ စေနသားသမီး / လူမ်ိဳးျခားတစ္ဦး ေၾကာင့္ စိတ္ အေႏွာက္အယွက္မ်ား ၾကံဳရတတ္ပါသည္။ 

လက္ေအာက္ငယ္သား ၊ အလုပ္သမား မ်ားရွိလွ်င္ ထြက္သြားတတ္ပါတယ္။ စက္ပစၥည္း ၊ ကား ၊ ဖုန္း ၊ ေျမ ၀င္ကိန္း ရွိပါသည္။ 

လုပ္ငန္းရွင္မ်ား ကားအသစ္ ခ်ိန္းျဖစ္တတ္ပါသည္။ ေငြကေတာ့ အ၀င္ၾကမ္း အထြက္ၾကမ္းျဖစ္ေနတတ္ပါသည္။ 

အိမ္ေထာင္ရွိသူမ်ား၊အိမ္ေထာင္ဘက္နွင့္ပတ္သက္၍ စိတ္ရႈပ္ရတတ္ပါသည္။ခ်စ္သူ႐ွိသူမ်ားအခ်စ္ေရးကံေကာင္းလာမည္ ကြဲကြာေနေသာခ်စ္သူမ်ား ျပန္လည္ဆံုဆည္းႏိုင္မည့္ ကာလျဖစ္သည္၊၊ 

္ခရီးထြက္မည္ ထြက္မည္ဆုိျပီး ခရီးရက္ေရႊ႕ရျခင္း ၊ ၾကံၾကာျခင္းမ်ား ၾကံဳရတတ္ပါသည္။ သူမ်ား အမႈအခင္း ျပႆနာမ်ားကုိ အၾကံေပးေျဖရွင္းေပးရတတ္ပါသည္။ ျဖစ္ႏုိင္လွ်င္ ဒီတစ္လ လံုး စေန၊ ဗုဒၵဟူးေန႕မ်ားတြင္ နာေရး လံုး၀ လုိက္မပို႕ပါနွင့္ ။ စေန ၊ ဗုဒၵဟူးေန႕တြင္ ေတာင္အရပ္ ခရီး ေရွာင္ပါ ။ အေရးၾကီး ကိစၥ သြားလွ်င္ အစိမ္းေရာင္ ၊ အနက္ေရာင္ အ၀တ္အစား ေရွာင္ပါ။ 

🔮တစ္လတာယၾတာ🔮

ေသာၾကာ္ၿဂိဳလ္ေဒါင့္ဘုရားတြင္ ႏွင္းဆီပန္း(၂၁)ပြင္ သစ္သီး(၂၁)လံုး ကပ္လွဴပူေဇာ္ေပးပါ၊၊
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 စေနသားသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷🌷

ဒီလထဲတြင္ ေငြေၾကးကိစၥလုပ္ငန္းမ်ား သတိထားေဆာင္ရြက္ရမည္။

ဆံုးျဖတ္ရခက္ေနလိမ့္မယ္။ အရာရာသတိထားေဆာင္႐ြက္ပါ။ ေရွ႕တိုးေဆာင္႐ြက္မဲ့ကိစၥမ်ား မိမိဆံုးျဖတ္ခ်က္တစ္ခုတည္းနဲ႔ မဆံုးျဖတ္ပါနဲ႔။ အလုပ္နဲ႔ပက္သက္ၿပီး စိတ္ရႈပ္ေနရပါတယ္။ မသြားခ်င္တဲ့ေနရာသြားရျခင္း၊နယ္ေျပာင္းခံရျခင္းေတြႀကံဳေတြ႕ရပါလိမ့္မယ္။ အထက္လူႀကီးက မိမိအေပၚအျမင္မၾကည္တာမ်ိဳးေတြလဲ ရွိေနပါတယ္။ စိတ္အရမ္းညစ္ရတတ္တယ္။ 

အိမ္ေထာင္ဘက္အခ်င္းခ်င္းစကားအေျခအတင္မ်ားရတတ္တယ္။ မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။ မိတ္ေဆြေကာင္းေတြရဲ႕ ကူညီမႈအမ်ားႀကီးရမဲ့အခ်ိန္ပါပဲ။ က်န္းမာေရးလဲ အနည္းငယ္အားနည္းေနပါတယ္။ ေနပူနည္းနည္းမိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳးႀကံဳတာနဲ႔ ဖ်ားနာတတ္ပါတယ္။ စိတ္ေျပလက္ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္လုပ္ေပးျခင္းျဖင့္ကံေတြျပန္ျမင့္လာပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ အေနေဝးဖို႔အေၾကာင္းဖန္လာလိမ့္မယ္။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့အခ်ိန္ပါပဲ။

🔮တစ္လတာယၾတာ🔮

မိမိ၏ေနအိမ္ဘုရားတြင္ စေနေန႔မနက္(၇)နာရီတြင္သေဘၤာသီး(1)လံုး

ဖေယာင္းတိုင္ အဝါေရာင္ (၃)တိုင္ကို ထြန္းညိွပူေဇာ္ၿပီး လိုရာဆုေတာင္းလိုက္ပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 ရာဟုသားသမီးမ်ားအတြက္

🌷🌷🌷🌷🌷🌷🌷🌷

ကံဇာတာ ညိႇဳးမွိန္ေသာ လ, တစ္လျဖစ္ဖြယ္ ရွိသည္။ အိမ္တြင္းေရး ျပႆနာမ်ား ႀကီးမားမည္။ အိမ္ေထာင္ေရး အဆင္မေျပျဖစ္တတ္သည္။ ဥပေဒႏွင့္ မကင္းေသာ အလုပ္မ်ား လုပ္ကိုင္ေနသူမ်ား အမႈအခင္းျဖစ္ကိန္း ရွိသည္။ (ဥေပဒႏွင့္ ကင္းသူမ်ား မဆိုလိုပါ)။ လုပ္သမွ်ကိုင္သမွ် အဆင္မေျပျဖစ္ေနတတ္သည္။ စုတ္ေရာ လာဘ္ပါ ပိတ္ေနတတ္သည္။ က်န္းမာေရးလည္း မေကာင္းျဖစ္မည္။ ရင္၀မ္း ဥပဒ္ေပးတတ္သည္။ 

အသည္း၊ အူအတက္ ႏွင့္ အူမႀကီးဆိုင္ရာ ျပႆနာမ်ား ႀကံဳႏိုင္သည္။ အခ်ဳိ႕ေသာ ရာဟုသားသမီးမ်ားတြင္ ယခုလတြင္ ခြဲစိတ္ကုသခံရကိန္း ရွိေနတတ္သည္။ အသက္အႏၲရာယ္ မရွိပါ။ ခြဲစိတ္ၿပီးမွ ေရာဂါသက္သာ က်န္းမာလာမည္။ မေကာင္းေသာ ကိစၥမ်ားေတြ႕ႀကံဳေနရသည့္ၾကားမွ ႀကံႀကံဖန္ဖန္ ထီေပါက္တတ္သည္။ သို႕မဟုတ္ ေငြစုေငြပံု၀င္တတ္သည္။ အေမြရတတ္သည္။ ဘာသာတရားကို အထူးအားစိုက္လုပ္ေဆာင္ရမည့္ လ, ျဖစ္သည္။ ဘာသာတရားဆိုင္ရာကိစၥမ်ား လုပ္ကိုင္ျခင္းျဖင့္ ကံေကာင္းတိုးတက္လာႏိုင္သည္။ ေယဘူယ်အားျဖင့္ ယခုလသည္ရာဟုသားသမီးမ်ားအတြက္ ကံဇာတာ ညံ့ဖ်င္းမႈမ်ားမည့္ လ, တစ္လ ျဖစ္ဖြယ္ရွိသည္။

🔮တစ္လတာယၾတာ🔮

 ေညာင္ပင္မွာ(ေရႊေရ-ေငြေရ)ေလာင္းေပးၿပီး မိမိထက္(၃)ႏွစ္ အသက္ႀကီးေသာသူကို ေငြက်ပ္(၅၀၀၀)ေထာင္က်ပ္ႏွင့္အတူ

အသံုးအေဆာင္ပစၥည္း တစ္ခုကိုလွဴဒန္းလိုက္ပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏 
ခုႏွစ္ရက္သားသမီးမ်ားႏွင့္ မိတ္ေဆြမ်ား အားလံုး

ကိုယ္စိတ္ႏွစ္ပါးေအးခ်မ္းပါေစ

ေသာကဟူသမ်ွ ကင္ေဝးပါေစ

ဆႏၵႏွင့္ဘဝ တထပ္တည္းၾကပါေစ

ပို႔သေမတၱာရ႐ွိၿပီး ေန႔ရက္တိုင္းေပ်ာ္ရႊင္ခ်မ္းေျမ့

ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္၊၊

              ေဗဒင္ႏွင့္လကၡဏာ

                 ဆရာမင္းသုခ

         –

( Unicode Version )

ဆရာမင်းသုခရဲ့ 

( ၉ ) လပိုင်း ၂၀၁ရ တလစာဟောစတမ်း

 တနင်္ဂနွေသာသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷🌷

အလွန်ကံကောင်းတိုးတက်သော လ, တစ်လ ဖြစ်ဖွယ်ရှိသည်။ အိုးအိမ် အလုပ်အကိုင်နှင့် ပတ်သက်သော ကိစ္စအားလုံး ကံကောင်းမှုများ ခံစားရမည်။ အိမ်တိုက်ခန်း ၀ယ်ရန် ကြံစည်ထားသူများ အကြံအစည် အထမြောက်အောင်မြင်မည်။ အိုးသစ်အိမ်သစ်ဝင်ကိန်း ရှိသည်။ အလုပ်သစ်အကိုင်သစ်များလည်း ၀င်ရောက်နိုင်သည်။ နာမည်တစ်လုံးဖြင့် အသက်မွေးသူများ နာမည်ကျော်ကြား လူသိများမည့် နှစ်ဖြစ်သည်။ ဘဝအဆင့်အတန်း တိုးတက်မြင့်မားမည့် လ, တစ်လ ဖြစ်လိမ့်မည်။ လူမှုရေးကိစ္စများ ၊ မိမိစီးပွားရေးကိစ္စများဖြင့် မအားလပ်နိုင်အောင် ရှိတတ်ပြီး လူပန်းစိတ်ပန်း ဖြစ်တတ်သည်။ 

ကျန်းမာရေး အနည်းငယ် ဂရုပြုရမည်။ ပင်ပန်းလွန်းပြီး အားနည်းတတ်သည်။ အိုးအိမ်ခြံမြေလုပ်ငန်းများ ၊ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်သူအားလုံး အလွန်အကျိုးများမည့် လ, ဖြစ်သည်။ ၀ယ်ရောင်းလုပ်ငန်းများ ၊ အကျိုးဆောင်(ပွဲစား) လုပ်ငန်း လုပ်ကိုင်သူများလည်း ကောင်းကျိုးဖြစ်ထွန်းမည့် လဖြစ်သည်။ သို့သော် ငယ်ရွယ်သူများတွင် ပညာရေးဆိုင်ရာ အားနည်းတတ်သည်။ စာမေးပွဲများတွင်ခြေချော်လက်ချော် ဖြစ်တတ်သည်။ အချစ်ရေးတွင် အဆင်ပြေသလိုရှိသော်လည်း ဒီလထဲ စကားများရန်ဖြစ်ကြလို့ ကွဲကွာရတက်သည်။ သို့သော်လည်း ခြုံငုံသုံးသပ်ရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံကောင်းတိုးတက်မည့် လ, တစ်လ ဖြစ်ပေလိမ့်မည်။

.-

🔮တစ်လတာယတြာ 🔮

မိမိနေအိမ်ဘုရားတွင် မွေးနေ့တိုင်း သစ္စာပန်း အနီရောင် နှင့် ပန်းရောင် ဆက်ကပ်လှူဒါန်းပေးပါ။မိမိထက်၅နှစ်အသက်ကြီးသောသသူကိုအကျႌ

အဖြူရောင်တစ်ထည်လှူပေးပါ။

🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏

 –


တနင်္လာသားသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷🌷

ခရီးသွားခြင်းဖြင့် မိမိလုပ်ငန်း တိုးတက်အောင်မြင်မှု အခွင့်အလမ်းများ တွေ့လာနိုင်သည်။ နိုင်ငံရပ်ခြား ခရီးများ သွားလာရခြင်းများကြောင့်၎င်း (သို့) နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများကြောင့်၎င်း ကံကောင်းတိုးတက်မည်။ မိမိနာမည် သြဇာ ဂုဏ်သတင်း တိုးတက်မြင့်မားမည်။ ငယ်ရွယ်သူများ အချစ်ရေးကိစ္စများ အဆင်ပြေမည်။ စန်းပွင့်နေမည်။ ရပ်ဝေးဒေသမှ သူတစ်ဦးနှင့် အဆက်အသွယ်ဖြစ်ပြီး ချစ်သူများဘဝသို့ ရောက်ရှိတတ်သည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် အောင်မြင်မည်။ 

အချို့သော ၀န်ထမ်းများတွင် အလုပ်နေရာ အပြောင်းအလဲ ရှိနိုင်သည်။ ကောင်းသော ပြောင်းလဲခြင်း ဖြစ်မည်။ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝကို ယခုလတွင် ရရှိနိုင်သည်။ မိသားစုနှင့်အတူ ပျော်ရွှင်ရမည်။ ငွေကြေးကံကောင်းနေပြီး လာဘ်လာဘ ရွှင်လန်းနေမည်။ လူမျိုးခြားများနှင့် အလုပ်ဖက်စပ်လုပ်ကိုင်ခြင်း ရှောင်ကျဉ်ပါ။ ယာဉ်ကားကိစ္စ အကျိုးပေးနိုင်သည်။ ကားဝယ်ရန် စီစဉ်ထားသူများ ယခုလတွင် ယာဉ်ကား ၀င်ရောက်ကိန်း ရှိသည်။ ကောင်းသော ၀င်ရောက်ခြင်း ဖြစ်မည်။ ယေဘူယျအားဖြင့် ပြောရလျှင် ယခုလသည် တနင်္လာ သားသမီးများအတွက် ကံကောင်းမှုများ တိုးတက်များပြားမည့် လ , ဖြစ်သည်ဟု ဆိုရပေမည်။ 

.

🔮တစ်လတာယတြာ🔮 

မွေးနေ့ တနင်္လာနေ့ မိမိနေအိမ်ဘုရားတွင် ထောပတ်ဆီမီးခွက်(5)ခွက်

ပန်းအဝါရောင်(5)ပွင့်ကို ကပ်လှူပူဇော်ပေးပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 အင်္ဂါသားသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷

ထင်တိုင်း ပေါက်မြောက်အောင်မြင်မည့် လ,ဖြစ်သော်လည်း လူပန်း စိတ်နွမ်းရမှု များမည်။ တာဝန်ကြီးကြီးမားမား ယူရတတ် (သို့) ပိနေတတ်သည်။ ရန်အတိုက်အခံရှိမည်။ မုဆိုးဖိုမုဆိုးမ,တစ်ခုလပ်များ၏ ဒုက္ခပေးမှုကို ခံရတတ်သည်။ အတိုက်အခံရှိသော်လည်း ကျော်လွှားအောင်မြင်နိုင်မည်။ ခရီးယာယီရှိသည်။ ခရီးများ သွားလာခြင်းဖြင့် ကောင်းကျိုး တိုးတက်ဖြစ်ထွန်းနိုင်မည်။ အလုပ်ရာထူးတက်ရန် ရှိသူများ ရာထူးတက်မည် (သို့) နေရာကောင်း ဌာနကောင်းသို့ ပြောင်းရွှေ့ခံရတတ်သည်။

 ငယ်ရွယ်သူများ အချစ်ရေးကိစ္စ ပွင့်လန်းတိုးတက်နေမည်။ ထိခိုက်ရှနာကိန်း ရှိသောကြောင့် ဒါးနှင့်ချွန်ထက်သော ကရိယာများ ကိုင်တွယ်ရာတွင် သတိထားပါ။ မီး နှင့် လျှပ်စစ်ကို ကိုင်တွယ်ရာတွင်လည်း သတိထားကိုင်တွယ်ပါ။ အိုးအိမ်နှင့် ပတ်သက်သော ကိစ္စများ ကံကောင်းတိုးတက်နိုင်သည်။ ယေဘူယျပြောရလျှင် ထိခိုက်ရှနာမှု နှင့် ရန်အနည်းငယ် ရှိသော်လည်း ကံကောင်းတိုးတက်မှု များနိုင်သသော လ,တစ်လဖြစ်လိမ့်မည်။

🔮တစ်လတာယတြာ🔮

 မိမိနေအိမ်ဘုရားတွင် ပန်အဖြူရောင်(၉)ပွင့် သစ်သီး(၉)လုံးကို

ဆက်ကပ်လှူဒန်းပေးပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 ဗုဒ္ဓဟူးသားသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷🌷

မိတ်ကောင်းဆွေကောင်းများ၏ အကူအညီကို ရရှိတတ်သည်။ လူမှုဆက်ဆံရေးပိုင်းတွင်မူ အောင်မြင်နေမည်။ ငယ်ရွယ်သူအချို့တွင် လက်ရှိချစ်သူနှင့် ပြတ်စဲလမ်းခွဲရတတ်ပြီး အချစ်သစ် ၀င်ရောက်တတ်သည်။ မမျှော်လင့်ဘဲ စန်း, ထ နေတတ်သည်။ အချစ်ရေး နှင့် လိင်ကိစ္စ အရှုတ်အထွေးများ ကြုံရတတ်သည်။ စိတ်မချမ်းမြေ့ဖွယ် ကိစ္စများ ၊ ပြဿနာများ ကြုံတွေ့ရမည့် လ, ဖြစ်သည်။ ဆေးရုံဆေးခန်းများ နှင့် ပတ်သက်နေရတတ်ပြီး ကိုယ်တိုင်လည်း ဖျားနာ နာမကျန်း ဖြစ်တတ်သည်။ တုပ်ကွေးမိတတ်သည်။ ငွေကြေးကံ မကောင်းလှသေးပါ။ ၀င်သလောက် ပြန်ထွက်နေမည်။ 

လူမျိုးခြား ဒုက္ခပေးတတ်သည်။ မိမိနေအိမ်သို့ အသက်အရွယ်အိုမင်းနေသောသူများ ဆေးကုရောက်လာ တတ်သည်။ ယခုလတွင် ဆုံးဖြတ်လုပ်ကိုင်ရမည့် ကိစ္စများတွင် စိတ်နှစ်ခွ ဖြစ်နေတတ်သည်။ သောင်မတင် ရေမကျ ဖြစ်နေတတ်သည်။ ရေလမ်းခရီး သွားရတတ်သည်။ ၀ယ်ရောင်းသမားများနှင့် အကျိုးဆောင်လုပ်ငန်းလုပ်သူများ အကျိုးရှိမည့် လ, ဖြစ်သည်။ ကံကောင်း/ကံညံ့ ရောထွေးနေတတ်သော လ, တစ်လ ဖြစ်လိမ့်မည်။ 

🔮တစ်လတာယတြာ🔮

စနေနံဘုရားတွင် ပန်းအနီရောင်(၁၀)ပွင့် ဖယေင်းတိုင်အနီရောင်(၁၀)တိုင် အမွှေးတိုင်(၁၀)တိုင် ထွန်းညှိပူဇော်ပေးပါ၊၊
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 ကြာသပတေးသားသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ရုတ်တရက် ထိခိုက်ဒဏ်ရာ ရတတ်သည်။ သွေးထွက်သံယိုဖြစ်တတ်သည်။ မီး၊ လျှပ်စစ် နှင့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ ကိုင်တွယ်ရာတွင် သတိထားပါ။ လူစုလူဝေး နှင့် ရုတ်ရုတ်သဲသဲဖြစ်မှုများတွင် ဝေးဝေးမှ ရှောင်ကွင်းသွားပါလေ။ မိတ်တုဆွေတု အတုအယောင်များနှင့် ကြုံတတ်ပြီး ဒုက္ခပေးမှု ခံရတတ်သည်။ ဘာသာရေးနှင့် ပတ်သက်ပြီး အတင်းအကြပ် စေခိုင်းခံရမှု (သို့) မိမိစိတ်မပါဘဲ လုပ်ဆောင်ရမှုများ ကြုံတွေ့နိုင်သည်။ အထက်လူကြီး နှင့် အဆင်မပြေဖြစ်တတ်သည်။

 အထင်အမြင်လွဲမှားမှုများ ခံရတတ်သည်။ စီးပွားရေး သမားများ လုပ်ငန်းတိုးတက်ချဲ့ထွင်မှုများ ယခုလတွင် မလုပ်သင့်။ အမှားကြီးကြီးမားမား ကြုံရတတ်သည်။ သို့သော်လည်း ယခုလတွင် အလုပ်သစ် အကိုင်သစ် ပေါ်ပေါက်နိုင်သော အခွင့်အရေးကလည်း ရှိနေပြန်သည်။ ထို့ကြောင့် မလုပ်ခင် စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် ပြုလုပ်ရန်ဖြစ်သည်။ စိတ်ရောလူပါ ပင်ပန်း နွမ်းလျမည့် လ, တစ်လဖြစ်နိုင်သည်။ အိုးအိမ်ခြံမြေကိစ္စနှင့် ပတ်သက်ပြီး ကံမကောင်းရမှု ကြုံနိုင်သည်။ ခြုံ၍ ပြောရလျှင် ယခုလသည် ကြာသပတေးသားသမီးအတော်များများအတွက် ကံဇာတာ ညံ့ဖျင်းမည့် လ,တစ်လ ဖြစ်ဖွယ် ရှိလေသည်။

🔮တစ်လတာယတြာ🔮 

မိမိ၏မွေးနေ့၌ ရာဟုဂြိလ်ဒေါင့်ဘုရားတွင် အောင်သပြေ(၁၉)ညွန့် ချိုချင်(၁၉)လုံးကိုကပ်လှူပေးပါ။မီးခိုးရောင်အကျင်္ီအဟောင်းတစ်ထည်ကို တောင်းရမ်းစားသူတစ်ဦးအား စွန့်ကြဲလိုက်ပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 သောကြာသားသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷🌷🌷
စက်ပစ္စည်းအရောင်းအဝယ်ကိစ္စများအဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှာ သတင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်း များ လုပ်ရ ကိန်း ရှိပါတယ်။ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ် များ ကူညီစောင့် ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေဝယ်မည့်ကိစ္စပျက် တတ်ပါသည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး / လူမျိုးခြားတစ်ဦး ကြောင့် စိတ် အနှောက်အယှက်များ ကြုံရတတ်ပါသည်။ 

လက်အောက်ငယ်သား ၊ အလုပ်သမား များရှိလျှင် ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ၀င်ကိန်း ရှိပါသည်။ 

လုပ်ငန်းရှင်များ ကားအသစ် ချိန်းဖြစ်တတ်ပါသည်။ ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်ပါသည်။ 

အိမ်ထောင်ရှိသူများ၊အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ချစ်သူရှိသူများအချစ်ရေးကံကောင်းလာမည် ကွဲကွာနေသောချစ်သူများ ပြန်လည်ဆုံဆည်းနိုင်မည့် ကာလဖြစ်သည်၊၊ 

်ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။ သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။ ဖြစ်နိုင်လျှင် ဒီတစ်လ လုံး စနေ၊ ဗုဒ္ဒဟူးနေ့များတွင် နာရေး လုံး၀ လိုက်မပို့ပါနှင့် ။ စနေ ၊ ဗုဒ္ဒဟူးနေ့တွင် တောင်အရပ် ခရီး ရှောင်ပါ ။ အရေးကြီး ကိစ္စ သွားလျှင် အစိမ်းရောင် ၊ အနက်ရောင် အဝတ်အစား ရှောင်ပါ။ 

🔮တစ်လတာယတြာ🔮

သောကြာ်ဂြိုလ်ဒေါင့်ဘုရားတွင် နှင်းဆီပန်း(၂၁)ပွင် သစ်သီး(၂၁)လုံး ကပ်လှူပူဇော်ပေးပါ၊၊
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 စနေသားသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷🌷

ဒီလထဲတွင် ငွေကြေးကိစ္စလုပ်ငန်းများ သတိထားဆောင်ရွက်ရမည်။

ဆုံးဖြတ်ရခက်နေလိမ့်မယ်။ အရာရာသတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ်အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်းညစ်ရတတ်တယ်။ 

အိမ်ထောင်ဘက်အချင်းချင်းစကားအခြေအတင်များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။

🔮တစ်လတာယတြာ🔮

မိမိ၏နေအိမ်ဘုရားတွင် စနေနေ့မနက်(၇)နာရီတွင်သင်္ဘောသီး(1)လုံး

ဖယောင်းတိုင် အဝါရောင် (၃)တိုင်ကို ထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏


 ရာဟုသားသမီးများအတွက်

🌷🌷🌷🌷🌷🌷🌷🌷

ကံဇာတာ ညှိုးမှိန်သော လ, တစ်လဖြစ်ဖွယ် ရှိသည်။ အိမ်တွင်းရေး ပြဿနာများ ကြီးမားမည်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။ ဥပဒေနှင့် မကင်းသော အလုပ်များ လုပ်ကိုင်နေသူများ အမှုအခင်းဖြစ်ကိန်း ရှိသည်။ (ဥပေဒနှင့် ကင်းသူများ မဆိုလိုပါ)။ လုပ်သမျှကိုင်သမျှ အဆင်မပြေဖြစ်နေတတ်သည်။ စုတ်ရော လာဘ်ပါ ပိတ်နေတတ်သည်။ ကျန်းမာရေးလည်း မကောင်းဖြစ်မည်။ ရင်ဝမ်း ဥပဒ်ပေးတတ်သည်။ 

အသည်း၊ အူအတက် နှင့် အူမကြီးဆိုင်ရာ ပြဿနာများ ကြုံနိုင်သည်။ အချို့သော ရာဟုသားသမီးများတွင် ယခုလတွင် ခွဲစိတ်ကုသခံရကိန်း ရှိနေတတ်သည်။ အသက်အန္တရာယ် မရှိပါ။ ခွဲစိတ်ပြီးမှ ရောဂါသက်သာ ကျန်းမာလာမည်။ မကောင်းသော ကိစ္စများတွေ့ကြုံနေရသည့်ကြားမှ ကြံကြံဖန်ဖန် ထီပေါက်တတ်သည်။ သို့မဟုတ် ငွေစုငွေပုံဝင်တတ်သည်။ အမွေရတတ်သည်။ ဘာသာတရားကို အထူးအားစိုက်လုပ်ဆောင်ရမည့် လ, ဖြစ်သည်။ ဘာသာတရားဆိုင်ရာကိစ္စများ လုပ်ကိုင်ခြင်းဖြင့် ကံကောင်းတိုးတက်လာနိုင်သည်။ ယေဘူယျအားဖြင့် ယခုလသည်ရာဟုသားသမီးများအတွက် ကံဇာတာ ညံ့ဖျင်းမှုများမည့် လ, တစ်လ ဖြစ်ဖွယ်ရှိသည်။

🔮တစ်လတာယတြာ🔮

 ညောင်ပင်မှာ(ရွှေရေ-ငွေရေ)လောင်းပေးပြီး မိမိထက်(၃)နှစ် အသက်ကြီးသောသူကို ငွေကျပ်(၅၀၀၀)ထောင်ကျပ်နှင့်အတူ

အသုံးအဆောင်ပစ္စည်း တစ်ခုကိုလှူဒန်းလိုက်ပါ။
🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏🌏 
ခုနှစ်ရက်သားသမီးများနှင့် မိတ်ဆွေများ အားလုံး

ကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ

သောကဟူသမျှ ကင်ဝေးပါစေ

ဆန္ဒနှင့်ဘဝ တထပ်တည်းကြပါစေ

ပို့သမေတ္တာရရှိပြီး နေ့ရက်တိုင်းပျော်ရွှင်ချမ်းမြေ့

ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊၊

              ဗေဒင်နှင့်လက္ခဏာ

                 ဆရာမင်းသုခ

         

တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၇ ၾသဂုတ္ ၂၈ မွ စက္တင္ဘာ ၃)

တစ္ပတ္အတြင္း ခ်ိန္ဆရန္ သင္၏ကံ (၂၀၁၇ ၾသဂုတ္ ၂၈ မွ စက္တင္ဘာ ၃)
—–

တနဂၤေႏြသားသမီးမ်ား
-

 ဒီရက္ေတြအတြင္းမွာ ၾကည္ႏူး၀မ္းေျမာက္စရာေတြ ႀကံဳလာမယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ႀကံဳေတာင့္ႀကံဳခဲ အခြင့္အလမ္းေကာင္းေတြ ရတတ္တယ္။ ရည္ရြယ္ထားသမွ် ရဲရဲသာလုပ္ေပေတာ့။ ေငြအားလူအားရွိသေလာက္ လုပ္ငန္းေတြ တိုးခ်ဲ႕သင့္တဲ့ အခ်ိန္ျဖစ္ပါတယ္။ ရပ္ေ၀းနဲ႔ပတ္သက္တဲ့အလုပ္ေတြ၊ ႏိုင္ငံျခားလူမ်ိဳးျခားနဲ႕ ပတ္သက္တာေတြ ပိုၿပီးေတာ့ ေအာင္ျမင္မယ္။ အဖိုးတန္ပစၥည္းေတြလည္း  ၀င္လာတတ္ပါတယ္။

 ေငြလည္း အလြန္ရႊင္ေနမယ္။ ဟိုက၀င္ဒီ က၀င္ ၀င္ေနမယ္။ ဘာသာေရးလုပ္ေလေလ ကံေကာင္းေလေလျဖစ္္္္လိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ဆံုးျဖတ္ရခက္တဲ့အေျခအေနေတြ ႀကံဳလာတတ္တယ္။ မိတ္ေဆြ၊ ေမာင္ႏွမမ်ားနဲ႔ ပတ္သတ္တဲ့အစီအစဥ္ေတြ မတင္မက်ျဖစ္တတ္ပါတယ္။ ေနရာထိုင္ခင္း၊ အေဆာက္အဦအတြက္ စိတ္ညစ္ရတတ္တယ္။ ေအာက္လက္ငယ္သားအတြက္ ေခါင္းခံေျဖရွင္း ရတတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အစီအစဥ္ပ်က္မတတ္ ျဖစ္ကုန္တတ္တယ္။ ႏွစ္ရွည္ခံစားေနရတဲ့ ေရာဂါေ၀ဒနာေတြရွိခဲ့ရင္ ေပ်ာက္မွန္းမသိ ေပ်ာက္ သြားမယ္။ အဲ့ဒီလိုပဲ ျပႆနာခပ္ႀကီးႀကီး တစ္ခုဟာလည္း သူ႕အလိုလို ရွင္းသြားပါမယ္။ 

အလုပ္ကိစၥ၊ လူမႈေရးကိစၥေတြမွာ မိန္းမတစ္ေယာက္ ၀င္႐ႈပ္လာတတ္ပါတယ္။ ကံအက်ဳိးေပးဂဏန္း ၈^၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေရွာက္ယိုကပ္လွဴပါေလ။  

 –


တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ထြက္ေနတဲ့ ေငြေတြ၊ ပစၥည္းေတြ ျပန္၀င္လာမယ္။ ရပ္ထားရတဲ့ အလုပ္ေတြ ျပန္လုပ္ရမယ္။ ကြဲကြာေနသူေတြနဲ႕ ျပန္ဆံုမယ္။ လုပ္ငန္းေဟာင္း၊ ေနရာေဟာင္း၊ လူေဟာင္းေတြနဲ႔ ျပန္ၿပီး ပတ္သက္ရတတ္ပါတယ္။ အဲ့ဒီလိုပဲ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္ေၾကာင္းကိုလည္း သတိျပဳပါေလ။ ရွိေနတဲ့ပစၥည္းေတြ ပ်က္တတ္၊ ေပ်ာက္တတ္ပါတယ္။ ပစၥည္းအ၀ယ္၊ အေရာင္းကိစၥတစ္ခု လြဲေခ်ာ္သြားလိမ့္မယ္။ မနာလိုသူလည္း ေပါလိမ့္မယ္။ 

တမင္ရန္စ ေႏွာင့္ယွက္တာမ်ိဳးေတြ ခံရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ မတင္မက်အေျခအေနေတြ ႀကံဳလာမယ္။ ကတိေပးမွားတာ၊ စာခ်ဳပ္မွားတာေတြ ျဖစ္တတ္ပါတယ္။ အေရးႀကီး စာရြက္စာတမ္းေတြ ပ်က္စီးေပ်ာက္ဆံုးတတ္ပါတယ္။ ေအာက္လက္ငယ္သား၊ သားသမီးအတြက္ ဂုဏ္ယူ၀မ္းေျမာက္စရာေတြ ႀကံဳလာမယ္။ အဖိုးတန္ ယာဥ္ေတြ၊ စက္ေတြ ၀င္လာမယ္။ က်န္းမာေရးညံ့ေနသူေတြ ျပန္ၿပီး နာလန္ထလိမ့္မယ္။ ေရခ်ိဳးမွားတာ၊ အပူေလာင္တာေတြေတာ့ ျဖစ္တတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္မယ္။ ရပ္ေ၀းလူႀကီးေတြက ကူညီမယ္။  ေကာင္းေသာခရီးေတြ သြားရတတ္ပါတယ္။ ေငြအတြက္လည္း စိတ္ခ်မ္းသာရလိမ့္မယ္။ ကံအက်ဳိးေပးဂဏန္း ၉^၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ယို ၉ မ်ဳိးကပ္လွဴပါေလ။  

 –


အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ႏွစ္ခြျဖစ္စရာေတြ၊ မတင္မက်ျဖစ္စရာေတြ တစ္ခုၿပီးတစ္ခု ႀကံဳေနတတ္ပါတယ္။ ေသခ်ာစီစဥ္ထားတဲ့ ကိစၥေတြလည္း လြဲသြား၊ ေခ်ာ္သြားတတ္တယ္။ အလုပ္ကိစၥေတြမွာ ႀကီးႀကီးမားမား နစ္နာဆံုး႐ႈံးျခင္းေတြ ႀကံဳရတတ္ပါတယ္။ ပစၥည္းတစ္ခုကို အေၾကာင္းျပဳၿပီး စကားမ်ားေျဖရွင္းရတတ္ပါတယ္။ မိသားစုအတြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ညၽိမရ ႏႈိင္းမရေတြ ျဖစ္တတ္ပါတယ္။ ေအာက္လက္ငယ္သားအတြက္လည္း စိတ္႐ႈပ္ရလိမ့္မယ္။ မိန္းမႀကီးတစ္ေယာက္ ၀င္႐ႈပ္ေနတတ္ပါတယ္။

 ရပ္ေ၀းက မိတ္ေဆြေတြ၊ ေဆြမ်ိဳးသားခ်င္းေတြ ေရာက္လာတတ္တယ္။ သူတို႕ဆီမွာ သတင္းေကာင္း၊ အဆက္အသြယ္ေကာင္းေတြ ပါလာတတ္တယ္။ ဆရာသမားလို ပုဂၢိဳလ္ေတြက အကူအညီေကာင္းေပးလာမယ္။ ရပ္ေ၀းနဲ႕ပတ္သက္ၿပီး ေငြ၀င္တာ၊ ေငြကိစၥခရီးသြားရတာ၊ ထီေပါက္သလို ေငြ၀င္လာတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ အလွဴပြဲ၊ မဂၤလာပြဲကိစၥေတြအတြက္ စိတ္ညစ္ရတတ္တယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ တစ္ဦးနဲ႕တစ္ဦး အထင္အျမင္လြဲမွားတာေလးေတြ ႀကံဳၿပီးတဲ့ေနာက္ အဆင္ေျပသြားပါလိမ့္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ အဆင္ေျပေအာင္ျမင္မယ္။ ၀မ္းဗိုက္ပိုင္း၊ ဆီး၊ မ်က္စိ က်န္းမာေရးညံ့တတ္ပါတယ္။ ကံအက်ဳိးေပးဂဏန္း ၄^၆။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ သရက္ယိုကပ္လွဴပါေလ။  

 –


ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ်၊ ႀကံသမွ် ထစ္ေငါ့ၾကန္႕ၾကာၿပီးမွ ထူးထူးျခားျခား ေအာင္ျမင္မႈႀကီးမ်ိဳးေတြ ရတတ္ပါတယ္။ အပင္ပမ္းခံၿပီး အက်ိဳးထူးခံစားရမယ့္ ကာလမ်ိဳး ျဖစ္ပါတယ္။ နာမည္ဂုဏ္သတင္း တိုးတက္မယ္။ ေငြအ၀င္ၾကမ္း အထြက္ၾကမ္းျဖစ္ေနမယ္။ ထီကိန္း ထီကံေကာင္းတဲ့ကာလပါပဲ။ မိတ္ေဆြ၊ ေမာင္ႏွမတို႕ရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရး ႐ႈပ္ေထြးလိမ့္မယ္။ ပစၥည္းတစ္ခုအတြက္ ျပႆနာေျဖရွင္းရတတ္တယ္။ သူတစ္ပါးရဲ႕ ဒုကၡက ကိုယ့္ဒုကၡျဖစ္လာတတ္ပါတယ္။

 ေျခေထာက္၊ ဒူး၊ ခါး က်န္းမာေရး ညံ့တတ္ပါတယ္။ အတို႕အေထာင္ ေခ်ာက္တြန္းခံရတတ္တယ္။ စြပ္စြဲနာမည္ဖ်က္ ခံရတတ္တယ္။ ဆိုးဆိုး၀ါး၀ါးေတာ့မဟုတ္ပါဘူး။ အထူးသျဖင့္ အနီးကပ္လူသံုးဦး ကိုယ့္ကို မေကာင္းၾကံတတ္ပါတယ္။  အေဆာက္အဦကိစၥ၊ ေနရာထိုင္ခင္းကိစၥေတြ အဆင္ေျပမယ္။ ေအာက္လက္ငယ္သားအတြက္ ၀မ္းသာစရာေတြႀကံဳမယ္။ မိသားစုထဲက ရပ္ေ၀းခရီးသြားတာ၊ ရပ္ေ၀းက အိမ္သူအိမ္သားျပန္ေရာက္ လာတာ၊ ရပ္ေ၀းႀကီးကဲသူ ဆရာသမားတို႕ရဲ႕ သတင္းေကာင္းၾကားတာေတြ ႀကံဳရတတ္ပါတယ္။ ဘုရားဖူးခရီး၊ စိတ္ခ်မ္းသာဖြယ္ခရီးေတြလည္း သြားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အဆင္ေျပ စိတ္ခ်မ္းသာရမယ္။ အိမ္ေထာင္မရွိသူဆိုလွ်င္ မဂၤလာကိစၥစီစဥ္ရတတ္ပါတယ္။ လက္ေဆာင္ပစၥည္းေတြ ၀င္လာတတ္ပါတယ္။ 

ကံအက်ဳိးေပးဂဏန္း ၇^၂။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေက်ာက္ေက်ာကပ္လွဴပါေလ။  

 –


ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ လုပ္သမွ်ဒုကၡဆိုသလို ျဖစ္ေနမယ္။ အင္မတန္ ရန္အႏၱရာယ္မ်ားတဲ့ ကာလပါပဲ။ အလုပ္မွာလည္း အထစ္အေငါ့၊ အေႏွာက္အယွက္ေတြ အမ်ားႀကီးႀကံဳမယ္။ မကူညီခ်င္တဲ့အျပင္ ဒုကၡေပးမယ့္လူေတြ တန္းစီ ေနတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္တယ္။ ေဆြမ်ိဳးလို ျဖစ္ေနတဲ့ မိတ္ေဆြေတြက သစၥာေဖာက္ၾကလိမ့္မယ္။ ျပႆနာခပ္ႀကီးႀကီး တစ္ခု ေျဖရွင္းရတတ္ပါတယ္။ ႀကီးကဲသူေတြကလည္း အျမင္ေစာင္းလိမ့္မယ္။ သူတစ္ပါး ျပႆနာၾကားမွာ ညပ္သြားတတ္ပါတယ္။ ေငြေရး၊ ေၾကးေရး႐ႈပ္ေထြးလိမ့္မယ္။ 

တစ္စံုတစ္ေယာက္ရဲ႕ အၾကပ္ကိုင္ ဒုကၡေပးျခင္းကို ခံရတတ္ပါတယ္။ စိတ္ညစ္စရာ ဧည့္သည္ေတြ၊ သတင္းေတြလည္း ၀င္လာတတ္ပါတယ္။ အၾကပ္အတည္းေတြၾကားထဲကပဲ အဖိုးတန္ပစၥည္းေတြ ၀င္လာမယ္။ ရပ္ေ၀းနဲ႕ ဆက္သြယ္တဲ့ အလုပ္ေတြ ေအာင္ျမင္မယ္။ အလုပ္ေနရာ၊ အိမ္ေနရာအတြက္ စိတ္ခ်မ္းသာစရာျဖစ္လာမယ္။ ေအာက္လက္ငယ္သားအတြက္ စိတ္ခ်မ္းသာရတာ ကြဲကြာေနသူေတြနဲ႕ ျပန္ဆံုတာ၊ အခ်စ္ေရး၊ အိမ္ေထာင္ေရး စိတ္ခ်မ္းေျမ႕စရာႀကံဳတာေတြ ျဖစ္လာမယ္။ ဦးေခါင္းပိုင္း ေ၀ဒနာခံစားရတတ္ပါတယ္။ ထိမိခိုက္မိျဖစ္တာ ေျခေထာက္ဒုကၡေပးတာမ်ိဳးေတြလည္း ၾကံဳရတတ္ပါတယ္။ ကံအက်ဳိးေပးဂဏန္း ၅^၇။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေထာပတ္ထမင္းကပ္လွဴပါေလ။

 –


ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေကာင္းေသာအေျပာင္းအလဲေတြ ႀကံဳရတတ္ပါတယ္။ လက္ရွိလုပ္ငန္း ကို တိုးခ်ဲ႕တာပဲျဖစ္ျဖစ္၊ လုပ္ငန္းေျပာင္းတာ၊ အသစ္စတာပဲျဖစ္ျဖစ္ ေအာင္ျမင္ႏိုင္ပါတယ္။ ရပ္ေ၀းက အဆက္အသြယ္ေကာင္းေတြ ေပၚလာတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥအတြက္ေတာ့ စိတ္ညစ္ရတတ္တယ္။ ဆရာသမား လိုပုဂၢိဳလ္ေတြ၊ ႀကီးကဲသူေတြနဲ႔ အခန္႔မသင့္ျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အထစ္ အေငါ့အေႏွာက္အယွက္ မ်ားေနတတ္ပါတယ္။ ျပႆနာေဟာင္း၊ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္ပါတယ္။ အိမ္သူအိမ္သားအခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ရတတ္ တယ္။ 

အခ်စ္ေရးအိမ္ေထာင္ေရးမွာလည္း ႀကီးကဲသူေတြကိုအေၾကာင္းျပဳၿပီး အဆင္မေျပႀကီးစြာ ျဖစ္ တတ္တယ္။  ရပ္ေ၀းကပစၥည္းေတြ ၀င္တတ္တယ္။ ခက္ခဲထစ္ေငါ့ေနတဲ့ အေရာင္းအ၀ယ္ကိစၥေတြ ေအာင္ ျမင္သြားမယ္။ မိတ္ေဆြရင္းေတြရဲ႕ ထိေရာက္ေသာအကူအညီေကာင္းေတြ ရရွိမယ္။ ႏိုင္ငံရပ္ျခားကိုထြက္ဖို႔ ႀကိဳးစားေနတဲ့ ေဆြမ်ဳိးသားခ်င္းေတြ အဆင္ေျပမယ္။ ထီေပါက္သလို ေငြေတြ၀င္လာတတ္ပါတယ္။ က်န္းမာေရးကေတာ့ တေရွာင္ေရွာင္ျဖစ္ေနတတ္ပါတယ္။ လူနာဧည့္သည္ကို ကူညီရတတ္ပါတယ္။ ေဆြမ်ိဳး၊ မိတ္္ေဆြရင္းထဲက ႀကီးကဲသူတစ္ဦး အမႈအခင္းႀကံဳတတ္ပါတယ္။ ကံအက်ဳိးေပးဂဏန္း ၅^၈။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ မုန္႔ဖက္ထုပ္ကပ္လွဴပါေလ။  


စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္နဲ႔ကိုယ္နဲ႔ မကပ္ဘဲ ျဖစ္ေနမယ္။ အိမ္မကပ္ခ်င္ဘဲ ျဖစ္ေနမယ္။ လုပ္သမွ် ေျပာသမွ် အဆင္မေျပျဖစ္ေနတတ္ပါတယ္။ မနာလိုသူ ေႏွာက္ယွက္သူလည္း အလြန္ေပါမယ္။ အထူးသျဖင့္ ေဆြမ်ိဳးရင္းေတြေၾကာင့္ စိတ္႐ႈပ္ရတတ္တဲ့ ကာလမိ်ဳးပါပဲ။ အိမ္ကိစၥ၊ ေနရာကိစၥအစီအစဥ္ေတြလည္း လြဲေခ်ာ္သြားတတ္ပါတယ္။ မိတ္ေဆြရင္းေတြက မေကာင္းျမင္ အထင္လြဲၾကလိမ့္မယ္။ ပစၥည္းတစ္ခု ၀ယ္ဖို႔ေရာင္းဖို႔ကိစၥ မတင္မက်ႀကီးျဖစ္ေနမယ္။

 ေအာက္လက္ငယ္သားေတြ အိမ္က ထြက္သြားတတ္တယ္။ စကားမ်ားေျဖရွင္းရတာ၊ မေတာ္တဆ ထိခိုက္မိတာမ်ဳိးေတြလည္း ႀကံဳ ရတတ္ပါတယ္။ ျပည္တြင္းျပည္ပခရီးကိစၥေတြ ထစ္ေငါ့ေနတတ္ပါတယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာေတာ့ စိတ္ခ်မ္းေျမ့စရာေတြ ႀကံဳလာမယ္။ ၀မ္းသာစရာ စာေတြ၊ အဆက္အသြယ္ေတြ ေရာက္လာတတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ အေျခအေနေကာင္းႀကံဳ မယ္။ ဆရာေကာင္း၊ သမားေကာင္းေတြ ေတြ႕တတ္တယ္။ ပညာေကာင္းေတြ ရတတ္ပါတယ္။  ေငြေရးေၾကးေရး အထစ္အေငါ့ေတြ အဆင္ေျပသြားမယ္။ ရပ္ထားရတဲ့အလုပ္ေတြ၊ လုပ္ငန္း အေဟာင္းေတြ ျပန္လုပ္ရတတ္ပါတယ္။ ဆံုး႐ံႈးၿပီလို႔ထင္ထားတဲ့အရာေတြ ျပန္ရလာတတ္ပါတယ္။ ကံအက်ဳိးေပးဂဏန္း ၁^၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ အုန္းႏို႕ေခါက္ဆြဲကပ္လွဴပါေလ။  

သေဗၺဓမၼၼာ

ဇင္ေယာ္နီ

( unicode version )

—-

တစ်ပတ်အတွင်း ချိန်ဆရန် သင်၏ကံ (၂၀၁ရ သြဂုတ် ၂၈ မှ စက်တင်ဘာ ၃)
—–

တနင်္ဂနွေသားသမီးများ
-

 ဒီရက်တွေအတွင်းမှာ ကြည်နူးဝမ်းမြောက်စရာတွေ ကြုံလာမယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ကြုံတောင့်ကြုံခဲ အခွင့်အလမ်းကောင်းတွေ ရတတ်တယ်။ ရည်ရွယ်ထားသမျှ ရဲရဲသာလုပ်ပေတော့။ ငွေအားလူအားရှိသလောက် လုပ်ငန်းတွေ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ ရပ်ဝေးနဲ့ပတ်သက်တဲ့အလုပ်တွေ၊ နိုင်ငံခြားလူမျိုးခြားနဲ့ ပတ်သက်တာတွေ ပိုပြီးတော့ အောင်မြင်မယ်။ အဖိုးတန်ပစ္စည်းတွေလည်း  ၀င်လာတတ်ပါတယ်။

 ငွေလည်း အလွန်ရွှင်နေမယ်။ ဟိုကဝင်ဒီ ကဝင် ၀င်နေမယ်။ ဘာသာရေးလုပ်လေလေ ကံကောင်းလေလေဖြစ််််လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေ ကြုံလာတတ်တယ်။ မိတ်ဆွေ၊ မောင်နှမများနဲ့ ပတ်သတ်တဲ့အစီအစဉ်တွေ မတင်မကျဖြစ်တတ်ပါတယ်။ နေရာထိုင်ခင်း၊ အဆောက်အဦအတွက် စိတ်ညစ်ရတတ်တယ်။ အောက်လက်ငယ်သားအတွက် ခေါင်းခံဖြေရှင်း ရတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အစီအစဉ်ပျက်မတတ် ဖြစ်ကုန်တတ်တယ်။ နှစ်ရှည်ခံစားနေရတဲ့ ရောဂါဝေဒနာတွေရှိခဲ့ရင် ပျောက်မှန်းမသိ ပျောက် သွားမယ်။ အဲ့ဒီလိုပဲ ပြဿနာခပ်ကြီးကြီး တစ်ခုဟာလည်း သူ့အလိုလို ရှင်းသွားပါမယ်။ 

အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေမှာ မိန်းမတစ်ယောက် ၀င်ရှုပ်လာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈^၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ရှောက်ယိုကပ်လှူပါလေ။  

 –


တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ ပြန်ဝင်လာမယ်။ ရပ်ထားရတဲ့ အလုပ်တွေ ပြန်လုပ်ရမယ်။ ကွဲကွာနေသူတွေနဲ့ ပြန်ဆုံမယ်။ လုပ်ငန်းဟောင်း၊ နေရာဟောင်း၊ လူဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ်။ အဲ့ဒီလိုပဲ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ကြောင်းကိုလည်း သတိပြုပါလေ။ ရှိနေတဲ့ပစ္စည်းတွေ ပျက်တတ်၊ ပျောက်တတ်ပါတယ်။ ပစ္စည်းအဝယ်၊ အရောင်းကိစ္စတစ်ခု လွဲချော်သွားလိမ့်မယ်။ မနာလိုသူလည်း ပေါလိမ့်မယ်။ 

တမင်ရန်စ နှောင့်ယှက်တာမျိုးတွေ ခံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မတင်မကျအခြေအနေတွေ ကြုံလာမယ်။ ကတိပေးမှားတာ၊ စာချုပ်မှားတာတွေ ဖြစ်တတ်ပါတယ်။ အရေးကြီး စာရွက်စာတမ်းတွေ ပျက်စီးပျောက်ဆုံးတတ်ပါတယ်။ အောက်လက်ငယ်သား၊ သားသမီးအတွက် ဂုဏ်ယူဝမ်းမြောက်စရာတွေ ကြုံလာမယ်။ အဖိုးတန် ယာဉ်တွေ၊ စက်တွေ ၀င်လာမယ်။ ကျန်းမာရေးညံ့နေသူတွေ ပြန်ပြီး နာလန်ထလိမ့်မယ်။ ရေချိုးမှားတာ၊ အပူလောင်တာတွေတော့ ဖြစ်တတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ ထူးထူးချွန်ချွန် အောင်မြင်မယ်။ ရပ်ဝေးလူကြီးတွေက ကူညီမယ်။  ကောင်းသောခရီးတွေ သွားရတတ်ပါတယ်။ ငွေအတွက်လည်း စိတ်ချမ်းသာရလိမ့်မယ်။ ကံအကျိုးပေးဂဏန်း ၉^၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ယို ၉ မျိုးကပ်လှူပါလေ။  

 –


အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ၊ မတင်မကျဖြစ်စရာတွေ တစ်ခုပြီးတစ်ခု ကြုံနေတတ်ပါတယ်။ သေချာစီစဉ်ထားတဲ့ ကိစ္စတွေလည်း လွဲသွား၊ ချော်သွားတတ်တယ်။ အလုပ်ကိစ္စတွေမှာ ကြီးကြီးမားမား နစ်နာဆုံးရှုံးခြင်းတွေ ကြုံရတတ်ပါတယ်။ ပစ္စည်းတစ်ခုကို အကြောင်းပြုပြီး စကားများဖြေရှင်းရတတ်ပါတယ်။ မိသားစုအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် ညျိမရ နှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားအတွက်လည်း စိတ်ရှုပ်ရလိမ့်မယ်။ မိန်းမကြီးတစ်ယောက် ၀င်ရှုပ်နေတတ်ပါတယ်။

 ရပ်ဝေးက မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေ ရောက်လာတတ်တယ်။ သူတို့ဆီမှာ သတင်းကောင်း၊ အဆက်အသွယ်ကောင်းတွေ ပါလာတတ်တယ်။ ဆရာသမားလို ပုဂ္ဂိုလ်တွေက အကူအညီကောင်းပေးလာမယ်။ ရပ်ဝေးနဲ့ပတ်သက်ပြီး ငွေဝင်တာ၊ ငွေကိစ္စခရီးသွားရတာ၊ ထီပေါက်သလို ငွေဝင်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ အလှူပွဲ၊ မင်္ဂလာပွဲကိစ္စတွေအတွက် စိတ်ညစ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားတာလေးတွေ ကြုံပြီးတဲ့နောက် အဆင်ပြေသွားပါလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အဆင်ပြေအောင်မြင်မယ်။ ၀မ်းဗိုက်ပိုင်း၊ ဆီး၊ မျက်စိ ကျန်းမာရေးညံ့တတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၄^၆။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သရက်ယိုကပ်လှူပါလေ။  

 –


ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှ၊ ကြံသမျှ ထစ်ငေါ့ကြန့်ကြာပြီးမှ ထူးထူးခြားခြား အောင်မြင်မှုကြီးမျိုးတွေ ရတတ်ပါတယ်။ အပင်ပမ်းခံပြီး အကျိုးထူးခံစားရမယ့် ကာလမျိုး ဖြစ်ပါတယ်။ နာမည်ဂုဏ်သတင်း တိုးတက်မယ်။ ငွေအဝင်ကြမ်း အထွက်ကြမ်းဖြစ်နေမယ်။ ထီကိန်း ထီကံကောင်းတဲ့ကာလပါပဲ။ မိတ်ဆွေ၊ မောင်နှမတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ရှုပ်ထွေးလိမ့်မယ်။ ပစ္စည်းတစ်ခုအတွက် ပြဿနာဖြေရှင်းရတတ်တယ်။ သူတစ်ပါးရဲ့ ဒုက္ခက ကိုယ့်ဒုက္ခဖြစ်လာတတ်ပါတယ်။

 ခြေထောက်၊ ဒူး၊ ခါး ကျန်းမာရေး ညံ့တတ်ပါတယ်။ အတို့အထောင် ချောက်တွန်းခံရတတ်တယ်။ စွပ်စွဲနာမည်ဖျက် ခံရတတ်တယ်။ ဆိုးဆိုးဝါးဝါးတော့မဟုတ်ပါဘူး။ အထူးသဖြင့် အနီးကပ်လူသုံးဦး ကိုယ့်ကို မကောင်းကြံတတ်ပါတယ်။  အဆောက်အဦကိစ္စ၊ နေရာထိုင်ခင်းကိစ္စတွေ အဆင်ပြေမယ်။ အောက်လက်ငယ်သားအတွက် ၀မ်းသာစရာတွေကြုံမယ်။ မိသားစုထဲက ရပ်ဝေးခရီးသွားတာ၊ ရပ်ဝေးက အိမ်သူအိမ်သားပြန်ရောက် လာတာ၊ ရပ်ဝေးကြီးကဲသူ ဆရာသမားတို့ရဲ့ သတင်းကောင်းကြားတာတွေ ကြုံရတတ်ပါတယ်။ ဘုရားဖူးခရီး၊ စိတ်ချမ်းသာဖွယ်ခရီးတွေလည်း သွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေ စိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသူဆိုလျှင် မင်္ဂလာကိစ္စစီစဉ်ရတတ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေ ၀င်လာတတ်ပါတယ်။ 

ကံအကျိုးပေးဂဏန်း ရ^၂။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ကျောက်ကျောကပ်လှူပါလေ။  

 –


ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ လုပ်သမျှဒုက္ခဆိုသလို ဖြစ်နေမယ်။ အင်မတန် ရန်အန္တရာယ်များတဲ့ ကာလပါပဲ။ အလုပ်မှာလည်း အထစ်အငေါ့၊ အနှောက်အယှက်တွေ အများကြီးကြုံမယ်။ မကူညီချင်တဲ့အပြင် ဒုက္ခပေးမယ့်လူတွေ တန်းစီ နေတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်တယ်။ ဆွေမျိုးလို ဖြစ်နေတဲ့ မိတ်ဆွေတွေက သစ္စာဖောက်ကြလိမ့်မယ်။ ပြဿနာခပ်ကြီးကြီး တစ်ခု ဖြေရှင်းရတတ်ပါတယ်။ ကြီးကဲသူတွေကလည်း အမြင်စောင်းလိမ့်မယ်။ သူတစ်ပါး ပြဿနာကြားမှာ ညပ်သွားတတ်ပါတယ်။ ငွေရေး၊ ကြေးရေးရှုပ်ထွေးလိမ့်မယ်။ 

တစ်စုံတစ်ယောက်ရဲ့ အကြပ်ကိုင် ဒုက္ခပေးခြင်းကို ခံရတတ်ပါတယ်။ စိတ်ညစ်စရာ ဧည့်သည်တွေ၊ သတင်းတွေလည်း ၀င်လာတတ်ပါတယ်။ အကြပ်အတည်းတွေကြားထဲကပဲ အဖိုးတန်ပစ္စည်းတွေ ၀င်လာမယ်။ ရပ်ဝေးနဲ့ ဆက်သွယ်တဲ့ အလုပ်တွေ အောင်မြင်မယ်။ အလုပ်နေရာ၊ အိမ်နေရာအတွက် စိတ်ချမ်းသာစရာဖြစ်လာမယ်။ အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာရတာ ကွဲကွာနေသူတွေနဲ့ ပြန်ဆုံတာ၊ အချစ်ရေး၊ အိမ်ထောင်ရေး စိတ်ချမ်းမြေ့စရာကြုံတာတွေ ဖြစ်လာမယ်။ ဦးခေါင်းပိုင်း ဝေဒနာခံစားရတတ်ပါတယ်။ ထိမိခိုက်မိဖြစ်တာ ခြေထောက်ဒုက္ခပေးတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅^၇။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ထောပတ်ထမင်းကပ်လှူပါလေ။

 –


သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ ကောင်းသောအပြောင်းအလဲတွေ ကြုံရတတ်ပါတယ်။ လက်ရှိလုပ်ငန်း ကို တိုးချဲ့တာပဲဖြစ်ဖြစ်၊ လုပ်ငန်းပြောင်းတာ၊ အသစ်စတာပဲဖြစ်ဖြစ် အောင်မြင်နိုင်ပါတယ်။ ရပ်ဝေးက အဆက်အသွယ်ကောင်းတွေ ပေါ်လာတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စအတွက်တော့ စိတ်ညစ်ရတတ်တယ်။ ဆရာသမား လိုပုဂ္ဂိုလ်တွေ၊ ကြီးကဲသူတွေနဲ့ အခန့်မသင့်ဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ် အငေါ့အနှောက်အယှက် များနေတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ အိမ်သူအိမ်သားအချင်းချင်း စကားများ ရန်ဖြစ်ရတတ် တယ်။ 

အချစ်ရေးအိမ်ထောင်ရေးမှာလည်း ကြီးကဲသူတွေကိုအကြောင်းပြုပြီး အဆင်မပြေကြီးစွာ ဖြစ် တတ်တယ်။  ရပ်ဝေးကပစ္စည်းတွေ ၀င်တတ်တယ်။ ခက်ခဲထစ်ငေါ့နေတဲ့ အရောင်းအဝယ်ကိစ္စတွေ အောင် မြင်သွားမယ်။ မိတ်ဆွေရင်းတွေရဲ့ ထိရောက်သောအကူအညီကောင်းတွေ ရရှိမယ်။ နိုင်ငံရပ်ခြားကိုထွက်ဖို့ ကြိုးစားနေတဲ့ ဆွေမျိုးသားချင်းတွေ အဆင်ပြေမယ်။ ထီပေါက်သလို ငွေတွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ လူနာဧည့်သည်ကို ကူညီရတတ်ပါတယ်။ ဆွေမျိုး၊ မိတ််ဆွေရင်းထဲက ကြီးကဲသူတစ်ဦး အမှုအခင်းကြုံတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၅^၈။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မုန့်ဖက်ထုပ်ကပ်လှူပါလေ။  


စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ ဖြစ်နေမယ်။ အိမ်မကပ်ချင်ဘဲ ဖြစ်နေမယ်။ လုပ်သမျှ ပြောသမျှ အဆင်မပြေဖြစ်နေတတ်ပါတယ်။ မနာလိုသူ နှောက်ယှက်သူလည်း အလွန်ပေါမယ်။ အထူးသဖြင့် ဆွေမျိုးရင်းတွေကြောင့် စိတ်ရှုပ်ရတတ်တဲ့ ကာလမျိုးပါပဲ။ အိမ်ကိစ္စ၊ နေရာကိစ္စအစီအစဉ်တွေလည်း လွဲချော်သွားတတ်ပါတယ်။ မိတ်ဆွေရင်းတွေက မကောင်းမြင် အထင်လွဲကြလိမ့်မယ်။ ပစ္စည်းတစ်ခု ၀ယ်ဖို့ရောင်းဖို့ကိစ္စ မတင်မကျကြီးဖြစ်နေမယ်။

 အောက်လက်ငယ်သားတွေ အိမ်က ထွက်သွားတတ်တယ်။ စကားများဖြေရှင်းရတာ၊ မတော်တဆ ထိခိုက်မိတာမျိုးတွေလည်း ကြုံ ရတတ်ပါတယ်။ ပြည်တွင်းပြည်ပခရီးကိစ္စတွေ ထစ်ငေါ့နေတတ်ပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာတော့ စိတ်ချမ်းမြေ့စရာတွေ ကြုံလာမယ်။ ၀မ်းသာစရာ စာတွေ၊ အဆက်အသွယ်တွေ ရောက်လာတတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အခြေအနေကောင်းကြုံ မယ်။ ဆရာကောင်း၊ သမားကောင်းတွေ တွေ့တတ်တယ်။ ပညာကောင်းတွေ ရတတ်ပါတယ်။  ငွေရေးကြေးရေး အထစ်အငေါ့တွေ အဆင်ပြေသွားမယ်။ ရပ်ထားရတဲ့အလုပ်တွေ၊ လုပ်ငန်း အဟောင်းတွေ ပြန်လုပ်ရတတ်ပါတယ်။ ဆုံးရှုံးပြီလို့ထင်ထားတဲ့အရာတွေ ပြန်ရလာတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၁^၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ အုန်းနို့ခေါက်ဆွဲကပ်လှူပါလေ။  

သဗ္ဗေဓမ္မ္မာ

ဇင်ယော်နီ