လက္ေဗြ အေဟာ


လက္ေဗြ အေဟာ

(၁)ေခါင္းေစာင္းေဗြ

(၂)ခြၽန္းေဗြ

(၃)ခံုးေဗြ

(၄)လိႈင္းေဗြ

(၅)ခ႐ုပတ္ေဗြ

(၁)ေခါင္းေစာင္းေဗြ 

ဘယ္ဘက္ကိုျဖစ္ေစ 

ညာဘက္ကိုျဖစ္ေစ ခပ္ေစာင္းေစာင္းေလး အရစ္ထေနတယ္။ တခ်ိဳ႕က အဲ့ဒီေဗြကို နဂါးပတ္ေက်ာ့ကြင္းလို႔ ေခၚၾကတယ္။

အလြန္စိတ္လႈပ္႐ွားတဲ့ ေဗြမ်ိဳးျဖစ္၏။

ဦးေႏွာက္နဲ႔ အာ႐ုံေၾကာကို အထူး ဒုကၡေပးတတ္၏။

(၂)ခြၽန္းေဗြ 

ကေတာ့ အိမ္ေခါင္မိုးလို ခြၽန္းခြၽန္းေလးျဖစ္၏။

အႏုပညာဘက္မွာ အားသန္၏။

စိတ္ထိခိုက္လြယ္၏။

(၃)ခံုးေဗြ 

တံတားနဲ႔တူ၏ 

စိတ္ကိုအလြန္ ခ်ဳပ္တည္းတတ္၏။

ဘာလုပ္လုပ္ လ်ိႈ့ဝွက္တတ္၏။

သူတစ္ပါးအေပၚမယံုၾကည္တတ္။

(၄)ခ႐ုတ္ပတ္ေဗြ 

အဝိုင္းကေလးျဖစ္၏

အေတြး အေခၚအၾကံအစည္ ျပတ္သား၏

လက္ငါးေခ်ာင္းလံုးမွာ အဲ့ဒီေဗြပါရင္ သူဟာ ဘဝရဲ႕ ေနာက္ဆံုးအခ်ိန္မွာ သာသနာ့ေဘာင္ ကို ဝင္သြားတတ္၏။

ေဗြအရစ္ေလးေတြဟာ ျခင္ေဆးေခြလိုဘဲ 

ဝိုင္းဝိုင္းစက္စက္ေလးေတြ ျဖစ္၏။

အလယ္ေကာင္မွာ အဆံုးသတ္ေနတတ္၏

လူေတြရဲ႕ အသက္ေသျခင္း၊႐ွင္ျခင္း ကိုမ်ားေသာအားျဖင့္ အသက္လမ္းကိုၾကည့္ၾက၏။

ေသတြင္းထဲက ထြက္လာတဲ့ လူေတြရဲ႕ လက္မွာ ခ႐ုပတ္ေဗြပါေနတတ္၏။

လက္ဝါးျပင္ေပၚက မေကာင္းတဲ့အမွတ္အသားေတြကို ခ႐ုပတ္ ေဗြနဲ႔ ပြတ္ေပးလ်ွင္ မေကာင္းတဲ့ အမွတ္အသားေပ်ာက္၏။

(၅)လိႈင္းေဗြ 

ကေတာ့ ေဗြရဲ႕ ဗဟိုခ်က္ဟာ ႏွစ္ခုျဖစ္ေနတတ္၏။

လိႈင္းတြန္႔ပံုစံျဖစ္၏။

လက္မမွာပါရင္ ဆိုးသမွ်ထိပ္ေခါင္၊ ညစ္ပတ္သမ်ွထိပ္ဆံုး၊လူယုတ္မာတို႔၏ ဘိုးေအျဖစ္တတ္၏။

လက္ညိဳးမွာပါရင္ စည္းကမ္း ဥပေဒကို ခ်ိဳးေဖာက္တတ္၏။

လက္ခလယ္မွာ႐ွိရင္ မိဘမေသခင္ အေမြေတာင္းတတ္။ဆရာသမားရဲ႕ အ႐ုိက္အရာကို လုယူတတ္။

လက္သူႂကြယ္မွာ႐ွိရင္ အိမ္ေထာင္ဖက္ကို ႏိုင့္ထက္စီးနင္းလုပ္တတ္၏။

လက္သန္းမွာပါခဲ့ရင္ ပညာသင္ၾကားျခင္းကို မႏွစ္သက္ဘူး။

ကိုယ္ကလည္းမသင္ယူဘူး။ ကိုယ္ကလည္း သင္မေပးဘူး။

ပညာသင္ၾကားျခင္းကို လံုးဝမႏွစ္သက္.

ေနာက္တစ္ခုက လက္မဟာ အေဖနဲ႔ဆိုင္၏ သူ႔ေၾကာင့္အေဖနာမည္ပ်က္တတ္၏။

လက္ညိဳးဟာ အေမနဲ႔ဆိုင္၏

သူေၾကာင့္ အေမနာမည္ပ်က္တတ္၏။

လက္ခလယ္ ဟာသူနဲ႔ဆိုင္၏

သူ႔နာမည္ကို သူဖ်က္တတ္၏။

လက္သူႂကြယ္ဟာ ေဆြမ်ိဳးနဲ႔ ဆိုင္၏

သူ႔ေၾကာင့္ သူ႔ေဆြမ်ိဳး နာမည္ပ်က္တတ္၏ ။

လက္သန္းသည္ သားသမီးႏွင့္ဆိုင္၏

သူ႔ေၾကာင့္ သူ႔သားသမီးနာမည္ပ်က္တတ္၏။

ဆရာသာထက္ဆန္း

( unicode version )

လက်ဗွေ အဟော

(၁)ခေါင်းစောင်းဗွေ

(၂)ချွန်းဗွေ

(၃)ခုံးဗွေ

(၄)လှိုင်းဗွေ

(၅)ခရုပတ်ဗွေ

(၁)ခေါင်းစောင်းဗွေ 

ဘယ်ဘက်ကိုဖြစ်စေ 

ညာဘက်ကိုဖြစ်စေ ခပ်စောင်းစောင်းလေး အရစ်ထနေတယ်။ တချို့က အဲ့ဒီဗွေကို နဂါးပတ်ကျော့ကွင်းလို့ ခေါ်ကြတယ်။

အလွန်စိတ်လှုပ်ရှားတဲ့ ဗွေမျိုးဖြစ်၏။

ဦးနှောက်နဲ့ အာရုံကြောကို အထူး ဒုက္ခပေးတတ်၏။

(၂)ချွန်းဗွေ 

ကတော့ အိမ်ခေါင်မိုးလို ချွန်းချွန်းလေးဖြစ်၏။

အနုပညာဘက်မှာ အားသန်၏။

စိတ်ထိခိုက်လွယ်၏။

(၃)ခုံးဗွေ 

တံတားနဲ့တူ၏ 

စိတ်ကိုအလွန် ချုပ်တည်းတတ်၏။

ဘာလုပ်လုပ် လျိှု့ဝှက်တတ်၏။

သူတစ်ပါးအပေါ်မယုံကြည်တတ်။

(၄)ခရုတ်ပတ်ဗွေ 

အဝိုင်းကလေးဖြစ်၏

အတွေး အခေါ်အကြံအစည် ပြတ်သား၏

လက်ငါးချောင်းလုံးမှာ အဲ့ဒီဗွေပါရင် သူဟာ ဘဝရဲ့ နောက်ဆုံးအချိန်မှာ သာသနာ့ဘောင် ကို ဝင်သွားတတ်၏။

ဗွေအရစ်လေးတွေဟာ ခြင်ဆေးခွေလိုဘဲ 

ဝိုင်းဝိုင်းစက်စက်လေးတွေ ဖြစ်၏။

အလယ်ကောင်မှာ အဆုံးသတ်နေတတ်၏

လူတွေရဲ့ အသက်သေခြင်း၊ရှင်ခြင်း ကိုများသောအားဖြင့် အသက်လမ်းကိုကြည့်ကြ၏။

သေတွင်းထဲက ထွက်လာတဲ့ လူတွေရဲ့ လက်မှာ ခရုပတ်ဗွေပါနေတတ်၏။

လက်ဝါးပြင်ပေါ်က မကောင်းတဲ့အမှတ်အသားတွေကို ခရုပတ် ဗွေနဲ့ ပွတ်ပေးလျှင် မကောင်းတဲ့ အမှတ်အသားပျောက်၏။

(၅)လှိုင်းဗွေ 

ကတော့ ဗွေရဲ့ ဗဟိုချက်ဟာ နှစ်ခုဖြစ်နေတတ်၏။

လှိုင်းတွန့်ပုံစံဖြစ်၏။

လက်မမှာပါရင် ဆိုးသမျှထိပ်ခေါင်၊ ညစ်ပတ်သမျှထိပ်ဆုံး၊လူယုတ်မာတို့၏ ဘိုးအေဖြစ်တတ်၏။

လက်ညိုးမှာပါရင် စည်းကမ်း ဥပဒေကို ချိုးဖောက်တတ်၏။

လက်ခလယ်မှာရှိရင် မိဘမသေခင် အမွေတောင်းတတ်။ဆရာသမားရဲ့ အရိုက်အရာကို လုယူတတ်။

လက်သူကြွယ်မှာရှိရင် အိမ်ထောင်ဖက်ကို နိုင့်ထက်စီးနင်းလုပ်တတ်၏။

လက်သန်းမှာပါခဲ့ရင် ပညာသင်ကြားခြင်းကို မနှစ်သက်ဘူး။

ကိုယ်ကလည်းမသင်ယူဘူး။ ကိုယ်ကလည်း သင်မပေးဘူး။

ပညာသင်ကြားခြင်းကို လုံးဝမနှစ်သက်.

နောက်တစ်ခုက လက်မဟာ အဖေနဲ့ဆိုင်၏ သူ့ကြောင့်အဖေနာမည်ပျက်တတ်၏။

လက်ညိုးဟာ အမေနဲ့ဆိုင်၏

သူကြောင့် အမေနာမည်ပျက်တတ်၏။

လက်ခလယ် ဟာသူနဲ့ဆိုင်၏

သူ့နာမည်ကို သူဖျက်တတ်၏။

လက်သူကြွယ်ဟာ ဆွေမျိုးနဲ့ ဆိုင်၏

သူ့ကြောင့် သူ့ဆွေမျိုး နာမည်ပျက်တတ်၏ ။

လက်သန်းသည် သားသမီးနှင့်ဆိုင်၏

သူ့ကြောင့် သူ့သားသမီးနာမည်ပျက်တတ်၏။

ဆရာသာထက်ဆန်း

Leave a Reply

Your email address will not be published. Required fields are marked *