ေအာင္ေၾကာင္းေဝျဖာ ေခါင္းေဆးမဂၤလာယၾတာ


ေအာင္ေၾကာင္းေဝျဖာ ေခါင္းေဆးမဂၤလာယၾတာ—

    တစ္ႏွစ္ကူးျပန္ၿပီ။ အေတြးသစ္ အျမင္သစ္ေတြ 

စိတ္ကူးသစ္ေတြနဲ႔ေရွ႕ဆက္ရေပေတာ့မည္။ အတိတ္ျပန္ၾကည့္ၿပီး အမွားေတြျပင္ဆင္ရေပေတာ့မည္။

အနာဂတ္အတြက္ Targetသစ္ေတြခ်မွတ္ၾကရမည္။ အကုသိုလ္အလုပ္ေတြကို လံုးဝေရွာင္ၾကဥ္ၿပီး

ကုသိုလ္အလုပ္ေတြနဲ႔ ေမြ႕ေလ်ာ္စရာအေကာင္းဆံုးအခ်ိန္ျဖစ္ေပသည္။ 

  အလြန္မဂၤလာရွိလွေသာ ႏွစ္ဦးသို႔ေရာက္ရွိပါေတာ့မည္။ဗုဒၶဘာသာဝင္သူေတာ္စင္တို႔အထြတ္အျမတ္ထားရာ မဂၤလာအေပါင္းႏွင့္ျပည့္စံုေသာ ႏွစ္ဦးႏွစ္ဆန္းသို႔ကူးေျပာင္းေတာ့မည့္ကာလသမယျဖစ္ပါသည္။

 ႏွစ္ေဟာင္းႏွင့္အတူအေတြးအေခၚေဟာင္းအယူအဆေဟာင္းတို႔ကို ျဖတ္ေက်ာ္ၾကေပေတာ့မည္။အျမင္ေဟာင္း အေတြးေဟာင္းအယူအဆေဟာင္းတို႔ႏွင့္ 

ပက္သက္၍ ကိုယ့္ကိုယ္ကို ေဝဖန္ရင္း သံုးသပ္ရင္းမလိုအပ္သည္မ်ားကို ထားရစ္ခဲ့ရေပေတာ့မည္။

     သိလ်က္ႏွင့္ေကာင္းမႈမေကာင္းမႈျပဳခဲ့သည္ျဖစ္ေစ

၊မသိခဲ့၍ ေကာင္းမႈမေကာင္းမႈျပဳခဲ့သည္ျဖစ္ေစ၊ သိျခင္းႏွင့္မသိျခင္းတို႔၏ စပ္ကူးမပ္ကူးကာလတြင္အေၾကာင္းမညီၫြတ္ခဲ့ျဖစ္ေစ ႏွစ္ေဟာင္းတြင္က်န္ရစ္ခဲ့ရေတာ့မည္ျဖစ္၏။ 

    မဂၤလာဟူသည္ မေကာင္းမႈကိုပယ္ဖ်က္၍ ေကာင္းမႈကိုတည္ေဆာက္ျခင္းပင္ျဖစ္ရာ မေကာင္းမႈကိုပယ္ဖ်က္တတ္ေသာသေဘာသည္ မဂၤလာမည္သကဲ့သို႔ ႀကီးပြားခ်မ္းသားျခင္း၏ အေၾကာင္းကိုျဖစ္ေစေသာသေလာသည္လည္းမဂၤလာမည္ပါေပ၏။

    မဂၤလာရွိရွိၾကံဳေတြ႕ရေတာ့မည့္ အနာဂတ္ဘဝခရီးအတြက္ ဗုဒၶရွင္ေတာ္ျမတ္ဘုရား၏ေဒသနာေတာ္ႏွင့္အညီ ကာယကံမေကာင္းမႈ ၊ဝစီကံမေကာင္းမႈ ၊မေနာကံမေကာင္းမွု မွန္သမွ်တို႔ကိုဖယ္ရွားၿပီး 

ကာယကံေကာင္းမႈ ၊ဝစီကံေကာင္းမႈ ၊မေနာကံေကာင္းမႈ တို႔ကိုတည္ေဆာက္က်င့္ၾကံပြားမ်ားအားထုတ္ၾကရေပေတာ့မည္။ 

     ေရွာင္သင့္တာကိုေရွာင္ၿပီး ေဆာင္သင့္တာကိုေဆာင္ရေပေတာ့မည္။ 

     ေမတၱာ ၊ဂ႐ုဏာ ၊မုဒိတာ၊ ဥေပကၡာ တရားတို႔ကို 

ပြားထံုၾကရေပေတာ့မည္။

    ဗုဒၶဘုရားရွင္ေဟာၾကားေတာ္မူခဲ့ေသာမဂၤလာတရားေတာ္တြင္ ပူဇာစ ပူဇေနယ်ာနံဟူေသာ ပူေဇာ္ထိုက္သူကို ပူေဇာ္ျခင္းႏွင့္ ဂါရေတာစနိဝါေတာစတည္းဟူေသာ ႐ိုေသထိုက္သူကို ႐ိုေသျခင္း မဂၤလာတို႔ရွိ၏ ။

  ထိုမဂၤလာတရားေတာ္တို႔ႏွင့္အညီ ကံဆိုး ၊ ၾကမၼာဆိိိုး ျဂိဳဟ္​စီးျဂိဳဟ္​နင္​းဆိုးတို့မွွ လြတ္​​ေျမာက္​ျပီးသကာလ –

    တစ္​နွစ္​တြင္​တစ္​ၾကိမ္​ သာစီရင္​ခြင္​့ရသည္​့​ ​ေအာင္​​ေျကာင္​းျဖာ ​ေအာင္​ရာနိမိတ္​ ​ေ​အာင္​ဟိတ္​တို့ျဖင္​့ ျပည္​့စံုလာ​ေစနို္​င္​​ေသာ န​ွစ္​ဦးမဂ္​လာယၾတာၾကီးမ်ားျဖင္​့ ​​​ကုသိုလ္ျပုလိုက္ရေပသည္။

   ေခါင္းေဆးမဂၤလာႏွင့္ ပါတ္သက္၍ ေရွးျမန္မာ မင္းမ်ားသည္ အေရးအေၾကာင္း ႀကီးငယ္ ရွိေသာ အခါတို႔၌ ေခါင္းေဆးမဂၤလာ ယၾတာဟူ၍ ေဆာင္ရြက္ေလ့ ရွိၾက၏။ ၿမိဳ႕တည္ နန္းတည္ ေသာအခါမ်ား ၊ စစ္ထြက္ေသာ အခါမ်ား၌ အထူးသျဖင့္ ေဆာင္ရြက္ေလ့ ရွိၾကေလ၏။ ဇာတာသန္႔သည္ဟုလည္း ေခၚေလ၏။

ဘုရင္မင္းျမတ္ မ်ားသာမက တိုင္းသူျပည္သားမ်ားသည္လည္း အဆိုပါ ေခါင္းေဆးမဂၤလာ ယၾတာကို ေဆာင္ရြက္ေလ့ရွိၾကေလ၏။ ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႔ မ်ားတြင္ တစ္ႏွွစ္တာလံုးအတြက္ ကံအညံ့ အခိုက္မ်ား ကင္းစင္ ေျပေပ်ာက္ကာ က်က္သေရ မဂၤလာ ေအာင္ျခင္း အျဖာျဖာ တိုးပြားေစျခင္းငွာ ေခါင္းေဆး မဂၤလာယၾတာကို ေဆာင္ရြက္ေလ့ ရွိၾကေလ၏။

ရာထူးတက္ရန္ ရန္အၿပိဳင္အဆိုင္ မ်ားေန၍ ေအာင္ႏိုင္လိုေသာအခါ လာဘ္လာဘမ်ား ပိတ္ဆို႔ေသာ အခါ ဒုကၡ အခက္အခဲမ်ား တစ္ခုၿပီးတစ္ခု ႀကံေနရေသာ အခါ စသည္ စသည္ တို႔၌လည္း ေခါင္းေဆး မဂၤလာ ယၾတာကို ေဆာင္ရြက္ေလ့ ရွိၾကေလ၏။ ထို႔ေၾကာင့္ ႏွစ္သစ္ကူး ကာလတြင္ ေနာင္ ေရာက္လာမည့္ ႏွစ္တစ္နွစ္တာ ကာလအတြင္း ကံဇာတာ အညံ့အခုိက္မ်ား ကင္းစင္ၿပီး ကံဇာတာ ပြင့္လန္း တိုးတက္ျခင္းကို အလိုရွိၾကကုန္ေသာ မိတ္ေဆြအေပါင္းတို႔အတြက္ ႏွစ္သစ္ကူး လက္ေဆာင္အျဖစ္ တင္ေပးလိုက္ရပါသည္။

ေခါင္းေဆးမဂၤလာျပဳလုပ္ရန္ အစီအစဥ္

———————————————–

တနဂၤေႏြသားသမီးမ်ား

 အေနာက္အရပ္သုိ့ မ်က္ႏွာမူ၍ ညာေျချဖင္႕ ရြက္လွ(၄)ညြန့္၊ ဘယ္ေျချဖင္႕ ဆီးညြန့္(၃)ညြန့္ကုိ နင္းထားပါ။ အနီးတြင္ ကလပ္(သုိ့မဟုတ္) လင္ပန္းထဲ၌ ေမၿမိဳ႔(၅)ပြင္႕၊ ကံ႕ေကာ္(၂)ညြန့္၊ သေျပ(၆)ညြန့္ကုိ ထည္႕ၿပီး အျမင္႕ တစ္ေနရာမွာ တင္ထားပါ။ တေရာ္ကင္ပြန္းျဖင္႕ ေခါင္းေလွ်ာ္ၿပီးေနာက္ ေရေဆးခ်ၿပီးလွ်င္ ေရသန့္သြားေသာအခါ ဆံပင္မွ ထုိေရတုိ့ကုိ လင္ပန္းထဲမွ ပန္းမ်ားေပၚသို့ ညႇစ္ခ်ရင္း ကံဇာတာထြန္းပရန္ ဆုေတာင္းပါ။ ေျချဖင္႕နင္းခဲ႕ေသာပန္းမ်ားကုိ အျခား တစ္ေယာက္ကယူၿပီး အေနာက္အရပ္သုိ့သြား၍ စြန့္ပါ။ မိမိကမူ လင္ပန္းထဲမွပန္းမ်ားကုိ ေတာင္အရပ္သုိ့သြား၍ စြန့္ပါေလ။ ၿပီးေနာက္ အ၀တ္အစားလဲလွယ္ကာ ျမတ္စြာဘုရားတြင္ အေမႊးတုိင္(၆)တုိင္၊ ဖေယာင္းတုိင္(၆)တုိင္ လွဴဒါန္းၿပီး ကံဇာတာ ပြင္႕လန္းရန္ ဆုေတာင္းရပါမည္။ 

တနလၤာသားသမီးမ်ား

    ေျမာက္အရပ္သုိ့ မ်က္ႏွာမူ၍ ညာေျချဖင္႕ ေျမစာ(၅)ညြန့္၊ ဘယ္ေျချဖင္႕ ရြက္လွ(၄)ညြန့္ကုိ နင္းထားပါ။ အနီးတြင္ ကလပ္(သုိ့မဟုတ္) လင္ပန္းထဲ၌ သေျပ(၆)ညြန့္၊ စံပယ္(၃)ကံုး၊ ႏွင္းဆီ(၇)ပြင္႕ကုိ ထည္႕ၿပီး အျမင္႕ တစ္ေနရာမွာ တင္ထားပါ။ တေရာ္ကင္ပြန္းျဖင္႕ ေခါင္းေလွ်ာ္ၿပီးေနာက္ ေရေဆးခ်ၿပီးလွ်င္ ေရသန့္သြားေသာအခါ ဆံပင္မွ ထုိေရတုိ့ကုိ လင္ပန္းထဲမွ ပန္းမ်ားေပၚသို့ ညႇစ္ခ်ရင္း ကံဇာတာထြန္းပရန္ ဆုေတာင္းပါ။ ေျချဖင္႕နင္းခဲ႕ေသာပန္းမ်ားကုိ အျခား တစ္ေယာက္ကယူၿပီး ေျမာက္အရပ္သုိ့သြား၍ စြန့္ပါ။ မိမိကမူ လင္ပန္းထဲမွပန္းမ်ားကုိ အေနာက္ေတာင္အရပ္သုိ့သြား၍ စြန့္ပါေလ။ ၿပီးေနာက္ အ၀တ္အစားလဲလွယ္ကာ ျမတ္စြာဘုရားတြင္ အေမႊးတုိင္(၁၅)တုိင္၊ ဖေယာင္းတုိင္(၁၅)တုိင္ လွဴဒါန္းၿပီး ကံဇာတာ ပြင္႕လန္းရန္ ဆုေတာင္းရပါမည္။ 

အဂၤါသားသမီးမ်ား

     –

   အေနာက္ေတာင္အရပ္သုိ့ မ်က္ႏွာမူ၍ ညာေျချဖင္႕ သရက္(၆)ညြန့္၊ ဘယ္ေျချဖင္႕ ေျမစာ(၅)ညြန့္ကုိ နင္းထားပါ။ အနီးတြင္ ကလပ္(သုိ့မဟုတ္) လင္ပန္းထဲ၌ ႏွင္းဆီ(၇)ပြင္႕၊ ရြက္လွ(၄)ညြန့္၊ အုန္း(၁)ညြန့္ကုိ ထည္႕ၿပီး အျမင္႕ တစ္ေနရာမွာ တင္ထားပါ။ တေရာ္ကင္ပြန္းျဖင္႕ ေခါင္းေလွ်ာ္ၿပီးေနာက္ ေရေဆးခ်ၿပီးလွ်င္ ေရသန့္သြားေသာအခါ ဆံပင္မွ ထုိေရတုိ့ကုိ လင္ပန္းထဲမွ ပန္းမ်ားေပၚသို့ ညႇစ္ခ်ရင္း ကံဇာတာထြန္းပရန္ ဆုေတာင္းပါ။ ေျချဖင္႕နင္းခဲ႕ေသာပန္းမ်ားကုိ အျခား တစ္ေယာက္ကယူၿပီး အေနာက္ေတာင္အရပ္သုိ့သြား၍ စြန့္ပါ။ မိမိကမူ လင္ပန္းထဲမွပန္းမ်ားကုိ အေနာက္အရပ္သုိ့သြား၍ စြန့္ပါေလ။ ၿပီးေနာက္ အ၀တ္အစားလဲလွယ္ကာ ျမတ္စြာဘုရားတြင္ အေမႊးတုိင္(၈)တုိင္၊ ဖေယာင္းတုိင္(၈)တုိင္ လွဴဒါန္းၿပီး ကံဇာတာ ပြင္႕လန္းရန္ ဆုေတာင္းရပါမည္။ 

ဗုဒၶဟူးသားသမီးမ်ား 

     အေရွ႔ေျမာက္အရပ္သုိ့ မ်က္ႏွာမူ၍ ညာေျချဖင္႕ ဒန္း(၇)ညြန့္၊ ဘယ္ေျချဖင္႕ သရက္(၆)ညြန့္ ကုိ နင္းထားပါ။ အနီးတြင္ ကလပ္(သုိ့မဟုတ္) လင္ပန္းထဲ၌ အုန္း(၁)ညြန့္၊ ကံ႕ေကာ္(၂)ညြန့္၊ ေမၿမိဳ႔ပန္း(၅)ပြင္႕ကုိ ထည္႕ၿပီး အျမင္႕တစ္ေနရာမွာ တင္ထားပါ။ တေရာ္ကင္ပြန္းျဖင္႕ ေခါင္းေလွ်ာ္ၿပီးေနာက္ ေရေဆးခ်ၿပီးလွ်င္ ေရသန့္သြားေသာအခါ ဆံပင္မွ ထုိေရတုိ့ကုိ လင္ပန္းထဲမွ ပန္းမ်ားေပၚသို့ ညႇစ္ခ်ရင္း ကံဇာတာထြန္းပရန္ ဆုေတာင္းပါ။ ေျချဖင္႕နင္းခဲ႕ေသာပန္းမ်ားကုိ အျခား တစ္ေယာက္ကယူၿပီး အေရွ႔ေျမာက္အရပ္သုိ့သြား၍ စြန့္ပါ။ မိမိကမူ လင္ပန္းထဲမွပန္းမ်ားကုိ အေနာက္ေျမာက္အရပ္သုိ့သြား၍ စြန့္ပါေလ။ ၿပီးေနာက္ အ၀တ္အစားလဲလွယ္ကာ ျမတ္စြာဘုရားတြင္ အေမႊးတုိင္(၁၇)တုိင္၊ ဖေယာင္းတုိင္(၁၇)တုိင္ လွဴဒါန္းၿပီး ကံဇာတာ ပြင္႕လန္းရန္ ဆုေတာင္းရပါမည္။ –

ၾကာသပေတးသားသမီးမ်ား

      အေရွ႔အရပ္သုိ့ မ်က္ႏွာမူ၍ ညာေျချဖင္႕ အုန္း(၁)ညြန့္၊ ဘယ္ေျချဖင္႕ ဒန္း(၇)ညြန့္ကုိ နင္းထားပါ။ အနီးတြင္ ကလပ္(သုိ့မဟုတ္) လင္ပန္းထဲ၌ ကံ႕ေကာ္(၂)ညြန့္၊ သေျပ(၆)ညြန့္၊ စံပယ္(၃)ကံုးကုိ ထည္႕ၿပီး အျမင္႕ တစ္ေနရာမွာ တင္ထားပါ။ တေရာ္ကင္ပြန္းျဖင္႕ ေခါင္းေလွ်ာ္ၿပီးေနာက္ ေရေဆးခ်ၿပီးလွ်င္ ေရသန့္သြားေသာအခါ ဆံပင္မွ ထုိေရတုိ့ကုိ လင္ပန္းထဲမွ ပန္းမ်ားေပၚသို့ ညႇစ္ခ်ရင္း ကံဇာတာထြန္းပရန္ ဆုေတာင္းပါ။ ေျချဖင္႕နင္းခဲ႕ေသာပန္းမ်ားကုိ အျခား တစ္ေယာက္ကယူၿပီး အေရွ႔အရပ္သုိ့သြား၍ စြန့္ပါ။ မိမိကမူ လင္ပန္းထဲမွပန္းမ်ားကုိ အေရွ႔ေျမာက္အရပ္သုိ့သြား၍ စြန့္ပါေလ။ ၿပီးေနာက္ အ၀တ္အစားလဲလွယ္ကာ ျမတ္စြာဘုရားတြင္ အေမႊးတုိင္(၁၉)တုိင္၊ ဖေယာင္းတုိင္(၁၉)တုိင္ လွဴဒါန္းၿပီး ကံဇာတာ ပြင္႕လန္းရန္ ဆုေတာင္းရပါမည္။ 

ေသာၾကာသားသမီးမ်ား

      အေရွ႔ေတာင္အရပ္သုိ့ မ်က္ႏွာမူ၍ ညာေျချဖင္႕ ကံ႕ေကာ္(၂)ညြန့္၊ ဘယ္ေျချဖင္႕ အုန္း (၁)ညြန့္ကုိ နင္းထားပါ။ အနီးတြင္ ကလပ္(သုိ့မဟုတ္) လင္ပန္းထဲ၌ စံပယ္(၃)ကံုး၊ ႏွင္းဆီ(၇)ပြင္႕၊ ရြက္လွ(၄)ညြန့္ကုိ ထည္႕ ၿပီး အျမင္႕တစ္ေနရာမွာ တင္ထားပါ။ တေရာ္ကင္ပြန္းျဖင္႕ ေခါင္းေလွ်ာ္ၿပီးေနာက္ ေရေဆးခ်ၿပီးလွ်င္ ေရသန့္သြားေသာအခါ ဆံပင္မွ ထုိေရတုိ့ကုိ လင္ပန္းထဲမွ ပန္းမ်ားေပၚသို့ ညႇစ္ခ်ရင္း ကံဇာတာထြန္းပရန္ ဆုေတာင္းပါ။ ေျချဖင္႕နင္းခဲ႕ေသာပန္းမ်ားကုိ အျခား တစ္ေယာက္ကယူၿပီး အေရွ႔ေတာင္အရပ္သုိ့သြား၍ စြန့္ပါ။ မိမိကမူ လင္ပန္းထဲမွပန္းမ်ားကုိ အေရွ႔ေတာင္အရပ္သုိ့သြား၍ စြန့္ပါေလ။ ၿပီးေနာက္ အ၀တ္အစားလဲလွယ္ကာ ျမတ္စြာဘုရားတြင္ အေမႊးတုိင္(၂၁)တုိင္၊ ဖေယာင္းတုိင္(၂၁)တုိင္ လွဴဒါန္းၿပီး ကံဇာတာ ပြင္႕လန္းရန္ ဆုေတာင္းရပါမည္။ 

စေနသားသမီးမ်ား

      –

      ေတာင္အရပ္သို႔ မ်က္ႏွာမူ၍ ညာေျချဖင္႕ ဆီး(၃)ညြန့္၊ ဘယ္ေျချဖင္႕ ကံ႕ေကာ္(၂)ညြန့္ကုိ နင္းထားပါ။ အနီးတြင္ ကလပ္(သုိ့မဟုတ္) လင္ပန္းထဲ၌ ရြက္လွ(၄)ညြန့္၊ အုန္း(၁)ညြန့္၊ ေမၿမိဳ႔(၅)ပြင္႕ကုိ ထည္႕ၿပီး အျမင္႕ တစ္ေနရာမွာ တင္ထားပါ။ တေရာ္ကင္ပြန္းျဖင္႕ ေခါင္းေလွ်ာ္ၿပီးေနာက္ ေရေဆးခ်ၿပီးလွ်င္ ေရသန့္သြားေသာအခါ ဆံပင္မွ ထုိေရတုိ့ကုိ လင္ပန္းထဲမွ ပန္းမ်ားေပၚသို့ ညႇစ္ခ်ရင္း ကံဇာတာထြန္းပရန္ ဆုေတာင္းပါ။ ေျချဖင္႕နင္းခဲ႕ေသာပန္းမ်ားကုိ အျခား တစ္ေယာက္ကယူၿပီး ေတာင္အရပ္သုိ့သြား၍ စြန့္ပါ။ မိမိကမူ လင္ပန္းထဲမွပန္းမ်ားကုိ ေျမာက္အရပ္သုိ့သြား၍ စြန့္ပါေလ။ ၿပီးေနာက္ အ၀တ္အစားလဲလွယ္ကာ ျမတ္စြာဘုရားတြင္ အေမႊးတုိင္(၁၀)တုိင္၊ ဖေယာင္းတုိင္(၁၀)တုိင္ လွဴဒါန္းၿပီး ကံဇာတာ ပြင္႕လန္းရန္ ဆုေတာင္းရပါမည္။ 

၁၃၇၉ ခု၊ ျမန္မာႏွစ္ဆန္းတစ္ရက္ေန့ ေခါင္းေဆးမဂၤလာျပဳလုပ္ရန္ မဂၤလာအခါနာရီ

———————

၁၃၇၉ ခု၊ ျမန္မာႏွစ္ဆန္းတစ္ရက္၊ ၁၇-၄-၂၀၁၇ ရက္တြင္ အတိတ္ေကာင္းနိမိတ္ေကာင္းယူ၍ ေခါင္းေဆးမဂၤလာျပဳလိုၾကကုန္ေသာ ခုနစ္ရက္သားသမီးအေပါင္းတို႔အေနႏွင့္ ေဖာ္ျပထားသည့္ အစီအစဥ္မ်ား အတုိင္း ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ေစာေစာတြင္ ေဆာင္ရြက္ႏိုင္ၾကပါသည္။ အခ်ိန္နာရီ အတိအက် ေဆာင္ရြက္လိုပါေသာ္ ေအာက္ပါအတုိင္း ေဆာင္ရြက္ႏုိင္ပါသည္။

တနဂၤေႏြသားသမီးမ်ားသည္ နံနက္ ၇း၃၀ နာရီ မွ ၉ နာရီအတြင္း၊ 

(သုိ႔မဟုတ္) ၁၀း၃၀ နာရီမွ ၁၂ နာရီအတြင္း။

တနလၤာသားသမီးမ်ားသည္ နံနက္ ၉ နာရီ မွ ၁၀း၃၀ နာရီအတြင္း၊ 

အဂၤါသားသမီးမ်ားသည္ နံနက္ ၆ နာရီ မွ ၇း၃၀ နာရီအတြင္း၊ 

(သုိ႔မဟုတ္) နံနက္ ၉ နာရီ မွ ၁၀း၃၀ နာရီအတြင္း၊

ဗုဒၶဟူးသားသမီးမ်ားသည္ နံနက္ ၇း၃၀ နာရီ မွ ၉ နာရီအတြင္း၊(သုိ႔မဟုတ္) နံနက္ ၁၀း၃၀ နာရီ မွ ၁၂ နာရီအတြင္း

ၾကာသပေတးသားသမီးမ်ားသည္ နံနက္ ၇း၃၀ နာရီ မွ ၉ နာရီအတြင္း၊ 

ေသာၾကာသားသမီးမ်ားသည္ နံနက္ ၆ နာရီ မွ ၇း၃၀ နာရီအတြင္း၊ 

(သုိ႔မဟုတ္) နံနက္ ၉ နာရီ မွ ၁၀း၃၀ နာရီအတြင္း၊

စေနသားသမီးမ်ားသည္ နံနက္ ၆ နာရီ မွ ၇း၃၀ နာရီအတြင္း၊ 

(သုိ႔မဟုတ္) နံနက္ ၉ နာရီ မွ ၁၀း၃၀ နာရီအတြင္း၊

 ေခါင္းေဆးမဂၤလာျပဳလုပ္ျခင္းျဖင့္ တစ္ႏွစ္ပတ္လံုး ၾကံဳလာရမည့္အညံ့အဆိုးမ်ား ၊ ျပႆ နာအမႈအခင္းမ်ား ကင္းေဝးၿပီး ေကာင္းက်ိဳးမဂၤလာေတြ က်ေရာက္လာေတာ့မည္လို႔ေျပာၾကားရင္း …….
ဆရာၿငိမ္းေအးလူ
                    ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
( unicode version )

အောင်ကြောင်းဝေဖြာ ခေါင်းဆေးမင်္ဂလာယတြာ
    တစ်နှစ်ကူးပြန်ပြီ။ အတွေးသစ် အမြင်သစ်တွေ 

စိတ်ကူးသစ်တွေနဲ့ရှေ့ဆက်ရပေတော့မည်။ အတိတ်ပြန်ကြည့်ပြီး အမှားတွေပြင်ဆင်ရပေတော့မည်။

အနာဂတ်အတွက် Targetသစ်တွေချမှတ်ကြရမည်။ အကုသိုလ်အလုပ်တွေကို လုံးဝရှောင်ကြဉ်ပြီး

ကုသိုလ်အလုပ်တွေနဲ့ မွေ့လျော်စရာအကောင်းဆုံးအချိန်ဖြစ်ပေသည်။ 

  အလွန်မင်္ဂလာရှိလှသော နှစ်ဦးသို့ရောက်ရှိပါတော့မည်။ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အထွတ်အမြတ်ထားရာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်ဦးနှစ်ဆန်းသို့ကူးပြောင်းတော့မည့်ကာလသမယဖြစ်ပါသည်။

 နှစ်ဟောင်းနှင့်အတူအတွေးအခေါ်ဟောင်းအယူအဆဟောင်းတို့ကို ဖြတ်ကျော်ကြပေတော့မည်။အမြင်ဟောင်း အတွေးဟောင်းအယူအဆဟောင်းတို့နှင့် 

ပက်သက်၍ ကိုယ့်ကိုယ်ကို ဝေဖန်ရင်း သုံးသပ်ရင်းမလိုအပ်သည်များကို ထားရစ်ခဲ့ရပေတော့မည်။

     သိလျက်နှင့်ကောင်းမှုမကောင်းမှုပြုခဲ့သည်ဖြစ်စေ

၊မသိခဲ့၍ ကောင်းမှုမကောင်းမှုပြုခဲ့သည်ဖြစ်စေ၊ သိခြင်းနှင့်မသိခြင်းတို့၏ စပ်ကူးမပ်ကူးကာလတွင်အကြောင်းမညီညွတ်ခဲ့ဖြစ်စေ နှစ်ဟောင်းတွင်ကျန်ရစ်ခဲ့ရတော့မည်ဖြစ်၏။ 

    မင်္ဂလာဟူသည် မကောင်းမှုကိုပယ်ဖျက်၍ ကောင်းမှုကိုတည်ဆောက်ခြင်းပင်ဖြစ်ရာ မကောင်းမှုကိုပယ်ဖျက်တတ်သောသဘောသည် မင်္ဂလာမည်သကဲ့သို့ ကြီးပွားချမ်းသားခြင်း၏ အကြောင်းကိုဖြစ်စေသောသလောသည်လည်းမင်္ဂလာမည်ပါပေ၏။

    မင်္ဂလာရှိရှိကြုံတွေ့ရတော့မည့် အနာဂတ်ဘဝခရီးအတွက် ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ဒေသနာတော်နှင့်အညီ ကာယကံမကောင်းမှု ၊ဝစီကံမကောင်းမှု ၊မနောကံမကောင်းမှု မှန်သမျှတို့ကိုဖယ်ရှားပြီး 

ကာယကံကောင်းမှု ၊ဝစီကံကောင်းမှု ၊မနောကံကောင်းမှု တို့ကိုတည်ဆောက်ကျင့်ကြံပွားများအားထုတ်ကြရပေတော့မည်။ 

     ရှောင်သင့်တာကိုရှောင်ပြီး ဆောင်သင့်တာကိုဆောင်ရပေတော့မည်။ 

     မေတ္တာ ၊ဂရုဏာ ၊မုဒိတာ၊ ဥပေက္ခာ တရားတို့ကို 

ပွားထုံကြရပေတော့မည်။

    ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သောမင်္ဂလာတရားတော်တွင် ပူဇာစ ပူဇနေယျာနံဟူသော ပူဇော်ထိုက်သူကို ပူဇော်ခြင်းနှင့် ဂါရတောစနိဝါတောစတည်းဟူသော ရိုသေထိုက်သူကို ရိုသေခြင်း မင်္ဂလာတို့ရှိ၏ ။

  ထိုမင်္ဂလာတရားတော်တို့နှင့်အညီ ကံဆိုး ၊ ကြမ္မာဆိိိုး ဂြိုဟ်​စီးဂြိုဟ်​နင်​းဆိုးတို့မှှ လွတ်​​မြောက်​ပြီးသကာလ –

    တစ်​နှစ်​တွင်​တစ်​ကြိမ်​ သာစီရင်​ခွင်​့ရသည်​့​ ​အောင်​​ကြောင်​းဖြာ ​အောင်​ရာနိမိတ်​ ​ေ​အာင်​ဟိတ်​တို့ဖြင်​့ ပြည်​့စုံလာ​စေနို်​င်​​သော န​ှစ်​ဦးမဂ်​လာယတြာကြီးများဖြင်​့ ​​​ကုသိုလ်ပြုလိုက်ရပေသည်။

   ခေါင်းဆေးမင်္ဂလာနှင့် ပါတ်သက်၍ ရှေးမြန်မာ မင်းများသည် အရေးအကြောင်း ကြီးငယ် ရှိသော အခါတို့၌ ခေါင်းဆေးမင်္ဂလာ ယတြာဟူ၍ ဆောင်ရွက်လေ့ ရှိကြ၏။ မြို့တည် နန်းတည် သောအခါများ ၊ စစ်ထွက်သော အခါများ၌ အထူးသဖြင့် ဆောင်ရွက်လေ့ ရှိကြလေ၏။ ဇာတာသန့်သည်ဟုလည်း ခေါ်လေ၏။

ဘုရင်မင်းမြတ် များသာမက တိုင်းသူပြည်သားများသည်လည်း အဆိုပါ ခေါင်းဆေးမင်္ဂလာ ယတြာကို ဆောင်ရွက်လေ့ရှိကြလေ၏။ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ များတွင် တစ်နှှစ်တာလုံးအတွက် ကံအညံ့ အခိုက်များ ကင်းစင် ပြေပျောက်ကာ ကျက်သရေ မင်္ဂလာ အောင်ခြင်း အဖြာဖြာ တိုးပွားစေခြင်းငှာ ခေါင်းဆေး မင်္ဂလာယတြာကို ဆောင်ရွက်လေ့ ရှိကြလေ၏။

ရာထူးတက်ရန် ရန်အပြိုင်အဆိုင် များနေ၍ အောင်နိုင်လိုသောအခါ လာဘ်လာဘများ ပိတ်ဆို့သော အခါ ဒုက္ခ အခက်အခဲများ တစ်ခုပြီးတစ်ခု ကြံနေရသော အခါ စသည် စသည် တို့၌လည်း ခေါင်းဆေး မင်္ဂလာ ယတြာကို ဆောင်ရွက်လေ့ ရှိကြလေ၏။ ထို့ကြောင့် နှစ်သစ်ကူး ကာလတွင် နောင် ရောက်လာမည့် နှစ်တစ်နှစ်တာ ကာလအတွင်း ကံဇာတာ အညံ့အခိုက်များ ကင်းစင်ပြီး ကံဇာတာ ပွင့်လန်း တိုးတက်ခြင်းကို အလိုရှိကြကုန်သော မိတ်ဆွေအပေါင်းတို့အတွက် နှစ်သစ်ကူး လက်ဆောင်အဖြစ် တင်ပေးလိုက်ရပါသည်။

ခေါင်းဆေးမင်္ဂလာပြုလုပ်ရန် အစီအစဉ်

———————————————–

တနင်္ဂနွေသားသမီးများ

 အနောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ရွက်လှ(၄)ညွန့်၊ ဘယ်ခြေဖြင့် ဆီးညွန့်(၃)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ မေမြို့(၅)ပွင့်၊ ကံ့ကော်(၂)ညွန့်၊ သပြေ(၆)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အနောက်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို တောင်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၆)တိုင်၊ ဖယောင်းတိုင်(၆)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။ 

တနင်္လာသားသမီးများ

    မြောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် မြေစာ(၅)ညွန့်၊ ဘယ်ခြေဖြင့် ရွက်လှ(၄)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ သပြေ(၆)ညွန့်၊ စံပယ်(၃)ကုံး၊ နှင်းဆီ(၇)ပွင့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး မြောက်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အနောက်တောင်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၅)တိုင်၊ ဖယောင်းတိုင်(၁၅)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။ 

အင်္ဂါသားသမီးများ

     –

   အနောက်တောင်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် သရက်(၆)ညွန့်၊ ဘယ်ခြေဖြင့် မြေစာ(၅)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ နှင်းဆီ(၇)ပွင့်၊ ရွက်လှ(၄)ညွန့်၊ အုန်း(၁)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အနောက်တောင်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အနောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၈)တိုင်၊ ဖယောင်းတိုင်(၈)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။ 

ဗုဒ္ဓဟူးသားသမီးများ 

     အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ဒန်း(၇)ညွန့်၊ ဘယ်ခြေဖြင့် သရက်(၆)ညွန့် ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ အုန်း(၁)ညွန့်၊ ကံ့ကော်(၂)ညွန့်၊ မေမြို့ပန်း(၅)ပွင့်ကို ထည့်ပြီး အမြင့်တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အရှေ့မြောက်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အနောက်မြောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၇)တိုင်၊ ဖယောင်းတိုင်(၁၇)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။ –

ကြာသပတေးသားသမီးများ

      အရှေ့အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် အုန်း(၁)ညွန့်၊ ဘယ်ခြေဖြင့် ဒန်း(၇)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ ကံ့ကော်(၂)ညွန့်၊ သပြေ(၆)ညွန့်၊ စံပယ်(၃)ကုံးကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အရှေ့အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အရှေ့မြောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၉)တိုင်၊ ဖယောင်းတိုင်(၁၉)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။ 

သောကြာသားသမီးများ

      အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ကံ့ကော်(၂)ညွန့်၊ ဘယ်ခြေဖြင့် အုန်း (၁)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ စံပယ်(၃)ကုံး၊ နှင်းဆီ(၇)ပွင့်၊ ရွက်လှ(၄)ညွန့်ကို ထည့် ပြီး အမြင့်တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး အရှေ့တောင်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို အရှေ့တောင်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၂၁)တိုင်၊ ဖယောင်းတိုင်(၂၁)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။ 

စနေသားသမီးများ

      –

      တောင်အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် ဆီး(၃)ညွန့်၊ ဘယ်ခြေဖြင့် ကံ့ကော်(၂)ညွန့်ကို နင်းထားပါ။ အနီးတွင် ကလပ်(သို့မဟုတ်) လင်ပန်းထဲ၌ ရွက်လှ(၄)ညွန့်၊ အုန်း(၁)ညွန့်၊ မေမြို့(၅)ပွင့်ကို ထည့်ပြီး အမြင့် တစ်နေရာမှာ တင်ထားပါ။ တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ပန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာထွန်းပရန် ဆုတောင်းပါ။ ခြေဖြင့်နင်းခဲ့သောပန်းများကို အခြား တစ်ယောက်ကယူပြီး တောင်အရပ်သို့သွား၍ စွန့်ပါ။ မိမိကမူ လင်ပန်းထဲမှပန်းများကို မြောက်အရပ်သို့သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲလှယ်ကာ မြတ်စွာဘုရားတွင် အမွှေးတိုင်(၁၀)တိုင်၊ ဖယောင်းတိုင်(၁၀)တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းရန် ဆုတောင်းရပါမည်။ 

၁၃၇၉ ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ခေါင်းဆေးမင်္ဂလာပြုလုပ်ရန် မင်္ဂလာအခါနာရီ

———————

၁၃၇၉ ခု၊ မြန်မာနှစ်ဆန်းတစ်ရက်၊ ၁၇-၄-၂၀၁ရ ရက်တွင် အတိတ်ကောင်းနိမိတ်ကောင်းယူ၍ ခေါင်းဆေးမင်္ဂလာပြုလိုကြကုန်သော ခုနစ်ရက်သားသမီးအပေါင်းတို့အနေနှင့် ဖော်ပြထားသည့် အစီအစဉ်များ အတိုင်း နှစ်ဆန်းတစ်ရက်နေ့ နံနက်စောစောတွင် ဆောင်ရွက်နိုင်ကြပါသည်။ အချိန်နာရီ အတိအကျ ဆောင်ရွက်လိုပါသော် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

တနင်္ဂနွေသားသမီးများသည် နံနက် ရး၃၀ နာရီ မှ ၉ နာရီအတွင်း၊ 

(သို့မဟုတ်) ၁၀း၃၀ နာရီမှ ၁၂ နာရီအတွင်း။

တနင်္လာသားသမီးများသည် နံနက် ၉ နာရီ မှ ၁၀း၃၀ နာရီအတွင်း၊ 

အင်္ဂါသားသမီးများသည် နံနက် ၆ နာရီ မှ ရး၃၀ နာရီအတွင်း၊ 

(သို့မဟုတ်) နံနက် ၉ နာရီ မှ ၁၀း၃၀ နာရီအတွင်း၊

ဗုဒ္ဓဟူးသားသမီးများသည် နံနက် ရး၃၀ နာရီ မှ ၉ နာရီအတွင်း၊(သို့မဟုတ်) နံနက် ၁၀း၃၀ နာရီ မှ ၁၂ နာရီအတွင်း

ကြာသပတေးသားသမီးများသည် နံနက် ရး၃၀ နာရီ မှ ၉ နာရီအတွင်း၊ 

သောကြာသားသမီးများသည် နံနက် ၆ နာရီ မှ ရး၃၀ နာရီအတွင်း၊ 

(သို့မဟုတ်) နံနက် ၉ နာရီ မှ ၁၀း၃၀ နာရီအတွင်း၊

စနေသားသမီးများသည် နံနက် ၆ နာရီ မှ ရး၃၀ နာရီအတွင်း၊ 

(သို့မဟုတ်) နံနက် ၉ နာရီ မှ ၁၀း၃၀ နာရီအတွင်း၊

 ခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်းဖြင့် တစ်နှစ်ပတ်လုံး ကြုံလာရမည့်အညံ့အဆိုးများ ၊ ပြဿ နာအမှုအခင်းများ ကင်းဝေးပြီး ကောင်းကျိုးမင်္ဂလာတွေ ကျရောက်လာတော့မည်လို့ပြောကြားရင်း …….
ဆရာငြိမ်းအေးလူ
                    ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Leave a Reply

Your email address will not be published. Required fields are marked *