ထိုင္တဲ့ပံုစံ အေနအထားကိုၾကည့္ျပီး ေျပာနိုင္တဲ့ သင့္္အေၾကာင္း


ထိုင္တဲ့ပံုစံ အေနအထားကိုၾကည့္ျပီး ေျပာနိုင္တဲ့ သင့္္အေၾကာင္း

—–

စိိတ္ပညာရွင္ ေတြရဲ႕ အဆိုအရ လူတစ္ေယာက္ ရဲ႕ ထိုင္တဲ့ပံုစံ ၊ ေျခေထာက္ ထားပံု အေနအထားကို ၾကည့္ျပီး သူ႕ရဲ႕ စိတ္ပိုင္းဆိုင္ရာကို ခန္႔မွန္းနို္င္တယ္လို႔ သိရပါတယ္ ။ လူတစ္ေယာက္ က တစ္ပံုစံတည္းေတာ့ အျမဲတမး္မထိုင္တတ္ပါဘူး ။ ေညာင္းရင္ေတာ့ ပံုစံေျပာင္းေလ့ ရွိၾကတာပါပဲ ။ 

အခုခန္႕မွန္းခ်က္ေလးေတြကေတာ့ အမ်ားအားျဖင့္ ထိုင္ေလ့ရွိတတ္ၾကတဲ့ ပံုစံကို ၾကည့္ကာ ေလ့လာထားျခင္းပဲ ျဖစ္ပါတယ္ ။ ကဲ..ဘယ္လိုအေနအထားအတိုင္း အမ်ားဆံုး ထိုင္ေလ့ရွိလဲ..ေအာက္ကခန္႕မွန္းခ်က္ေတြကေရာ မွန္၊မမွန္ တိုက္ၾကည့္လိုက္ပါဦးေနာ္..


Position A 

အခ်ိဳ႕ လူ ေတြဟာ ဒီလိုပံုစံထိုင္ေလ့ရွိျပီး သူတို႔မွာ ဦးေဆာင္လိုစိတ္ ရွိၾကပါတယ္ ။ ေပါင္းသင္းဆက္ဆံေရးလည္း ေကာင္းမြန္ပါတယ္ ။ ပ်င္းရိတတ္သူမ်ား မဟုတ္ၾကသလို လြယ္လြယ္ ေျပာင္းေရႊ႕ ၊ ေျပာင္းလဲတတ္ၾကပါတယ္ ။ အေတြးတစ္ခုကိုလည္း ထပ္ခါထပ္ခါ ေတြးေလ့သိပ္မရွိၾကပါဘူး ။ ဒါ့အျပင္ ဖန္တီးနိုင္မႈစြမ္းအားလည္း ေကာင္းတတ္သလို နွစ္လိုဖြယ္ေကာင္းတဲ့သူေတြလည္း ျဖစ္ၾကပါတယ္ ။ အနည္းငယ္ ကေလး ဆန္ေလ့ရွိၾကျပီး တစ္ခါတစ္ေလ ကိုယ့္ဘာသာ ဘာေျပာလိုက္မိလဲဆိုတာကိုေတာင္ မသိၾကပါဘူး။ ေဗဒင္ဝါသနာအိုး Page မွတင္ဆက္ပါသည္ ။


Position B 

သူတို႔ကေတာ့ စိတ္ကူးယဥ္ဆန္သူေတြပါ ။ သူတို႔မွာ တကယ့္ စိတ္ကူးအိပ္မက္ ေတြ အမ်ားၾကီးရွိျပီး လက္ေတြ႕အေကာင္အထည္ ေဖာ္နိုင္ေအာင္လည္း ၾကိဳးစားခ်င္သူေတြပါ။ တစ္ခါတစ္ေလမွာ တကယ္အံ့ၾသဖြယ္ေကာင္းတ့ဲ စိတ္ကူးသစ္ေတြ သူတို႔မွာ ရွိေနတတ္္ပါတယ္ ။ ခရီးသြားျခင္းကို ၾကိဳက္နွစ္သက္ျပီး ေပါင္းသင္းရလြယ္ကူတဲ့ သူေတြပါ ။ လုပ္စရာရွိတဲ့အလုပ္ကို ပိတ္ရက္ေတြ ၊ ဖြင့္ရက္ေတြ ၊ အျခားအေၾကာင္းျပခ်က္ေတြနဲ႕ ေစာင့္မေနဘဲ မဆိုင္းမတြ လုပ္တတ္သူေတြပါ ။ မေကာင္းဘူး ၊ မၾကိဳက္ဘူးထင္လွ်င္ ဘာမဆို ေျပာင္းလဲပစ္ဖို႕ ဝန္မေလးတဲ့သူေတြေပါ့ ..ဥပမာ – အလုပ္ ၊ ေနရာ ၊ လက္တြဲေဖာ္ ၊ အေတြးအေခၚ စသျဖင့္ ေပါ့ ။ သူတို႔ ဟာ သာမန္ေတာ့ မဟုတ္ၾကပါဘူး။ ေဗဒင္ဝါသနာအိုး Page မွတင္ဆက္ပါသည္ ။


Position C 

ဒီလို မၾကာခဏ ထုိင္တတ္တဲ့ သူေတြကေတာ့ သူတုိ႔ အတြက္ ဘယ္ဟာက အေကာင္းဆံုးလဲ ၊ သက္ေတာင့္သက္သာအျဖစ္ဆံုးလဲ ဆိုတာကို သိၾကပါတယ္ ။ ပိတ္ရက္ လိုေန႔မ်ိဳးေတြကို shopping ထြက္ျခင္း ၊ Spa သြားျခင္းေတြနဲ႕ ကုန္ဆံုးတတ္တဲ့ သူေတြမဟုတ္ပါဘူး ။ သူတို႔ အတြက္ အၾကိဳက္ဆံုး ၊ အသင့္ေလ်ာ္ဆံုး ျဖစ္မယ့္ ေရေမႊး (သို႔) ခရင္မ္ တစ္မ်ိဳးမ်ိးကို ေရြးခ်ယ္ဝယ္ယူရင္ေတာ့ အခ်ိန္ၾကာၾကာနဲ႕ စိတ္ရွည္ရွည္ ေရြးေကာင္းေရြးနိုင္ပါတယ္ ။ စိတ္ေျပာင္းလဲလြယ္တတ္ျပီး ဇီဇာေၾကာင္တတ္တာေၾကာင့္ သူတို႕ရဲ႕ အခ်စ္ေရးကိစၥကလည္း နည္းနည္းေတာ့ ရႈပ္ေထြးမွာပါ ။ 

ခ်စ္သူရွိလွ်င္ ဇီဇာေၾကာင္တတ္တာေၾကာင့္ မၾကာခဏ ျပႆနာတတ္ေလ့ ရွိသလို ခ်စ္သူ မရွိသူဆိုလွ်င္လည္း စိတ္ၾကိဳက္မေတြ႕နုိင္ဘဲ အေရြးလြန္ေနၾကတာပါ ။ သူတို႕ေတြရဲ႕ အဓိကအားနည္းခ်က္ကေတာ့ ကိစၥ ၊ တစ္စံုတစ္ခုတည္းေပၚမွာ အာရံုမထား ၊ မစူးစိုက္နိုင္ျခင္းပါပဲ။ ေဗဒင္ဝါသနာအိုး Page မွတင္ဆက္ပါသည္ ။


Position D 

ဒီလို အေနအထားအတိုင္း ထိုင္ေလ့ရွိတဲ့သူေတြက ကိုယ္တိုင္လည္း ေနာက္က်တာကို မၾကိဳက္သလို ေနာက္က်တတ္တဲ့ သူမ်ိးကိုလည္း မႏွစ္သက္ၾကပါဘူး ။ သူတို႔ ဟာ ေတာ္တယ္ ၊ ဥာဏ္ေကာင္းတယ္ ၊ ထိခိုက္လြယ္တဲ့စိတ္မ်ိဳး ရွိၾကပါတယ္ ။ ခ်ိဳျမိန္တဲ့ လိမ္ညာျခင္းထက္ ခါးသက္တဲ့ အမွန္တရားက ပိုျပီးေကာင္းမြန္တယ္လို႔ ယူဆေလ့ရွိပါတယ္ ။ သူတို႕ဟာ စိတ္ခံစားခ်က္ကို လူပံုအလယ္ ထုတ္ျပတတ္တဲ့သူေတြကိုလည္း မနွစ္သက္ၾကပါဘူး ။ (ဥပမာ စံုတြဲမ်ား လူၾကားထဲ ပလူးျခင္း ၊ ရန္ျဖစ္ေအာ္ဟစ္ျခင္းေတြကို ေအာ္ဂလီဆန္ တတ္ၾကပါတယ္ ။ ) အရာရာကို သပ္သပ္ရပ္ရပ္ လုပ္ေဆာင္တတ္ျပီး သပ္ရပ္မႈကိုလည္း သေဘာက်တတ္သူေတြပါ။ သူတို႔ဟာ သူတို႕ရဲ႕ အခက္အခဲ ၊ အဆင္မေျပမႈေတြကို မလိုအပ္ပဲ အျခားလူေတြကို မသိေစပါဘူး ။ ရင့္က်က္သူေတြလို႕လည္း ေျပာလို႔ရပါတယ္။ ေဗဒင္ဝါသနာအိုး Page မွတင္ဆက္ပါသည္ ။

Position E 

ဒီလိုထိုင္တဲ့လူကေတာ့ နည္းနည္းရွားမယ္ထင္ပါတယ္။ ဒီပံုစံအေနအထားအတိုင္း ထိုင္တတ္တဲ့ သူေတြဟာ ဆင္ျခင္တုံတရားကို လက္ကိုင္ထားတဲ့သူေတြပါ ။ ကိစၥတစ္ခုကို ဘယ္ေတာ့မွ မစဥ္းစား၊မဆင္ျခင္ဘဲ ျပဳလုပ္ေလ့ မရွိပါဘူး ။ အိမ္ေထာင္တစ္ခုျပဳလွ်င္ေတာင္ အနည္းဆံုး ပညာေရးဆံုးခန္းတိုင္ျပီး အလုပ္အကိုင္ရမွ ျပဳေလ့ရွိပါတယ္ ။ 

ရည္မွန္းခ်က္အိပ္မက္ေတြရွိျပီး လက္ေတြ႕မွာလည္း အမွန္တကယ္ အေကာင္အထည္ ေဖာ္ၾကပါတယ္ ။ မွန္တယ္ထင္ရင္ ဘာမွ ဂရုမစိုက္ပဲ ျပဳမူေျပာဆိုတတ္ပါတယ္ ။ သူတို႕ရဲ႕ အနက္ရိႈင္းဆံုး အတြင္းစိတ္မွာ အနည္းငယ္ေသာ မလံုၿခံဳမႈကို ခံစားေနရေလ့ရွိတတ္ၾကျပီး သူတို႕နဲ႕ ပတ္သတ္တဲ့ ဆန္႔က်င္ဘက္ ေဝဖန္ခ်က္ေတြကိုလည္း မၾကာခဏ ၾကံဳေတြ႕ရင္ဆိုင္ရေလ့ ရွိပါတယ္ ။

( Unicode Version )

ထိုင်တဲ့ပုံစံ အနေအထားကိုကြည့်ပြီး ပြောနိုင်တဲ့ သင့််အကြောင်း

—–

စိိတ်ပညာရှင် တွေရဲ့ အဆိုအရ လူတစ်ယောက် ရဲ့ ထိုင်တဲ့ပုံစံ ၊ ခြေထောက် ထားပုံ အနေအထားကို ကြည့်ပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ခန့်မှန်းနို်င်တယ်လို့ သိရပါတယ် ။ လူတစ်ယောက် က တစ်ပုံစံတည်းတော့ အမြဲတမး်မထိုင်တတ်ပါဘူး ။ ညောင်းရင်တော့ ပုံစံပြောင်းလေ့ ရှိကြတာပါပဲ ။ 

အခုခန့်မှန်းချက်လေးတွေကတော့ အများအားဖြင့် ထိုင်လေ့ရှိတတ်ကြတဲ့ ပုံစံကို ကြည့်ကာ လေ့လာထားခြင်းပဲ ဖြစ်ပါတယ် ။ ကဲ..ဘယ်လိုအနေအထားအတိုင်း အများဆုံး ထိုင်လေ့ရှိလဲ..အောက်ကခန့်မှန်းချက်တွေကရော မှန်၊မမှန် တိုက်ကြည့်လိုက်ပါဦးနော်..


Position A 

အချို့ လူ တွေဟာ ဒီလိုပုံစံထိုင်လေ့ရှိပြီး သူတို့မှာ ဦးဆောင်လိုစိတ် ရှိကြပါတယ် ။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ပါတယ် ။ ပျင်းရိတတ်သူများ မဟုတ်ကြသလို လွယ်လွယ် ပြောင်းရွှေ့ ၊ ပြောင်းလဲတတ်ကြပါတယ် ။ အတွေးတစ်ခုကိုလည်း ထပ်ခါထပ်ခါ တွေးလေ့သိပ်မရှိကြပါဘူး ။ ဒါ့အပြင် ဖန်တီးနိုင်မှုစွမ်းအားလည်း ကောင်းတတ်သလို နှစ်လိုဖွယ်ကောင်းတဲ့သူတွေလည်း ဖြစ်ကြပါတယ် ။ အနည်းငယ် ကလေး ဆန်လေ့ရှိကြပြီး တစ်ခါတစ်လေ ကိုယ့်ဘာသာ ဘာပြောလိုက်မိလဲဆိုတာကိုတောင် မသိကြပါဘူး။ ဗေဒင်ဝါသနာအိုး Page မှာတင်ဆက်ပါသည် ။


Position B 

သူတို့ကတော့ စိတ်ကူးယဉ်ဆန်သူတွေပါ ။ သူတို့မှာ တကယ့် စိတ်ကူးအိပ်မက် တွေ အများကြီးရှိပြီး လက်တွေ့အကောင်အထည် ဖော်နိုင်အောင်လည်း ကြိုးစားချင်သူတွေပါ။ တစ်ခါတစ်လေမှာ တကယ်အံ့သြဖွယ်ကောင်းတဲ့ စိတ်ကူးသစ်တွေ သူတို့မှာ ရှိနေတတ််ပါတယ် ။ ခရီးသွားခြင်းကို ကြိုက်နှစ်သက်ပြီး ပေါင်းသင်းရလွယ်ကူတဲ့ သူတွေပါ ။ လုပ်စရာရှိတဲ့အလုပ်ကို ပိတ်ရက်တွေ ၊ ဖွင့်ရက်တွေ ၊ အခြားအကြောင်းပြချက်တွေနဲ့ စောင့်မနေဘဲ မဆိုင်းမတွ လုပ်တတ်သူတွေပါ ။ မကောင်းဘူး ၊ မကြိုက်ဘူးထင်လျှင် ဘာမဆို ပြောင်းလဲပစ်ဖို့ ဝန်မလေးတဲ့သူတွေပေါ့ ..ဥပမာ – အလုပ် ၊ နေရာ ၊ လက်တွဲဖော် ၊ အတွေးအခေါ် စသဖြင့် ပေါ့ ။ သူတို့ ဟာ သာမန်တော့ မဟုတ်ကြပါဘူး။ ဗေဒင်ဝါသနာအိုး Page မှာတင်ဆက်ပါသည် ။


Position C 

ဒီလို မကြာခဏ ထိုင်တတ်တဲ့ သူတွေကတော့ သူတို့ အတွက် ဘယ်ဟာက အကောင်းဆုံးလဲ ၊ သက်တောင့်သက်သာအဖြစ်ဆုံးလဲ ဆိုတာကို သိကြပါတယ် ။ ပိတ်ရက် လိုနေ့မျိုးတွေကို shopping ထွက်ခြင်း ၊ Spa သွားခြင်းတွေနဲ့ ကုန်ဆုံးတတ်တဲ့ သူတွေမဟုတ်ပါဘူး ။ သူတို့ အတွက် အကြိုက်ဆုံး ၊ အသင့်လျော်ဆုံး ဖြစ်မယ့် ရေမွှေး (သို့) ခရင်မ် တစ်မျိုးမျိးကို ရွေးချယ်ဝယ်ယူရင်တော့ အချိန်ကြာကြာနဲ့ စိတ်ရှည်ရှည် ရွေးကောင်းရွေးနိုင်ပါတယ် ။ စိတ်ပြောင်းလဲလွယ်တတ်ပြီး ဇီဇာကြောင်တတ်တာကြောင့် သူတို့ရဲ့ အချစ်ရေးကိစ္စကလည်း နည်းနည်းတော့ ရှုပ်ထွေးမှာပါ ။ 

ချစ်သူရှိလျှင် ဇီဇာကြောင်တတ်တာကြောင့် မကြာခဏ ပြဿနာတတ်လေ့ ရှိသလို ချစ်သူ မရှိသူဆိုလျှင်လည်း စိတ်ကြိုက်မတွေ့နိုင်ဘဲ အရွေးလွန်နေကြတာပါ ။ သူတို့တွေရဲ့ အဓိကအားနည်းချက်ကတော့ ကိစ္စ ၊ တစ်စုံတစ်ခုတည်းပေါ်မှာ အာရုံမထား ၊ မစူးစိုက်နိုင်ခြင်းပါပဲ။ ဗေဒင်ဝါသနာအိုး Page မှာတင်ဆက်ပါသည် ။


Position D 

ဒီလို အနေအထားအတိုင်း ထိုင်လေ့ရှိတဲ့သူတွေက ကိုယ်တိုင်လည်း နောက်ကျတာကို မကြိုက်သလို နောက်ကျတတ်တဲ့ သူမျိးကိုလည်း မနှစ်သက်ကြပါဘူး ။ သူတို့ ဟာ တော်တယ် ၊ ဉာဏ်ကောင်းတယ် ၊ ထိခိုက်လွယ်တဲ့စိတ်မျိုး ရှိကြပါတယ် ။ ချိုမြိန်တဲ့ လိမ်ညာခြင်းထက် ခါးသက်တဲ့ အမှန်တရားက ပိုပြီးကောင်းမွန်တယ်လို့ ယူဆလေ့ရှိပါတယ် ။ သူတို့ဟာ စိတ်ခံစားချက်ကို လူပုံအလယ် ထုတ်ပြတတ်တဲ့သူတွေကိုလည်း မနှစ်သက်ကြပါဘူး ။ (ဥပမာ စုံတွဲများ လူကြားထဲ ပလူးခြင်း ၊ ရန်ဖြစ်အော်ဟစ်ခြင်းတွေကို အော်ဂလီဆန် တတ်ကြပါတယ် ။ ) အရာရာကို သပ်သပ်ရပ်ရပ် လုပ်ဆောင်တတ်ပြီး သပ်ရပ်မှုကိုလည်း သဘောကျတတ်သူတွေပါ။ သူတို့ဟာ သူတို့ရဲ့ အခက်အခဲ ၊ အဆင်မပြေမှုတွေကို မလိုအပ်ပဲ အခြားလူတွေကို မသိစေပါဘူး ။ ရင့်ကျက်သူတွေလို့လည်း ပြောလို့ရပါတယ်။ ဗေဒင်ဝါသနာအိုး Page မှာတင်ဆက်ပါသည် ။

Position E 

ဒီလိုထိုင်တဲ့လူကတော့ နည်းနည်းရှားမယ်ထင်ပါတယ်။ ဒီပုံစံအနေအထားအတိုင်း ထိုင်တတ်တဲ့ သူတွေဟာ ဆင်ခြင်တုံတရားကို လက်ကိုင်ထားတဲ့သူတွေပါ ။ ကိစ္စတစ်ခုကို ဘယ်တော့မှ မစဉ်းစား၊မဆင်ခြင်ဘဲ ပြုလုပ်လေ့ မရှိပါဘူး ။ အိမ်ထောင်တစ်ခုပြုလျှင်တောင် အနည်းဆုံး ပညာရေးဆုံးခန်းတိုင်ပြီး အလုပ်အကိုင်ရမှ ပြုလေ့ရှိပါတယ် ။ 

ရည်မှန်းချက်အိပ်မက်တွေရှိပြီး လက်တွေ့မှာလည်း အမှန်တကယ် အကောင်အထည် ဖော်ကြပါတယ် ။ မှန်တယ်ထင်ရင် ဘာမှ ဂရုမစိုက်ပဲ ပြုမူပြောဆိုတတ်ပါတယ် ။ သူတို့ရဲ့ အနက်ရှိုင်းဆုံး အတွင်းစိတ်မှာ အနည်းငယ်သော မလုံခြုံမှုကို ခံစားနေရလေ့ရှိတတ်ကြပြီး သူတို့နဲ့ ပတ်သတ်တဲ့ ဆန့်ကျင်ဘက် ဝေဖန်ချက်တွေကိုလည်း မကြာခဏ ကြုံတွေ့ရင်ဆိုင်ရလေ့ ရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *