ဖုန္းေရႊပညာ ႏွင့္ အိမ္အတြက္အေဆာင္


ဖုန္းေရႊပညာ ႏွင့္ အိမ္အတြက္အေဆာင္

ဖုန္းေရႊ ( ၁ )

ကိုယ့္အိမ္နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ကိုယ့္အိမ္ထက္ပိုၿပီး အရွိန္အဝါႀကီးတဲ့ အေဆာက္အဦ တစ္ခုရွိေနတယ္၊ ဒါမွမဟုတ္ လူစည္ကားတဲ့ လမ္းမေတြ ရွိေနတယ္

ဆိုရင္ ခ်ိဓာတ္ေတြ လြန္ကဲေနတတ္ပါတယ္။ ဒီအခါမွာ ၾကည့္မွန္ကို တံခါးမွာမွာ ခ်ိတ္လိုက္ခ်င္းဟာ အေတြ႕ရမ်ားတဲ့ လက္ေတြ႕ ဖုန္းေရႊပညာရပ္ တစ္ခုပါပဲ။

အျခားတစ္ဘက္မွာေတာ့ ၾကည့္မွန္ကို အိမ္ထဲမွာ ခ်ၿပီး အိမ္ရဲ႕ ျပင္ပမွာ ရွိေနတဲ့ မိမိ လိုအပ္တဲ့ ဓာတ္ကို အိမ္ထဲကို ဖမ္းယူထည့္သြင္းျခင္းဟာလည္း

နည္းဗ်ဴေကာင္း တစ္ခု ျဖစ္ပါတယ္။ နမူနာဆိုရမယ္ ဆိုရင္ သင့္အိမ္ အျပင္ဘက္မွာ ရွိေနတဲ့ လွပတဲ့ ပန္းျခံေလးကို ၾကည့္မွန္ရဲ႕ အကူညီနဲ႔ အိမ္ထဲကို

ပံုရိပ္ဟပ္လာေအာင္ ဖန္တီးႏိုင္ျခင္းပါ။




ဖုန္းေရႊ ( ၂ )

႐ိုး႐ိုးစင္းစင္း ငါးကန္ေလးတစ္ခုဟာ သင့္အိမ္ထဲမွာ ရွိေနတဲ့ ေရဓာတ္ကို တိုးျမင့္ေစႏိုင္ပါတယ္။ ဒါဟာ ခ်ိဓာတ္၊ စည္းစိမ္နဲ႔ ၾကြယ္ဝျခင္းေတြကို ဆြဲေဆာင္ႏိုင္ပါတယ္တဲ့။

တကယ္လို႔ သက္ရွိ ငါးကန္တစ္ခုကို သင္ဖန္တီးဖို႔ အဆင္မေျပဘူး ဆိုရင္ အစားထိုးအေနနဲ႔ ေရနဲ႔ဆိုင္တဲ့ ႐ႈခင္းပန္းခ်ီ၊ ေရတံခြန္ပံု စတာေတြကိုလည္း ခ်ိတ္ဆြဲႏိုင္ပါတယ္။

ဒါဟာလည္း အိမ္ေဂဟာမွာ ေနထိုင္သူေတြရဲ႕ အျမင္မွာ လိုအပ္ေနတဲ့ ေရဓာတ္ကို ျဖည့္ဆည္းေပးျခင္း တစ္နည္းပါပဲ။

ဖုန္းေရႊ ( ၃ )

ပန္းပင္ေတြ၊ ပန္းအိုးေတြ ထားျခင္းဟာ ေနအိမ္ရဲ႕ သစ္သားဓာတ္ကို တိုးျမင့္ေစပါတယ္။ သင္အိမ္ရဲ႕ ဧည့္ခန္းနဲ႔ ထမင္းစားခန္းေတြရဲ႕ ေမွာင္ေနတဲ့ ေထာင့္၊

ေခ်ာင္ေတြမွာ ပန္းအိုးထားလိုက္ျခင္းျဖင့္ ေတာက္ပလင္းလက္ လာေစႏိုင္ပါတယ္။ ဒီအခါမွာ သစ္ပင္ေတြကို အျမဲတန္း လန္းဆန္း စိမ္းစိုေနေအာင္ ဂ႐ုစိုက္သင့္ပါတယ္။

(သက္ရွိအပင္ေတြဟာ အိပ္ခန္းနဲ႔ မီးဖိုေခ်ာင္အတြက္ေတာ့ မသင့္ေလ်ာ္တာေၾကာင့္ အဲဒီေနရာေတြမွာ မထားသင့္ပါဘူး)

ဖုန္းေရႊ ( ၄ )

အလင္းလႊတ္တဲ့ အရာဝတၳဳေတြဟာ သင့္အိမ္အတြက္ မီးဓာတ္ကို တိုးျမင့္ေစပါတယ္။ အရမ္းလင္းၿပီး ေတာက္ပတဲ့ မီးေတြကို အသံုးမျပဳသင့္ပါဘူး။

ဒါေတြဟာ သင့္မ်က္စိနဲ႔ ေကာင္းမြန္ုျခင္း တရားေတြကို ပ်က္စီးေစပါတယ္။အလင္းအားေပ်ာ့တဲ့ မီးေရာင္ေတြဟာ စိတ္ကို ႏူးညံ့ေစၿပီး ေကာင္းတဲ့ကံေတြကို ယူေဆာင္ေပးပါတယ္။

သင့္အိမ္ရဲ႕ ေမွာင္ေနတဲ့ ေထာင့္ေတြ၊ အလင္းအားနည္းတဲ့ေနရာေတြမွာ ဖေယာင္းတိုင္ ထြန္းျခင္းျဖင့္ လင္းလက္ေနပါေစ။

ဖေယာင္းတိုင္ေတြဟာ Irregular Shape ဆိုတဲ့ ေထာင့္မွန္မက်တဲ့ အခန္းေတြအတြက္ ခ်ိဓာတ္ကို မွ်တေအာင္ ဖန္တီးေပးတဲ့ေနရာမွာ အင္မတန္မွ အသံုးတည့္ပါတယ္။




ဖုန္းေရႊ ( ၅ )

ဖန္တံုး (Crystals) ေတြ အသံုးျပဳၿပီး သင့္အိမ္ရဲ႕ ေျမဓာတ္ကို တိုးျမင့္ေစႏိုင္ပါတယ္။ ဖန္တံုးေတြဟာ အလင္းျပန္ေစတဲ့အတြက္ ခ်ိဓာတ္ေတြကို သင့္အိမ္အတြင္းထဲကို

ကူညီျဖန္႔က်ဲေပးတဲ့ေနရာမွာ အသံုးက်ပါတယ္။နံနက္ခင္း ေနေရာင္အလင္း ေအာက္္မွာ ဖန္တံုးေတြကို ခ်ိတ္ဆြဲထားျခင္းဟာ အေတာ္ေလး ေကာင္းမြန္ ျမင့္ျမတ္ပါတယ္။

ဖုန္းေရႊ ( ၆ )

သတၳဳေတြနဲ႔ အလွဆင္ ဖန္တီးထားတဲ့ ဆည္းလည္း၊ ေခါင္းေလာင္း စတာေတြဟာ သတၳဳဓာတ္ကို ျဖစ္တည္ေစတဲ့ အရာေတြပါ။

ဒါ့အျပင္ ဆည္းလည္းေတြ၊ ေခါင္းေလာင္းေတြဟာ ေလနဲ႔ ဆက္သြယ္ေနတဲ့ အတြက္ သင့္အိမ္၊ အိပ္ခန္းထဲကို ခ်ိဓာတ္ေတြ ေရာက္ရွိလာေစႏိုင္ပါတယ္။

ျပဳတင္းေပါက္ေတြ၊ ဝင္ေပါက္ေတြမွာ ဆည္းဆည္းခ်ိတ္ဆြဲတာမ်ိဳး လုပ္ေလ့ရွိၿပီး ေခါင္းပြ (Hollow) ဆည္းလည္းေတြကိုေတာ့ ခ်ိဓာတ္ကို အထက္သို႔ တက္ေရာက္ေစလိုတဲ့အခါမွာ အသံုးခ်ႏိုင္ပါတယ္။

ဆရာသာထက္ဆန္း

( unicode version )

ဖုန်းရွှေပညာ နှင့် အိမ်အတွက်အဆောင်

ဖုန်းရွှေ ( ၁ )

ကိုယ့်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ့်အိမ်ထက်ပိုပြီး အရှိန်အဝါကြီးတဲ့ အဆောက်အဦ တစ်ခုရှိနေတယ်၊ ဒါမှမဟုတ် လူစည်ကားတဲ့ လမ်းမတွေ ရှိနေတယ်

ဆိုရင် ချိဓာတ်တွေ လွန်ကဲနေတတ်ပါတယ်။ ဒီအခါမှာ ကြည့်မှန်ကို တံခါးမှာမှာ ချိတ်လိုက်ချင်းဟာ အတွေ့ရများတဲ့ လက်တွေ့ ဖုန်းရွှေပညာရပ် တစ်ခုပါပဲ။

အခြားတစ်ဘက်မှာတော့ ကြည့်မှန်ကို အိမ်ထဲမှာ ချပြီး အိမ်ရဲ့ ပြင်ပမှာ ရှိနေတဲ့ မိမိ လိုအပ်တဲ့ ဓာတ်ကို အိမ်ထဲကို ဖမ်းယူထည့်သွင်းခြင်းဟာလည်း

နည်းဗျူကောင်း တစ်ခု ဖြစ်ပါတယ်။ နမူနာဆိုရမယ် ဆိုရင် သင့်အိမ် အပြင်ဘက်မှာ ရှိနေတဲ့ လှပတဲ့ ပန်းခြံလေးကို ကြည့်မှန်ရဲ့ အကူညီနဲ့ အိမ်ထဲကို

ပုံရိပ်ဟပ်လာအောင် ဖန်တီးနိုင်ခြင်းပါ။


ဖုန်းရွှေ ( ၂ )

ရိုးရိုးစင်းစင်း ငါးကန်လေးတစ်ခုဟာ သင့်အိမ်ထဲမှာ ရှိနေတဲ့ ရေဓာတ်ကို တိုးမြင့်စေနိုင်ပါတယ်။ ဒါဟာ ချိဓာတ်၊ စည်းစိမ်နဲ့ ကြွယ်ဝခြင်းတွေကို ဆွဲဆောင်နိုင်ပါတယ်တဲ့။

တကယ်လို့ သက်ရှိ ငါးကန်တစ်ခုကို သင်ဖန်တီးဖို့ အဆင်မပြေဘူး ဆိုရင် အစားထိုးအနေနဲ့ ရေနဲ့ဆိုင်တဲ့ ရှုခင်းပန်းချီ၊ ရေတံခွန်ပုံ စတာတွေကိုလည်း ချိတ်ဆွဲနိုင်ပါတယ်။

ဒါဟာလည်း အိမ်ဂေဟာမှာ နေထိုင်သူတွေရဲ့ အမြင်မှာ လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်ဆည်းပေးခြင်း တစ်နည်းပါပဲ။

ဖုန်းရွှေ ( ၃ )

ပန်းပင်တွေ၊ ပန်းအိုးတွေ ထားခြင်းဟာ နေအိမ်ရဲ့ သစ်သားဓာတ်ကို တိုးမြင့်စေပါတယ်။ သင်အိမ်ရဲ့ ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေရဲ့ မှောင်နေတဲ့ ထောင့်၊

ချောင်တွေမှာ ပန်းအိုးထားလိုက်ခြင်းဖြင့် တောက်ပလင်းလက် လာစေနိုင်ပါတယ်။ ဒီအခါမှာ သစ်ပင်တွေကို အမြဲတန်း လန်းဆန်း စိမ်းစိုနေအောင် ဂရုစိုက်သင့်ပါတယ်။

(သက်ရှိအပင်တွေဟာ အိပ်ခန်းနဲ့ မီးဖိုချောင်အတွက်တော့ မသင့်လျော်တာကြောင့် အဲဒီနေရာတွေမှာ မထားသင့်ပါဘူး)


ဖုန်းရွှေ ( ၄ )

အလင်းလွှတ်တဲ့ အရာဝတ္ထုတွေဟာ သင့်အိမ်အတွက် မီးဓာတ်ကို တိုးမြင့်စေပါတယ်။ အရမ်းလင်းပြီး တောက်ပတဲ့ မီးတွေကို အသုံးမပြုသင့်ပါဘူး။

ဒါတွေဟာ သင့်မျက်စိနဲ့ ကောင်းမွန်ုခြင်း တရားတွေကို ပျက်စီးစေပါတယ်။အလင်းအားပျော့တဲ့ မီးရောင်တွေဟာ စိတ်ကို နူးညံ့စေပြီး ကောင်းတဲ့ကံတွေကို ယူဆောင်ပေးပါတယ်။

သင့်အိမ်ရဲ့ မှောင်နေတဲ့ ထောင့်တွေ၊ အလင်းအားနည်းတဲ့နေရာတွေမှာ ဖယောင်းတိုင် ထွန်းခြင်းဖြင့် လင်းလက်နေပါစေ။

ဖယောင်းတိုင်တွေဟာ Irregular Shape ဆိုတဲ့ ထောင့်မှန်မကျတဲ့ အခန်းတွေအတွက် ချိဓာတ်ကို မျှတအောင် ဖန်တီးပေးတဲ့နေရာမှာ အင်မတန်မှ အသုံးတည့်ပါတယ်။

ဖုန်းရွှေ ( ၅ )

ဖန်တုံး (Crystals) တွေ အသုံးပြုပြီး သင့်အိမ်ရဲ့ မြေဓာတ်ကို တိုးမြင့်စေနိုင်ပါတယ်။ ဖန်တုံးတွေဟာ အလင်းပြန်စေတဲ့အတွက် ချိဓာတ်တွေကို သင့်အိမ်အတွင်းထဲကို

ကူညီဖြန့်ကျဲပေးတဲ့နေရာမှာ အသုံးကျပါတယ်။နံနက်ခင်း နေရောင်အလင်း အောက််မှာ ဖန်တုံးတွေကို ချိတ်ဆွဲထားခြင်းဟာ အတော်လေး ကောင်းမွန် မြင့်မြတ်ပါတယ်။

ဖုန်းရွှေ ( ၆ )

သတ္ထုတွေနဲ့ အလှဆင် ဖန်တီးထားတဲ့ ဆည်းလည်း၊ ခေါင်းလောင်း စတာတွေဟာ သတ္ထုဓာတ်ကို ဖြစ်တည်စေတဲ့ အရာတွေပါ။

ဒါ့အပြင် ဆည်းလည်းတွေ၊ ခေါင်းလောင်းတွေဟာ လေနဲ့ ဆက်သွယ်နေတဲ့ အတွက် သင့်အိမ်၊ အိပ်ခန်းထဲကို ချိဓာတ်တွေ ရောက်ရှိလာစေနိုင်ပါတယ်။

ပြုတင်းပေါက်တွေ၊ ဝင်ပေါက်တွေမှာ ဆည်းဆည်းချိတ်ဆွဲတာမျိုး လုပ်လေ့ရှိပြီး ခေါင်းပွ (Hollow) ဆည်းလည်းတွေကိုတော့ ချိဓာတ်ကို အထက်သို့ တက်ရောက်စေလိုတဲ့အခါမှာ အသုံးချနိုင်ပါတယ်။

ဆရာသာထက်ဆန်း

Leave a Reply

Your email address will not be published. Required fields are marked *