ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ ေခါင္းေဆးမဂၤလာ ေဆာင္ရြက္ခ်င္တဲ့ မိတ္ေဆြမ်ားအတြက္


ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ ေခါင္းေဆးမဂၤလာ ေဆာင္ရြက္ခ်င္တဲ့ မိတ္ေဆြမ်ားအတြက္

…………………………
နွစ္ေဟာင္းမွာရွိတဲ့ မေကာင္းတဲ့အခိုက္အညံ့ေတြ ကင္းစင္ေၾကေပ်ာက္ၿပီးေတာ့ …. ႏွစ္သစ္မွာ စိတ္သစ္ လူသစ္ ၊အားသစ္အင္သစ္ ၊ အႀကံသစ္ ဥာဏ္သစ္ေတြနဲ႔ တစ္ႏွစ္တာလံုး အတိတ္ေကာင္း နိမိတ္ေကာင္းေတြနဲ႔ အႏၱရာယ္ကင္းေဘးရွင္းၿပီး ကံဇာတာပြင့္လန္းတိုးတက္ ၊ စီးပြားတက္ရေလေအာင္ ၊ အႀကံအစည္ရည္ရြယ္ခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္ေအာင္ ေခါင္းေဆးမဂၤလာကို ေဆာင္ရြက္ႏိုင္ပါတယ္ ….။

.

ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔မဟုတ္ေသာ္လည္း အေၾကာင္းႀကီးငယ္ရွိတိုင္း ေခါင္းေဆးမဂၤလာကို ျပဳလုပ္ေဆာင္ရြက္ႏိုင္ပါတယ္ … ။

.

ေရွးဆရာအစဥ္အဆက္ အားကိုးအားထားျပဳ လက္ဆင့္ကမ္းအသံုးျပဳလာခဲ့ေသာ ၊ ေရွးျမန္မာဘုရင္မ်ားလက္ထက္ကတည္းက စစ္ခ်ီစစ္ထြက္တဲ့အခါ၊တိုင္းေရးျပည္ေရးမၿငိမ္မသက္ျဖစ္တဲ့အခါ၊မင္းေလာင္းေပၚတဲ့အခါမ်ဳိးေတြမွာ ကံဇာတာအခိုက္အညံ့မ်ားေျပေပ်ာက္ရေအာင္ ျပဳလုပ္ေဆာင္ရြက္ေလ့ရွိေသာ ၊ အရမ္းသတင္းႀကီးသည့္ မရမ္းတလင္းေတာႀကီး၏အစပ္ အဘဆရာႀကီးမင္းသိခၤ၏ မရမ္းတလင္း အယူေတာ္မဂၤလာျခံတြင္ ေန႔စဥ္ႏွင့္အမွ်ျပဳလုပ္ေဆာင္ရြက္ေပးခဲ့ေသာ ၊ (၇)ရက္သားသမီးမ်ား၏ အခက္အခဲဒုကၡေပါင္းမ်ားစြာကို ကူညီကယ္တင္ေျဖရွင္းေပးႏိုင္ခဲ့ေသာ အလြန္အင္မတန္အစြမ္းထက္ျမက္ေသာ ယၾတာနည္းတစ္ခုျဖစ္ပါတယ္။(ဇာတာေဆးသည္ဟုလည္း ေခၚၾကသည္)

.

ကံမေကာင္းတဲ့အခါ ၊ ဘာပဲလုပ္လုပ္အဆင္မေျပတဲ့အခါ ၊ စီးပြားက်ေနတဲ့အခါ ၊ အခက္အခဲအၾကပ္အတည္းမ်ားႀကံဳေတြ႕ေနရတဲ့အခါ ၊အေၾကြးတင္ေနတျ့အခါ ၊ ရစရာရွိတဲ့ေငါေတြမရတဲ့အခါ ၊ ၿဂိဳဟ္စီးၿဂိဳဟ္နင္းညံ့တဲ့အခါ ၊ အေရးႀကီးတဲ့လုပ္ငန္းေဆာင္တာရည္ရြယ္ခ်က္မ်ားျပဳလုပ္ေဆာင္ရြက္ဖို႔ရွိတဲ့အခါ ၊ စာေမးပြဲ အင္တာဗ်ဴး ေျဖတဲ့အခါ ၊ အေရးႀကီးတဲ့စကားမ်ားေျပာဖို႔ရွိတဲ့အခါ ၊ အားကစားၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ဖို႔ရွိတဲ့အခါ ၊ က်န္းမာေရးညံ့တဲ့အခါ ၊ အနာသိ ေဆးရွိ ဆရာ၀န္လည္းရွိ ေသာ္လည္း ေရာဂါေ၀ဒနာေတြ ေတာ္ေတာ္နဲ႔ မေပ်ာက္ကင္းတဲ့အခါ ၊ မေကာင္းတဲ့အတိတ္နိမိတ္ေတြ ျမင္ေတြ႕ ၾကားသိရတဲ့အခါ ၊ မေကာင္းတဲ့အိပ္မက္ေတြမက္တဲ့အခါ ၊ ခရီးထြက္ခါနီးအခါ စသည္ျဖင့္ စီးပြားေရး၊က်န္းမာေရး ၊ ေငြေရးေၾကးေရး ၊ လူမႈေရး ၊ အခ်စ္ေရးႏွလံုးသားေရး ၊ အိမ္မေထာင္ေရး အဆင္မေျပတဲ့အခါမ်ဳိးေတြမွာ ….။

.

မိမိမွာရွိေနတဲ့ ၊ ႀကံဳေတြ႕ေနရတဲ့ ၊ အခိုက္အညံ့မ်ားကင္းစင္ေၾကေပ်ာက္ၿပီး ကံဇာတာပြင့္လန္းတိုးတက္ရေလေအာင္ ကံပြင့္ကံျမွင့္ ေခါင္းေဆးမဂၤလာယၾတာအစီအရင္ကို ေဆာင္ရြက္ႏိုင္ပါတယ္ …။

.

.

.

မိတ္ေဆြတို႔၏ေကာင္းက်ဳိးမ်ားကို အစဥ္လိုလားေသာ

.

မင္းသိမ္းခိုင္(ေရႊရမ္းထူးလင္း)

.

၂၀၁၇ ဧၿပီလ

.

ေႏြဦးကာလ၏ ဆြတ္ပ်ံ႕ၾကည္ႏူး လြမ္းေမာဖြယ္ေကာင္းလွေသာ ဧၿပီလ၏ေန႔ရက္မ်ား

( unicode )

မြန်မာနှစ်ဆန်း(၁)ရက်နေ့ ခေါင်းဆေးမင်္ဂလာ ဆောင်ရွက်ချင်တဲ့ မိတ်ဆွေများအတွက်

…………………………
နှစ်ဟောင်းမှာရှိတဲ့ မကောင်းတဲ့အခိုက်အညံ့တွေ ကင်းစင်ကြေပျောက်ပြီးတော့ …. နှစ်သစ်မှာ စိတ်သစ် လူသစ် ၊အားသစ်အင်သစ် ၊ အကြံသစ် ဉာဏ်သစ်တွေနဲ့ တစ်နှစ်တာလုံး အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့ အန္တရာယ်ကင်းဘေးရှင်းပြီး ကံဇာတာပွင့်လန်းတိုးတက် ၊ စီးပွားတက်ရလေအောင် ၊ အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်အောင် ခေါင်းဆေးမင်္ဂလာကို ဆောင်ရွက်နိုင်ပါတယ် ….။

.

မြန်မာနှစ်ဆန်း(၁)ရက်နေ့မဟုတ်သော်လည်း အကြောင်းကြီးငယ်ရှိတိုင်း ခေါင်းဆေးမင်္ဂလာကို ပြုလုပ်ဆောင်ရွက်နိုင်ပါတယ် … ။

.

ရှေးဆရာအစဉ်အဆက် အားကိုးအားထားပြု လက်ဆင့်ကမ်းအသုံးပြုလာခဲ့သော ၊ ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက စစ်ချီစစ်ထွက်တဲ့အခါ၊တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်တဲ့အခါ၊မင်းလောင်းပေါ်တဲ့အခါမျိုးတွေမှာ ကံဇာတာအခိုက်အညံ့များပြေပျောက်ရအောင် ပြုလုပ်ဆောင်ရွက်လေ့ရှိသော ၊ အရမ်းသတင်းကြီးသည့် မရမ်းတလင်းတောကြီး၏အစပ် အဘဆရာကြီးမင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် နေ့စဉ်နှင့်အမျှပြုလုပ်ဆောင်ရွက်ပေးခဲ့သော ၊ (၇)ရက်သားသမီးများ၏ အခက်အခဲဒုက္ခပေါင်းများစွာကို ကူညီကယ်တင်ဖြေရှင်းပေးနိုင်ခဲ့သော အလွန်အင်မတန်အစွမ်းထက်မြက်သော ယတြာနည်းတစ်ခုဖြစ်ပါတယ်။(ဇာတာဆေးသည်ဟုလည်း ခေါ်ကြသည်)

.

ကံမကောင်းတဲ့အခါ ၊ ဘာပဲလုပ်လုပ်အဆင်မပြေတဲ့အခါ ၊ စီးပွားကျနေတဲ့အခါ ၊ အခက်အခဲအကြပ်အတည်းများကြုံတွေ့နေရတဲ့အခါ ၊အကြွေးတင်နေတြ့အခါ ၊ ရစရာရှိတဲ့ငေါတွေမရတဲ့အခါ ၊ ဂြိုဟ်စီးဂြိုဟ်နင်းညံ့တဲ့အခါ ၊ အရေးကြီးတဲ့လုပ်ငန်းဆောင်တာရည်ရွယ်ချက်များပြုလုပ်ဆောင်ရွက်ဖို့ရှိတဲ့အခါ ၊ စာမေးပွဲ အင်တာဗျူး ဖြေတဲ့အခါ ၊ အရေးကြီးတဲ့စကားများပြောဖို့ရှိတဲ့အခါ ၊ အားကစားပြိုင်ပွဲများယှဉ်ပြိုင်ဖို့ရှိတဲ့အခါ ၊ ကျန်းမာရေးညံ့တဲ့အခါ ၊ အနာသိ ဆေးရှိ ဆရာဝန်လည်းရှိ သော်လည်း ရောဂါဝေဒနာတွေ တော်တော်နဲ့ မပျောက်ကင်းတဲ့အခါ ၊ မကောင်းတဲ့အတိတ်နိမိတ်တွေ မြင်တွေ့ ကြားသိရတဲ့အခါ ၊ မကောင်းတဲ့အိပ်မက်တွေမက်တဲ့အခါ ၊ ခရီးထွက်ခါနီးအခါ စသည်ဖြင့် စီးပွားရေး၊ကျန်းမာရေး ၊ ငွေရေးကြေးရေး ၊ လူမှုရေး ၊ အချစ်ရေးနှလုံးသားရေး ၊ အိမ်မထောင်ရေး အဆင်မပြေတဲ့အခါမျိုးတွေမှာ ….။

.

မိမိမှာရှိနေတဲ့ ၊ ကြုံတွေ့နေရတဲ့ ၊ အခိုက်အညံ့များကင်းစင်ကြေပျောက်ပြီး ကံဇာတာပွင့်လန်းတိုးတက်ရလေအောင် ကံပွင့်ကံမြှင့် ခေါင်းဆေးမင်္ဂလာယတြာအစီအရင်ကို ဆောင်ရွက်နိုင်ပါတယ် …။

.

.

.

မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော

.

မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)

.

၂၀၁ရ ဧပြီလ

.

နွေဦးကာလ၏ ဆွတ်ပျံ့ကြည်နူး လွမ်းမောဖွယ်ကောင်းလှသော ဧပြီလ၏နေ့ရက်များ

Leave a Reply

Your email address will not be published. Required fields are marked *