သင္ ဘယ္လိုအိမ္ေထာင္ဖက္နဲ့ ေပါင္းဖက္ရမလဲ


သင္ ဘယ္လိုအိမ္ေထာင္ဖက္နဲ့ ေပါင္းဖက္ရမလဲ
==============================

ကၽြႏ္ုပ္ငယ္စဥ္က အဘုိးအဘြားမ်ားႏွင့္ အေနမ်ားခဲ့ေလ၏။

ညညမ်ားဆုိလွ်င္ အိမ္ေရွ႕၌ ဖ်ာၾကမ္းေလးခင္းကာ အဘုိးအဘြားမ်ားႏွင့္ အိမ္နီးခ်င္းလူႀကီးမ်ားသည္ ေရေႏြးၾကမ္းအုိးႏွင့္ လက္ဖက္သုပ္ပန္းကန္ကုိ ၀ုိင္းလယ္တြင္ခ်၍ ေရာက္တတ္ရာရာ စကားမ်ားကုိ ေျပာတတ္ၾကေလ၏။ 

ကၽြနု္ပ္တို႔ကေလးမ်ားသည္ ေရႊစြန္ညိဳ ဘာကိုလိုလို႔၀ဲပါတယ္၊ ဆီမီးခြက္က ေျပာင္းျပန္ေျပာင္းျပန္၊ ေရႊတံခါးႀကီးဖြင့္ပါဦး၊ ေညာင္ပင္တေစၦ ေ၀ေလေလ …စ သည္ျဖင့္ ျမန္မာကစားနည္းမ်ဳိးစံုကုိ ေခၽြးသံအရႊဲရႊဲ၊ ဖုန္အလူးလူးျဖင့္ ေအာ္ဟစ္ျမဴးတူးကာ ကစားခဲ့ၾကေလ၏။ 

ေျပးရင္းလႊားရင္း လူႀကီးမ်ား စကား၀ုိင္းအနီးသို႔ ေရာက္သြားေသာအခါမ်ား တြင္ ဖုန္မ်ားေပေနသည့္လက္ကုိ ေဘာင္းဘီျဖင့္သုပ္ကာ လူႀကီးမ်ား၏ေရွ႕သို႔ လက္၀ါးျဖန္႔၍ျပၾကလွ်င္ လူႀကီးမ်ားက လက္ဖက္သုပ္တစ္ဇြန္းကုိယူ၍ ကၽြႏု္ပ္တို႔၏လက္၀ါးထဲသုိ႔ ထည့္ေပးေလ့ရွိေလ၏။ ၿပီးေနာက္ လူႀကီးမ်ားက “သြားၾက ..သြားၾက ..” ဟူသည့္သေဘာျဖင့္ လက္ကုိကာ၍ျပၾကေလ၏။ သေဘာမွာ လူႀကီးေတြစကားေျပာေသာေနရာအနီး၌ လာမ႐ႈပ္ၾကႏွင့္၊ ေ၀းေ၀းမွာသြားၿပီးေဆာ့ၾကဟူသည့္သေဘာ

ျဖစ္ေလေတာ့၏။  

ကစား၍ ေမာပန္းလာေသာအခါမ်ားတြင္လည္း ကၽြႏု္ပ္တို႔သည္ လူႀကီးမ်ား၏ ေပါင္ေပၚတြင္ ေခါင္းတင္ကာ ေကာင္းကင္ျပင္ႀကီးကုိ

ေငးေမာေနမိတတ္ၾကေလ၏။ ၾကယ္ပြင့္ကေလးမ်ား မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနသည့္ ေကာင္းကင္ျပင္ႀကီးကုိ

တစ္၀ႀကီး ေငးေမာခဲ့ၾကရသည္မွာ ယခု ျပန္ေတြးေသာအခါ၌ လြမ္းဖြယ္အတိ ျဖစ္ရေလေတာ့၏။

ကၽြႏု္ပ္တုိ႔သည္ လူႀကီးမ်ား ေျပာေလ့ရွိေသာေၾကာင့္

ေျမာက္အရပ္တြင္ ထူးထူးျခားျခား ျမင္ရတတ္ေသာ ၾကယ္ပြင့္ႀကီးသည္ ဓူ၀ံၾကယ္ျဖစ္သည့္အေၾကာင္း၊ ညအခါ ခရီးသြားလွ်င္ ဓူ၀ံၾကယ္အား ေျမာက္ဘက္အရပ္အျဖစ္ အမွတ္သေကၤတျပဳ ကာ သြားၾကရေၾကာင္းကုိလည္း မွတ္သားမိၾကရေလ၏။

ထို႔အျပင္ ခုနစ္စဥ္ၾကယ္ဟူသည္ကိုလည္း မ်က္စိထဲတြင္ စြဲေနၾကေလ၏။ အဆုိပါ ၾကယ္ခုနစ္လံုးျဖင့္ ဖြဲ႕စည္းထားေသာ ခုနစ္စဥ္ၾကယ္၏အၿမီးပိုင္းသည္ ညဥ့္နက္ေသာအခါ အေပၚသို႔ တျဖည္းျဖည္း တက္လာေလ၏။

ခုနစ္စဥ္ၾကယ္ အၿမီးေထာင္ၿပီဆုိလွ်င္ ညဥ့္နက္ပိုင္းသုိ႔ ေရာက္လာၿပီဆုိေသာ အမွတ္သေကၤတျဖစ္ေလေတာ့၏။ 

ထုိ႔အျပင္ ၾကယ္ပြင့္မ်ား ေႂကြက်သြားသည္ကုိျမင္လွ်င္

တံေတြးေထြးသကဲ့သုိ႔ “ဖတ္ ..ဖတ္”ဟု ျပဳလုပ္ရသည္မွာလည္း အေမာပင္ျဖစ္ေလေတာ့၏။ ထုိသုိ႔ၾကယ္ ေႂကြသည္ကုိျမင္လွ်င္ ကံမေကာင္းတတ္သည့္အေၾကာင္း၊ သုိ႔ရာတြင္ ဖတ္ ..ဖတ္ ဟု လုပ္လိုက္လွ်င္ ကံေကာင္းၿပီး လာဘ္ရႊင္သည့္အေၾကာင္းမ်ားကိုလည္း လူႀကီးမ်ား က ေျပာျပၾကေလ၏။ 

ထို႔အျပင္ ၾကယ္ပြင့္မ်ား၏အၾကားတြင္ တေရြ႕ေရြ႕ေလးသြားေနေသာ ၿဂိဳဟ္တု မ်ားကုိ လိုက္၍ၾကည့္ရသည္မွာလည္း မေမာႏိုင္မပမ္းႏိုင္ ျဖစ္ပါေလေတာ့၏။ အခါေပါင္းမ်ားစြာတြင္လည္း လူႀကီးသူမတို႔ေျပာေသာ ေရွးျဖစ္ေဟာင္း ေအာက္ေမ့ဖြယ္တို႔ကုိ စိတ္၀င္တစား နားေထာင္မွတ္သားခဲ့ၾကရေလ၏။ 

ကၽြနု္ပ္ တစ္ခု သတိရေနမိသည္မွာ ကၽြႏ္ုပ္၏ အဘြားႏွစ္၀မ္းကြဲေတာ္စပ္ေသာ ေဒၚျမသီ၏အေၾကာင္း ျဖစ္ေလေတာ့၏။ အဘြားေဒၚျမသီ အပ်ဳိေပါက္အရြယ္တြင္ ေဒၚျမသီကုိ အိမ္ေထာင္ခ်ေပးမည့္ကိစၥႏွင့္ပတ္သက္၍ ေဒၚျမသီ၏အေဖႏွင့္အေမသည္ လင္မယား ကြဲခဲ့ၾကသည္ဟု သိရေလ၏။

ေဒၚျမသီ၏ မိခင္ႀကီးက သူ၏သမီးအား

ကုန္သည္ ကုိဖုိးတင္ႏွင့္ ေပးစားလို၏။ ေဒၚျမသီ၏ဖခင္ႀကီးကမူ လခစားစာေရး ကုိသာစိန္ႏွင့္ ေပးစားလို၏။

မည္သုိ႔မွ် ညိႇႏႈိင္း၍မရၾကဘဲ ေနာက္ဆံုးတြင္ အဘြားေဒၚျမသီသည္ မိခင္ျဖစ္သူ၏ ဆႏၵအတုိင္း ကိုဖုိးတင္ႏွင့္ အေၾကာင္းပါခဲ့ေလ၏။ 

တစ္ႏွစ္ခန္႔အၾကာမွာပင္ ေအာက္ျပည္ေအာက္ရြာသို႔

ကုန္ကူးသြားေသာ ကိုဖုိးတင္သည္ ဓားျပမ်ား၏လက္ခ်က္ျဖင့္ ဆံုးပါးခဲ့ရရွာေလေတာ့၏။ အဘြားေဒၚျမသီမွာလည္း ငယ္ငယ္ရြယ္ရြယ္ႏွင့္ မုဆုိးမကေလး ျဖစ္ခဲ့ရရွာေလေတာ့၏။ ထုိအခါတြင္မွ အဘြားေဒၚျမသီ၏ဖခင္ႀကီးက –

“ငါမေျပာဘူးလား …၊ ငါတို႔သမီးဟာ ေမာင္ဖုိးတင္လို ခရီးလွည့္လည္သြား လာေနရတဲ့ အိမ္ေထာင္ဖက္မ်ဳိးနဲ႔ဆုိရင္ ကံမစပ္ဘူး …၊ အေျခတက်ေနရတဲ့ ေမာင္သာစိန္လုိ လူမ်ဳိးနဲ႔ပဲ ကံစပ္မယ္ဆုိတာ

ငါက သိၿပီးသား …၊ ငါ ငယ္ငယ္တုန္းက ရြာဦးေက်ာင္းမွာေနခဲ့ရတုန္းက တို႔ဆရာဦးေသာဘိတက တြက္နည္းေလးတစ္ခု သင္ေပးခဲ့ဖူးတယ္ …၊ ငါ့စကားကုိ နားမေထာင္ေတာ့ ငါ့သမီးေလးခမ်ာ ငယ္ငယ္ရြယ္ရြယ္နဲ႔ မုဆုိးမျဖစ္ရရွာတာေပါ့ …”ဟု ေတာက္တေခါက္ေခါက္ျဖင့္ တဖြဖြ ေျပာေလ၏။

အဘြားေဒၚျမသီ၏မိခင္ႀကီးကလည္း ထုိအခါတြင္မွ –

“က်ဳပ္ မွားပါၿပီေတာ္ …”ဟု ၀န္ခံသျဖင့္ ၎င္တုိ႔လင္မယားသည္ ျပန္လည္ အေၾကာင္းဆက္၍ ေပါင္းဖက္ခဲ့ၾကေသာဟူ၏။

မ်ားမၾကာမီမွာပင္ အဘြားေဒၚျမသီကုိလည္း စာေရးကုိသာစိန္ႏွင့္ လက္ဆက္ေပးစားခဲ့ၾကျပန္ေလေတာ့၏။ အဘြားေဒၚျမသီသည္ ကုိသာစိန္ႏွင့္ အိမ္ေထာင္က်ၿပီးသည့္ေနာက္ စီးပြားဥစၥာ ဒီေရအလား တုိးပြားခဲ့သည္ ဟု သိရေလ၏။ 

ကၽြႏ္ုပ္အေနႏွင့္ ထုိအေၾကာင္းအရာကုိ လူႀကီးသူမမ်ား အေၾကာင္းဆံု၍ စကားစပ္မိေသာအခါမ်ားတြင္ ေျပာျပေလ့ရွိသည္ကုိ မွတ္မိေနခဲ့ျခင္းျဖစ္ေလ၏။

ေနာင္ေသာ္ ကၽြႏု္ပ္သည္ အဘမင္းသိခၤထံသို႔ ေရာက္ရွိသြားခဲ့ၿပီးသည့္ေနာက္ အဘထံမွ ေဗဒင္ ပညာရပ္မ်ားကုိ သင္ယူခြင့္ရခဲ့ေလ၏။ အဘထံမွ ေဗဒင္ကိန္းခန္းတြက္နည္း

တြက္႐ုိးမ်ားအျပင္ ေဗဒင္ပညာအေပၚ ေ၀ဖန္သံုးသပ္ ေတြးေတာယူဆခ်က္မ်ားကိုလည္း ရရွိခဲ့ေလ၏။ ထုိ႔ေၾကာင့္ ကၽြႏ္ုပ္သည္ ကၽြႏု္ပ္ငယ္စဥ္က ၾကားဖူးခဲ့ေသာ အဘြားေဒၚ ျမသီ၏ အိမ္ေထာင္ေရးကံကုိ မဟာဘုတ္ေဗဒင္ပညာျဖင့္ ေနာက္ေၾကာင္းျပန္လိုက္၍ ၾကည့္ခဲ့ေလေတာ့၏။ ဤတြင္ ခုနစ္ရက္သားသမီးမ်ားအတြက္ အိမ္ေထာင္ေရးကံ တစ္ဦးႏွင့္တစ္ဦး မတူကြဲျပား၊ တစ္မူထူးျခားႏုိင္ေၾကာင္း သိရွိခဲ့ရပါေလေတာ့၏။ 

သို႔ျဖစ္၍လည္း မိမိတို႔ကုိယ္တုိင္အတြက္ေသာ္လည္းေကာင္း၊ ေဆြမ်ဳိးသားခ်င္း၊ သားသမီးမိတ္ေဆြတို႔အတြက္လည္းေကာင္း ႀကံဳေတြ႕လာႏိုင္ေသာ အိမ္ေထာင္ေရးကံ ကုိ ခ်ိန္ဆႏိုင္ၾကေစရန္အလို႔ငွာ ေအာက္ပါအတုိင္း မဟာဘုတ္ျဖင့္ စာတစ္ပုဒ္ ေရး သားလိုက္ရေပေတာ့သတည္း။ ။

မိမိ၏ ျမန္မာေမြးခုႏွစ္ကုိတည္၍ ၇ ျဖင့္စားပါ။

(၁)ႂကြင္းေသာသူမ်ားသည္ 

အိမ္ေထာင္ေရးမတည္ၿမဲေသာကံ ပါလာပါသည္။ ထို႔ေၾကာင့္ အိမ္ေထာင္ဖက္သည္ အၿမဲလိုလို ခရီးသြားလာေနရသူမ်ား၊ ေမာင္တစ္ရြာ မယ္တစ္ၿမိဳ႕ဆုိသကဲ့သို႔ ခြဲခြာေနရေသာသူမ်ားႏွင့္ ပုိ၍ အက်ဳိးေပးတတ္ပါသည္။ 

(၂)ႂကြင္းေသာသူမ်ားသည္ 

အိမ္ေထာင္ေရးကံ အထူးေကာင္းတတ္ပါသည္။ ထင္ေပၚေက်ာ္ၾကားေသာ၊ ေငြေၾကးစီးပြား၊ ရာထူးဂုဏ္ရွိန္ႀကီးျမင့္ေသာ အိမ္ေထာင္ ဖက္ႏွင့္ အေၾကာင္းဆက္ ေပါင္းဖက္ရတတ္ပါသည္။ 

(၃)ႂကြင္းေသာသူမ်ားသည္ 

အိမ္ေထာင္ျပဳရန္

ရည္ရြယ္သည္ကတစ္ေယာက္၊ တကယ္အိမ္ေထာင္က်သည္ကတစ္ေယာက္ ျဖစ္တတ္ပါသည္။ အလုပ္အေျပာင္းအလဲ မ်ားေသာ၊ ဘ၀ကံ အတက္အက်ၾကမ္းေသာ အိမ္ေထာင္ဖက္မ်ဳိးႏွင့္ အေၾကာင္းဆက္ရတတ္ပါသည္။ မင္းမႈထမ္း၀န္ထမ္း၊ လခစားမ်ားႏွင့္ အိမ္ေထာင္က်တတ္ပါသည္။ 

(၄)ႂကြင္းေသာသူမ်ားသည္ 

အထူးခ်မ္းသာႂကြယ္၀ေသာ

သူေဌးသူႂကြယ္ႀကီးမ်ား၊ ပညာရပ္တစ္ခုခုတြင္ ထူးထူးခၽြန္ခၽြန္ေအာင္ျမင္ေသာ ပညာရွင္မ်ား၊ ရာထူးဂုဏ္ ရွိန္ႀကီးျမင့္ေသာသူမ်ားႏွင့္ အေၾကာင္းဆက္ ေပါင္းဖက္ရတတ္ပါသည္။ အိမ္ေထာင္ဖက္၏ အရွိန္အ၀ါျဖင့္ အမ်ားသူငါတို႔၏ အေရးထား ေလးစားျခင္းကုိ ခံရတတ္ပါသည္။ 

(၅)ႂကြင္းေသာသူမ်ားသည္ 

အိမ္ေထာင္မၿမဲတတ္ျခင္းကုိ သတိျပဳရေပလိမ့္မည္။ က်န္းမာေရးညံ့ေသာသူႏွင့္ အိမ္ေထာင္က်ရတတ္ပါသည္။ အိမ္ေထာင္ၿမဲလွ်င္ပင္ အိမ္ေထာင္ဖက္ အိမ္ေပၚမွ မၾကာခဏ ဆင္းသြားျခင္း၊ ကြဲလုိက္ျပန္ေပါင္းလုိက္ျဖစ္ျခင္းမ်ား အျဖစ္မ်ားတတ္ပါသည္။ ေမာင္တစ္ရြာ မယ္တစ္ၿမိဳ႕ ခြဲခြာေနရလွ်င္ ပုိ၍ အက်ဳိးေပးေစေပမည္။ 

(၆)ႂကြင္းေသာသူမ်ားသည္ 

မထင္မွတ္ဘဲ အိမ္ေထာင္က်တတ္ပါသည္။ မရည္ရြယ္ေသာသူႏွင့္ အိမ္ေထာင္က်တတ္ပါသည္။ သို႔ရာတြင္ အိမ္ေထာင္က်ၿပီးသည့္ေနာက္ စီးပြားတက္ျခင္း၊ ခ်မ္းသာသုခ ခံစားရျခင္းမ်ား ႀကံဳရတတ္ပါသည္။ ေနရာ ေဒသတစ္ခု၊ လုပ္ငန္းတစ္ခုတည္းတြင္ စြဲၿမဲစြာေနထိုင္လုပ္ကုိင္ေသာအိမ္ေထာင္ဖက္ ႏွင့္ အေၾကာင္းဆက္ရတတ္ပါသည္။ 

(၀)ႂကြင္းေသာသူမ်ားသည္ 

မိဘအသုိင္းအ၀ိုင္းက သေဘာမတူေသာသူႏွင့္ အိမ္ေထာင္က်တတ္ပါသည္။ အိမ္ေထာင္ျပဳရန္ကိစၥတြင္ အထစ္အေငါ့ အေႏွာင့္အယွက္ မ်ားတတ္ပါသည္။ အိမ္ေထာင္က်ၿပီးသည့္ေနာက္တြင္လည္း တစ္ေယာက္တစ္ေနရာစီ ခြဲေနရသည္က မ်ားတတ္ပါသည္။ ႏွစ္ဖက္အသုိင္းအ၀ုိင္း အဆင္မေျပ မႈေၾကာင့္ အိမ္ေထာင္ေရးတြင္ စိတ္႐ႈပ္ရတတ္ေပသည္။ 

(ကံ ဥာဏ္ ၀ီရိယ ၃ ခ်က္လံုးညီညြတ္ေအာင္ ခ်ိန္ဆ အားထုတ္ႏိုင္ၾကပါေစေသာ၀္)

သေဗၺဓမၼာ

ဇင္ေယာ္နီ

( unicode version )

သင် ဘယ်လိုအိမ်ထောင်ဖက်နဲ့ ပေါင်းဖက်ရမလဲ

==============================

ကျွန်ုပ်ငယ်စဉ်က အဘိုးအဘွားများနှင့် အနေများခဲ့လေ၏။

ညညများဆိုလျှင် အိမ်ရှေ့၌ ဖျာကြမ်းလေးခင်းကာ အဘိုးအဘွားများနှင့် အိမ်နီးချင်းလူကြီးများသည် ရေနွေးကြမ်းအိုးနှင့် လက်ဖက်သုပ်ပန်းကန်ကို ၀ုိင်းလယ်တွင်ချ၍ ရောက်တတ်ရာရာ စကားများကို ပြောတတ်ကြလေ၏။ 

ကျွနု်ပ်တို့ကလေးများသည် ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်၊ ဆီမီးခွက်က ပြောင်းပြန်ပြောင်းပြန်၊ ရွှေတံခါးကြီးဖွင့်ပါဦး၊ ညောင်ပင်တစ္ဆေ ဝေလေလေ …စ သည်ဖြင့် မြန်မာကစားနည်းမျိုးစုံကို ချွေးသံအရွှဲရွှဲ၊ ဖုန်အလူးလူးဖြင့် အော်ဟစ်မြူးတူးကာ ကစားခဲ့ကြလေ၏။ 

ပြေးရင်းလွှားရင်း လူကြီးများ စကားဝိုင်းအနီးသို့ ရောက်သွားသောအခါများ တွင် ဖုန်များပေနေသည့်လက်ကို ဘောင်းဘီဖြင့်သုပ်ကာ လူကြီးများ၏ရှေ့သို့ လက်ဝါးဖြန့်၍ပြကြလျှင် လူကြီးများက လက်ဖက်သုပ်တစ်ဇွန်းကိုယူ၍ ကျွနု်ပ်တို့၏လက်ဝါးထဲသို့ ထည့်ပေးလေ့ရှိလေ၏။ ပြီးနောက် လူကြီးများက “သွားကြ ..သွားကြ ..” ဟူသည့်သဘောဖြင့် လက်ကိုကာ၍ပြကြလေ၏။ သဘောမှာ လူကြီးတွေစကားပြောသောနေရာအနီး၌ လာမရှုပ်ကြနှင့်၊ ဝေးဝေးမှာသွားပြီးဆော့ကြဟူသည့်သဘော

ဖြစ်လေတော့၏။  

ကစား၍ မောပန်းလာသောအခါများတွင်လည်း ကျွနု်ပ်တို့သည် လူကြီးများ၏ ပေါင်ပေါ်တွင် ခေါင်းတင်ကာ ကောင်းကင်ပြင်ကြီးကို

ငေးမောနေမိတတ်ကြလေ၏။ ကြယ်ပွင့်ကလေးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် ကောင်းကင်ပြင်ကြီးကို

တစ်ဝကြီး ငေးမောခဲ့ကြရသည်မှာ ယခု ပြန်တွေးသောအခါ၌ လွမ်းဖွယ်အတိ ဖြစ်ရလေတော့၏။

ကျွနု်ပ်တို့သည် လူကြီးများ ပြောလေ့ရှိသောကြောင့်

မြောက်အရပ်တွင် ထူးထူးခြားခြား မြင်ရတတ်သော ကြယ်ပွင့်ကြီးသည် ဓူဝံကြယ်ဖြစ်သည့်အကြောင်း၊ ညအခါ ခရီးသွားလျှင် ဓူဝံကြယ်အား မြောက်ဘက်အရပ်အဖြစ် အမှတ်သင်္ကေတပြု ကာ သွားကြရကြောင်းကိုလည်း မှတ်သားမိကြရလေ၏။

ထို့အပြင် ခုနစ်စဉ်ကြယ်ဟူသည်ကိုလည်း မျက်စိထဲတွင် စွဲနေကြလေ၏။ အဆိုပါ ကြယ်ခုနစ်လုံးဖြင့် ဖွဲ့စည်းထားသော ခုနစ်စဉ်ကြယ်၏အမြီးပိုင်းသည် ညဉ့်နက်သောအခါ အပေါ်သို့ တဖြည်းဖြည်း တက်လာလေ၏။

ခုနစ်စဉ်ကြယ် အမြီးထောင်ပြီဆိုလျှင် ညဉ့်နက်ပိုင်းသို့ ရောက်လာပြီဆိုသော အမှတ်သင်္ကေတဖြစ်လေတော့၏။ 

ထို့အပြင် ကြယ်ပွင့်များ ကြွေကျသွားသည်ကိုမြင်လျှင်

တံတွေးထွေးသကဲ့သို့ “ဖတ် ..ဖတ်”ဟု ပြုလုပ်ရသည်မှာလည်း အမောပင်ဖြစ်လေတော့၏။ ထိုသို့ကြယ် ကြွေသည်ကိုမြင်လျှင် ကံမကောင်းတတ်သည့်အကြောင်း၊ သို့ရာတွင် ဖတ် ..ဖတ် ဟု လုပ်လိုက်လျှင် ကံကောင်းပြီး လာဘ်ရွှင်သည့်အကြောင်းများကိုလည်း လူကြီးများ က ပြောပြကြလေ၏။ 

ထို့အပြင် ကြယ်ပွင့်များ၏အကြားတွင် တရွေ့ရွေ့လေးသွားနေသော ဂြိုဟ်တု များကို လိုက်၍ကြည့်ရသည်မှာလည်း မမောနိုင်မပမ်းနိုင် ဖြစ်ပါလေတော့၏။ အခါပေါင်းများစွာတွင်လည်း လူကြီးသူမတို့ပြောသော ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တို့ကို စိတ်ဝင်တစား နားထောင်မှတ်သားခဲ့ကြရလေ၏။ 

ကျွနု်ပ် တစ်ခု သတိရနေမိသည်မှာ ကျွန်ုပ်၏ အဘွားနှစ်ဝမ်းကွဲတော်စပ်သော ဒေါ်မြသီ၏အကြောင်း ဖြစ်လေတော့၏။ အဘွားဒေါ်မြသီ အပျိုပေါက်အရွယ်တွင် ဒေါ်မြသီကို အိမ်ထောင်ချပေးမည့်ကိစ္စနှင့်ပတ်သက်၍ ဒေါ်မြသီ၏အဖေနှင့်အမေသည် လင်မယား ကွဲခဲ့ကြသည်ဟု သိရလေ၏။

ဒေါ်မြသီ၏ မိခင်ကြီးက သူ၏သမီးအား

ကုန်သည် ကိုဖိုးတင်နှင့် ပေးစားလို၏။ ဒေါ်မြသီ၏ဖခင်ကြီးကမူ လခစားစာရေး ကိုသာစိန်နှင့် ပေးစားလို၏။

မည်သို့မျှ ညှိနှိုင်း၍မရကြဘဲ နောက်ဆုံးတွင် အဘွားဒေါ်မြသီသည် မိခင်ဖြစ်သူ၏ ဆန္ဒအတိုင်း ကိုဖိုးတင်နှင့် အကြောင်းပါခဲ့လေ၏။ 

တစ်နှစ်ခန့်အကြာမှာပင် အောက်ပြည်အောက်ရွာသို့

ကုန်ကူးသွားသော ကိုဖိုးတင်သည် ဓားပြများ၏လက်ချက်ဖြင့် ဆုံးပါးခဲ့ရရှာလေတော့၏။ အဘွားဒေါ်မြသီမှာလည်း ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမကလေး ဖြစ်ခဲ့ရရှာလေတော့၏။ ထိုအခါတွင်မှ အဘွားဒေါ်မြသီ၏ဖခင်ကြီးက –

“ငါမပြောဘူးလား …၊ ငါတို့သမီးဟာ မောင်ဖိုးတင်လို ခရီးလှည့်လည်သွား လာနေရတဲ့ အိမ်ထောင်ဖက်မျိုးနဲ့ဆိုရင် ကံမစပ်ဘူး …၊ အခြေတကျနေရတဲ့ မောင်သာစိန်လို လူမျိုးနဲ့ပဲ ကံစပ်မယ်ဆိုတာ

ငါက သိပြီးသား …၊ ငါ ငယ်ငယ်တုန်းက ရွာဦးကျောင်းမှာနေခဲ့ရတုန်းက တို့ဆရာဦးသောဘိတက တွက်နည်းလေးတစ်ခု သင်ပေးခဲ့ဖူးတယ် …၊ ငါ့စကားကို နားမထောင်တော့ ငါ့သမီးလေးခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ရရှာတာပေါ့ …”ဟု တောက်တခေါက်ခေါက်ဖြင့် တဖွဖွ ပြောလေ၏။

အဘွားဒေါ်မြသီ၏မိခင်ကြီးကလည်း ထိုအခါတွင်မှ –

“ကျုပ် မှားပါပြီတော် …”ဟု ၀န်ခံသဖြင့် ၎င်းင်တို့လင်မယားသည် ပြန်လည် အကြောင်းဆက်၍ ပေါင်းဖက်ခဲ့ကြသောဟူ၏။

များမကြာမီမှာပင် အဘွားဒေါ်မြသီကိုလည်း စာရေးကိုသာစိန်နှင့် လက်ဆက်ပေးစားခဲ့ကြပြန်လေတော့၏။ အဘွားဒေါ်မြသီသည် ကိုသာစိန်နှင့် အိမ်ထောင်ကျပြီးသည့်နောက် စီးပွားဥစ္စာ ဒီရေအလား တိုးပွားခဲ့သည် ဟု သိရလေ၏။ 

ကျွန်ုပ်အနေနှင့် ထိုအကြောင်းအရာကို လူကြီးသူမများ အကြောင်းဆုံ၍ စကားစပ်မိသောအခါများတွင် ပြောပြလေ့ရှိသည်ကို မှတ်မိနေခဲ့ခြင်းဖြစ်လေ၏။

နောင်သော် ကျွနု်ပ်သည် အဘမင်းသိင်္ခထံသို့ ရောက်ရှိသွားခဲ့ပြီးသည့်နောက် အဘထံမှ ဗေဒင် ပညာရပ်များကို သင်ယူခွင့်ရခဲ့လေ၏။ အဘထံမှ ဗေဒင်ကိန်းခန်းတွက်နည်း

တွက်ရိုးများအပြင် ဗေဒင်ပညာအပေါ် ဝေဖန်သုံးသပ် တွေးတောယူဆချက်များကိုလည်း ရရှိခဲ့လေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ကျွနု်ပ်ငယ်စဉ်က ကြားဖူးခဲ့သော အဘွားဒေါ် မြသီ၏ အိမ်ထောင်ရေးကံကို မဟာဘုတ်ဗေဒင်ပညာဖြင့် နောက်ကြောင်းပြန်လိုက်၍ ကြည့်ခဲ့လေတော့၏။ ဤတွင် ခုနစ်ရက်သားသမီးများအတွက် အိမ်ထောင်ရေးကံ တစ်ဦးနှင့်တစ်ဦး မတူကွဲပြား၊ တစ်မူထူးခြားနိုင်ကြောင်း သိရှိခဲ့ရပါလေတော့၏။ 

သို့ဖြစ်၍လည်း မိမိတို့ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ ဆွေမျိုးသားချင်း၊ သားသမီးမိတ်ဆွေတို့အတွက်လည်းကောင်း ကြုံတွေ့လာနိုင်သော အိမ်ထောင်ရေးကံ ကို ချိန်ဆနိုင်ကြစေရန်အလို့ငှာ အောက်ပါအတိုင်း မဟာဘုတ်ဖြင့် စာတစ်ပုဒ် ရေး သားလိုက်ရပေတော့သတည်း။ ။

မိမိ၏ မြန်မာမွေးခုနှစ်ကိုတည်၍ ရ ဖြင့်စားပါ။

(၁)ကြွင်းသောသူများသည် 

အိမ်ထောင်ရေးမတည်မြဲသောကံ ပါလာပါသည်။ ထို့ကြောင့် အိမ်ထောင်ဖက်သည် အမြဲလိုလို ခရီးသွားလာနေရသူများ၊ မောင်တစ်ရွာ မယ်တစ်မြို့ဆိုသကဲ့သို့ ခွဲခွာနေရသောသူများနှင့် ပို၍ အကျိုးပေးတတ်ပါသည်။ 

(၂)ကြွင်းသောသူများသည် 

အိမ်ထောင်ရေးကံ အထူးကောင်းတတ်ပါသည်။ ထင်ပေါ်ကျော်ကြားသော၊ ငွေကြေးစီးပွား၊ ရာထူးဂုဏ်ရှိန်ကြီးမြင့်သော အိမ်ထောင် ဖက်နှင့် အကြောင်းဆက် ပေါင်းဖက်ရတတ်ပါသည်။ 

(၃)ကြွင်းသောသူများသည် 

အိမ်ထောင်ပြုရန်

ရည်ရွယ်သည်ကတစ်ယောက်၊ တကယ်အိမ်ထောင်ကျသည်ကတစ်ယောက် ဖြစ်တတ်ပါသည်။ အလုပ်အပြောင်းအလဲ များသော၊ ဘဝကံ အတက်အကျကြမ်းသော အိမ်ထောင်ဖက်မျိုးနှင့် အကြောင်းဆက်ရတတ်ပါသည်။ မင်းမှုထမ်းဝန်ထမ်း၊ လခစားများနှင့် အိမ်ထောင်ကျတတ်ပါသည်။ 

(၄)ကြွင်းသောသူများသည် 

အထူးချမ်းသာကြွယ်ဝသော

သူဌေးသူကြွယ်ကြီးများ၊ ပညာရပ်တစ်ခုခုတွင် ထူးထူးချွန်ချွန်အောင်မြင်သော ပညာရှင်များ၊ ရာထူးဂုဏ် ရှိန်ကြီးမြင့်သောသူများနှင့် အကြောင်းဆက် ပေါင်းဖက်ရတတ်ပါသည်။ အိမ်ထောင်ဖက်၏ အရှိန်အဝါဖြင့် အများသူငါတို့၏ အရေးထား လေးစားခြင်းကို ခံရတတ်ပါသည်။ 

(၅)ကြွင်းသောသူများသည် 

အိမ်ထောင်မမြဲတတ်ခြင်းကို သတိပြုရပေလိမ့်မည်။ ကျန်းမာရေးညံ့သောသူနှင့် အိမ်ထောင်ကျရတတ်ပါသည်။ အိမ်ထောင်မြဲလျှင်ပင် အိမ်ထောင်ဖက် အိမ်ပေါ်မှ မကြာခဏ ဆင်းသွားခြင်း၊ ကွဲလိုက်ပြန်ပေါင်းလိုက်ဖြစ်ခြင်းများ အဖြစ်များတတ်ပါသည်။ မောင်တစ်ရွာ မယ်တစ်မြို့ ခွဲခွာနေရလျှင် ပို၍ အကျိုးပေးစေပေမည်။ 

(၆)ကြွင်းသောသူများသည် 

မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်ပါသည်။ မရည်ရွယ်သောသူနှင့် အိမ်ထောင်ကျတတ်ပါသည်။ သို့ရာတွင် အိမ်ထောင်ကျပြီးသည့်နောက် စီးပွားတက်ခြင်း၊ ချမ်းသာသုခ ခံစားရခြင်းများ ကြုံရတတ်ပါသည်။ နေရာ ဒေသတစ်ခု၊ လုပ်ငန်းတစ်ခုတည်းတွင် စွဲမြဲစွာနေထိုင်လုပ်ကိုင်သောအိမ်ထောင်ဖက် နှင့် အကြောင်းဆက်ရတတ်ပါသည်။ 

(၀)ကြွင်းသောသူများသည် 

မိဘအသိုင်းအဝိုင်းက သဘောမတူသောသူနှင့် အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ပြုရန်ကိစ္စတွင် အထစ်အငေါ့ အနှောင့်အယှက် များတတ်ပါသည်။ အိမ်ထောင်ကျပြီးသည့်နောက်တွင်လည်း တစ်ယောက်တစ်နေရာစီ ခွဲနေရသည်က များတတ်ပါသည်။ နှစ်ဖက်အသိုင်းအဝိုင်း အဆင်မပြေ မှုကြောင့် အိမ်ထောင်ရေးတွင် စိတ်ရှုပ်ရတတ်ပေသည်။ 

(ကံ ဉာဏ် ၀ီရိယ ၃ ချက်လုံးညီညွတ်အောင် ချိန်ဆ အားထုတ်နိုင်ကြပါစေသောဝ်)

သဗ္ဗေဓမ္မာ

ဇင်ယော်နီ

Leave a Reply

Your email address will not be published. Required fields are marked *