ဆဲ၍ ေခ်ရေသာ ယၾတာဆန္းတစ္မ်ိဳး-မင္းသိခၤ-

တစ္ေန႔တြင္ ကြၽႏု္ပ္ထံသို႔ ကိုေက်ာ္ေဇာဆိုသူ တစ္ဦး ေရာက္ရွိလာေလ၏။ သူသည္ တစ္ခါက ေမာ္လၿမိဳင္တြင္ က်ဴရွင္ဆရာ လုပ္ဖူးေလ၏။ ယခု အခါ၌မူ သေဘၤာေအးဂ်င့္ အလုပ္ကိုလုပ္ေနေသာ ေၾကာင့္ အေတာ္အတန္ ခ်မ္းသာေနၿပီျဖစ္၏။ ယခုအခါတြင္ ထိုသူသည္ ႐ုပ္ရွင္မင္းသမီးတစ္ဦးႏွင့္ အိမ္ေထာင္က်ေနၿပီဟုလည္း သိရသည္။ 
၎င္းကိုေက်ာ္ေဇာသည္ ကြၽႏု္ပ္ႏွင့္ေတြ႕လွ်င္ ေတြ႕ခ်င္း “ကြၽန္ေတာ္ ဒုကၡအႀကီးအက်ယ္ေတြ႕ေနၿပီ။ ဆရာ ကယ္ပါဦး”ဟု ေျပာေလေတာ့၏။

“ဘယ္လိုဒုကၡမ်ဳိးလည္း ကိုေက်ာ္ေဇာရဲ႕ ေျပာပါဦး”ဟု ကြၽႏ္ုပ္က ေမးလိုက္ရာ ၎က
“ဆရာ့ကိုေတာ့ အမွန္အတိုင္း ေျပာရမွာေပါ့ ေလ။ ကြၽန္ေတာ္ တာ၀န္ယူၿပီး ႏိုင္ငံျခားသေဘၤာ လိုက္ခ်င္တဲ့ လူေတြကို သေဘၤာေပၚတင္ေပးမယ္ဆို ၿပီး ေငြေတြ ယူထားတာေပါ့ဗ်ာ။ ဒါေပမဲ့ ကြၽန္ေတာ့္ ေအးဂ်င့္က အစစ္မဟုတ္ဘူးဗ် အတုႀကီးျဖစ္ေန တယ္။ ကြၽန္ေတာ္တို႔ ယံုေအာင္လို႔ေတာ့ သံႀကိဳး အတုေတြ ဘာေတြကိုထုတ္ၿပီး ျပရတာေပါ့ဗ်ာ။ တစ္ ေယာက္ တစ္ေယာက္ဆီက ယူထားတာ သိန္းတစ္ရာ ေလာက္စီ ရွိတယ္ဗ်။ အခုေတာ့ အဲဒီလူေတြက ကြၽန္ေတာ့္အိမ္ေရွ႕မွာ ေစာင့္ေနၾကၿပီ။ ကြၽန္ေတာ္ ေခါင္းကို တုတ္နဲ႔႐ိုက္မယ့္ လူနဲ႔ သံခြၽန္နဲ႔ထိုးမယ့္ လူေတြေပါ့ဗ်ာ။ အမွန္အတိုင္းေျပာရင္ ကြၽန္ေတာ္ ကေတာ့ ဒီေငြေတြကို တစ္ျပားမွ ျပန္မေပးႏိုင္ဘူးဗ်။ သူတို႔ကေတာ့ ရက္ရက္စက္စက္ လုပ္ၾကေတာ့မယ္။ တိုင္တဲ့လူက တိုင္ေပါ့ ဆရာရယ္။ ကြၽန္ေတာ့္အဖို႔ ကေတာ့ လြတ္လမ္းမရွိေတာ့ပါဘူး။ ကယ္ပါဦးဆရာ ရယ္။ ဆရာ ေက်းဇူးကို ဘယ္ေတာ့မွ မေမ့ပါဘူး” ဟုေျပာေလေတာ့၏။
ကြၽႏ္ုပ္လည္း ၎ကိုေက်ာ္ေဇာကို လြန္စြာ သနားမိေလေတာ့၏။ ထို႔ေၾကာင့္ မ်က္ႏွာကို ေကာင္း ကင္ဘက္သို႔ ေမာ့ၿပီးလွ်င္ မ်က္စိကိုမွိတ္ကာ ေကာင္း ကင္မွ အာ႐ံုကို ေတာင္းၾကည့္မိေလ၏။
ကြၽႏု္ပ္ အာ႐ံုထဲတြင္ ကို ေက်ာ္ေဇာသည္ တိုက္ေခါင္မိုးတစ္ခု ေပၚ စေလာင္းႀကီး ကိုလက္ညိႇဳးေငါက္ ေငါက္ထိုး၍ မေအႏွမ ႏွင့္ကိုင္ၿပီး ဆဲေနသည္ကို ေတြ႕ရေလ၏။ ထို႔ေၾကာင့္ ကြၽႏု္ပ္က – 
“ဒီမွာ ကို ေက်ာ္ေဇာ ခင္ဗ်ားအ တြက္ ယၾတာကေတာ့ ခပ္ဆန္းဆန္းပဲဗ်။ စ ေလာင္းႀကီးကို လက္ညိႇဳးေငါက္ ေငါက္ထိုးၿပီး မေအႏွမႏွင့္ ကိုင္ၿပီး ဆဲရမယ္”
ကြၽႏု္ပ္က ထိုသို႔ ေျပာလိုက္ၿပီး ကိုေက်ာ္ေဇာ လည္း လိုက္လုပ္၍ ေနာက္တစ္ေန႔တြင္ ၎ကို ရန္ျပဳမည္ဆိုေသာ လူမ်ားသည္ ပန္းေသးေခါက္ဆြဲ ထုပ္မ်ားႏွင့္ ျပန္ေရာက္လာၾကသည္။ ကုိေက်ာ္ေဇာက အံ့အားသင့္ေနစဥ္ ၎တို႔က – 

“အန္ကယ့္ကို ကြၽန္ေတာ္တို႔ လက္ဖ်ားနဲ႔ ေတာင္ မထိပါဘူး၊ ရဲလည္းမတိုင္ပါဘူး။ အန္ကယ္ တစ္ခုခုျဖစ္သြားရင္ ဒါမွမဟုတ္ ရဲဖမ္းသြားရင္ ေငြ ေတြဆံုးၿပီ။ အဲဒီေတာ့ အန္ကယ္ရယ္ ကြၽန္ေတာ္ တို႔ေငြေတြျပန္ေပးပါ” ဟုဆိုကာ ေတာင္းပန္တိုးလွ်ိဳး ၾကေလ၏။ ထိုအခါ ကိုေက်ာ္ေဇာက –
“မင္းတို႔မနစ္နာေအာင္ ငါလုပ္ေပးမယ္” ဟု ဆိုၿပီး ၎င္းတို႔ေပးထားေသာ ပန္းေသး ေခါက္ဆြဲအခ်ဳိ႕ ယူကာ ကြၽႏ္ုပ္ထံသို႔ျပန္လာေလေတာ့၏။ ကြၽႏ္ုပ္ လည္း ကိုေက်ာ္ေဇာကေပးေသာ ပန္းေသးေခါက္ဆြဲ ထုပ္ တစ္ထုပ္ကို ၿမိန္ရည္ရွက္ရည္ ျဖည္၍ စားရင္း ၎ေျပာေသာ အျဖစ္အပ်က္မ်ားကို နားေထာင္ေနရ ေလေတာ့သတည္း။
မင္းသိခၤ

( unicode version )

ဆဲ၍ ချေရသော ယတြာဆန်းတစ်မျိုး

-မင်းသိင်္ခ-

*****************
တစ်နေ့တွင် ကျွနု်ပ်ထံသို့ ကိုကျော်ဇောဆိုသူ တစ်ဦး ရောက်ရှိလာလေ၏။ သူသည် တစ်ခါက မော်လမြိုင်တွင် ကျူရှင်ဆရာ လုပ်ဖူးလေ၏။ ယခု အခါ၌မူ သင်္ဘောအေးဂျင့် အလုပ်ကိုလုပ်နေသော ကြောင့် အတော်အတန် ချမ်းသာနေပြီဖြစ်၏။ ယခုအခါတွင် ထိုသူသည် ရုပ်ရှင်မင်းသမီးတစ်ဦးနှင့် အိမ်ထောင်ကျနေပြီဟုလည်း သိရသည်။ 

၎င်းင်းကိုကျော်ဇောသည် ကျွနု်ပ်နှင့်တွေ့လျှင် တွေ့ချင်း “ကျွန်တော် ဒုက္ခအကြီးအကျယ်တွေ့နေပြီ။ ဆရာ ကယ်ပါဦး”ဟု ပြောလေတော့၏။

“ဘယ်လိုဒုက္ခမျိုးလည်း ကိုကျော်ဇောရဲ့ ပြောပါဦး”ဟု ကျွန်ုပ်က မေးလိုက်ရာ ၎င်းက
“ဆရာ့ကိုတော့ အမှန်အတိုင်း ပြောရမှာပေါ့ လေ။ ကျွန်တော် တာဝန်ယူပြီး နိုင်ငံခြားသင်္ဘော လိုက်ချင်တဲ့ လူတွေကို သင်္ဘောပေါ်တင်ပေးမယ်ဆို ပြီး ငွေတွေ ယူထားတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အေးဂျင့်က အစစ်မဟုတ်ဘူးဗျ အတုကြီးဖြစ်နေ တယ်။ ကျွန်တော်တို့ ယုံအောင်လို့တော့ သံကြိုး အတုတွေ ဘာတွေကိုထုတ်ပြီး ပြရတာပေါ့ဗျာ။ တစ် ယောက် တစ်ယောက်ဆီက ယူထားတာ သိန်းတစ်ရာ လောက်စီ ရှိတယ်ဗျ။ အခုတော့ အဲဒီလူတွေက ကျွန်တော့်အိမ်ရှေ့မှာ စောင့်နေကြပြီ။ ကျွန်တော် ခေါင်းကို တုတ်နဲ့ရိုက်မယ့် လူနဲ့ သံချွန်နဲ့ထိုးမယ့် လူတွေပေါ့ဗျာ။ အမှန်အတိုင်းပြောရင် ကျွန်တော် ကတော့ ဒီငွေတွေကို တစ်ပြားမှ ပြန်မပေးနိုင်ဘူးဗျ။ သူတို့ကတော့ ရက်ရက်စက်စက် လုပ်ကြတော့မယ်။ တိုင်တဲ့လူက တိုင်ပေါ့ ဆရာရယ်။ ကျွန်တော့်အဖို့ ကတော့ လွတ်လမ်းမရှိတော့ပါဘူး။ ကယ်ပါဦးဆရာ ရယ်။ ဆရာ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး” ဟုပြောလေတော့၏။
ကျွန်ုပ်လည်း ၎င်းကိုကျော်ဇောကို လွန်စွာ သနားမိလေတော့၏။ ထို့ကြောင့် မျက်နှာကို ကောင်း ကင်ဘက်သို့ မော့ပြီးလျှင် မျက်စိကိုမှိတ်ကာ ကောင်း ကင်မှ အာရုံကို တောင်းကြည့်မိလေ၏။
ကျွနု်ပ် အာရုံထဲတွင် ကို ကျော်ဇောသည် တိုက်ခေါင်မိုးတစ်ခု ပေါ် စလောင်းကြီး ကိုလက်ညှိုးငေါက် ငေါက်ထိုး၍ မအေနှမ နှင့်ကိုင်ပြီး ဆဲနေသည်ကို တွေ့ရလေ၏။ ထို့ကြောင့် ကျွနု်ပ်က – 
“ဒီမှာ ကို ကျော်ဇော ခင်ဗျားအ တွက် ယတြာကတော့ ခပ်ဆန်းဆန်းပဲဗျ။ စ လောင်းကြီးကို လက်ညှိုးငေါက် ငေါက်ထိုးပြီး မအေနှမနှင့် ကိုင်ပြီး ဆဲရမယ်”
ကျွနု်ပ်က ထိုသို့ ပြောလိုက်ပြီး ကိုကျော်ဇော လည်း လိုက်လုပ်၍ နောက်တစ်နေ့တွင် ၎င်းကို ရန်ပြုမည်ဆိုသော လူများသည် ပန်းသေးခေါက်ဆွဲ ထုပ်များနှင့် ပြန်ရောက်လာကြသည်။ ကိုကျော်ဇောက အံ့အားသင့်နေစဉ် ၎င်းတို့က – 

“အန်ကယ့်ကို ကျွန်တော်တို့ လက်ဖျားနဲ့ တောင် မထိပါဘူး၊ ရဲလည်းမတိုင်ပါဘူး။ အန်ကယ် တစ်ခုခုဖြစ်သွားရင် ဒါမှမဟုတ် ရဲဖမ်းသွားရင် ငွေ တွေဆုံးပြီ။ အဲဒီတော့ အန်ကယ်ရယ် ကျွန်တော် တို့ငွေတွေပြန်ပေးပါ” ဟုဆိုကာ တောင်းပန်တိုးလျှိုး ကြလေ၏။ ထိုအခါ ကိုကျော်ဇောက –
“မင်းတို့မနစ်နာအောင် ငါလုပ်ပေးမယ်” ဟု ဆိုပြီး ၎င်းင်းတို့ပေးထားသော ပန်းသေး ခေါက်ဆွဲအချို့ ယူကာ ကျွန်ုပ်ထံသို့ပြန်လာလေတော့၏။ ကျွန်ုပ် လည်း ကိုကျော်ဇောကပေးသော ပန်းသေးခေါက်ဆွဲ ထုပ် တစ်ထုပ်ကို မြိန်ရည်ရှက်ရည် ဖြည်၍ စားရင်း ၎င်းပြောသော အဖြစ်အပျက်များကို နားထောင်နေရ လေတော့သတည်း။
မင်းသိင်္ခ

Leave a Reply

Your email address will not be published. Required fields are marked *