မ်က္ႏွာေပၚရွိ နယ္ပယ္(၁၂)ပါး

မ်က္ႏွာဖတ္ျခင္း-စံ-ဇာဏီဘုိ-

***********

မ်က္ႏွာေပၚရွိ နယ္ပယ္(၁၂)ပါး

————

လူတစ္ဦးတစ္ေယာက္၏ မ်က္ႏွာျပင္ကို ၾကည့္၍ အိမ္ေထာင္ေရး၊ လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရး စသျဖင့္ အေၾကာင္းေရးရာအျဖာျဖာကို ေဟာေျပာျခင္း ျပဳ၏။ မ်က္ႏွာျပင္ေပၚတြင္ ေရးရာ ၁၂ ပါး ပံုေသေနရာတည္ရွိ၏။ ဤအေၾကာင္းေရး ရာ ၁၂ ပါးကို ေဟာေျပာရာတြင္ အသက္အစိတ္ အပိုင္းႏွင့္ ေျပာျခင္းမ်ဳိးမဟုတ္။ အလုပ္အကိုင္ ေကာင္း၊ မေကာင္း၊ အိမ္ေထာင္ေရးကံ ေကာင္း၊ မေကာင္း၊ ႏိုင္ငံျခားကံ၊ ခရီးကံျဖစ္ထြန္းမႈ စသည္ တို႔ကို ေျပာဆိုေသာ နည္းပညာျဖစ္သည္။ ႏိုင္ငံျခား ေရးရာႏွင့္ ပတ္သက္ေသာ မ်က္ႏွာျပင္အစိတ္အပိုင္း တြင္ မွဲ႕အနီေပါက္ျခင္း၊ အေမြးအမွ်င္ရွည္ ေပါက္လာ က ထိုကာလအတြင္း ျပည္ပခရီးသြားရမည္ဟု ေဟာကိန္းထုတ္ႏိုင္သည္။ ၾကြယ္၀ျခင္းေနရာ၌ မွဲ႔အ နီေပၚျခင္း၊ ေကာင္းေသာ သေကၤတ တစ္စံုတရာ ေပၚက ထီေပါက္ျခင္း၊ ေငြအစုလိုက္ ၀င္ျခင္းရွိမည္။ အိမ္ေထာင္ေရးရာ အစိတ္အပိုင္းတြင္ မွဲ႔အနက္၊ မွဲ႕ အၾကားေပၚကလည္းေကာင္း၊ အညိဳအမွတ္ေပၚက လည္းေကာင္း ၀က္ၿခံ၊ အနာေပါက္က ဤကာလ အတြင္း အိမ္ေထာင္ေရးအညံ့ရွိသည္ဟု ဆိုႏိုင္သည္။ မ်က္ႏွာျပင္ကို ၾကည့္႐ံုမွ်ႏွင့္ –

၁။ အလုပ္အကုိင္ Career

၂။ ခရီးကိစၥ Travelling 

၃။ မိဘေရးရာ Parents

၄။ ကံၾကမၼာပစၥည္းဥစၥာႏွင့္ ဂုဏ္ျဒပ္ေရးရာ Fortune and Virtue

၅။ အိမ္ေထာင္ေရးရာ Marriage

၆။ ေမာင္ႏွမသားခ်င္းေရးရာ Sibling 

၇။ ေက်ာ္ၾကားျခင္းႏွင့္ ၾသဇာရွိျခင္း Fame and Power

၈။ ပိုင္ဆိုင္မႈဥစၥာေရးရာ Property

၉။ သားသမီးေရးရာ Children

၁၀။ က်န္းမာေရး Health

၁၁။ ဓနပိုင္ဆိုင္မႈေရးရာ Wealth

၁၂။ အေထာက္အကူေရးရာ Help

အေၾကာင္းအရာ ၁၂ ပါးကို မ်က္ႏွာျပင္တြင္ ပံုေသ သတ္မွတ္ေဟာေျပာသည္။ ေနရာသတ္မွတ္ ျခင္းမ်ားသည္ကား –

၁။ အလုပ္အကိုင္ Career

ပံုတြင္ေဖာ္ျပထားသည့္အတိုင္း နဖူးအလယ္ ဆံစပ္မွစ၍ မ်က္ခံုးအထက္ အစိတ္အပိုင္းကို အလုပ္ အကိုင္စီးပြားေရးရာႏွင့္ ပတ္သက္ေသာေနရာေဒသ အျဖစ္သတ္မွတ္သည္။ 

၂။ ခရီးကိစၥ Travelling 

ပံုတြင္ေဖာ္ျပထားသည့္အတိုင္း နဖူးထိပ္ေဘး တစ္ဖက္တစ္ခ်က္သည္ ခရီးသြားျခင္းႏွင့္ ပတ္သက္ ေသာ အစိတ္အပိုင္းျဖစ္သည္။ က်ား-ဘယ္ဘက္ပိုင္း မ-ညာဘက္ပိုင္း၊ ေဟာကိန္းေသာ့ခ်က္ အလိုအရ ေယာက်္ားေလးျဖစ္က ညာဘက္ကို ဦးစားေပး၍ ေဟာေျပာရမည္ ျဖစ္သည္။ 

၃။ မိဘေရးရာ Parents

ပံုတြင္ေဖာ္ျပထားသည့္အတိုင္း မ်က္ခံုးအ ထက္၊ နားထင္ေအာက္ဘယ္ညာတစ္ဘက္တစ္ ခ်က္သည္ မိဘႏွင့္ပတ္သက္သည့္ က်ား^မ မေရြး တို႔၏ ဘယ္ဘက္အျခမ္းသည္ ဖခင္၊ ညာဘက္အျခမ္း သည္ မိခင္၏ ေနရာဟု သတ္မွတ္သည္။ မိဘႏွစ္ ပါး၏ အေျခအေနကို ထိုအစိတ္အပိုင္းကို ၾကည့္၍ ေဟာေျပာ၏။                  

.

.

စံ-ဇာဏီဘုိ

—-

( Unicode Version )

မျက်နှာဖတ်ခြင်း

-စံ-ဇာဏီဘို-

***********

မျက်နှာပေါ်ရှိ နယ်ပယ်(၁၂)ပါး

————

လူတစ်ဦးတစ်ယောက်၏ မျက်နှာပြင်ကို ကြည့်၍ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသဖြင့် အကြောင်းရေးရာအဖြာဖြာကို ဟောပြောခြင်း ပြု၏။ မျက်နှာပြင်ပေါ်တွင် ရေးရာ ၁၂ ပါး ပုံသေနေရာတည်ရှိ၏။ ဤအကြောင်းရေး ရာ ၁၂ ပါးကို ဟောပြောရာတွင် အသက်အစိတ် အပိုင်းနှင့် ပြောခြင်းမျိုးမဟုတ်။ အလုပ်အကိုင် ကောင်း၊ မကောင်း၊ အိမ်ထောင်ရေးကံ ကောင်း၊ မကောင်း၊ နိုင်ငံခြားကံ၊ ခရီးကံဖြစ်ထွန်းမှု စသည် တို့ကို ပြောဆိုသော နည်းပညာဖြစ်သည်။ နိုင်ငံခြား ရေးရာနှင့် ပတ်သက်သော မျက်နှာပြင်အစိတ်အပိုင်း တွင် မှဲ့အနီပေါက်ခြင်း၊ အမွေးအမျှင်ရှည် ပေါက်လာ က ထိုကာလအတွင်း ပြည်ပခရီးသွားရမည်ဟု ဟောကိန်းထုတ်နိုင်သည်။ ကြွယ်ဝခြင်းနေရာ၌ မှဲ့အ နီပေါ်ခြင်း၊ ကောင်းသော သင်္ကေတ တစ်စုံတရာ ပေါ်က ထီပေါက်ခြင်း၊ ငွေအစုလိုက် ၀င်ခြင်းရှိမည်။ အိမ်ထောင်ရေးရာ အစိတ်အပိုင်းတွင် မှဲ့အနက်၊ မှဲ့ အကြားပေါ်ကလည်းကောင်း၊ အညိုအမှတ်ပေါ်က လည်းကောင်း ၀က်ခြံ၊ အနာပေါက်က ဤကာလ အတွင်း အိမ်ထောင်ရေးအညံ့ရှိသည်ဟု ဆိုနိုင်သည်။ မျက်နှာပြင်ကို ကြည့်ရုံမျှနှင့် –

၁။ အလုပ်အကိုင် Career

၂။ ခရီးကိစ္စ Travelling 

၃။ မိဘရေးရာ Parents

၄။ ကံကြမ္မာပစ္စည်းဥစ္စာနှင့် ဂုဏ်ဒြပ်ရေးရာ Fortune and Virtue

၅။ အိမ်ထောင်ရေးရာ Marriage

၆။ မောင်နှမသားချင်းရေးရာ Sibling 

ရ။ ကျော်ကြားခြင်းနှင့် သြဇာရှိခြင်း Fame and Power

၈။ ပိုင်ဆိုင်မှုဥစ္စာရေးရာ Property

၉။ သားသမီးရေးရာ Children

၁၀။ ကျန်းမာရေး Health

၁၁။ ဓနပိုင်ဆိုင်မှုရေးရာ Wealth

၁၂။ အထောက်အကူရေးရာ Help

အကြောင်းအရာ ၁၂ ပါးကို မျက်နှာပြင်တွင် ပုံသေ သတ်မှတ်ဟောပြောသည်။ နေရာသတ်မှတ် ခြင်းများသည်ကား –

၁။ အလုပ်အကိုင် Career

ပုံတွင်ဖော်ပြထားသည့်အတိုင်း နဖူးအလယ် ဆံစပ်မှစ၍ မျက်ခုံးအထက် အစိတ်အပိုင်းကို အလုပ် အကိုင်စီးပွားရေးရာနှင့် ပတ်သက်သောနေရာဒေသ အဖြစ်သတ်မှတ်သည်။ 

၂။ ခရီးကိစ္စ Travelling 

ပုံတွင်ဖော်ပြထားသည့်အတိုင်း နဖူးထိပ်ဘေး တစ်ဖက်တစ်ချက်သည် ခရီးသွားခြင်းနှင့် ပတ်သက် သော အစိတ်အပိုင်းဖြစ်သည်။ ကျား-ဘယ်ဘက်ပိုင်း မ-ညာဘက်ပိုင်း၊ ဟောကိန်းသော့ချက် အလိုအရ ယောကျ်ားလေးဖြစ်က ညာဘက်ကို ဦးစားပေး၍ ဟောပြောရမည် ဖြစ်သည်။ 

၃။ မိဘရေးရာ Parents

ပုံတွင်ဖော်ပြထားသည့်အတိုင်း မျက်ခုံးအ ထက်၊ နားထင်အောက်ဘယ်ညာတစ်ဘက်တစ် ချက်သည် မိဘနှင့်ပတ်သက်သည့် ကျား^မ မရွေး တို့၏ ဘယ်ဘက်အခြမ်းသည် ဖခင်၊ ညာဘက်အခြမ်း သည် မိခင်၏ နေရာဟု သတ်မှတ်သည်။ မိဘနှစ် ပါး၏ အခြေအနေကို ထိုအစိတ်အပိုင်းကို ကြည့်၍ ဟောပြော၏။                  

.

.

စံ-ဇာဏီဘို

Leave a Reply

Your email address will not be published. Required fields are marked *